Loading...

သူေဌးရဲ႕ ရက္ဆက္မႈေၾကာင့္ မထူးဘ၀ျဖစ္သြားတဲ့ အိမ္ေဖာ္မေလး မရွက္တမ္းေျပာျပထားတာပါ..။ (ျဖစ္ရပ္မွန္)

ထိုေန႔ညက အျဖစ္အပ်က္က မလြင္ၾကည့္ဖူးသည့္ ျမန္မာဗီဒီယိုဇာတ္ကားမွ ဇာတ္ဝင္ခန္းမ်ားႏွင့္ ဆင္တူသည္။

သို႔ေသာ္ မလြင္ႀကံဳေနရသည္က ဗီဒီယိုထဲတြင္ သ႐ုပ္ေဆာင္ေနျခင္း မဟုတ္။

အမွန္တကယ္ က်ားေရွ႕ ေမွာက္လ်က္လဲေနျခင္းပင္။

“အဲဒီညက အလုပ္ဝင္ၿပီး ေလးရက္ေျမာက္ည။ ဂ်ပန္ႀကီးက အလုပ္က ျပန္လာတယ္။ ညစာစားၿပီးေတာ့ ကြၽန္မကို လက္ဟန္ေျခဟန္နဲ႔ ႏွိပ္ခိုင္းတယ္။ သူ႔တစ္ကိုယ္လုံး အတြင္းခံ ေဘာင္းဘီကလြဲၿပီး ဘာအဝတ္အစားမွ မပါဘူး။ ကြၽန္မ ႏွိပ္ေပးေနတုန္း ဟိုကိုင္ဒီကိုင္လုပ္တယ္” ဟု မလြင္က သူ၏ ပထမဆုံး ငရဲခန္းကို ေျပာျပသည္။

“အဲဒါနဲ႔ ကြၽန္မလည္း အတင္း႐ုန္းကန္ၿပီး သူ႔အခန္းထဲက ထြက္လာလိုက္တယ္၊ ဒါေပမဲ့ . . .”

သို႔ေသာ္ ထိုငရဲခန္းတို႔မွ မလြင္ (အမည္လႊဲ) မလြတ္ေျမာက္ႏိုင္ေတာ့ေၾကာင္း ေနာက္တစ္ေန႔တြင္ သိခြင့္ရလိုက္သည္။

“ပြဲစား အန္တီႀကီးဆီ ဖုန္းဆက္ၿပီး ဒီအိမ္မွာ ဆက္မလုပ္ႏိုင္ေတာ့ဘူးလို႔ ကြၽန္မ ေျပာခဲ့တယ္။ အဲဒါဆို ႀကဳိတင္ေငြေပးထားတဲ့ သုံးလစာ ေငြကိုးသိန္း ျပန္ေပးရမယ္လို႔ သူက ျပန္ေျပာတယ္။ မေပးႏိုင္ရင္ တရားစြဲမယ္တဲ့။ တစ္လစာကို ပြဲခေပးခဲ့ရေတာ့ အိမ္ကို ျပန္ေပးခဲ့ႏိုင္တာက ေျခာက္သိန္းထဲေလ။ ကြၽန္မတို႔ အေျခအေနနဲ႔ ဘယ္လိုမွ မေလ်ာ္ႏိုင္ဘူး” ဟု မလြင္က ဆိုသည္။

အသက္ ၂၅ ႏွစ္အရြယ္ မလြင္မွာ ဧရာဝတီတိုင္းေဒသႀကီး ေညာင္တုန္းၿမဳိ႕ အနီးရွိ ရြာေလးတစ္ရြာမွ ျဖစ္သည္။ ေညာင္တုန္းၿမဳိ႕ရွိ စတိုးဆိုင္တစ္ဆိုင္က အေရာင္းသမအျဖစ္ အသက္ေမြးခဲ့သည္။ေမာင္ႏွမေလးေယာက္အနက္ မလြင္က အႀကီးဆုံးျဖစ္ၿပီး ရွစ္တန္းအထိ ေက်ာင္းေနဖူးခဲ့၏။

ဖခင္ျဖစ္သူမွာ အေႏွးယာဥ္လုပ္သားတစ္ဦး ျဖစ္ၿပီး မိခင္ျဖစ္သူ ေကာက္စိုက္သမတစ္ဦး ျဖစ္သည္။

မလြင္တို႔ မိသားစုဘဝမွာ ဆင္းရဲၾကပ္တည္းလြန္းလွၿပီး မလြင္ေအာက္မွ ညီမျဖစ္သူမွာ ေညာင္တုန္းၿမဳိ႕ရွိ သူေဌးအိမ္တစ္အိမ္တြင္ အိမ္အကူအျဖစ္ တစ္လသုံးေသာင္းျဖင့္ လုပ္ကိုင္ေနရ၏။

တိုင္းရင္းသူေသြးပါၿပီး ျဖဴျဖဴေခ်ာေခ်ာ မလြင္၏ ဘဝကို တစ္ဆစ္ခ်ဳိး ေျပာင္းလဲေစမည့္ ၾကမၼာတစ္ရက္တြင္ ဆိုက္ဆိုက္ၿမဳိက္ၿမဳိက္ ေရာက္လာေတာ့သည္။

“အဲဒီေန႔က ညီမတို႔က ပုံမွန္ပဲ ေစ်းေရာင္းေနတာ။ ေခ်ာင္းသာက ျပန္လာတဲ့ ကားတစ္စီးက ေစ်းဝင္ဝယ္တယ္။ ကားေပၚပါလာတဲ့ အန္တီႀကီးက ဒီကေကာင္မေလးေတြ ရန္ကုန္မွာ အလုပ္လုပ္ခ်င္ေျပာ၊ လစာေကာင္းေကာင္းရမယ္ဆိုၿပီး ဖုန္းနံပါတ္တစ္ခု ေပးသြားတယ္” ဟု မလြင္က ဆိုသည္။

ေနာက္တစ္ေန႔တြင္ ရန္ကုန္ၿမဳိ႕တြင္ လစာေကာင္းေကာင္းရမည့္ အိပ္မက္တစ္ခုကို မလြင္ မက္ေတာ့၏။

ထို႔ေနာက္ မလြင္က အန္တီႀကီး ေပးခဲ့ေသာ နံပါတ္ကို ဖုန္းဆက္ၿပီး ေမးလိုက္သည္။

“ႏိုင္ငံျခားသားအိမ္မွာ အိမ္အကူ လုပ္ေပးရမယ္၊ ထမင္းခ်က္၊ ဟင္းခ်က္၊ အဝတ္ေလွ်ာ္ေပါ့၊ စားစရိတ္ၿငိမ္း တစ္လကို သုံးသိန္းရမယ္လို႔ သူက ေျပာေတာ့ ကြၽန္မ ေတာ္ေတာ္ဝမ္းသာသြားတယ္” ဟု မလြင္က ဆိုသည္။

