======

ေသနတ္သမားက က်ေနာ့္နဖူးကို ေသနတ္နဲ႔ ခ်ိန္ၿပီး ေမာင္းခိုင္းတယ္ – တကၠစီသမားဦးေက်ာ္ဦး

ၿပီးခဲ့တဲ့ ဇန္န၀ါရီ ၂၉ ရက္ေန႔က အန္အယ္လ္ဒီ ဗဟုိဥပေဒအႀကံေပး ဦးကုိနီဟာ ေသနတ္သမား ဦးၾကည္လင္းရဲ႕ အနီးကပ္ ပစ္ခတ္ လုပ္ႀကံသတ္ျဖတ္တာခံခဲ့ရၿပီး ေသနတ္သမားကုိ လုိက္လံဖမ္းဆီးခဲ့တဲ့ ကုိေန၀င္းလည္း ပစ္သတ္ခံခဲ့ရပါတယ္။

အဲဒီေန႔က ေသနတ္သမား ဦးၾကည္လင္းဟာ တကၠစီတစီးေပၚ တက္ၿပီး ယာဥ္ေမာင္း ဦးေက်ာ္ဦးကုိလည္း ေသနတ္သမားက ေသနတ္နဲ႔ခ်ိန္ၿပီး ေမာင္းခုိင္းတယ္လို႔ ေျပာပါတယ္။ အဲဒီေန႔က ျဖစ္ခဲ့တာနဲ႔ ပတ္သက္ၿပီး ဦးေက်ာ္ဦးကုိ ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး – ဦးေက်ာ္ဦး ၿပီးခဲ့တဲ့ ၂၉ ရက္ေန႔က ေလဆိပ္မွာ ႀကံဳခဲ့ရတဲ့ အေတြ႔အႀကံဳေလး ျပန္ေျပာျပေပးပါလားခင္ဗ်။

