အမ်ိဳးသား ျပည့္တန္ဆာ ေလာက

တကယ္ေတာ့ ကိုထက္ေခါင္ ျဖစ္ခ်င္ခဲ့သည္မွာ ေမာ္ဒယ္လ္ ျဖစ္သည္။ သို႔ေသာ္ ေငြေၾကး မေျပလည္ခဲ့သျဖင့္ နည္းလမ္းရွာရင္း မိန္းမလ်ာမ်ား၊ အမ်ဳိးသမီးမ်ား၏ အလိုကို ျဖည့္ဆည္းေပးရေသာ အမ်ဳိးသားျပည့္တန္ဆာ ျဖစ္သြားခဲ့သည္။
ထိုစဥ္က ပထမႏွစ္ အေဝးသင္ တက္ဆဲ။ ေမာ္ဒယ္လ္သင္တန္းတက္ရန္ မတတ္ႏိုင္သျဖင့္ မာမီအခ်ဳိ႕က အဝတ္အစားေထာက္ပံ့၊ သင္တန္းစရိတ္ေပး။ တစ္ဖက္တြင္လည္း မာမီတို႔ႏွင့္ သူ႔မိတ္ေဆြမ်ား၏ အလိုကိုျဖည့္ေပးရင္း ပ႐ိုဘဝ ေရာက္သြားေတာ့သည္။ ေနာက္ပိုင္း အမ်ဳိးသမီး ေဖာက္သည္မ်ားပါ ရလာသည္။ “ဒီလုပ္ငန္းကို ပြဲစားလုပ္တဲ့ ေအးဂ်င့္မာမီေတြနဲ႔ ခ်ိတ္မိၿပီး ေမာ္ဒယ္မလုပ္ေတာ့ဘဲ ေငြရလြယ္တဲ့ ဒီလုပ္ငန္းမွာ ပ႐ိုျဖစ္သြားတာ” ဟု ယခု အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္ေသာ ကိုထက္ေခါင္ (အမည္လႊဲ) ကဆိုသည္။
အမ်ဳိးသားမ်ား ဝန္ေဆာင္မႈေပးေသာ လိင္လုပ္ငန္းသည္ ရန္ကုန္ၿမဳိ႕တြင္ ၁၉၉၇ ခုႏွစ္ခန္႔မွ စတင္ခဲ့ၿပီး ၂၀၀၃ ခုႏွစ္ေနာက္ပိုင္းတြင္ ပိုဖြံ႕ၿဖဳိးလာခဲ့သည္။

ထိုနည္းတူ အမ်ဳိးသား ျပည့္တန္ဆာ လုပ္ကိုင္သူဦးေရလည္း ပိုမ်ားျပားလာေၾကာင္း ေဖာက္သည္မ်ားႏွင့္ အမ်ဳိးသား ျပည့္တန္ဆာမ်ားအၾကား ခ်ိတ္ဆက္ေပးသူ ရန္ကုန္ၿမဳိ႕ေတာ္၊ ေက်ာက္တံတားၿမဳိ႕နယ္မွ ေဒၚလွလွျမင့္ (အမည္လႊဲ) က ေျပာျပသည္။
အမ်ဳိးသားျပည့္တန္ဆာ လုပ္ငန္းသည္ ေငြရလြယ္ကူသည္ ဆိုေသာ္လည္း လူငယ္တိုင္း လုပ္ကိုင္ႏိုင္သည့္ အလုပ္တစ္ခုေတာ့ မဟုတ္ေပ။ လုပ္ကိုင္မည့္ အမ်ဳိးသားငယ္မ်ား အေနႏွင့္ သင့္တင့္ေျပျပစ္ေသာ ႐ုပ္ရည္႐ူပကာႏွင့္ ခႏၶာကိုယ္ အခ်ဳိးအစားကို ပိုင္ဆိုင္ရမည္ျဖစ္ၿပီး လိင္ပိုင္းဆိုင္ရာ ဝန္ေဆာင္မႈတြင္လည္း ေဖာက္သည္တို႔ ေက်နပ္ႏိုင္ေလာက္သည့္ အရည္အေသြးမ်ဳိး ပိုင္ဆိုင္ၾကရသည္။
ေဖာက္သည္ ရွာႏိုင္သည့္ အဓိက ေနရာမ်ားအနက္ ထင္ရွားသည္မွာ ဗ်ဴတီဆလြန္းမ်ား ျဖစ္လာသည္။ ဆလြန္းမ်ားအတြင္း သီးသန္႔အခန္းအခ်ဳိ႕ရွိၿပီး ထိုအခန္းအတြင္း ဝင္ေရာက္၍ ဓာတ္ပုံ အယ္လ္ဘမ္ ကက္တေလာက္ စာအုပ္မ်ားတြင္ ေဖာ္ျပထားေသာ မိမိႏွစ္သက္ရာ အမ်ဳိးသားကို ေရြးခ်ယ္ႏိုင္သည္။
ဓာတ္ပုံအယ္လ္ဘမ္တြင္ အသက္ ၃၀ ေအာက္ ေခ်ာေမာခံ့ညားေသာ အမ်ဳိးသားငယ္ေလးမ်ား၏ ကိုယ္ဟန္အမ်ဳိးမ်ဳိး ဓာတ္ပုံမ်ားကို နံပါတ္စဥ္ တပ္ထားသည္။ မိမိႀကဳိက္ႏွစ္သက္သည့္ အမ်ဳိးသားငယ္၏ နံပါတ္ကို မွတ္ထားၿပီး ဗ်ဴတီးဆလြန္းမွ ဧည့္ႀကဳိဝန္ထမ္းအား စာရင္းသြားေပးၿပီးပါက နီးစပ္ရာ ဟိုတယ္နာမည္ႏွင့္ ႀကဳိတင္ယူထားေသာ အခန္းနံပါတ္ကို ေျပာၾကားခဲ့ရမည္ ျဖစ္သည္။ ထို႔ေနာက္တြင္ေတာ့ အဆိုပါဆိုင္မွ ျပန္လည္ ထြက္ခြာၿပီး မၾကာမီ ဝန္ေဆာင္မႈေပးရန္ ေရာက္ရွိလာမည့္ အမ်ဳိးသားငယ္ကုိ မိမိငွားရမ္းထားသည့္ ဟိုတယ္အခန္းတြင္ ႀကဳိတင္ေစာင့္ေန႐ုံသာ ျဖစ္သည္။
