လင္မယားအသစ္စက္စက္ရဲ႕ မဂၤလာဦးညကို ကြင္းကြင္းကြက္ကြက္ ျမင္ေအာင္ဆိုထားတဲ့ သီခ်င္း (စိုင္းထီးဆုိင္)

ကၽြန္ေတာ္တို႔ငယ္ငယ္က ကၽြန္ေတာ္တုိ႔အေဖ ဖြင့္တဲ့သီခ်င္းေတြထဲမွာ စိတ္ထဲ ခုိးလုိးခုလု ျဖစ္ရတဲ့သီခ်င္းတစ္ပုဒ္ ရွိတယ္ ... ဦးစိုင္းထီးဆုိင္ရဲ႕ ... အျပာေရာင္မ်က္ရည္တဲ့ ...
♪♪♪ ... ရွိတဝက္ပ်က္တဝက္ ႏွစ္ဖက္ေသာပါးျပင္ေပၚမွာ လိမ္းတဲ့ သနပ္ခါး ကြက္က်န္လို႔ေန
တစ္လိမ့္ခ်င္းလိမ့္လုိ႔ စီးဆင္းက်လာရာလမ္း ျမစ္ႏွစ္သြယ္လိုပဲ ထင္က်န္ေန
စီးပါေလေစ ခ်စ္သူေရ မသုတ္လိုက္နဲ႔ အျပာေရာင္ေလး ဒီမ်က္ရည္ေတြနဲ႔ တကယ္လွေန... ♪♪♪
အဲ့စာသားနားေထာင္ရင္း စဥ္းစားတယ္ .. ဒီလူက လူဆိုးႀကီးမ်ားလား ... ရက္စက္ခ်က္ကလည္း ကမ္းကုန္ပဲ ... ေကာင္မေလး မ်က္ရည္က်တာကို တစိမ့္စိမ့္ထိုင္ၾကည့္ၿပီး အရသာခံေနတယ္ေပါ့ ... အဲဒါနဲ႔ ဆက္နားေထာင္ျဖစ္တယ္ ...
♪♪♪ .... တခ်က္တခ်က္ရိႈက္တဲ့မင္းငိုသံေလး ညသန္းေကာင္ေတးတစ္ပုဒ္လိုပဲေလ
ယဲ့ယဲ့ျပံဳးတဲ့ မင္းရဲ့မ်က္ႏွာျမင္ေတာ့ အလွပန္းခ်ီတစ္ခ်ပ္အလား ထင္စရာေပ
စီးပါေလေစ ခ်စ္သူေရ မသုတ္လိုက္နဲ႔ အျပာေရာင္ေလး ဒီမ်က္ရည္ေတြနဲ႔ တကယ္လွေန .... ♪♪♪
ဟင္ ... ယဲ့ယဲ့ၿပံဳးသတဲ့ ... ငိုေနရင္းက ဘာလုိ႔ထၿပံဳးရတာလဲ ... ႏွိပ္စက္လြန္လုိ႔ ေၾကာက္ၿပီး႐ူးမ်ားသြားေလသလားပဲ ... အဲထားပါေတာ့ေလ ... ဆက္နားေထာင္တယ္ ...
