======

နတ္စင္ေပၚတက္ ေညာင္ရြက္ခူးတဲ့ ေစ်းသည္ ၅ ေယာက္လံုး နတ္ကိုင္ခံရ

နင္တို႔ကိုယ္တိုင္ ကားျပန္တြန္းခဲ့ ဆိုမွ သူတို႔ကိုယ္တိုင္ တြန္းၿပီးနတ္စင္ေ႐ွ႕ေရာက္လာတယ္။ 

“ျမင္းမူၿမိဳ႕က မန္းေလးေစ်းေရာင္းသြားတဲ့ ရြာသူေတြ စစ္ကိုင္းေစ်းမွာ မုန္႔လံုးေရေပၚထုတ္ဖို႔ ေစ်းေ႐ွ႕နတ္စင္ေပၚတက္ၿပီး ေညာင္ရြက္ခူးၾကတယ္တဲ့။ ခူးတာ ၅ေယာက္ တစ္ေန႔ကစခူးတာ။ ဒီမနက္ခူးၿပီးေရာ နတ္ကိုင္ပါေလေရာ။ ကားက စစ္ကိုင္းတံတားတက္ခါနီး ရပ္သြားပါေလေရာ။ ဝပ္ေ႐ွာ့ဆရာလည္း ဘာေၾကာင့္မွန္းမသိ။ ကားႀကီးနဲ႔ဆြဲေတာ့လည္း မေရြ႔။ ရြာသူ ၅ေယာက္ ထဲက ဒီေန႔ ၄ေယာက္ပဲပါတယ္။ ၄ေယာက္လံုး အပူးခံရၿပီး နင္တို႔ကိုယ္တိုင္ ကားျပန္တြန္းခဲ့ ဆိုမွ သူတို႔တြန္းၿပီးနတ္စင္ေ႐ွ႕ေရာက္လာတယ္။ သူတို႔ ၄ေယာက္အပူးခံေနရၿပီး ေတာင္းပန္ေနတဲ့အခ်ိန္မွာ က်န္တဲ့ ၁ေယာက္က ျမင္းမူက ရြာမွာ အပူးခံေနရၿပီး စစ္ကိုင္းကိုသယ္လာခဲ့ရတယ္။ ေရာက္လာေတာ့ ေတြ႔ရတာ တုန္တုန္ရင္ရင္နဲ႔ ေနာက္မခူးေတာ့ပါဘူး။ ေၾကာက္ပါၿပီ အျပစ္မေပးပါနဲ႔ ေအာ္ေအာ္ၿပီးေတာင္းပန္တာ။ ေတာင္းပန္ၿပီး သူ႔ကိုကားေပၚျပန္တင္ေတာ့ က်န္တဲ့သူေတြကို နင္တို႔ခူးတာ။ ငါ့သမီးက မခူးနဲ႔လို႔ေျပာတာေတာင္ နင္တို႔ခူးတယ္။ ၿပီးေတာ့ ႏြားႏို႔ေတာင္းတယ္။ ေရသန္႔တစ္ဗူးႏြားႏို႔ကုန္ေအာင္ေသာက္တယ္။ ဗူးႀကီးေနာ္။ သဲေတာင္းၿပီး သဲေတြလည္းစားတယ္။ ၿပီးေတာ့အိမ္ျပန္မယ္ ေနာက္မခူးေတာ့ပါဘူး ေၾကာက္ပါၿပီ ဆိုၿပီး အိမ္ျပန္ပို႔လိုက္ၾကတယ္။ ကားကေတာ့ အခုထိႏိႈးမရေသးဘူး”ဟု မ်က္ျမင္ေတြ႕ရွိသူ ကိုသားၾကီးက သူ၏လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ေရးတင္ခဲ့သည္။
ေနာက္ပိုင္းတြင္ ရပ္ရြာမွ လူၾကီးသူမအခ်ိဳ႕က အုန္းပြဲငွက္ေပ်ာပြဲ တစ္ပြဲျဖင့္ ေတာင္းပန္ေစခဲ့ေသာ္လည္း ကားစက္ႏႈိးမရေၾကာင္း၊ နတ္ကေတာ္တစ္ဦးေရာက္လာခ်ိန္၌ ကန္ေတာ့ပြဲ သံုးပြဲေပး၍ ေတာင္းပန္ေစကာမွ ကားစက္ျပန္ႏိႈး၍ရရွိခဲ့ျပီး နတ္ကိုင္ခံရသူ ေစ်းသည္ငါးဦးမွာ ျပန္လည္ေကာင္းမြန္သြားျပီျဖစ္ေၾကာင္း သိရသည္။
“အဲ့ဒီေန႔က ဖက္သည္မထြက္လို႔၊ မုန္းလံုးေရေပၚတို႔၊ ဘိန္းမုန္႔တို႔ ထုပ္ဖို႔ဖက္မရွိလို႕ ေညာင္ရြက္ခူးၾကတာလို႔ေျပာတယ္။ သူတို႔က နတ္ကြန္းမွန္းမသိလို႔ ေခါင္မိုးေပၚတက္ျပီး ခူးမိတာလို႔ေျပာတယ္။ မနက္အေစာၾကီး ေမွာင္ေနတာေၾကာင့္လည္းပါတာေပါ့။ ခုေတာ့ ျပန္ေကာင္းသြားၾကျပီ။ အားလံုးရြာျပန္သြားၾကပါျပီ”ဟု မ်က္ျမင္ေတြ႕ရွိခဲ့သူ ကိုသားၾကီးက News Watch သို႔ေျပာသည္။
(ဓာတ္ပံု- ကိုသားၾကီး)
NW