ေျဖ – ဟုတ္ကဲ့ က်ေနာ္က ေလဆိပ္ဘက္ကို အ၀င္ေပါ့ေနာ္။ က်ေနာ္က ေျမာက္ဥကၠလာ ျပန္မယ္ဆိုၿပီး အဲဒီကို အျဖတ္ေပါ့။ ေလဆိပ္နားက်ေတာ့ လူေတြ ႐ုတ္႐ုတ္ လာတာလွမ္းျမင္ရတယ္။ က်ေနာ္ ဆီထည့္မလိုလုပ္ရင္း။ အဲဒီအခ်ိန္မွာ ႐ုတ္႐ုတ္နဲ႔ ေျပးလာတာ ရဲကလည္း ေလးငါးေျခာက္ေရာက္ ေတြ႔တယ္။ လူအုပ္စုကလည္း ေတြ႔တယ္။ အဲဒီမွာ တုတ္ေတြဆြဲ ဘာေတြဆြဲဆိုေတာ့ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနတယ္။ က်ေနာ္က တကၠစီသမား အခ်င္းခ်င္း ရန္ျဖစ္ေနၾကတာလားဆိုၿပီးေတာ့ က်ေနာ္က အဲဒီဘက္ကို ေငးၿပီးေမာင္းတာ။ က်ေနာ္ေငးၿပီး ညာဘက္ ကပ္ကပ္ ေမာင္းရင္း ေမာင္းရင္းနဲ႔ အနားက်ေတာ့ ေရွ႕ဘက္တည့္တည့္ ညာဘက္ျခမ္းကိုၾကည့္ေတာ့ ဒါကေတာ့ တခုခု ထူးတယ္ေပါ့။ အဲဒီအခ်ိန္မွာ လူသတ္သမားနား က်ေနာ္ ေရာက္သြားတာေပါ့ဗ်ာ။ အဲလိုေရာက္သြားတဲ့အခ်ိန္မွာ သူကက်ေနာ့္ကို ေသနတ္နဲ႔ တားတယ္။ ကားအင္ဂ်င္စက္ဖုံးဘက္ကေန ပတ္ၿပီးေတာ့ ဘယ္ဘက္ျခမ္းကိုလာတာ။ က်ေနာ့္ကား ဘယ္ဘက္ျခမ္းတံခါးကို ဖြင့္တက္မယ္ေပါ့ သူက။ အဲဒီအခ်ိန္မွာ ေဘးက လူေတြက ေအာ္ၿပီ။ အဲဒီလူက လူသတ္သမား ငါတို႔ လူႏွစ္ေယာက္ကို ပစ္သြားတာလို႔။ က်ေနာ္က ဘာလုပ္ရမွန္းမသိလို႔ စဥ္းစားတာေပါ့ဗ်ာ။ စဥ္းစားၿပီး သူတံခါးဖြင့္ၿပီး ေျခေထာက္တဖက္ အတက္မွာ က်ေနာ္က ေမာင္းမွျဖစ္ေတာ့မယ္ဆိုၿပီး သူလည္း ေျခေထာက္တဖက္အတက္မွာ က်ေနာ္ ေမာင္းလိုက္တာေပါ့။ ဒီေကာင္ ဟန္ခ်က္ပ်က္ ၿပီးေတာ့ တံခါးေပၚကေန ညပ္ၿပီး ပါလာတာ။ ပါလာတဲ့အခ်ိန္မွာ ဟိုဘက္က ေစာင့္ေန တဲ့ လူအုပ္စုနဲ႔ ရဲေတြကလည္း အတင္း၀င္တယ္။ လူအုပ္စုက တကၠစီ ယာဥ္ေမာင္းေတြ ပဲ ထင္ပါတယ္။ သူတို႔က ခဲနဲ႔ထုတယ္။ က်ေနာ့္မွန္လည္းကြဲတယ္။ ၀ုန္း ၀ုန္း ဆို က်ေနာ္က ဘရိတ္နင္းလိုက္တယ္။ ကားကို ထိုးရပ္တယ္၊ စက္သပ္တယ္။ အဲဒီအခ်ိန္မွာ သူက ကားထဲကို က်လာတယ္။ ကားထဲကို က်လာၿပီး သူ႔ရဲ႕ ေသနတ္နဲ႔ က်ေနာ့္ရဲ႕ နဖူးကိုခ်ိန္တယ္။ ခ်ိန္ၿပီးေမာင္းခိုင္းတယ္။ က်ေနာ္က မေမာင္းဘူးေျပာလိုက္ေတာ့  မေမာင္းရင္ ဖယ္ဆိုၿပီးေတာ့ က်ေနာ့္ၾကားထဲကို ေျခေထာက္ထိုးၿပီးေတာ့ အဲဒီအခ်ိန္မွာ ပဲ လူေတြက အနီးကပ္ေရာက္လာၿပီးေတာ့ ခဲနဲ႔ထုတာနဲ႔ ရဲေတြက ဆြဲခ်တယ္။ ဆြဲခ်ၿပီး ေတာ့ သူေအာက္က်သြားတယ္။ ေအာက္က်သြားေတာ့ က်ေနာ္က ခါးပတ္ကိုခၽြတ္ တယ္။ ခါးပတ္ခၽြတ္ၿပီးက်ေနာ္က အျပင္ကပတ္ၿပီးေတာ့ သူက ၀မ္းလ်ားေမွာက္ႀကီး ျဖစ္ေနၿပီ။ သူ႔ကိုဖမ္းဆီးထားမိၿပီေပါ့ဗ်ာ။ ရဲ ေလးငါးေျခာက္ေယာက္က ၀ိုင္းထားၿပီး သြားၿပီ။ အဲဒီအခ်ိန္မွာ လူေတြကို လူစုခြဲတယ္ဗ်။ လူစုခြဲတဲ့အေနနဲ႔ ေသနတ္ကို မိုးေပၚ ေထာင္ၿပီး ပစ္တယ္။ က်ေနာ္ ကားေပၚက ဆင္းတဲ့အခ်ိန္တခါပစ္တယ္။ က်ေနာ္ ကားေပၚကဆင္းၿပီး ေခါင္းခန္းပတ္တဲ့အခ်ိန္တခါပစ္တယ္။ အဲဒီအခ်ိန္မွာ လူစုကြဲသြား တယ္။ အဲဒီအခ်ိန္မွာ က်ေနာ့္ ကားေနာက္ဖံုး ကားတံခါးကိုဖြင့္ၿပီး ကားထဲကို အဲဒီတရားခံကို သြင္းလိုက္တယ္။ က်ေနာ့္ကားေခါင္းခန္းမွာ ကားေမာင္းတဲ့ေနရာမွာ ရဲမႉးႀကီးတေယာက္က ထိုင္တယ္။ ဒီကားကို က်ေနာ္ကိုယ္တိုင္ေမာင္းတာပါ။ ဒီကားနဲ႔ က်ေနာ္လိုက္ပါရေစဆိုၿပီးေတာ့ အဲဒီမွာ လိုက္လိုက္ဆိုၿပီး ေလဆိပ္စခန္းထဲေမာင္း သြားတယ္။ က်ေနာ္အဲဒီအထိပဲ။”

