ဒီေနရာ (၇)ခု မွာ တစ္ေနရာေလာက္ မွဲ႔ပါတဲ့သူဆို လံုး၀ လက္လႊတ္မခံနဲ႔ေနာ္..။ ဘယ္ေနရာေတြလဲဆိုတာ...

မွဲ႔ နဲ႔ပတ္သက္ျပီး အယူအဆ အမ်ဳိးမ်ဳိးရွိၾကပါတယ္။ မွဲ႔တစ္ခုစီတုိင္းမွာ ဘဝနဲ႔ ပတ္သက္ျပီး ဖုံးကြယ္ထားတဲ့ မက္ေဆ့ခ်္တစ္ခုစီရွိပါတယ္လို႔ မွဲ႔ပညာရွင္ေတြက ဆုိၾကပါတယ္။ ခႏၶာကိုယ္ရဲ႕ ေနရာအမ်ဳိးမ်ိဳးမွာ မွဲ႔ေတြရွိႏုိင္ျပီး အခုေဖာ္ျပမယ့္ ေနရာေတြမွာရွိတဲ့မွဲ႔ေတြကေတာ့ ကံေကာင္းျခင္းနဲ႔ စည္းစိမ္ဥစၥာၾကြယ္ဝျခင္းကို ေပးႏုိင္ပါတယ္တဲ့။

ႏႈတ္ခမ္းအေပၚဘက္မွာရွိတဲ့မွဲ႔
အရမ္းကို ေကာင္းတဲ့မွဲ႔တစ္မ်ဳိးျဖစ္ျပီး ရြယ္တူတန္းတူေတြထက္ ေငြေၾကး၊ ေအာင္ျမင္မႈ ပိုမိုရရွိတတ္တဲ့မွဲ႔လို႔ ဆုိႏုိင္ပါတယ္။ ဒီလိုမွဲ႔ပိုင္ရွင္ေတြက ေခါင္းနည္းနည္းမာတဲ့ သဘာဝရွိေပမဲ့ ဘာပဲလုပ္လုပ္ အရမ္းကို ျမန္ျမန္ဆန္ဆန္ေအာင္ျမင္တတ္တဲ့သူေတြ ျဖစ္ပါတယ္။

ႏွာေခါင္းေပၚမွာရွိတဲ့မွဲ႔
ႏွာေခါင္းရဲ႕ တစ္ဘက္တစ္ခ်က္မွာ မွဲ႔ရွိေနမယ္ဆိုရင္ ေသခ်ာေပါက္ခ်မ္းသာမယ္ဆုိတဲ့ လကၡဏာျဖစ္ပါတယ္။ ဒါေပမဲ့ ေအာင္ျမင္မႈနဲ႔ ေငြေၾကးႏွစ္ခုစလုံးက အသက္ ၃၀ ေနာက္ပိုင္း ဒါမွမဟုတ္ အိမ္ေထာင္က်ျပီးမွ ရရွိတတ္ပါတယ္။

ညာဘက္ပါးျပင္ေပၚကမွဲ႔
ညာဘက္ပါးေပၚမွာ ထင္ရွားျပီး ျပတ္သားတိက်တဲ့ မွဲ႔တစ္လုံးရွိမယ္ဆုိရင္ အိမ္ေထာင္ျပဳျပီးေနာက္မွာ အရမ္းကို ခ်မ္းသာၾကြယ္ဝလာမယ္လုိ႔ သိႏုိင္ပါတယ္။

မ်က္ခုံး/မ်က္လုံးႏွစ္ခုၾကားကမွဲ႔
မ်က္ခုံးႏွစ္ခုၾကားမွာျဖစ္ျဖစ္၊ မ်က္လုံးႏွစ္လုံးၾကားမွာျဖစ္ျဖစ္ မွဲ႔တစ္လုံး ရွိမယ္ဆိုရင္ ခ်မ္းသာျပီး ဘဝတစ္ခုကို သာသာယာယာနဲ႔ အေျခခ်ႏုိင္မယ့္ သူတစ္ဦးျဖစ္ပါလိမ့္မယ္။ ဘဝမွာ ေတာင့္တစရာမလုိဘဲ ေငြေၾကးျပည့္ျပည့္စုံစုံနဲ႔ ေနရတတ္ပါတယ္။