“မြင်းမူမြို့က မန်းလေးစျေးရောင်းသွားတဲ့ ရွာသူတွေ စစ်ကိုင်းစျေးမှာ မုန့်လုံးရေပေါ်ထုတ်ဖို့ စျေးရှေ့နတ်စင်ပေါ်တက်ပြီး ညောင်ရွက်ခူးကြတယ်တဲ့။ ခူးတာ ၅ယောက် တစ်နေ့ကစခူးတာ။ ဒီမနက်ခူးပြီးရော နတ်ကိုင်ပါလေရော။ ကားက စစ်ကိုင်းတံတားတက်ခါနီး ရပ်သွားပါလေရော။ ဝပ်ရှော့ဆရာလည်း ဘာကြောင့်မှန်းမသိ။ ကားကြီးနဲ့ဆွဲတော့လည်း မရွေ့။ ရွာသူ ၅ယောက် ထဲက ဒီနေ့ ၄ယောက်ပဲပါတယ်။ ၄ယောက်လုံး အပူးခံရပြီး နင်တို့ကိုယ်တိုင် ကားပြန်တွန်းခဲ့ ဆိုမှ သူတို့တွန်းပြီးနတ်စင်ရှေ့ရောက်လာတယ်။ သူတို့ ၄ယောက်အပူးခံနေရပြီး တောင်းပန်နေတဲ့အချိန်မှာ ကျန်တဲ့ ၁ယောက်က မြင်းမူက ရွာမှာ အပူးခံနေရပြီး စစ်ကိုင်းကိုသယ်လာခဲ့ရတယ်။ ရောက်လာတော့ တွေ့ရတာ တုန်တုန်ရင်ရင်နဲ့ နောက်မခူးတော့ပါဘူး။ ကြောက်ပါပြီ အပြစ်မပေးပါနဲ့ အော်အော်ပြီးတောင်းပန်တာ။ တောင်းပန်ပြီး သူ့ကိုကားပေါ်ပြန်တင်တော့ ကျန်တဲ့သူတွေကို နင်တို့ခူးတာ။ ငါ့သမီးက မခူးနဲ့လို့ပြောတာတောင် နင်တို့ခူးတယ်။ ပြီးတော့ နွားနို့တောင်းတယ်။ ရေသန့်တစ်ဗူးနွားနို့ကုန်အောင်သောက်တယ်။ ဗူးကြီးနော်။ သဲတောင်းပြီး သဲတွေလည်းစားတယ်။ ပြီးတော့အိမ်ပြန်မယ် နောက်မခူးတော့ပါဘူး ကြောက်ပါပြီ ဆိုပြီး အိမ်ပြန်ပို့လိုက်ကြတယ်။ ကားကတော့ အခုထိနှိုးမရသေးဘူး”ဟု မျက်မြင်တွေ့ရှိသူ ကိုသားကြီးက သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးတင်ခဲ့သည်။
နောက်ပိုင်းတွင် ရပ်ရွာမှ လူကြီးသူမအချို့က အုန်းပွဲငှက်ပျောပွဲ တစ်ပွဲဖြင့် တောင်းပန်စေခဲ့သော်လည်း ကားစက်နှိုးမရကြောင်း၊ နတ်ကတော်တစ်ဦးရောက်လာချိန်၌ ကန်တော့ပွဲ သုံးပွဲပေး၍ တောင်းပန်စေကာမှ ကားစက်ပြန်နှိုး၍ရရှိခဲ့ပြီး နတ်ကိုင်ခံရသူ စျေးသည်ငါးဦးမှာ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်း သိရသည်။
“အဲ့ဒီနေ့က ဖက်သည်မထွက်လို့၊ မုန်းလုံးရေပေါ်တို့၊ ဘိန်းမုန့်တို့ ထုပ်ဖို့ဖက်မရှိလို့ ညောင်ရွက်ခူးကြတာလို့ပြောတယ်။ သူတို့က နတ်ကွန်းမှန်းမသိလို့ ခေါင်မိုးပေါ်တက်ပြီး ခူးမိတာလို့ပြောတယ်။ မနက်အစောကြီး မှောင်နေတာကြောင့်လည်းပါတာပေါ့။ ခုတော့ ပြန်ကောင်းသွားကြပြီ။ အားလုံးရွာပြန်သွားကြပါပြီ”ဟု မျက်မြင်တွေ့ရှိခဲ့သူ ကိုသားကြီးက News Watch သို့ပြောသည်။
(ဓာတ်ပုံ- ကိုသားကြီး)
NW



Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...