ေမး – အဲဒီေန႔က ႐ုတ္တရက္ႀကီး အဲလိုႀကံဳလိုက္ရေတာ့ ဘယ္လိုျဖစ္သြားလဲ။

ေျဖ – ဘယ္လိုျဖစ္သြားလဲဆိုေတာ့ က်ေနာ့္ရင္ထဲမွာေတာ့ ထိတ္သြားတာေပါ့။ က်ေနာ္က ဒီကားေလးနဲ႔ မိသားစုကို စီးပြားရွာေကၽြးတာေလ။ မိသားစု ငါးေယာက္ေပါ့။ က်ေနာ့္ ဇနီးကလည္း က်န္းမာေရး မေကာင္းဘူး ေလဖ်န္းေနတယ္။ သားသမီးေတြ ကေလည္း ေက်ာင္းတက္ေနရၿပီဆိုေတာ့။ သားတေယာက္နဲ႔ သမီးတေယာက္ တကၠသိုလ္ တက္ေနရၿပီေပါ့။ က်ေနာ္က အဲဒါ စိတ္ပူတာေပါ့။ ဟာ ငါေတာ့သြားၿပီ ဘ၀ ပ်က္ၿပီေပါ့။ တကယ္လို႔ က်ေနာ္ေမာင္းရင္လည္း ေရွ႕ကလည္း ပစ္မယ္။ ေနာက္ကလည္း ရဲဆိုေတာ့ ပစ္ခ်င္ပစ္မယ္ေပါ့ေနာ္။ က်ေနာ္ပူထူသြားတယ္။ ဒါေပမယ့္ က်ေနာ္ ျပန္စဥ္းစားတယ္။ ငါေတာ့မထူးေတာ့ဘူးဆိုၿပီး မထူးတဲ့အေျခအေနမ်ဳိးမွာ ငါဘယ္လို လုပ္လိုက္ရင္ ေကာင္းမလဲဆိုၿပီး ငါဘယ္လို လGတ္ေအာင္လုပ္လိုက္ရင္ ေကာင္းမလဲ ဆိုၿပီး က်ေနာ့္စိတ္ထဲ သြားသတိရတယ္။ ေျခေထာက္တဖက္တင္တဲ့ အခ်ိန္မွာ ေမာင္း ရင္ေတာ့ ဟန္ခ်က္ပ်က္ႏိုင္တယ္ဆိုၿပီးေတာ့ သူတင္ၿပီးမွ က်ေနာ္ေမာင္းတာ။ ထင္ထားတဲ့အတိုင္းပဲ သူလည္း ဟန္ခ်က္ပ်က္သြားတယ္။ ကိုးယိုးကားယား ျဖစ္တဲ့ အခ်ိန္မွာလူေတြကလည္း အနီးကပ္ေရာက္လာတယ္။ ေျပး၀င္လာတယ္။ သူတို႔လည္း အသက္စြန္႔ၿပီး ေျပး၀င္လာတာေပါ့ဗ်ာ။ က်ေနာ့္ကားကို ခဲေတြနဲ႔ပစ္ေတာ့ ခဲေတြလည္း မွန္၊ ၀ုန္း၀ုန္းဆိုဆြဲခ်သြားတယ္။ အဲဒီမွာ တရားခံက မိသြားတယ္။ ျပည္သူ႔ရဲတပ္ဖြဲ႔က လည္း ဖမ္းတယ္ေျပာတယ္။

