======

သခြားသီးစားရင္း ဒုကၡမ်ားခဲ့တဲ့ ျမန္မာ့သမိုင္းထဲက ဘုရင္ ႏွစ္ပါး အေၾကာင္း

ဒီတစ္ခါေတာ့ ျမန္မာ့သမိုင္းထဲက သခြားသီးစားလို႔ ဒုကၡမ်ားခဲ့တဲ့ဘုရင္ ႏွစ္ပါး အေၾကာင္းကို ဗဟုသုတအျဖစ္ေျပာျပခ်င္ပါတယ္။

တစ္ပါးကေတာ့ ပုဂံေခတ္က သိန္းခိုမင္း (သကၠရာဇ္ ၂၆၃ မွ ၂၇၉ ခုႏွစ္ ) ျဖစ္ပါတယ္။ တစ္ေန႔ သိန္းခိုမင္းဟာ အမဲလိုက္ရင္း ေနာက္လိုက္ေနာက္ပါမ်ားနဲ႔ လူခ်င္းကြဲသြားခဲ့ပါတယ္။ေမာလည္းေမာ ေရလည္းအလြန္ငတ္လွခ်ိန္မွာ လူသူမေတြ႕ရတဲ့ သခြားခင္းတစ္ခင္းကိုေတြ႕ပါတယ္။ ၀မ္းသာအားရနဲ႔ သခြားခင္းထဲဝင္ကာ သခြားသီးမ်ားကို အားရပါးရ စားပစ္ပါတယ္။ ဒါကို ယာရွင္ကေတြ႕ၿပီး ဘုရင္ဟုမထင္ သူခိုးဟု ထင္ကာ တူရြင္းနဲ႔ခုတ္တာေၾကာင့္ေနရာ မွာတင္ ပြဲခ်င္းၿပီးသြားပါတယ္။ အေဖာ္ကြဲသြားေသာ ေနာက္လိုက္ေနာက္ပါမ်ား ေရာက္လာမွ ျပည့္ရွင္မင္းကို သတ္မိေၾကာင္းသိပါတယ္။ အဲဒီေခတ္က ဘုရင္ကိုသတ္ရင္ဘုရင္ျဖစ္ဆိုတဲ့ ထုံးစံေၾကာင့္ ယာရွင္ဟာ ဘုရင္ျဖစ္သြားပါတယ္။ ေတာင္သူႀကီးမင္း ေခၚ ေညာင္ဦးေစာရဟန္းမင္း ဆိုတဲ့ အမည္နဲ႔ပါ။

သခြားသီးေၾကာင့္ ဒုကၡမ်ားခဲ့တဲ့ေနာက္မင္းတစ္ပါးကေတာ့ ေသေတာ့မေသပါ သို႔ေသာ္ ယာရွင္နဲ႔ နပန္းလုံးလိုက္ရပါတယ္။

သူကေတာ့ အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်ရဲ့သားေတာ္ႀကီးေနာင္ေတာ္ႀကီး ေခၚ ဒီပဲယင္းမင္း ျဖစ္ပါတယ္။ ေနာင္ေတာ္ႀကီးဟာ ဘုရင္ျဖစ္ေသာ္လည္း မဝံ့ႂကြားတတ္ပဲ ႏွိမ့္ခ်ေသာမာနျဖင့္ ရိုးရိုးစား ရိုးရိုးေနတတ္သူျဖစ္ပါတယ္။ ရံဖန္ရံခါ မိမိ၏ ေနာက္လိုက္မ်ားႏွင့္ မန္က်ည္းေတာ ၊ မန္က်ည္းပင္ ေအာက္မ်ား၌ ဆား ၊ ငါးပိ စသည္တို႔ႏွင့္ မန္းက်ည္းသီးမ်ားကို ေထာင္းထု စားေသာက္ေနေလ့ရွိပါတယ္။မူးမတ္မ်ားက “ထိုသို႔စားျခင္းကို ေရွာင္ၾကဥ္ေတာ္မႈပါ ၊ ဂုဏ္ႏွင့္ မေလ်ာ္ပါ” ဟု ေလၽွာက္တဲ့အခါ “ငါ ဒီလိုမန္က်ည္းသီး စားျခင္းဟာ တိုင္းျပည္ကို တစ္စုံတစ္ရာ ၀န္ေလးပါသေလာ” ဟုျပန္ေမးပါတယ္။ “တိုင္းျပည္၌ကား ၀န္မေလးပါ” ဟု မူးမတ္တို႔ကေလၽွာက္သည့္အခါ “တိုင္းျပည္ဝန္ေလးသည့္ ကိစၥကို ငါေရွာင္အံ ၊ ၀န္မေလးသည့္ ကိစၥကိုကား မတားျမစ္ လိုၾကပါႏွင့္ ၊ ငါႀကိဳက္တတ္သည္ကို စားပါရေစ” ဟု အခြင့္ပန္ ျပန္ေျပာပါတယ္။

