Loading...

ဓါးခုတ်ရာလက်ဝင်လျိုခံရသူတစ်ယောက်အကြောင်း ( သို့ ) ဆံပင်ညှပ်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တဲ့ ကိုအောင်စိုး

"တာဝန်ရှိသူတွေ တာဝန်သိစေဖို့"
ဓါးခုတ်ရာလက်ဝင်လျိုခံရသူတစ်ယောက်အကြောင်း
( သို့ )
ဆံပင်ညှပ်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တဲ့ ကိုအောင်စိုး
ကိုအောင်စိုး အကြောင်း သိထားသမျှ နဲနဲ ပြောပါ့မယ်။
၈၈ အရေးတော်ပုံ ကာလမှာကတည်းက ကိုအောင်စိုးဟာ
အမေစုနဲ့ NLD ပါတီကို ထောက်ခံခဲ့တဲ့ အမစုကို
ချစ်တဲ့သူတစ်ယောက်၊ အရေးအခင်းမှာ ပါဝင်ဆန္ဒပြရင်း
တပ်က ပစ်တဲ့ကျည်ဆံ ပေါင်မှာ ထိမှန်ပြီး ဒဏ်ရာရခဲ့ဖူးတယ်။
 သူက လူဆိုးသူတော်ကောင်းလို့ နာမည်ကြီးတယ်။
၉၆ မှာ RIT ကျောင်းသူလေးကို ကားနဲ့ဖမ်းသွားပြီး
လက်ဝတ်လက်စားတွေနဲ့ စိန်နားကပ်ကို ချွတ်ယူပြီး
လူကို ပြန်လွှတ်ပေးလိုက်တယ်။
ဒီအမှုနဲ့ ထောင် ၇ နှစ်ကျပြီး ဒုစရိုက်လောကထဲကို
သူရောက်လာခဲ့တယ်။
ခုနောက်ဆုံး ထောင်ကထွက်လာပြီးကတည်းက
ဆံပင်ညှပ် ပညာသင်ပြီး သူက အမျိုးသားတွေကို ဆံပင်ညှပ်ပြီး ကိုအောင်စိုး အမျိုးသမီးက အမျိုးသမီးတွေကို
ဆံပင်ညှပ်ပြီး ဘဝကို ရိုးသားစွာ ပြန်လည်တည်ဆောက်ရင်း အေးချမ်းစွာ နေသူ တစ်ယောက်ပါ။
မမျှော်လင့်ပဲ မြန်မာနောင်းက ကိုဆွေဝင်းက ကိုအောင်စိုးကို
အောင်ဝင်းဇော်ရဲ့ ဓါတ်ပုံပြပြီး မေးလိုက်ရာက သူသိသမျှ ပြောတာကို ဆောင်းပါးအဖြစ် ကိုအောင်စိုးဓါတ်ပုံနဲ့ ဖော်ပြလိုက်တယ်။
 အဲဒီ့နောက်မှာ ကိုအောင်စိုးဟာ မီဒီယာတွေရဲ့ သားကောင်အဖြစ် အလုအယက် သတင်းတွေ သူ့ထက်ငါ 
ဦးအောင် ဖော်ပြနိုင်ဖို့ အသုံးချခြင်း ခံရတော့တယ်။
နေ့စဉ် မီဒီယာသမားတွေ မပြတ်လာကြသလို ရဲတပ်ဖွဲ့ကနေ လိုအပ်တာ စစ်မေးဖို့ ခေါ်တာ လည်း သွားနေရတယ်
မီဒီယာတွေရဲ့ အင်တာဗျူးတွေကနေတဆင့် သူ့လုံခြုံရေးအကြောင်းတွေ
မေးမြန်းရင်းနဲ့ သူ့ကို လာချောင်းနေတဲ့ မသင်္ကာစရာ သူတွေရှိကြောင်း သူ့လုံခြုံရေးအတွက် ပြည်သူတွေ စိုးရိမ်ပူပန်တာကြောင့် ရဲတပ်ဖွဲ့ လုံခြုံရေးယူပေးစေချင်ကြောင်း
သတင်းတွေ ပြန့်လာခဲ့သလို ကိုအောင်စိုး နေတဲ့ ရပ်ကွက်က
ပြည်သူတွေလည်း အထိတ်တလန့် ဖြစ်လာကြတော့တယ်။
ကိုအောင်စိုးရဲ့ ဆံပင်ညှပ်ဆိုင်ဆိုရင် ယခု စနေ
တနင်္ဂနွေနေ့မျိုးမှာတောင် ပြဿ နာဖြစ်မှာ ကြောက်လို့
လာညှပ်ရဲသူ မရှိသလောက် ရှားသွားတယ်။ အမျိုးသမီးတွေဆို လုံးဝမလာရဲတော့တာကြောင့် ကိုအောင်စိုးမိန်းမဆို
ဆံပင်ညှပ်စရာ လူတောင် မရှိတော့ပါဘူး။
ပတ်ဝန်းကျင်က အိမ်တွေဆို ည ၈ နာရီထိုးတာနဲ့ တံခါးပိတ်
မီးမှိတ်နေကြတော့တယ်။
ဒီတော့ ကိုအောင်စိုးခင်မျာ မီဒီယာတွေရဲ့ အသုံးချခံရမှုကြောင့်