ေမး – ဦးေက်ာ္ဦးရဲ႕ အဲဒီကားကို ျပင္ေပးလား ရဲက။

ေျဖ – ဟုတ္ကဲ့ ရဲကျပင္ေပးတယ္။ မေန႔က မနက္က က်ေနာ္ ၈ နာရီေလာက္က က်ေနာ့္ကို ကားလာပို႔ေပးပါဆိုေတာ့ က်ေနာ္ကားသြားပို႔ေပးတယ္။ ကားကိုျပင္ေပးၿပီး ေတာ့ မေန႔က ည ၆ နာရီ ခြဲေလာက္က ရတယ္။ ကားက ေကာင္းသြားပါၿပီ။

ေမး – ဟုတ္ကဲ့ ေနာက္ တိုင္းအစိုးရတို႔ ဘာတို႔ကေရာ အေထာက္အကူတို႔၊ ဆက္သြယ္ တာတို႔ အားေပးတာေတြ ရွိလား။

ေျဖ – တိုင္းအစိုးရကေတာ့ က်ေနာ္နဲ႔ ဘာမွ အဆက္အသြယ္မရွိဘူးဗ်။ ကေနာ့္ကို ရဲမႉး ခ်ဳပ္ေပါ့ေနာ္။ ရဲမႉးႀကီး ဗညားဦးကေနၿပီးေတာ့ ဖုန္းဆက္ၿပီးက်ေနာ့္ကို ေခၚတယ္။ ရဲမႉးႀကီးေတြက ၀ိုင္းၿပီးေတာ့ က်ေနာ့္ကို ေအးေဆးပါပဲ ဦးေက်ာ္ဦးေရ။ က်ေနာ္တို႔ ေအးေဆးေျပာပါ။ ဘာမွမျဖစ္ပါဘူး ေျပာၿပီးေတာ့ သူက က်ေနာ့္ကို voice က သတင္းေထာက္နဲ႔ ေတြ႔ေပးတယ္။ ၃ ရက္ေန႔ကမွ voice က သတင္းေထာက္နဲ႔ ေတြ႔ေပးတယ္။ အေမးအေျဖလုပ္တယ္။ အင္တာနက္ေပၚ အဲဒီသတင္းပါလာတာေပါ့။ မေန႔က က်ေနာ့္ကို Daily Eleven က လာၿပီးေတြ႔တယ္။ ဒါပါပဲ တျခားလူေတြေတာ့ က်ေနာ့္ဆီ ဘာမွလာတာ မရွိပါဘူး။ က်ေနာ္ကလည္း ထင္ထင္ေပၚေပၚ မေနတတ္ေတာ့ က်ေနာ္လည္း အင္တာနက္လည္း မသံုးတတ္ဘူးေလ။ အဲလို ေရးတင္တာေတြ ဘာေတြမလုပ္တတ္ေတာ့ ဘာမွမလုပ္ဘဲ က်ေနာ္ေနတာ။

ေမး – အဲေတာ့ အဓိက က ဦးေက်ာ္ဦးကို ရဲက အကူအညီေပးတာေပါ့ေနာ္။

ေျဖ – ရဲေကာ ယာဥ္ေမာင္းေတြေရာေပါ့ဗ်ာ။ ခဲနဲ႔ ထုတာကေတာ့ ယာဥ္ေမာင္းေတြက ထုတာ။

ေမး – ကားျပန္ျပင္ေပးတာတို႔ ဘာတို႔က ရဲကပဲ လုပ္ေပးတာလား။

ေျဖ – ဟုတ္ကဲ့ ကားျပန္ျပင္ေပးတာတို႔ ဘာတို႔ကေတာ့ ရဲကျပင္ေပးပါတယ္။ အျပင္က ကုမၸဏီကလည္း ျပင္ေပးမယ္ေျပာတယ္။ ဒါေပမယ့္ က်ေနာ့္က ဒီကိစၥ ႏိုင္ငံေတာ္ ေက့စ္ ျဖစ္ေနလို႔ ရဲေတြရဲ႕ ခြင့္ျပဳခ်က္ကို ေတာင္းၾကည့္မယ္ေပါ့ေနာ္။ ရရင္ေတာ့ ျပင္ပါ့မယ္ ေျပာထားတယ္။ က်ေနာ့္သေဘာနဲ႔ က်ေနာ္ ျပင္လို႔မေကာင္းဘူးေလ။ အဲလိုေတာ့ ကမ္းလွမ္းတာရွိတယ္။ ဒါေပမယ့္ က်ေနာ္ကို ျပည္သူ႔ရဲတပ္ဖြဲ႔ကပဲ ေျပာတယ္။ မလုပ္ပါ နဲ႔ ဦးေက်ာ္ဦးရယ္ ဒီမွာပဲျပင္ပါ။ သူတို႔ျပင္ေပးပါ့မယ္ဆိုေတာ့ ဟုတ္ကဲ့ပါဆိုၿပီး ျပည္သူ႔ ရဲတပ္ဖြဲ႔ကပဲ ကားယူၿပီးေတာ့ အကုန္လံုးျပင္ေပးပါတယ္။

