""ကိုယ္ထင္ျပေသာ သရဲႏွင့္ ဖုတ္ဝင္ျခင္း"".. ျဖစ္ရပ္မွန္ (အသဲငယ္သူမ်ား လံုး၀မဖတ္ရ)...!



၅ ႏွစ္သားက ေမေမက ညီေလး ကိုယ္ဝန္ႀကီးႏွင့္ ၾကမ္းပ်ဥ္ေပၚမွာ ပက္လက္လွန္၍ အိပ္ေနစဥ္...။ ေဖေဖက အိမ္ ေ႐ွ႕ ေျမႀကီးေပၚမွာ ဓားမတစ္လက္ႏွင့္ ထင္းေတြ ခြဲေနသည္။လင္းထက္က ေမေမ့ ေဘးမွာ ဗိုက္ထဲမွ ညီေလး၏ လႈပ္႐ွားမႈအား လက္ျဖင့္ လိုက္စမ္း၍ ကစားရင္း ေဖေဖ ထင္းခြဲေနသည္ကို အမွုမဲ့ၾကည့္ေန မိခ်ိန္။ ထိုစဥ္ လင္းထက္၏ မ်က္ဝန္းထဲ ေန႔ခင္းေၾကာင္ေတာင္ျကီး ပတ္ဝန္းက်င္မွာ ေမွာင္မဲ သြားသလို ခံစားလိုက္ရသည္။ ေမွာင္မဲသြားသည္ ဆိုသည္မွာ အိမ္ေပၚႏွင့္ အိမ္ေ႐ွ႕ ကုန္းေျမကို မႈန္ဝါးဝါး ေတြ႔ေနရသည္။ အျခားပတ္ဝန္းက်င္မွာေတာ့ ကလကာ မည္းႀကီး ကာထား သလို မည္းေမွာင္က်ေနျခင္းျဖစ္သည္။ ထိုစဥ္ ဘုန္းႀကီးေက်ာင္းဘက္မွ လာေသာ တာကန္သင္းေပၚ အေမွာင္ထဲမွေန၍ မည္းမည္း အရိပ္တစ္ခု တျဖည္းျဖည္းထြက္လာသည္ကို လင္းထက္ေတြ႕လိုက္သည္။ ထို မဲမဲသ႑န္ႀကီးက ထင္းခြဲေနေသာ ေဖေဖႏွင့္ မလွမ္းမကမ္းတြင္ မတ္တပ္ရပ္၍ လင္းထက္တို႔ အိမ္ေပၚကို လွမ္းၾကည့္ေနသည္။ လင္းထက္က ေမေမ့ကို မသိမသာ လႈပ္ႏိႈးေသာ္လည္း အိပ္ေဆးမိထားသူတစ္ေယာက္လို ေမေမက လံုးဝ ႏိုးမလာ။ အရိပ္မဲႀကီးက အတန္ၾကာရပ္ၾကည့္ေနၿပီး ထင္းခြဲေနေသာ ေဖေဖ့ဆီကို အႏၲရာယ္ ျပဳမည့္ပံုျဖင့္ လွမ္းသြားေနသည္။ ေဖေဖကေတာ့ ဘာမွသိပံုမရ။ေက်ာေပးလ်က္ ထင္းေတြကိုသာ အားစိုက္ခြဲေနသည္။ ....ေဖေဖ ေနာက္မွာ အေကာင္ႀကီး.... လင္းထက္ ေအာ္ဟစ္ၿပီး ေဖေဖ့ကို သတိေပးဖို႔ ႀကိဳးစားသည္။ သို႔ေသာ္ လည္ေခ်ာင္းမွ ထြက္လာသည့္ အသံက... .... အ....အ...အစ္....ဟူ၍ သာထြက္လာသည္။ အရိပ္မဲႀကီးမွာ ေဖေဖ့ေနာက္ေက်ာကို ေရာက္သြားကာ လက္ႏွစ္ဖက္က ေဖေဖ့ လည္ပင္းကို လွမ္းသြားၿပီး ဖမ္းညႇစ္ေနသည္။ မ်က္လံုးျပဴး၍ ၿငိမ္သြားေသာ ေဖေဖ့ကို ၾကည့္၍ လင္းထက္ မ်က္လံုးစံုမွိတ္ခ်ကာ ရိွသမ်ွအားကို သံုး၍ အာေခါင္ျခစ္၍ ေအာ္ခ်လိုက္သည္။ .... အားးးးးးးးးးးးးးးးးးး.... .... သား... သား... ဘာျဖစ္တာလဲ.... ေမေမ့ အသံကို ၾကားလိုက္ရေတာ့မွ မ်က္လံုးအစံုကို ျပန္ဖြင့္လိုက္သည္။ပတ္ဝန္းက်င္တစ္ခုလံုးက မူလအတိုင္း ေနအလင္းေရာင္ျဖင့္ လင္းခ်င္းေနသည္။ေမ့ေမ့ မ်က္ႏွာက စိုးရိမ္ပူပန္မႈ အျပည့္ႏွင့္ လင္းထက္ကို ၾကည့္ေနသည္။ ...အိမ္...အိမ္...ေ႐ွ႕မွာ မည္းမည္းႀကီး.... ေဖ့ေဖ့ကို သတ္ေနတာ ...သားေတြ႔တယ္.... ......ေအာ္..ဘာမွ မရိွပါဘူး... သားရယ္... ေန႔ခင္းေၾကာင္ႀကီး.....အလန္႔.... ေမ့ေမ့ စကား တစ္ဝက္တပ်က္ႏွင့္ ရပ္သြားသည္။ အိမ္ေ႐ွ႕ေျမႀကီးေပၚမွာ ေခြေခြေလး လဲေနသည့္ ေဖေဖ့ ကို ေတြ႔လိုက္ရသည္ မဟုတ္ပါလား... ေမေမေကာ လင္းထက္ပါ အိမ္ေပၚက ေျပးဆင္းၿပီး ၾကည့္ေတာ့ ေဖေဖ့မွာ ေခါင္းတျခမ္းေစာင္း၍ လဲက်ေနသည္။ .... ကိုစိုးလြင္.... ကိုစိုးလြင္...ဘာျဖစ္တာလဲ... ေဖေဖ့ကို ကမန္းကတန္း ေကာက္ထူ၍ ေမေမ ေမးလိုက္ေသာ္လည္း ေဖေဖ မေျဖႏိုင္ပါ။ ေဖေဖ့ ခႏၶာကိုယ္တစ္ျခမ္း ေလဖ်န္းသြားကာ ပါးစပ္ရြဲ႔ေန ေသာေၾကာင့္ ျဖစ္သည္။ ေတာေဆးဆရာေကာင္းႏွင့္ ေတြ႔၍သာ တစ္လအတြင္း ေဖေဖ ျပန္၍ က်န္းမာေရးေကာင္းသြားျခင္းျဖစ္သည္။က်န္းမာေရးေကာင္းေတာ့ ေဖေဖ ေျပာျပသည္က ... ဘာျဖစ္သြားမွန္း မသိဘူး...တစ္ေယာက္ေယာက္က လည္ပင္း ဖမ္းညႇစ္သလို ခံလိုက္ရၿပီး လဲက်သြားတာ ပဲ သိတယ္... ေမေမက လင္းထက္မ်က္ႏွာကို တအ့ံတျသ လွမ္းၾကည့္တာ အမွတ္ရေသးသည္။ ရြာဘုန္းႀကီးေက်ာင္းတြင္ ကထိန္အလႉပြဲ က်င္းပစဥ္က တစ္ခါ။ အလႉပြဲတြင္ လူႀကီးသူမမ်ားအား ဘုန္းႀကီးေက်ာင္းအတြင္း ဆြမ္းေကြၽးဓမၼာရံုတြင္ ထမင္းေကြၽး၍ ကေလးငယ္မ်ားအား ဘုန္းႀကီးေက်ာင္း အေ႐ွ႕ဘက္ ကန္ေဘာင္ႀကီးရိွ ေညာင္ပင္ႀကီးမ်ားေအာက္ အရိပ္ရေသာ ေျမကြက္လပ္တြင္ ေျမစိုက္ခံုတန္းမ်ား ျပဳလုပ္၍ ထမင္း ေကြၽးေမြးသည္။ လင္းထက္တို႔ ကေလးတစ္သိုက္ အားရပါးရ စားေနၾကစဥ္ လင္းထက္ေ႐ွ႕ မ်က္ႏွားခ်င္းဆိုင္ စားေနေသာ ကိုရင္ေလး၏ ထမင္းပန္ကန္ထဲ လက္မည္းႀကီး တစ္ဖက္ လာႏိႈက္သည္ကို လင္းထက္ ေတြ႔လိုက္ရသည္။ လက္ႀကီးမွာ အေမြး႐ွည္ႀကီးမ်ားႏွင့္ျဖစ္ကာ ကိုရင္ေလး ပန္းကန္ထဲမွ ဝက္သားတံုးမ်ားကို လွမ္းႏိႈက္ေနျခင္းျဖစ္သည္။ လင္းထက္မွာ ထိတ္လန္႔လြန္း သျဖင့္ ထိုလက္ႀကီးမ်ားအား မ်က္လံုးျပဴး၍ ၾကည့္ေနမိသည္။ အျခားကေလးမ်ားႏွင့္ လူႀကီးမ်ားမွာ ထိုလက္ႀကီးအား ေတြ႕ျမင္ဟန္ မရိွေသာ္လည္း ကိုရင္ေလးက ျမင္ေတြ႔ဟန္ တူသည္။ မေျကာက္မရြံ့ လက္ႀကီးအား လက္ျဖင့္ လွမ္းဆြဲျပီးပါးစပ္ျဖင့္ ဖမ္းကိုက္လိုက္သည္။ နာက်င္သြားဟန္ျဖင့္ လက္ႀကီးက တြန္႔ကနဲ႔ ျပန္႐ုတ္သြားသည္။ ေနာက္တစ္ႀကိမ္ထပ္ႏိႈက္ျပန္သည္။ ကိုရင္ေလးက သကၤန္းျဖင္း႐ိုက္ေတာ့ လက္က႐ုတ္သြားျပန္ကာ ေနာက္လက္တစ္ဖက္က ကိုရင္ေလး၏ ေက်ာကုန္းအား ႐ိုက္ခ် လိုက္ကာ လက္တစ္ဖက္က ဝက္သားတံုးမ်ားအား ႏိႈက္ယူ၍ ေညာင္ပင္ႀကီးေပၚ ယူသြားသည္ကိုေတြ႔လိုက္ရသည္။ အ႐ိုက္ခံ လိုက္ရေသာ ကိုရင္ေလးမွာ မ်က္လံုးႀကီးမ်ားျပဴးထြက္လာကာ ပါးစပ္တြင္းမွ အစာမ်ား တခြီးခြီးျပန္ထြက္၍ ေျမႀကီးေပၚ လူးလိွမ့္ေနေတာ့သည္။ လင္းထက္မွာလည္း ေညာင္ပင္ႀကီးေပၚ လက္ညိဳးတထိုးထိုးႏွင့္ သရဲ ...သရဲ ဟု ေအာ္ဟစ္သျဖင့္ စားေသာက္ေနေသာ ကေလးမ်ားပါ ထိတ္လန္႔ၿပီး ထေျပးကုန္ၾကသည္။ လူႀကီး အခ်ိဳ႕ေျပးလာကာ ..... ဘာျဖစ္တာလဲ...ဘာျဖစ္တာလဲ...ဘယ္မွာလဲ သရဲ... ဟု မ်က္လံုးမ်က္ဆန္ျပဴးေမးၾကသည္။ မ်က္ျဖူမ်ားဆိုက္၍ ေကာ့လန္ေနေသာ ကိုရင္ေလးကို ၾကည့္၍ လင္းထက္မွာ တကိုယ္လံုး တုန္ယင္လ်က္ ေညာင္ပင္ေပၚမွာ ထိုင္၍ ဝက္သားမ်ားကို အငမ္းမရ စားေနေသာ အေမႊး႐ွည္႐ွည္ မည္းမည္းႏွင့္ သရဲႀကီးကို လက္ညိဳးထိုးျပသည္။ သို႔ေသာ္ မည္သူမ်ွ ျမင္ေတြ႔ဟန္မရိွ။ ..... ဘာမွ မရိွပါဘူး... ကေလးေတြ... လန္႔ကုန္ၾကမယ္... ပါးစပ္က ေျပာေနေသာ္လည္း စိတ္က ထိတ္လန္႔သြားၾကဟန္ျဖင့္ လင္းထက္ကို ဝိုင္းဝန္းခ်ီမ၍ ဘုန္းႀကီးေက်ာင္းေပၚ သယ္သြားၾကရသည္။ ေက်ာင္းပၚေရာက္မွ ပရိတ္ေတြ ရြတ္ ၊ ေရးမန္းေတြတိုက္၍ ေတာ္ေတာ္ ကုလိုက္ရသည္။ ကိုရင္ေလး၏ ေက်ာကုန္းေပၚမွ လက္ဝါးရာႀကီးကား တပတ္ခန္႔ၾကာသည့္ အထိ မေပ်ာက္...