အက်ဥ္းသားမ်ားကို တစ္ရက္ တစ္ေထာင္က်ပ္ႏႈန္းခန္႔ျဖင့္ ေကြၽးေမြးႏိုင္ရန္ စီစဥ္

၃၀..၁..၁၇
-
ျမန္မာႏိုင္ငံအတြင္းရွိ အက်ဥ္းေထာင္ အသီးသီးတြင္ ျပစ္ဒဏ္က်ခံေနရသည့္ အက်ဥ္းသားမ်ားကို ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ကစ၍ တစ္ရက္လွ်င္တစ္ေထာင္
က်ပ္ႏႈန္းခန္႔ျဖင့္ ေကြၽးေမြးႏိုင္ရန္ စီစဥ္ေနေၾကာင္း အက်ဥ္းဦးစီးဌာနထံမွ သိရသည္။
-
လက္ရွိတြင္ အက်ဥ္းေထာင္မ်ားရွိ အက်ဥ္းသားတစ္ဦးကို တစ္ရက္တာ အတြက္ က်ပ္ ၆၀၀ ႏႈန္း၊ အက်ဥ္းစခန္းမွ အက်ဥ္းသားတစ္ဦးလွ်င္ တစ္ရက္
တာအတြက္ ၆၂၅ က်ပ္ႏႈန္းျဖင့္ ေကြၽးေမြးေနေၾကာင္း၊ ကုန္ေစ်းႏႈန္းမ်ား ႀကီးျမင့္လာ၍ တစ္ရက္လွ်င္ ၁၀၀၀ က်ပ္ႏႈန္းအတြင္း ေကြၽးေမြးႏိုင္ရန္ တိုးျမႇင့္ေတာင္းခံရျခင္း ျဖစ္ေၾကာင္း ယင္းဌာန ဒုတိယညႊန္ၾကားေရးမွဴး ဦးမင္းထြန္းစိုးက ေျပာၾကားသည္။
-
“လက္ရွိေကြၽးတဲ့ႏႈန္းက ၂၀၁၅ ခုႏွစ္က သတ္မွတ္ထားတဲ့ႏႈန္း၊ အက်ဥ္းေထာင္
ေတြမွာ ရွိတဲ့ အက်ဥ္းသားေတြထက္စာရင္ အက်ဥ္းစခန္းေတြမွာရွိတဲ့ အက်ဥ္းသားေတြက အလုပ္လုပ္ရတဲ့ အတြက္ ေကြၽးေမြးစရိတ္ ပိုမ်ားတယ္”
ဟု ၎က ရွင္းျပသည္။
-
ျမန္မာႏိုင္ငံတြင္ အက်ဥ္းေထာင္ ၄၀ ေက်ာ္ရွိၿပီး အက်ဥ္းသား ခုနစ္ေသာင္း
ေက်ာ္ ရွိေၾကာင္း အက်ဥ္းဦးစီးဌာန မွတ္တမ္းမ်ားအရ သိရသည္။
-
ျပစ္မႈႏွင့္ျပစ္ဒဏ္ မမွ်တသည့္ အက်ဥ္းသားမ်ား၊ လႊတ္သင့္လႊတ္ထိုက္
သူမ်ားကို စိစစ္လႊတ္ေပးမည္ ဆိုပါက အစိုးရႏွင့္ ကုန္က်စရိတ္ သက္သာ
ေစႏိုင္ေၾကာင္း မႏၲေလးၿမဳိ႕ေတာ္ရွိ ႏိုင္ငံေရး အင္အားစုအဖြဲ႔ အခ်ဳိ႕က ေျပာဆိုသည္။
-
အက်ဥ္းသားမ်ားကို အစိုးရ အစီအစဥ္ျဖင့္ ေကြၽးေမြးေနသည့္အျပင္ အလွဴရွင္မ်ား၏ ေကြၽးေမြးမႈကိုလည္း လက္ခံေပးေနေၾကာင္း အက်ဥ္းဦး
စီးဌာနထံမွ သိရသည္။
 =====
the voice

============
Unicode>>>
၃၀..၁..၁၇
-
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစ၍ တစ်ရက်လျှင်တစ်ထောင်
ကျပ်နှုန်းခန့်ဖြင့် ကျွေးမွေးနိုင်ရန် စီစဉ်နေကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
-
လက်ရှိတွင် အကျဉ်းထောင်များရှိ အကျဉ်းသားတစ်ဦးကို တစ်ရက်တာ အတွက် ကျပ် ၆၀၀ နှုန်း၊ အကျဉ်းစခန်းမှ အကျဉ်းသားတစ်ဦးလျှင် တစ်ရက်
တာအတွက် ၆၂၅ ကျပ်နှုန်းဖြင့် ကျွေးမွေးနေကြောင်း၊ ကုန်စျေးနှုန်းများ ကြီးမြင့်လာ၍ တစ်ရက်လျှင် ၁၀၀၀ ကျပ်နှုန်းအတွင်း ကျွေးမွေးနိုင်ရန် တိုးမြှင့်တောင်းခံရခြင်း ဖြစ်ကြောင်း ယင်းဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။
-
“လက်ရှိကျွေးတဲ့နှုန်းက ၂၀၁၅ ခုနှစ်က သတ်မှတ်ထားတဲ့နှုန်း၊ အကျဉ်းထောင်
တွေမှာ ရှိတဲ့ အကျဉ်းသားတွေထက်စာရင် အကျဉ်းစခန်းတွေမှာရှိတဲ့ အကျဉ်းသားတွေက အလုပ်လုပ်ရတဲ့ အတွက် ကျွေးမွေးစရိတ် ပိုများတယ်” 
ဟု ၎င်းက ရှင်းပြသည်။
-
မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၀ ကျော်ရှိပြီး အကျဉ်းသား ခုနစ်သောင်း
ကျော် ရှိကြောင်း အကျဉ်းဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
-
ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတသည့် အကျဉ်းသားများ၊ လွှတ်သင့်လွှတ်ထိုက်
သူများကို စိစစ်လွှတ်ပေးမည် ဆိုပါက အစိုးရနှင့် ကုန်ကျစရိတ် သက်သာ
စေနိုင်ကြောင်း မန္တလေးမြို့တော်ရှိ နိုင်ငံရေး အင်အားစုအဖွဲ့ အချို့က ပြောဆိုသည်။
-
အကျဉ်းသားများကို အစိုးရ အစီအစဉ်ဖြင့် ကျွေးမွေးနေသည့်အပြင် အလှူရှင်များ၏ ကျွေးမွေးမှုကိုလည်း လက်ခံပေးနေကြောင်း အကျဉ်းဦး
စီးဌာနထံမှ သိရသည်။ 
=====

the voice

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...