Loading...

အမ်ိဳးသားကို လံုၿခံဳ ေရး၀န္ထမ္းႏွစ္ဦးကို သူခိုးက ဓါးနဲ႔ခုတ္

ၾကည့္ျမင္တုိင္ၿမိဳ႕နယ္အ တြင္းရွိ Orange စူပါမားကက္ ဆိုင္အတြင္းမွ ပစၥည္းခိုးယူၿပီး ထြက္လာသူ အမ်ိဳးသားကို လံုၿခံဳ ေရး၀န္ထမ္းႏွစ္ဦးက လိုက္လံ ေမးျမန္းရာ ဓားခုတ္မႈ ျဖစ္ပြားခဲ့ ေၾကာင္းသတင္းရရွိသည္။

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ေဆး /ၿငိမ္းရပ္ကြက္အတြင္းရွိ Orange စူပါမားကက္မွ လံုၿခံဳေရး၀န္ထမ္း အမ်ိဳးသားႏွစ္ဦးသည္ေဖေဖာ္၀ါရီ ၆ ရက္ မြန္းလြဲ ၁၂ နာရီခြဲခန္႔က ပစၥည္းခိုးယူၿပီး ထြက္သြားသူကို လိုက္လံတားဆီးရာမွ အဆိုပါ အမ်ိဳးသားသည္ အေမးမခံဘဲ ေရွ႕ဆက္ ေလွ်ာက္သြားခဲ့သျဖင့္ ေနာက္ကလိုက္ကာ လံုးေထြးေန စဥ္ အဆိုပါအမ်ိဳးသားက အနီးရွိ အခ်ဥ္ေပါင္းဆိုင္မွ စတီးဓားကို ယူေဆာင္ၿပီး ခုတ္ခဲ့ေၾကာင္း သိရ သည္။

ထိုသို႔ဓားျဖင့္ခုတ္ျခင္းေၾကာင့္ အသက္ (၂၇) ႏွစ္အရြယ္လံုၿခံဳေရး ၀န္ထမ္း ဇင္မင္းထြန္း၏ ဦးေခါင္း ႏွင့္ ဘယ္ဘက္နားရြက္တြင္ျပတ္ရွဒဏ္ရာမ်ား၊ အသက္ (၃၀) အ ရြယ္ လံုၿခံဳေရး၀န္ထမ္း ေစာေက်ာ္ ဟိန္း၏ ဦးေခါင္းတြင္ ျပတ္ရွ ဒဏ္ရာႏွစ္ခ်က္ႏွင့္ ဇက္အေနာက္ တြင္ ျပတ္ရွဒဏ္ရာတစ္ခ်က္ ရရွိ သြားသျဖင့္ ရန္ကုန္ေဆး႐ံုႀကီးသို႔ အတြင္းလူနာအျဖစ္ တင္ပို႔ကုသ ခဲ့ရေၾကာင္း ၾကည့္ျမင္တိုင္ၿမိဳ႕မ ရဲစခန္းမွ ရဲတပ္ဖြဲ႕၀င္ တစ္ဦးက ဆိုသည္။

ဆိုင္အတြင္းရွိပစၥည္းမ်ားယူ ကာ လံုၿခံဳေရး၀န္ထမ္းႏွစ္ဦးကို ဓားျဖင့္ခုတ္ခဲ့သည့္အသက္ (၃၂) ႏွစ္အရြယ္ အမ်ိဳးသားအား ၾကည့္ ျမင္တိုင္ ၿမိဳ႕မရဲစခန္းက ရာဇ သတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ ဖမ္းဆီး အမႈဖြင့္ကာ စစ္ေဆးလ်က္ရွိ ေၾကာင္း သိရသည္။

7Day News Journal
===========

Unicode>>>
ကြည့်မြင်တိုင်မြို့နယ်အ တွင်းရှိ Orange စူပါမားကက် ဆိုင်အတွင်းမှ ပစ္စည်းခိုးယူပြီး ထွက်လာသူ အမျိုးသားကို လုံခြုံ ရေးဝန်ထမ်းနှစ်ဦးက လိုက်လံ မေးမြန်းရာ ဓားခုတ်မှု ဖြစ်ပွားခဲ့ ကြောင်းသတင်းရရှိသည်။

ကြည့်မြင်တိုင်မြို့နယ် ဆေး /ငြိမ်းရပ်ကွက်အတွင်းရှိ Orange စူပါမားကက်မှ လုံခြုံရေးဝန်ထမ်း အမျိုးသားနှစ်ဦးသည်ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ပစ္စည်းခိုးယူပြီး ထွက်သွားသူကို လိုက်လံတားဆီးရာမှ အဆိုပါ အမျိုးသားသည် အမေးမခံဘဲ ရှေ့ဆက် လျှောက်သွားခဲ့သဖြင့် နောက်ကလိုက်ကာ လုံးထွေးနေ စဉ် အဆိုပါအမျိုးသားက အနီးရှိ အချဉ်ပေါင်းဆိုင်မှ စတီးဓားကို ယူဆောင်ပြီး ခုတ်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဓားဖြင့်ခုတ်ခြင်းကြောင့် အသက် (၂၇) နှစ်အရွယ်လုံခြုံရေး ဝန်ထမ်း ဇင်မင်းထွန်း၏ ဦးခေါင်း နှင့် ဘယ်ဘက်နားရွက်တွင်ပြတ်ရှဒဏ်ရာများ၊ အသက် (၃၀) အ ရွယ် လုံခြုံရေးဝန်ထမ်း စောကျော် ဟိန်း၏ ဦးခေါင်းတွင် ပြတ်ရှ ဒဏ်ရာနှစ်ချက်နှင့် ဇက်အနောက် တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိ သွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် တင်ပို့ကုသ ခဲ့ရကြောင်း ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ဆိုင်အတွင်းရှိပစ္စည်းများယူ ကာ လုံခြုံရေးဝန်ထမ်းနှစ်ဦးကို ဓားဖြင့်ခုတ်ခဲ့သည့်အသက် (၃၂) နှစ်အရွယ် အမျိုးသားအား ကြည့် မြင်တိုင် မြို့မရဲစခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၂၆ ဖြင့် ဖမ်းဆီး အမှုဖွင့်ကာ စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

7Day News Journal

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...