ချစ်တင်းနှီးနှောတဲ့ အခါ ဘယ်နေရာကို ဘယ်လို ထိရမလဲ


 Credit : Yez Magazine
=====
 Unicode

ချစ်တင်းနှီးနှောကြတဲ့အခါ သင့်အဖော်ကောင်မလေးကို ကောင်းစွာစိတ်ကြွလာစေမယ့် နည်းလမ်းတွေ ရှိသလို သူမကို စိတ်ဝင်စားမှု လျော့သွားစေနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ လူအများစုဟာ ချစ်တင်းနှီးနှောကြတဲ့အခါ သူတို့ကို ထိစေ ကိုင်စေချင်တဲ့ ပုံစံအတိုင်း အဖော်ဖြစ်သူကို ထိတတ်၊ ကိုင်တတ်ကြပါတယ်။
 အမှန်တကယ်လုပ်သင့်တာက ကိုယ့်အဖော်ဖြစ်သူ ဘယ်လိုထိတာ၊ ကိုင်တာကို ကြိုက်သလဲ ဆိုတာကိုအရင် သိအောင် မေးမြန်းရမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ထိတာ၊ပွတ်တာ ကြိုက်တာချင်း မတူကြပေမယ့် တူညီတဲ့ အချက်တွေကို သိထားဖို့ လိုပါတယ်။ အမျိုးသားအဂါင်္ဟာ အရေပြားတွေနဲ့ ဖုံးထားတဲ့ အတွက် ထိလွယ်၊ ရှလွယ်မှု နည်းပါတယ်။
ဒါကြောင့် အမျိုးသားတွေက နည်းနည်း ခပ်ကြမ်းကြမ်း ထိပေး၊ ပွတ်ပေးတာကို ကြိုက်တတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ အဂါင်္ဟာ ထိလွယ်၊ ရှလွယ်ပြီး အဓိကနေရာဟာ အလွန်ထိလွယ် ရှလွယ်တဲ့ အတွက် အင်မတန်ညင်သာဖို့ လိုပါတယ်။
အမျိုးသမီးအများစုဟာ အမျိုးသမီးအဂါင်္ကို လှုံ့ဆော်ပေးပြီး အဓိကနေရာကို ထိပေး၊ ပွတ်ပေးတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုလုပ်တာဟာ အမျိုးသမီးအများစု ကြိုက်နှစ်သက်ကြတယ်လို့ ဆိုလို့ ရနိုင်ပေမယ့် သင့်အဖော် ဘယ်လို လုပ်တာကို နှစ်သက်သလဲဆိုတာကို မေးမြန်းဆွေးနွေးဖို့ အရေးကြီးပါတယ်။ ချစ်တင်းနှီးနှောတာဟာ နှစ်ဦးနှစ်ယောက် ပါဝင်တာမို့ တစ်ယောက်ရဲ့ အကြိုက်ကို ကျန်တဲ့ တစ်ယောက်က် သိမှ ပိုပြီး ကောင်းမွန်တဲ့ အိမ်ထောင်နဲ့ ချစ်သူဘဝကို ရရှိကြမှာ ဖြစ်ပါတယ်။

 Credit : Yez Magazine

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...