မိသားစုေလးေယာက္ အလုပ္ထြက္လုပ္သည္ေတာင္မွ တစ္ရက္ သုံးေထာင္ခန္႔သာ ဝင္ေငြရွိေသာ မလြင္တို႔ မိသားစုအဖို႔ တစ္ေယာက္တည္း လုပ္ခလစာေငြ သုံးသိန္းသည္ မက္ေလာက္စရာပင္။

“ကြၽန္မ ရန္ကုန္တက္လာေတာ့ အန္တီႀကီးက ကားလက္မွတ္ကအစ စီစဥ္ေပးတယ္။ လာႀကဳိတယ္။ သူ႔အိမ္မွာ ႏွစ္ရက္ေလာက္ေနၿပီး ကြၽန္မကို အခုေနတဲ့ ပုလဲကြန္ဒိုက သူေဌးဆီကို ေခၚသြားတယ္” မလြင္ အလုပ္လုပ္ရမည့္ သူေဌးမွာ အသက္ ၅၀ ခန္႔ရွိ ဂ်ပန္လူမ်ဳိးျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ႏွစ္ရွည္လာေရာက္လုပ္ကိုင္ေနသည့္ ကုမၸဏီတစ္ခုမွ ျဖစ္ေၾကာင္းလည္း သိရသည္။

မလြင္ကို ေျခဆုံးေခါင္းဆုံး ၾကည့္ၿပီးေနာက္ ေဆး႐ုံတြင္ ေဆးစစ္ဖို႔ ေဆးစစ္ခ်က္အေျဖကို ၾကည့္ၿပီးမွ အလုပ္ခန္႔မည္ဟု ဆိုသည္။

ဤသို႔ျဖင့္ အန္တီႀကီးအိမ္တြင္ေနရင္း ရန္ကုန္ရွိ ေဆး႐ုံမ်ားတြင္ မလြင္ ေဆးစစ္ရသည္။

ေဆးစစ္ခ်က္မ်ားအရ မလြင္တြင္ ဘာမွ်မရွိ။

ထိုအခါက်မွ မလြင္ကို ႏိုင္ငံျခားသားသူေဌးက တစ္လ သုံးသိန္းျဖင့္ သုံးလစာ ကိုးသိန္းေပးကာ စာခ်ဳပ္တြင္ လက္မွတ္ထိုးေစၿပီး အလုပ္ခန္႔လိုက္သည္။

“ပြဲစား အန္တီကို တစ္လစာ ေပးရတယ္။ က်န္တဲ့ေျခာက္သိန္းကို အိမ္ကို ခ်က္ခ်င္းလႊဲလိုက္တယ္။ အိမ္က ဓနိမိုးနဲ႔ ေနရတာ မိုးယိုတယ္။ သြပ္မိုးဖို႔နဲ႔ အိမ္ျပင္ဖို႔ အတြက္ေပါ့” ဟု မလြင္က ဆိုသည္။

သူေဌးအိမ္ ေရာက္သည့္အခါမွ သူေဌးက မိသားစုမရွိသည့္ တစ္ကိုယ္တည္းသမား ျဖစ္ေၾကာင္း မလြင္သိရသည္။
“ေယာက္်ားတစ္ေယာက္နဲ႔ တစ္မိုးတည္းေအာက္မွာ ညလုံးေပါက္ အတူရွိမေနသင့္ဘူး ဆိုတာ ကြၽန္မ စဥ္းစားမိပါတယ္။ ဒါေပမဲ့ ကြၽန္မမွာ ညဘက္ျပန္စရာအိမ္ မရွိဘူး၊ သူေဌးနဲ႔ကလည္း လက္ဟန္ေျခဟန္နဲ႔ပဲ ေျပာေနရေတာ့ ပြဲစားကို ဖုန္းဆက္ေျပာလိုက္တယ္၊ ပြဲစားက သူေဌးနဲ႔ ညႇိေပးမယ္လို႔ ေျပာတယ္၊ သူျပန္ေျပာတာက ညဘက္ အခ်ိန္ပိုဆင္းတယ္ပဲ သေဘာထားလိုက္ပါ၊ အဲဒီအတြက္ သူေဌးက တစ္လကို ေဘာက္ဆူး တစ္သိန္းခြဲ ထပ္ေပးမယ္လို႔ ေျပာတယ္။ ကြၽန္မလည္း ေငြလိုခ်င္ေတာ့ လက္ခံလိုက္တယ္” ဟု မလြင္က ဆိုသည္။

ပထမေန႔မ်ားတြင္ သူေဌးက အလုပ္သြားခ်ိန္တြင္ သူမက အဝတ္အစားမ်ား ေလွ်ာ္ဖြပ္၊ အိမ္သန္႔ရွင္းလုပ္၊ သူေဌးျပန္လာခါနီးတြင္ ညစာခ်က္ျပဳတ္ ျပင္ဆင္ေပးရသည္။

သူေဌးျပန္လာေသာအခါ ညစာခင္းက်င္း ေကြၽးၿပီးေနာက္ သူေဌးက သူ႔အခန္းတြင္ သူဝင္အိပ္သည္။ ဘာမွ်မထူးျခား။

ေလးရက္ေျမာက္ညတြင္ေတာ့ ႏွိပ္ခိုင္းရာမွ ဇာတ္လမ္းစသည့္ ျဖစ္စဥ္ႏွင့္ မလြင္ ႀကံဳရေတာ့သည္။

“ဒါေပမဲ့ ေငြေဖာေဖာသီသီရတဲ့ ဒီအလုပ္က ကြၽန္မမ႐ုန္းထြက္ႏိုင္ဘူး။ ျပန္ေလ်ာ္ရမယ့္ေငြကို မေလ်ာ္ႏိုင္တာလည္း ပါတယ္။ အတင္းထြက္ေျပးရင္ လိုက္ဖမ္းၿပီး ေထာင္ခ်မယ္လို႔လည္း ပြဲစားအန္တီက ေျပာတယ္။ အဲဒီလိုနဲ႔ ဆက္ေနျဖစ္သြားတယ္” ဟု မလြင္က ဆိုသည္။