♪♪♪ ... အျပာေရာင္ေလး အခ်စ္မ်က္ရည္ အျပာေရာင္မ်က္ရည္ အခ်စ္သက္ေသ
စိုခြင့္ရွိသူသာ စိုေစမယ္ စိုေစမယ္
ေပါကၡဝႆန မိုးလိုေျပာတာ ဒါပဲျဖစ္မယ္ထင္ရဲ့ စိတ္မွာစြဲေန
လိုက္ေလ်ာျခင္းရဲ့အဆံုးစြန္းေရာက္တဲ့ ခဏေလး တသက္မွာတစ္ခါပဲ ၾကံဳမယ္ေလ
စီးပါေလေစ ခ်စ္သူေရ မသုတ္လိုက္နဲ႔ အျပာေရာင္ေလး ဒီမ်က္ရည္ေတြနဲ႔ ယဥ္လို႔ေန .... ♪♪♪
ငင့္ .. ေပါက္ကရ မိုးေတြဘာေတြပါ ပါလာၿပီ .. လုိက္မမီေတာ့ဘူး .. ေဖေဖ့ကို ေမးၾကည့္ေတာ့လည္း ရယ္ေနတယ္ .. အဲလုိနဲ႔ ဘာမွန္းမသိတဲ့ သီခ်င္းတစ္ပုဒ္ဆိုၿပီး စိတ္ထဲမွာ ခုလုခုလုနဲ႔ ရွိေနခဲ့တာေပါ့ ...
အဲလုိနဲ႔ တကၠသိုလ္တက္ေတာ့ အေဆာင္က ဦးေလးႀကီး အဲဒီသီခ်င္းဆိုေနသံၾကားလုိ႔ ထပ္ေမးၾကည့္ျဖစ္တယ္ ... ဦးေလးႀကီးက ရယ္က်ဲက်ဲျဖစ္သြားတယ္ ...
- မင္းၾကားဖူးမွာေပါ့ .. အျပာကားတုိ႔ အျပာစာအုပ္တုိ႔ .... အဲဒီအျပာရဲ႕အဓိပၸါယ္ကို သိတယ္မဟုတ္လား ...
- ဟုတ္ .. ဟိုဟာ .. လူႀကီးကိစၥ
- ေအး .. ဒီသီခ်င္းက အဲဒီကိစၥပဲကြ ... ေကာင္မေလးရဲ႕ ပထမဆံုးညမို႔ က်တဲ့မ်က္ရည္ေလ .. အျပာေရာင္မ်က္ရည္လုိ႔ တင္စားထားတာ ...
- ေၾသာ္ ....
- ဒါနဲ႔ ေပါက္ကရမိုးဆိုတာက ...
- ေပါကၡရ၀ႆမိုးပါကြာ ... အဲဒါက ဘုရားရွင္လက္ထက္က တန္ခိုးေတာ္နဲ႔ ရြာေပးတဲ့ စိုေစလုိသူစိုၿပီး မစိုေစခ်င္တဲ့လူ မစိုတဲ့ မုိးကိုေျပာတာ ...
- ေၾသာ္ ....
အဲလိုနဲ႔ ကၽြန္ေတာ္ အဲဒီသီခ်င္းကို ျပန္နားေထာင္ၾကည့္တယ္ ... လခြမ္း .. ေရးခ်က္က အရမ္းခ်ီးက်ဴးဖုိ႔ေကာင္းတယ္ဗ်ာ ... အဓိပၸါယ္သိမွ ပိုၿပီးသေဘာက်သြားတယ္ ... ဖြဲ႕ႏြဲ႕တတ္ပံုမ်ား ... ေနာက္မွ ဆရာစိုင္းခမ္းလိတ္ေရးတာ ဆိုတာ သိရတယ္ ... စာသားေတြက ခ်စ္စရာေလးဗ်ာ ... ♪♪♪ လုိက္ေလ်ာျခင္းရဲ႕ အဆံုးစြန္ေရာက္တဲ့တခဏေလး .. တစ္သက္မွာ တစ္ခါပဲႀကံဳမယ္ေလ ♪♪♪ .. တဲ့ ... ေပါကၡရ၀ႆမိုး ဆိုတဲ့ တင္စားခ်က္ေလးကိုလည္း သေဘာက်မိတယ္ ... မိန္းကေလးစိုေစလုိသူအတြက္ မိုးေပါ့ ... ေနာက္ၿပီး စိတ္ကူးထဲက လူယုတ္မာႀကီးလည္း ေပ်ာက္သြားတယ္ ... ပထမဆံုးညမို႔ ငိုေနတဲ့ ခ်စ္သူေလးကို တစိမ့္စိမ္နဲ႔ ၾကည့္ရင္း ခ်စ္မ၀တဲ့ ေယာက်္ားေလးတစ္ဦးဆိုတာပဲ စိတ္ထဲေပၚလာတယ္ ... အဲ ... သီခ်င္းဆံုးေတာ့ ပထမဆံုး၀င္လာတဲ့အေတြးက ၀မ္းနည္းစရာပဲ .. ဆရာစိုင္းခမ္းလိတ္ေရးတုန္းက အျပာေရာင္မ်က္ရည္ဟာ ခုေခတ္မွာ မရွိေတာ့ဘူးဆိုတာ ေတြးလိုက္မိလုိ႔ပါ .... :D