ေမး – ဦးေက်ာ္ဦး အသက္ ဘယ္ေလာက္ေလာက္ ရွိၿပီလဲ။

ေျဖ – က်ေနာ့္အသက္ ၅၈ ႏွစ္ပါ။

ေမး – ဘယ္မွာေနလဲ ဦးေက်ာ္ဦး။

ေျဖ – က်ေနာ္ ေျမာက္ဥကၠလာ (စ်) မွာ ေနပါတယ္။

အခင္းျဖစ္ပြားစဥ္က ႐ုပ္သံၾကည့္႐ႈရန္

Credit - DVB
===============
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က အန်အယ်လ်ဒီ ဗဟိုဥပဒေအကြံပေး ဦးကိုနီဟာ သေနတ်သမား ဦးကြည်လင်းရဲ့ အနီးကပ် ပစ်ခတ် လုပ်ကြံသတ်ဖြတ်တာခံခဲ့ရပြီး သေနတ်သမားကို လိုက်လံဖမ်းဆီးခဲ့တဲ့ ကိုနေဝင်းလည်း ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီနေ့က သေနတ်သမား ဦးကြည်လင်းဟာ တက္ကစီတစီးပေါ် တက်ပြီး ယာဉ်မောင်း ဦးကျော်ဦးကိုလည်း သေနတ်သမားက သေနတ်နဲ့ချိန်ပြီး မောင်းခိုင်းတယ်လို့ ပြောပါတယ်။ အဲဒီနေ့က ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးကျော်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ဦးကျော်ဦး ပြီးခဲ့တဲ့ ၂၉ ရက်နေ့က လေဆိပ်မှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံလေး ပြန်ပြောပြပေးပါလားခင်ဗျ။