ေနာက္ပိုင္းရက္မ်ားတြင္ေတာ့ မလြင္၏ အပ်ဳိစင္ဘဝကို အသက္ ၅၀ ေက်ာ္ ဂ်ပန္သူေဌး၏ လက္ဝယ္ အၿပီးအပ္ႏွံလိုက္ရသည္။

သူေဌးက တစ္ပတ္တစ္ခါ အဝတ္အစားအသစ္မ်ား ဝယ္ေပးၿပီး၊ ဆယ္ရက္တစ္ခါ ေဘာက္ဆူးဟုဆိုကာ မုန္႔ဖိုးမ်ားလည္း အလွ်ံအပယ္ ေပးတတ္သည္။
“ဒီမွာ ဒီလိုေနတာ ရြာကလူေတြလည္း သိမွာမဟုတ္ဘူး။ အဓိကကေတာ့ ပိုက္ဆံအဆင္ေျပရင္ ရြာျပန္လို႔ ဝတ္ႏိုင္စားႏိုင္ရင္ လူအထင္ႀကီးမွာပဲဆိုၿပီး ကြၽန္မ ေတြးမိတယ္။ ဒီလိုနဲ႔ပဲ သူေဌးနဲ႔ ကြၽန္မ မထူးဇာတ္ခင္းေနလိုက္ေတာ့တယ္” ဟု မလြင္က ဆိုသည္။

မလြင္က မထူးဇာတ္ခင္းသည္ဟု ဆိုေသာ္လည္း ထို႔ထက္ မထူးသည့္ဇာတ္က သူမအတြက္ ေနာက္ထပ္ရွိေနေသး၏။

တစ္ည သူေဌးျပန္လာေသာအခါ ဂါဝန္ပါးပါးတစ္ထည္ ဝယ္လာသည္။ ထိုမွ်မက သူ႔မိတ္ေဆြ ႏိုင္ငံျခားသား အဘိုးႀကီးႏွစ္ဦးလည္း ပါလာသည္။

“ကြၽန္မကို အဲဒီဂါဝန္ေလး ဝတ္ခိုင္းၿပီး သူတို႔ အရက္ေသာက္တဲ့အခါ အျမည္းခ်ခိုင္းတယ္။ ေဘးက အရက္ငွဲ႔ခိုင္းတယ္။ ၿပီးေတာ့ သူတို႔ သုံးေယာက္နဲ႔ အတူအိပ္ေပးဖို႔ ေတာင္းဆိုတယ္။ အဲဒီညက သူတို႔သုံးေယာက္နဲ႔ ကြၽန္မ တစ္ေယာက္တည္း အလွည့္က် ေနေပးခဲ့ရတယ္” ဟု မလြင္၏ ေနာက္ထပ္ မထူးဇာတ္ကို ၾကားရျပန္ပါသည္။

မၾကာခဏ ဆိုသလို သူေဌး၏ သူငယ္ခ်င္းမ်ား ပါလာခဲ့ၿပီး မလြင္မွာ အသုံးေတာ္ခံခဲ့ရသည္။

“ဧည့္သည္ေတြက ညီမကို သူငယ္ခ်င္းရွိရင္ ေခၚေပးပါ။ သူတို႔လည္း အိမ္အကူ ခန္႔ခ်င္လို႔လို႔ ေျပာတယ္။ ညီမ မေခၚေပးပါဘူး။ ကိုယ့္လိုဘဝက ပ်က္သထက္ပ်က္မွာစိုးလို႔။ အဲဒီေတာ့ သူတို႔က ကြၽန္မကို ေခၚေပးတဲ့ ပြဲစားအန္တီကို ဆက္သြယ္ၿပီး လူရွာခိုင္းၾကတာ သိရတယ္၊ အဲဒီအထဲမွာ ကြၽန္မနဲ႔ စတိုးဆိုင္မွာ အတူလုပ္ခဲ့တဲ့ ဝါးခယ္မက ေကာင္မေလး တစ္ေယာက္လည္း ပါသြားတယ္” ဟု မလြင္က ဆိုသည္။

မလြင္၏ သူငယ္ခ်င္း ဝါးခယ္မမွ ေကာင္မေလးကေတာ့ ကံေကာင္းသည္လား၊ ကံဆိုးသည္လား မေျပာတတ္၊
သူမ၏သူေဌးမွာ တ႐ုတ္လူမ်ဳိးတစ္ဦး ျဖစ္ၿပီး မလြင္ကို ျပဳမူသည့္ အတိုင္းပင္ ခံခဲ့ရသည္။

ပိုဆိုးသည္မွာ တ႐ုတ္သူေဌးမွာ သူမကို ဓမၼတာအတိုင္း မဆက္ဆံဘဲ ရက္စက္စြာ ျပဳက်င့္သျဖင့္ လုပ္သက္ ႏွစ္လအၾကာတြင္ အဆိုပါအိမ္မွ ထြက္ေျပးခဲ့သည္ဟု ဆိုသည္။

“သူ ထြက္ေျပးေတာ့မယ္ဆိုေတာ့ ကြၽန္မကို ဖုန္းဆက္တယ္။ ဘယ္လိုမွ သည္းညည္းမခံႏိုင္ေတာ့ဘူးတဲ့၊ ေနာက္ပိုင္းက် ပြဲစားေတြက သူ႔အိမ္ကို ပိုက္ဆံေတြ ျပန္ေလ်ာ္ဖို႔ သြားၿခိမ္းေျခာက္ၾကတယ္ ၾကားတယ္” ဟု မလြင္က ဆိုသည္။

ပြဲစားအမ်ဳိးသမီး၏ အဆိုကေတာ့ ရွင္းသည္။ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမႈျဖင့္သာ ဝန္ေဆာင္မႈေပးျခင္းဟု ဆိုသည္။

“စာခ်ဳပ္ခ်ဳပ္တာလည္း သူတို႔ႏွစ္ဖက္က သေဘာတူၿပီးသားပဲ။ သူတို႔အခ်င္းခ်င္း ၾကည္ျဖဴလို႔ အေပးအယူေတြ ရွိၾကတယ္။ တခ်ဳိ႕ဆို စစခ်င္း စာခ်ဳပ္ခ်ဳပ္ကတည္းက ဒီလိုေနေပးရမယ္ဆိုတာ သိႏွင့္ၿပီးသားေတြပဲ။ ေနာက္ပိုင္း သူတို႔ဘာသာ ျပႆနာျဖစ္ေတာ့ စာခ်ဳပ္အတိုင္း ရွင္းၾကေပါ့။ ကြၽန္မတို႔နဲ႔ ဘာဆိုင္လို႔လဲ” ဟု ေျမာက္ဒဂုံၿမဳိ႕နယ္မွ အမည္မေဖာ္လိုသူ အိမ္ေဖာ္ပြဲစား အမ်ဳိးသမီးႀကီးက ဆိုသည္။

