Loading...

လူေျပာမ်ားေနတဲ့ အျမန္လမ္းမၾကီးေပၚက ညဥ္႔ငွက္မေလးအေၾကာင္း

အခ်ိန္ကား ည၈ နာရီျဖစ္၏။မိုးသည္ သည္းသည္းမဲမဲ ရြာေနသည္။ေက်ာ္ေဆြက ဂ်စ္ကားေလးကို မိုးစက္မိုးေပါက္မ်ား ၾကားတြင္ သတိထားျပီး ခပ္ျဖည္းျဖည္း ေလးေမာင္းလာခဲ့ေလသည္။ရန္ကုန္-မနၱေလး ကားလမ္းမၾကီး ေပၚ၌ မီးထိုးေမာင္းနွင္လာေသာ ကုန္ကားၾကီးမ်ားကို မၾကာခဏ ေရွာင္ရသည္မွလြဲလို႔ လမ္းမွာ လူသြားလူလာ ျပတ္ေနသည္။ေတာင္ငူ ဘူတာၾကီးသို႔ လာၾကိဳရန္ မိခင္ၾကီးထံမွ ဖုန္းဆက္ထားသျဖင့္ ညေနေစာင္းထဲက အိမ္မွထြက္လာခဲ့ေသာ္လည္း အေပါင္းအသင္းမ်ားနွင့္ ေတြ႕ရာ ပိုင္အိုနီးယားသို႔ ဝင္လိုက္ရေသးသည္။မိုးသည္ တစ္ေနကုန္ေစြျပီး စိုစြတ္ေအးျမေနေသာေၾကာင့္ ဘီယာ အရွိန္ေလးတင္ေပးရေလ၏။တစ္ေအာင့္ေလာက္ၾကာေတာ့ နာရီကိုၾကည့္ျပီး သူငယ္ခ်င္းမ်ားကို နႈတ္ဆက္ကာ ထိုဆိုင္မွထြက္ခြာခဲ့ျခင္း ျဖစ္၏။ က်ြန္းကုန္းရြာေလးကို လြန္သည္နွင့္ လူေနအိမ္ေျခမ်ား မရွိေတာ့ဘဲ ရြာဆက္ျပတ္သြားသည္။

ကားမီးေရာင္သည္ လမ္းမေပၚသို႔ မီးတစ္ရိုက္အကြာအေဝး ေလာက္ လင္းျဖာေသာ္လည္း မိုးစက္မိုးေပါက္မ်ားေၾကာင့္ မႈန္ဝါးဝါး ျဖစ္ေနကာလမ္းေဘးနွစ္ဘက္ ပတ္ဝန္းက်င္ တစ္ခြင္လံုးမွာလဲ မဲေမွာင္ေနေလ၏။ ျမိဳ႕သစ္မွ ေတာင္ငူသို႔ (၁၃) မိုင္ခန္႔ ေဝးေသာ္လည္း ေက်ာ္ေဆြက ဒီလမ္းခရီးကို သြားေနက် ျဖစ္၍ စိတ္ပူပင္မႈ တစ္စိုးတစ္စိမ်ွ မရွိေပ။ကားအရွိန္ကို ေလ်ာ့၍ သံလမ္းကုန္းကို ေက်ာ္ျပီးခ်ိန္တြင္ စိတ္ထဲ ခ်မ္းစိမ့္စိမ့္ ျဖစ္လာ၍ ဂ်င္းအက်ၤီအိပ္ကပ္ ထဲမွ စီးကရက္ဘူးကို ထုတ္ျပီး စီးကရက္ တစ္လိပ္ကို ထုတ္ယူ မီးညွိ ရႈိက္ဖြာလိုက္ေလ၏။မီးညွိျပီးကားေရွ႕သို႔အၾကည့္မီးေရာင္ေအာက္တြင္ လူတစ္ေယာက္ ကိုဘြားကနဲ ေတြ႕လိုက္ရာ ဘရိတ္ကိုေဆာင့္နင္းခ်လိုက္ရေလ၏။ ကားဘီးတို႔သည္ စိုစြတ္ေနသည့္ ကတၲရာ လမ္းကိုပြတ္တိုက္ရင္း က်ြီ ကနဲ ထိုးရပ္သြားေလေတာ့သည္။ ေလၾကီးမိုးၾကီးထဲတြင္ ကတၱရာလမ္းေပၚ၌ ကားနွင့္ ေလးငါးေပခန္႔ အကြာေလာက္တြင္ ေျခစံုရပ္ေနသည့္ မိန္းကေလး တစ္ဦး ျဖစ္၏။

