Loading...

ေအာင္ဝင္းေဇာ္ ဘယ္သူလဲ

တရားလႊတ္ေတာ္ ေရွ႕ေန ဦးကိုနီလုပ္ႀကံခံရမႈနဲ႔ ဆက္စပ္ၿပီး ဒုတိယေျမာက္ဖမ္းဆီးရမိထားတဲ့သူဟာ အသက္ ၄၆ ႏွစ္အရြယ္ ဦးေအာင္ဝင္းေဇာ္လို႔ နိုင္ငံေတာ္သမၼတ႐ုံးက ယခုလ ၃ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဦးကိုနီကို ရန္ကုန္ေလဆိပ္မွာ အနီးကပ္လုပ္ႀကံခဲ့ၿပီး အခင္းျဖစ္ရာေနရာမွာ ဖမ္းခံရတဲ့ ဦးၾကည္လင္းနဲ႔အတူ ဦးေအာင္ဝင္းေဇာ္ဟာ ျပစ္မႈက်ဴးလြန္ရာမွာ ပါဝင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တကယ္ေတာ့ သူတို႔ ႏွစ္ဦးလုံးဟာ ရာဇဝတ္မႈတခုကို အတူတူက်ဴးလြန္တယ္ဆိုတာ ဒါ ပထမဆုံးအႀကိမ္မဟုတ္ေတာ့ပါဘူး။ သူတို႔ႏွစ္ဦးဟာ ၂၀၀၃ ခုႏွစ္ေလာက္မွာ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္ေတြကို နိုင္ငံျခားကို တရားမဝင္ ခိုးထုတ္မႈနဲ႔ မႏၲေလး အိုးဘိုေထာင္မွာ အတူတူေထာင္က်ခဲ့ဖူးေၾကာင္းကို ထိုအခ်ိန္က တာဝန္က်ခဲ့ဖူးတဲ့ ေထာင္ဝန္ထမ္းမ်ား၊ ရာဇဝတ္အက်ဥ္းသားေဟာင္းမ်ားနဲ႔ နိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားကပါ Myanmar Now ကိုအတည္ျပဳေျပာဆိုပါတယ္။

ဦးေအာင္ဝင္းေဇာ္ဟာ ထိုအမႈနဲ႔ေထာင္မက်ခင္ အျခားအမႈတခုနဲ႔လည္း ေထာင္က်ဖူးေၾကာင္း၊ ၿပီးေတာ့ သူဟာ စစ္စည္းကမ္းေဖာက္ဖ်က္တယ္ဆိုတဲ့ျပစ္ခ်က္နဲ႔ ထုတ္ခံထားရတဲ့ တပ္မေတာ္အရာရွိေဟာင္း တေယာက္ျဖစ္ေၾကာင္းလည္း သိရပါတယ္။

သူဟာ လြန္ခဲ့တဲ့ႏွစ္ႏွစ္ေက်ာ္က ေထာင္ကလြတ္လာၿပီး ရန္ကုန္ သာေကတၿမိဳ.နယ္ ၁ ရပ္ကြက္ ထူပါ႐ုံ အေရွ႕ ၁၆ လမ္း အိမ္အမွတ္ ၁၂၅၉ မွာ ရွိတဲ့ လုံးခ်င္းႏွစ္ထပ္တိုက္မွာ သူ႔မိသားစုနဲ႔လာေရာက္ေနထိုင္ေၾကာင္း သိရပါတယ္။ သူေနထိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးရဲ.ေျပာဆိုခ်က္အရ ဦးကိုနီသတ္ခံရၿပီးကတည္းက ဒီအိမ္ၿခံဝင္းရဲ. သံတံခါးမႀကီးကို ပိတ္ထားတာ ေတြ.ရွိေၾကာင္း၊ ေနာက္ၿပီး ဦးေအာင္ဝင္းေဇာ္ကို လက္ထိပ္ ၄၊ ၅ ခုနဲ႔ ရဲတပ္ဖြဲ.ဝင္ အမ်ားအျပားက ဒီအိမ္ကို မၾကာေသးမီရက္ပိုင္းအတြင္းက ေခၚေဆာင္လာတယ္လို႔  ဆိုပါတယ္။

Myanmar Now ရရွိထားတဲ့ ဦးေအာင္ဝင္းေဇာ္ရဲ့ မိသားစုသန္းေခါင္စာရင္း ဓာတ္ပုံမွတ္တမ္းအရ သူ႔ဇနီးသည္မွာ အသက္ ၄၂ ရွိသူ ေဒၚမင္းမင္းထိုက္ျဖစ္ၿပီး၊ သူ႔တဦးတည္းေသာသားမွာ အသက္ ၁၉ ႏွစ္ရွိၿပီျဖစ္ပါတယ္။ ဦးေအာင္ဝင္းေဇာ္ အလုပ္အကိုင္ဟာ “ကုန္သယ္” ဆိုၿပီး ဒီသန္းေခါင္စာရင္းထဲမွာ ေရးထားတာ ေတြ.ရပါတယ္။