။ လူေတြ ပါးစပ္ဖ်ားမွာ ဘုန္းႀကီးေက်ာင္း ေရကန္ရိွ ေညာင္ပင္ႀကီးတြင္ သရဲအရမ္းေျခာက္သည္ဟုေသာ သတင္းလည္း ေတာ္ေတာ္ႀကီးသြားသည္။ လင္းထက္ အသက္ ၁၂ ႏွစ္အရြယ္မွာ အေဖဘက္က အဖြားျဖစ္သူ ပုလိပ္ေရာဂါျဖင့္ ေဆးရံုတင္ရသည္။ ေဆးရံုတင္ၿပီး တစ္လ အၾကာ အဖြားျဖစ္သူမွာ ေခ်ာင္းဆိုးရင္း ပါးစပ္ထဲမွ ႏွစ္လက္မခန္႔ ေသြးတံုးတစ္တံုးႏွင့္ ပိုးေလာက္လန္းကဲ့သို႔ေသာ ႏွီးဖ်ားခန္႔အရြယ္ အေကာင္တစ္ေကာင္ ထြက္က်လာခဲ့သည္။ ထိုအခ်င္းအရာကို ေတြ႔ၿပီးဆရာဝန္က ေခါင္းခါသည္။ အနည္းဆံုးတပတ္၊ အမ်ားဆံုး တစ္လခန္႔သာ ခံမည္ဟု ေျပာသည္။ အဖြားကို ရြာကို ျပန္သယ္ရန္ ေဖေဖ လွည္းႏွင့္သြားႀကိဳေတာ့ လင္းထက္လည္း အတူ လိုက္သြား ခဲ့သည္။ ညအခ်ိန္ေပမယ့္ လေရာင္ ၾကယ္ေရာင္ ရိွသျဖင့္ မနက္၂နာရီ ခန္႔ ေဆးရံု မွ အဖြားကို ျပန္ေခၚလာခဲ့ၾကသည္။ လွည္းေပၚမွာ အေဖက ေ႐ွ႕မွာ လွည္းေမာင္း ၊ အဖြားက လွည္းအိမ္ေပၚမွာ ပက္လက္ကေလး မိွန္းလ်က္ ၊ အဖြားေဘးမွာ လင္းထက္က ထိုင္ကာ ငိုက္ျမည္းရင္း ပါလာခဲ့သည္။ အဖြားပါေနသျဖင့္ ေဖေဖက လွည္းကို မခုန္ေအာင္ ျဖည္းျဖည္းခ်င္း ေမာင္းေနရေသာေၾကာင့္ ခရီးက သိပ္မတြင္။ ထို႔ေၾကာင့္ ရြာအဝင္ ဘုန္းႀကီးေက်ာင္းအနီး လင္းထက္အေဖပိုင္ လယ္ကြက္ကို ျဖတ္ေဖာက္ထားေသာ လွည္းလမ္းေရာက္လာေတာ့ ဘုန္းႀကီးေက်ာင္းမွ မနက္၅နာရီ တုန္းေမာင္းေခါက္သံ ၾကားသည္။ တုန္းေမာင္းသံေၾကာင့္ လင္းထက္ လန္႔ၿပီး မ်က္လံုးပြင့္သြားသည္။ မလန္႔ခံႏိုင္႐ိုးလား။ ဘုန္းႀကီးေက်ာင္း တုန္းေမာင္းေခါက္သည္ႏွင့္ ေက်ာင္းမွာ ေမြးထားေသာ ေခြးတစ္အုပ္က က်ယ္ေလာင္စြာ ဆြဲဆြဲငင္ငင္ ထအူေတာ့သည္။ေက်ာင္းက ေခြးအူသည္ႏွင့္ ရြာထဲက ေခြးမ်ားကလည္း သံၿပိဳင္လိုက္အူသည္မွာ တရြာလံုး ညံသြားတာက အျမဲလိုပင္ ၾကားေနၾက။ ေဖေဖ ေျပာသည္ကေတာ့ ေခြးမ်ားလည္း သာဓုေခၚတာတဲ့။ ဘယ္လိုပဲျဖစ္ျဖစ္ ထိုေခြးအူသံၾကားလ်င္ လင္းထက္ကေတာ့ ၾကက္သီးဖ်န္းဖ်န္းထသည္သာ။ ထို႔ေၾကာင့္ မငိုက္ေတာ့ပဲ ေဘးပတ္ ဝန္းက်င္ကိုသာ လိုက္လံၾကည့္ေနလိုက္သည္။ ေကာင္းကင္မွာ ၾကယ္မစံုေတာ့ေပမယ့္ ေသာၾကာၾကယ္ႏွင့္ လ ကေတာ့ လင္းေနတုန္းမို႔ အေဝး ပတ္ဝန္းက်င္ကို မႈန္ဝါးဝါး ျမင္ေနရသည္။ လင္းထက္ ပတ္ဝန္းက်င္ကို လိုက္ၾကည့္ေနစဥ္မွာပင္ ဘုန္းႀကီးေက်ာင္း ေရကန္ဘက္မွ အရိပ္တစ္ခု ေျပးလာေနသည္ကို မ်က္ဝန္းထဲ ျမင္လိုက္ရသည္။ ထိုအရိပ္က တမုဟုတ္ခ်င္းပင္ လင္းထက္တို႔ လွည္းအနားေရာက္လာၿပီး လွည္းေနာက္ၿမီွးေပၚ ဝုန္းကနဲ ခုန္တက္လာရာ လွည္းအျမႇီးပင္ ၫႊတ္က်သြားသည္။ ေဖေဖက ႐ုတ္တရက္ အံ့ျသသြားပံုရကာ ..... ဘာျဖစ္တာလဲဟ... ေနာက္ျမႇီးေထာင္သြားတယ္... ဟုေျပာရင္း ေနာက္ကို လွည့္ၾကည့္လာသည္။ ဘာမွ ေတြ႔ပံုမရပဲ ျပန္လွည့္ကာ လွည္းဆက္ေမာင္းေနသည္။ လွည္းမွာလည္း သိသိသာသာ ေလးလံသြားၿပီး ႏြားႏွစ္ေကာင္မွာ ေျခကန္႐ုန္းေနရသည္။ .... ဟဲ့...ႏြားေတြ...ဘာျဖစ္ေနတာလဲ... သြားစမ္း...ေတာက္... ျဖန္း...ျဖန္း... တလမ္းလံုး ႐ိုက္စရာ မလိုေသာ ႏြားမ်ားမွာ ေဖေဖ ႀကိမ္ႏွင့္႐ိုက္မွ သြားေတာ့သည္။ လင္းထက္ကေတာ့ လွည္း ေနာက္ၿမီွးမွာ ထိုင္ေနေသာ အေကာင္ႀကီးကို စူးစိုက္ၾကည့္ေနမိသည္။ သဲသဲကြဲကြဲမျမင္ရ။ မ်က္လံုးနီနီႀကီးမ်ားကို ေတာ့ ေကာင္းေကာင္းျမင္ေနသည္။ သရဲဆိုတာ ျဖစ္ရမည္ဟု ်ေတြးမိကာ ေၾကာက္လန္႔ေနသည္မွာ အသံပင္ မထြက္။ သရဲႀကီးက လင္းထက္ကို ၾကည့္လိုက္ အဖြားကို ၾကည့္လိုက္ လုပ္ေနသည္။ ထိုေနာက္ သရဲႀကီးက ႐ုတ္တရက္ထလာက ပက္လက္ကေလး မိွန္းေနေသာ အဖြားေပၚ ခြထိုင္လိုက္သည္ကို ေတြ႔လိုက္ရသည္။ ထို႔ေနာက္ အဖြား လည္ပင္းကို လက္ႏွစ္ဖက္ႏွင့္ စံုကိုင္ညႇစ္ေနသည္။ အဖြားမွာ မ်က္လံုးမ်ား ျပဴးထြက္လာကာ လ်ွာႀကီးထုတ္ျပသည္ကို လင္းထက္ေတြ႔လိုက္ရေတာ့ ..... အား.... သရဲႀကီး...သရဲႀကီး... အဖြား၏ ထိတ္လန္႔ ဖြယ္ရာ ပံုကို ၾကည့္ၿပီး လင္းထက္ အာေခါင္ျခစ္ေအာင္ ေအာ္ကာ အေဖနား ထေျပးသည္။ ....ဟာ....ဒီ...ေကာင္ေလး...ငါကန္ခ် လိုက္ရ...မဟုတ္သုကၡေတြ မေအာ္ စမ္းနဲ...ဘယ္မွာလဲ...သရဲ... အေဖက ေအာ္ေငါက္ရင္း ေမးေတာ့ လင္းထက္ က အဖြားကို ထိုးျပလိုက္သည္။ .... လွည္းကို ထိန္းထား... ဘာမွ မရိွဘူး... အေဖ...အဖြားကို သြား.. ထိန္းထားမယ္... ႏွြားထိန္းႀကိဳးကို လင္းထက္လက္ကို ေပး၍ ေဖေဖက အဖြားနားမွာ သြားထိုင္သည္။ အဖြားေပၚမွာ ထိုင္ေနေသာ အေကာင္ႀကီးကို ေဖေဖ ျမင္ပံုမရ။ လင္းထက္ကေတာ့ ေနာက္လွည့္မၾကည့္ေတာ့ပဲ နြားထိန္းျကိုးကိုသာ အာရံုထား၍ ထိန္းေနလိုက္သည္။ အဖိုးႏွင့္ အဖြားအိမ္ေရာက္ေတာ့ ပိန္လွီေနေသာအဖြားကို လွည္းေပၚမွ သယ္ခ်ရာ ေဖေဖတစ္ေယာက္တည္း မ မႏိုင္သျဖင့္ လူေလးေယာက္ ဝိုင္းသယ္ကာ အိမ္ေပၚ ပို႔ခဲ့ရသည္။ ဘယ္ႏိုင္မတုန္း အဖြားေပၚမွာ သရဲႀကီးက မိန္႔မိန္႔ႀကီး ထိုင္ေနတာကိုး။ ထို သရဲႀကီးကို ဘယ္သူမွ မျမင္ လင္းထက္တစ္ေယာက္သာ ျမင္ေနရသည္။ ထိုေန႔က စၿပီး အဖြားနားကို လင္းထက္ မကပ္။ တျခား ေျမးျမစ္မ်ားကေတာ့ အဖြားေခၚလ်င္ အနားသြားၾကသည္။ ေဆးရံုတြင္ ယဲ့ယဲ့ေလးသာ က်န္ေတာ့ေသာ အဖြား ေဒၚတင္ရီမွာ အိမ္ျပန္ေရာက္ကတည္းက အေျခအေန ေျပာင္းလဲသြားသည္။ ေဆးရံုက တပတ္၊ တစ္လသာ ခံမည္ဟု ေျပာေသာ္လည္း အဘြားမွာ ပို၍ပင္ က်န္းမာလာသလိုပင္။ ထိုင္ႏိုင္ ၊ ထႏိုင္ စကားေျပာႏိုင္လာသည္။ အစားအေသာက္ကို သာမန္လူထက္ပင္ စားႏိုင္လာသည္။ အသားဟင္းမ်ား စားရသည့္ေန႔တြင္ အဖြား မွာ ထူးျခားစြာ ထူထူေထာင္ေထာင္ ျဖစ္ေနတတ္သည္။ အသားဟင္းစားရလ်င္ အဖြားမ်က္ႏွာမွာ လန္းဆန္းေနသည္ကို ေတြ႔ရေတာ့ အဖိုးႏွင့္ သားသမီးမ်ားက မရိွရိွသည့္ၾကားက အသားဟင္း ႐ွာေဖြ ခ်က္ျပဳတ္ေကြၽးေမြးသည္။ အဓိက အဖြားႀကိဳက္ေသာ အသားဟင္းမွာ ဝက္သား၊ အမဲ သားျဖစ္သည္။ .... ကိုေရႊသန္း... ဒီေန႔ ရြာထဲက ျမဒင္တို႔အိမ္မွာ ဝက္ေပၚမယ္တဲ့... ၂ပိႆ ာေလာက္ သြားဆြဲခဲ့ေလ... က်ဳပ္စားခ်င္လိုက္တာေတာ္.... ရြာထဲသြားလာေနသူေတြက ဘာသတင္းမွ မရေသး၊ အဖြားေဒၚတင္ရီတစ္ေယာက္ ဘယ္က သတင္းရသည္ မသိ။ .... သား....