Loading...

လင္မယားခ်င္းေစာင့္ၾကည့္ဖို႔ အလြတ္စံုေထာက္လုပ္ငန္းကုိ အလုပ္အပ္တဲ့သူေတြမ်ား

လင္မယားခ်င္းေစာင့္ၾကည့္ဖို႔ အလြတ္စံုေထာက္လုပ္ငန္းကုိ အလုပ္အပ္တဲ့သူေတြမ်ား

ျမန္မာႏိုင္ငံမွာ ပထမဆံုးဖြင့္လွစ္ခဲ့တဲ့ အလြတ္စံုေထာက္လုပ္ငန္းကုမၼဏီစတင္ဖြင့္လွစ္ခဲ့တဲ့ အခ်ိန္ကစၿပီး ဒီေနအခ်ိန္အထိ အမႈ ၁၀ မႈလာေရာက္အပ္ႏွံရာမွာ လင္မယားခ်င္းစိတ္မခ်လို႔ ေစာင့္ၾကည္ဖို႔ လုပ္ငန္းအပ္လုပ္အပ္ႏွံတာက အမ်ားဆံုးျဖစ္ေနတယ္လုိ႔ သိရပါတယ္။
အလြတ္စံုေထာက္လုပ္ငန္းကုိ လင္မယားခ်င္း စိတ္မခ်လုိ႔ ေစာင့္ၾကည့္ေပးဖို႔ အပ္ႏွံမႈ ငါးမႈ၊ လင္ေပ်ာက္မႈႏွစ္မႈ၊ မယားေပ်ာက္မႈတစ္မႈ၊ ေငြလိမ္လည္မႈတစ္မႈနဲ႔ ပစၥည္းေပ်ာက္မႈတစ္မႈ လာေရာက္အပ္ႏွံထားတာ ျဖစ္ပါတယ္။
“ဥပေဒအႀကံေပးနဲ႔ အခမဲ့ကူညီေဆာင္႐ြက္လိုက္ရတာ မ်ားပါတယ္။ လာအပ္တဲ့အထဲက ဥပမာ ေငြသိန္းတစ္ေထာင္ေလာက္ အလိမ္ခံရတဲ့အမႈပါတယ္။ ဝန္ေဆာင္ႏႈန္းကိုသိန္းသံုးဆယ္နဲ႔ညႇိၾကတဲ့အခါ အမႈသည္ျပန္စဥ္းစားဦးမယ္ေျပာသြားတယ္။ ဒါမ်ိဳးအမႈဆိုလိမ္တဲ့သူေနာက္လိုက္ရတဲ့ေနရာအကြာအေဝးနဲ႔ကုန္က်စရိတ္ျပန္တြက္ၿပီး ေျပာရတယ္။ ေနာက္ၿပီး မေပၚမခ်င္း ကိုယ့္ဘက္က တာဝန္ယူရဖို႔လည္း ရွိတယ္ေလ”လုိ႔ အလြတ္စံုေထာက္လုပ္ငန္း ကုမၸဏီရဲ႕မန္ေနဂ်င္းဒါ႐ိုက္တာ ဦးေဌးၫြန္႔က ေျပာပါတယ္။
ဒါ့အျပင္အလြတ္စံုေထာက္ကုမၸဏီကိုေကာ္မတီဝင္၁၀ ဦး အပါအဝင္အႀကံေပးအဖြဲ႔ေတြနဲ႔ အမႈလိုက္ပါ စံုစမ္းေပးမယ့္ အဖြဲ႔တို႔နဲ႔ ဖြဲ႔စည္းထားၿပီး လက္ရွိတြင္အင္အား အေရအတြက္လူဦးေရ ၃၀ ေက်ာ္ရွိေနၿပီး လိုက္ပါေပးမယ့္ အမႈအမ်ိဳးအစား အားလံုးအတြက္ပံုေသ ဝန္ေဆာင္ခသတ္မွတ္ထားတာမရွိဘူးလို႔ သိရပါတယ္။
လက္ရွိတြင္အလြတ္စံုေထာက္ကုမၸဏီအေနနဲ႔မွတ္ပံုတင္ရမွာျဖစ္ကာ တရားဝင္ခြင့္ျပဳခ်က္ကို ျပည္ေထာင္စုလႊတ္ေတာ္က ခြင့္ျပဳမွပဲရရွိမွျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ ္လာေရာက္အသိေပး ခ်ိတ္ဆက္ထားတာ မရွိေသးဘူးလုိ႔ ရန္ကုန္တိုင္းေဒသႀကီး လံုၿခံဳေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး တင္ေအာင္ထြန္းက ေျပာထားပါတယ္။
အဆိုပါ အလြတ္စံုေထာက္လုပ္ငန္း ကုမၸဏီကို ၿပီးခဲ့ႏွစ္ဇန္နဝါရီလက သန္လ်င္ၿမိဳ႕နယ္မွာ စတင္ဖြဲ႔စည္းတည္ေထာင္ခဲ့ၿပီး ဒီကုမၸဏီကုိ တပ္မေတာ္ေထာက္လွမ္းေရးေဟာင္းေတြ၊ ရဲအရာရွိေဟာင္းေတြနဲ႔ ဥပေဒကၽြမ္းက်င္တဲ့ ပညာရွင္ေတြနဲ႔ စုေပါင္း ဖြဲ႔စည္းထားတာ ျဖစ္ပါတယ္။
Source : The Voice
Photos : 7DayTV
===========

