Loading...

ကြင္းဆက္တရားခံေအာင္၀င္းေဇာ္ရဲ႕သာေကတရွိ ေနအိမ္ကုိ တုိင္းရဲတပ္ဖြဲ႕က တုိက္ရိုက္

ဦးကုိနီကုိ လုပ္ၾကံသတ္ျဖတ္မႈရဲ႕ ကြင္းဆက္တရားခံအျဖစ္္ ဖမ္းဆီးခံထား
ရသူ ေအာင္၀င္းေဇာ္ရဲ႕သာေကတၿမိဳ႔နယ္(၁)ထူပါရံုရပ္ကြက္ ထူပါရံု၁၆လမ္း
အေရွ႕ရွိ ေနအိမ္ကုိ တုိင္းရဲတပ္ဖြဲ႕က တုိက္ရုိက္ လာေရာက္ေစာင္႕ၾကည္႕
ေနတယ္လုိ႕သိရပါတယ္။
-
အဆုိပါထူပါရုံ၁၆ လမ္း ရွိႏွစ္ထပ္တုိက္ဟာ ေအာင္၀င္းေဇာ္ရဲ႔ ေနအိမ္
ၿဖစ္တယ္လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက အတည္ျပဳေျပာပါတယ္။
ေအာင္၀င္းေဇာ္ရဲ႕ေနအိမ္ကိုရဲအင္အားအျပည္႕အစုံနဲ႕လာေရာက္္စစ္ေဆး
မႈမ်ားျပဳလုပ္ၿပီးတဲ႕ေနာက္မွာ ေနာက္ပိုင္းမွာေသာ႔ခတ္ထားတာျဖစ္တယ္လို႔ ထူပါရံု ၁၆လမ္း ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ကေျပာပါတယ္။
-
အဆုိပါေနအိမ္ကို လြန္ခဲ႔တဲ႔ ၄ရက္ ၅ရက္မွာ ရဲမ်ား စစ္ေဆးမႈမ်ားျပဳလုပ္ခဲ႔
တာျဖစ္တယ္လို႔ ပတ္၀န္းက်င္မွာ ေနထိုင္တဲ႔ ေဒၚေမရီက ေျပာပါတယ္။
‘’ပတ္၀န္းက်င္နဲ႔ အဆက္အသြယ္မရွိဘူး။မိသားစု ၃ေယာက္ ရွိတယ္။ကားနဲ႔ ပဲ ၀င္ထြက္တာလုပ္တယ္။အျမဲ ေသာ႔ပိတ္ထားတယ္။”လုိ႔ ေဒၚေမရီက ေျပာပါတယ္။
-
ပတ္၀န္းက်င္ နဲ႔ အဆက္အဆံ မရွိပဲ အရင္က ေျမကြက္လပ္ေနရာကို လြန္ခဲ႔တဲ႔ ႏွစ္ ႏွစ္ေက်ာ္ သံုးႏွစ္နီးပါး ေလာက္ မွ အိမ္၀ယ္ၿပီး ေဆာက္ခဲ႔တာျဖစ္တယ္လို႔ ေဒၚေမရီက ဆက္ေျပာပါတယ္ ။အဆိုပါ ကြင္းဆက္တရားခံ ေအာင္၀င္းေဇာ္ 
ရဲ႔ ေနအိမ္ကို ရဲမ်ား ၀င္ေရာက္ စစ္ေဆးတာ ေစာင္႔ၾကည္႔တာနဲ႔ ပတ္သတ္ၿပီး သာေကတၿမိဳ႔မရဲစခန္းအေနနဲ႔ မသိရွိခဲ႔ဘူး လို႔ ရဲမွဴး ေက်ာ္၀င္းကေျပာပါတယ္။
-
“တိုင္းရံုးက ပဲ လုပ္ေဆာင္တာ။စခန္းအေနနဲ႕ မသိရွိဘူး။”လို႔ ရဲမွဴးေက်ာ္၀င္းကေျပာပါတယ္။ ေအာင္၀င္းေဇာ္ရဲ႔ေနအိမ္ မွာ အသက္ ၄၂ႏွစ္
အရြယ္ဇနီးျဖစ္သူနဲ႔ အသက္ ၁၉ႏွစ္အရြယ္ သားတစ္ဦးတုိ႔ နဲ႔ ေနထိုင္
တာၾကတာျဖစ္တယ္လို႔ သိရပါတယ္။
-
ဇန္န၀ါရီလ ၃၀ ရက္ေန ့က ဦးကိုနီ လုပ္ ႀကံခံရမႈမွာ ပူးေပါင္းပါ၀င္ခဲ့တယ္
ဆိုတဲ့ တရားခံလို ့ယူဆရသူ ဦး ေအာင္၀င္းေဇာ္ကိုလည္း ဖမ္းဆီးရမိခဲ့တယ္
လို ့ နိုင္ငံေတာ္သမၼတရုံးက ေဖေဖာ္၀ါရီိလ ၃ ရက္ေန ့မွာ သတင္းထုတ္ျပန္
ေၾကညာထားပါတယ္။

