၅၀၀၀ တန္ အတု အစစ္ အလြယ္တကူ ခြဲျခားနည္း

အေပၚပုံက ေငြစကၠဴ အစစ္ ျဖစ္ၿပီး ေအာက္ပုံက ေငြစကၠဴ အတု ပါ။

ေငြစကၠဴ အစစ္နဲ႕ ေတာ္ေတာ္တူတဲ့ (scan ဖတ္ၿပီး print ထုတ္ထားတာ မဟုတ္တဲ့) ၅၀၀၀ တန္ အတုေတြကို ထိုင္း- ျမန္မာ နယ္စပ္မွာ ရိုက္ႏွိပ္ကာ ျမန္မာနိုင္ငံအတြင္း တင္သြင္းလာၿပီး သုံးစြဲမႈ ျပဳေနၾကပါတယ္။

“ေငြစကၠဴ အတု အစစ္ အလြယ္တကူ ခြဲျခားနည္း”

(၁) ေငြစကၠဴ အသားကြာပါတယ္။ အစစ္ထက္ အတုက စကၠဴသား နည္းနည္းပို ေခ်ာပါတယ္။

(၂) အေရာင္ ကြာပါတယ္။ အစစ္ထက္ အတုက အေရာင္နည္းနည္း ပို ေဖ်ာ့ပါတယ္။

(၃) ေငြစကၠဴ ရဲ႕ဘယ္ဘက္ေထာင့္ က ျမန္မာ အကၡရာ ဂဏန္းေတြကို ၾကည့္ရင္ အတုက လက္ရာ မေသသပ္ပါ။ (အ႐ြက္တိုင္းမဟုတ္ပါ)

(၄) ဆင္႐ုပ္ေရွ႕က ေရစာႀကိဳးပါ။ အစစ္မွာ ေရစာႀကိဳးက ေငြစကၠဴ သားထဲကို ျမဳပ္ထားတာ ျဖစ္ၿပီး အတုမွာ အေပၚကေန ေငြမင္နဲ႕ ရိုက္ထားတာပါ။

(၅) ဆင္႐ုပ္ေရွ႕”ငါးေထာင္က်ပ္” ဆိုတဲ့ စာသားေနရာမွာပါ။ အစစ္မွာ စာသားကို ထင္ရွားစြာ ျမင္ရၿပီး အတုမွာက စာသားရိုက္ၿပီးမွ စာသားေပၚကေန ေရစာႀကိဳးကို ေငြမင္နဲ႕ရိုက္တဲ့ အတြက္ စာသားကို ေရစာႀကိဳးက ျဖတ္သလို ျဖစ္ေနၿပီး စာသားအျပည့္အ၀ မျမင္ရပါ။ (ဒီ ၁ ခ်က္ထဲနဲ႕တင္ အတု အစစ္ ေသခ်ာခြဲလို႔ရပါတယ္)

(၆) ညာဘက္ေထာင့္မွာ ရွိတဲ့ “၅၀၀၀” ဆိုတဲ့ ဂဏန္းေနရာမွာပါ။ အစစ္မွာ ဒီေနရာကို လက္နဲ႕စမ္းရင္ ေဖာင္းႂကြ အျဖစ္ရိုက္ထားတာကို သိသာစြာ စမ္းမိနိုင္ၿပီး .. အတုမွာက ေျပာင္ေခ်ာ ျဖစ္ေနတာကို ေတြ႕ရမွာပါ။

Credit to Golden Land Myanmar
====
Unicode
အပေါ်ပုံက ငွေစက္ကူ အစစ် ဖြစ်ပြီး အောက်ပုံက ငွေစက္ကူ အတု ပါ။

ငွေစက္ကူ အစစ်နဲ့ တော်တော်တူတဲ့ (scan ဖတ်ပြီး print ထုတ်ထားတာ မဟုတ်တဲ့) ၅၀၀၀ တန် အတုတွေကို ထိုင်း- မြန်မာ နယ်စပ်မှာ ရိုက်နှိပ်ကာ မြန်မာနိုင်ငံအတွင်း တင်သွင်းလာပြီး သုံးစွဲမှု ပြုနေကြပါတယ်။

“ငွေစက္ကူ အတု အစစ် အလွယ်တကူ ခွဲခြားနည်း”

(၁) ငွေစက္ကူ အသားကွာပါတယ်။ အစစ်ထက် အတုက စက္ကူသား နည်းနည်းပို ချောပါတယ်။

(၂) အရောင် ကွာပါတယ်။ အစစ်ထက် အတုက အရောင်နည်းနည်း ပို ဖျော့ပါတယ်။

(၃) ငွေစက္ကူ ရဲ့ဘယ်ဘက်ထောင့် က မြန်မာ အက္ခရာ ဂဏန်းတွေကို ကြည့်ရင် အတုက လက်ရာ မသေသပ်ပါ။ (အရွက်တိုင်းမဟုတ်ပါ)

(၄) ဆင်ရုပ်ရှေ့က ရေစာကြိုးပါ။ အစစ်မှာ ရေစာကြိုးက ငွေစက္ကူ သားထဲကို မြုပ်ထားတာ ဖြစ်ပြီး အတုမှာ အပေါ်ကနေ ငွေမင်နဲ့ ရိုက်ထားတာပါ။

(၅) ဆင်ရုပ်ရှေ့”ငါးထောင်ကျပ်” ဆိုတဲ့ စာသားနေရာမှာပါ။ အစစ်မှာ စာသားကို ထင်ရှားစွာ မြင်ရပြီး အတုမှာက စာသားရိုက်ပြီးမှ စာသားပေါ်ကနေ ရေစာကြိုးကို ငွေမင်နဲ့ရိုက်တဲ့ အတွက် စာသားကို ရေစာကြိုးက ဖြတ်သလို ဖြစ်နေပြီး စာသားအပြည့်အဝ မမြင်ရပါ။ (ဒီ ၁ ချက်ထဲနဲ့တင် အတု အစစ် သေချာခွဲလို့ရပါတယ်)

(၆) ညာဘက်ထောင့်မှာ ရှိတဲ့ “၅၀၀၀” ဆိုတဲ့ ဂဏန်းနေရာမှာပါ။ အစစ်မှာ ဒီနေရာကို လက်နဲ့စမ်းရင် ဖောင်းကြွ အဖြစ်ရိုက်ထားတာကို သိသာစွာ စမ်းမိနိုင်ပြီး .. အတုမှာက ပြောင်ချော ဖြစ်နေတာကို တွေ့ရမှာပါ။

Credit to Golden Land Myanmar

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...