ယခုကဲ့သို႔ အိမ္တြင္းအငွားမယား အျဖစ္ပါ ေနေပးရမည္ကို သိသိႀကီးႏွင့္ တမင္တကာ လစာမက္ကာ လာလုပ္ၾကေသာ အိမ္ေထာင္ရွင္ အမ်ဳိးသမီးအခ်ဳိ႕လည္း ရွိေသးေၾကာင္း သူက ထပ္ေျပာလိုက္ေသးသည္။

“တခ်ဳိ႕က ေယာက်္ားက အရက္သမား၊ ကေလးက ႏွစ္ေယာက္ေလာက္ ရွိတယ္။ အသက္ကလည္း ငယ္ေသးတယ္။ အဆင္မေျပေတာ့ အလုပ္လာခ်ိတ္တယ္၊ သူတို႔က်ေတာ့ အပ်ဳိမဟုတ္ေတာ့ လစာေတာ့ သိပ္မေကာင္းဘူးေပါ့” ဟု ၎ကပင္ ဆိုသည္။

၂၀၁၁ ခုႏွစ္ ေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခား တယ္လီဖုန္း ေအာ္ပေရတာ ကုမၸဏီမ်ား၊ အျခားႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေပၚေပါက္လာၿပီးေနာက္ ယခင္ ျပည္တြင္းအိမ္ေဖာ္ပြဲစားမ်ားထက္ ႏိုင္ငံျခားသားမ်ားႏွင့္ ဆက္သြယ္ေပးသည့္ အိမ္ေဖာ္ပြဲစားမ်ား ေခတ္ေကာင္းလာၾကသည္။
အိမ္ေဖာ္ပြဲစားမ်ား၏ ေစ်းကြက္ကုန္ၾကမ္းမွာ အလုပ္အကိုင္ရွားပါးၿပီး၊ ဝင္ေငြနည္းပါးေသာ နယ္ဘက္မွ ႐ိုးသားေသာ အမ်ဳိးသမီးေလးမ်ား ျဖစ္သည္။

ထိုႏိုင္ငံျခားသားထံတြင္ လုပ္ရမည့္ အိမ္ေဖာ္ေစ်းကြက္သည္ တျဖည္းျဖည္းႏွင့္ ျမန္မာျပည္တြင္ ႏွစ္ရွည္ေနသည့္ ႏိုင္ငံျခားသားမ်ားအတြက္ အငွားမယားေစ်းကြက္ ျဖစ္လာေတာ့သည္။

“ကြၽန္ေတာ္တို႔႐ုံးက Foreigner (ႏိုင္ငံျခားသား) ေတာ္ေတာ္မ်ားမ်ားမွာ အဲဒီလို အငွားမယား ျမန္မာမေလးေတြ ကိုယ္စီရွိၾကတယ္၊ သူတို႔အခ်င္းခ်င္း ႂကြားၾကတဲ့အခါ သတိထားမိတာေပါ့၊ အေနာက္ႏိုင္ငံသားေတြ၊ အိႏၵိယေတြကေတာ့ အဲဒီလို သိပ္မရွိၾကဘူး။ အမ်ားဆုံးက ဂ်ပန္၊ တ႐ုတ္၊ ကိုရီးယား အစရွိတဲ့ အာရွႏိုင္ငံသားေတြပါ” ဟု တယ္လီဖုန္း ေအာ္ပေရတာ တစ္ခုတြင္ အရာရွိအဆင့္ျဖင့္ လုပ္ကိုင္ေနသူ ကိုစိုးမိုးလင္းက ဆိုသည္။

ယခုကဲ့သို႔ ျဖစ္စဥ္မ်ားသည္ ျပည္တြင္းလူကုန္ကူးမႈဟု ေခါင္းစဥ္တပ္ရမည္ ျဖစ္ၿပီး လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး အက္ဥပေဒႏွင့္ ၿငိစြန္းေၾကာင္း ဆိုလာသူက ဥပေဒအႀကံေပးတစ္ဦး ျဖစ္သူ ဦးခင္ေမာင္ျမင့္ ျဖစ္သည္။

လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒ (၅/၂၀၀၅) အခန္း (၁)၊ အပုဒ္ (၃) အရ လူတစ္ဦးကို သူ၏ သေဘာတူညီခ်က္ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ေခါင္းပုံျဖတ္ရန္ အလို႔ငွာ သိမ္းသြင္းစုေဆာင္းျခင္း၊ သယ္ယူပို႔ေဆာင္ျခင္း၊ လႊဲေျပာင္းေရာင္းခ် ဝယ္ယူငွားရမ္းျခင္း၊ ခိုလႈံခြင့္ေပးျခင္းတို႔မွာ လူကုန္ကူးမႈေျမာက္သည္။

“ဒါဟာ လူကုန္ကူးမႈ ေျမာက္ပါတယ္။ စာခ်ဳပ္စာတမ္း ဥပေဒအရလည္း ႏိုင္ငံေတာ္ ဖြဲ႔စည္းပုံအေျခခံဥပေဒနဲ႔ မညီတဲ့ စာခ်ဳပ္ေတြဟာ စခ်ဳပ္ဆိုကတည္းက အသက္မဝင္ဘူးဆိုတာ သိထားရမယ္။ စာခ်ဳပ္ကို ေၾကာက္စရာ မလိုဘူး။ အလိုမတူရင္ မုဒိန္းမႈနဲ႔ပါ တရားစြဲလို႔ ရပါတယ္” ဟု ၎ကဆိုသည္။
ယခင္က အမ်ဳိးသမီးငယ္မ်ားအား လူကုန္ကူးမႈ ဆိုသည္ႏွင့္ ထိုင္းႏိုင္ငံတြင္ လိင္ကြၽန္အျဖစ္ ေရာင္းစားခံရမႈမ်ား၊ တ႐ုတ္ႏိုင္ငံသို႔ မယားအျဖစ္ ေရာင္းစားခံရမႈမ်ားကိုသာ အမ်ားဆုံး သိရွိၾကေသာ္လည္း ယခုကဲ့သို႔ ျပည္တြင္းေန ႏိုင္ငံျခားသားမ်ားထံ လူကုန္ကူးခံရမႈမ်ားကေတာ့ သိရွိသူ နည္းပါးလွသည္။