အရပ္တြင္းစကားမ်ားအရ ရန္ကုန္ၿမဳိ႕ရွိ နာမည္ေက်ာ္ ေစ်းမ်ားအနီး ႏွင္းဆီပန္း ရင္ဘတ္တြင္ ထိုးထားသည့္ အမ်ဳိးသား ျပည့္တန္ဆာမ်ား ရွိသည္ဆိုေသာ္လည္း ယင္းကား ေကာလာဟလမွ်သာျဖစ္ၿပီး အမွန္တကယ္ အမ်ဳိးသား ျပည့္တန္ဆာေလာက ကြန္ရက္ကား ထိုထက္ ပိုမိုလွ်ဳိ႕ဝွက္ၿပီး ေၾကးစားဆန္သည္ကို ေတြ႕ရသည္။
ယခင္ကရန္ကုန္ၿမဳိ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေစ်း၊ FMI ႏွင့္ ေစ်းဝယ္စင္တာအခ်ဳိ႕ အနီးတြင္ က်င္လည္ခဲ့သည့္ အမ်ဳိးသား ျပည့္တန္ဆာမ်ား ရွိေသာ္လည္း ယခုအခါ ေမွးမွိန္ေပ်ာက္ကြယ္သြားၿပီ ျဖစ္သည္။
ယခုအခါ နာမည္ေက်ာ္ အလွဖန္တီးရွင္ အခ်ဳိ႕၏ ဗ်ဴတီဆလြန္းမ်ားတြင္ အဆိုပါ ဝန္ေဆာင္မႈ လုပ္ငန္းကို လုပ္ကိုင္ေနသကဲ့သို႔ အမ်ဳိးသား ျပည့္တန္ဆာမ်ားႏွင့္ ေဖာက္သည္မ်ားကို ခ်ိတ္ဆက္ေပးသည့္ အလွဖန္တီးရွင္ႏွင့္ အမ်ဳိးသမီး အခ်ဳိ႕လည္း ရွိေနသည္။ ခ်ိတ္ဆက္ေပးသူကို အမ်ဳိးသား ျပည့္တန္ဆာမ်ား ရရွိသည့္ အခေၾကးေငြ၏ ရာခိုင္ႏႈန္းအလိုက္ ေပးရေလ့ရွိသည္။
အဆိုပါ ဗ်ဴတီဆလြန္းမ်ား၊ အမ်ဳိးသား ျပည့္တန္ဆာ ခ်ိတ္ဆက္ေပးသူမ်ားအျပင္ ယခုေနာက္ပိုင္း ရန္ကုန္ၿမဳိ႕ႏွင့္ မႏၲေလးၿမဳိ႕မ်ားတြင္ ေပၚေပါက္လာသည့္ အမ်ဳိးသားသီးသန္႔ အႏွိပ္ခန္းမ်ားတြင္လည္း အမ်ဳိးသား ျပည့္တန္ဆာေစ်းကြက္ ျဖစ္ေပၚေနၿပီ ျဖစ္သည္။
အမ်ဳိးသားသီးသန္႔ ဝန္ေဆာင္မႈေပးေသာ အႏွိပ္ခန္း ဆိုသည္မွာ ငယ္ရြယ္ေသာအမ်ဳိးသား အႏွိပ္သမားမ်ားသာ သီးသန္႔ထားရွိၿပီး လိင္တူခ်စ္သူအခ်ဳိ႕ႏွင့္ အမ်ဳိးသမီးအခ်ဳိ႕ သြားေရာက္ အႏွိပ္ခံတတ္သည့္ ေနရာျဖစ္သည္။
အဆိုပါ အႏွိပ္ခန္းမ်ားမွ ႏွိပ္နယ္ေပးသူ အမ်ဳိးသားေလးမ်ားႏွင့္ အဆင္ေျပပါကအျပင္သို႔ ခ်ိန္းဆိုႏိုင္ၿပီး အခေၾကး ေငြေပးကာ လိင္ဆက္ဆံႏိုင္ေၾကာင္း မႏၲေလးၿမဳိ႕ရွိ အမ်ဳိးသားသီးသန္႔ အႏွိပ္ခန္းမ်ားသို႔ သြားေရာက္ဖူးသူ အသက္ ၃၀ ႏွစ္အရြယ္ အေရာင္းျမႇင့္တင္ေရး မန္ေနဂ်ာ အမ်ဳိးသမီးတစ္ဦးက ေျပာသည္။
ရန္ကုန္ၿမဳိ႕တြင္လည္း ယင္းကဲ့သို႔ အမ်ဳိးသား အႏွိပ္သမားမ်ား ႏွိပ္နယ္ေပးေသာ အႏွိပ္ခန္း ၁၀ ခုထက္မနည္းရွိေနၿပီး လိင္တူခ်စ္သူႏွင့္ အမ်ဳိးသား ျပည့္တန္ဆာ သုံးစြဲသူ အမ်ဳိးသမီးအခ်ဳိ႕ အၾကားတြင္ တြင္က်ယ္လ်က္ ရွိသည္။
အမ်ဳိးသားျပည့္တန္ဆာ ေလာကသည္ ရန္ကုန္ၿမဳိ႕တြင္ တြင္က်ယ္စြာ ရွိေနၿပီး မႏၲေလးၿမဳိ႕တြင္လည္း အမ်ဳိးသားသီးသန္႔ အႏွိပ္ခန္းမ်ားႏွင့္အတူ အနည္းအက်ဥ္း အစပ်ဳိးေနၿပီ ျဖစ္သည္။