Unicode>>>
လင်မယားချင်းစောင့်ကြည့်ဖို့ အလွတ်စုံထောက်လုပ်ငန်းကို အလုပ်အပ်တဲ့သူတွေများ

မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ အလွတ်စုံထောက်လုပ်ငန်းကုမ္မဏီစတင်ဖွင့်လှစ်ခဲ့တဲ့ အချိန်ကစပြီး ဒီနေအချိန်အထိ အမှု ၁၀ မှုလာရောက်အပ်နှံရာမှာ လင်မယားချင်းစိတ်မချလို့ စောင့်ကြည်ဖို့ လုပ်ငန်းအပ်လုပ်အပ်နှံတာက အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
အလွတ်စုံထောက်လုပ်ငန်းကို လင်မယားချင်း စိတ်မချလို့ စောင့်ကြည့်ပေးဖို့ အပ်နှံမှု ငါးမှု၊ လင်ပျောက်မှုနှစ်မှု၊ မယားပျောက်မှုတစ်မှု၊ ငွေလိမ်လည်မှုတစ်မှုနဲ့ ပစ္စည်းပျောက်မှုတစ်မှု လာရောက်အပ်နှံထားတာ ဖြစ်ပါတယ်။
“ဥပဒေအကြံပေးနဲ့ အခမဲ့ကူညီဆောင်ရွက်လိုက်ရတာ များပါတယ်။ လာအပ်တဲ့အထဲက ဥပမာ ငွေသိန်းတစ်ထောင်လောက် အလိမ်ခံရတဲ့အမှုပါတယ်။ ဝန်ဆောင်နှုန်းကိုသိန်းသုံးဆယ်နဲ့ညှိကြတဲ့အခါ အမှုသည်ပြန်စဉ်းစားဦးမယ်ပြောသွားတယ်။ ဒါမျိုးအမှုဆိုလိမ်တဲ့သူနောက်လိုက်ရတဲ့နေရာအကွာအဝေးနဲ့ကုန်ကျစရိတ်ပြန်တွက်ပြီး ပြောရတယ်။ နောက်ပြီး မပေါ်မချင်း ကိုယ့်ဘက်က တာဝန်ယူရဖို့လည်း ရှိတယ်လေ”လို့ အလွတ်စုံထောက်လုပ်ငန်း ကုမ္ပဏီရဲ့မန်နေဂျင်းဒါရိုက်တာ ဦးဌေးညွန့်က ပြောပါတယ်။
ဒါ့အပြင်အလွတ်စုံထောက်ကုမ္ပဏီကိုကော်မတီဝင်၁၀ ဦး အပါအဝင်အကြံပေးအဖွဲ့တွေနဲ့ အမှုလိုက်ပါ စုံစမ်းပေးမယ့် အဖွဲ့တို့နဲ့ ဖွဲ့စည်းထားပြီး လက်ရှိတွင်အင်အား အရေအတွက်လူဦးရေ ၃၀ ကျော်ရှိနေပြီး လိုက်ပါပေးမယ့် အမှုအမျိုးအစား အားလုံးအတွက်ပုံသေ ဝန်ဆောင်ခသတ်မှတ်ထားတာမရှိဘူးလို့ သိရပါတယ်။
လက်ရှိတွင်အလွတ်စုံထောက်ကုမ္ပဏီအနေနဲ့မှတ်ပုံတင်ရမှာဖြစ်ကာ တရားဝင်ခွင့်ပြုချက်ကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုမှပဲရရှိမှဖြစ်ပြီး လောလောဆယ်မှာတော့ ်လာရောက်အသိပေး ချိတ်ဆက်ထားတာ မရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောထားပါတယ်။
အဆိုပါ အလွတ်စုံထောက်လုပ်ငန်း ကုမ္ပဏီကို ပြီးခဲ့နှစ်ဇန်နဝါရီလက သန်လျင်မြို့နယ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဒီကုမ္ပဏီကို တပ်မတော်ထောက်လှမ်းရေးဟောင်းတွေ၊ ရဲအရာရှိဟောင်းတွေနဲ့ ဥပဒေကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ စုပေါင်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
Source : The Voice
Photos : 7DayTV

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...