Loading...

ဦးကိုနီကိုသတ္လိုက္တာဟာ တစ္ခ်က္ခုတ္ (၁၀)ခ်က္ေလာက္ ျပတ္ေနသလိုျဖစ္ေနၿပီလားႏွင္႔ ေနာက္ကြယ္က အေၾကာင္းအရာမ်ား

ဦးေႏွာက္ကို ေမာ္တာတပ္ၿပီး စဥ္းစားလိုက္ဦးမယ္ ဗ်ိဳ႕ ။

ကၽြန္ေတာ္ တင္ခဲ့ၿပီးၿပီ ။

ဦးကိုနီကို သတ္တာ (၂) ခ်က္ ျဖစ္ႏုိင္ေခ်ရွိတယ္ ။
(၁) အၿငိဳးတရားေၾကာင့္
(၂) ေစခိုင္းသူရွိတာေၾကာင့္

ဘယ္လိုပဲသတ္သတ္ ဦးကိုနီ ေသသြားၿပီ ။

ဒါေပမယ့္ ေသတဲ့အေပၚမွာ မသကၤစရာအခ်က္ေတြက တန္းစီလို႔ အမိန္႔ေပးစ
ရာ မလိုေလာက္ေအာင္ တစ္ၿပံဳတမႀကီး ေပၚလာတယ္ ။

(၁) ျပန္၀န္ ၀န္ႀကီးဦးေဆာင္ၿပီး တပ္မေတာ္ရဲ႕ ႀကီးၾကပ္ကြပ္ကဲမႈေအာက္မွာ သီးျခားရွိတဲ့ ျပည္ထဲေရး၀န္ႀကီးဌာနမွ ဒု၀န္ႀကီးပါတဲ့ အဖြဲ႕ အင္ဒိုကို
သြားတဲ့ သတင္းကို လွ်ိဳ႕၀ွက္ထားပါလ်က္ အျပန္ခရီးမွာ ဘာေၾကာင့္ သတင္း ေပါက္ၾကားတာလဲ ။

(၂) အဲဒါကို ဘူးလက္လွေဆြပို႔စ္မွာလည္း Jan 28 ရက္စြဲနဲ႔ တင္ထားတာ ေတြ႕
တယ္ ။ ဦးကိုနီ အသတ္ခံရတာက ၂၉ ရက္ေန႔ ၁၇၀၅ ခ်ိန္ ေနာ္ ။ သတင္းကို
သူ ႀကိဳသိေနသလိုပဲဗ် ။

(၃) အသြားခရီး (၂၂)ဦး ေလဆိပ္မွာ ဓာတ္ပံု ရိုက္တယ္ ။ တစ္ဦးက စိတ္မ၀င္
စား ။ ဖုန္းပြတ္ေနတယ္ ။ ဘာေၾကာင့္လဲ ။ စိတ္၀င္စားစရာေကာင္းတယ္ ။

(၄) ေလယာဥ္ေပၚမွာေတာင္ ဦးကိုနီကို ဓာတ္ပံု ရိုက္ထားတဲ့ ပံု ထြက္လာ
တယ္ ။ ဒါလည္း စိတ္၀င္စားစရာေကာင္းတယ္ ။