“ကြၽန္မလို ဘဝတူေတြ ရန္ကုန္မွာ တျဖည္းျဖည္း မ်ားလာၿပီလို႔ သိရတယ္။ ကြၽန္မတို႔နဲ႔ တစ္တိုက္တည္းမွာတင္ ကြၽန္မလိုလူေတြ မနည္းဘူး။ ကြၽန္မက အခု သူေဌးအိမ္မွာ တစ္ႏွစ္ခြဲ ရွိပါၿပီ။ မထူးလည္း မထူးေတာ့ပါဘူး။ မိသားစုအတြက္ ေငြရွာေပးဖို႔ပဲ သိေတာ့တယ္။ ေနာက္ညီမေလးေတြသာ ကြၽန္မလိုမ်ဳိး မျဖစ္ေစခ်င္တဲ့ ေစတနာနဲ႔ အခုလို႔ ဖြင့္ေျပာရတာပါ” ဟု မလြင္က ဆိုလာသည္။

ႏိုင္ငံ၏ စီးပြားေရးနိမ့္က်မႈ၊ ဆင္းရဲခ်မ္းသာကြာဟမႈ၊ အလုပ္အကိုင္ အခြင့္အလမ္း ရွားပါးမႈတို႔က ဆင္းရဲႏြမ္းပါးသည့္နယ္ဘက္မွ သမီးပ်ဳိေလးမ်ားအား ႏိုင္ငံျခားသားတို႔၏ လိင္ေက်းကြၽန္ဘဝသို႔ သြတ္သြင္းေနသည္။

ေနာင္တြင္ ႏိုင္ငံ၏ တိုးတက္လာေသာ အေျခအေနႏွင့္အတူ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား၊ ႏွစ္ရွည္စီမံကိန္းမ်ား အသီးသီး ဝင္လာၾကဦးမည္ ျဖစ္သည္။

ထိုစီမံကိန္းမ်ားႏွင့္အတူ လိင္မႈကိစၥ ေသာင္းက်န္းေသာ ႏိုင္ငံျခားသားမ်ားႏွင့္ ဆင္းရဲႏြမ္းပါးေသာ မလြင္တို႔ကဲ့သို႔ အိမ္တြင္းလိင္ကြၽန္ အငွားမယား ေစ်းကြက္လည္း ဆက္လက္ႀကီးထြားလာႏိုင္သည္။

ထိုအတြက္ မည္သို႔ ကာကြယ္ၾကမည္နည္း။

ထို႔အတြက္ မည္သူ႔တြင္ တာဝန္ရွိပါသနည္း။
“ကြၽန္မ တာဝန္ကေတာ့ မိုးလင္းကတည္းက အိမ္အလုပ္လုပ္၊ ညဘက္ သူျပန္လာေတာ့ သူ႔စိတ္တိုင္းက် ေနေပးလိုက္ရတာပါပဲ” မလြင္ကေတာ့ တစ္ေန႔တာ သူ႔တာဝန္ကို ႏြမ္းလ်စြာ ေျပာလာေတာ့သည္။

Credit: The Voice
===========

Unicode>>>
ထိုနေ့ညက အဖြစ်အပျက်က မလွင်ကြည့်ဖူးသည့် မြန်မာဗီဒီယိုဇာတ်ကားမှ ဇာတ်ဝင်ခန်းများနှင့် ဆင်တူသည်။

သို့သော် မလွင်ကြုံနေရသည်က ဗီဒီယိုထဲတွင် သရုပ်ဆောင်နေခြင်း မဟုတ်။

အမှန်တကယ် ကျားရှေ့ မှောက်လျက်လဲနေခြင်းပင်။

“အဲဒီညက အလုပ်ဝင်ပြီး လေးရက်မြောက်ည။ ဂျပန်ကြီးက အလုပ်က ပြန်လာတယ်။ ညစာစားပြီးတော့ ကျွန်မကို လက်ဟန်ခြေဟန်နဲ့ နှိပ်ခိုင်းတယ်။ သူ့တစ်ကိုယ်လုံး အတွင်းခံ ဘောင်းဘီကလွဲပြီး ဘာအဝတ်အစားမှ မပါဘူး။ ကျွန်မ နှိပ်ပေးနေတုန်း ဟိုကိုင်ဒီကိုင်လုပ်တယ်” ဟု မလွင်က သူ၏ ပထမဆုံး ငရဲခန်းကို ပြောပြသည်။

“အဲဒါနဲ့ ကျွန်မလည်း အတင်းရုန်းကန်ပြီး သူ့အခန်းထဲက ထွက်လာလိုက်တယ်၊ ဒါပေမဲ့ . . .”

သို့သော် ထိုငရဲခန်းတို့မှ မလွင် (အမည်လွှဲ) မလွတ်မြောက်နိုင်တော့ကြောင်း နောက်တစ်နေ့တွင် သိခွင့်ရလိုက်သည်။

“ပွဲစား အန်တီကြီးဆီ ဖုန်းဆက်ပြီး ဒီအိမ်မှာ ဆက်မလုပ်နိုင်တော့ဘူးလို့ ကျွန်မ ပြောခဲ့တယ်။ အဲဒါဆို ကြိုတင်ငွေပေးထားတဲ့ သုံးလစာ ငွေကိုးသိန်း ပြန်ပေးရမယ်လို့ သူက ပြန်ပြောတယ်။ မပေးနိုင်ရင် တရားစွဲမယ်တဲ့။ တစ်လစာကို ပွဲခပေးခဲ့ရတော့ အိမ်ကို ပြန်ပေးခဲ့နိုင်တာက ခြောက်သိန်းထဲလေ။ ကျွန်မတို့ အခြေအနေနဲ့ ဘယ်လိုမှ မလျော်နိုင်ဘူး” ဟု မလွင်က ဆိုသည်။

အသက် ၂၅ နှစ်အရွယ် မလွင်မှာ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ အနီးရှိ ရွာလေးတစ်ရွာမှ ဖြစ်သည်။ ညောင်တုန်းမြို့ရှိ စတိုးဆိုင်တစ်ဆိုင်က အရောင်းသမအဖြစ် အသက်မွေးခဲ့သည်။မောင်နှမလေးယောက်အနက် မလွင်က အကြီးဆုံးဖြစ်ပြီး ရှစ်တန်းအထိ ကျောင်းနေဖူးခဲ့၏။

ဖခင်ဖြစ်သူမှာ အနှေးယာဉ်လုပ်သားတစ်ဦး ဖြစ်ပြီး မိခင်ဖြစ်သူ ကောက်စိုက်သမတစ်ဦး ဖြစ်သည်။

