Loading...

အလြန္အံ႔ႀသဖို့ေကာင္းတဲ႔အျဖစ္အပ်က္တခု

 သံေယာဇင္မဲ႔သူမ်ားသို့...
အလြန္အံ႔ႀသဖို့ေကာင္းတဲ႔အျဖစ္အပ်က္တခုက်မဒီေန့ေတြခဲ႔႐ပါတယ္။ဒီေန့ေန့ခင္းေ႐ြွဘုန္းပြင့္ဘု႐ားေ႐ွ႔ကျဖတ္အသြားလူတေယာက္ငွက္ေတြလြတ္ေပးေနတာေတြ႔႐တယ္။အဲ႔ဒီမွာငွက္လြတ္တဲ႔သူကေၿပာလိုက္တာက.'ဒီငွက္ျပန္လဲေပးပါသူကဒီနားပဲၿပန္လာေနတယ္လို့ေျပာသံၾကားလိုက္တယ္' ။က်မလည္းသိခ်င္တာနဲ႔႐ပ္ၾကည့္လိုက္ေတာ့ငွက္ကေလးကေကာင္းေကာင္းပ်ံ္နိုင္တာေတြ႐တယ္။

ဒါနဲ႔က်မလည္ူေစ်းသယ္အစ္မႀကီးကိုေမးၾကည့္ေတာ့သူ့အေဖာ္အထဲမွာ႐ိွေနလို့မသြားထင္တယ္လို့မွတ္ခ်က္ေပးတယ္။ဒါမ်ိဳးေတြျဖစ္တတ္ပါတယ္လို့က်မကိုျပန္ေျပာလိုက္ေသးတယ္။အဲ႔ဒါနဲ႔က်မလည္းသတင္းသမားပီပီအဲ႔ဒီငွက္ကိုယူျပီးခပ္ေဝးေဝးသြားလြွတ္ၾကည့္ေတာ့လည္းျပန္လာတာပဲ။

က်မလည္းငွက္ကေလးၾကည့္ၿပီးစိတ္မေကာင္းတာနဲ႔တစ္ေကာင္ၿပီးတစ္ေကာင္လြတ္ၾကည့္တယ။္စာကေလးအေကာင္နွစ္ဆယ္သာကုန္သြားတယ္သူအေဖာ္ပါမလာဘူး ။ဒါနဲ႔ပဲ ေစ်းသယ္ကိုအကုန္လြတ္မယ္ဆိုဘယ္ေလာက္လဲလို့ေမးၾကည့္ေတာ့ေျခာက္ေသာင္းေလာက္က်မယ္တဲ႔ ေလွာင္အိမ္ထဲမွာအေကာင္200ေလာက္က်န္ေသးတာကိုး ဒါလည္းမျဖစ္ေခ်ဘူးေပါ့ ေနာက္ က်မလည္းအႀကံတစ္ခု႐လာတယ္ အျပင္ကငွက္ကေလးကိုေျခေထာက္မွာအမွတ္အသားတခုလုပ္ၿပီးေလွာင္အိမ္ထဲၿပန္ထည့္လိုက္တယ္။

ခဏေစာင့္ၾကည့္ၿပီးသူေဘးနားကပ္လာတဲ့အေဖာ္စာကေလးတစ္ေကာင္ကိုပါအတူဖမ္းၿပီးလြတ္ႀကည့္လိုက္တယ္။အဲ႔ဒီေတာ့မွပဲငွက္ကေလးကသူ့အေဖာ္နဲ႔အတူအေဝးက္ိုျပန္သြားေတာ့တယ္။ဒါပါပဲ တိ႐စၦာန္ျဖစ္ေပမယ့္ကိုယ္အက်ဥ္းအက်ပ္ထဲကလြတ္သြားေပမယ္ျပန္ဖမ္း႐င္လည္းဖမ္းပါေစဆိုၿပီးေသအတူ႐ွင္မကြာေနမယ္ဆိုၿပီးစိတ္ပိုင္းျဖတ္ထားပံု႐ပါတယ္။က်မေတြးမိတာကက်မတို့လူ့အဖြဲ႔အစည္းမွာမိသားစုျဖစ္ေစ။လင္မယားျဖစ္ေစ။မိတ္ေဆြၿဖစ္ေစ။သူငယ္ခ်င္းျဖစ္ေစ။လုပ္ေဖာ္ကိုင္ဖက္ျဖစ္ေစ. တစ္ေယာက္နဲ႔တစ္ေယာက္ဟာဒီငွက္ကေလးေတြထားတဲ႔သံေယာဇဥ္မ်ိဳးထားနိုင္ဖို့ေတာ္ေတာ္ႀကိဳးစားယူူၾက႐မယ္ထင္ပါတယ္။ဘာျဖစ္လို့လဲဆိုေတာ့က်မတို႔အသက္ႀကီးလာေလပိုၿပီးအတၱေတြႀကီးလာၾကလို့ပါပဲ။

