ဦးကိုနီကို လုပ္ႀကံသူ၏ မွတ္ပံုတင္ပါလိပ္စာအတိုင္း ရွာေဖြခဲ့ေသာအိမ္သည္ အမွန္တကယ္ေနထိုင္ခဲ့ျခင္းမရွိ

တရားလႊတ္ေတာ္ေရွ႕ ေနဦးကိုနီကို လုပ္ႀကံသတ္ျဖတ္ ခဲ့သူ ဦးၾကည္လင္းဆုိသူ၏ ထြက္ ဆုိခ်က္မ်ားအရ မႏၲေလးရွိ ၎၏ ေနအိမ္သို႔ သြားေရာက္ရွာေဖြ ေသာ္လည္း အိမ္လိပ္စာမွားယြင္း ေနေၾကာင္း သတင္းရရွိသည္။

ရန္ကုန္ေလဆိပ္တြင္ ဦးကို နီအား လုပ္ႀကံသတ္ျဖတ္သူ၏ မွတ္ပံုတင္ပါ ေနအိမ္လိပ္စာကုိ သြားေရာက္ရွာေဖြခဲ့ေသာ္လည္း ၎အမွန္တကယ္ ေနထုိင္သည့္ အိမ္မဟုတ္သျဖင့္ မႏၲေလးတိုင္း ေဒသႀကီးရဲတပ္ဖဲြ႕က စံုစမ္းမႈမ်ား ဆက္လက္ျပဳလုပ္ေနေၾကာင္း မႏၲေလးတုိင္းေဒသႀကီး ရဲမွဴးႀကီး ဟန္ထြန္းက ေျပာသည္။


၃၄ လမ္း၊ ၇၃ လမ္းႏွင့္ ၇၄ လမ္းၾကားမွ ေနအိမ္ႏွစ္လံုးကို ဆက္တိုက္ရွာေဖြခဲ့ေသာ္လည္း ၎ေနထိုင္ခဲ့ျခင္းမရွိေၾကာင္း စစ္ေဆးေတြ႕ရသည္ဟု ရဲမွဴးႀကီးက ေျပာသည္။

‘‘အိမ္နံပါတ္နဲ႔ လမ္းနံပါတ္မ သိေသးဘူး။ အကြက္နံပါတ္ပဲသိ ေသးတာ’’ဟု ရဲမွဴးႀကီးဟန္ထြန္း က ဇန္န၀ါရီ ၂၉ ရက္ ည ၉ နာရီ တြင္ ေျပာသည္။

ေရြးေကာက္ပဲြတြင္ မဲေပးခဲ့ သူမ်ား၏ မဲစာရင္းႏွင့္တိုက္ဆုိင္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေသာ္ လည္း ရွာေဖြေတြ႕ရွိခဲ့ျခင္း မရွိ ေၾကာင္း ရဲမွဴးႀကီးက ဆက္လက္ ေျပာၾကားသည္။

ဦးကိုနီကို ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္ခဲ့သူ ဦးၾကည္ လင္းဆိုသူသည္ လတ္တေလာ သတင္းမ်ားအရ ေရွ႕ေနတစ္ဦး ျဖစ္ကာ ဘုရားခုိးသည္ဆုိေသာ ျပစ္မႈျဖင့္ ေထာင္က်ဖူးသူတစ္ဦး ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသ ႀကီးရဲတပ္ဖဲြ႕၏ ကနဦး စံုစမ္းထား မႈမ်ားအရ သိရသည္။

ရဲတပ္ဖဲြ႕က ဇန္န၀ါရီ ၂၉ ရက္ည၌ ရွာေဖြမႈမ်ားဆက္တိုက္ ျပဳလုပ္ေနစဥ္ ျပည္သူ ၁၀၀ ခန္႔ကလည္း စိတ္၀င္တစား လာေရာက္ၾကည့္႐ႈခဲ့ၾကၿပီး တရားခံ၏ ေနအိမ္သို႔ စံုစမ္းေဖာ္ထုတ္ေပးရန္ ရဲတပ္ဖဲြ႕၀င္မ်ားအားေတာင္းဆုိေျပာၾကားခဲ့သည္။

အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ ခ်ဳပ္ပါတီ၏ ဗဟိုဥပေဒအေထာက္ အကူျပဳအဖဲြ႕ ဥပေဒအႀကံေပး ဦးကိုနီသည္ အင္ဒိုနီးရွားသမၼတ ႏုိင္ငံ ဂ်ကာတာၿမိဳ႕ႏွင့္ မာလူူကူ ျပည္နယ္တို႔၌ Senior Leader-ship Program ေလ့လာေရးခရီးစဥ္မွ ျပန္လာစဥ္ ဇန္န၀ါရီ ၂၉ ရက္ ညေန ၅ နာရီေက်ာ္ က ရန္ကုန္ေလဆိပ္၌ ေသနတ္ သမားတစ္ဦးက လုပ္ႀကံပစ္ခတ္ သျဖင့္ ေသဆံုးခဲ့ရသည္။

7Day
===========
Unicoce>>>
တရားလွှတ်တော်ရှေ့ နေဦးကိုနီကို လုပ်ကြံသတ်ဖြတ် ခဲ့သူ ဦးကြည်လင်းဆိုသူ၏ ထွက် ဆိုချက်များအရ မန္တလေးရှိ ၎င်း၏ နေအိမ်သို့ သွားရောက်ရှာဖွေ သော်လည်း အိမ်လိပ်စာမှားယွင်း နေကြောင်း သတင်းရရှိသည်။

ရန်ကုန်လေဆိပ်တွင် ဦးကို နီအား လုပ်ကြံသတ်ဖြတ်သူ၏ မှတ်ပုံတင်ပါ နေအိမ်လိပ်စာကို သွားရောက်ရှာဖွေခဲ့သော်လည်း ၎င်းအမှန်တကယ် နေထိုင်သည့် အိမ်မဟုတ်သဖြင့် မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့က စုံစမ်းမှုများ ဆက်လက်ပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲမှူးကြီး ဟန်ထွန်းက ပြောသည်။


၃၄ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားမှ နေအိမ်နှစ်လုံးကို ဆက်တိုက်ရှာဖွေခဲ့သော်လည်း ၎င်းနေထိုင်ခဲ့ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရသည်ဟု ရဲမှူးကြီးက ပြောသည်။

‘‘အိမ်နံပါတ်နဲ့ လမ်းနံပါတ်မ သိသေးဘူး။ အကွက်နံပါတ်ပဲသိ သေးတာ’’ဟု ရဲမှူးကြီးဟန်ထွန်း က ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီ တွင် ပြောသည်။

ရွေးကောက်ပွဲတွင် မဲပေးခဲ့ သူများ၏ မဲစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော် လည်း ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိ ကြောင်း ရဲမှူးကြီးက ဆက်လက် ပြောကြားသည်။

ဦးကိုနီကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သူ ဦးကြည် လင်းဆိုသူသည် လတ်တလော သတင်းများအရ ရှေ့နေတစ်ဦး ဖြစ်ကာ ဘုရားခိုးသည်ဆိုသော ပြစ်မှုဖြင့် ထောင်ကျဖူးသူတစ်ဦး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့၏ ကနဦး စုံစမ်းထား မှုများအရ သိရသည်။

ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၉ ရက်ည၌ ရှာဖွေမှုများဆက်တိုက် ပြုလုပ်နေစဉ် ပြည်သူ ၁၀၀ ခန့်ကလည်း စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြပြီး တရားခံ၏ နေအိမ်သို့ စုံစမ်းဖော်ထုတ်ပေးရန် ရဲတပ်ဖွဲ့ဝင်များအားတောင်းဆိုပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဗဟိုဥပဒေအထောက် အကူပြုအဖွဲ့ ဥပဒေအကြံပေး ဦးကိုနီသည် အင်ဒိုနီးရှားသမ္မတ နိုင်ငံ ဂျကာတာမြို့နှင့် မာလူူကူ ပြည်နယ်တို့၌ Senior Leader-ship Program လေ့လာရေးခရီးစဉ်မှ ပြန်လာစဉ် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီကျော် က ရန်ကုန်လေဆိပ်၌ သေနတ် သမားတစ်ဦးက လုပ်ကြံပစ်ခတ် သဖြင့် သေဆုံးခဲ့ရသည်။

7Day

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...