Loading...

စႏိုက္ပါ မွန္ေျပာင္းႏွင့္ စကားေျပာစက္မ်ား ဖမ္းမိ

ရန္ကုန္တိုင္းေဒသႀကီး၊ ခရမ္းၿမိဳ႕နယ္၊ အမွတ္(၉)ရပ္ကြက္၊ ေအာင္ေဇယ်လမ္းတြင္ ဇန္နဝါရီလ ၂၇ ရက္ မြန္းလြဲ ၁ နာရီခန္႔က Toyota Belta အမ်ိဳးအစား အျဖဴေရာင္ယာဥ္တစ္စီးေပၚမွ စႏိုက္ပါ မွန္ေျပာင္းႏွင့္ လက္ကိုင္စကားေျပာစက္ ႏွစ္လံုး၊ စပရိန္ပါ စတီးေခ်ာင္းေလထိုး ေမာင္းတင္တံႏွင့္ ေမာင္းတံုးလက္ကိုင္ပါ ေမာင္းတင္တံတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
အဆိုပါ ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့သည့္ ယာဥ္မွ ယာဥ္ေမာင္းျဖစ္သူ အသက္ ၃၉ ႏွစ္အ႐ြယ္ အမ်ိဳးသားမွာ ခရမ္းၿမိဳ႕နယ္၊ ထံုးႀကီးေက်း႐ြာအေရွ႕ပိုင္းတြင္ ေနထိုင္သူျဖစ္ၿပီး ဂ်ပန္ကုမၸဏီ တစ္ခု၏ ဆက္သြယ္ေရးတာဝါတိုင္ ေဆာက္လုပ္ေရးမွ ကန္ထ႐ိုက္တစ္ဦး ျဖစ္သည္။
တစ္ေပအရွည္ခန္႔ရွိ ေရွ႕ေနာက္ အေဝးၾကည့္ စႏိုက္ပါ မွန္ေျပာင္းကို လြန္ခဲ့သည့္ ၂ ႏွစ္ခန္႔က ၂၈ လမ္း (အလယ္ဘေလာက္) ရွိ လမ္းေဘးေစ်းဆိုင္တစ္ခုတြင္ က်ပ္တစ္ေသာင္းရွစ္ေထာင္ျဖင့္ ဝယ္ယူခဲ့ေၾကာင္း၊ ယင္းမွန္ေျပာင္းကို တာဝါတိုင္ ေဆာက္လုပ္ရာတြင္ တာဝါတိုင္ တစ္ခုႏွင့္တစ္ခု ၾကည့္႐ႈရန္ ေဆာင္ခဲ့ၿပီး အသံုးမဝင္ေသာေၾကာင့္ ယာဥ္ေပၚပစ္ထားရာမွ ပါလာခဲ့ျခင္း ျဖစ္ေၾကာင္း ယာဥ္ေမာင္းျဖစ္သူက ထြက္ဆိုခဲ့သည္။
ယင္းအျပင္ လက္ကိုင္စကားေျပာစက္ ႏွစ္လံုးမွာ ၂၀၁၆ ခုႏွစ္ ဇြန္လက ေတာ္ဝင္ပလာဇာမွ တစ္လံုးလွ်င္ က်ပ္သံုးေသာင္းခြဲျဖင့္ ဝယ္ယူခဲ့ၿပီး တာဝါတိုင္မ်ား ေဆာက္လုပ္ရာတြင္ ဆက္သြယ္ေျပာဆို အသံုးျပဳခဲ့ေၾကာင္း ထြက္ဆိုခဲ့သျဖင့္ ရဲတပ္ဖြဲ႔မွ လက္ကိုင္စကားေျပာစက္ႏွင့္ ပတ္သက္၍ ဆက္သြယ္ေရး ဥပေဒျဖင့္ ၎ကို အေရးယူႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနသည္။
က်န္ေတြ႔ရွိခဲ့သည့္ တစ္ေပအရွည္ရွိ သတၲဳျဖင့္ ျပဳလုပ္ထားေသာ စႏိုက္ပါမွန္ေျပာင္း၊ ၁၁ လက္မရွိ သတၲဳကိုယ္ထည္ျဖင့္ ျပဳလုပ္ထားေသာ စပရိန္ပါ ေလထိုးေမာင္းတင္တံ တစ္ေခ်ာင္းႏွင့္ ေမာင္းတံုလက္ကိုင္ပါ ေမာင္းတင္တံတစ္ခုတို႔ႏွင့္ပတ္သက္၍ ဆက္လက္စစ္ေဆး ေဆာင္႐ြက္ေနေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
ယခုႏွစ္ ျပည္ေထာင္စုေန႔ႏွင့္ တပ္မေတာ္ေန႔တို႔တြင္ ရန္ကုန္ၿမိဳ႕ အပါအဝင္ ၿမိဳ႕ေလးခုတြင္ လူတစ္စုမွ အၾကမ္းဖက္ ေဖာက္ခြဲလုပ္ႀကံမည့္ သတင္းမ်ား ထြက္ေပၚေနေသာေၾကာင့္ ရန္ကုန္ၿမိဳ႕ လံုၿခံဳေရးကို အထူးတိုးျမႇင့္ၿပီး စံုစမ္းစစ္ေဆးမႈမ်ားကို ေနရာအႏွံ႔တြင္ ေဆာင္႐ြက္ေနေၾကာင္း ရဲအသိုင္းအဝိုင္းထံမွ စံုစမ္းသိရွိရသည္။
.
The Voice
Photo internet
=========
Unicode>>>
