======

မေကြးတုိင္းေဒသၾကီး ငဖဲၿမိဳ႕နယ္တြင္ ထန္းရည္ သယ္ေဆာင္သူမ်ားအား ဖမ္းဆီးရမိ

မေကြးတုိင္းေဒသၾကီး ငဖဲၿမိဳ႕နယ္၊ ငဖဲ-ေရႊစက္ေတာ္ေျမသားကားလမ္းတြင္ ေဖေဖာ္ဝါရီ(၄)ရက္ေန႔ က ထန္းရည္မ်ားအား ဆုိင္ကယ္ျဖင့္ သယ္ေဆာင္သူႏွစ္ဦးအား ဖမ္းဆီးအေရးယူခဲ့ေၾကာင္း ငဖဲၿမိဳ႕မရဲစခန္းမွ သိရသည္။ တစ္ဦးက ထန္းရည္ က်ပ္(၁၈၀၀၀)ဖုိးခန္ ့ႏွင့္ ေနာက္တစ္ဦးက က်ပ္ (၇၅၀၀)ဖုိးခန္ ့သယ္ေဆာင္လာစဥ္ အဖမ္းခံရတာ ျဖစ္ေၾကာင္းသိရပါသည္။

 ျဖစ္စဥ္မွာ ငဖဲၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ လွစိန္ ႏွင့္အဖြဲ႔သည္ ထန္းရည္မ်ားသယ္ေဆာင္ေနေၾကာင္းသတင္းအရ ငဖဲၿမိဳ႕နယ္၊ ေျမနီတဲတုိက္အနီး ငဖဲ-ေရႊစက္ေတာ္ ေျမသားကားလမ္းတြင္ေစာင့္ဆိုင္းစဥ္ ဇီးေတာရြာဘက္ မွေရႊစက္ေတာ္ဘက္သို႔ စိုးေဝ၊၃၁ႏွစ္၊ဇီးေတာေက်းရြာ၊ငဖဲၿမိဳ႕နယ္ေနသူ စီးနင္းလာသည့္ ၃၃ယ/------ရင္ဇင္း-၁၂၅ ဆိုင္ကယ္အားရပ္တန္႔စစ္ေဆးခဲ့ရာ ဆိုင္ကယ္ေပၚတြင္ အျပာေရာင္ပလပ္စတစ္ပံုျဖင့္ ထည့္ထားေသာ ထန္းရည္(၇၂)ပုလင္း၊တစ္ပုလင္း(၂၅၀)က်ပ္၊စုေပါင္းတန္ဖိုး(၁၈၀၀၀)ခန္႔ကိုလည္းေကာင္း၊ အလားတူ ဇီးေတာရြာဘက္ မွ ေရႊစက္ေတာ္ ဘက္သို႔ ေဒၚမစန္း၊၃၀ႏွစ္၊ ေပကုန္းရြာ၊ငဖဲၿမိဳ႕နယ္ေနသူစီးနင္းလာသည့္ SUPER ANBO-125 အနီေရာင္ဆုိင္ကယ္အား ရပ္တန္႔စစ္ေဆးခဲ့ရာတြင္ အျပာေရာင္ပလပ္စတစ္ပံုးျဖင့္ထည့္ထားသည့္ ထန္းရည္(၃၀)ပုလင္း၊ တစ္ပုလင္း(၂၅၀)က်ပ္၊စုေပါင္းတန္ဖိုး(၇၅၀၀)ခန္႔ကို လည္းေကာင္း အသီးသီးသိမ္းဆည္း ရမိခဲ့ျခင္းျဖစ္သည္။

ယင္းသိမ္းဆည္း ရမိခဲ့မႈႏွင့္ပက္သက္၍ တရားမဝင္ထန္းရည္ သယ္ေဆာင္သူ စိုးေဝ ႏွင့္ ေဒၚမစန္းတို႔အား အေရးယူေပးရန္ ဒုရဲအုပ္ လွစိန္မွ တရားလိုျပဳတုိင္ၾကားခဲ့၍ ငဖဲၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းက ယစ္မ်ိဳးဥပေဒပုဒ္မ ၃၀(က) ျဖင့္ အသီးသီး အမႈဖြင့္အေရးယူထားသည္။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
============

Unicode>>>
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၊ ငဖဲ-ရွှေစက်တော်မြေသားကားလမ်းတွင် ဖေဖော်ဝါရီ(၄)ရက်နေ့ က ထန်းရည်များအား ဆိုင်ကယ်ဖြင့် သယ်ဆောင်သူနှစ်ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ငဖဲမြို့မရဲစခန်းမှ သိရသည်။ တစ်ဦးက ထန်းရည် ကျပ်(၁၈၀၀၀)ဖိုးခန် ့နှင့် နောက်တစ်ဦးက ကျပ် (၇၅၀၀)ဖိုးခန် ့သယ်ဆောင်လာစဉ် အဖမ်းခံရတာ ဖြစ်ကြောင်းသိရပါသည်။

 ဖြစ်စဉ်မှာ ငဖဲမြို့မရဲစခန်းမှ ဒုရဲအုပ် လှစိန် နှင့်အဖွဲ့သည် ထန်းရည်များသယ်ဆောင်နေကြောင်းသတင်းအရ ငဖဲမြို့နယ်၊ မြေနီတဲတိုက်အနီး ငဖဲ-ရွှေစက်တော် မြေသားကားလမ်းတွင်စောင့်ဆိုင်းစဉ် ဇီးတောရွာဘက် မှရွှေစက်တော်ဘက်သို့ စိုးဝေ၊၃၁နှစ်၊ဇီးတောကျေးရွာ၊ငဖဲမြို့နယ်နေသူ စီးနင်းလာသည့် ၃၃ယ/------ရင်ဇင်း-၁၂၅ ဆိုင်ကယ်အားရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်ပေါ်တွင် အပြာရောင်ပလပ်စတစ်ပုံဖြင့် ထည့်ထားသော ထန်းရည်(၇၂)ပုလင်း၊တစ်ပုလင်း(၂၅၀)ကျပ်၊စုပေါင်းတန်ဖိုး(၁၈၀၀၀)ခန့်ကိုလည်းကောင်း၊ အလားတူ ဇီးတောရွာဘက် မှ ရွှေစက်တော် ဘက်သို့ ဒေါ်မစန်း၊၃ဝနှစ်၊ ပေကုန်းရွာ၊ငဖဲမြို့နယ်နေသူစီးနင်းလာသည့် SUPER ANBO-125 အနီရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာတွင် အပြာရောင်ပလပ်စတစ်ပုံးဖြင့်ထည့်ထားသည့် ထန်းရည်(၃၀)ပုလင်း၊ တစ်ပုလင်း(၂၅၀)ကျပ်၊စုပေါင်းတန်ဖိုး(၇၅၀၀)ခန့်ကို လည်းကောင်း အသီးသီးသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

ယင်းသိမ်းဆည်း ရမိခဲ့မှုနှင့်ပက်သက်၍ တရားမဝင်ထန်းရည် သယ်ဆောင်သူ စိုးဝေ နှင့် ဒေါ်မစန်းတို့အား အရေးယူပေးရန် ဒုရဲအုပ် လှစိန်မှ တရားလိုပြုတိုင်ကြားခဲ့၍ ငဖဲမြို့နယ်၊ မြို့မရဲစခန်းက ယစ်မျိုးဥပဒေပုဒ်မ ၃၀(က) ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...