(၅) လူသတ္သမားဟာ ခိုင္းေစလို႔ သတ္တာ ေနာက္မွ ထား ။ ဘာေၾကာင့္
လူစည္ကားရာအရပ္ ေလဆိပ္မွာ ဦးကိုနီကို ပစ္သတ္ရတာလဲ ။ အေၾကာင္း
ရွိမယ္ ။ အဲဒါေတြက ...
(က) လက္ရွိ အရပ္သားအစိုးရကို ၿခိမ္းေျခာက္တာလား ။
(ခ) တရားဥပေဒစိုးမိုးမႈ မရွိဘူးလို႔ ေျပာခ်င္တာလား ။
(ဂ) လံုၿခံဳေရး အျမင္ အသိရွိတဲ့ ျပည္ထဲေရး၀န္ႀကီးဌာန ဒု၀န္ႀကီးတစ္ဦး ပါေန
ပါလ်က္ ျပည္ထဲေရး၀န္ႀကီးဌာနကို မထိတထိ သေရာ္ ေလွာင္ေျပာင္ခဲ့ေလ
သလား ။ ေပၚျပဴလာ ဟီရိုးျဖစ္ခ်င္လို႔လား ။
(ဃ) တိုင္းျပည္မေအးခ်မ္းဘူးဆိုၿပီး ကာလံု အစည္းအေ၀းကို ေခၚေစခ်င္လို႔
လား ။ေျပာေနသံေတြ ၾကားၾကမွေပါ့ဗ်ာ ။
(င) တပ္မေတာ္ကို အာဏာ တဖန္ ျပန္သိမ္းေစခ်င္လို႔လား ။
(စ) မင္းတို႔ အရပ္သားအစိုးရအဖြဲ႕အတြင္းမွာ ငါတို႔ လူေတြ ရွိေနတယ္ဆိုတာ
ကို သက္ေသျပေစခ်င္တာလား ။
(ဆ) ကခ်င္ ၊ ရွမ္းေျမာက္ ျပည္တြင္းစစ္ေတြနဲ႔ အနာက္တံခါးကို လမ္းလႊဲေစခ်င္
တာလား ။
(ဇ) ဦးကိုနီၿပီးရင္ ေနာက္ဆက္တြဲေတြ ရွိေနတယ္ဆိုတာကို ျပယုဂ္အျဖစ္ ျပ
လိုက္သလား ။
(စ်) ေျပာေျပာေနတဲ့ ၂၀၀၈ ေျခ ဥ ကို မျပင္ဆင္ခ်င္လို႔လား ။
(ည) ရွရွားသံအမတ္ႀကီး အသတ္ခံရသလို ႏိုင္ငံေရးအျမတ္ထုတ္ခ်င္လို႔လား။

စတဲ့ ... စတဲ့ အခ်က္ေတြဟာ လူသတ္သမားနဲ႔ ေနာက္ကြယ္က အဖြဲ႕အစည္း
ေတြနဲ႔ ပတ္သက္တဲ့ အက်ံဳး၀င္တဲ့ အခ်က္ႀကီးေတြ ျဖစ္ႏိုင္တယ္ေနာ္ ။
ဦးကိုနီကိုသတ္လိုက္တာဟာ တစ္ခ်က္ခုတ္ (၁၀)ခ်က္ေလာက္ ျပတ္ေနသလို ျဖစ္ေနတယ္ ဗ် ။

(၆) ေသခ်ာတာကေတာ့ ၾကည္လင္း ၊ ေအာင္၀င္းေဇာ္အျပင္ အင္ဒိုခရီးကို
သြားရာမွာ အတြင္းလူ ပါေနတာကို ထင္ရွားလွပါဘိဗ်ာ ။

(၇) အဲဒီအတြင္းလူက ဘယ္သူလဲ ။ သူလည္း လူသတ္မႈမွာ ေငြ ဘယ္ေလာက္
ရသလဲ ။ ေအာင္၀င္းေဇာ္နဲ႔ ဘယ္လို အဆက္အသြယ္ရွိသလဲ .

(၈) ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ ဒီတစ္ႀကိမ္မွ တရားခံေတြ မိထားပါလ်က္
အယင္ ထလရေခတ္တုန္းကလို ဗကပေျမေအာက္အဖြဲ႕ေတြပါလို႔ စြပ္စြဲ ေျပာ
ဆိုရင္ေတာ့ .... မွားလြန္းမက မွားၿပီ ။ ဆင္ေျခရာကို ေတြ႕ေနပါလ်က္ ဆင္
ေနာက္ မလိုက္၀ံ့တဲ့ မုဆိုးဆိုတာ ခပ္ညံ့ညံ့ မုဆိုးပဲ ျဖစ္ေတာ့မွာ ေသခ်ာတယ္။