စိုးလြင္... ဟိုဘကေခ်ာင္းဝ ရြာမွာ...အမဲေပၚမယ္လို႔ၾကားတယ္... ့အေမစားခ်င္တယ္ကြယ္.... အဖြား ေဒၚတင္ရီ ေဖေဖ့ကို ပူဆာတာ ၾကားလိုက္သည္။ ..... ဟာ... ေမေမကလည္း...သားမနက္ကပဲ... အဲ့ဒီက ျပန္လာတာ... ဘာသံမွ မၾကားခဲ့ပါဘူးဗ်ာ... ေဖေဖက ေျပာေတာ့ အဖြားက ေဒါသ ထြက္ဟန္ျဖင့္ ေဖေဖ့ကို ႀကိမ္းေမာင္းေတာ့သည္။ ..... ဒီမနက္ ဟိုဘက္ရြာက ဖိုးသိုက္တို႔ ႏြားႀကီး ပိုးထိၿပီး ေသေသြားတယ္... အဲ့ဒါ လေပးနဲ႔ ေပၚေရာင္းမယ္ လုပ္ေနတာ... နင္ မိဘကို မေကြၽးေမြးခ်င္လို႔ ေ႐ွာင္ဖယ္ ေနတာ မဟုတ္လား... မိဘ ေက်းဇူး မသိတဲ့ေကာင္... သြား အခု အမဲသား သြား ဝယ္လာခဲ့... မဝယ္ေပးရင္...နင္နဲ႔ငါ သိမယ္.... ဘယ္တုန္းကမွ ၾကမ္းၾကမ္းတမ္း မေျပာတတ္ေသာ အဖြား ပါးစပ္မွ ေဒါသတႀကီး ႀကိမ္းဝါးသံမ်ား ထြက္လာသည္။ ဆံပင္ဖားလ်ားခ်လ်က္ မ်က္းဝန္းမ်ားက နီနီရဲရဲႏွင့္ ေဖေဖ့ကို အံႀကိတ္ၾကည့္ေနသည့္ အဖြားပံုစံမွာ ေၾကာက္စရာ ေကာင္းလွသည္။ ေဖေဖက ဘာမွ မေျပာေတာ့ပဲ ေခ်ာင္းဝရြာကို သြားသည္။ တကယ္ပင္ ဦးဖိုးသိုက္ႏြားႀကီးမွာ မနက္က ျမက္စားရင္း ပိုးထိ ေသဆံုးသျဖင့္ ေပၚ၍ ေရာင္းသည္ႏွင့္ ၾကံဳရေလသည္။ ေဖေဖက အံျသတႀကီးႏွင့္သာ အမဲသား တစ္တြဲ ဝယ္၍ ျပန္ဆြဲလာခဲ့ရေလသည္။ တရြာလံုး မည္သူမ်ွ မရေသးေသာ သတင္းကို အိမ္ေပၚထိုင္ေနသည့္ အဖြားက ဘယ္လို ၾကားသည္ မသိ။ အသားဟင္းမခ်က္သည့္ ေန႔မ်ားဆို အဖြားပါးစပ္မွာ လူနာဟုပင္ ထင္စကာ မရိွ၊ တဗ်စ္ေတာက္ေတာက္ ေျပာဆိုေနတတ္သည္။ .... ဟဲ့... မယ္အုန္း... နင့္အိမ္မွာ ငါးဟင္း ခ်က္တယ္ မဟုတ္လား... ငါ...စားခ်င္တာေအ... တခြက္ေလာက္ လာပို႔ပါလား... .... ဟုတ္...ဟုတ္... အစ္မတင္ရီ... က်မ... လာပို႔ေပးမယ္.... အိမ္ေ႐ွ႕က ျဖတ္သြားသူ မခ်န္ ဟင္း ပို႔ခိုင္းတတ္သည္။ ဘယ္သူ႔အိမ္ ဘာဟင္းခ်က္တာ အဖြားက ထိုင္ရာ မထ သိေနတတ္သည္။ ဒါေတြက လူႀကီးေတြ ျပန္ေျပာ ေနၾကသည္ကို ၾကား၍ လင္းထက္သိရျခင္းသာ။ အဖြား ေဆးရံုက ျပန္လာကတည္းက အဖြားတို႔ အိမ္ေပၚ လင္းထက္ လံုးဝ မတက္ေတာ့။ မိဘေတြႏွင့္ လိုက္သြား တိုင္း အိမ္ေအာက္ မွာသာ ရြယ္တူ ဝမ္းကြဲ ညီကို ေမာင္ႏွစ္မ မ်ားႏွင့္ သာ ေဆာ့ကစားေနတတ္သည္။ တစ္ရက္ေတာ့ .... သားေလး... ပူတူး....သားအဖြား ေခၚေနတယ္... သား နဲ႔ မေတြ႔တာ ၾကာလို႔ ေတြ႔ခ်င္လို႔တဲ့... အဖြား နား သြားလိုက္ပါဦး... ေဖေဖႏွင့္ ေမေမက လင္းထက္ကို ေခၚကာ ေျပာလာသည္။ .... မသြားဘူး...မသြားဘူး... လင္းထက္ အေၾကာက္အကန္ ျငင္းသည္။ .... သြားေလ... ပူတူးေလး... ကိုယ့္အဖြား ဆီကို... သားအစ္ကိုေတြ... ညီေတြ... ညီမေတြေတာင္ အဖြားနား...ကပ္ေနတာပဲဟာ... ႀကီးႀကီး၊ ေဒၚေဒၚ၊ ဦးေလး ေတာ္စပ္သည့္ ေဆြမ်ိဳးမ်ားကပါ ဝိုင္းေျပာေသာ္လည္း လင္းထက္က မသြား။ ေပကပ္ေနသည္။ အတင္းဆြဲေခၚၾကေတာ့ အာေခါင္ျခစ္ေအာင္ ေအာ္ငိုသည္။ .... ကိုယ့္အဖြားနား...ဘာလို႔ မသြားတာလဲ... အဖြား စိတ္မေကာင္း ျဖစ္ေနမယ္ေလ... သားေလး... အဖြား စိတ္မေကာင္းျဖစ္ရင္ သားေလး ငရဲျကီးလိမ့္မယ္... မိဘေတြက တိုးတိုးတိတ္တိ္တ္ ဆံုးမသည္။ .... အဲ့ဒါ သားအဖြား မဟုတ္ဘူး...သရဲျကီး... ေၾကာက္စရာႀကီး... သား...ေၾကာက္တယ္.... လင္းထက္ စကားေၾကာင့္ အားလံုး မ်က္စိ မ်က္ႏွာေတြ ပ်က္ကုန္ၾကသည္။ .... ပူတူးေလး...ဘာေဒေျပာေနတာလဲ... မေျပာေကာင္းတာေတြ မေျပာရဘူးေလ... မဟုတ္တာ ေျပာရင္... အဖိုး႐ိုက္မွာ... ....ဟုတ္ပါတယ္ ဆိုမွ ... ဟိုမွာ မေတြ႔ၾကဘူးလား... အဖြားေပၚမွာ ခြထိုင္ၿပီး... အဖြားလည္ပင္းကို ညႇစ္ထားတဲ့ သရဲျကီး... အေမႊးႀကီးေတြကို အ႐ွည္ႀကီးပဲ... သားကို လက္ယက္ၿပီး ေခၚေနတာ... ခဏ... ခဏပဲ... သား..ေၾကာက္လို႔... အိမ္ေပၚေတာင္ မတက္ဘူး... လင္းထက္က အိမ္ေပၚမွ အဖြားရိွရာ လက္ညိဳးထိုးကာ ငိုသံပါႀကီးႏွင့္ ေျပာလိုက္ေတာ့ အားလံုး ထိတ္လန္႔ ကုန္ၾကသည္။ အဖိုးက ေဖေဖ့ကို တိုးတိုး တိတ္တိတ္ လွမ္းေခၚသည္။ .... စိုးလြင္... မင္း...ေတာ္ကေဆာ့ ရြာက ဆရာႀကီး ဦးထိန္ကို သြားပင့္ကြာ... ငါ့ေျမး ေျပာပံုနဲ႔ မတင္ရီပံုစံကို ငါ မသကၤာဘူး... စစ္ၾကည့္ရေအာင္... ညေနမွာ ေဖေဖႏွင့္အတူ ေခါင္းေပါင္းေပါင္း၍ လြယ္အိတ္တစ္လံုး လြယ္ထားေသာ လူႀကီး တစ္ဦးေရာက္လာသည္။အဖိုးႏွင့္ သက္တူ ရြယ္တူ ခန္႔ရိွေသာ္လည္း အဖိုးက ဆရာႀကီးဟူ၍ ေခၚသည္။ ဆရာႀကီး အိမ္ေပၚေတာင္ မတက္ရေသး အိပ္ယာထဲ မွ အဖြားက ႐ုတ္တရက္ ထ,ထိုင္ကာ ဆရာႀကီး ဦးထိန္ကို လက္ညိဳး ေငါက္ေငါက္ထိုး၍ .... နင္ ငါ့အိမ္...ဘာလာ လုပ္တာလဲ... မလာနဲ႔ သြား... ငါ့ ကို လာ မစမ္းၾကနဲ႔ေနာ္...ဟင္း...ဟင္း... ဟု ထေအာ္ကာ ေဒါသတႀကီး ေမာင္းထုတ္ေတာ့သည္။ အဖြား ေဒါသ ႀကီးလ်င္ ေၾကာက္စရာ ေကာင္းလွသည္။ မ်က္လံုးမ်ားမွာ နီရဲလာက လူသတ္ေတာ့မည့္ဟန္...။ အဖိုးက ဆရာႀကီးဖိုးထိန္အား ေျခရင္းဘက္မွ သမီးျဖစ္သူ ေဒၚႀကီး သန္းဝင္း အိမ္ေခၚသြားသည္။ ညေရာက္ေတာ့ ေဒၚႀကီးသန္းဝင္း အိမ္မွာ လူစည္သြားသည္။ လင္းထက္တို႔ ကေလး တစ္သိုက္လည္း ဘာလဲဟူေသာ သိခ်င္ေဇာျဖင့္ စပ္စုၾကသည္။ ဆရာႀကီးဦးထိန္ဆိုသူက ဘုရားစင္ ၊ တြင္ ဆီးမီးမ်ားထြန္း အာရံုျပဳ ႐ွစ္ခိုးကန္ေတာ့ၿပီး သူ႔ေ႐ွ႕တြင္ လက္ျဖင့္ ၾကမ္းျပင္ကို ေထာက္၍ စည္းဝိုင္း ပံုသ႑န္ ဝိုင္းလိုက္သည္။ ထိုစည္းဝိုင္း အတြင္း ေဒၚႀကီး သန္းဝင္းအား ထိုင္ေစၿပီး ပါးစပ္မွ မန္းမႈတ္ေနသည္။ ခဏေနေတာ့ ေဒၚႀကီး သန္းဝင္း၏ ခႏၶာကိုယ္မွာ တဆတ္ဆတ္တုန္လာၿပီး တစံုတရာ ပူးကပ္လာေလေတာ့သည္။ ဆံပင္မ်ားကို ဖားလ်ားခ်ကာ မ်က္လံုးမ်ားက ေဒါသ ေခ်ာင္းေခ်ာင္းထြက္ဟန္ျဖင့္ အားလံုးကို ေဝ့ၾကည့္ သည္။ .... ငါ့ကို...