ခါး
ခါးရဲ႕ေဘးတစ္ဖက္တစ္ခ်က္မွာရွိတဲ့ မွဲ႔က ကံေကာင္းျခင္းေရာ ကံဆုိးျခင္းေရာ ႏွစ္မ်ဳိးစလုံးျဖစ္ေစႏုိင္ပါတယ္။ ဥစၥာပစၥည္းျပည့္စုံၾကြယ္ဝျပီး ၾကီးပြားတုိးတက္မွာ ျဖစ္ေပမဲ့ ဘဝရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ဝမ္းနည္းစရာ၊ စိတ္မခ်မ္းေျမ့စရာေတြၾကဳံရမွာ ျဖစ္ပါတယ္။

ညာဘက္လက္ဝါးျပင္ကမွဲ႔
ညာဘက္လက္ဝါးျပင္မွာ မွဲ႔ရွိရင္ ဘဝမွာ ေအာင္ျမင္မႈနဲ႔ ၾကြယ္ဝမႈႏွစ္မ်ဳိးလုံး ရႏုိင္ပါတယ္။ ဒါေပမဲ့ ကံေကာင္းမယ့္အခ်ိန္က လက္ဝါးျပင္ေပၚက မွဲ႔ရဲ႕ တည္ေနရာအေပၚမွာမူတည္ပါတယ္။ မွဲ႔က လက္ဝါးရဲ႕ အေပၚပိုင္းမွာရွိမယ္ဆုိရင္ ငယ္ရြယ္တဲ့အခ်ိန္ကစျပီး ေအာင္ျမင္ျပည့္စုံမွာျဖစ္ျပီး လက္ဝါးရဲ႕ ေအာက္ပိုင္းမွာရွိမယ္ဆုိရင္ အသက္ရလာတဲ့အခ်ိ္န္မွာမွ စည္းစိမ္ဥစၥာနဲ႔ ေအာင္ျမင္မႈေတြရရွိႏုိင္မွာပါ။

ရင္ဘတ္ေပၚမွာရွိတဲ့မွဲ႔
ရင္ဘတ္ရဲ႕ ညာဘက္အျခမ္းမွာရွိတဲ့မွဲ႔က စည္းစိမ္ဥစၥာ အမ်ားအျပားပိုင္ဆုိင္ေစျပီး ဘဝကို ေအးေအးခ်မ္းခ်မ္းေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းႏုိင္ျခင္းကုိ ျပတဲ့မွဲ႔ျဖစ္ပါတယ္။

ေမးေစ့ေပၚမွာရွိတဲ့မွဲ႔
ေမးေစ့ေပၚမွာရွိတဲ့မွဲ႔က စည္းစိမ္ဥစၥာနဲ႔ ပတ္သက္ရင္ ကံေကာင္းျခင္းကို ျပေပမဲ့ လူမႈဆက္ဆံေရးနဲ႔ ပတ္သက္ရင္ အားနည္းျပီး အထီးက်န္ေနရတတ္တဲ့သူေတြျဖစ္ပါတယ္။

Credit:Search Myanmar
==============

Unicode>>>
မှဲ့ နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိကြပါတယ်။ မှဲ့တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ချ်တစ်ခုစီရှိပါတယ်လို့ မှဲ့ပညာရှင်တွေက ဆိုကြပါတယ်။ ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးမှာ မှဲ့တွေရှိနိုင်ပြီး အခုဖော်ပြမယ့် နေရာတွေမှာရှိတဲ့မှဲ့တွေကတော့ ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာကြွယ်ဝခြင်းကို ပေးနိုင်ပါတယ်တဲ့။

နှုတ်ခမ်းအပေါ်ဘက်မှာရှိတဲ့မှဲ့
အရမ်းကို ကောင်းတဲ့မှဲ့တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက် ငွေကြေး၊ အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ်။ ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ် အရမ်းကို မြန်မြန်ဆန်ဆန်အောင်မြင်တတ်တဲ့သူတွေ ဖြစ်ပါတယ်။

