Loading...

မ.ဘ.သ အဖြဲ႔ခ်ဳပ္သို႔ လူငါးဦး ဝင္ေရာက္ရန္ ႀကိဳးပမ္း

ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္ မ.ဘ.သ အဖြဲ႔ခ်ဳပ္ (႐ြာမပရိယတၲိစာ သင္တိုက္) အတြင္းသို႔ ညအခ်ိန္၌ အမည္မသိ လူငါးဦး ဝင္ေရာက္ရန္ ႀကိဳးစားခဲ့ေၾကာင္း မ.ဘ.သ ဥကၠ႒ဆရာေတာ္ ဦးတိေလာကက The Voice သတင္းစာသို႔ မိန္႔ၾကားခဲ့သည္။
မ.ဘ.သ အဖြဲ႔ခ်ဳပ္အတြင္းသို႔ ဇန္နဝါရီ ၃၀ ရက္ နံနက္ ၂ နာရီေက်ာ္ခန္႔၌ လူငါးဦးသည္ ေက်ာင္းတိုက္အတြင္း ဝင္ေရာက္ရန္ ေအာ္ဟစ္ ေတာင္းဆိုခဲ့ ေၾကာင္း မ.ဘ.သ အဖြဲ႔ခ်ဳပ္ထံမွ သိရသည္။
“ညအခ်ိန္က လူငါးေယာက္ တံခါးဖြင့္ဖို႔ ဆူညံစြာ ေအာ္ဟစ္ေတာင္းဆိုတယ္။ဘုန္းႀကီးကလည္း ဘယ္ကလူေတြမွန္း မသိေတာ့ ဖြင့္မေပးဘူး”ဟု ဆရာေတာ္ ဦးတိေလာကက မိန္႔သည္။
ထိုကဲ့သို႔ ညအခ်ိန္၌ ေအာ္ဟစ္ဆူညံျခင္း၊ တံခါးဖြင့္ေပးရန္ ေတာင္းဆိုျခင္းမ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာရဲစခန္းသို႔ သြားေရာက္ တိုင္ၾကားျခင္း မရွိခဲ့ေၾကာင္း၊ အလားတူ အဆိုပါကဲ့သို႔ ထပ္မံျပဳလုပ္လွ်င္ သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားထံ တိုင္ၾကားသြားမည္ျဖစ္ေၾကာင္း မ.ဘ.သ ဆရာေတာ္မ်ားက ထပ္မံ မိန္႔ၾကားခဲ့သည္။
မဘသ အဖြဲ႔ခ်ဳပ္ရွိရာ ႐ြာမ ပရိယတၲိ စာသင္တိုက္သို႔ ညအခ်ိန္ ဝင္ေရာက္ရန္ ႀကိဳးပမ္းမႈႏွင့္ပတ္သက္၍ ဇန္နဝါရီ ၃၀ ရက္ေန႔ ညေနအထိ အမႈဖြင့္ထားျခင္း မရွိေသးေၾကာင္း အင္းစိန္ၿမိဳ႕မရဲစခန္း တာဝန္က် အရာရွိက ေျပာၾကားသည္။
Ref; thevoicemyanmar
============

Unicode>>>
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် မ.ဘ.သ အဖွဲ့ချုပ် (ရွာမပရိယတ္တိစာ သင်တိုက်) အတွင်းသို့ ညအချိန်၌ အမည်မသိ လူငါးဦး ဝင်ရောက်ရန် ကြိုးစားခဲ့ကြောင်း မ.ဘ.သ ဥက္ကဋ္ဌဆရာတော် ဦးတိလောကက The Voice သတင်းစာသို့ မိန့်ကြားခဲ့သည်။
မ.ဘ.သ အဖွဲ့ချုပ်အတွင်းသို့ ဇန်နဝါရီ ၃၀ ရက် နံနက် ၂ နာရီကျော်ခန့်၌ လူငါးဦးသည် ကျောင်းတိုက်အတွင်း ဝင်ရောက်ရန် အော်ဟစ် တောင်းဆိုခဲ့ ကြောင်း မ.ဘ.သ အဖွဲ့ချုပ်ထံမှ သိရသည်။
“ညအချိန်က လူငါးယောက် တံခါးဖွင့်ဖို့ ဆူညံစွာ အော်ဟစ်တောင်းဆိုတယ်။ဘုန်းကြီးကလည်း ဘယ်ကလူတွေမှန်း မသိတော့ ဖွင့်မပေးဘူး”ဟု ဆရာတော် ဦးတိလောကက မိန့်သည်။
ထိုကဲ့သို့ ညအချိန်၌ အော်ဟစ်ဆူညံခြင်း၊ တံခါးဖွင့်ပေးရန် တောင်းဆိုခြင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းသို့ သွားရောက် တိုင်ကြားခြင်း မရှိခဲ့ကြောင်း၊ အလားတူ အဆိုပါကဲ့သို့ ထပ်မံပြုလုပ်လျှင် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း မ.ဘ.သ ဆရာတော်များက ထပ်မံ မိန့်ကြားခဲ့သည်။
မဘသ အဖွဲ့ချုပ်ရှိရာ ရွာမ ပရိယတ္တိ စာသင်တိုက်သို့ ညအချိန် ဝင်ရောက်ရန် ကြိုးပမ်းမှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၃၀ ရက်နေ့ ညနေအထိ အမှုဖွင့်ထားခြင်း မရှိသေးကြောင်း အင်းစိန်မြို့မရဲစခန်း တာဝန်ကျ အရာရှိက ပြောကြားသည်။
Ref; thevoicemyanmar

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...