==========

Unicode>>>
ကျွန်တော်တို့ငယ်ငယ်က ကျွန်တော်တို့အဖေ ဖွင့်တဲ့သီချင်းတွေထဲမှာ စိတ်ထဲ ခိုးလိုးခုလု ဖြစ်ရတဲ့သီချင်းတစ်ပုဒ် ရှိတယ် ... ဦးစိုင်းထီးဆိုင်ရဲ့ ... အပြာရောင်မျက်ရည်တဲ့ ...
♪♪♪ ... ရှိတဝက်ပျက်တဝက် နှစ်ဖက်သောပါးပြင်ပေါ်မှာ လိမ်းတဲ့ သနပ်ခါး ကွက်ကျန်လို့နေ
တစ်လိမ့်ချင်းလိမ့်လို့ စီးဆင်းကျလာရာလမ်း မြစ်နှစ်သွယ်လိုပဲ ထင်ကျန်နေ
စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့ အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ... ♪♪♪
အဲ့စာသားနားထောင်ရင်း စဉ်းစားတယ် .. ဒီလူက လူဆိုးကြီးများလား ... ရက်စက်ချက်ကလည်း ကမ်းကုန်ပဲ ... ကောင်မလေး မျက်ရည်ကျတာကို တစိမ့်စိမ့်ထိုင်ကြည့်ပြီး အရသာခံနေတယ်ပေါ့ ... အဲဒါနဲ့ ဆက်နားထောင်ဖြစ်တယ် ...
♪♪♪ .... တချက်တချက်ရှိုက်တဲ့မင်းငိုသံလေး ညသန်းကောင်တေးတစ်ပုဒ်လိုပဲလေ
ယဲ့ယဲ့ပြုံးတဲ့ မင်းရဲ့မျက်နှာမြင်တော့ အလှပန်းချီတစ်ချပ်အလား ထင်စရာပေ
စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့ အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ .... ♪♪♪
ဟင် ... ယဲ့ယဲ့ပြုံးသတဲ့ ... ငိုနေရင်းက ဘာလို့ထပြုံးရတာလဲ ... နှိပ်စက်လွန်လို့ ကြောက်ပြီးရူးများသွားလေသလားပဲ ... အဲထားပါတော့လေ ... ဆက်နားထောင်တယ် ...
♪♪♪ ... အပြာရောင်လေး အချစ်မျက်ရည် အပြာရောင်မျက်ရည် အချစ်သက်သေ
စိုခွင့်ရှိသူသာ စိုစေမယ် စိုစေမယ်
ပေါက္ခဝဿန မိုးလိုပြောတာ ဒါပဲဖြစ်မယ်ထင်ရဲ့ စိတ်မှာစွဲနေ
လိုက်လျောခြင်းရဲ့အဆုံးစွန်းရောက်တဲ့ ခဏလေး တသက်မှာတစ်ခါပဲ ကြုံမယ်လေ
စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့ အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ ယဉ်လို့နေ .... ♪♪♪
ငင့် .. ပေါက်ကရ မိုးတွေဘာတွေပါ ပါလာပြီ .. လိုက်မမီတော့ဘူး .. ဖေဖေ့ကို မေးကြည့်တော့လည်း ရယ်နေတယ် .. အဲလိုနဲ့ ဘာမှန်းမသိတဲ့ သီချင်းတစ်ပုဒ်ဆိုပြီး စိတ်ထဲမှာ ခုလုခုလုနဲ့ ရှိနေခဲ့တာပေါ့ ...