ဖြေ – ဟုတ်ကဲ့ ကျနော်က လေဆိပ်ဘက်ကို အဝင်ပေါ့နော်။ ကျနော်က မြောက်ဥက္ကလာ ပြန်မယ်ဆိုပြီး အဲဒီကို အဖြတ်ပေါ့။ လေဆိပ်နားကျတော့ လူတွေ ရုတ်ရုတ် လာတာလှမ်းမြင်ရတယ်။ ကျနော် ဆီထည့်မလိုလုပ်ရင်း။ အဲဒီအချိန်မှာ ရုတ်ရုတ်နဲ့ ပြေးလာတာ ရဲကလည်း လေးငါးခြောက်ရောက် တွေ့တယ်။ လူအုပ်စုကလည်း တွေ့တယ်။ အဲဒီမှာ တုတ်တွေဆွဲ ဘာတွေဆွဲဆိုတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်။ ကျနော်က တက္ကစီသမား အချင်းချင်း ရန်ဖြစ်နေကြတာလားဆိုပြီးတော့ ကျနော်က အဲဒီဘက်ကို ငေးပြီးမောင်းတာ။ ကျနော်ငေးပြီး ညာဘက် ကပ်ကပ် မောင်းရင်း မောင်းရင်းနဲ့ အနားကျတော့ ရှေ့ဘက်တည့်တည့် ညာဘက်ခြမ်းကိုကြည့်တော့ ဒါကတော့ တခုခု ထူးတယ်ပေါ့။ အဲဒီအချိန်မှာ လူသတ်သမားနား ကျနော် ရောက်သွားတာပေါ့ဗျာ။ အဲလိုရောက်သွားတဲ့အချိန်မှာ သူကကျနော့်ကို သေနတ်နဲ့ တားတယ်။ ကားအင်ဂျင်စက်ဖုံးဘက်ကနေ ပတ်ပြီးတော့ ဘယ်ဘက်ခြမ်းကိုလာတာ။ ကျနော့်ကား ဘယ်ဘက်ခြမ်းတံခါးကို ဖွင့်တက်မယ်ပေါ့ သူက။ အဲဒီအချိန်မှာ ဘေးက လူတွေက အော်ပြီ။ အဲဒီလူက လူသတ်သမား ငါတို့ လူနှစ်ယောက်ကို ပစ်သွားတာလို့။ ကျနော်က ဘာလုပ်ရမှန်းမသိလို့ စဉ်းစားတာပေါ့ဗျာ။ စဉ်းစားပြီး သူတံခါးဖွင့်ပြီး ခြေထောက်တဖက် အတက်မှာ ကျနော်က မောင်းမှဖြစ်တော့မယ်ဆိုပြီး သူလည်း ခြေထောက်တဖက်အတက်မှာ ကျနော် မောင်းလိုက်တာပေါ့။ ဒီကောင် ဟန်ချက်ပျက် ပြီးတော့ တံခါးပေါ်ကနေ ညပ်ပြီး ပါလာတာ။ ပါလာတဲ့အချိန်မှာ ဟိုဘက်က စောင့်နေ တဲ့ လူအုပ်စုနဲ့ ရဲတွေကလည်း အတင်းဝင်တယ်။ လူအုပ်စုက တက္ကစီ ယာဉ်မောင်းတွေ ပဲ ထင်ပါတယ်။ သူတို့က ခဲနဲ့ထုတယ်။ ကျနော့်မှန်လည်းကွဲတယ်။ ဝုန်း ဝုန်း ဆို ကျနော်က ဘရိတ်နင်းလိုက်တယ်။ ကားကို ထိုးရပ်တယ်၊ စက်သပ်တယ်။ အဲဒီအချိန်မှာ သူက ကားထဲကို ကျလာတယ်။ ကားထဲကို ကျလာပြီး သူ့ရဲ့ သေနတ်နဲ့ ကျနော့်ရဲ့ နဖူးကိုချိန်တယ်။ ချိန်ပြီးမောင်းခိုင်းတယ်။ ကျနော်က မမောင်းဘူးပြောလိုက်တော့  မမောင်းရင် ဖယ်ဆိုပြီးတော့ ကျနော့်ကြားထဲကို ခြေထောက်ထိုးပြီးတော့ အဲဒီအချိန်မှာ ပဲ လူတွေက အနီးကပ်ရောက်လာပြီးတော့ ခဲနဲ့ထုတာနဲ့ ရဲတွေက ဆွဲချတယ်။ ဆွဲချပြီး တော့ သူအောက်ကျသွားတယ်။ အောက်ကျသွားတော့ ကျနော်က ခါးပတ်ကိုချွတ် တယ်။ ခါးပတ်ချွတ်ပြီးကျနော်က အပြင်ကပတ်ပြီးတော့ သူက ဝမ်းလျားမှောက်ကြီး ဖြစ်နေပြီ။ သူ့ကိုဖမ်းဆီးထားမိပြီပေါ့ဗျာ။ ရဲ လေးငါးခြောက်ယောက်က ၀ိုင်းထားပြီး သွားပြီ။ အဲဒီအချိန်မှာ လူတွေကို လူစုခွဲတယ်ဗျ။ လူစုခွဲတဲ့အနေနဲ့ သေနတ်ကို မိုးပေါ် ထောင်ပြီး ပစ်တယ်။ ကျနော် ကားပေါ်က ဆင်းတဲ့အချိန်တခါပစ်တယ်။ ကျနော် ကားပေါ်ကဆင်းပြီး ခေါင်းခန်းပတ်တဲ့အချိန်တခါပစ်တယ်။ အဲဒီအချိန်မှာ လူစုကွဲသွား တယ်။ အဲဒီအချိန်မှာ ကျနော့် ကားနောက်ဖုံး ကားတံခါးကိုဖွင့်ပြီး ကားထဲကို အဲဒီတရားခံကို သွင်းလိုက်တယ်။ ကျနော့်ကားခေါင်းခန်းမှာ ကားမောင်းတဲ့နေရာမှာ ရဲမှူးကြီးတယောက်က ထိုင်တယ်။ ဒီကားကို ကျနော်ကိုယ်တိုင်မောင်းတာပါ။ ဒီကားနဲ့ ကျနော်လိုက်ပါရစေဆိုပြီးတော့ အဲဒီမှာ လိုက်လိုက်ဆိုပြီး လေဆိပ်စခန်းထဲမောင်း သွားတယ်။ ကျနော်အဲဒီအထိပဲ။”