ေနာင္ေတာ္ႀကီးမင္းဟာ ေရႊဘို ႏွင့္ စစ္ကိုင္း ႏွစ္ရပ္လုံးတြင္ေျပာင္း၍ စံေလ့ရွိပါတယ္။ ျမင္းေကာင္းလည္း ရွိတာေၾကာင့္ “ငါစစ္ကိုင္းသြားဦးမည္ ၊ ေရႊဘိုသြားဦးမည္ ” ဟု မိန႔္ကာ ျမင္းစီး၍ ႐ုတ္တရက္ ထြက္ေတာ္မူ တတ္ပါတယ္။ ေနာက္လိုက္ေနာက္ပါတို႔မွာ ကပ်ာကသီျမင္းျပင္၍ လိုက္ေသာ္ မမီသည္က မ်ားပါတယ္။

တစ္ခါေသာ္ စစ္ကိုင္းမွ ေရႊဘိုသို႔အျပန္ ေနာက္လိုက္ေနာက္ပါတို႔မွာေဝးလံစြာက်န္ရစ္ၿပီး ေရႊဘိုမွ ၁၄ မိုင္အကြာ ေခါေတာအရပ္ သို႔ေရာက္လာပါတယ္။ သခြားခင္းတစ္ခင္းကိုေတြ႕၍ ဆာေလာင္ေနသည္ႏွင့္ ျမင္းကိုယာခင္းအျပင္ဘက္တြက္ခ်ိတ္ကာ ယာရွင္ေယာက်္ားထံ သခြားသီးစားပါရေစ ဟု ေကာင္းမြန္စြာေတာင္း၏။

ယာရွင္ကလည္း မင္းျဖစ္ေၾကာင္း မသိဘဲ “အလိုရွိသမၽွစားေလ ၊အပင္ ၊ အႏြယ္ ၊ အကင္း တို႔ကိုကား မပ်က္ေစႏွင့္ ” ဟု ဆိုပါ တယ္။ ေနာင္ေတာ္ႀကီးကာ သခြားသီးကို ျဖတ္၍ မဆြတ္ပဲ ဆြဲ၍ဆြတ္သျဖင့္ အပြင့္ ၊ အကင္း တို႔ အတန္ငယ္ပ်က္သြားပါတယ္။ ယာရွင္ျမင္ေသာ္ “နင္က စား႐ုံစား ၊ မဖ်က္ပါႏွင့္ဟု ငါေျပာလ်က္ ဖ်က္ရသေလာ ” ဟု ေဒါသျဖစ္ကာ သတ္မည္ ပုတ္မည္ ျပဳပါတယ္။ ေနာင္ေတာ္ႀကီးကလည္း တစ္စုံတစ္ရာ အမ်က္မထြက္ပဲ “နင္ေယာက်္ားေကာင္း ဆိုေသာ္ သတ္ၾကအံ” ဟု ဆို၍ ႏွစ္ေယာက္ သားလုံးေထြးသတ္ပုတ္ၾကပါတယ္။ က်န္းမာသန္စြမ္းေသာ ေနာင္ေတာ္ ႀကီးအား ယာရွင္မနိုင္ပါေလ ၊ အခါခါေအာက္က်၏ ။ အတန္ၾကာေသာ္ ယာရွင္လည္း ေမာလွတာေၾကာင့္ ဘာမွမတတ္နိုင္ပဲ ဘယ္လိုလူလဲေတြးကာ ထိုင္ၾကည့္ေနရပါတယ္။ ေနာင္ေတာ္ႀကီးကား ျပဳံးျပဳံးရယ္ရယ္ႏွင့္ သခြားသီး စားျမဲစားေနပါတယ္။