ထိုေလာကတြင္ ေဖာက္သည္ အမ်ဳိးမ်ဳိးရွိေၾကာင္း အမ်ဳိးသား ျပည့္တန္ဆာတို႔ႏွင့္ ေဖာက္သည္တို႔ကို ခ်ိတ္ဆက္ေပးသူ အလွဖန္တီးရွင္ မင္းမင္း (အမည္လႊဲ) က ေျပာျပသည္။ သူ႔အဆိုအရ ေဖာက္သည္အမ်ားစုမွာ လိင္တူခ်စ္သူမ်ား ျဖစ္သည္။ အမ်ဳိးသမီးေဖာက္သည္ အခ်ဳိ႕လည္း ရွိသည္။ အမ်ဳိးသမီးမ်ားအတြက္ ဝန္ေဆာင္မႈေပးမည့္သူက ရွားသည္ဟု သူကဆိုသည္။ “ဒါေပမဲ့ ေၾကးႀကီးႀကီး ေပးရတာေပါ့” ဟု မင္းမင္းက ေျပာသည္။

“ေရွးယခင္ကတည္းက လွ်ိဳ႕ဝွက္စြာ လုပ္ကိုင္ခဲ့ၾကေသာ အမ်ိဳးသားျပည့္တန္ဆာ လုပ္ငန္းမွာ ယခုေနာက္ပိုင္း ဖုန္းသို႔မဟုတ္ အင္တာနက္မွတစ္ဆင့္ ခ်ိတ္ဆက္ကာ အျပင္တြင္ေတြ႔ဆံုသည့္ ပံုစံသို႔ ေျပာင္းလဲလာသည္”
အမ်ဳိးသား ျပည့္တန္ဆာတို႔၏ ေဖာက္သည္ အမ်ဳိးသမီးအမ်ားစုမွာ အထက္တန္းလႊာမ်ားမွ အမ်ဳိးသမီး အခ်ဳိ႕ပါဝင္သလို စီးပြားေရးေလာကတြင္ ေအာင္ျမင္ေနသူ လူလတ္ပိုင္း အမ်ဳိးသမီးအခ်ဳိ႕လည္း ပါဝင္ေနေၾကာင္း ယင္းေစ်းကြက္ အတြင္းထံမွ စုံစမ္းသိရွိရသည္။
အခ်ဳိ႕အမ်ဳိးသမီးမ်ားမွာ အိမ္ေထာင္က်ဖူးသူမ်ား ျဖစ္သည္။ အခ်ဳိ႕မွာ အိမ္ေထာင္ေရးကို ယုံၾကည္မႈ မရွိဘဲ မိမိတို႔ စိတ္ဆႏၵအတြက္ ခဏတာ သာယာမႈယူေနသည့္ အပ်ဳိႀကီး အမည္ခံမ်ားလည္း ရွိေၾကာင္း အမ်ဳိးသား လိင္လုပ္သားအခ်ဳိ႕ထံမွ သိရသည္။
မိမိတို႔၏ လိင္စိတ္ကို လူသိမခံလိုေသာ အခ်ဳိ႕ လိင္တူခ်စ္သူမ်ားကမူ အဆိုပါ အမ်ဳိးသား ျပည့္တန္ဆာလုပ္ငန္း ကြန္ရက္မ်ားႏွင့္ လွ်ဳိ႕လွ်ဳိ႕ဝွက္ဝွက္ ခ်ိတ္ဆက္ထားေလ့ ရွိသည္။ အြန္လိုင္းႏွင့္ အျခားနီးစပ္ရာမွ အမ်ဳိးသားမ်ားကို ဆက္ဆံေနထိုင္ျခင္းထက္ အမ်ဳိးသား ျပည့္တန္ဆာမ်ားအား အခေၾကးေငြေပးၿပီး ဆက္ဆံေနထိုင္မႈသည္ မိမိလိင္ဆႏၵ ျပည့္ဝသည့္အျပင္ ပုဂၢဳိလ္ေရးဆိုင္ရာ လုံၿခံဳမႈအတြက္ စိတ္ခ်ရသည္ဟု မိမိ၏ လိင္တူတပ္မက္စိတ္ကို ထုတ္ေဖာ္မျပလိုသူ အမ်ဳိးသားအခ်ဳိ႕က ယူဆၾကသည္။
မိမိ၏ အမ်ဳိးသမီးခ်စ္သူႏွင့္ လက္ထပ္ေတာ့မည္ ျဖစ္ေသာ္လည္း မိမိ၏ ဂုဏ္သိကၡာအရ လိင္စိတ္ႏွစ္ခြ ျဖစ္ေနမႈကို ျဖည့္ဆည္းရန္ တစ္ခါတစ္ရံ အမ်ဳိးသား ျပည့္တန္ဆာ ဝန္ေဆာင္မႈ လုပ္ငန္းမ်ားႏွင့္ ခ်ိတ္ဆက္ စခန္းသြားခဲ့ရေၾကာင္း ရင္ဖြင့္လာသူမွာ ရန္ကုန္ၿမဳိ႕ေတာ္၊ လမ္းမေတာ္ၿမဳိ႕နယ္တြင္ ေနထိုင္သည့္ အသက္ ၂၃ ႏွစ္အရြယ္ ကိုတီ (အမည္လႊဲ) ျဖစ္သည္။
ေစ်းမွာ အစားစားျဖစ္သည္။ အမ်ဳိးသား ျပည့္တန္ဆာမ်ားသည္ အမ်ဳိးသမီးမ်ားကဲ့သို႔ ေန႔စဥ္ရက္ဆက္ အလုပ္ မလုပ္ႏိုင္သျဖင့္ အမ်ဳိးသမီး လိင္အလုပ္သမမ်ားထက္ အခေၾကးေငြပိုမို ျမင့္မားစြာယူရေလ့ ရွိသည္။
အခ်ိန္အပိုင္းအျခား၊ အသက္အရြယ္၊ ႐ုပ္ရည္၊ ခႏၶာကိုယ္အခ်ဳိးအစား၊ ဝန္ေဆာင္မႈ အတိုင္းအတာအရ အမ်ဳိးသား ျပည့္တန္ဆာတစ္ဦးလွ်င္ အနည္းဆုံး က်ပ္သုံးေသာင္းခြဲမွ က်ပ္တစ္သိန္း ဝန္းက်င္အထိ ေပးရသည္မ်ားလည္း ရွိသည္။
