Loading...

့ ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းရငွေအပေါ် အခွန် ကောက်ခံဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု လိုက်ပြီ...

၁၅၀၀ CC ကားအထက်နှင့် ရွှေရောင်းရငွေ အခွန်များ ကောက်ခံရန် လွှတ်တော်အတည်ပြု





=============

၁၅၀၁ CC ကားတွေကစပြီး အခွန် ၂၀ ရာခိုင်နှုန်းကောက်ဖို့နဲ့ ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းရငွေအပေါ် အခွန် ၁ ရာခိုင်နှုန်းကောက်ခံဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အ ကောက်ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အတည်ပြုချက်အရ Double Cab 4 Door Pickup မှအပ ၁၅၀၁ CC မှ ၂၀၀၀ CC အထိ ဗင်ကားတွေ၊ ဆ လွန်း၊ ဆီဒင်နဲ့ ဝက်ဂွန်(Eatate Wagon)ကားတွေ၊ ကူပေး(Coupe)ကားတွေကို အခွန် ၂၀ ရာခိုင်နှုန်း၊ Double Cab 4 Door Pickup မှအပ ၂၀၀၁ CC မှ ၅၀၀၀ CC အထိ ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်နဲ့ ဝက်ဂွန်(Eatate Wagon)ကားတွေ၊ ကူပေး(Coupe)ကားတွေကို အခွန် ၃၀ ရာခိုင်နှုန်း၊ Double Cab 4 Door Pickup မှအပ ၅၀၀၁ CC မှအထက် ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်နဲ့ ဝက်ဂွန်(Eatate Wagon)ကားတွေ၊ ကူပေး(Coupe) ကားတွေကို အခွန် ၅၀ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချခြင်းမှ ရောင်းရေငွေအပေါ်မှာ မူလဥပဒေကြမ်းမှာ အဆိုပြု ထားတဲ့ ၃ ရာခိုင်နှုန်းအစား ၁ ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ဖို့ကိုလည်း အတည်ပြုခဲ့ပါတယ်။

မူလဥပဒေကြမ်းမှာ မပါတဲ့ နိုင်ငံဝန်ထမ်းတွေ အငြိမ်းစားယူတဲ့အခါ ရရှိတဲ့ ပင်စင်နဲ့ ကရုဏာကြေးကိုလည်း ဝင် ငွေခွန်ပေးတာကနေ ကင်းလွတ်ခွင့်ပြုဖို့ကိုလည်း အသစ်ထည့်သွင်း အတည်ပြုခဲ့ပါတယ်။

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...