ဘာလို႔...ေႏွာက္ယွက္ၾကတာလဲ...ဟင္း...ဟင္း...ေသခ်င္ၾကလို႔လား... ေဒၚႀကီး သန္းဝင္း ပါးစပ္မွ အသံျသျသႀကီး ထြက္လာသည္။ .... မင္း...ဘယ္သူလဲ...ဘယ္ကလဲ... ဆရာႀကီးက ေမးေတာ့ ပထမ မေျဖ။ ဆရာႀကီးႏွင့္ ပတ္ဝန္းက်င္မွ လူမ်ားကို ရန္ျပဳ ခ်င္ဟန္ ထခုန္ေပါက္ ေသာင္းက်န္းေတာ့သည္။ ဆရာႀကီးက ဂါထာေတြရြတ္၊ မန္းႀကိဳးေတြ လည္ပင္းခ်ည္ေတာ့မွ အနည္းငယ္ ၿငိမ္သြားသည္။ .... ငါက... ဘုန္းႀကီးေက်ာင္း ေရကန္ေညာင္ပင္က... သရဲ... အစားစားခ်င္လို႔ ကပ္ၿပီး ေန ေနတာ... ဆရာႀကီး ၏ မန္းႀကိဳး ဂါထာမ်ားက အေတာ္စြမ္းဟန္တူသည္။ေမးသမ်ွ ကို ေျဖသည္။ သူသည္ ေရွးယခင္ ျမိုင္သာ ဘုန္းႀကီးေက်ာင္းမွ ဘုန္းျကီးတစ္ ပါးျဖစ္ကာ ပ်ံလြန္ေတာ္မူေတာ့ အယူလြဲကာ ေညာင္ပင္ႀကီးတြင္ သရဲျဖစ္ေနသူ တဲ့။ဘြဲ႔နာမည္ေတြေတာ့ မေျပာ။ ေဖေဖ့ကို ေလျဖတ္ေအာင္ လုပ္တာလဲသူ၊ ကိုရင္ေလးဆီက အစားလုစားတာလည္းသူ၊ အဖြားခႏၶာကိုယ္မွာ ကပ္ၿပီးေနတာလဲ သူ၊ သူ႔ကို လင္းထက္ ဘာ့ေၾကာင့္ျမင္ရတာလည္း ဟု ဆရာႀကီးက ေမးေတာ့.... လင္းထက္သည္ အရင္ဘဝက သူေနထိုင္ရာ ေညာင္ပင္ႏွင့္ ကပ္ရပ္ ေညာင္ပင္မွ သရဲ တစ္ေကာင္ျဖစ္ကာ ရင္းႏွီးၾကသည္ဟု ဆိုသည္။လင္းထက္ သရဲဘဝျဖင့္ ေညာင္ပင္ႀကီးတြင္ ေနထိုင္ရင္း ၿမိဳင္သာ ရြာဘုန္းႀကီးေက်ာင္းသို႔ မရပ္ကုန္း ဆရာေတာ္ ႂကြလာစဥ္ ၾကည္ညိဳလွသည္ ဆိုၿပီး အပင္မွ ဆင္းကန္ေတာ့၊ မရပ္ကုန္း ဆရာေတာ္ ေဟာေသာ တရားမ်ားကို သြားနာယူရင္း ကြၽတ္တန္းဝင္ကာ ဘုန္းႀကီးေက်ာင္း အနီးလယ္ကြက္ထဲ ေနထိုင္သည့္ လင္းထက္ အေမထံ ဝင္စားျခင္း ျဖစ္ေၾကာင္း ၊ ထို႔ေၾကာင့္ သရဲ ဘဝက ရင္းႏွီးသူမို႔ ကိုယ္ထင္ျပ၍ လင္းထက္ကို ႏႈတ္ဆက္ျခင္း ျဖစ္ေၾကာင္း ေျပာသည္။ထို မရပ္ကုန္းဆရာေတာ္မွာ မည္သူမ်ွ မသိေသာ ရဟႏၲာတစ္ပါး ျဖစ္သည္ဟု လည္း ေျပာသည္။ ..... ဦးေရႊသန္း....ေရာ့...ဒီ... မန္းႀကိဳးကို လူနာ လည္ပင္းမွာ သြားဆြဲထားေပး...ဒီေရမန္းကိုလဲ... ခႏၶာကိုယ္အႏွံ႔ ဖ်န္းေပးခဲ့....ဒါမွ..ဒီသရဲေကာင္...လူနာကို ျပန္ဝင္ကပ္လို႔ မရမွာ... ဆရာႀကီးက ေရမန္းေတြ မန္းႀကိဳးေတြ အဖိုးအားေပးလိုက္ေတာ့ ဝင္ပူးေနေသာ သရဲ ခ်ံဳးပြဲခ် ငိုေတာ့သည္။ သူ ဝင္ပူး ခိုကပ္ စားေသာက္ဖို႔ ခႏၶာ မရိွေတာ့ သည္မဟုတ္လား။ ..... မင္း...ေနရာမွာ...မင္း...ေအးေအးေဆးေဆး ျပန္ေန... သူတပါးကို မေႏွာင့္ယွက္နဲ႔... အလႉအတန္းေတြရိွလို႔ အမ်ွ အတန္းေဝရင္.. သာဓုေခၚၿပီး... ဒီမေကာင္းတဲ့ ဘဝက ကြၽတ္ေအာင္လုပ္.... ဆရာႀကီးက အမိန္႔ေပး၍ ပူးကပ္ရာမွ ျပန္ထုတ္သည္။ သရဲ က မထြက္ခင္ လင္းထက္ ဖခင္ကို သတိေပး ေျပာသြားေသးသည္။ ဘုန္းႀကီးေက်ာင္း အနီး လယ္ကြက္အား စပါးစိုက္ဖို႔ အသံုးမျပဳရန္။ ညေနေစာင္းလ်င္ ၿမိဳင္သာဘုန္းႀကီးေက်ာင္း ေစတီ ၏ အရိပ္မွာ ထိုလယ္ကြက္အတြင္း အရိပ္က် သျဖင့္ လယ္လုပ္ရန္ မသင့္ေတာ္။ဘုရားေျမ အျဖစ္ ဘုန္းႀကီးေက်ာင္းကို လႉဒါန္းရန္ ၊ သူ သတိေပးခဲ့ေသာ္လည္း ဂ႐ု မစိုက္သျဖင့္ ေဖေဖ့ကို ဒုကၡေပးျခင္းျဖစ္ေၾကာင္း ေျပာကာ ဝင္ပူးရာ မွ ထြက္သြားခဲ့သည္။ ထိုညတြင္ပင္ အဖြားမွာ ဆံုးပါး သြားခဲ့ပါသည္။ အဖြားဆံုးသည္ႏွင့္ မခံမရပ္ႏိုင္ေအာင္ အပုပ္နံ႔မ်ား ထြက္လာသည္။ အစက ျပည့္ျပည့္ၿဖိဳးၿဖိဳး ရိွလာေသာ အဖြားမွာ ခ်က္ခ်င္းပင္ အသားတစ္စက္မွ မရိွေတာ့သကဲ့သို႔ အ႐ိုးေပၚမွာ အေရျပားေလး တင္ရံုသာ ရိွသည္။ .... လူနာက ဆံုးတာ ၾကာေနၿပီ... သူရဲ႕ ႐ုပ္မွာ..သရဲက ဝပ္ကပ္မွီခိုၿပီး စားေသာက္ေနလို႔ မေသေသးသလို ျဖစ္ၿပီး နလံထူေနတာ...ေျပာရရင္ ဖုတ္ဝင္တာေပါ့ကြာ... ...... ေမာင္စိုးလြင္... မင္းတို႔ကေလးကိုလည္း... ဂ႐ုစိုက္... ကံနိမ့္လို႔...တေစၧသရဲကို ျမင္ရတာ... ႐ွင္ျပဳေပးလိုက္တာ ေကာင္းမယ္..... ဟု ဆရာႀကီး ဦးထိန္က ေျပာသြားသည္။ အဖြား ဆြမ္းသြတ္ေတြ ဘာေတြ ၿပီးလို႔ မၾကာခင္ လင္းထက္ ကိုရင္ ဝတ္ခဲ့ပါသည္။ ေဖေဖကလည္း ေစတီ အရိပ္က်ေသာ လယ္ကို ဘုရားေျမအျဖစ္ အဖြားကို ရည္စူး၍ ၿမိဳင္သာ ဘုန္းႀကီးေက်ာင္းကို လႉဒါန္းလိုက္သည္။ ၿမိဳင္သာ ဘုန္းႀကီးေက်ာင္းတြင္ ကိုရင္္ ဝိစာရ အမည္ျဖင့္ ကိုရင္ ဝတ္ခဲ့ေသာ လင္းထက္မွာ ဉာဏ္ေကာင္းလွသျဖင့္ ေက်ာင္းထိုင္ဆရာေတာ္က ခ်စ္သည္။ ဆရာေတာ္ အံခိုင္းေသာ တရားစာ မ်ားကို ကိုရင္ ဝိစာရက သူမ်ားႏွင့္ မတူ အခ်ိန္တို အတြင္း ျပန္အံ ႏိုင္သည္။ ထို႔ေၾကာင့္ ဆရာေတာ္က ဦးစားေပးသည္။ ကိုရင္ ဝိသာရ တရားစာ က်က္လ်င္ ေရကန္ႀကီးရိွ ေညာင္ပင္ေအာင္တြင္ ထိုင္ကာ ေစတီေတာ္ႀကီးကို ၾကည့္ ၍ က်က္သည္။ ထို႔ေၾကာင့္လားေတာ့ မသိ။ စာရျမန္သည္။ တစ္ညေတာ့ ကိုရင္ ဝိစာရ အိပ္မက္ မက္သည္။ .... မင္း ကို ကိုယ္ထင္မျပနဲ႔ဆိုလည္း... မျပပါဘူးကြာ... ငါ့ေညာင္ပင္ေအာက္ေတာ့ တရားစာလာ မက်က္ပါနဲ႔... ငါ ေနလို႔ မရဘူးကြ... ထြက္..ထြက္..ေျပးေနရတယ္... ဟု ေညာင္ပင္ေပၚမွ လွမ္းေျပာေနေသာ အေမႊး႐ွည္႐ွည္ ႏွင့္ သရဲကို ျမင္မက္သည္။ ထို႔ေနာက္ေတာ့ ကိုရင္ ဝိစာရ ေညာင္ပင္ေအာက္မွာ စာသြားမက်က္ေတာ့ပဲ ေစတီ အုတ္ျမစ္ေပၚမွာသာ ထိုက္၍ တရားစာ အံေတာ့ေလသည္။ တစ္လခန္႔ၾကာေတာ့ လင္းထက္ ကိုရင္ ထြက္လာခဲ့သည္။ ထိုအခ်ိန္မွ စ၍ လင္းထက္မွာ ေညာင္ပင္မွ သရဲႀကီး၏ အရိပ္အေယာင္ကို မျမင္ရေတာ့သလို ေညာင္ပင္ႀကီးမွာ သရဲေျခာက္သည္ဟုေသာ သတင္းလဲ တျဖည္းျဖည္း ေပ်ာက္ကြယ္ကာ ပံုျပင္ေလာက္သာ က်န္ေတာ့ေလသည္။ ထိုမ်ွသာ..... ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ ၿပီးပါၿပီ။
အမွားအယြင္း ၊ လိုအပ္ခ်က္မ်ားကို သည့္ခံဖတ္ေပးပါရန္ ။

Credit: ခ်စ္သား မာရ္နတ္(Y,A,P)

#Unicode Version