ဦးေအာင္ဝင္းေဇာ္ ဇာတိကေတာ့ ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံလမ္း အထက္ဘေလာက္ တိုက္နံပါတ္ ၂၅၆ ျဖစ္ေၾကာင္း၊ ကြယ္လြန္ၿပီျဖစ္တဲ့ သူ႔ဖခင္မွာ တပ္မေတာ္အရာရွိ အၿငိမ္းစားတဦးျဖစ္ၿပီး အစ္ကိုတေယာက္၊ ညီတေယာက္နဲ႔ ညီမတေယာက္ရွိေၾကာင္း အဲဒီလမ္းထဲမွာ အခုထိ ဆက္လက္ေနထိုင္ေနတဲ့ သူ႔ရဲ့ ငယ္သူငယ္ခ်င္းျဖစ္သူတဦးက ေျပာဆိုပါတယ္။

“သူ ဆယ္တန္းေအာင္ တပ္ထဲဝင္သြားကတည္းက က်ေနာ္နဲ႔ သိပ္မေတြ႕ျဖစ္ေတာ့ဘူး။ ငယ္ငယ္ကေတာ့ ေအးေအးေဆးေဆးသမားပါပဲ။ ႀကီးမွ ေထာင္ေတြ ဘာေတြက်ၿပီး ဘာေတြျဖစ္မွန္း က်ေနာ္တို႔လည္း မသိေတာ့ဘူး။ သူ႔အေဖက ဆုံးၿပီ။ သူ႔အေမလည္း ဒီကေျပာင္းသြားတာ ၂ ႏွစ္ေလာက္ရွိၿပီ” လို႔  အမည္မေဖာ္လိုသူ အဲ့ဒီသူငယ္ခ်င္းက ေျပာပါတယ္။

ဒီအခ်က္ေတြဟာ မွန္ကန္ေၾကာင္း ရန္ကုန္၊ အင္းစိန္ၿမိဳ႕နယ္မွာေနထိုင္ေနတဲ့ ဦးေအာင္ဝင္းေဇာ္ရဲ့ဖခင္ဘက္က ဦးေလးေတာ္စပ္သူ အၿငိမ္းစား အင္းစိန္ေထာင္ပိုင္ ဦးေဌးလွွိုင္က Myanmar Now ကို ေျပာပါတယ္။

ဒီအမႈမွာ သူ႔တူပါဝင္ေနတဲ့ သတင္းေတြနဲ႔ပတ္သက္ၿပီး သေဘာထားမွတ္ခ်က္ေပးဖို႔ ေမးျမန္းတဲ့အခါမွာေတာ့ သူက “ဦးေလး အသက္လည္းႀကီးပါၿပီ။ ေအးေအးေဆး ေနခ်င္ပါၿပီ။ ျဖစ္ခ်ိန္တန္ျဖစ္ ပ်က္ခ်ိန္တန္ပ်က္ေပါ့။ ဒီ့ထက္မေျပာပါရေစနဲ႔” လို႔ပဲ သူက ခပ္တိုးတိုးျပန္ေျဖခဲ့ပါတယ္။

လူသတ္ပြဲစားလား

ဦးေအာင္ဝင္းေဇာ္နဲ႔ေရာ ဦးၾကည္လင္းနဲ႔ေရာ မႏၲေလး အိုးဘိုေထာင္မွာ ေထာင္သားအျဖစ္ အတူေနဖူးတဲ့ အင္းစိန္ၿမိဳ႕နယ္ ေဖာ့ကန္ရပ္ကြက္မွာ ယခု ေနထိုင္ေနတဲ့ အက်ဥ္းသားေဟာင္း ဦးေအာင္စိုးကေတာ့ ဦးကိုနီလုပ္ႀကံခံရၿပီး နာရီပိုင္းအတြင္း ပ်ံ႕ႏွံ့လာတဲ့ ဓာတ္ပုံေတြၾကည့္ၿပီး ဒီအမႈမွာ ဦးေအာင္ဝင္းေဇာ္ပါနိုင္ေၾကာင္း ဦးကိုနီလုပ္ႀကံခံၿပီး တရက္အၾကာမွာ Myanmar Now ကို ဆက္သြယ္ေျပာၾကားခဲ့ပါတယ္။