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အောင်ဇေယျလမ်းတွင် ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က Toyota Belta အမျိုးအစား အဖြူရောင်ယာဉ်တစ်စီးပေါ်မှ စနိုက်ပါ မှန်ပြောင်းနှင့် လက်ကိုင်စကားပြောစက် နှစ်လုံး၊ စပရိန်ပါ စတီးချောင်းလေထိုး မောင်းတင်တံနှင့် မောင်းတုံးလက်ကိုင်ပါ မောင်းတင်တံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည့် ယာဉ်မှ ယာဉ်မောင်းဖြစ်သူ အသက် ၃၉ နှစ်အရွယ် အမျိုးသားမှာ ခရမ်းမြို့နယ်၊ ထုံးကြီးကျေးရွာအရှေ့ပိုင်းတွင် နေထိုင်သူဖြစ်ပြီး ဂျပန်ကုမ္ပဏီ တစ်ခု၏ ဆက်သွယ်ရေးတာဝါတိုင် ဆောက်လုပ်ရေးမှ ကန်ထရိုက်တစ်ဦး ဖြစ်သည်။
တစ်ပေအရှည်ခန့်ရှိ ရှေ့နောက် အဝေးကြည့် စနိုက်ပါ မှန်ပြောင်းကို လွန်ခဲ့သည့် ၂ နှစ်ခန့်က ၂၈ လမ်း (အလယ်ဘလောက်) ရှိ လမ်းဘေးစျေးဆိုင်တစ်ခုတွင် ကျပ်တစ်သောင်းရှစ်ထောင်ဖြင့် ဝယ်ယူခဲ့ကြောင်း၊ ယင်းမှန်ပြောင်းကို တာဝါတိုင် ဆောက်လုပ်ရာတွင် တာဝါတိုင် တစ်ခုနှင့်တစ်ခု ကြည့်ရှုရန် ဆောင်ခဲ့ပြီး အသုံးမဝင်သောကြောင့် ယာဉ်ပေါ်ပစ်ထားရာမှ ပါလာခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်မောင်းဖြစ်သူက ထွက်ဆိုခဲ့သည်။
ယင်းအပြင် လက်ကိုင်စကားပြောစက် နှစ်လုံးမှာ ၂၀၁၆ ခုနှစ် ဇွန်လက တော်ဝင်ပလာဇာမှ တစ်လုံးလျှင် ကျပ်သုံးသောင်းခွဲဖြင့် ဝယ်ယူခဲ့ပြီး တာဝါတိုင်များ ဆောက်လုပ်ရာတွင် ဆက်သွယ်ပြောဆို အသုံးပြုခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့မှ လက်ကိုင်စကားပြောစက်နှင့် ပတ်သက်၍ ဆက်သွယ်ရေး ဥပဒေဖြင့် ၎င်းကို အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။
ကျန်တွေ့ရှိခဲ့သည့် တစ်ပေအရှည်ရှိ သတ္တုဖြင့် ပြုလုပ်ထားသော စနိုက်ပါမှန်ပြောင်း၊ ၁၁ လက်မရှိ သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားသော စပရိန်ပါ လေထိုးမောင်းတင်တံ တစ်ချောင်းနှင့် မောင်းတုံလက်ကိုင်ပါ မောင်းတင်တံတစ်ခုတို့နှင့်ပတ်သက်၍ ဆက်လက်စစ်ဆေး ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယခုနှစ် ပြည်ထောင်စုနေ့နှင့် တပ်မတော်နေ့တို့တွင် ရန်ကုန်မြို့ အပါအဝင် မြို့လေးခုတွင် လူတစ်စုမှ အကြမ်းဖက် ဖောက်ခွဲလုပ်ကြံမည့် သတင်းများ ထွက်ပေါ်နေသောကြောင့် ရန်ကုန်မြို့ လုံခြုံရေးကို အထူးတိုးမြှင့်ပြီး စုံစမ်းစစ်ဆေးမှုများကို နေရာအနှံ့တွင် ဆောင်ရွက်နေကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
.
The Voice
Photo internet

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...