Loading...

ေသနတ္သမား ၾကည္လင္း ေလယာဥ္ဆိုက္ေရာက္ခ်ိန္မ်ား ဝင္ေရာက္ ၾကည့္႐ႈခဲ့

ေသနတ္သမား ၾကည္လင္း ေလယာဥ္ဆိုက္ေရာက္ခ်ိန္မ်ား ဝင္ေရာက္ ၾကည့္႐ႈခဲ့
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၇
အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥပေဒအက်ိဳးေဆာင္ ဦးကိုနီကို ေသနတ္ႏွင့္ အနီးကပ္ ပစ္ခတ္ခဲ့ေသာ ေသနတ္သမား ဦးၾကည္လင္းသည္ ရန္ကုန္ေလဆိပ္အတြင္းသို႔ ဝင္ေရာက္၍ ေလယာဥ္ ဆိုက္ေရာက္ခ်ိန္ကို ၾကည့္႐ႈခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွသိရသည္။
“ေလယာဥ္ ဆိုက္ေရာက္ခ်ိန္ကို ဝင္ၾကည့္တုန္းက လြယ္အိတ္လည္း မပါဘူး၊ ဘာမွ မပါဘူး၊ လုပ္ႀကံတဲ့အခ်ိန္မွ လြယ္အိတ္ပါတယ္၊ ဦးကိုနီ အေနာက္ ေရာက္လာၿပီး လြယ္အိတ္ထဲက ေသနတ္ထုတ္ၿပီး တန္းပစ္လိုက္တာ ၂ စကၠန္႔ပဲ ၾကာတယ္”ဟု ရဲအရာရွိတစ္ဦးက ဆိုသည္။
ဇန္နဝါရီ ၂၉ ရက္ ညေနပိုင္းက Terminal (၁) ဂိတ္ အမွတ္ ၆ အနီးသို႔ ဦးကိုနီ ေရာက္ရွိလာခ်ိန္မွစတင္ကာ ေသနတ္ႏွင့္ ပစ္သတ္ခံရမႈ၊ ေသနတ္သမား ၾကည္လင္း ဝင္ေရာက္လာမႈ၊ ဦးကိုနီကို ခရီးသြား ဆရာဝန္တစ္ဦးက အေရးေပၚ ေဆးကုသေပးမႈ၊ ေသနတ္သမားကို လိုက္လံဖမ္းဆီးခဲ့မႈစေသာ CCTV မွတ္တမ္းမ်ားကို အထက္သို႔ ေဖေဖာ္ဝါရီ ၆ ရက္ေန႔က တင္ျပထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔၊ ဒုတိုင္း ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီး မ်ိဳးေဆြက ေျပာၾကားသည္။
“ဦးကိုနီကိုမပစ္ခင္ ႐ိုက္ထားတဲ့ဓာတ္ပုံက ဌာနဆိုင္ရာ အဖြဲ႔အစည္းတစ္ခု မထင္မွတ္ဘဲ ႐ိုက္မိတဲ့မွတ္တမ္းကို Screen-Shot ႐ိုက္ထားတာပါ၊ မိတ္ဘက္အဖြဲ႔ေတြကို သတင္းပို႔ရင္းနဲ႔ အျပင္ကို ေပါက္သြားတာ ထင္တယ္”ဟု ဒုတိုင္း ရဲတပ္ဖြဲ႔မွဴးက ဆိုသည္။
တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ အသတ္ခံရမႈတြင္ ဖမ္းဆီးခံထားရသူ ၾကည္လင္း၊ ေအာင္ဝင္းေဇာ္တို႔ စစ္ေဆးေမးျမန္းမႈအရ ပတ္သက္ဆက္ႏႊယ္သူမ်ား ေဖာ္ထုတ္ႏိုင္မႈ အေျခအေနႏွင့္ ပတ္သက္၍ ထူးျခားမႈ ရွိ မရွိကို The Voice က ေမးျမန္းရာ မႈခင္းရဲတပ္ဖြဲ႔ထံသို႔ လြန္ခဲ့ေသာ ၃ ရက္မွ လႊဲေျပာင္း ေပးထားရေၾကာင္းသာ ရဲမွဴးႀကီး မ်ိဳးေဆြက ျပန္လည္ ေျဖၾကားသည္။
ျပန္ၾကားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေဖျမင့္ႏွင့္အတူ အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕ႏွင့္ မာလူကူ ျပည္နယ္တို႔တြင္ က်င္းပျပဳလုပ္သည့္ Senior Leadership Programme ေလ့လာေရးခရီးမွ ျပန္လာသည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥပေဒအႀကံေပး ဦးကိုနီကို ဇန္နဝါရီလ ၂၉ ရက္ေန႔က ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ Terminal ၁ ဂိတ္ (၆) ပလက္ေဖာင္းေပၚတြင္ အသက္ ၅၃ ႏွစ္အ႐ြယ္ ၾကည္လင္းက ေသနတ္ႏွင့္ အနီးကပ္ ပစ္သတ္ခဲ့ျခင္းျဖစ္သည္။
ဦးကိုနီကို ပစ္သတ္ၿပီးေနာက္ ဦးၾကည္လင္းသည္ ထြက္ေျပးခဲ့ၿပီး အငွားယာဥ္ေမာင္းမ်ားႏွင့္ ရဲတပ္ဖြဲ႔ဝင္မ်ားက လိုက္လံဖမ္းဆီးခဲ့ရာ ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ အသက္ ၄၈ ႏွစ္အ႐ြယ္ အငွားယာဥ္ေမာင္း ကိုေနဝင္းပါ ေသနတ္ထိမွန္ ေသဆုံးခဲ့သည္။ ကိုေနဝင္းကို ပစ္ခတ္ၿပီးေနာက္ ဦးေက်ာ္ဦး ေမာင္းလာေသာ အငွားယာဥ္ကို တားဆီး၍ ထြက္ေျပးရန္ ႀကိဳးစားခဲ့ေသာ္လည္း ဦးေက်ာ္ဦးက ေသနတ္သမား ဟန္ခ်က္ပ်က္ေအာင္ ေမာင္းႏွင္ၿပီး ယာဥ္ကို ထိုးရပ္လိုက္ေသာေၾကာင့္ ယင္းေနရာအနီးတြင္ ဖမ္းမိခဲ့ၿပီး ၎ကို စစ္ေဆး ေဖာ္ထုတ္ခ်က္မ်ားအရ ျပစ္မႈက်ဴးလြန္ရာတြင္ ပူးေပါင္း ပါဝင္ခဲ့ေသာ ဦးေအာင္ဝင္းေဇာ္ကို ဇန္နဝါရီလ ၃၀ ရက္ေန႔ နံနက္ ၄ နာရီ ၂၀ မိနစ္၌ သံလြင္ တံတား (ဘားအံ)တြင္ ဖမ္းဆီးမိခဲ့သည္။

