======
တိရစ္ဆာန်ရုံထဲ ၀င်ရောက်သည့်ခရီးသွား ကျားသုံးကောင်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရ (ကြောက်တတ်သူများ လုံးဝမကြည့်သင့်ပါ)
ဗွီဒီယို အစအဆုံ ၃ ပိုင်းလုံး တင်ပြထားပါတယ်.. ရုပ်သံကြည့်ရန် နှိပ်ပါ။
.
www.apannpyay.com
Translate By နတ်စည်တော် (Shwemom) Unicode>>>
တရတ်မီဒီယာတွေက အမျိုးသားတစ်ယောက်ဟာ ကျားလှောင်အိမ်ထဲကို ဝင်ရောက်ခဲ့လို့ လှောင်အိတ်အတွင်းရှိ ကျားသုံးကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ သေဆုံးခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ကြပါတယ်။ အဆိုပါ အမျိုးသားဟာ ကျားတွေ အစာကျွေးချိန်မှာ လှောင်အိမ်အတွင်းကို ဝင်ရောက်ခဲ့ပြီး ကျားတွေဆီကို တည့်တည့်သွားခဲ့တာ ဖြစ်ပါတယ်။
ဘေးကနေ ရပ်ကြည့်နေသူတွေအထဲမှာ ၎င်းရဲ့ ဇနီးသည်းနဲ့ ကလေးငယ်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း ကျားတစ်ကောင်ဟာ တိရစ္ဆာန်ရုံတာဝန်ရှိသူတွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ တစ်နာရီလောက် ကြာခဲ့ပြီး၊ အမျိုးသားက ဘာအကြောင်းကြောင့် လှောင်အိမ်ထဲကို ဝင်ရောက်ခဲ့တယ်ဆိုတာ မသိရပါဘူး။
အခင်းဖြစ်လို့ 15 မိနစ်အကြာမှသာ လုံခြုံရေးတွေ ရောက်လာခဲ့တယ်ဆိုတာကလည်း အငြင်းပွားစရာ ဖြစ်စေခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ တိရစ္ဆာန်ရုံကတော့ Ningbo Youngor Zoo ဖြစ်ပြီး၊ ကျားတွေဟာ အမျိုးသားကို ဟိုမှသည်မှ ကို်က်ချည်ပြီး ဆော့ကစားမှုတွေတောင် လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ရပ်ကြည့်နေသူတစ်ယောက်ရဲ့ အဆိုအရ အဆိုပါ အမျိုးသားဟာ ကန့်သတ်နယ်မြေထဲကနေ မြစ်ကိုဖြတ်ကူးဖို့ ကြိုးစားခဲ့ရာက ကျားတွေရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရတာလို့လည်း ဆိုပါတယ်။ အခင်းဖြစ်ချိန်မှာ သေဆုံးသူရဲ့ ဇနီးနဲ့ကလေးလည်း ရှိနေခဲ့ပြီး China’s Zhejiang ဆေးရုံကိုအရောက်မှာ သေဆုံးခဲ့ပါတယ်။ ရဲအဖွဲ့ဝင်တွေဟာ ကျားတွေကို ဗျောက်အိုးပစ်ဖောက်ကာ ခြောက်လှန့်ခဲ့ပြီး တစ်ကောင်ကိုတော့ ပစ်သတ်ခဲ့ရတယ်လို့ သိရပါတယ်။
.
www.apannpyay.com
Translate By နတ်စည်တော် (Shwemom)
Admin Apann Pyay
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...