သူ႔ရဲ့ေျပာဆိုခ်က္အရ ဦးၾကည္လင္းနဲ႔ ဦးေအာင္ဝင္းေဇာ္တို႔ဟာ ေထာင္အတူတူက်အမႈတြဲေတြျဖစ္သလို ေထာင္ထဲမွာလည္း ရင္းရင္းႏွီးႏွီးေပါင္းသင္းတဲ့ စိတ္တူကိုယ္တူ သူငယ္ခ်င္းႏွစ္ဦးျဖစ္ေၾကာင္း၊ ဦးေအာင္ဝင္းေဇာ္ဟာ ေငြလမ္းခင္းၿပီး ေထာင္ထဲမွာ အက်ဥ္းသားေတြကို ျပန္လည္အုပ္ခ်ဳပ္ရတဲ့ ေထာင္တန္းစီး အျဖစ္ ေနရာယူထားၿပီး လူေပၚလူေဇာ္လုပ္ခ်င္သူျဖစ္ေၾကာင္း၊ ဦးၾကည္လင္းကေတာ့ လူအမ်ားစုနဲ႔ ခပ္ကင္းကင္းေနၿပီး တည္ၿငိမ္တဲ့အမူအရာ အျပည့္ရွိသူျဖစ္ေၾကာင္း ေျပာဆိုပါတယ္။

“ေအာင္ဝင္းေဇာ္က တပ္ထြက္အရာရွိဆိုေတာ့ အားလုံးက ဗိုလ္ႀကီးဆိုတဲ့သေဘာမ်ိဳးနဲ႔ ‘ဗက’  လို႔ သူ႔ကိုေခၚတယ္။ ၾကည္လင္းကေတာ့ သူနဲ႔တြဲေပမယ့္ ဦးေဆာင္ဦးရြက္လုပ္တတ္တဲ့ လူမ်ိဳး မဟုတ္ဘူး။ ႏွစ္ေယာက္လုံးတူတာကေတာ့ ေငြရရင္ ဘာမဆိုလုပ္မယ္ဆိုတာပဲ” လို႔ ဦးေအာင္စိုးက ေျပာပါတယ္။

ဦးေအာင္စိုး၊ ဦးေအာင္ဝင္းေဇာ္နဲ႔ ဦးၾကည္လင္းတို႔ဟာ ယခင္အစိုးရလက္ထက္မွာ လြတ္ၿငိမ္းခ်မ္းသာခြင့္မ်ားနဲ႔ အက်ဥ္းေထာင္က လြတ္ေျမာက္လာခဲ့ၾကပါတယ္။

“ဦးကိုနီသတ္ခံရၿပီး ေနာက္တေန႔မနက္မွာ ေဖ့ဘြတ္က ၾကည္လင္းပုံကို က်ေနာ့္မိန္းမက လာျပေတာ့ ဒီအမႈမွာ က်ိန္းေသေပါက္ ေအာင္ဝင္းေဇာ္ ပါတယ္ ဆိုၿပီး က်ေနာ္သိလိုက္ၿပီ” လို႔လည္း ဆက္ေျပာပါတယ္။

အဲဒီလို သူအခိုင္အမာ ေျပာနိုင္တာကေတာ့ ေထာင္ထဲမွာတုန္းက သူေျပာျပခဲ့ဖူးတဲ့ အင္းစိန္ၿမိဳ႕နယ္ အိမ္လိပ္စာရွိရာကို မႏွစ္က ဇြန္လတုန္းက ဦးေအာင္ဝင္းေဇာ္ တေယာက္ ခဲေရာင္ ပါဂ်ဲရိုးကားေလးနဲ႔ ေရာက္လာခဲ့ပါတယ္။ သူက ဦးေအာင္စိုးဆီကို လုပ္ႀကံသတ္ျဖတ္မႈ တခု လုပ္ေပးဖို႔ အလုပ္လာအပ္ျခင္း ျဖစ္ပါတယ္။

ေန႔ခင္းေၾကာင္ေတာင္ ၿမိဳ႕လယ္ေခါင္မွာ လူမ်ိဳးမတူ ဘာသာျခားနိုင္ငံျခားသံတမန္တဦးကို ေသနတ္နဲ႔ ပစ္သတ္ရမယ္၊ ေအာင္ျမင္ရင္ အမ်ိဳးဘာသာအတြက္ အက်ိဳးရွိမယ္၊ အလုပ္လက္ခံရင္ သိန္း ၁,၀၀၀ ထိေပးမယ္၊ သတ္ျဖတ္ၿပီးရင္ DKBA တပ္ေတြရွိတဲ့ ကရင္ျပည္နယ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္ဖို႔ စီစဥ္ေပးမယ္ဆိုတဲ့ ဦးေအာင္ဝင္းေဇာ္ရဲ့ကမ္းလွမ္းခ်က္ကို ဦးေအာင္စိုးက လက္မခံခဲ့ပါဘူး။