http://thevoicemyanmar.com/news/5967-tnt
=============
သေနတ်သမား ကြည်လင်း လေယာဉ်ဆိုက်ရောက်ချိန်များ ဝင်ရောက် ကြည့်ရှုခဲ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကျိုးဆောင် ဦးကိုနီကို သေနတ်နှင့် အနီးကပ် ပစ်ခတ်ခဲ့သော သေနတ်သမား ဦးကြည်လင်းသည် ရန်ကုန်လေဆိပ်အတွင်းသို့ ဝင်ရောက်၍ လေယာဉ် ဆိုက်ရောက်ချိန်ကို ကြည့်ရှုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
“လေယာဉ် ဆိုက်ရောက်ချိန်ကို ဝင်ကြည့်တုန်းက လွယ်အိတ်လည်း မပါဘူး၊ ဘာမှ မပါဘူး၊ လုပ်ကြံတဲ့အချိန်မှ လွယ်အိတ်ပါတယ်၊ ဦးကိုနီ အနောက် ရောက်လာပြီး လွယ်အိတ်ထဲက သေနတ်ထုတ်ပြီး တန်းပစ်လိုက်တာ ၂ စက္ကန့်ပဲ ကြာတယ်”ဟု ရဲအရာရှိတစ်ဦးက ဆိုသည်။
ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက Terminal (၁) ဂိတ် အမှတ် ၆ အနီးသို့ ဦးကိုနီ ရောက်ရှိလာချိန်မှစတင်ကာ သေနတ်နှင့် ပစ်သတ်ခံရမှု၊ သေနတ်သမား ကြည်လင်း ဝင်ရောက်လာမှု၊ ဦးကိုနီကို ခရီးသွား ဆရာဝန်တစ်ဦးက အရေးပေါ် ဆေးကုသပေးမှု၊ သေနတ်သမားကို လိုက်လံဖမ်းဆီးခဲ့မှုစသော CCTV မှတ်တမ်းများကို အထက်သို့ ဖေဖော်ဝါရီ ၆ ရက်နေ့က တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဒုတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေက ပြောကြားသည်။
“ဦးကိုနီကိုမပစ်ခင် ရိုက်ထားတဲ့ဓာတ်ပုံက ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခု မထင်မှတ်ဘဲ ရိုက်မိတဲ့မှတ်တမ်းကို Screen-Shot ရိုက်ထားတာပါ၊ မိတ်ဘက်အဖွဲ့တွေကို သတင်းပို့ရင်းနဲ့ အပြင်ကို ပေါက်သွားတာ ထင်တယ်”ဟု ဒုတိုင်း ရဲတပ်ဖွဲ့မှူးက ဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုတွင် ဖမ်းဆီးခံထားရသူ ကြည်လင်း၊ အောင်ဝင်းဇော်တို့ စစ်ဆေးမေးမြန်းမှုအရ ပတ်သက်ဆက်နွှယ်သူများ ဖော်ထုတ်နိုင်မှု အခြေအနေနှင့် ပတ်သက်၍ ထူးခြားမှု ရှိ မရှိကို The Voice က မေးမြန်းရာ မှုခင်းရဲတပ်ဖွဲ့ထံသို့ လွန်ခဲ့သော ၃ ရက်မှ လွှဲပြောင်း ပေးထားရကြောင်းသာ ရဲမှူးကြီး မျိုးဆွေက ပြန်လည် ဖြေကြားသည်။
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်နှင့်အတူ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့နှင့် မာလူကူ ပြည်နယ်တို့တွင် ကျင်းပပြုလုပ်သည့် Senior Leadership Programme လေ့လာရေးခရီးမှ ပြန်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal ၁ ဂိတ် (၆) ပလက်ဖောင်းပေါ်တွင် အသက် ၅၃ နှစ်အရွယ် ကြည်လင်းက သေနတ်နှင့် အနီးကပ် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
ဦးကိုနီကို ပစ်သတ်ပြီးနောက် ဦးကြည်လင်းသည် ထွက်ပြေးခဲ့ပြီး အငှားယာဉ်မောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၄၈ နှစ်အရွယ် အငှားယာဉ်မောင်း ကိုနေဝင်းပါ သေနတ်ထိမှန် သေဆုံးခဲ့သည်။ ကိုနေဝင်းကို ပစ်ခတ်ပြီးနောက် ဦးကျော်ဦး မောင်းလာသော အငှားယာဉ်ကို တားဆီး၍ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ဦးကျော်ဦးက သေနတ်သမား ဟန်ချက်ပျက်အောင် မောင်းနှင်ပြီး ယာဉ်ကို ထိုးရပ်လိုက်သောကြောင့် ယင်းနေရာအနီးတွင် ဖမ်းမိခဲ့ပြီး ၎င်းကို စစ်ဆေး ဖော်ထုတ်ချက်များအရ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်း ပါဝင်ခဲ့သော ဦးအောင်ဝင်းဇော်ကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်၌ သံလွင် တံတား (ဘားအံ)တွင် ဖမ်းဆီးမိခဲ့သည်။

http://thevoicemyanmar.com/news/5967-tnt

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...