ထိုစဥ္ ယာရွင္၏မိန္းမ ထမင္းပို႔ေရာက္လာတာကို ေနာင္ေတာ္ႀကီးေတြ႕ေတာ့ “ေယာက္ဖ ၊ ငါလည္းမထင္းစားပါရေစ” ဟု ခြင့္ေတာင္းရာ ယာရွင္လည္း ေဒါသထြက္ေနတာ ေၾကာင့္ “မစားရဘူး ၊ နင့္ကိုမေကၽြးနိုင္” ဟု ဆိုပါတယ္။ ယာရွင္မိန္းမက မိမိေယာက်္ားအား လက္ကုတ္ကာ “ယာအျပင္ဘက္မွာ ေရႊကေတာင္ႏွင့္ ျမင္းေကာင္းတစ္စီး ခ်ိတ္ထားသည္ကို ငါေတြ႕ခဲ့သည္။ လူသာမည မဟုတ္ ၊ မင္းျဖစ္ပုံရသည္ ၊ ေတြ႕ကရာမေျပာႏွင့္” ဟု တီးတိုးေျပာပါတယ္။ ေနာက္လိုက္ေနာက္ပါ တို႔မီလာ၍ ေရွ႕ေတာ္တြင္ ဒူးေထာက္ၾကမွ မင္းျဖစ္ေၾကာင္း သိရွိကာ ေၾကာက္လန႔္ကုန္ၿပီး ရွိခိုးေတာင္းပန္ပါတယ္။

ေနာင္ေတာ္ဘုရားလည္း ၿပံဳးရယ္လ်က္ ” သင္တို႔က ေတာင္းပန္ရန္ မရွိ ၊ သင့္သခြားကိုလည္း ငါ စားရသည္။ သတ္ပုတ္ၾကသည္ မွာလည္း သေဘာ တူျဖစ္သည္။ ငါကား မင္းျဖစ္သည္ မွန္၏။ သို႔ေသာ္ မေၾကာက္လင့္။ ယခု သင္၏ သခြားမ်ားသည္ အလြန္ အရသာရွိ၏။ ငါ စံရာ ေရႊဘိုသို႔ တစ္ခါေလာက္ လာေရာက္ဆက္ပါဘိ ” ဟု မိန႔္ေတာ္မူပါတယ္။

လအတန္ၾကာေသာ္ ယာရွင္သည္ ေကာင္းနိုးရာရာ သခြားသီးမ်ားကို ဆြတ္ခူးထမ္းေဆာင္လ်က္ ေရႊဘိုသို႔ သြားေရာက္၍ ေနာင္ေတာ္ႀကီးဘုရားအား ဆက္သေလ၏။ ေနာင္ေတာ္ဘုရားလည္း ယာရွင္ကိုမေမ့ဘဲ အလိုရွိရာကိုေတာင္းေစတဲ့အခါ ယာရွင္က ” သူႀကီး၏ အာဏာမွ လြတ္လိုပါသည္ ” ဟုေလၽွာက္တင္ပါတယ္။ ” ဤအတြက္ကား ရစိမ့္မည္ ၊ အျခား အလိုရွိသည္ကိုလည္း ေတာင္းဦးေလာ့ ” ဟု မိန႔္ေသာ္လည္း ဤတစ္ခုကိုရလၽွင္ ေက်နပ္ေသာ ယာရွင္သည္ ထပ္၍ မေတာင္းေတာ့ တာေၾကာင့္ သူႀကီးအာဏာမွလြတ္ေစမည့္ စာခၽြန္လႊာကိုလက္မွတ္ထိုးကာ ယာရွင္ရဲ့ေက်းဇူးကို ဆပ္လိုက္ပါေတာ့တယ္။

Credit - ayesay
ဒီတစ်ခါတော့ မြန်မာ့သမိုင်းထဲက သခွားသီးစားလို့ ဒုက္ခများခဲ့တဲ့ဘုရင် နှစ်ပါး အကြောင်းကို ဗဟုသုတအဖြစ်ပြောပြချင်ပါတယ်။

တစ်ပါးကတော့ ပုဂံခေတ်က သိန်းခိုမင်း (သက္ကရာဇ် ၂၆၃ မှ ၂၇၉ ခုနှစ် ) ဖြစ်ပါတယ်။ တစ်နေ့ သိန်းခိုမင်းဟာ အမဲလိုက်ရင်း နောက်လိုက်နောက်ပါများနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။မောလည်းမော ရေလည်းအလွန်ငတ်လှချိန်မှာ လူသူမတွေ့ရတဲ့ သခွားခင်းတစ်ခင်းကိုတွေ့ပါတယ်။ ဝမ်းသာအားရနဲ့ သခွားခင်းထဲဝင်ကာ သခွားသီးများကို အားရပါးရ စားပစ်ပါတယ်။ ဒါကို ယာရှင်ကတွေ့ပြီး ဘုရင်ဟုမထင် သူခိုးဟု ထင်ကာ တူရွင်းနဲ့ခုတ်တာကြောင့်နေရာ မှာတင် ပွဲချင်းပြီးသွားပါတယ်။ အဖော်ကွဲသွားသော နောက်လိုက်နောက်ပါများ ရောက်လာမှ ပြည့်ရှင်မင်းကို သတ်မိကြောင်းသိပါတယ်။ အဲဒီခေတ်က ဘုရင်ကိုသတ်ရင်ဘုရင်ဖြစ်ဆိုတဲ့ ထုံးစံကြောင့် ယာရှင်ဟာ ဘုရင်ဖြစ်သွားပါတယ်။ တောင်သူကြီးမင်း ခေါ် ညောင်ဦးစောရဟန်းမင်း ဆိုတဲ့ အမည်နဲ့ပါ။

