ဦးကိုနီကို ေသနတ္ျဖင့္ ခ်ိန္ထားေသာ ဓာတ္ပုံကိစၥ ရန္ကုန္တုိင္းရဲတပ္ဖြဲ႕ ရွင္း

ၿဖိဳးထက္ေအာင္
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၇
လူသတ္သမား ၾကည္လင္းက ဦးကိုနီကို ေသနတ္ျဖင့္ခ်ိန္ထားသည့္ ဓာတ္ပံုမွာ ဌာနဆိုင္ရာအဖြဲ႕ အ စည္းတစ္ခုမွ တာဝန္ရွိသူတစ္ဦး က အမွတ္မထင္႐ိုက္ကူးခဲ့မိေသာ ဗီဒီ ယိုပုံရိပ္ဖမ္းထားေသာ ပံုျဖစ္ေၾကာင္း ရန္ကုန္တုိင္း ေဒသႀကီးရဲတပ္ဖြဲ႕မွ သိရသည္။
အဆိုပါဓာတ္ပံုသည္ ရန္ကုန္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္ပရ ဝဏ္အတြင္း မတ္တတ္ရပ္ေနေသာ ဦးကိုနီကို လူတစ္ဦးက ပစၥတိုေသ နတ္ျဖင့္ ခ်ိန္ထားေသာပံုျဖစ္သည္။
”သူ႕အထက္ကို သတင္းတင္ ျပဖို႔အတြက္ ဒီလို႐ိုက္ေနရင္းနဲ႔ အ မွတ္မထင္ ပါသြားတဲ့ပံုပါ။ သူကိုယ္ တုိင္လည္း ဒီလုိပါသြားမွန္း မသိ လုိက္ဘူး။ ၿပီးေတာ့မွ ဗီဒီယိုကို ၾကည့္ရင္းျပန္ေတြ႕တာ” ဟု ရန္ကုန္ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕၊ တိုင္းေဒ သႀကီး ဒုတပ္ဖြဲ႕မွဴးရဲမွဴးႀကီးမ်ိဳး ေဆြ က ေျပာသည္။
ယင္း ဗီဒီယိုကို စခရင္ေရွာ့ျပဳ လုပ္၍ သက္ဆိုင္ရာသို႔ တင္ျပရာမွ အျပင္သို႔ေပါက္ၾကားသြားျခင္း ျဖစ္ ေၾကာင္းလည္း ၄င္းကေျပာသည္။
”သူက ပတ္ဝန္းက်င္ကို ဗီဒီ ယိုမွတ္တမ္းတင္ ေဘးတုိက္႐ိုက္ ေနရင္းနဲ့အမွတ္မထင္ပါသြားတာ။ ေလဆိပ္ CCTV မွတ္တမ္းအရ ဦးကိုနီကို ေသနတ္နဲ႔ ထုတ္ခ်ိန္ၿပီး ပစ္တာ ႏွစ္စကၠန္႔အတြင္း ျဖစ္သြား တာ သူလည္းမသိလုိက္ဘူး”ဟု ရဲ မွဴးႀကီးက ေျပာသည္။
ယင္းဓာတ္ပံုအျပင္ ဦးကိုနီကို ေသနတ္ျဖင့္ပစ္သတ္ခဲ့ေသာ ၾကည္ လင္း၏စစ္ခ်က္မ်ားလည္း ယခုလ ဆန္းပိုင္းတြင္ လူမႈကြန္ရက္ေပၚ ၌ ပ်႕ံႏွံ႔ခဲ့ၿပီး ထုိကဲ့သုိ႔ေသာ နည္းပညာ ပိုင္းဆိုင္ရာကိစၥရပ္မ်ားကို ျပန္ လည္ၾကပ္မတ္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ သိရသည္။
http://www.popularmyanmar.com/popularnews/?p=29034
.
Credit ... Popular
.
ျပန္လည္မ်ွေဝေပးပါတယ္။
ေလးစားလ်ွက္
MartinSwe
10-02-2017
==========

Unicode>>>
ဖြိုးထက်အောင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
လူသတ်သမား ကြည်လင်းက ဦးကိုနီကို သေနတ်ဖြင့်ချိန်ထားသည့် ဓာတ်ပုံမှာ ဌာနဆိုင်ရာအဖွဲ့ အ စည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦး က အမှတ်မထင်ရိုက်ကူးခဲ့မိသော ဗီဒီ ယိုပုံရိပ်ဖမ်းထားသော ပုံဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါဓာတ်ပုံသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပရ ဝဏ်အတွင်း မတ်တတ်ရပ်နေသော ဦးကိုနီကို လူတစ်ဦးက ပစ္စတိုသေ နတ်ဖြင့် ချိန်ထားသောပုံဖြစ်သည်။
”သူ့အထက်ကို သတင်းတင် ပြဖို့အတွက် ဒီလိုရိုက်နေရင်းနဲ့ အ မှတ်မထင် ပါသွားတဲ့ပုံပါ။ သူကိုယ် တိုင်လည်း ဒီလိုပါသွားမှန်း မသိ လိုက်ဘူး။ ပြီးတော့မှ ဗီဒီယိုကို ကြည့်ရင်းပြန်တွေ့တာ” ဟု ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေ သကြီး ဒုတပ်ဖွဲ့မှူးရဲမှူးကြီးမျိုး ဆွေ က ပြောသည်။
ယင်း ဗီဒီယိုကို စခရင်ရှော့ပြု လုပ်၍ သက်ဆိုင်ရာသို့ တင်ပြရာမှ အပြင်သို့ပေါက်ကြားသွားခြင်း ဖြစ် ကြောင်းလည်း ၄င်းကပြောသည်။
”သူက ပတ်ဝန်းကျင်ကို ဗီဒီ ယိုမှတ်တမ်းတင် ဘေးတိုက်ရိုက် နေရင်းနဲ့အမှတ်မထင်ပါသွားတာ။ လေဆိပ် CCTV မှတ်တမ်းအရ ဦးကိုနီကို သေနတ်နဲ့ ထုတ်ချိန်ပြီး ပစ်တာ နှစ်စက္ကန့်အတွင်း ဖြစ်သွား တာ သူလည်းမသိလိုက်ဘူး”ဟု ရဲ မှူးကြီးက ပြောသည်။
ယင်းဓာတ်ပုံအပြင် ဦးကိုနီကို သေနတ်ဖြင့်ပစ်သတ်ခဲ့သော ကြည် လင်း၏စစ်ချက်များလည်း ယခုလ ဆန်းပိုင်းတွင် လူမှုကွန်ရက်ပေါ် ၌ ပျ့ံနှံ့ခဲ့ပြီး ထိုကဲ့သို့သော နည်းပညာ ပိုင်းဆိုင်ရာကိစ္စရပ်များကို ပြန် လည်ကြပ်မတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
http://www.popularmyanmar.com/popularnews/?p=29034
.
Credit ... Popular
.
ပြန်လည်မျှဝေပေးပါတယ်။
လေးစားလျှက်
MartinSwe
10-02-2017

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...