မိုးေရမ်ား ရႊဲစိုေနသည့္ အဝတ္အထည္တို႔က ခနၶာကိုယ္ကို ကပ္ေနရာ ေပၚလြင္ေနေသာ တင္အစံုနွင့္ မို႔ေမာက္ေနေသာ ရင္အစံုတို႔က ကားမီးေရာင္ေၾကာင့္ အထင္းသားေပၚလြင္ေနေလ၏။အံုထူ၍ ရွည္လ်ားေသာ ဆံနြယ္တို႔က မ်က္နွာတစ္ဖက္ျခမ္းကို မိုးစက္မိုးေပါက္တို႔နွင့္အတူဖားလ်ားက်ေနေလ၏။က်ြန္းကုန္းနွင့္နတ္စင္ကုန္း ၾကားရွိ ထိုေနရာ တစ္ဝိုက္သည္ မၾကာခဏ အေျခာက္အလွန္႔ ေနရာျဖစ္ေၾကာင္း ၾကားဖူးရာ ေက်ာ္ေဆြလဲ ခ်ီတံုခ်တံု ျဖစ္သြားေလ၏။သို႔ရာတြင္ မိန္းကေလးက ခိုက္ခိုက္တုန္စြာျဖင့္ ကားဆီသို႔ လွမ္းၾကည့္ေနေလ၏။ ေက်ာ္ေဆြလဲ ရုတ္တရက္ ေၾကာင္ေနရာမွ ေၾကာက္စရာ မဟုတ္ဘူးဟု စိတ္ကို ဆံုးျဖတ္ကာ ကားတံခါးကိုဖြင့္၍ ထီးေဆာင္းျပီးဆင္းေလေတာ့၏။ " ေဟ့ မင္းဘာလုပ္ေနတာလဲ ။ကားတစ္စီးလံုးလာတာ မျမင္ဘူးလား " ဟု ေအာ္ေမး လိုက္ရာမိန္းကေလးသည္ ကားမီးထိုးထားသည့္ဘက္သို႔ လက္ကေလးကြယ္ရင္း ေနာက္သို႔ဆုတ္လိုက္သည္။ထို႔ေနာက္ တစ္ဟင့္ဟင့္နွင့္ ရႈိက္ငိုေနကာေက်ာ္ေဆြအား မ်က္နွာငယ္ေလးနွင့္ ၾကည့္ေနေလ၏။ " ငါေမးေနတာ မၾကားဘူးလား။ မိန္းကေလး တစ္ေယာက္တည္း ဒီေနရာမွာ အခ်ိန္မေတာ္ၾကီး၊ မင္း ဘယ္ကလဲ ဘာလုပ္ေနတာလဲ " ဟုထပ္မံေအာ္ရင္း ေက်ာ္ေဆြက မိန္းကေလး အနားသို႔ တိုးကပ္ သြားမိရာ မိန္းကေလးမွာ တဆတ္ဆတ္ တုန္ေအာင္ ခ်မ္းေနသည္ကို ေတြ႕ရေလေတာ့သည္။ ေက်ာ္ေဆြ ၾကည့္ေနရင္း မိန္းကေလးမွာ တစ္ျဖည္းျဖည္း အရပ္ရွည္ထြက္လာသည္။

ထန္းတစ္ပင္ ခန္႔ ရွည္ျပီး နီရဲေနေသာ မ်က္လံုးမွာလဲ သပိတ္လံုး အရြယ္ ရွိ၏။ေက်ာ္ေဆြ ၾကက္ေသေသ ျပီး တစ္ခဏမ်ွ ေၾကာင္ၾကည့္ေနမိေလ၏။ ထို႔ေနာက္ ေက်ာ္ေဆြလဲ သတိျပန္ဝင္လာျပီး ကားဆီသို႔ ေျပးေလေတာ့သည္။ ကားတံခါးကိုဖြင့္ ကားစက္နႈိးျပီး အသားကုန္ ေမာင္းေလေတာ့၏။ ထို႔ေနာက္ မိခင္ၾကီးကို ၾကိဳျပီး (၁၃) မိုင္ခန္႔ ေဝးေသာ ျမိဳ႕သစ္သို႔ ျပန္ခဲ့ၾကေလ၏။ အျပန္လမ္း၌ ညကေျခာက္ခံထိေသာေနရာ ၌ ထိုမိန္းကေလးကို အမွတ္တမဲ႔ ေတြ႕လိုက္ရေသးသည္။ေဘးမွာ မိခင္ရွိေနေသာေၾကာင့္ ဟန္ေဆာင္ေနရေသာ္လဲ ညက ပံုရိပ္ေတြ မ်က္လံုးထဲကမထြက္ေပ။ ထိုညက တိုက္တိုက္ဆိုင္ဆိုင္ အျဖစ္အပ်က္နွင့္ မိန္းမေခ်ာ ညဥ္႔ငွက္မေလး အေၾကာင္း ျပန္ျမင္ေယာင္ေနမိရာ ေတာ္ရံုနွင့္ အိပ္မေပ်ာ္ခဲ့ပါ။ ေနာက္တစ္ခါ အဲ့ဒီဘက္ကို တစ္ေယာက္တည္း မသြားေတာ့ပါဘူးဗ်ာ။သြားခဲ့သည္ရွိေသာ္ ခုစာဖတ္ေနသူကို အေဖာ္အျဖစ္ ေခၚသြားပါရေစ.. လိုက္မွာလား ???