#ကုမုၿဒာ
Unicode>>>
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုရဲ့ ကွင်းဆက်တရားခံအဖြစ်် ဖမ်းဆီးခံထား
ရသူ အောင်ဝင်းဇော်ရဲ့သာကေတမြို့နယ်(၁)ထူပါရုံရပ်ကွက် ထူပါရုံ၁၆လမ်း
အရှေ့ရှိ နေအိမ်ကို တိုင်းရဲတပ်ဖွဲ့က တိုက်ရိုက် လာရောက်စောင့်ကြည့်
နေတယ်လို့သိရပါတယ်။
-
အဆိုပါထူပါရုံ၁၆ လမ်း ရှိနှစ်ထပ်တိုက်ဟာ အောင်ဝင်းဇော်ရဲ့ နေအိမ်
ဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောပါတယ်။
အောင်ဝင်းဇော်ရဲ့နေအိမ်ကိုရဲအင်အားအပြည့်အစုံနဲ့လာရောက််စစ်ဆေး
မှုများပြုလုပ်ပြီးတဲ့နောက်မှာ နောက်ပိုင်းမှာသော့ခတ်ထားတာဖြစ်တယ်လို့ ထူပါရုံ ၁၆လမ်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ကပြောပါတယ်။
-
အဆိုပါနေအိမ်ကို လွန်ခဲ့တဲ့ ၄ရက် ၅ရက်မှာ ရဲများ စစ်ဆေးမှုများပြုလုပ်ခဲ့
တာဖြစ်တယ်လို့ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ဒေါ်မေရီက ပြောပါတယ်။
‘’ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်မရှိဘူး။မိသားစု ၃ယောက် ရှိတယ်။ကားနဲ့ ပဲ ဝင်ထွက်တာလုပ်တယ်။အမြဲ သော့ပိတ်ထားတယ်။”လို့ ဒေါ်မေရီက ပြောပါတယ်။
-
ပတ်ဝန်းကျင် နဲ့ အဆက်အဆံ မရှိပဲ အရင်က မြေကွက်လပ်နေရာကို လွန်ခဲ့တဲ့ နှစ် နှစ်ကျော် သုံးနှစ်နီးပါး လောက် မှ အိမ်ဝယ်ပြီး ဆောက်ခဲ့တာဖြစ်တယ်လို့ ဒေါ်မေရီက ဆက်ပြောပါတယ် ။အဆိုပါ ကွင်းဆက်တရားခံ အောင်ဝင်းဇော် 
ရဲ့ နေအိမ်ကို ရဲများ ဝင်ရောက် စစ်ဆေးတာ စောင့်ကြည့်တာနဲ့ ပတ်သတ်ပြီး သာကေတမြို့မရဲစခန်းအနေနဲ့ မသိရှိခဲ့ဘူး လို့ ရဲမှူး ကျော်ဝင်းကပြောပါတယ်။
-
“တိုင်းရုံးက ပဲ လုပ်ဆောင်တာ။စခန်းအနေနဲ့ မသိရှိဘူး။”လို့ ရဲမှူးကျော်ဝင်းကပြောပါတယ်။ အောင်ဝင်းဇော်ရဲ့နေအိမ် မှာ အသက် ၄၂နှစ်
အရွယ်ဇနီးဖြစ်သူနဲ့ အသက် ၁၉နှစ်အရွယ် သားတစ်ဦးတို့ နဲ့ နေထိုင်
တာကြတာဖြစ်တယ်လို့ သိရပါတယ်။
-
ဇန်နဝါရီလ ၃၀ ရက်နေ ့က ဦးကိုနီ လုပ် ကြံခံရမှုမှာ ပူးပေါင်းပါဝင်ခဲ့တယ်
ဆိုတဲ့ တရားခံလို ့ယူဆရသူ ဦး အောင်ဝင်းဇော်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်
လို ့ နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီိလ ၃ ရက်နေ ့မှာ သတင်းထုတ်ပြန်
ကြေညာထားပါတယ်။

#ကုမုဒြာ

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...