အဲလိုနဲ့ တက္ကသိုလ်တက်တော့ အဆောင်က ဦးလေးကြီး အဲဒီသီချင်းဆိုနေသံကြားလို့ ထပ်မေးကြည့်ဖြစ်တယ် ... ဦးလေးကြီးက ရယ်ကျဲကျဲဖြစ်သွားတယ် ...
- မင်းကြားဖူးမှာပေါ့ .. အပြာကားတို့ အပြာစာအုပ်တို့ .... အဲဒီအပြာရဲ့အဓိပ္ပါယ်ကို သိတယ်မဟုတ်လား ...
- ဟုတ် .. ဟိုဟာ .. လူကြီးကိစ္စ
- အေး .. ဒီသီချင်းက အဲဒီကိစ္စပဲကွ ... ကောင်မလေးရဲ့ ပထမဆုံးညမို့ ကျတဲ့မျက်ရည်လေ .. အပြာရောင်မျက်ရည်လို့ တင်စားထားတာ ...
- သြော် ....
- ဒါနဲ့ ပေါက်ကရမိုးဆိုတာက ...
- ပေါက္ခရဝဿမိုးပါကွာ ... အဲဒါက ဘုရားရှင်လက်ထက်က တန်ခိုးတော်နဲ့ ရွာပေးတဲ့ စိုစေလိုသူစိုပြီး မစိုစေချင်တဲ့လူ မစိုတဲ့ မိုးကိုပြောတာ ...
- သြော် ....
အဲလိုနဲ့ ကျွန်တော် အဲဒီသီချင်းကို ပြန်နားထောင်ကြည့်တယ် ... လခွမ်း .. ရေးချက်က အရမ်းချီးကျူးဖို့ကောင်းတယ်ဗျာ ... အဓိပ္ပါယ်သိမှ ပိုပြီးသဘောကျသွားတယ် ... ဖွဲ့နွဲ့တတ်ပုံများ ... နောက်မှ ဆရာစိုင်းခမ်းလိတ်ရေးတာ ဆိုတာ သိရတယ် ... စာသားတွေက ချစ်စရာလေးဗျာ ... ♪♪♪ လိုက်လျောခြင်းရဲ့ အဆုံးစွန်ရောက်တဲ့တခဏလေး .. တစ်သက်မှာ တစ်ခါပဲကြုံမယ်လေ ♪♪♪ .. တဲ့ ... ပေါက္ခရဝဿမိုး ဆိုတဲ့ တင်စားချက်လေးကိုလည်း သဘောကျမိတယ် ... မိန်းကလေးစိုစေလိုသူအတွက် မိုးပေါ့ ... နောက်ပြီး စိတ်ကူးထဲက လူယုတ်မာကြီးလည်း ပျောက်သွားတယ် ... ပထမဆုံးညမို့ ငိုနေတဲ့ ချစ်သူလေးကို တစိမ့်စိမ်နဲ့ ကြည့်ရင်း ချစ်မဝတဲ့ ယောကျ်ားလေးတစ်ဦးဆိုတာပဲ စိတ်ထဲပေါ်လာတယ် ... အဲ ... သီချင်းဆုံးတော့ ပထမဆုံးဝင်လာတဲ့အတွေးက ဝမ်းနည်းစရာပဲ .. ဆရာစိုင်းခမ်းလိတ်ရေးတုန်းက အပြာရောင်မျက်ရည်ဟာ ခုခေတ်မှာ မရှိတော့ဘူးဆိုတာ တွေးလိုက်မိလို့ပါ .... :D

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...