“က်ေနာ္က သူ႔ကို‘မင္းဘာေတြလုပ္ေနလဲ’ ဆိုေတာ့ သူ႔က ‘ငါ ေထာင္က ထြက္လာကတည္းက ငါ့ကို ဒီလိုအလုပ္ေတြလုပ္ဖို႔  တိုက္ခန္းေပးထားတယ္၊ ကားေပးထားတယ္။ လိုသမၽွေထာက္ပံ့တဲ့သူေတြရွိတယ္’ ဆိုၿပီးေျပာတယ္။ သူေျပာေနတဲ့စကားေတြက သိပ္ျမင့္လြန္းေတာ့ က်ေနာ္ကမယုံဘူး။ ဘုရားခိုးဂိုဏ္းကေကာင္က ဘာသာေရးေတြ ဘာေတြ ကာကြယ္မယ္ဆိုေတာ့ က်ေနာ္က လုံးဝမယုံဘူး” လို႔ ဦးေအာင္စိုးက ေျပာျပပါတယ္။

ဦးေအာင္စိုးကိုယ္သည္ ရန္ကုန္ၿမိဳ.တဝိုက္ လုယက္မႈမ်ားနဲ႔ ၁၉၉၆ ခုႏွစ္မွာ ေထာင္ဒဏ္ ၅၈ ႏွစ္ခ်မွတ္ခံရၿပီး၊ ၂၀၁၄ ခုႏွစ္အတြင္း သမၼတဦးသိန္းစိန္ရဲ့ လြတ္ၿငိမ္းခ်မ္းသာမႈနဲ႔ ျပန္လြတ္ေျမာက္လာခဲ့သူ ျဖစ္ပါတယ္။

ဒုတိယမၸိကမ္းလွမ္းမႈ

ဦးေအာင္ဝင္းေဇာ္က ဦးေအာင္စိုးကို အင္မတန္လၽွို႔ဝွက္က်ဴးလြန္ရမယ့္ လူသတ္လုပ္ႀကံမႈတခု ဘာ့ေၾကာင့္ေရြးခ်ယ္ ကမ္းလွမ္းခဲ့ပါသလဲ။

ဦးေအာင္စိုးရဲ့ ေျပာျပခ်က္အရ ၂၀၀၆ ခုုႏွစ္ မႏၲေလးေထာင္ထဲမွာရွိေနတုန္း ဦးေအာင္ဝင္းေဇာ္ဟာ တိုးတက္ေသာကရင္ဒီမိုကရက္တစ္တပ္မေတာ္ (DKBA) နဲ႔ ပတ္သက္သူတဦးရဲ့ အကူအညီနဲ႔ ေသနတ္ႏွစ္လက္ကို ခိုးသြင္းၿပီး ေထာင္ကေနထြက္ေျပးမယ္လို႔ သူ႔ဆီလာတိုင္ပင္ခဲ့ဖူးေၾကာင္း၊ အဲဒီအခ်ိန္မွာ ဦးေအာင္စိုးဟာ ေထာင္တြင္းေနသား ၁၀ ႏွစ္ရွိၿပီးျဖစ္ၿပီး နိုင္ငံေတာ္ လြတ္ၿငိမ္းခ်မ္းသာခြင့္လာရင္ လြတ္ေျမာက္ဖို႔ ေမၽွာ္လင့္ေနတဲ့ အခ်ိန္ျဖစ္တဲ့အတြက္ အဲဒီေထာင္ေဖာက္မယ့္အႀကံကို လက္မခံခဲ့ပါဘူး။ ဒါေပမယ့္ သူဟာ ဒီသတင္းကို လုံးဝ မေပါက္ေၾကာင္းရေအာင္ ႏႈတ္လုံခဲ့တာမို႔ ဦးေအာင္ဝင္းေဇာ္ရဲ့ အထူး ယုံၾကည္မႈကို ရရွိခဲ့သူျဖစ္ပါတယ္။

ဒါ့ျပင္ ဦးေအာင္စိုးဟာ ၁၉၈၈ ခုႏွစ္မတိုင္မီက စစ္တပ္ထဲမွာ ႏွစ္ႏွစ္မၽွဝင္ေရာက္ တာဝန္ထမ္းေဆာင္ခဲ့ဖူးတာ၊ ကရာေတးသိုင္း အတတ္ပညာကို ေကာင္းမြန္စြာ တတ္ေျမာက္ထားတာနဲ႔ အခုအခ်ိန္အထိ သူ႔ခႏၶာကိုယ္သည္ တိုက္ခိုက္နိုင္ေလာက္ေအာင္ ေတာင့္တင္းသန္မာေနဆဲျဖစ္တာ၊ ေနာက္ၿပီး ေထာင္တြင္းကာလမွာ သေဘာထားတင္းမာစြာ ေနထိုင္တတ္သူျဖစ္တာ စတဲ့အေၾကာင္းေတြေၾကာင့္ သူ႔ကို ဦးေအာင္ဝင္းေဇာ္က လူသတ္လုပ္ႀကံဖို႔ အလုပ္ကို ယုံၾကည္စြာ ကမ္းလွမ္းခဲ့တာလို႔ ဦးေအာင္စိုးက ယုံၾကည္ေနတာပါ။