၅ နှစ်သားက မေမေက ညီလေး ကိုယ်ဝန်ကြီးနှင့် ကြမ်းပျဉ်ပေါ်မှာ ပက်လက်လှန်၍ အိပ်နေစဉ်...။ ဖေဖေက အိမ် ရှေ့ မြေကြီးပေါ်မှာ ဓားမတစ်လက်နှင့် ထင်းတွေ ခွဲနေသည်။လင်းထက်က မေမေ့ ဘေးမှာ ဗိုက်ထဲမှ ညီလေး၏ လှုပ်ရှားမှုအား လက်ဖြင့် လိုက်စမ်း၍ ကစားရင်း ဖေဖေ ထင်းခွဲနေသည်ကို အမှုမဲ့ကြည့်နေ မိချိန်။ ထိုစဉ် လင်းထက်၏ မျက်ဝန်းထဲ နေ့ခင်းကြောင်တောင်ကြီး ပတ်ဝန်းကျင်မှာ မှောင်မဲ သွားသလို ခံစားလိုက်ရသည်။ မှောင်မဲသွားသည် ဆိုသည်မှာ အိမ်ပေါ်နှင့် အိမ်ရှေ့ ကုန်းမြေကို မှုန်ဝါးဝါး တွေ့နေရသည်။ အခြားပတ်ဝန်းကျင်မှာတော့ ကလကာ မည်းကြီး ကာထား သလို မည်းမှောင်ကျနေခြင်းဖြစ်သည်။ ထိုစဉ် ဘုန်းကြီးကျောင်းဘက်မှ လာသော တာကန်သင်းပေါ် အမှောင်ထဲမှနေ၍ မည်းမည်း အရိပ်တစ်ခု တဖြည်းဖြည်းထွက်လာသည်ကို လင်းထက်တွေ့လိုက်သည်။ ထို မဲမဲသဏ္ဍန်ကြီးက ထင်းခွဲနေသော ဖေဖေနှင့် မလှမ်းမကမ်းတွင် မတ်တပ်ရပ်၍ လင်းထက်တို့ အိမ်ပေါ်ကို လှမ်းကြည့်နေသည်။ လင်းထက်က မေမေ့ကို မသိမသာ လှုပ်နှိုးသော်လည်း အိပ်ဆေးမိထားသူတစ်ယောက်လို မေမေက လုံးဝ နိုးမလာ။ အရိပ်မဲကြီးက အတန်ကြာရပ်ကြည့်နေပြီး ထင်းခွဲနေသော ဖေဖေ့ဆီကို အန္တရာယ် ပြုမည့်ပုံဖြင့် လှမ်းသွားနေသည်။ ဖေဖေကတော့ ဘာမှသိပုံမရ။ကျောပေးလျက် ထင်းတွေကိုသာ အားစိုက်ခွဲနေသည်။ ....ဖေဖေ နောက်မှာ အကောင်ကြီး.... လင်းထက် အော်ဟစ်ပြီး ဖေဖေ့ကို သတိပေးဖို့ ကြိုးစားသည်။ သို့သော် လည်ချောင်းမှ ထွက်လာသည့် အသံက... .... အ....အ...အစ်....ဟူ၍ သာထွက်လာသည်။ အရိပ်မဲကြီးမှာ ဖေဖေ့နောက်ကျောကို ရောက်သွားကာ လက်နှစ်ဖက်က ဖေဖေ့ လည်ပင်းကို လှမ်းသွားပြီး ဖမ်းညှစ်နေသည်။ မျက်လုံးပြူး၍ ငြိမ်သွားသော ဖေဖေ့ကို ကြည့်၍ လင်းထက် မျက်လုံးစုံမှိတ်ချကာ ရှိသမျှအားကို သုံး၍ အာခေါင်ခြစ်၍ အော်ချလိုက်သည်။ .... အားးးးးးးးးးးးးးးးးးး.... .... သား... သား... ဘာဖြစ်တာလဲ.... မေမေ့ အသံကို ကြားလိုက်ရတော့မှ မျက်လုံးအစုံကို ပြန်ဖွင့်လိုက်သည်။ပတ်ဝန်းကျင်တစ်ခုလုံးက မူလအတိုင်း နေအလင်းရောင်ဖြင့် လင်းချင်းနေသည်။မေ့မေ့ မျက်နှာက စိုးရိမ်ပူပန်မှု အပြည့်နှင့် လင်းထက်ကို ကြည့်နေသည်။ ...အိမ်...အိမ်...ရှေ့မှာ မည်းမည်းကြီး.... ဖေ့ဖေ့ကို သတ်နေတာ ...သားတွေ့တယ်.... ......အော်..ဘာမှ မရှိပါဘူး... သားရယ်... နေ့ခင်းကြောင်ကြီး.....အလန့်.... မေ့မေ့ စကား တစ်ဝက်တပျက်နှင့် ရပ်သွားသည်။ အိမ်ရှေ့မြေကြီးပေါ်မှာ ခွေခွေလေး လဲနေသည့် ဖေဖေ့ ကို တွေ့လိုက်ရသည် မဟုတ်ပါလား... မေမေကော လင်းထက်ပါ အိမ်ပေါ်က ပြေးဆင်းပြီး ကြည့်တော့ ဖေဖေ့မှာ ခေါင်းတခြမ်းစောင်း၍ လဲကျနေသည်။ .... ကိုစိုးလွင်.... ကိုစိုးလွင်...ဘာဖြစ်တာလဲ... ဖေဖေ့ကို ကမန်းကတန်း ကောက်ထူ၍ မေမေ မေးလိုက်သော်လည်း ဖေဖေ မဖြေနိုင်ပါ။ ဖေဖေ့ ခန္ဓာကိုယ်တစ်ခြမ်း လေဖျန်းသွားကာ ပါးစပ်ရွဲ့နေ သောကြောင့် ဖြစ်သည်။ တောဆေးဆရာကောင်းနှင့် တွေ့၍သာ တစ်လအတွင်း ဖေဖေ ပြန်၍ ကျန်းမာရေးကောင်းသွားခြင်းဖြစ်သည်။ကျန်းမာရေးကောင်းတော့ ဖေဖေ ပြောပြသည်က ... ဘာဖြစ်သွားမှန်း မသိဘူး...တစ်ယောက်ယောက်က လည်ပင်း ဖမ်းညှစ်သလို ခံလိုက်ရပြီး လဲကျသွားတာ ပဲ သိတယ်... မေမေက လင်းထက်မျက်နှာကို တအံ့တသြ လှမ်းကြည့်တာ အမှတ်ရသေးသည်။ ရွာဘုန်းကြီးကျောင်းတွင် ကထိန်အလှူပွဲ ကျင်းပစဉ်က တစ်ခါ။ အလှူပွဲတွင် လူကြီးသူမများအား ဘုန်းကြီးကျောင်းအတွင်း ဆွမ်းကျွေးဓမ္မာရုံတွင် ထမင်းကျွေး၍ ကလေးငယ်များအား ဘုန်းကြီးကျောင်း အရှေ့ဘက် ကန်ဘောင်ကြီးရှိ ညောင်ပင်ကြီးများအောက် အရိပ်ရသော မြေကွက်လပ်တွင် မြေစိုက်ခုံတန်းများ ပြုလုပ်၍ ထမင်း ကျွေးမွေးသည်။ လင်းထက်တို့ ကလေးတစ်သိုက် အားရပါးရ စားနေကြစဉ် လင်းထက်ရှေ့ မျက်နှားချင်းဆိုင် စားနေသော ကိုရင်လေး၏ ထမင်းပန်ကန်ထဲ လက်မည်းကြီး တစ်ဖက် လာနှိုက်သည်ကို လင်းထက် တွေ့လိုက်ရသည်။ လက်ကြီးမှာ အမွေးရှည်ကြီးများနှင့်ဖြစ်ကာ ကိုရင်လေး ပန်းကန်ထဲမှ ဝက်သားတုံးများကို လှမ်းနှိုက်နေခြင်းဖြစ်သည်။ လင်းထက်မှာ ထိတ်လန့်လွန်း သဖြင့် ထိုလက်ကြီးများအား မျက်လုံးပြူး၍ ကြည့်နေမိသည်။ အခြားကလေးများနှင့် လူကြီးများမှာ ထိုလက်ကြီးအား တွေ့မြင်ဟန် မရှိသော်လည်း ကိုရင်လေးက မြင်တွေ့ဟန် တူသည်။ မကြောက်မရွံ့ လက်ကြီးအား လက်ဖြင့် လှမ်းဆွဲပြီးပါးစပ်ဖြင့် ဖမ်းကိုက်လိုက်သည်။ နာကျင်သွားဟန်ဖြင့် လက်ကြီးက တွန့်ကနဲ့ ပြန်ရုတ်သွားသည်။ နောက်တစ်ကြိမ်ထပ်နှိုက်ပြန်သည်။ ကိုရင်လေးက သင်္ကန်းဖြင်းရိုက်တော့ လက်ကရုတ်သွားပြန်ကာ နောက်လက်တစ်ဖက်က ကိုရင်လေး၏ ကျောကုန်းအား ရိုက်ချ လိုက်ကာ လက်တစ်ဖက်က ဝက်သားတုံးများအား နှိုက်ယူ၍ ညောင်ပင်ကြီးပေါ် ယူသွားသည်ကိုတွေ့လိုက်ရသည်။ အရိုက်ခံ လိုက်ရသော ကိုရင်လေးမှာ မျက်လုံးကြီးများပြူးထွက်လာကာ ပါးစပ်တွင်းမှ အစာများ တခွီးခွီးပြန်ထွက်၍ မြေကြီးပေါ် လူးလှိမ့်နေတော့သည်။ လင်းထက်မှာလည်း ညောင်ပင်ကြီးပေါ် လက်ညိုးတထိုးထိုးနှင့် သရဲ ...သရဲ ဟု အော်ဟစ်သဖြင့် စားသောက်နေသော ကလေးများပါ ထိတ်လန့်ပြီး ထပြေးကုန်ကြသည်။ လူကြီး အချို့ပြေးလာကာ ..... ဘာဖြစ်တာလဲ...ဘာဖြစ်တာလဲ...ဘယ်မှာလဲ သရဲ... ဟု မျက်လုံးမျက်ဆန်ပြူးမေးကြသည်။ မျက်ဖြူများဆိုက်၍ ကော့လန်နေသော ကိုရင်လေးကို ကြည့်၍ လင်းထက်မှာ တကိုယ်လုံး တုန်ယင်လျက် ညောင်ပင်ပေါ်မှာ ထိုင်၍ ဝက်သားများကို အငမ်းမရ စားနေသော အမွှေးရှည်ရှည် မည်းမည်းနှင့် သရဲကြီးကို လက်ညိုးထိုးပြသည်။ သို့သော် မည်သူမျှ မြင်တွေ့ဟန်မရှိ။ ..... ဘာမှ မရှိပါဘူး... ကလေးတွေ... လန့်ကုန်ကြမယ်... ပါးစပ်က ပြောနေသော်လည်း စိတ်က ထိတ်လန့်သွားကြဟန်ဖြင့် လင်းထက်ကို ဝိုင်းဝန်းချီမ၍ ဘုန်းကြီးကျောင်းပေါ် သယ်သွားကြရသည်။ ကျောင်းပါ်ရောက်မှ ပရိတ်တွေ ရွတ် ၊ ရေးမန်းတွေတိုက်၍ တော်တော် ကုလိုက်ရသည်။ ကိုရင်လေး၏ ကျောကုန်းပေါ်မှ လက်ဝါးရာကြီးကား တပတ်ခန့်ကြာသည့် အထိ မပျောက်...