(၉) ႏွစ္ေပါင္းမ်ားစြာ အဘက္ဘက္က စုတ္ျပတ္သတ္ခဲ့တဲ့ တိုင္းျပည္
ထူေထာင္ကာစမွ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ႀကီးအေနနဲ႔ သီးသန္႔ေလး ေနၿပီး ဇိမ္နဲ႔ ေငြကို ယပ္ခတ္ယူခ်င္လို႔ မရေတာ့ပါဘူးဗ်ာ ။

(၁၀)အဖတ္ဆယ္လို႔မရတဲ့ သိကၡာေတြလည္း က်ခဲ့ၿပီးၿပီ ။ ဥပမာ ...(၅)ေလာင္း
ၿပိဳင္ ၊ (၄)ေလာင္းၿပိဳင္ ၊ ၾကည္ျမင္တိုင္ အႏုၾကမ္းစီးမႈ ၊ ေငြလဲေနရာကို ဓားျပ
တိုက္မႈ ၊ ပိုင္ရွင္မဲ့ မူးယစ္ေဆး၀ါးေတြ မေပၚမႈ စတဲ့ စတဲ့ အို ... အို ....
မေပၚေပါက္ႏိုင္တဲ့ အမႈေတြ ဗရပြနဲ႔ တရစပ္မ်ားေနၿပီေနာ္ ။

(၁၁) ေနာက္ဆံုးေတာ့ ေျပာခ်င္တာက တကယ့္ဒီမိုကေရစီေခတ္မွာ အားကိုး
ရမယ့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ျပည္သူေတြက တကယ္ ခ်စ္ခင္ အားထားႏိုင္
ေအာင္ အားထုတ္ ႀကိဳးစားေစခ်င္တယ္ဗ်ာ ။

ဒါ ကၽြန္ေတာ့္ဆႏၵပါ ။ ကၽြန္ေတာ္နည္းတူ အျခားေသာျပည္သူေတြကလည္း
ကၽြန္ေတာ့္ဆႏၵနဲ႔ တစ္ထပ္တည္း ရွိေနၾကမယ္လို႔ ကိုယ္စား ေျပာၾကားပါရေစ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႀကီးေရ .........

မဟုတ္ရင္ေတာ့ ကူညီပါရေစ ေဆာင္ပုဒ္ႀကီးကို ျပင္ဆင္ လိုက္ေစခ်င္တယ္ ။
ဘယ္လို နံမည္ ေျပာင္းရမလဲဆိုတာေတာ့ ကၽြန္ေတာ္ မေျပာခ်င္ေသးဘူး ။

ေငြစိုး Ngwe Soe 
.
Credit : Ngwe Soe
.
ျပန္လည္မ်ွေဝေပးပါတယ္။
ေလးစားလ်ွက္
Martin Swe
03-02-2017


 Unicode>>>
ဦးနှောက်ကို မော်တာတပ်ပြီး စဉ်းစားလိုက်ဦးမယ် ဗျို့ ။

ကျွန်တော် တင်ခဲ့ပြီးပြီ ။

ဦးကိုနီကို သတ်တာ (၂) ချက် ဖြစ်နိုင်ချေရှိတယ် ။
(၁) အငြိုးတရားကြောင့်
(၂) စေခိုင်းသူရှိတာကြောင့်

ဘယ်လိုပဲသတ်သတ် ဦးကိုနီ သေသွားပြီ ။

ဒါပေမယ့် သေတဲ့အပေါ်မှာ မသင်္ကစရာအချက်တွေက တန်းစီလို့ အမိန့်ပေးစ
ရာ မလိုလောက်အောင် တစ်ပြုံတမကြီး ပေါ်လာတယ် ။