“ေအာ္ဒါကို တစ္ပတ္ႏွစ္ရက္ပဲ လက္ခံျဖစ္ပါတယ္” ဟု ကိုထက္ေခါင္က သူျပည့္တန္ဆာအျဖစ္ လုပ္ေဆာင္ခဲ့သည့္အခ်ိန္က အေနအထားကို ရွင္းျပသည္။
ယင္းအတြက္ အခ်ဳိ႕ အမ်ဳိးသား ျပည့္တန္ဆာမ်ားသည္ ၎တို႔၏ စြမ္းေဆာင္ရည္အတြက္ ေဆးဝါးအကူအညီကို ရယူၾကရသည္။
အမ်ဳိးသမီးမ်ားအျပင္ အမ်ဳိးသား အခ်င္းခ်င္းပါ ဆက္ဆံမႈမ်ား၊ အျခားသဘာဝ မဟုတ္ေသာ နည္းလမ္းမ်ားႏွင့္ လိင္ဆက္ဆံေပးရန္ ေတာင္းဆိုခံရမႈမ်ား ရွိသျဖင့္ HIV ပိုးကူးစက္ခံရျခင္း၊ ကာလသားေရာဂါ၊ လိင္အဂၤါမိႈနာေရာဂါ၊ အသည္းေရာင္အသားဝါ ဘီပိုးစသည့္ ေရာဂါမ်ား ကူးစက္ရန္ အလားအလာ ပိုမ်ားေၾကာင္း ရန္ကုန္ၿမဳိ႕ရွိ ပရဟိတ ေဆးခန္းတစ္ခုမွ ေဒါက္တာေက်ာ္စြာဦးက ေျပာၾကားသည္။
အမ်ဳိးသမီး ျပည့္တန္ဆာမ်ားအား ထိုသို႔ေရာဂါမ်ားႏွင့္ ပတ္သက္၍ ပညာေပးရန္ လြယ္ကူေသာ္လည္း အမ်ဳိးသား ျပည့္တန္ဆာမ်ားမွာ ပိုမိုလွ်ဳိ႕ဝွက္စြာ ေနတတ္သျဖင့္ က်န္းမာေရး ပညာေပးရန္ ခက္ခဲၿပီး မည္သည့္နည္းႏွင့္ လိင္ဆက္ဆံသည္ျဖစ္ေစ အမ်ဳိးသား ျပည့္တန္ဆာမ်ားအေနႏွင့္ ကြန္ဒုံးသုံးစြဲရန္ လိုအပ္ေၾကာင္း ၎ကရွင္းျပသည္။
အမ်ားျပည္သူႏွင့္ သက္ဆိုင္ေသာ ေနရာမ်ားတြင္ ျပည့္တန္ဆာအလို႔ငွာ ျမႇဴဆြယ္ ျဖားေယာင္းလွ်င္ျဖစ္ေစ၊ အခေၾကးေငြယူၿပီး ဆက္ဆံေပးရန္ လက္ခံလွ်င္ျဖစ္ေစ ျပည့္တန္ဆာ အက္ဥပေဒျဖင့္ အေရးယူဖမ္းဆီးခြင့္ ရွိေသာ္လည္း အမ်ဳိးသား ျပည့္တန္ဆာ လုပ္ကိုင္သူမ်ားမွာ ဖမ္းဆီး အေရးယူခံရသည္ဟု တစ္ခါမွ် ၾကားရျခင္း မရွိေပ။
“အမ်ဳိးသား ျပည့္တန္ဆာေတြက်ေတာ့ သူတို႔ကြန္ရက္နဲ႔ သူတို႔ခ်ိတ္ဆက္ၿပီး လွ်ဳိ႕လွ်ဳိ႕ဝွက္ဝွက္ လုပ္ကိုင္ၾကတဲ့အတြက္ အေရးယူႏိုင္ဖို႔ရာ ခဲယဥ္းပါတယ္” ဟု ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္မွ ျပန္တမ္းဝင္ အရာရွိတစ္ဦးက ေျပာၾကားသည္။ “အမ်ဳိးသားျဖစ္လို႔ အေရးမယူဘူးဆိုတာ မရွိပါဘူး” ဟု သူကဆက္ေျပာသည္။
အမ်ဳိးသား ျပည့္တန္ဆာအျဖစ္ ငါးႏွစ္တာ ေဆာင္ရြက္ခဲ့ဖူးသူ ကိုထက္ေခါင္ကမူ လိင္စိတ္ႏွစ္ခြရွိသူ ဟိုမိုေဖာက္သည္မ်ား ပိုမိုမ်ားျပားလာၿပီး သူ၏ ေယာက်္ားဘဝ တည္ၿမဲမႈကိုပါ ၿခိမ္းေျခာက္သည္အထိ ေတာင္းဆိုမႈ မ်ားလာေသာေၾကာင့္ ၂၀၁၀ ျပည့္ႏွစ္တြင္ ယင္းေလာကမွ ထြက္ခြာခဲ့သည္။ “အမ်ားစုေျပာသလို ကြၽန္ေတာ္တို႔အလုပ္က မလြယ္လွပါဘူး” ဟု ကိုထက္ေခါင္က ဆိုသည္။
အခုေတာ့ ယင္းအခ်ိန္ကရသည့္ ဝင္ေငြျဖင့္ အနိမ့္ကား တကၠစီတစ္စီး ေထာင္ထားသည္။ ကိုယ္တိုင္လည္း ေမာင္းရင္း ဝါသနာပါသည့္ ေမာ္ဒယ္လ္အလုပ္ ဆက္လုပ္ႏိုင္ရန္ အခြင့္အလမ္း ရွာေနဆဲ ျဖစ္သည္။

မူရင္း - The Voice Weekly
ခက္ေဇာ္
=========
Unicode

တကယ်တော့ ကိုထက်ခေါင် ဖြစ်ချင်ခဲ့သည်မှာ မော်ဒယ်လ် ဖြစ်သည်။ သို့သော် ငွေကြေး မပြေလည်ခဲ့သဖြင့် နည်းလမ်းရှာရင်း မိန်းမလျာများ၊ အမျိုးသမီးများ၏ အလိုကို ဖြည့်ဆည်းပေးရသော အမျိုးသားပြည့်တန်ဆာ ဖြစ်သွားခဲ့သည်။