။ လူတွေ ပါးစပ်ဖျားမှာ ဘုန်းကြီးကျောင်း ရေကန်ရှိ ညောင်ပင်ကြီးတွင် သရဲအရမ်းခြောက်သည်ဟုသော သတင်းလည်း တော်တော်ကြီးသွားသည်။ လင်းထက် အသက် ၁၂ နှစ်အရွယ်မှာ အဖေဘက်က အဖွားဖြစ်သူ ပုလိပ်ရောဂါဖြင့် ဆေးရုံတင်ရသည်။ ဆေးရုံတင်ပြီး တစ်လ အကြာ အဖွားဖြစ်သူမှာ ချောင်းဆိုးရင်း ပါးစပ်ထဲမှ နှစ်လက်မခန့် သွေးတုံးတစ်တုံးနှင့် ပိုးလောက်လန်းကဲ့သို့သော နှီးဖျားခန့်အရွယ် အကောင်တစ်ကောင် ထွက်ကျလာခဲ့သည်။ ထိုအချင်းအရာကို တွေ့ပြီးဆရာဝန်က ခေါင်းခါသည်။ အနည်းဆုံးတပတ်၊ အများဆုံး တစ်လခန့်သာ ခံမည်ဟု ပြောသည်။ အဖွားကို ရွာကို ပြန်သယ်ရန် ဖေဖေ လှည်းနှင့်သွားကြိုတော့ လင်းထက်လည်း အတူ လိုက်သွား ခဲ့သည်။ ညအချိန်ပေမယ့် လရောင် ကြယ်ရောင် ရှိသဖြင့် မနက်၂နာရီ ခန့် ဆေးရုံ မှ အဖွားကို ပြန်ခေါ်လာခဲ့ကြသည်။ လှည်းပေါ်မှာ အဖေက ရှေ့မှာ လှည်းမောင်း ၊ အဖွားက လှည်းအိမ်ပေါ်မှာ ပက်လက်ကလေး မှိန်းလျက် ၊ အဖွားဘေးမှာ လင်းထက်က ထိုင်ကာ ငိုက်မြည်းရင်း ပါလာခဲ့သည်။ အဖွားပါနေသဖြင့် ဖေဖေက လှည်းကို မခုန်အောင် ဖြည်းဖြည်းချင်း မောင်းနေရသောကြောင့် ခရီးက သိပ်မတွင်။ ထို့ကြောင့် ရွာအဝင် ဘုန်းကြီးကျောင်းအနီး လင်းထက်အဖေပိုင် လယ်ကွက်ကို ဖြတ်ဖောက်ထားသော လှည်းလမ်းရောက်လာတော့ ဘုန်းကြီးကျောင်းမှ မနက်၅နာရီ တုန်းမောင်းခေါက်သံ ကြားသည်။ တုန်းမောင်းသံကြောင့် လင်းထက် လန့်ပြီး မျက်လုံးပွင့်သွားသည်။ မလန့်ခံနိုင်ရိုးလား။ ဘုန်းကြီးကျောင်း တုန်းမောင်းခေါက်သည်နှင့် ကျောင်းမှာ မွေးထားသော ခွေးတစ်အုပ်က ကျယ်လောင်စွာ ဆွဲဆွဲငင်ငင် ထအူတော့သည်။ကျောင်းက ခွေးအူသည်နှင့် ရွာထဲက ခွေးများကလည်း သံပြိုင်လိုက်အူသည်မှာ တရွာလုံး ညံသွားတာက အမြဲလိုပင် ကြားနေကြ။ ဖေဖေ ပြောသည်ကတော့ ခွေးများလည်း သာဓုခေါ်တာတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ထိုခွေးအူသံကြားလျင် လင်းထက်ကတော့ ကြက်သီးဖျန်းဖျန်းထသည်သာ။ ထို့ကြောင့် မငိုက်တော့ပဲ ဘေးပတ် ဝန်းကျင်ကိုသာ လိုက်လံကြည့်နေလိုက်သည်။ ကောင်းကင်မှာ ကြယ်မစုံတော့ပေမယ့် သောကြာကြယ်နှင့် လ ကတော့ လင်းနေတုန်းမို့ အဝေး ပတ်ဝန်းကျင်ကို မှုန်ဝါးဝါး မြင်နေရသည်။ လင်းထက် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေစဉ်မှာပင် ဘုန်းကြီးကျောင်း ရေကန်ဘက်မှ အရိပ်တစ်ခု ပြေးလာနေသည်ကို မျက်ဝန်းထဲ မြင်လိုက်ရသည်။ ထိုအရိပ်က တမုဟုတ်ချင်းပင် လင်းထက်တို့ လှည်းအနားရောက်လာပြီး လှည်းနောက်မြှီးပေါ် ဝုန်းကနဲ ခုန်တက်လာရာ လှည်းအမြှီးပင် ညွှတ်ကျသွားသည်။ ဖေဖေက ရုတ်တရက် အံ့သြသွားပုံရကာ ..... ဘာဖြစ်တာလဲဟ... နောက်မြှီးထောင်သွားတယ်... ဟုပြောရင်း နောက်ကို လှည့်ကြည့်လာသည်။ ဘာမှ တွေ့ပုံမရပဲ ပြန်လှည့်ကာ လှည်းဆက်မောင်းနေသည်။ လှည်းမှာလည်း သိသိသာသာ လေးလံသွားပြီး နွားနှစ်ကောင်မှာ ခြေကန်ရုန်းနေရသည်။ .... ဟဲ့...နွားတွေ...ဘာဖြစ်နေတာလဲ... သွားစမ်း...တောက်... ဖြန်း...ဖြန်း... တလမ်းလုံး ရိုက်စရာ မလိုသော နွားများမှာ ဖေဖေ ကြိမ်နှင့်ရိုက်မှ သွားတော့သည်။ လင်းထက်ကတော့ လှည်း နောက်မြှီးမှာ ထိုင်နေသော အကောင်ကြီးကို စူးစိုက်ကြည့်နေမိသည်။ သဲသဲကွဲကွဲမမြင်ရ။ မျက်လုံးနီနီကြီးများကို တော့ ကောင်းကောင်းမြင်နေသည်။ သရဲဆိုတာ ဖြစ်ရမည်ဟု ျတွေးမိကာ ကြောက်လန့်နေသည်မှာ အသံပင် မထွက်။ သရဲကြီးက လင်းထက်ကို ကြည့်လိုက် အဖွားကို ကြည့်လိုက် လုပ်နေသည်။ ထိုနောက် သရဲကြီးက ရုတ်တရက်ထလာက ပက်လက်ကလေး မှိန်းနေသော အဖွားပေါ် ခွထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် အဖွား လည်ပင်းကို လက်နှစ်ဖက်နှင့် စုံကိုင်ညှစ်နေသည်။ အဖွားမှာ မျက်လုံးများ ပြူးထွက်လာကာ လျှာကြီးထုတ်ပြသည်ကို လင်းထက်တွေ့လိုက်ရတော့ ..... အား.... သရဲကြီး...သရဲကြီး... အဖွား၏ ထိတ်လန့် ဖွယ်ရာ ပုံကို ကြည့်ပြီး လင်းထက် အာခေါင်ခြစ်အောင် အော်ကာ အဖေနား ထပြေးသည်။ ....ဟာ....ဒီ...ကောင်လေး...ငါကန်ချ လိုက်ရ...မဟုတ်သုက္ခတွေ မအော် စမ်းနဲ...ဘယ်မှာလဲ...သရဲ... အဖေက အော်ငေါက်ရင်း မေးတော့ လင်းထက် က အဖွားကို ထိုးပြလိုက်သည်။ .... လှည်းကို ထိန်းထား... ဘာမှ မရှိဘူး... အဖေ...အဖွားကို သွား.. ထိန်းထားမယ်... နှွားထိန်းကြိုးကို လင်းထက်လက်ကို ပေး၍ ဖေဖေက အဖွားနားမှာ သွားထိုင်သည်။ အဖွားပေါ်မှာ ထိုင်နေသော အကောင်ကြီးကို ဖေဖေ မြင်ပုံမရ။ လင်းထက်ကတော့ နောက်လှည့်မကြည့်တော့ပဲ နွားထိန်းကြိုးကိုသာ အာရုံထား၍ ထိန်းနေလိုက်သည်။ အဖိုးနှင့် အဖွားအိမ်ရောက်တော့ ပိန်လှီနေသောအဖွားကို လှည်းပေါ်မှ သယ်ချရာ ဖေဖေတစ်ယောက်တည်း မ မနိုင်သဖြင့် လူလေးယောက် ဝိုင်းသယ်ကာ အိမ်ပေါ် ပို့ခဲ့ရသည်။ ဘယ်နိုင်မတုန်း အဖွားပေါ်မှာ သရဲကြီးက မိန့်မိန့်ကြီး ထိုင်နေတာကိုး။ ထို သရဲကြီးကို ဘယ်သူမှ မမြင် လင်းထက်တစ်ယောက်သာ မြင်နေရသည်။ ထိုနေ့က စပြီး အဖွားနားကို လင်းထက် မကပ်။ တခြား မြေးမြစ်များကတော့ အဖွားခေါ်လျင် အနားသွားကြသည်။ ဆေးရုံတွင် ယဲ့ယဲ့လေးသာ ကျန်တော့သော အဖွား ဒေါ်တင်ရီမှာ အိမ်ပြန်ရောက်ကတည်းက အခြေအနေ ပြောင်းလဲသွားသည်။ ဆေးရုံက တပတ်၊ တစ်လသာ ခံမည်ဟု ပြောသော်လည်း အဘွားမှာ ပို၍ပင် ကျန်းမာလာသလိုပင်။ ထိုင်နိုင် ၊ ထနိုင် စကားပြောနိုင်လာသည်။ အစားအသောက်ကို သာမန်လူထက်ပင် စားနိုင်လာသည်။ အသားဟင်းများ စားရသည့်နေ့တွင် အဖွား မှာ ထူးခြားစွာ ထူထူထောင်ထောင် ဖြစ်နေတတ်သည်။ အသားဟင်းစားရလျင် အဖွားမျက်နှာမှာ လန်းဆန်းနေသည်ကို တွေ့ရတော့ အဖိုးနှင့် သားသမီးများက မရှိရှိသည့်ကြားက အသားဟင်း ရှာဖွေ ချက်ပြုတ်ကျွေးမွေးသည်။ အဓိက အဖွားကြိုက်သော အသားဟင်းမှာ ဝက်သား၊ အမဲ သားဖြစ်သည်။ .... ကိုရွှေသန်း... ဒီနေ့ ရွာထဲက မြဒင်တို့အိမ်မှာ ဝက်ပေါ်မယ်တဲ့... ၂ပိဿ ာလောက် သွားဆွဲခဲ့လေ... ကျုပ်စားချင်လိုက်တာတော်.... ရွာထဲသွားလာနေသူတွေက ဘာသတင်းမှ မရသေး၊ အဖွားဒေါ်တင်ရီတစ်ယောက် ဘယ်က သတင်းရသည် မသိ။ .... သား....