သခွားသီးကြောင့် ဒုက္ခများခဲ့တဲ့နောက်မင်းတစ်ပါးကတော့ သေတော့မသေပါ သို့သော် ယာရှင်နဲ့ နပန်းလုံးလိုက်ရပါတယ်။

သူကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့သားတော်ကြီးနောင်တော်ကြီး ခေါ် ဒီပဲယင်းမင်း ဖြစ်ပါတယ်။ နောင်တော်ကြီးဟာ ဘုရင်ဖြစ်သော်လည်း မဝံ့ကြွားတတ်ပဲ နှိမ့်ချသောမာနဖြင့် ရိုးရိုးစား ရိုးရိုးနေတတ်သူဖြစ်ပါတယ်။ ရံဖန်ရံခါ မိမိ၏ နောက်လိုက်များနှင့် မန်ကျည်းတော ၊ မန်ကျည်းပင် အောက်များ၌ ဆား ၊ ငါးပိ စသည်တို့နှင့် မန်းကျည်းသီးများကို ထောင်းထု စားသောက်နေလေ့ရှိပါတယ်။မူးမတ်များက “ထိုသို့စားခြင်းကို ရှောင်ကြဉ်တော်မှုပါ ၊ ဂုဏ်နှင့် မလျော်ပါ” ဟု လျှောက်တဲ့အခါ “ငါ ဒီလိုမန်ကျည်းသီး စားခြင်းဟာ တိုင်းပြည်ကို တစ်စုံတစ်ရာ ဝန်လေးပါသလော” ဟုပြန်မေးပါတယ်။ “တိုင်းပြည်၌ကား ဝန်မလေးပါ” ဟု မူးမတ်တို့ကလျှောက်သည့်အခါ “တိုင်းပြည်ဝန်လေးသည့် ကိစ္စကို ငါရှောင်အံ ၊ ဝန်မလေးသည့် ကိစ္စကိုကား မတားမြစ် လိုကြပါနှင့် ၊ ငါကြိုက်တတ်သည်ကို စားပါရစေ” ဟု အခွင့်ပန် ပြန်ပြောပါတယ်။

နောင်တော်ကြီးမင်းဟာ ရွှေဘို နှင့် စစ်ကိုင်း နှစ်ရပ်လုံးတွင်ပြောင်း၍ စံလေ့ရှိပါတယ်။ မြင်းကောင်းလည်း ရှိတာကြောင့် “ငါစစ်ကိုင်းသွားဦးမည် ၊ ရွှေဘိုသွားဦးမည် ” ဟု မိန့်ကာ မြင်းစီး၍ ရုတ်တရက် ထွက်တော်မူ တတ်ပါတယ်။ နောက်လိုက်နောက်ပါတို့မှာ ကပျာကသီမြင်းပြင်၍ လိုက်သော် မမီသည်က များပါတယ်။

တစ်ခါသော် စစ်ကိုင်းမှ ရွှေဘိုသို့အပြန် နောက်လိုက်နောက်ပါတို့မှာဝေးလံစွာကျန်ရစ်ပြီး ရွှေဘိုမှ ၁၄ မိုင်အကွာ ခေါတောအရပ် သို့ရောက်လာပါတယ်။ သခွားခင်းတစ်ခင်းကိုတွေ့၍ ဆာလောင်နေသည်နှင့် မြင်းကိုယာခင်းအပြင်ဘက်တွက်ချိတ်ကာ ယာရှင်ယောကျ်ားထံ သခွားသီးစားပါရစေ ဟု ကောင်းမွန်စွာတောင်း၏။