“ဦးကိုနီလုပ္ႀကံရေအာင္ ေအာင္ဝင္းေဇာ္ေရာ၊ ၾကည္လင္းေရာ ဘာမွဆက္စပ္စရာ မရွိဘူး။ သူတို႔ ေနာက္ကြယ္က ေငြေပးခိုင္းလို႔ လုပ္တာ။ က်ေနာ္ယုံၾကည္တယ္ သူ႔ေနာက္မွာ အေကာင္ႀကီးေတြပဲ” ဟု ဦးေအာင္စိုးက ဆိုပါတယ္။

ဦးကိုနီလုပ္ႀကံမႈဟာ နိုင္ငံေရးအရ လုပ္ႀကံမႈျဖစ္တယ္လို႔ ျပည္သူေတြၾကားမွာ ယူဆေနတာရွိၿပီး၊ နိုင္ငံေတာ္သမၼတ႐ုံးကလည္း ဒါဟာ နိုင္ငံေတာ္တည္ၿငိမ္ေရးကို ပ်က္ျပားေအာင္ ရည္ရြယ္လုပ္ေဆာင္တာလို႔ ဇန္နဝါရီ ၃၀ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဦးေအာင္ဝင္းေဇာ္ကို ဖမ္းဆီးရမိလိုက္ၿပီးတဲ့ေနာက္ သူ႔ေနာက္ကြယ္က ႀကိဳးကိုင္သူေတြကို ဆက္လက္ဖမ္းမိေရးအတြက္ ျပည္သူမ်ားက ေမၽွာ္လင့္ေနၾကပါတယ္။
.
Credit - ဧရာ၀တီ
===========

Unidode>>>
တရားလွှတ်တော် ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး ဒုတိယမြောက်ဖမ်းဆီးရမိထားတဲ့သူဟာ အသက် ၄၆ နှစ်အရွယ် ဦးအောင်ဝင်းဇော်လို့ နိုင်ငံတော်သမ္မတရုံးက ယခုလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ အနီးကပ်လုပ်ကြံခဲ့ပြီး အခင်းဖြစ်ရာနေရာမှာ ဖမ်းခံရတဲ့ ဦးကြည်လင်းနဲ့အတူ ဦးအောင်ဝင်းဇော်ဟာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တကယ်တော့ သူတို့ နှစ်ဦးလုံးဟာ ရာဇဝတ်မှုတခုကို အတူတူကျူးလွန်တယ်ဆိုတာ ဒါ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ သူတို့နှစ်ဦးဟာ ၂၀၀၃ ခုနှစ်လောက်မှာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တွေကို နိုင်ငံခြားကို တရားမဝင် ခိုးထုတ်မှုနဲ့ မန္တလေး အိုးဘိုထောင်မှာ အတူတူထောင်ကျခဲ့ဖူးကြောင်းကို ထိုအချိန်က တာဝန်ကျခဲ့ဖူးတဲ့ ထောင်ဝန်ထမ်းများ၊ ရာဇဝတ်အကျဉ်းသားဟောင်းများနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများကပါ Myanmar Now ကိုအတည်ပြုပြောဆိုပါတယ်။

ဦးအောင်ဝင်းဇော်ဟာ ထိုအမှုနဲ့ထောင်မကျခင် အခြားအမှုတခုနဲ့လည်း ထောင်ကျဖူးကြောင်း၊ ပြီးတော့ သူဟာ စစ်စည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ပြစ်ချက်နဲ့ ထုတ်ခံထားရတဲ့ တပ်မတော်အရာရှိဟောင်း တယောက်ဖြစ်ကြောင်းလည်း သိရပါတယ်။

သူဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ထောင်ကလွတ်လာပြီး ရန်ကုန် သာကေတမြို.နယ် ၁ ရပ်ကွက် ထူပါရုံ အရှေ့ ၁၆ လမ်း အိမ်အမှတ် ၁၂၅၉ မှာ ရှိတဲ့ လုံးချင်းနှစ်ထပ်တိုက်မှာ သူ့မိသားစုနဲ့လာရောက်နေထိုင်ကြောင်း သိရပါတယ်။ သူနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ.ပြောဆိုချက်အရ ဦးကိုနီသတ်ခံရပြီးကတည်းက ဒီအိမ်ခြံဝင်းရဲ. သံတံခါးမကြီးကို ပိတ်ထားတာ တွေ.ရှိကြောင်း၊ နောက်ပြီး ဦးအောင်ဝင်းဇော်ကို လက်ထိပ် ၄၊ ၅ ခုနဲ့ ရဲတပ်ဖွဲ.ဝင် အများအပြားက ဒီအိမ်ကို မကြာသေးမီရက်ပိုင်းအတွင်းက ခေါ်ဆောင်လာတယ်လို့  ဆိုပါတယ်။