ထိုစဉ်က ပထမနှစ် အဝေးသင် တက်ဆဲ။ မော်ဒယ်လ်သင်တန်းတက်ရန် မတတ်နိုင်သဖြင့် မာမီအချို့က အဝတ်အစားထောက်ပံ့၊ သင်တန်းစရိတ်ပေး။ တစ်ဖက်တွင်လည်း မာမီတို့နှင့် သူ့မိတ်ဆွေများ၏ အလိုကိုဖြည့်ပေးရင်း ပရိုဘဝ ရောက်သွားတော့သည်။ နောက်ပိုင်း အမျိုးသမီး ဖောက်သည်များပါ ရလာသည်။ “ဒီလုပ်ငန်းကို ပွဲစားလုပ်တဲ့ အေးဂျင့်မာမီတွေနဲ့ ချိတ်မိပြီး မော်ဒယ်မလုပ်တော့ဘဲ ငွေရလွယ်တဲ့ ဒီလုပ်ငန်းမှာ ပရိုဖြစ်သွားတာ” ဟု ယခု အသက် ၂၈ နှစ်ရှိပြီဖြစ်သော ကိုထက်ခေါင် (အမည်လွှဲ) ကဆိုသည်။
အမျိုးသားများ ဝန်ဆောင်မှုပေးသော လိင်လုပ်ငန်းသည် ရန်ကုန်မြို့တွင် ၁၉၉၇ ခုနှစ်ခန့်မှ စတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် ပိုဖွံ့ဖြိုးလာခဲ့သည်။

ထိုနည်းတူ အမျိုးသား ပြည့်တန်ဆာ လုပ်ကိုင်သူဦးရေလည်း ပိုများပြားလာကြောင်း ဖောက်သည်များနှင့် အမျိုးသား ပြည့်တန်ဆာများအကြား ချိတ်ဆက်ပေးသူ ရန်ကုန်မြို့တော်၊ ကျောက်တံတားမြို့နယ်မှ ဒေါ်လှလှမြင့် (အမည်လွှဲ) က ပြောပြသည်။
အမျိုးသားပြည့်တန်ဆာ လုပ်ငန်းသည် ငွေရလွယ်ကူသည် ဆိုသော်လည်း လူငယ်တိုင်း လုပ်ကိုင်နိုင်သည့် အလုပ်တစ်ခုတော့ မဟုတ်ပေ။ လုပ်ကိုင်မည့် အမျိုးသားငယ်များ အနေနှင့် သင့်တင့်ပြေပြစ်သော ရုပ်ရည်ရူပကာနှင့် ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွင်လည်း ဖောက်သည်တို့ ကျေနပ်နိုင်လောက်သည့် အရည်အသွေးမျိုး ပိုင်ဆိုင်ကြရသည်။
ဖောက်သည် ရှာနိုင်သည့် အဓိက နေရာများအနက် ထင်ရှားသည်မှာ ဗျူတီဆလွန်းများ ဖြစ်လာသည်။ ဆလွန်းများအတွင်း သီးသန့်အခန်းအချို့ရှိပြီး ထိုအခန်းအတွင်း ဝင်ရောက်၍ ဓာတ်ပုံ အယ်လ်ဘမ် ကက်တလောက် စာအုပ်များတွင် ဖော်ပြထားသော မိမိနှစ်သက်ရာ အမျိုးသားကို ရွေးချယ်နိုင်သည်။
ဓာတ်ပုံအယ်လ်ဘမ်တွင် အသက် ၃၀ အောက် ချောမောခံ့ညားသော အမျိုးသားငယ်လေးများ၏ ကိုယ်ဟန်အမျိုးမျိုး ဓာတ်ပုံများကို နံပါတ်စဉ် တပ်ထားသည်။ မိမိကြိုက်နှစ်သက်သည့် အမျိုးသားငယ်၏ နံပါတ်ကို မှတ်ထားပြီး ဗျူတီးဆလွန်းမှ ဧည့်ကြိုဝန်ထမ်းအား စာရင်းသွားပေးပြီးပါက နီးစပ်ရာ ဟိုတယ်နာမည်နှင့် ကြိုတင်ယူထားသော အခန်းနံပါတ်ကို ပြောကြားခဲ့ရမည် ဖြစ်သည်။ ထို့နောက်တွင်တော့ အဆိုပါဆိုင်မှ ပြန်လည် ထွက်ခွာပြီး မကြာမီ ဝန်ဆောင်မှုပေးရန် ရောက်ရှိလာမည့် အမျိုးသားငယ်ကို မိမိငှားရမ်းထားသည့် ဟိုတယ်အခန်းတွင် ကြိုတင်စောင့်နေရုံသာ ဖြစ်သည်။