မလွင်တို့ မိသားစုဘဝမှာ ဆင်းရဲကြပ်တည်းလွန်းလှပြီး မလွင်အောက်မှ ညီမဖြစ်သူမှာ ညောင်တုန်းမြို့ရှိ သူဌေးအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် တစ်လသုံးသောင်းဖြင့် လုပ်ကိုင်နေရ၏။

တိုင်းရင်းသူသွေးပါပြီး ဖြူဖြူချောချော မလွင်၏ ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေမည့် ကြမ္မာတစ်ရက်တွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့သည်။

“အဲဒီနေ့က ညီမတို့က ပုံမှန်ပဲ စျေးရောင်းနေတာ။ ချောင်းသာက ပြန်လာတဲ့ ကားတစ်စီးက စျေးဝင်ဝယ်တယ်။ ကားပေါ်ပါလာတဲ့ အန်တီကြီးက ဒီကကောင်မလေးတွေ ရန်ကုန်မှာ အလုပ်လုပ်ချင်ပြော၊ လစာကောင်းကောင်းရမယ်ဆိုပြီး ဖုန်းနံပါတ်တစ်ခု ပေးသွားတယ်” ဟု မလွင်က ဆိုသည်။

နောက်တစ်နေ့တွင် ရန်ကုန်မြို့တွင် လစာကောင်းကောင်းရမည့် အိပ်မက်တစ်ခုကို မလွင် မက်တော့၏။

ထို့နောက် မလွင်က အန်တီကြီး ပေးခဲ့သော နံပါတ်ကို ဖုန်းဆက်ပြီး မေးလိုက်သည်။

“နိုင်ငံခြားသားအိမ်မှာ အိမ်အကူ လုပ်ပေးရမယ်၊ ထမင်းချက်၊ ဟင်းချက်၊ အဝတ်လျှော်ပေါ့၊ စားစရိတ်ငြိမ်း တစ်လကို သုံးသိန်းရမယ်လို့ သူက ပြောတော့ ကျွန်မ တော်တော်ဝမ်းသာသွားတယ်” ဟု မလွင်က ဆိုသည်။

မိသားစုလေးယောက် အလုပ်ထွက်လုပ်သည်တောင်မှ တစ်ရက် သုံးထောင်ခန့်သာ ဝင်ငွေရှိသော မလွင်တို့ မိသားစုအဖို့ တစ်ယောက်တည်း လုပ်ခလစာငွေ သုံးသိန်းသည် မက်လောက်စရာပင်။

“ကျွန်မ ရန်ကုန်တက်လာတော့ အန်တီကြီးက ကားလက်မှတ်ကအစ စီစဉ်ပေးတယ်။ လာကြိုတယ်။ သူ့အိမ်မှာ နှစ်ရက်လောက်နေပြီး ကျွန်မကို အခုနေတဲ့ ပုလဲကွန်ဒိုက သူဌေးဆီကို ခေါ်သွားတယ်” မလွင် အလုပ်လုပ်ရမည့် သူဌေးမှာ အသက် ၅၀ ခန့်ရှိ ဂျပန်လူမျိုးဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်ရှည်လာရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုမှ ဖြစ်ကြောင်းလည်း သိရသည်။

မလွင်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီးနောက် ဆေးရုံတွင် ဆေးစစ်ဖို့ ဆေးစစ်ချက်အဖြေကို ကြည့်ပြီးမှ အလုပ်ခန့်မည်ဟု ဆိုသည်။

ဤသို့ဖြင့် အန်တီကြီးအိမ်တွင်နေရင်း ရန်ကုန်ရှိ ဆေးရုံများတွင် မလွင် ဆေးစစ်ရသည်။

ဆေးစစ်ချက်များအရ မလွင်တွင် ဘာမျှမရှိ။

ထိုအခါကျမှ မလွင်ကို နိုင်ငံခြားသားသူဌေးက တစ်လ သုံးသိန်းဖြင့် သုံးလစာ ကိုးသိန်းပေးကာ စာချုပ်တွင် လက်မှတ်ထိုးစေပြီး အလုပ်ခန့်လိုက်သည်။

“ပွဲစား အန်တီကို တစ်လစာ ပေးရတယ်။ ကျန်တဲ့ခြောက်သိန်းကို အိမ်ကို ချက်ချင်းလွှဲလိုက်တယ်။ အိမ်က ဓနိမိုးနဲ့ နေရတာ မိုးယိုတယ်။ သွပ်မိုးဖို့နဲ့ အိမ်ပြင်ဖို့ အတွက်ပေါ့” ဟု မလွင်က ဆိုသည်။

သူဌေးအိမ် ရောက်သည့်အခါမှ သူဌေးက မိသားစုမရှိသည့် တစ်ကိုယ်တည်းသမား ဖြစ်ကြောင်း မလွင်သိရသည်။
“ယောက်ျားတစ်ယောက်နဲ့ တစ်မိုးတည်းအောက်မှာ ညလုံးပေါက် အတူရှိမနေသင့်ဘူး ဆိုတာ ကျွန်မ စဉ်းစားမိပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ညဘက်ပြန်စရာအိမ် မရှိဘူး၊ သူဌေးနဲ့ကလည်း လက်ဟန်ခြေဟန်နဲ့ပဲ ပြောနေရတော့ ပွဲစားကို ဖုန်းဆက်ပြောလိုက်တယ်၊ ပွဲစားက သူဌေးနဲ့ ညှိပေးမယ်လို့ ပြောတယ်၊ သူပြန်ပြောတာက ညဘက် အချိန်ပိုဆင်းတယ်ပဲ သဘောထားလိုက်ပါ၊ အဲဒီအတွက် သူဌေးက တစ်လကို ဘောက်ဆူး တစ်သိန်းခွဲ ထပ်ပေးမယ်လို့ ပြောတယ်။ ကျွန်မလည်း ငွေလိုချင်တော့ လက်ခံလိုက်တယ်” ဟု မလွင်က ဆိုသည်။

ပထမနေ့များတွင် သူဌေးက အလုပ်သွားချိန်တွင် သူမက အဝတ်အစားများ လျှော်ဖွပ်၊ အိမ်သန့်ရှင်းလုပ်၊ သူဌေးပြန်လာခါနီးတွင် ညစာချက်ပြုတ် ပြင်ဆင်ပေးရသည်။

သူဌေးပြန်လာသောအခါ ညစာခင်းကျင်း ကျွေးပြီးနောက် သူဌေးက သူ့အခန်းတွင် သူဝင်အိပ်သည်။ ဘာမျှမထူးခြား။

လေးရက်မြောက်ညတွင်တော့ နှိပ်ခိုင်းရာမှ ဇာတ်လမ်းစသည့် ဖြစ်စဉ်နှင့် မလွင် ကြုံရတော့သည်။