Myanmar Now ရရှိထားတဲ့ ဦးအောင်ဝင်းဇော်ရဲ့ မိသားစုသန်းခေါင်စာရင်း ဓာတ်ပုံမှတ်တမ်းအရ သူ့ဇနီးသည်မှာ အသက် ၄၂ ရှိသူ ဒေါ်မင်းမင်းထိုက်ဖြစ်ပြီး၊ သူ့တဦးတည်းသောသားမှာ အသက် ၁၉ နှစ်ရှိပြီဖြစ်ပါတယ်။ ဦးအောင်ဝင်းဇော် အလုပ်အကိုင်ဟာ “ကုန်သယ်” ဆိုပြီး ဒီသန်းခေါင်စာရင်းထဲမှာ ရေးထားတာ တွေ.ရပါတယ်။

ဦးအောင်ဝင်းဇော် ဇာတိကတော့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက် တိုက်နံပါတ် ၂၅၆ ဖြစ်ကြောင်း၊ ကွယ်လွန်ပြီဖြစ်တဲ့ သူ့ဖခင်မှာ တပ်မတော်အရာရှိ အငြိမ်းစားတဦးဖြစ်ပြီး အစ်ကိုတယောက်၊ ညီတယောက်နဲ့ ညီမတယောက်ရှိကြောင်း အဲဒီလမ်းထဲမှာ အခုထိ ဆက်လက်နေထိုင်နေတဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူတဦးက ပြောဆိုပါတယ်။

“သူ ဆယ်တန်းအောင် တပ်ထဲဝင်သွားကတည်းက ကျနော်နဲ့ သိပ်မတွေ့ဖြစ်တော့ဘူး။ ငယ်ငယ်ကတော့ အေးအေးဆေးဆေးသမားပါပဲ။ ကြီးမှ ထောင်တွေ ဘာတွေကျပြီး ဘာတွေဖြစ်မှန်း ကျနော်တို့လည်း မသိတော့ဘူး။ သူ့အဖေက ဆုံးပြီ။ သူ့အမေလည်း ဒီကပြောင်းသွားတာ ၂ နှစ်လောက်ရှိပြီ” လို့  အမည်မဖော်လိုသူ အဲ့ဒီသူငယ်ချင်းက ပြောပါတယ်။

ဒီအချက်တွေဟာ မှန်ကန်ကြောင်း ရန်ကုန်၊ အင်းစိန်မြို့နယ်မှာနေထိုင်နေတဲ့ ဦးအောင်ဝင်းဇော်ရဲ့ဖခင်ဘက်က ဦးလေးတော်စပ်သူ အငြိမ်းစား အင်းစိန်ထောင်ပိုင် ဦးဌေးလှှိုင်က Myanmar Now ကို ပြောပါတယ်။

ဒီအမှုမှာ သူ့တူပါဝင်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးဖို့ မေးမြန်းတဲ့အခါမှာတော့ သူက “ဦးလေး အသက်လည်းကြီးပါပြီ။ အေးအေးဆေး နေချင်ပါပြီ။ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်ပေါ့။ ဒီ့ထက်မပြောပါရစေနဲ့” လို့ပဲ သူက ခပ်တိုးတိုးပြန်ဖြေခဲ့ပါတယ်။

လူသတ်ပွဲစားလား

ဦးအောင်ဝင်းဇော်နဲ့ရော ဦးကြည်လင်းနဲ့ရော မန္တလေး အိုးဘိုထောင်မှာ ထောင်သားအဖြစ် အတူနေဖူးတဲ့ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှာ ယခု နေထိုင်နေတဲ့ အကျဉ်းသားဟောင်း ဦးအောင်စိုးကတော့ ဦးကိုနီလုပ်ကြံခံရပြီး နာရီပိုင်းအတွင်း ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကြည့်ပြီး ဒီအမှုမှာ ဦးအောင်ဝင်းဇော်ပါနိုင်ကြောင်း ဦးကိုနီလုပ်ကြံခံပြီး တရက်အကြာမှာ Myanmar Now ကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ပြောဆိုချက်အရ ဦးကြည်လင်းနဲ့ ဦးအောင်ဝင်းဇော်တို့ဟာ ထောင်အတူတူကျအမှုတွဲတွေဖြစ်သလို ထောင်ထဲမှာလည်း ရင်းရင်းနှီးနှီးပေါင်းသင်းတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းနှစ်ဦးဖြစ်ကြောင်း၊ ဦးအောင်ဝင်းဇော်ဟာ ငွေလမ်းခင်းပြီး ထောင်ထဲမှာ အကျဉ်းသားတွေကို ပြန်လည်အုပ်ချုပ်ရတဲ့ ထောင်တန်းစီး အဖြစ် နေရာယူထားပြီး လူပေါ်လူဇော်လုပ်ချင်သူဖြစ်ကြောင်း၊ ဦးကြည်လင်းကတော့ လူအများစုနဲ့ ခပ်ကင်းကင်းနေပြီး တည်ငြိမ်တဲ့အမူအရာ အပြည့်ရှိသူဖြစ်ကြောင်း ပြောဆိုပါတယ်။