လွလွဝင္း
သံယောဇင်မဲ့သူများသို့...
အလွန်အံ့သြဖို့ကောင်းတဲ့အဖြစ်အပျက်တခုကျမဒီနေ့တွေခဲ့ရပါတယ်။ဒီနေ့နေ့ခင်းရွှေဘုန်းပွင့်ဘုရားရှေ့ကဖြတ်အသွားလူတယောက်ငှက်တွေလွတ်ပေးနေတာတွေ့ရတယ်။အဲ့ဒီမှာငှက်လွတ်တဲ့သူကပြောလိုက်တာက.'ဒီငှက်ပြန်လဲပေးပါသူကဒီနားပဲပြန်လာနေတယ်လို့ပြောသံကြားလိုက်တယ်' ။ကျမလည်းသိချင်တာနဲ့ရပ်ကြည့်လိုက်တော့ငှက်ကလေးကကောင်းကောင်းပျံ်နိုင်တာတွေရတယ်။

ဒါနဲ့ကျမလည်ူစျေးသယ်အစ်မကြီးကိုမေးကြည့်တော့သူ့အဖော်အထဲမှာရှိနေလို့မသွားထင်တယ်လို့မှတ်ချက်ပေးတယ်။ဒါမျိုးတွေဖြစ်တတ်ပါတယ်လို့ကျမကိုပြန်ပြောလိုက်သေးတယ်။အဲ့ဒါနဲ့ကျမလည်းသတင်းသမားပီပီအဲ့ဒီငှက်ကိုယူပြီးခပ်ဝေးဝေးသွားလွှတ်ကြည့်တော့လည်းပြန်လာတာပဲ။

ကျမလည်းငှက်ကလေးကြည့်ပြီးစိတ်မကောင်းတာနဲ့တစ်ကောင်ပြီးတစ်ကောင်လွတ်ကြည့်တယ။်စာကလေးအကောင်နှစ်ဆယ်သာကုန်သွားတယ်သူအဖော်ပါမလာဘူး ။ဒါနဲ့ပဲ စျေးသယ်ကိုအကုန်လွတ်မယ်ဆိုဘယ်လောက်လဲလို့မေးကြည့်တော့ခြောက်သောင်းလောက်ကျမယ်တဲ့ လှောင်အိမ်ထဲမှာအကောင်200လောက်ကျန်သေးတာကိုး ဒါလည်းမဖြစ်ချေဘူးပေါ့ နောက် ကျမလည်းအကြံတစ်ခုရလာတယ် အပြင်ကငှက်ကလေးကိုခြေထောက်မှာအမှတ်အသားတခုလုပ်ပြီးလှောင်အိမ်ထဲပြန်ထည့်လိုက်တယ်။

ခဏစောင့်ကြည့်ပြီးသူဘေးနားကပ်လာတဲ့အဖော်စာကလေးတစ်ကောင်ကိုပါအတူဖမ်းပြီးလွတ်ကြည့်လိုက်တယ်။အဲ့ဒီတော့မှပဲငှက်ကလေးကသူ့အဖော်နဲ့အတူအဝေးက်ိုပြန်သွားတော့တယ်။ဒါပါပဲ တိရစ္ဆာန်ဖြစ်ပေမယ့်ကိုယ်အကျဉ်းအကျပ်ထဲကလွတ်သွားပေမယ်ပြန်ဖမ်းရင်လည်းဖမ်းပါစေဆိုပြီးသေအတူရှင်မကွာနေမယ်ဆိုပြီးစိတ်ပိုင်းဖြတ်ထားပုံရပါတယ်။ကျမတွေးမိတာကကျမတို့လူ့အဖွဲ့အစည်းမှာမိသားစုဖြစ်စေ။လင်မယားဖြစ်စေ။မိတ်ဆွေဖြစ်စေ။သူငယ်ချင်းဖြစ်စေ။လုပ်ဖော်ကိုင်ဖက်ဖြစ်စေ. တစ်ယောက်နဲ့တစ်ယောက်ဟာဒီငှက်ကလေးတွေထားတဲ့သံယောဇဉ်မျိုးထားနိုင်ဖို့တော်တော်ကြိုးစားယူူကြရမယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့အသက်ကြီးလာလေပိုပြီးအတ္တတွေကြီးလာကြလို့ပါပဲ။

လှလှဝင်း

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...