“ဒါပေမဲ့ ငွေဖောဖောသီသီရတဲ့ ဒီအလုပ်က ကျွန်မမရုန်းထွက်နိုင်ဘူး။ ပြန်လျော်ရမယ့်ငွေကို မလျော်နိုင်တာလည်း ပါတယ်။ အတင်းထွက်ပြေးရင် လိုက်ဖမ်းပြီး ထောင်ချမယ်လို့လည်း ပွဲစားအန်တီက ပြောတယ်။ အဲဒီလိုနဲ့ ဆက်နေဖြစ်သွားတယ်” ဟု မလွင်က ဆိုသည်။

နောက်ပိုင်းရက်များတွင်တော့ မလွင်၏ အပျိုစင်ဘဝကို အသက် ၅၀ ကျော် ဂျပန်သူဌေး၏ လက်ဝယ် အပြီးအပ်နှံလိုက်ရသည်။

သူဌေးက တစ်ပတ်တစ်ခါ အဝတ်အစားအသစ်များ ဝယ်ပေးပြီး၊ ဆယ်ရက်တစ်ခါ ဘောက်ဆူးဟုဆိုကာ မုန့်ဖိုးများလည်း အလျှံအပယ် ပေးတတ်သည်။
“ဒီမှာ ဒီလိုနေတာ ရွာကလူတွေလည်း သိမှာမဟုတ်ဘူး။ အဓိကကတော့ ပိုက်ဆံအဆင်ပြေရင် ရွာပြန်လို့ ဝတ်နိုင်စားနိုင်ရင် လူအထင်ကြီးမှာပဲဆိုပြီး ကျွန်မ တွေးမိတယ်။ ဒီလိုနဲ့ပဲ သူဌေးနဲ့ ကျွန်မ မထူးဇာတ်ခင်းနေလိုက်တော့တယ်” ဟု မလွင်က ဆိုသည်။

မလွင်က မထူးဇာတ်ခင်းသည်ဟု ဆိုသော်လည်း ထို့ထက် မထူးသည့်ဇာတ်က သူမအတွက် နောက်ထပ်ရှိနေသေး၏။

တစ်ည သူဌေးပြန်လာသောအခါ ဂါဝန်ပါးပါးတစ်ထည် ဝယ်လာသည်။ ထိုမျှမက သူ့မိတ်ဆွေ နိုင်ငံခြားသား အဘိုးကြီးနှစ်ဦးလည်း ပါလာသည်။

“ကျွန်မကို အဲဒီဂါဝန်လေး ဝတ်ခိုင်းပြီး သူတို့ အရက်သောက်တဲ့အခါ အမြည်းချခိုင်းတယ်။ ဘေးက အရက်ငှဲ့ခိုင်းတယ်။ ပြီးတော့ သူတို့ သုံးယောက်နဲ့ အတူအိပ်ပေးဖို့ တောင်းဆိုတယ်။ အဲဒီညက သူတို့သုံးယောက်နဲ့ ကျွန်မ တစ်ယောက်တည်း အလှည့်ကျ နေပေးခဲ့ရတယ်” ဟု မလွင်၏ နောက်ထပ် မထူးဇာတ်ကို ကြားရပြန်ပါသည်။

မကြာခဏ ဆိုသလို သူဌေး၏ သူငယ်ချင်းများ ပါလာခဲ့ပြီး မလွင်မှာ အသုံးတော်ခံခဲ့ရသည်။

“ဧည့်သည်တွေက ညီမကို သူငယ်ချင်းရှိရင် ခေါ်ပေးပါ။ သူတို့လည်း အိမ်အကူ ခန့်ချင်လို့လို့ ပြောတယ်။ ညီမ မခေါ်ပေးပါဘူး။ ကိုယ့်လိုဘဝက ပျက်သထက်ပျက်မှာစိုးလို့။ အဲဒီတော့ သူတို့က ကျွန်မကို ခေါ်ပေးတဲ့ ပွဲစားအန်တီကို ဆက်သွယ်ပြီး လူရှာခိုင်းကြတာ သိရတယ်၊ အဲဒီအထဲမှာ ကျွန်မနဲ့ စတိုးဆိုင်မှာ အတူလုပ်ခဲ့တဲ့ ဝါးခယ်မက ကောင်မလေး တစ်ယောက်လည်း ပါသွားတယ်” ဟု မလွင်က ဆိုသည်။

မလွင်၏ သူငယ်ချင်း ဝါးခယ်မမှ ကောင်မလေးကတော့ ကံကောင်းသည်လား၊ ကံဆိုးသည်လား မပြောတတ်၊
သူမ၏သူဌေးမှာ တရုတ်လူမျိုးတစ်ဦး ဖြစ်ပြီး မလွင်ကို ပြုမူသည့် အတိုင်းပင် ခံခဲ့ရသည်။

ပိုဆိုးသည်မှာ တရုတ်သူဌေးမှာ သူမကို ဓမ္မတာအတိုင်း မဆက်ဆံဘဲ ရက်စက်စွာ ပြုကျင့်သဖြင့် လုပ်သက် နှစ်လအကြာတွင် အဆိုပါအိမ်မှ ထွက်ပြေးခဲ့သည်ဟု ဆိုသည်။

“သူ ထွက်ပြေးတော့မယ်ဆိုတော့ ကျွန်မကို ဖုန်းဆက်တယ်။ ဘယ်လိုမှ သည်းညည်းမခံနိုင်တော့ဘူးတဲ့၊ နောက်ပိုင်းကျ ပွဲစားတွေက သူ့အိမ်ကို ပိုက်ဆံတွေ ပြန်လျော်ဖို့ သွားခြိမ်းခြောက်ကြတယ် ကြားတယ်” ဟု မလွင်က ဆိုသည်။

ပွဲစားအမျိုးသမီး၏ အဆိုကတော့ ရှင်းသည်။ နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့်သာ ဝန်ဆောင်မှုပေးခြင်းဟု ဆိုသည်။

“စာချုပ်ချုပ်တာလည်း သူတို့နှစ်ဖက်က သဘောတူပြီးသားပဲ။ သူတို့အချင်းချင်း ကြည်ဖြူလို့ အပေးအယူတွေ ရှိကြတယ်။ တချို့ဆို စစချင်း စာချုပ်ချုပ်ကတည်းက ဒီလိုနေပေးရမယ်ဆိုတာ သိနှင့်ပြီးသားတွေပဲ။ နောက်ပိုင်း သူတို့ဘာသာ ပြဿနာဖြစ်တော့ စာချုပ်အတိုင်း ရှင်းကြပေါ့။ ကျွန်မတို့နဲ့ ဘာဆိုင်လို့လဲ” ဟု မြောက်ဒဂုံမြို့နယ်မှ အမည်မဖော်လိုသူ အိမ်ဖော်ပွဲစား အမျိုးသမီးကြီးက ဆိုသည်။