သူ့ရဲ့ သာယာနေတဲ့ ဘဝလေး စတင် ယိုင်နဲ့လာတော့တယ်။
ဆံပင်ညှပ်မယ့်သူ ရှားပါးလာတာကြောင့်
ဝင်ငွေပါးလာတဲ့အပြင် တလ ၂ သိန်းပေးနေရတဲ့ ဆိုင်လခ၊
အိမ်စားရိတ်တွေအတွက် အခက်အခဲ ဖြစ်လာတော့တယ်
အရင်ကတည်းက ချမ်းသာတဲ့သူ မဟုတ်တဲ့အတွက် ယခုလို
ရိုက်ခတ်မှုတွေဟာ ကိုအောင်စိုးတို့ ဇနီးမောင်နှံအတွက်
အထိနာစေပါတယ်။
ဒီနေ့ တရားဥပဒေစိုးမိုးရေး ကွန်ယက်က အဖွဲ့ဝင်တွေ
ကိုအောင်စိုးဆိုင်ကိုသွားပြီး ဂုဏ်ပြု လက်ဆောင်ပေးရင်း
အားပေးစကားပြောတော့ သူအတော်ပျော်သွားတယ်။
မီဒီယာက မဟုတ်ပဲ သူ့ကိုလာတွေ့ဆုံ အားပေးတဲ့
ပထမဆုံး ပြည်သူတွေကို မြင်လိုက်ရတာကိုး။
ကိုအောင်စိုးကို အဆင်ပြေရဲ့လား မေးကြည့်တော့
သူကတော့ သူ့လုံခြုံရေးအတွက် ဘာမှ မတောင်းဆိုကြောင်း
ယခုဖြစ်ရပ်တွေအတွက် ပတ်ဝန်းကျင်က လူတွေစိုးရိမ်ထိတ်လန့်
စေတာကြောင့် စိတ်မကောင်းကြောင်း၊ သူ့ဆိုင်စီးပွားရေး
ထိခိုက်လာတဲ့အတွက် စိတ်ပူကြောင်းတွေကို ပြောရင်း
မျက်ရည်ကြီး ဝိုင်းတက်လာတယ်။
ကျတော်တို့ အဖွဲ့ဝင်တွေလဲ တတ်နိုင်သလောက်
အားပေးစကားပြောရင်း ကိုအောင်စိုးအတွက် စိတ်မကောင်းဖြစ်ခဲ့ကြရတယ်။
ကိုအောင်စိုးခင်မျာ သူ့ဘဝသူ ကောင်းအောင် ပြု ပြင်ရင်း
သမာအာဇီဝနဲ့ အလုပ်လုပ်ရင်း ဘဝကို ရိုးသားစွာ
ဖြတ်သန်းနေရင်း မမျှော်လင့်ပါပဲ မီဒီယာတွေရဲ့ အသုံးချ
ခံရမှုကြောင့် သူတည်ဆောက်နေတဲ့ အေးချမ်းတဲ့ ဘဝလေး
မထင်မှတ်ပဲ ပျက်စီးမှုတွေ စတင်လာနေပါတော့တယ်။
သူက ဘယ်သူ့အပေါ်မှ အပြစ်မတင်ပေမယ့် ကိုအောင်စိုးရဲ့
နစ်နာဆုံးရှုံးမှုတွေအတွက် ဘယ်သူတွေ တာဝန်ယူကြမလဲ။
မီဒီယာတွေ ဘာပြန်လုပ်ပေးကြမလဲ။ ရဲတပ်ဖွဲ့ဘက်ကရော
လုံခြုံရေး စိတ်ချရဖို့ ဘာတွေစီစဉ်ထားပြီးပြီလဲ။
အထူးမှာချင်တာကတော့ ကိုအောင်စိုးရဲ့ ပတ်ဝန်းကျင်က
လူတွေလဲ စိုးရိမ်စိတ်ကြောင့် ကိုအောင်စိုးရဲ့
ဆံပင်ညှပ်ဆိုင်လေးကို မသွားဘူးဆိုပြီး ပစ်မထားကြပါနဲ့ ။
တတ်နိုင်သလောက် ဝိုင်းဝန်းစောင့်ရှောက်ပေးကြပါ။
ကိုအောင်စိုးရဲ့ ဆံသဆိုင်လေးကိုလည်း အားပေးကူညီကြပါ။
ကိုအောင်စိုးဟာ ပြည်သူတွေအားလုံး သိချင်နေတဲ့
ယခုအမှုအတွက် တဦးတည်းသော အစိုးရသက်သေ တစ်ယောက်ပါ။
အမှားကိုပြင်ပြီး အမှန်လမ်းပေါ် လျှောက်ချင်သူ တစ်ယောက်ကို
လက်တွဲခေါ်ကြပါ။ ပစ်မထားကြပါနဲ့။
သူတို့ မိသားစု ဘဝလေး မပျက်စီးအောင်
အားလုံး ဝိုင်းဝန်းကူညီ ဖေးမပေးကြပါလို့ အသိပေးရင်း
အနူးအညွတ် အကူအညီတောင်းလိုက်ပါတယ်။
တရားဥပဒေစိုးမိုးရေး ကူညီကြသူများ ကွန်ယက်မှလည်း
ကိုအောင်စိုးရဲ့ အခက်အခဲများအား စောင့်ကြည့် အကူအညီပေးသွားမည်ဖြစ်ကြောင်း အသိပေးတင်ပြလိုက်ပါတယ်။
ZN.H

Credit - ZN.H

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...