(၁) ပြန်ဝန် ဝန်ကြီးဦးဆောင်ပြီး တပ်မတော်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ သီးခြားရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးပါတဲ့ အဖွဲ့ အင်ဒိုကို
သွားတဲ့ သတင်းကို လျှို့ဝှက်ထားပါလျက် အပြန်ခရီးမှာ ဘာကြောင့် သတင်း ပေါက်ကြားတာလဲ ။

(၂) အဲဒါကို ဘူးလက်လှဆွေပို့စ်မှာလည်း Jan 28 ရက်စွဲနဲ့ တင်ထားတာ တွေ့
တယ် ။ ဦးကိုနီ အသတ်ခံရတာက ၂၉ ရက်နေ့ ၁၇၀၅ ချိန် နော် ။ သတင်းကို
သူ ကြိုသိနေသလိုပဲဗျ ။

(၃) အသွားခရီး (၂၂)ဦး လေဆိပ်မှာ ဓာတ်ပုံ ရိုက်တယ် ။ တစ်ဦးက စိတ်မဝင်
စား ။ ဖုန်းပွတ်နေတယ် ။ ဘာကြောင့်လဲ ။ စိတ်ဝင်စားစရာကောင်းတယ် ။

(၄) လေယာဉ်ပေါ်မှာတောင် ဦးကိုနီကို ဓာတ်ပုံ ရိုက်ထားတဲ့ ပုံ ထွက်လာ
တယ် ။ ဒါလည်း စိတ်ဝင်စားစရာကောင်းတယ် ။

(၅) လူသတ်သမားဟာ ခိုင်းစေလို့ သတ်တာ နောက်မှ ထား ။ ဘာကြောင့်
လူစည်ကားရာအရပ် လေဆိပ်မှာ ဦးကိုနီကို ပစ်သတ်ရတာလဲ ။ အကြောင်း
ရှိမယ် ။ အဲဒါတွေက ...
(က) လက်ရှိ အရပ်သားအစိုးရကို ခြိမ်းခြောက်တာလား ။
(ခ) တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ ပြောချင်တာလား ။
(ဂ) လုံခြုံရေး အမြင် အသိရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးတစ်ဦး ပါနေ
ပါလျက် ပြည်ထဲရေးဝန်ကြီးဌာနကို မထိတထိ သရော် လှောင်ပြောင်ခဲ့လေ
သလား ။ ပေါ်ပြူလာ ဟီရိုးဖြစ်ချင်လို့လား ။
(ဃ) တိုင်းပြည်မအေးချမ်းဘူးဆိုပြီး ကာလုံ အစည်းအဝေးကို ခေါ်စေချင်လို့
လား ။ပြောနေသံတွေ ကြားကြမှပေါ့ဗျာ ။
(င) တပ်မတော်ကို အာဏာ တဖန် ပြန်သိမ်းစေချင်လို့လား ။
(စ) မင်းတို့ အရပ်သားအစိုးရအဖွဲ့အတွင်းမှာ ငါတို့ လူတွေ ရှိနေတယ်ဆိုတာ
ကို သက်သေပြစေချင်တာလား ။
(ဆ) ကချင် ၊ ရှမ်းမြောက် ပြည်တွင်းစစ်တွေနဲ့ အနာက်တံခါးကို လမ်းလွှဲစေချင်
တာလား ။
(ဇ) ဦးကိုနီပြီးရင် နောက်ဆက်တွဲတွေ ရှိနေတယ်ဆိုတာကို ပြယုဂ်အဖြစ် ပြ
လိုက်သလား ။
(စျ) ပြောပြောနေတဲ့ ၂၀၀၈ ခြေ ဥ ကို မပြင်ဆင်ချင်လို့လား ။
(ည) ရှရှားသံအမတ်ကြီး အသတ်ခံရသလို နိုင်ငံရေးအမြတ်ထုတ်ချင်လို့လား။