Credit: သရဲေလး
=====
 Unicode
အချိန်ကား ည၈ နာရီဖြစ်၏။မိုးသည် သည်းသည်းမဲမဲ ရွာနေသည်။ကျော်ဆွေက ဂျစ်ကားလေးကို မိုးစက်မိုးပေါက်များ ကြားတွင် သတိထားပြီး ခပ်ဖြည်းဖြည်း လေးမောင်းလာခဲ့လေသည်။ရန်ကုန်-မန္တလေး ကားလမ်းမကြီး ပေါ်၌ မီးထိုးမောင်းနှင်လာသော ကုန်ကားကြီးများကို မကြာခဏ ရှောင်ရသည်မှလွဲလို့ လမ်းမှာ လူသွားလူလာ ပြတ်နေသည်။တောင်ငူ ဘူတာကြီးသို့ လာကြိုရန် မိခင်ကြီးထံမှ ဖုန်းဆက်ထားသဖြင့် ညနေစောင်းထဲက အိမ်မှထွက်လာခဲ့သော်လည်း အပေါင်းအသင်းများနှင့် တွေ့ရာ ပိုင်အိုနီးယားသို့ ဝင်လိုက်ရသေးသည်။မိုးသည် တစ်နေကုန်စွေပြီး စိုစွတ်အေးမြနေသောကြောင့် ဘီယာ အရှိန်လေးတင်ပေးရလေ၏။တစ်အောင့်လောက်ကြာတော့ နာရီကိုကြည့်ပြီး သူငယ်ချင်းများကို နှုတ်ဆက်ကာ ထိုဆိုင်မှထွက်ခွာခဲ့ခြင်း ဖြစ်၏။

ကျွန်းကုန်းရွာလေးကို လွန်သည်နှင့် လူနေအိမ်ခြေများ မရှိတော့ဘဲ ရွာဆက်ပြတ်သွားသည်။ကားမီးရောင်သည် လမ်းမပေါ်သို့ မီးတစ်ရိုက်အကွာအဝေး လောက် လင်းဖြာသော်လည်း မိုးစက်မိုးပေါက်များကြောင့် မှုန်ဝါးဝါး ဖြစ်နေကာလမ်းဘေးနှစ်ဘက် ပတ်ဝန်းကျင် တစ်ခွင်လုံးမှာလဲ မဲမှောင်နေလေ၏။ မြို့သစ်မှ တောင်ငူသို့ (၁၃) မိုင်ခန့် ဝေးသော်လည်း ကျော်ဆွေက ဒီလမ်းခရီးကို သွားနေကျ ဖြစ်၍ စိတ်ပူပင်မှု တစ်စိုးတစ်စိမျှ မရှိပေ။ကားအရှိန်ကို လျော့၍ သံလမ်းကုန်းကို ကျော်ပြီးချိန်တွင် စိတ်ထဲ ချမ်းစိမ့်စိမ့် ဖြစ်လာ၍ ဂျင်းအကျင်္ီအိပ်ကပ် ထဲမှ စီးကရက်ဘူးကို ထုတ်ပြီး စီးကရက် တစ်လိပ်ကို ထုတ်ယူ မီးညှိ ရှိုက်ဖွာလိုက်လေ၏။မီးညှိပြီးကားရှေ့သို့အကြည့်မီးရောင်အောက်တွင် လူတစ်ယောက် ကိုဘွားကနဲ တွေ့လိုက်ရာ ဘရိတ်ကိုဆောင့်နင်းချလိုက်ရလေ၏။ ကားဘီးတို့သည် စိုစွတ်နေသည့် ကတ္တရာ လမ်းကိုပွတ်တိုက်ရင်း ကျွီ ကနဲ ထိုးရပ်သွားလေတော့သည်။