စိုးလွင်... ဟိုဘကချောင်းဝ ရွာမှာ...အမဲပေါ်မယ်လို့ကြားတယ်...့အမေစားချင်တယ်ကွယ်.... အဖွား ဒေါ်တင်ရီ ဖေဖေ့ကို ပူဆာတာ ကြားလိုက်သည်။ ..... ဟာ... မေမေကလည်း...သားမနက်ကပဲ... အဲ့ဒီက ပြန်လာတာ... ဘာသံမှ မကြားခဲ့ပါဘူးဗျာ... ဖေဖေက ပြောတော့ အဖွားက ဒေါသ ထွက်ဟန်ဖြင့် ဖေဖေ့ကို ကြိမ်းမောင်းတော့သည်။ ..... ဒီမနက် ဟိုဘက်ရွာက ဖိုးသိုက်တို့ နွားကြီး ပိုးထိပြီး သေသွေားတယ်... အဲ့ဒါ လပေးနဲ့ ပေါ်ရောင်းမယ် လုပ်နေတာ... နင် မိဘကို မကျွေးမွေးချင်လို့ ရှောင်ဖယ် နေတာ မဟုတ်လား... မိဘ ကျေးဇူး မသိတဲ့ကောင်... သွား အခု အမဲသား သွား ဝယ်လာခဲ့... မဝယ်ပေးရင်...နင်နဲ့ငါ သိမယ်.... ဘယ်တုန်းကမှ ကြမ်းကြမ်းတမ်း မပြောတတ်သော အဖွား ပါးစပ်မှ ဒေါသတကြီး ကြိမ်းဝါးသံများ ထွက်လာသည်။ ဆံပင်ဖားလျားချလျက် မျက်းဝန်းများက နီနီရဲရဲနှင့် ဖေဖေ့ကို အံကြိတ်ကြည့်နေသည့် အဖွားပုံစံမှာ ကြောက်စရာ ကောင်းလှသည်။ ဖေဖေက ဘာမှ မပြောတော့ပဲ ချောင်းဝရွာကို သွားသည်။ တကယ်ပင် ဦးဖိုးသိုက်နွားကြီးမှာ မနက်က မြက်စားရင်း ပိုးထိ သေဆုံးသဖြင့် ပေါ်၍ ရောင်းသည်နှင့် ကြုံရလေသည်။ ဖေဖေက အံသြတကြီးနှင့်သာ အမဲသား တစ်တွဲ ဝယ်၍ ပြန်ဆွဲလာခဲ့ရလေသည်။ တရွာလုံး မည်သူမျှ မရသေးသော သတင်းကို အိမ်ပေါ်ထိုင်နေသည့် အဖွားက ဘယ်လို ကြားသည် မသိ။ အသားဟင်းမချက်သည့် နေ့များဆို အဖွားပါးစပ်မှာ လူနာဟုပင် ထင်စကာ မရှိ၊ တဗျစ်တောက်တောက် ပြောဆိုနေတတ်သည်။ .... ဟဲ့... မယ်အုန်း... နင့်အိမ်မှာ ငါးဟင်း ချက်တယ် မဟုတ်လား... ငါ...စားချင်တာအေ... တခွက်လောက် လာပို့ပါလား... .... ဟုတ်...ဟုတ်... အစ်မတင်ရီ... ကျမ... လာပို့ပေးမယ်.... အိမ်ရှေ့က ဖြတ်သွားသူ မချန် ဟင်း ပို့ခိုင်းတတ်သည်။ ဘယ်သူ့အိမ် ဘာဟင်းချက်တာ အဖွားက ထိုင်ရာ မထ သိနေတတ်သည်။ ဒါတွေက လူကြီးတွေ ပြန်ပြော နေကြသည်ကို ကြား၍ လင်းထက်သိရခြင်းသာ။ အဖွား ဆေးရုံက ပြန်လာကတည်းက အဖွားတို့ အိမ်ပေါ် လင်းထက် လုံးဝ မတက်တော့။ မိဘတွေနှင့် လိုက်သွား တိုင်း အိမ်အောက် မှာသာ ရွယ်တူ ဝမ်းကွဲ ညီကို မောင်နှစ်မ များနှင့် သာ ဆော့ကစားနေတတ်သည်။ တစ်ရက်တော့ .... သားလေး... ပူတူး....သားအဖွား ခေါ်နေတယ်... သား နဲ့ မတွေ့တာ ကြာလို့ တွေ့ချင်လို့တဲ့... အဖွား နား သွားလိုက်ပါဦး... ဖေဖေနှင့် မေမေက လင်းထက်ကို ခေါ်ကာ ပြောလာသည်။ .... မသွားဘူး...မသွားဘူး... လင်းထက် အကြောက်အကန် ငြင်းသည်။ .... သွားလေ... ပူတူးလေး... ကိုယ့်အဖွား ဆီကို... သားအစ်ကိုတွေ... ညီတွေ... ညီမတွေတောင် အဖွားနား...ကပ်နေတာပဲဟာ... ကြီးကြီး၊ ဒေါ်ဒေါ်၊ ဦးလေး တော်စပ်သည့် ဆွေမျိုးများကပါ ဝိုင်းပြောသော်လည်း လင်းထက်က မသွား။ ပေကပ်နေသည်။ အတင်းဆွဲခေါ်ကြတော့ အာခေါင်ခြစ်အောင် အော်ငိုသည်။ .... ကိုယ့်အဖွားနား...ဘာလို့ မသွားတာလဲ... အဖွား စိတ်မကောင်း ဖြစ်နေမယ်လေ... သားလေး... အဖွား စိတ်မကောင်းဖြစ်ရင် သားလေး ငရဲကြီးလိမ့်မယ်... မိဘတွေက တိုးတိုးတိတ်တိတ် ဆုံးမသည်။ .... အဲ့ဒါ သားအဖွား မဟုတ်ဘူး...သရဲကြီး... ကြောက်စရာကြီး... သား...ကြောက်တယ်.... လင်းထက် စကားကြောင့် အားလုံး မျက်စိ မျက်နှာတွေ ပျက်ကုန်ကြသည်။ .... ပူတူးလေး...ဘာဒေပြောနေတာလဲ... မပြောကောင်းတာတွေ မပြောရဘူးလေ... မဟုတ်တာ ပြောရင်... အဖိုးရိုက်မှာ... ....ဟုတ်ပါတယ် ဆိုမှ ... ဟိုမှာ မတွေ့ကြဘူးလား... အဖွားပေါ်မှာ ခွထိုင်ပြီး... အဖွားလည်ပင်းကို ညှစ်ထားတဲ့ သရဲကြီး... အမွှေးကြီးတွေကို အရှည်ကြီးပဲ... သားကို လက်ယက်ပြီး ခေါ်နေတာ... ခဏ... ခဏပဲ... သား..ကြောက်လို့... အိမ်ပေါ်တောင် မတက်ဘူး... လင်းထက်က အိမ်ပေါ်မှ အဖွားရှိရာ လက်ညိုးထိုးကာ ငိုသံပါကြီးနှင့် ပြောလိုက်တော့ အားလုံး ထိတ်လန့် ကုန်ကြသည်။ အဖိုးက ဖေဖေ့ကို တိုးတိုး တိတ်တိတ် လှမ်းခေါ်သည်။ .... စိုးလွင်... မင်း...တော်ကဆော့ ရွာက ဆရာကြီး ဦးထိန်ကို သွားပင့်ကွာ... ငါ့မြေး ပြောပုံနဲ့ မတင်ရီပုံစံကို ငါ မသင်္ကာဘူး... စစ်ကြည့်ရအောင်... ညနေမှာ ဖေဖေနှင့်အတူ ခေါင်းပေါင်းပေါင်း၍ လွယ်အိတ်တစ်လုံး လွယ်ထားသော လူကြီး တစ်ဦးရောက်လာသည်။အဖိုးနှင့် သက်တူ ရွယ်တူ ခန့်ရှိသော်လည်း အဖိုးက ဆရာကြီးဟူ၍ ခေါ်သည်။ ဆရာကြီး အိမ်ပေါ်တောင် မတက်ရသေး အိပ်ယာထဲ မှ အဖွားက ရုတ်တရက် ထ,ထိုင်ကာ ဆရာကြီး ဦးထိန်ကို လက်ညိုး ငေါက်ငေါက်ထိုး၍ .... နင် ငါ့အိမ်...ဘာလာ လုပ်တာလဲ... မလာနဲ့ သွား... ငါ့ ကို လာ မစမ်းကြနဲ့နော်...ဟင်း...ဟင်း... ဟု ထအော်ကာ ဒေါသတကြီး မောင်းထုတ်တော့သည်။ အဖွား ဒေါသ ကြီးလျင် ကြောက်စရာ ကောင်းလှသည်။ မျက်လုံးများမှာ နီရဲလာက လူသတ်တော့မည့်ဟန်...။ အဖိုးက ဆရာကြီးဖိုးထိန်အား ခြေရင်းဘက်မှ သမီးဖြစ်သူ ဒေါ်ကြီး သန်းဝင်း အိမ်ခေါ်သွားသည်။ ညရောက်တော့ ဒေါ်ကြီးသန်းဝင်း အိမ်မှာ လူစည်သွားသည်။ လင်းထက်တို့ ကလေး တစ်သိုက်လည်း ဘာလဲဟူသော သိချင်ဇောဖြင့် စပ်စုကြသည်။ ဆရာကြီးဦးထိန်ဆိုသူက ဘုရားစင် ၊ တွင် ဆီးမီးများထွန်း အာရုံပြု ရှစ်ခိုးကန်တော့ပြီး သူ့ရှေ့တွင် လက်ဖြင့် ကြမ်းပြင်ကို ထောက်၍ စည်းဝိုင်း ပုံသဏ္ဍန် ဝိုင်းလိုက်သည်။ ထိုစည်းဝိုင်း အတွင်း ဒေါ်ကြီး သန်းဝင်းအား ထိုင်စေပြီး ပါးစပ်မှ မန်းမှုတ်နေသည်။ ခဏနေတော့ ဒေါ်ကြီး သန်းဝင်း၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်လာပြီး တစုံတရာ ပူးကပ်လာလေတော့သည်။ ဆံပင်များကို ဖားလျားချကာ မျက်လုံးများက ဒေါသ ချောင်းချောင်းထွက်ဟန်ဖြင့် အားလုံးကို ဝေ့ကြည့် သည်။ .... ငါ့ကို...