“အောင်ဝင်းဇော်က တပ်ထွက်အရာရှိဆိုတော့ အားလုံးက ဗိုလ်ကြီးဆိုတဲ့သဘောမျိုးနဲ့ ‘ဗက’  လို့ သူ့ကိုခေါ်တယ်။ ကြည်လင်းကတော့ သူနဲ့တွဲပေမယ့် ဦးဆောင်ဦးရွက်လုပ်တတ်တဲ့ လူမျိုး မဟုတ်ဘူး။ နှစ်ယောက်လုံးတူတာကတော့ ငွေရရင် ဘာမဆိုလုပ်မယ်ဆိုတာပဲ” လို့ ဦးအောင်စိုးက ပြောပါတယ်။

ဦးအောင်စိုး၊ ဦးအောင်ဝင်းဇော်နဲ့ ဦးကြည်လင်းတို့ဟာ ယခင်အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်များနဲ့ အကျဉ်းထောင်က လွတ်မြောက်လာခဲ့ကြပါတယ်။

“ဦးကိုနီသတ်ခံရပြီး နောက်တနေ့မနက်မှာ ဖေ့ဘွတ်က ကြည်လင်းပုံကို ကျနော့်မိန်းမက လာပြတော့ ဒီအမှုမှာ ကျိန်းသေပေါက် အောင်ဝင်းဇော် ပါတယ် ဆိုပြီး ကျနော်သိလိုက်ပြီ” လို့လည်း ဆက်ပြောပါတယ်။

အဲဒီလို သူအခိုင်အမာ ပြောနိုင်တာကတော့ ထောင်ထဲမှာတုန်းက သူပြောပြခဲ့ဖူးတဲ့ အင်းစိန်မြို့နယ် အိမ်လိပ်စာရှိရာကို မနှစ်က ဇွန်လတုန်းက ဦးအောင်ဝင်းဇော် တယောက် ခဲရောင် ပါဂျဲရိုးကားလေးနဲ့ ရောက်လာခဲ့ပါတယ်။ သူက ဦးအောင်စိုးဆီကို လုပ်ကြံသတ်ဖြတ်မှု တခု လုပ်ပေးဖို့ အလုပ်လာအပ်ခြင်း ဖြစ်ပါတယ်။

နေ့ခင်းကြောင်တောင် မြို့လယ်ခေါင်မှာ လူမျိုးမတူ ဘာသာခြားနိုင်ငံခြားသံတမန်တဦးကို သေနတ်နဲ့ ပစ်သတ်ရမယ်၊ အောင်မြင်ရင် အမျိုးဘာသာအတွက် အကျိုးရှိမယ်၊ အလုပ်လက်ခံရင် သိန်း ၁,၀၀၀ ထိပေးမယ်၊ သတ်ဖြတ်ပြီးရင် DKBA တပ်တွေရှိတဲ့ ကရင်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ စီစဉ်ပေးမယ်ဆိုတဲ့ ဦးအောင်ဝင်းဇော်ရဲ့ကမ်းလှမ်းချက်ကို ဦးအောင်စိုးက လက်မခံခဲ့ပါဘူး။

“ကျနော်က သူ့ကို‘မင်းဘာတွေလုပ်နေလဲ’ ဆိုတော့ သူ့က ‘ငါ ထောင်က ထွက်လာကတည်းက ငါ့ကို ဒီလိုအလုပ်တွေလုပ်ဖို့  တိုက်ခန်းပေးထားတယ်၊ ကားပေးထားတယ်။ လိုသမျှထောက်ပံ့တဲ့သူတွေရှိတယ်’ ဆိုပြီးပြောတယ်။ သူပြောနေတဲ့စကားတွေက သိပ်မြင့်လွန်းတော့ ကျနော်ကမယုံဘူး။ ဘုရားခိုးဂိုဏ်းကကောင်က ဘာသာရေးတွေ ဘာတွေ ကာကွယ်မယ်ဆိုတော့ ကျနော်က လုံးဝမယုံဘူး” လို့ ဦးအောင်စိုးက ပြောပြပါတယ်။