မေး – အဲဒီနေ့က ရုတ်တရက်ကြီး အဲလိုကြုံလိုက်ရတော့ ဘယ်လိုဖြစ်သွားလဲ။

ဖြေ – ဘယ်လိုဖြစ်သွားလဲဆိုတော့ ကျနော့်ရင်ထဲမှာတော့ ထိတ်သွားတာပေါ့။ ကျနော်က ဒီကားလေးနဲ့ မိသားစုကို စီးပွားရှာကျွေးတာလေ။ မိသားစု ငါးယောက်ပေါ့။ ကျနော့် ဇနီးကလည်း ကျန်းမာရေး မကောင်းဘူး လေဖျန်းနေတယ်။ သားသမီးတွေ ကလေည်း ကျောင်းတက်နေရပြီဆိုတော့။ သားတယောက်နဲ့ သမီးတယောက် တက္ကသိုလ် တက်နေရပြီပေါ့။ ကျနော်က အဲဒါ စိတ်ပူတာပေါ့။ ဟာ ငါတော့သွားပြီ ဘဝ ပျက်ပြီပေါ့။ တကယ်လို့ ကျနော်မောင်းရင်လည်း ရှေ့ကလည်း ပစ်မယ်။ နောက်ကလည်း ရဲဆိုတော့ ပစ်ချင်ပစ်မယ်ပေါ့နော်။ ကျနော်ပူထူသွားတယ်။ ဒါပေမယ့် ကျနော် ပြန်စဉ်းစားတယ်။ ငါတော့မထူးတော့ဘူးဆိုပြီး မထူးတဲ့အခြေအနေမျိုးမှာ ငါဘယ်လို လုပ်လိုက်ရင် ကောင်းမလဲဆိုပြီး ငါဘယ်လို လGတ်အောင်လုပ်လိုက်ရင် ကောင်းမလဲ ဆိုပြီး ကျနော့်စိတ်ထဲ သွားသတိရတယ်။ ခြေထောက်တဖက်တင်တဲ့ အချိန်မှာ မောင်း ရင်တော့ ဟန်ချက်ပျက်နိုင်တယ်ဆိုပြီးတော့ သူတင်ပြီးမှ ကျနော်မောင်းတာ။ ထင်ထားတဲ့အတိုင်းပဲ သူလည်း ဟန်ချက်ပျက်သွားတယ်။ ကိုးယိုးကားယား ဖြစ်တဲ့ အချိန်မှာလူတွေကလည်း အနီးကပ်ရောက်လာတယ်။ ပြေးဝင်လာတယ်။ သူတို့လည်း အသက်စွန့်ပြီး ပြေးဝင်လာတာပေါ့ဗျာ။ ကျနော့်ကားကို ခဲတွေနဲ့ပစ်တော့ ခဲတွေလည်း မှန်၊ ဝုန်းဝုန်းဆိုဆွဲချသွားတယ်။ အဲဒီမှာ တရားခံက မိသွားတယ်။ ပြည်သူ့ရဲတပ်ဖွဲ့က လည်း ဖမ်းတယ်ပြောတယ်။

မေး – ဦးကျော်ဦးရဲ့ အဲဒီကားကို ပြင်ပေးလား ရဲက။

ဖြေ – ဟုတ်ကဲ့ ရဲကပြင်ပေးတယ်။ မနေ့က မနက်က ကျနော် ၈ နာရီလောက်က ကျနော့်ကို ကားလာပို့ပေးပါဆိုတော့ ကျနော်ကားသွားပို့ပေးတယ်။ ကားကိုပြင်ပေးပြီး တော့ မနေ့က ည ၆ နာရီ ခွဲလောက်က ရတယ်။ ကားက ကောင်းသွားပါပြီ။

မေး – ဟုတ်ကဲ့ နောက် တိုင်းအစိုးရတို့ ဘာတို့ကရော အထောက်အကူတို့၊ ဆက်သွယ် တာတို့ အားပေးတာတွေ ရှိလား။