အရပ်တွင်းစကားများအရ ရန်ကုန်မြို့ရှိ နာမည်ကျော် စျေးများအနီး နှင်းဆီပန်း ရင်ဘတ်တွင် ထိုးထားသည့် အမျိုးသား ပြည့်တန်ဆာများ ရှိသည်ဆိုသော်လည်း ယင်းကား ကောလာဟလမျှသာဖြစ်ပြီး အမှန်တကယ် အမျိုးသား ပြည့်တန်ဆာလောက ကွန်ရက်ကား ထိုထက် ပိုမိုလျှို့ဝှက်ပြီး ကြေးစားဆန်သည်ကို တွေ့ရသည်။
ယခင်ကရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းစျေး၊ FMI နှင့် စျေးဝယ်စင်တာအချို့ အနီးတွင် ကျင်လည်ခဲ့သည့် အမျိုးသား ပြည့်တန်ဆာများ ရှိသော်လည်း ယခုအခါ မှေးမှိန်ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ယခုအခါ နာမည်ကျော် အလှဖန်တီးရှင် အချို့၏ ဗျူတီဆလွန်းများတွင် အဆိုပါ ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်နေသကဲ့သို့ အမျိုးသား ပြည့်တန်ဆာများနှင့် ဖောက်သည်များကို ချိတ်ဆက်ပေးသည့် အလှဖန်တီးရှင်နှင့် အမျိုးသမီး အချို့လည်း ရှိနေသည်။ ချိတ်ဆက်ပေးသူကို အမျိုးသား ပြည့်တန်ဆာများ ရရှိသည့် အခကြေးငွေ၏ ရာခိုင်နှုန်းအလိုက် ပေးရလေ့ရှိသည်။
အဆိုပါ ဗျူတီဆလွန်းများ၊ အမျိုးသား ပြည့်တန်ဆာ ချိတ်ဆက်ပေးသူများအပြင် ယခုနောက်ပိုင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ပေါ်ပေါက်လာသည့် အမျိုးသားသီးသန့် အနှိပ်ခန်းများတွင်လည်း အမျိုးသား ပြည့်တန်ဆာစျေးကွက် ဖြစ်ပေါ်နေပြီ ဖြစ်သည်။
အမျိုးသားသီးသန့် ဝန်ဆောင်မှုပေးသော အနှိပ်ခန်း ဆိုသည်မှာ ငယ်ရွယ်သောအမျိုးသား အနှိပ်သမားများသာ သီးသန့်ထားရှိပြီး လိင်တူချစ်သူအချို့နှင့် အမျိုးသမီးအချို့ သွားရောက် အနှိပ်ခံတတ်သည့် နေရာဖြစ်သည်။
အဆိုပါ အနှိပ်ခန်းများမှ နှိပ်နယ်ပေးသူ အမျိုးသားလေးများနှင့် အဆင်ပြေပါကအပြင်သို့ ချိန်းဆိုနိုင်ပြီး အခကြေး ငွေပေးကာ လိင်ဆက်ဆံနိုင်ကြောင်း မန္တလေးမြို့ရှိ အမျိုးသားသီးသန့် အနှိပ်ခန်းများသို့ သွားရောက်ဖူးသူ အသက် ၃၀ နှစ်အရွယ် အရောင်းမြှင့်တင်ရေး မန်နေဂျာ အမျိုးသမီးတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်လည်း ယင်းကဲ့သို့ အမျိုးသား အနှိပ်သမားများ နှိပ်နယ်ပေးသော အနှိပ်ခန်း ၁၀ ခုထက်မနည်းရှိနေပြီး လိင်တူချစ်သူနှင့် အမျိုးသား ပြည့်တန်ဆာ သုံးစွဲသူ အမျိုးသမီးအချို့ အကြားတွင် တွင်ကျယ်လျက် ရှိသည်။
အမျိုးသားပြည့်တန်ဆာ လောကသည် ရန်ကုန်မြို့တွင် တွင်ကျယ်စွာ ရှိနေပြီး မန္တလေးမြို့တွင်လည်း အမျိုးသားသီးသန့် အနှိပ်ခန်းများနှင့်အတူ အနည်းအကျဉ်း အစပျိုးနေပြီ ဖြစ်သည်။
ထိုလောကတွင် ဖောက်သည် အမျိုးမျိုးရှိကြောင်း အမျိုးသား ပြည့်တန်ဆာတို့နှင့် ဖောက်သည်တို့ကို ချိတ်ဆက်ပေးသူ အလှဖန်တီးရှင် မင်းမင်း (အမည်လွှဲ) က ပြောပြသည်။ သူ့အဆိုအရ ဖောက်သည်အများစုမှာ လိင်တူချစ်သူများ ဖြစ်သည်။ အမျိုးသမီးဖောက်သည် အချို့လည်း ရှိသည်။ အမျိုးသမီးများအတွက် ဝန်ဆောင်မှုပေးမည့်သူက ရှားသည်ဟု သူကဆိုသည်။ “ဒါပေမဲ့ ကြေးကြီးကြီး ပေးရတာပေါ့” ဟု မင်းမင်းက ပြောသည်။