 လေကြီးမိုးကြီးထဲတွင် ကတ္တရာလမ်းပေါ်၌ ကားနှင့် လေးငါးပေခန့် အကွာလောက်တွင် ခြေစုံရပ်နေသည့် မိန်းကလေး တစ်ဦး ဖြစ်၏။မိုးရေများ ရွှဲစိုနေသည့် အဝတ်အထည်တို့က ခန္ဓာကိုယ်ကို ကပ်နေရာ ပေါ်လွင်နေသော တင်အစုံနှင့် မို့မောက်နေသော ရင်အစုံတို့က ကားမီးရောင်ကြောင့် အထင်းသားပေါ်လွင်နေလေ၏။အုံထူ၍ ရှည်လျားသော ဆံနွယ်တို့က မျက်နှာတစ်ဖက်ခြမ်းကို မိုးစက်မိုးပေါက်တို့နှင့်အတူဖားလျားကျနေလေ၏။ကျွန်းကုန်းနှင့်နတ်စင်ကုန်း ကြားရှိ ထိုနေရာ တစ်ဝိုက်သည် မကြာခဏ အခြောက်အလှန့် နေရာဖြစ်ကြောင်း ကြားဖူးရာ ကျော်ဆွေလဲ ချီတုံချတုံ ဖြစ်သွားလေ၏။သို့ရာတွင် မိန်းကလေးက ခိုက်ခိုက်တုန်စွာဖြင့် ကားဆီသို့ လှမ်းကြည့်နေလေ၏။ ကျော်ဆွေလဲ ရုတ်တရက် ကြောင်နေရာမှ ကြောက်စရာ မဟုတ်ဘူးဟု စိတ်ကို ဆုံးဖြတ်ကာ ကားတံခါးကိုဖွင့်၍ ထီးဆောင်းပြီးဆင်းလေတော့၏။ " ဟေ့ မင်းဘာလုပ်နေတာလဲ ။ကားတစ်စီးလုံးလာတာ မမြင်ဘူးလား " ဟု အော်မေး လိုက်ရာမိန်းကလေးသည် ကားမီးထိုးထားသည့်ဘက်သို့ လက်ကလေးကွယ်ရင်း နောက်သို့ဆုတ်လိုက်သည်။ထို့နောက် တစ်ဟင့်ဟင့်နှင့် ရှိုက်ငိုနေကာကျော်ဆွေအား မျက်နှာငယ်လေးနှင့် ကြည့်နေလေ၏။ " ငါမေးနေတာ မကြားဘူးလား။ မိန်းကလေး တစ်ယောက်တည်း ဒီနေရာမှာ အချိန်မတော်ကြီး၊ မင်း ဘယ်ကလဲ ဘာလုပ်နေတာလဲ " ဟုထပ်မံအော်ရင်း ကျော်ဆွေက မိန်းကလေး အနားသို့ တိုးကပ် သွားမိရာ မိန်းကလေးမှာ တဆတ်ဆတ် တုန်အောင် ချမ်းနေသည်ကို တွေ့ရလေတော့သည်။

 ကျော်ဆွေ ကြည့်နေရင်း မိန်းကလေးမှာ တစ်ဖြည်းဖြည်း အရပ်ရှည်ထွက်လာသည်။ထန်းတစ်ပင် ခန့် ရှည်ပြီး နီရဲနေသော မျက်လုံးမှာလဲ သပိတ်လုံး အရွယ် ရှိ၏။ကျော်ဆွေ ကြက်သေသေ ပြီး တစ်ခဏမျှ ကြောင်ကြည့်နေမိလေ၏။ ထို့နောက် ကျော်ဆွေလဲ သတိပြန်ဝင်လာပြီး ကားဆီသို့ ပြေးလေတော့သည်။ ကားတံခါးကိုဖွင့် ကားစက်နှိုးပြီး အသားကုန် မောင်းလေတော့၏။ ထို့နောက် မိခင်ကြီးကို ကြိုပြီး (၁၃) မိုင်ခန့် ဝေးသော မြို့သစ်သို့ ပြန်ခဲ့ကြလေ၏။ အပြန်လမ်း၌ ညကခြောက်ခံထိသောနေရာ ၌ ထိုမိန်းကလေးကို အမှတ်တမဲ့ တွေ့လိုက်ရသေးသည်။ဘေးမှာ မိခင်ရှိနေသောကြောင့် ဟန်ဆောင်နေရသော်လဲ ညက ပုံရိပ်တွေ မျက်လုံးထဲကမထွက်ပေ။ ထိုညက တိုက်တိုက်ဆိုင်ဆိုင် အဖြစ်အပျက်နှင့် မိန်းမချော ညဉ့်ငှက်မလေး အကြောင်း ပြန်မြင်ယောင်နေမိရာ တော်ရုံနှင့် အိပ်မပျော်ခဲ့ပါ။ နောက်တစ်ခါ အဲ့ဒီဘက်ကို တစ်ယောက်တည်း မသွားတော့ပါဘူးဗျာ။သွားခဲ့သည်ရှိသော် ခုစာဖတ်နေသူကို အဖော်အဖြစ် ခေါ်သွားပါရစေ.. လိုက်မှာလား ???

Credit: သရဲလေး

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...