နှာခေါင်းပေါ်မှာရှိတဲ့မှဲ့
နှာခေါင်းရဲ့ တစ်ဘက်တစ်ချက်မှာ မှဲ့ရှိနေမယ်ဆိုရင် သေချာပေါက်ချမ်းသာမယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုနဲ့ ငွေကြေးနှစ်ခုစလုံးက အသက် ၃၀ နောက်ပိုင်း ဒါမှမဟုတ် အိမ်ထောင်ကျပြီးမှ ရရှိတတ်ပါတယ်။

ညာဘက်ပါးပြင်ပေါ်ကမှဲ့
ညာဘက်ပါးပေါ်မှာ ထင်ရှားပြီး ပြတ်သားတိကျတဲ့ မှဲ့တစ်လုံးရှိမယ်ဆိုရင် အိမ်ထောင်ပြုပြီးနောက်မှာ အရမ်းကို ချမ်းသာကြွယ်ဝလာမယ်လို့ သိနိုင်ပါတယ်။

မျက်ခုံး/မျက်လုံးနှစ်ခုကြားကမှဲ့
မျက်ခုံးနှစ်ခုကြားမှာဖြစ်ဖြစ်၊ မျက်လုံးနှစ်လုံးကြားမှာဖြစ်ဖြစ် မှဲ့တစ်လုံး ရှိမယ်ဆိုရင် ချမ်းသာပြီး ဘဝတစ်ခုကို သာသာယာယာနဲ့ အခြေချနိုင်မယ့် သူတစ်ဦးဖြစ်ပါလိမ့်မယ်။ ဘဝမှာ တောင့်တစရာမလိုဘဲ ငွေကြေးပြည့်ပြည့်စုံစုံနဲ့ နေရတတ်ပါတယ်။

ခါး
ခါးရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ မှဲ့က ကံကောင်းခြင်းရော ကံဆိုးခြင်းရော နှစ်မျိုးစလုံးဖြစ်စေနိုင်ပါတယ်။ ဥစ္စာပစ္စည်းပြည့်စုံကြွယ်ဝပြီး ကြီးပွားတိုးတက်မှာ ဖြစ်ပေမဲ့ ဘဝရဲ့အချိန်တော်တော်များများမှာ ဝမ်းနည်းစရာ၊ စိတ်မချမ်းမြေ့စရာတွေကြုံရမှာ ဖြစ်ပါတယ်။

ညာဘက်လက်ဝါးပြင်ကမှဲ့
ညာဘက်လက်ဝါးပြင်မှာ မှဲ့ရှိရင် ဘဝမှာ အောင်မြင်မှုနဲ့ ကြွယ်ဝမှုနှစ်မျိုးလုံး ရနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းမယ့်အချိန်က လက်ဝါးပြင်ပေါ်က မှဲ့ရဲ့ တည်နေရာအပေါ်မှာမူတည်ပါတယ်။ မှဲ့က လက်ဝါးရဲ့ အပေါ်ပိုင်းမှာရှိမယ်ဆိုရင် ငယ်ရွယ်တဲ့အချိန်ကစပြီး အောင်မြင်ပြည့်စုံမှာဖြစ်ပြီး လက်ဝါးရဲ့ အောက်ပိုင်းမှာရှိမယ်ဆိုရင် အသက်ရလာတဲ့အချိ်န်မှာမှ စည်းစိမ်ဥစ္စာနဲ့ အောင်မြင်မှုတွေရရှိနိုင်မှာပါ။

ရင်ဘတ်ပေါ်မှာရှိတဲ့မှဲ့
ရင်ဘတ်ရဲ့ ညာဘက်အခြမ်းမှာရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာ အများအပြားပိုင်ဆိုင်စေပြီး ဘဝကို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခြင်းကို ပြတဲ့မှဲ့ဖြစ်ပါတယ်။

မေးစေ့ပေါ်မှာရှိတဲ့မှဲ့
မေးစေ့ပေါ်မှာရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာနဲ့ ပတ်သက်ရင် ကံကောင်းခြင်းကို ပြပေမဲ့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ရင် အားနည်းပြီး အထီးကျန်နေရတတ်တဲ့သူတွေဖြစ်ပါတယ်။

Credit:Search Myanmar

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...