“ရှေးယခင်ကတည်းက လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့ကြသော အမျိုးသားပြည့်တန်ဆာ လုပ်ငန်းမှာ ယခုနောက်ပိုင်း ဖုန်းသို့မဟုတ် အင်တာနက်မှတစ်ဆင့် ချိတ်ဆက်ကာ အပြင်တွင်တွေ့ဆုံသည့် ပုံစံသို့ ပြောင်းလဲလာသည်”
အမျိုးသား ပြည့်တန်ဆာတို့၏ ဖောက်သည် အမျိုးသမီးအများစုမှာ အထက်တန်းလွှာများမှ အမျိုးသမီး အချို့ပါဝင်သလို စီးပွားရေးလောကတွင် အောင်မြင်နေသူ လူလတ်ပိုင်း အမျိုးသမီးအချို့လည်း ပါဝင်နေကြောင်း ယင်းစျေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။
အချို့အမျိုးသမီးများမှာ အိမ်ထောင်ကျဖူးသူများ ဖြစ်သည်။ အချို့မှာ အိမ်ထောင်ရေးကို ယုံကြည်မှု မရှိဘဲ မိမိတို့ စိတ်ဆန္ဒအတွက် ခဏတာ သာယာမှုယူနေသည့် အပျိုကြီး အမည်ခံများလည်း ရှိကြောင်း အမျိုးသား လိင်လုပ်သားအချို့ထံမှ သိရသည်။
မိမိတို့၏ လိင်စိတ်ကို လူသိမခံလိုသော အချို့ လိင်တူချစ်သူများကမူ အဆိုပါ အမျိုးသား ပြည့်တန်ဆာလုပ်ငန်း ကွန်ရက်များနှင့် လျှို့လျှို့ဝှက်ဝှက် ချိတ်ဆက်ထားလေ့ ရှိသည်။ အွန်လိုင်းနှင့် အခြားနီးစပ်ရာမှ အမျိုးသားများကို ဆက်ဆံနေထိုင်ခြင်းထက် အမျိုးသား ပြည့်တန်ဆာများအား အခကြေးငွေပေးပြီး ဆက်ဆံနေထိုင်မှုသည် မိမိလိင်ဆန္ဒ ပြည့်ဝသည့်အပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအတွက် စိတ်ချရသည်ဟု မိမိ၏ လိင်တူတပ်မက်စိတ်ကို ထုတ်ဖော်မပြလိုသူ အမျိုးသားအချို့က ယူဆကြသည်။
မိမိ၏ အမျိုးသမီးချစ်သူနှင့် လက်ထပ်တော့မည် ဖြစ်သော်လည်း မိမိ၏ ဂုဏ်သိက္ခာအရ လိင်စိတ်နှစ်ခွ ဖြစ်နေမှုကို ဖြည့်ဆည်းရန် တစ်ခါတစ်ရံ အမျိုးသား ပြည့်တန်ဆာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချိတ်ဆက် စခန်းသွားခဲ့ရကြောင်း ရင်ဖွင့်လာသူမှာ ရန်ကုန်မြို့တော်၊ လမ်းမတော်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် ကိုတီ (အမည်လွှဲ) ဖြစ်သည်။
စျေးမှာ အစားစားဖြစ်သည်။ အမျိုးသား ပြည့်တန်ဆာများသည် အမျိုးသမီးများကဲ့သို့ နေ့စဉ်ရက်ဆက် အလုပ် မလုပ်နိုင်သဖြင့် အမျိုးသမီး လိင်အလုပ်သမများထက် အခကြေးငွေပိုမို မြင့်မားစွာယူရလေ့ ရှိသည်။
အချိန်အပိုင်းအခြား၊ အသက်အရွယ်၊ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား၊ ဝန်ဆောင်မှု အတိုင်းအတာအရ အမျိုးသား ပြည့်တန်ဆာတစ်ဦးလျှင် အနည်းဆုံး ကျပ်သုံးသောင်းခွဲမှ ကျပ်တစ်သိန်း ဝန်းကျင်အထိ ပေးရသည်များလည်း ရှိသည်။
