Loading...

ေျမအိုးနဲ႔ ထည့္ထားတဲ့ ၃၅ က်ပ္သားေက်ာ္ ေရွးေဟာင္းေရႊျပားမ်ား ေတြ႔ရွိ

ေျမအိုးနဲ႔ ထည့္ထားတဲ့ ၃၅ က်ပ္သားေက်ာ္ ေရွးေဟာင္းေရႊျပားေတြကို ေျမာက္ဦးေဒသမွာ ေတြ႕ရွိ
February 10,2017
အစပိုင္းမွာ ဗံုးလို႔ထင္ခဲ့ေပမဲ့ ေနာက္ပိုင္းတူးေဖာ္တဲ့အခါ ေရႊအိုးျဖစ္ေနတာကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ 
ေျမာက္ဦးၿမိဳ႕နယ္ ေစတီေတာင္ေက်းရြာ အေရွ႕ဘက္ ဂါယာေတာင္တန္းေတာထဲသို႔ ရြာသားေလးဦးက ႏြားေက်ာင္းသြားစဥ္ ေျမအိုးတစ္လံုးေတြ႕ရွိခဲ့ျပီး အဆုိပါ ေျမအိုးထဲက စုစုေပါင္းအေလးခ်ိန္ ၃၇ က်ပ္သားရွိ ေရႊျပားေတြကို ေရွးေဟာင္းသုေတသနဌာနသို႔ ေဖေဖာ္ဝါရီ ၉ ရက္က အပ္ႏွံခဲ့တယ္လို႔ သိရပါတယ္။
ေရွးေဟာင္းပစၥည္းလုိ႔ ယူဆရတဲ့အတြက္ ေရွးေဟာင္းသုေတသနဌာနကို သြားေရာက္ အပ္ႏွံခဲ့တာျဖစ္ျပီး ရြာသားေတြ လာေရာက္အပ္ႏွံရာကတစ္ဆင့္ ေရွးေဟာင္းသုေတသနကို ေပးအပ္ခဲ့တာျဖစ္တယ္လို႔ ေျမာက္ဦးမဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကေျပာထားပါတယ္။
အဆုိပါ ေရႊျပားမ်ားကို ၿပီးခဲ့တဲ့ ေျခာက္လခန္႔က ေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔ ေတြ႕ရွိသူတစ္ဦးက ေျပာထားပါတယ္။
ေစတီေတာင္ေက်းရြာမွ ေက်ာ္ေက်ာ္လိူင္၊ ထြန္းသိန္းလိူင္၊ ေမာင္ေအာင္သာနဲ႔ ေမာင္စိုးတို႕ဟာ ဦးေဂါက္ရေအာင္ ေပ်ာက္ဆံုးေနတဲ့ ႏြားကို လြန္ခဲ့တဲ့ ေတာ္သလင္းလျပည့္ေန႕က လိုက္ရွာရာမွ ရြာအနီးရွိ ေတာင္ကုန္းမွ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ေျမအိုးဟာ ေျမၾကီးေပၚကို ထုိးထြက္ေနတာျဖစ္ျပီး အစပိုင္းမွာ ဗံုးလို႔ထင္ခဲ့ေပမဲ့ ေနာက္ပိုင္းတူးေဖာ္တဲ့အခါ ေရႊအိုးျဖစ္ေနတာကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။
ေျမာက္ဦးၿမိဳ႕နယ္မွာ အဖိုးတန္ ေရွးေဟာင္းပစၥည္းေတြကို ေနရာအသီးသီးမွာ မၾကာခဏတူးေဖာ္ရရွိေနၿပီး ရရွိခဲ့တဲ့ အဖိုးတန္ပစၥည္းေတြကို ေရွးေဟာင္းသုေတသနဌာနသို႔ အပ္ႏွံထိန္းသိမ္းေၾကာင္း ေျမာက္ဦးၿမိဳ႕ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ေရးအသင္းဥကၠ႒ ေဒၚခင္သန္းက ေျပာထားပါတယ္။
Credit- 7Daily
မြေအိုးနဲ့ ထည့်ထားတဲ့ ၃၅ ကျပ်သားကျော် ရှေးဟောင်းရွှေပြားတွေကို မြောက်ဦးဒေသမှာ တွေ့ရှိ
February 10,2017
အစပိုင်းမှာ ဗုံးလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းတူးဖော်တဲ့အခါ ရွှေအိုးဖြစ်နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မြောက်ဦးမြို့နယ် စေတီတောင်ကျေးရွာ အရှေ့ဘက် ဂါယာတောင်တန်းတောထဲသို့ ရွာသားလေးဦးက နွားကျောင်းသွားစဉ် မြေအိုးတစ်လုံးတွေ့ရှိခဲ့ပြီး အဆိုပါ မြေအိုးထဲက စုစုပေါင်းအလေးချိန် ၃၇ ကျပ်သားရှိ ရွှေပြားတွေကို ရှေးဟောင်းသုတေသနဌာနသို့ ဖေဖော်ဝါရီ ၉ ရက်က အပ်နှံခဲ့တယ်လို့ သိရပါတယ်။
ရှေးဟောင်းပစ္စည်းလို့ ယူဆရတဲ့အတွက် ရှေးဟောင်းသုတေသနဌာနကို သွားရောက် အပ်နှံခဲ့တာဖြစ်ပြီး ရွာသားတွေ လာရောက်အပ်နှံရာကတစ်ဆင့် ရှေးဟောင်းသုတေသနကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ မြောက်ဦးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောထားပါတယ်။
အဆိုပါ ရွှေပြားများကို ပြီးခဲ့တဲ့ ခြောက်လခန့်က တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ တွေ့ရှိသူတစ်ဦးက ပြောထားပါတယ်။
စေတီတောင်ကျေးရွာမှ ကျော်ကျော်လိူင်၊ ထွန်းသိန်းလိူင်၊ မောင်အောင်သာနဲ့ မောင်စိုးတို့ဟာ ဦးဂေါက်ရအောင် ပျောက်ဆုံးနေတဲ့ နွားကို လွန်ခဲ့တဲ့ တော်သလင်းလပြည့်နေ့က လိုက်ရှာရာမှ ရွာအနီးရှိ တောင်ကုန်းမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မြေအိုးဟာ မြေကြီးပေါ်ကို ထိုးထွက်နေတာဖြစ်ပြီး အစပိုင်းမှာ ဗုံးလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းတူးဖော်တဲ့အခါ ရွှေအိုးဖြစ်နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မြောက်ဦးမြို့နယ်မှာ အဖိုးတန် ရှေးဟောင်းပစ္စည်းတွေကို နေရာအသီးသီးမှာ မကြာခဏတူးဖော်ရရှိနေပြီး ရရှိခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေကို ရှေးဟောင်းသုတေသနဌာနသို့ အပ်နှံထိန်းသိမ်းကြောင်း မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောထားပါတယ်။
Credit- 7Daily

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...