ယာရှင်ကလည်း မင်းဖြစ်ကြောင်း မသိဘဲ “အလိုရှိသမျှစားလေ ၊အပင် ၊ အနွယ် ၊ အကင်း တို့ကိုကား မပျက်စေနှင့် ” ဟု ဆိုပါ တယ်။ နောင်တော်ကြီးကာ သခွားသီးကို ဖြတ်၍ မဆွတ်ပဲ ဆွဲ၍ဆွတ်သဖြင့် အပွင့် ၊ အကင်း တို့ အတန်ငယ်ပျက်သွားပါတယ်။ ယာရှင်မြင်သော် “နင်က စားရုံစား ၊ မဖျက်ပါနှင့်ဟု ငါပြောလျက် ဖျက်ရသလော ” ဟု ဒေါသဖြစ်ကာ သတ်မည် ပုတ်မည် ပြုပါတယ်။ နောင်တော်ကြီးကလည်း တစ်စုံတစ်ရာ အမျက်မထွက်ပဲ “နင်ယောကျ်ားကောင်း ဆိုသော် သတ်ကြအံ” ဟု ဆို၍ နှစ်ယောက် သားလုံးထွေးသတ်ပုတ်ကြပါတယ်။ ကျန်းမာသန်စွမ်းသော နောင်တော် ကြီးအား ယာရှင်မနိုင်ပါလေ ၊ အခါခါအောက်ကျ၏ ။ အတန်ကြာသော် ယာရှင်လည်း မောလှတာကြောင့် ဘာမှမတတ်နိုင်ပဲ ဘယ်လိုလူလဲတွေးကာ ထိုင်ကြည့်နေရပါတယ်။ နောင်တော်ကြီးကား ပြုံးပြုံးရယ်ရယ်နှင့် သခွားသီး စားမြဲစားနေပါတယ်။

ထိုစဉ် ယာရှင်၏မိန်းမ ထမင်းပို့ရောက်လာတာကို နောင်တော်ကြီးတွေ့တော့ “ယောက်ဖ ၊ ငါလည်းမထင်းစားပါရစေ” ဟု ခွင့်တောင်းရာ ယာရှင်လည်း ဒေါသထွက်နေတာ ကြောင့် “မစားရဘူး ၊ နင့်ကိုမကျွေးနိုင်” ဟု ဆိုပါတယ်။ ယာရှင်မိန်းမက မိမိယောကျ်ားအား လက်ကုတ်ကာ “ယာအပြင်ဘက်မှာ ရွှေကတောင်နှင့် မြင်းကောင်းတစ်စီး ချိတ်ထားသည်ကို ငါတွေ့ခဲ့သည်။ လူသာမည မဟုတ် ၊ မင်းဖြစ်ပုံရသည် ၊ တွေ့ကရာမပြောနှင့်” ဟု တီးတိုးပြောပါတယ်။ နောက်လိုက်နောက်ပါ တို့မီလာ၍ ရှေ့တော်တွင် ဒူးထောက်ကြမှ မင်းဖြစ်ကြောင်း သိရှိကာ ကြောက်လန့်ကုန်ပြီး ရှိခိုးတောင်းပန်ပါတယ်။

နောင်တော်ဘုရားလည်း ပြုံးရယ်လျက် ” သင်တို့က တောင်းပန်ရန် မရှိ ၊ သင့်သခွားကိုလည်း ငါ စားရသည်။ သတ်ပုတ်ကြသည် မှာလည်း သဘော တူဖြစ်သည်။ ငါကား မင်းဖြစ်သည် မှန်၏။ သို့သော် မကြောက်လင့်။ ယခု သင်၏ သခွားများသည် အလွန် အရသာရှိ၏။ ငါ စံရာ ရွှေဘိုသို့ တစ်ခါလောက် လာရောက်ဆက်ပါဘိ ” ဟု မိန့်တော်မူပါတယ်။

လအတန်ကြာသော် ယာရှင်သည် ကောင်းနိုးရာရာ သခွားသီးများကို ဆွတ်ခူးထမ်းဆောင်လျက် ရွှေဘိုသို့ သွားရောက်၍ နောင်တော်ကြီးဘုရားအား ဆက်သလေ၏။ နောင်တော်ဘုရားလည်း ယာရှင်ကိုမမေ့ဘဲ အလိုရှိရာကိုတောင်းစေတဲ့အခါ ယာရှင်က ” သူကြီး၏ အာဏာမှ လွတ်လိုပါသည် ” ဟုလျှောက်တင်ပါတယ်။ ” ဤအတွက်ကား ရစိမ့်မည် ၊ အခြား အလိုရှိသည်ကိုလည်း တောင်းဦးလော့ ” ဟု မိန့်သော်လည်း ဤတစ်ခုကိုရလျှင် ကျေနပ်သော ယာရှင်သည် ထပ်၍ မတောင်းတော့ တာကြောင့် သူကြီးအာဏာမှလွတ်စေမည့် စာချွန်လွှာကိုလက်မှတ်ထိုးကာ ယာရှင်ရဲ့ကျေးဇူးကို ဆပ်လိုက်ပါတော့တယ်။

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...