“အော်ဒါကို တစ်ပတ်နှစ်ရက်ပဲ လက်ခံဖြစ်ပါတယ်” ဟု ကိုထက်ခေါင်က သူပြည့်တန်ဆာအဖြစ် လုပ်ဆောင်ခဲ့သည့်အချိန်က အနေအထားကို ရှင်းပြသည်။
ယင်းအတွက် အချို့ အမျိုးသား ပြည့်တန်ဆာများသည် ၎င်းတို့၏ စွမ်းဆောင်ရည်အတွက် ဆေးဝါးအကူအညီကို ရယူကြရသည်။
အမျိုးသမီးများအပြင် အမျိုးသား အချင်းချင်းပါ ဆက်ဆံမှုများ၊ အခြားသဘာဝ မဟုတ်သော နည်းလမ်းများနှင့် လိင်ဆက်ဆံပေးရန် တောင်းဆိုခံရမှုများ ရှိသဖြင့် HIV ပိုးကူးစက်ခံရခြင်း၊ ကာလသားရောဂါ၊ လိင်အင်္ဂါမှိုနာရောဂါ၊ အသည်းရောင်အသားဝါ ဘီပိုးစသည့် ရောဂါများ ကူးစက်ရန် အလားအလာ ပိုများကြောင်း ရန်ကုန်မြို့ရှိ ပရဟိတ ဆေးခန်းတစ်ခုမှ ဒေါက်တာကျော်စွာဦးက ပြောကြားသည်။
အမျိုးသမီး ပြည့်တန်ဆာများအား ထိုသို့ရောဂါများနှင့် ပတ်သက်၍ ပညာပေးရန် လွယ်ကူသော်လည်း အမျိုးသား ပြည့်တန်ဆာများမှာ ပိုမိုလျှို့ဝှက်စွာ နေတတ်သဖြင့် ကျန်းမာရေး ပညာပေးရန် ခက်ခဲပြီး မည်သည့်နည်းနှင့် လိင်ဆက်ဆံသည်ဖြစ်စေ အမျိုးသား ပြည့်တန်ဆာများအနေနှင့် ကွန်ဒုံးသုံးစွဲရန် လိုအပ်ကြောင်း ၎င်းကရှင်းပြသည်။
အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ပြည့်တန်ဆာအလို့ငှာ မြှူဆွယ် ဖြားယောင်းလျှင်ဖြစ်စေ၊ အခကြေးငွေယူပြီး ဆက်ဆံပေးရန် လက်ခံလျှင်ဖြစ်စေ ပြည့်တန်ဆာ အက်ဥပဒေဖြင့် အရေးယူဖမ်းဆီးခွင့် ရှိသော်လည်း အမျိုးသား ပြည့်တန်ဆာ လုပ်ကိုင်သူများမှာ ဖမ်းဆီး အရေးယူခံရသည်ဟု တစ်ခါမျှ ကြားရခြင်း မရှိပေ။
“အမျိုးသား ပြည့်တန်ဆာတွေကျတော့ သူတို့ကွန်ရက်နဲ့ သူတို့ချိတ်ဆက်ပြီး လျှို့လျှို့ဝှက်ဝှက် လုပ်ကိုင်ကြတဲ့အတွက် အရေးယူနိုင်ဖို့ရာ ခဲယဉ်းပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ပြန်တမ်းဝင် အရာရှိတစ်ဦးက ပြောကြားသည်။ “အမျိုးသားဖြစ်လို့ အရေးမယူဘူးဆိုတာ မရှိပါဘူး” ဟု သူကဆက်ပြောသည်။
အမျိုးသား ပြည့်တန်ဆာအဖြစ် ငါးနှစ်တာ ဆောင်ရွက်ခဲ့ဖူးသူ ကိုထက်ခေါင်ကမူ လိင်စိတ်နှစ်ခွရှိသူ ဟိုမိုဖောက်သည်များ ပိုမိုများပြားလာပြီး သူ၏ ယောကျ်ားဘဝ တည်မြဲမှုကိုပါ ခြိမ်းခြောက်သည်အထိ တောင်းဆိုမှု များလာသောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ယင်းလောကမှ ထွက်ခွာခဲ့သည်။ “အများစုပြောသလို ကျွန်တော်တို့အလုပ်က မလွယ်လှပါဘူး” ဟု ကိုထက်ခေါင်က ဆိုသည်။
အခုတော့ ယင်းအချိန်ကရသည့် ဝင်ငွေဖြင့် အနိမ့်ကား တက္ကစီတစ်စီး ထောင်ထားသည်။ ကိုယ်တိုင်လည်း မောင်းရင်း ဝါသနာပါသည့် မော်ဒယ်လ်အလုပ် ဆက်လုပ်နိုင်ရန် အခွင့်အလမ်း ရှာနေဆဲ ဖြစ်သည်။

မူရင်း - The Voice Weekly
ခက်ဇော်

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...