စတဲ့ ... စတဲ့ အချက်တွေဟာ လူသတ်သမားနဲ့ နောက်ကွယ်က အဖွဲ့အစည်း
တွေနဲ့ ပတ်သက်တဲ့ အကျုံးဝင်တဲ့ အချက်ကြီးတွေ ဖြစ်နိုင်တယ်နော် ။
ဦးကိုနီကိုသတ်လိုက်တာဟာ တစ်ချက်ခုတ် (၁၀)ချက်လောက် ပြတ်နေသလို ဖြစ်နေတယ် ဗျ ။

(၆) သေချာတာကတော့ ကြည်လင်း ၊ အောင်ဝင်းဇော်အပြင် အင်ဒိုခရီးကို
သွားရာမှာ အတွင်းလူ ပါနေတာကို ထင်ရှားလှပါဘိဗျာ ။

(၇) အဲဒီအတွင်းလူက ဘယ်သူလဲ ။ သူလည်း လူသတ်မှုမှာ ငွေ ဘယ်လောက်
ရသလဲ ။ အောင်ဝင်းဇော်နဲ့ ဘယ်လို အဆက်အသွယ်ရှိသလဲ .

(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဒီတစ်ကြိမ်မှ တရားခံတွေ မိထားပါလျက်
အယင် ထလရခေတ်တုန်းကလို ဗကပမြေအောက်အဖွဲ့တွေပါလို့ စွပ်စွဲ ပြော
ဆိုရင်တော့ .... မှားလွန်းမက မှားပြီ ။ ဆင်ခြေရာကို တွေ့နေပါလျက် ဆင်
နောက် မလိုက်ဝံ့တဲ့ မုဆိုးဆိုတာ ခပ်ညံ့ညံ့ မုဆိုးပဲ ဖြစ်တော့မှာ သေချာတယ်။

(၉) နှစ်ပေါင်းများစွာ အဘက်ဘက်က စုတ်ပြတ်သတ်ခဲ့တဲ့ တိုင်းပြည်
ထူထောင်ကာစမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးအနေနဲ့ သီးသန့်လေး နေပြီး ဇိမ်နဲ့ ငွေကို ယပ်ခတ်ယူချင်လို့ မရတော့ပါဘူးဗျာ ။

(၁၀)အဖတ်ဆယ်လို့မရတဲ့ သိက္ခာတွေလည်း ကျခဲ့ပြီးပြီ ။ ဥပမာ ...(၅)လောင်း
ပြိုင် ၊ (၄)လောင်းပြိုင် ၊ ကြည်မြင်တိုင် အနုကြမ်းစီးမှု ၊ ငွေလဲနေရာကို ဓားပြ
တိုက်မှု ၊ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ မပေါ်မှု စတဲ့ စတဲ့ အို ... အို ....
မပေါ်ပေါက်နိုင်တဲ့ အမှုတွေ ဗရပွနဲ့ တရစပ်များနေပြီနော် ။

(၁၁) နောက်ဆုံးတော့ ပြောချင်တာက တကယ့်ဒီမိုကရေစီခေတ်မှာ အားကိုး
ရမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်သူတွေက တကယ် ချစ်ခင် အားထားနိုင်
အောင် အားထုတ် ကြိုးစားစေချင်တယ်ဗျာ ။

ဒါ ကျွန်တော့်ဆန္ဒပါ ။ ကျွန်တော်နည်းတူ အခြားသောပြည်သူတွေကလည်း
ကျွန်တော့်ဆန္ဒနဲ့ တစ်ထပ်တည်း ရှိနေကြမယ်လို့ ကိုယ်စား ပြောကြားပါရစေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးရေ .........

မဟုတ်ရင်တော့ ကူညီပါရစေ ဆောင်ပုဒ်ကြီးကို ပြင်ဆင် လိုက်စေချင်တယ် ။
ဘယ်လို နံမည် ပြောင်းရမလဲဆိုတာတော့ ကျွန်တော် မပြောချင်သေးဘူး ။

ငွေစိုး Ngwe Soe
.
Credit : Ngwe Soe
.
ပြန်လည်မျှဝေပေးပါတယ်။
လေးစားလျှက်
Martin Swe
03-02-2017

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...