ဦးအောင်စိုးကိုယ်သည် ရန်ကုန်မြို.တဝိုက် လုယက်မှုများနဲ့ ၁၉၉၆ ခုနှစ်မှာ ထောင်ဒဏ် ၅၈ နှစ်ချမှတ်ခံရပြီး၊ ၂၀၁၄ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာမှုနဲ့ ပြန်လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။

ဒုတိယမ္ပိကမ်းလှမ်းမှု

ဦးအောင်ဝင်းဇော်က ဦးအောင်စိုးကို အင်မတန်လျှို့ဝှက်ကျူးလွန်ရမယ့် လူသတ်လုပ်ကြံမှုတခု ဘာ့ကြောင့်ရွေးချယ် ကမ်းလှမ်းခဲ့ပါသလဲ။

ဦးအောင်စိုးရဲ့ ပြောပြချက်အရ ၂၀၀၆ ခုုနှစ် မန္တလေးထောင်ထဲမှာရှိနေတုန်း ဦးအောင်ဝင်းဇော်ဟာ တိုးတက်သောကရင်ဒီမိုကရက်တစ်တပ်မတော် (DKBA) နဲ့ ပတ်သက်သူတဦးရဲ့ အကူအညီနဲ့ သေနတ်နှစ်လက်ကို ခိုးသွင်းပြီး ထောင်ကနေထွက်ပြေးမယ်လို့ သူ့ဆီလာတိုင်ပင်ခဲ့ဖူးကြောင်း၊ အဲဒီအချိန်မှာ ဦးအောင်စိုးဟာ ထောင်တွင်းနေသား ၁၀ နှစ်ရှိပြီးဖြစ်ပြီး နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်လာရင် လွတ်မြောက်ဖို့ မျှော်လင့်နေတဲ့ အချိန်ဖြစ်တဲ့အတွက် အဲဒီထောင်ဖောက်မယ့်အကြံကို လက်မခံခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ဒီသတင်းကို လုံးဝ မပေါက်ကြောင်းရအောင် နှုတ်လုံခဲ့တာမို့ ဦးအောင်ဝင်းဇော်ရဲ့ အထူး ယုံကြည်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။

ဒါ့ပြင် ဦးအောင်စိုးဟာ ၁၉၈၈ ခုနှစ်မတိုင်မီက စစ်တပ်ထဲမှာ နှစ်နှစ်မျှဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ဖူးတာ၊ ကရာတေးသိုင်း အတတ်ပညာကို ကောင်းမွန်စွာ တတ်မြောက်ထားတာနဲ့ အခုအချိန်အထိ သူ့ခန္ဓာကိုယ်သည် တိုက်ခိုက်နိုင်လောက်အောင် တောင့်တင်းသန်မာနေဆဲဖြစ်တာ၊ နောက်ပြီး ထောင်တွင်းကာလမှာ သဘောထားတင်းမာစွာ နေထိုင်တတ်သူဖြစ်တာ စတဲ့အကြောင်းတွေကြောင့် သူ့ကို ဦးအောင်ဝင်းဇော်က လူသတ်လုပ်ကြံဖို့ အလုပ်ကို ယုံကြည်စွာ ကမ်းလှမ်းခဲ့တာလို့ ဦးအောင်စိုးက ယုံကြည်နေတာပါ။

“ဦးကိုနီလုပ်ကြံရအောင် အောင်ဝင်းဇော်ရော၊ ကြည်လင်းရော ဘာမှဆက်စပ်စရာ မရှိဘူး။ သူတို့ နောက်ကွယ်က ငွေပေးခိုင်းလို့ လုပ်တာ။ ကျနော်ယုံကြည်တယ် သူ့နောက်မှာ အကောင်ကြီးတွေပဲ” ဟု ဦးအောင်စိုးက ဆိုပါတယ်။

ဦးကိုနီလုပ်ကြံမှုဟာ နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်တယ်လို့ ပြည်သူတွေကြားမှာ ယူဆနေတာရှိပြီး၊ နိုင်ငံတော်သမ္မတရုံးကလည်း ဒါဟာ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် ရည်ရွယ်လုပ်ဆောင်တာလို့ ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဦးအောင်ဝင်းဇော်ကို ဖမ်းဆီးရမိလိုက်ပြီးတဲ့နောက် သူ့နောက်ကွယ်က ကြိုးကိုင်သူတွေကို ဆက်လက်ဖမ်းမိရေးအတွက် ပြည်သူများက မျှော်လင့်နေကြပါတယ်။
.
Credit - ဧရာဝတီ

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...