ဘာလို့...နှောက်ယှက်ကြတာလဲ...ဟင်း...ဟင်း...သေချင်ကြလို့လား... ဒေါ်ကြီး သန်းဝင်း ပါးစပ်မှ အသံသြသြကြီး ထွက်လာသည်။ .... မင်း...ဘယ်သူလဲ...ဘယ်ကလဲ... ဆရာကြီးက မေးတော့ ပထမ မဖြေ။ ဆရာကြီးနှင့် ပတ်ဝန်းကျင်မှ လူများကို ရန်ပြု ချင်ဟန် ထခုန်ပေါက် သောင်းကျန်းတော့သည်။ ဆရာကြီးက ဂါထာတွေရွတ်၊ မန်းကြိုးတွေ လည်ပင်းချည်တော့မှ အနည်းငယ် ငြိမ်သွားသည်။ .... ငါက... ဘုန်းကြီးကျောင်း ရေကန်ညောင်ပင်က... သရဲ... အစားစားချင်လို့ ကပ်ပြီး နေ နေတာ... ဆရာကြီး ၏ မန်းကြိုး ဂါထာများက အတော်စွမ်းဟန်တူသည်။မေးသမျှ ကို ဖြေသည်။ သူသည် ရှေးယခင် မြိုင်သာ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ် ပါးဖြစ်ကာ ပျံလွန်တော်မူတော့ အယူလွဲကာ ညောင်ပင်ကြီးတွင် သရဲဖြစ်နေသူ တဲ့။ဘွဲ့နာမည်တွေတော့ မပြော။ ဖေဖေ့ကို လေဖြတ်အောင် လုပ်တာလဲသူ၊ ကိုရင်လေးဆီက အစားလုစားတာလည်းသူ၊ အဖွားခန္ဓာကိုယ်မှာ ကပ်ပြီးနေတာလဲ သူ၊ သူ့ကို လင်းထက် ဘာ့ကြောင့်မြင်ရတာလည်း ဟု ဆရာကြီးက မေးတော့.... လင်းထက်သည် အရင်ဘဝက သူနေထိုင်ရာ ညောင်ပင်နှင့် ကပ်ရပ် ညောင်ပင်မှ သရဲ တစ်ကောင်ဖြစ်ကာ ရင်းနှီးကြသည်ဟု ဆိုသည်။လင်းထက် သရဲဘဝဖြင့် ညောင်ပင်ကြီးတွင် နေထိုင်ရင်း မြိုင်သာ ရွာဘုန်းကြီးကျောင်းသို့ မရပ်ကုန်း ဆရာတော် ကြွလာစဉ် ကြည်ညိုလှသည် ဆိုပြီး အပင်မှ ဆင်းကန်တော့၊ မရပ်ကုန်း ဆရာတော် ဟောသော တရားများကို သွားနာယူရင်း ကျွတ်တန်းဝင်ကာ ဘုန်းကြီးကျောင်း အနီးလယ်ကွက်ထဲ နေထိုင်သည့် လင်းထက် အမေထံ ဝင်စားခြင်း ဖြစ်ကြောင်း ၊ ထို့ကြောင့် သရဲ ဘဝက ရင်းနှီးသူမို့ ကိုယ်ထင်ပြ၍ လင်းထက်ကို နှုတ်ဆက်ခြင်း ဖြစ်ကြောင်း ပြောသည်။ထို မရပ်ကုန်းဆရာတော်မှာ မည်သူမျှ မသိသော ရဟန္တာတစ်ပါး ဖြစ်သည်ဟု လည်း ပြောသည်။ ..... ဦးရွှေသန်း....ရော့...ဒီ... မန်းကြိုးကို လူနာ လည်ပင်းမှာ သွားဆွဲထားပေး...ဒီရေမန်းကိုလဲ... ခန္ဓာကိုယ်အနှံ့ ဖျန်းပေးခဲ့....ဒါမှ..ဒီသရဲကောင်...လူနာကို ပြန်ဝင်ကပ်လို့ မရမှာ... ဆရာကြီးက ရေမန်းတွေ မန်းကြိုးတွေ အဖိုးအားပေးလိုက်တော့ ဝင်ပူးနေသော သရဲ ချုံးပွဲချ ငိုတော့သည်။ သူ ဝင်ပူး ခိုကပ် စားသောက်ဖို့ ခန္ဓာ မရှိတော့ သည်မဟုတ်လား။ ..... မင်း...နေရာမှာ...မင်း...အေးအေးဆေးဆေး ပြန်နေ... သူတပါးကို မနှောင့်ယှက်နဲ့... အလှူအတန်းတွေရှိလို့ အမျှ အတန်းဝေရင်.. သာဓုခေါ်ပြီး... ဒီမကောင်းတဲ့ ဘဝက ကျွတ်အောင်လုပ်.... ဆရာကြီးက အမိန့်ပေး၍ ပူးကပ်ရာမှ ပြန်ထုတ်သည်။ သရဲ က မထွက်ခင် လင်းထက် ဖခင်ကို သတိပေး ပြောသွားသေးသည်။ ဘုန်းကြီးကျောင်း အနီး လယ်ကွက်အား စပါးစိုက်ဖို့ အသုံးမပြုရန်။ ညနေစောင်းလျင် မြိုင်သာဘုန်းကြီးကျောင်း စေတီ ၏ အရိပ်မှာ ထိုလယ်ကွက်အတွင်း အရိပ်ကျ သဖြင့် လယ်လုပ်ရန် မသင့်တော်။ဘုရားမြေ အဖြစ် ဘုန်းကြီးကျောင်းကို လှူဒါန်းရန် ၊ သူ သတိပေးခဲ့သော်လည်း ဂရု မစိုက်သဖြင့် ဖေဖေ့ကို ဒုက္ခပေးခြင်းဖြစ်ကြောင်း ပြောကာ ဝင်ပူးရာ မှ ထွက်သွားခဲ့သည်။ ထိုညတွင်ပင် အဖွားမှာ ဆုံးပါး သွားခဲ့ပါသည်။ အဖွားဆုံးသည်နှင့် မခံမရပ်နိုင်အောင် အပုပ်နံ့များ ထွက်လာသည်။ အစက ပြည့်ပြည့်ဖြိုးဖြိုး ရှိလာသော အဖွားမှာ ချက်ချင်းပင် အသားတစ်စက်မှ မရှိတော့သကဲ့သို့ အရိုးပေါ်မှာ အရေပြားလေး တင်ရုံသာ ရှိသည်။ .... လူနာက ဆုံးတာ ကြာနေပြီ... သူရဲ့ ရုပ်မှာ..သရဲက ဝပ်ကပ်မှီခိုပြီး စားသောက်နေလို့ မသေသေးသလို ဖြစ်ပြီး နလံထူနေတာ...ပြောရရင် ဖုတ်ဝင်တာပေါ့ကွာ... ...... မောင်စိုးလွင်... မင်းတို့ကလေးကိုလည်း... ဂရုစိုက်... ကံနိမ့်လို့...တစ္ဆေသရဲကို မြင်ရတာ... ရှင်ပြုပေးလိုက်တာ ကောင်းမယ်..... ဟု ဆရာကြီး ဦးထိန်က ပြောသွားသည်။ အဖွား ဆွမ်းသွတ်တွေ ဘာတွေ ပြီးလို့ မကြာခင် လင်းထက် ကိုရင် ဝတ်ခဲ့ပါသည်။ ဖေဖေကလည်း စေတီ အရိပ်ကျသော လယ်ကို ဘုရားမြေအဖြစ် အဖွားကို ရည်စူး၍ မြိုင်သာ ဘုန်းကြီးကျောင်းကို လှူဒါန်းလိုက်သည်။ မြိုင်သာ ဘုန်းကြီးကျောင်းတွင် ကိုရင် ဝိစာရ အမည်ဖြင့် ကိုရင် ဝတ်ခဲ့သော လင်းထက်မှာ ဉာဏ်ကောင်းလှသဖြင့် ကျောင်းထိုင်ဆရာတော်က ချစ်သည်။ ဆရာတော် အံခိုင်းသော တရားစာ များကို ကိုရင် ဝိစာရက သူများနှင့် မတူ အချိန်တို အတွင်း ပြန်အံ နိုင်သည်။ ထို့ကြောင့် ဆရာတော်က ဦးစားပေးသည်။ ကိုရင် ဝိသာရ တရားစာ ကျက်လျင် ရေကန်ကြီးရှိ ညောင်ပင်အောင်တွင် ထိုင်ကာ စေတီတော်ကြီးကို ကြည့် ၍ ကျက်သည်။ ထို့ကြောင့်လားတော့ မသိ။ စာရမြန်သည်။ တစ်ညတော့ ကိုရင် ဝိစာရ အိပ်မက် မက်သည်။ .... မင်း ကို ကိုယ်ထင်မပြနဲ့ဆိုလည်း... မပြပါဘူးကွာ... ငါ့ညောင်ပင်အောက်တော့ တရားစာလာ မကျက်ပါနဲ့... ငါ နေလို့ မရဘူးကွ... ထွက်..ထွက်..ပြေးနေရတယ်... ဟု ညောင်ပင်ပေါ်မှ လှမ်းပြောနေသော အမွှေးရှည်ရှည် နှင့် သရဲကို မြင်မက်သည်။ ထို့နောက်တော့ ကိုရင် ဝိစာရ ညောင်ပင်အောက်မှာ စာသွားမကျက်တော့ပဲ စေတီ အုတ်မြစ်ပေါ်မှာသာ ထိုက်၍ တရားစာ အံတော့လေသည်။ တစ်လခန့်ကြာတော့ လင်းထက် ကိုရင် ထွက်လာခဲ့သည်။ ထိုအချိန်မှ စ၍ လင်းထက်မှာ ညောင်ပင်မှ သရဲကြီး၏ အရိပ်အယောင်ကို မမြင်ရတော့သလို ညောင်ပင်ကြီးမှာ သရဲခြောက်သည်ဟုသော သတင်းလဲ တဖြည်းဖြည်း ပျောက်ကွယ်ကာ ပုံပြင်လောက်သာ ကျန်တော့လေသည်။ ထိုမျှသာ..... ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ ပြီးပါပြီ။

အမှားအယွင်း ၊ လိုအပ်ချက်များကို သည့်ခံဖတ်ပေးပါရန် ။

Credit: ချစ်သား မာရ်နတ်(Y,A,P)

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...