ဖြေ – တိုင်းအစိုးရကတော့ ကျနော်နဲ့ ဘာမှ အဆက်အသွယ်မရှိဘူးဗျ။ ကနော့်ကို ရဲမှူး ချုပ်ပေါ့နော်။ ရဲမှူးကြီး ဗညားဦးကနေပြီးတော့ ဖုန်းဆက်ပြီးကျနော့်ကို ခေါ်တယ်။ ရဲမှူးကြီးတွေက ၀ိုင်းပြီးတော့ ကျနော့်ကို အေးဆေးပါပဲ ဦးကျော်ဦးရေ။ ကျနော်တို့ အေးဆေးပြောပါ။ ဘာမှမဖြစ်ပါဘူး ပြောပြီးတော့ သူက ကျနော့်ကို voice က သတင်းထောက်နဲ့ တွေ့ပေးတယ်။ ၃ ရက်နေ့ကမှ voice က သတင်းထောက်နဲ့ တွေ့ပေးတယ်။ အမေးအဖြေလုပ်တယ်။ အင်တာနက်ပေါ် အဲဒီသတင်းပါလာတာပေါ့။ မနေ့က ကျနော့်ကို Daily Eleven က လာပြီးတွေ့တယ်။ ဒါပါပဲ တခြားလူတွေတော့ ကျနော့်ဆီ ဘာမှလာတာ မရှိပါဘူး။ ကျနော်ကလည်း ထင်ထင်ပေါ်ပေါ် မနေတတ်တော့ ကျနော်လည်း အင်တာနက်လည်း မသုံးတတ်ဘူးလေ။ အဲလို ရေးတင်တာတွေ ဘာတွေမလုပ်တတ်တော့ ဘာမှမလုပ်ဘဲ ကျနော်နေတာ။

မေး – အဲတော့ အဓိက က ဦးကျော်ဦးကို ရဲက အကူအညီပေးတာပေါ့နော်။

ဖြေ – ရဲကော ယာဉ်မောင်းတွေရောပေါ့ဗျာ။ ခဲနဲ့ ထုတာကတော့ ယာဉ်မောင်းတွေက ထုတာ။

မေး – ကားပြန်ပြင်ပေးတာတို့ ဘာတို့က ရဲကပဲ လုပ်ပေးတာလား။

ဖြေ – ဟုတ်ကဲ့ ကားပြန်ပြင်ပေးတာတို့ ဘာတို့ကတော့ ရဲကပြင်ပေးပါတယ်။ အပြင်က ကုမ္ပဏီကလည်း ပြင်ပေးမယ်ပြောတယ်။ ဒါပေမယ့် ကျနော့်က ဒီကိစ္စ နိုင်ငံတော် ကေ့စ် ဖြစ်နေလို့ ရဲတွေရဲ့ ခွင့်ပြုချက်ကို တောင်းကြည့်မယ်ပေါ့နော်။ ရရင်တော့ ပြင်ပါ့မယ် ပြောထားတယ်။ ကျနော့်သဘောနဲ့ ကျနော် ပြင်လို့မကောင်းဘူးလေ။ အဲလိုတော့ ကမ်းလှမ်းတာရှိတယ်။ ဒါပေမယ့် ကျနော်ကို ပြည်သူ့ရဲတပ်ဖွဲ့ကပဲ ပြောတယ်။ မလုပ်ပါ နဲ့ ဦးကျော်ဦးရယ် ဒီမှာပဲပြင်ပါ။ သူတို့ပြင်ပေးပါ့မယ်ဆိုတော့ ဟုတ်ကဲ့ပါဆိုပြီး ပြည်သူ့ ရဲတပ်ဖွဲ့ကပဲ ကားယူပြီးတော့ အကုန်လုံးပြင်ပေးပါတယ်။

မေး – ဦးကျော်ဦး အသက် ဘယ်လောက်လောက် ရှိပြီလဲ။

ဖြေ – ကျနော့်အသက် ၅၈ နှစ်ပါ။

မေး – ဘယ်မှာနေလဲ ဦးကျော်ဦး။

ဖြေ – ကျနော် မြောက်ဥက္ကလာ (စျ) မှာ နေပါတယ်။

အခင်းဖြစ်ပွားစဉ်က ရုပ်သံကြည့်ရှုရန်

Credit - DVB

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...