ယခုကဲ့သို့ အိမ်တွင်းအငှားမယား အဖြစ်ပါ နေပေးရမည်ကို သိသိကြီးနှင့် တမင်တကာ လစာမက်ကာ လာလုပ်ကြသော အိမ်ထောင်ရှင် အမျိုးသမီးအချို့လည်း ရှိသေးကြောင်း သူက ထပ်ပြောလိုက်သေးသည်။

“တချို့က ယောကျ်ားက အရက်သမား၊ ကလေးက နှစ်ယောက်လောက် ရှိတယ်။ အသက်ကလည်း ငယ်သေးတယ်။ အဆင်မပြေတော့ အလုပ်လာချိတ်တယ်၊ သူတို့ကျတော့ အပျိုမဟုတ်တော့ လစာတော့ သိပ်မကောင်းဘူးပေါ့” ဟု ၎င်းကပင် ဆိုသည်။

၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံခြား တယ်လီဖုန်း အော်ပရေတာ ကုမ္ပဏီများ၊ အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပေါ်ပေါက်လာပြီးနောက် ယခင် ပြည်တွင်းအိမ်ဖော်ပွဲစားများထက် နိုင်ငံခြားသားများနှင့် ဆက်သွယ်ပေးသည့် အိမ်ဖော်ပွဲစားများ ခေတ်ကောင်းလာကြသည်။
အိမ်ဖော်ပွဲစားများ၏ စျေးကွက်ကုန်ကြမ်းမှာ အလုပ်အကိုင်ရှားပါးပြီး၊ ဝင်ငွေနည်းပါးသော နယ်ဘက်မှ ရိုးသားသော အမျိုးသမီးလေးများ ဖြစ်သည်။

ထိုနိုင်ငံခြားသားထံတွင် လုပ်ရမည့် အိမ်ဖော်စျေးကွက်သည် တဖြည်းဖြည်းနှင့် မြန်မာပြည်တွင် နှစ်ရှည်နေသည့် နိုင်ငံခြားသားများအတွက် အငှားမယားစျေးကွက် ဖြစ်လာတော့သည်။

“ကျွန်တော်တို့ရုံးက Foreigner (နိုင်ငံခြားသား) တော်တော်များများမှာ အဲဒီလို အငှားမယား မြန်မာမလေးတွေ ကိုယ်စီရှိကြတယ်၊ သူတို့အချင်းချင်း ကြွားကြတဲ့အခါ သတိထားမိတာပေါ့၊ အနောက်နိုင်ငံသားတွေ၊ အိန္ဒိယတွေကတော့ အဲဒီလို သိပ်မရှိကြဘူး။ အများဆုံးက ဂျပန်၊ တရုတ်၊ ကိုရီးယား အစရှိတဲ့ အာရှနိုင်ငံသားတွေပါ” ဟု တယ်လီဖုန်း အော်ပရေတာ တစ်ခုတွင် အရာရှိအဆင့်ဖြင့် လုပ်ကိုင်နေသူ ကိုစိုးမိုးလင်းက ဆိုသည်။

ယခုကဲ့သို့ ဖြစ်စဉ်များသည် ပြည်တွင်းလူကုန်ကူးမှုဟု ခေါင်းစဉ်တပ်ရမည် ဖြစ်ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အက်ဥပဒေနှင့် ငြိစွန်းကြောင်း ဆိုလာသူက ဥပဒေအကြံပေးတစ်ဦး ဖြစ်သူ ဦးခင်မောင်မြင့် ဖြစ်သည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ (၅/၂၀၀၅) အခန်း (၁)၊ အပုဒ် (၃) အရ လူတစ်ဦးကို သူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ရန် အလို့ငှာ သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းရောင်းချ ဝယ်ယူငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်းတို့မှာ လူကုန်ကူးမှုမြောက်သည်။

“ဒါဟာ လူကုန်ကူးမှု မြောက်ပါတယ်။ စာချုပ်စာတမ်း ဥပဒေအရလည်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့ စာချုပ်တွေဟာ စချုပ်ဆိုကတည်းက အသက်မဝင်ဘူးဆိုတာ သိထားရမယ်။ စာချုပ်ကို ကြောက်စရာ မလိုဘူး။ အလိုမတူရင် မုဒိန်းမှုနဲ့ပါ တရားစွဲလို့ ရပါတယ်” ဟု ၎င်းကဆိုသည်။
ယခင်က အမျိုးသမီးငယ်များအား လူကုန်ကူးမှု ဆိုသည်နှင့် ထိုင်းနိုင်ငံတွင် လိင်ကျွန်အဖြစ် ရောင်းစားခံရမှုများ၊ တရုတ်နိုင်ငံသို့ မယားအဖြစ် ရောင်းစားခံရမှုများကိုသာ အများဆုံး သိရှိကြသော်လည်း ယခုကဲ့သို့ ပြည်တွင်းနေ နိုင်ငံခြားသားများထံ လူကုန်ကူးခံရမှုများကတော့ သိရှိသူ နည်းပါးလှသည်။

“ကျွန်မလို ဘဝတူတွေ ရန်ကုန်မှာ တဖြည်းဖြည်း များလာပြီလို့ သိရတယ်။ ကျွန်မတို့နဲ့ တစ်တိုက်တည်းမှာတင် ကျွန်မလိုလူတွေ မနည်းဘူး။ ကျွန်မက အခု သူဌေးအိမ်မှာ တစ်နှစ်ခွဲ ရှိပါပြီ။ မထူးလည်း မထူးတော့ပါဘူး။ မိသားစုအတွက် ငွေရှာပေးဖို့ပဲ သိတော့တယ်။ နောက်ညီမလေးတွေသာ ကျွန်မလိုမျိုး မဖြစ်စေချင်တဲ့ စေတနာနဲ့ အခုလို့ ဖွင့်ပြောရတာပါ” ဟု မလွင်က ဆိုလာသည်။

နိုင်ငံ၏ စီးပွားရေးနိမ့်ကျမှု၊ ဆင်းရဲချမ်းသာကွာဟမှု၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတို့က ဆင်းရဲနွမ်းပါးသည့်နယ်ဘက်မှ သမီးပျိုလေးများအား နိုင်ငံခြားသားတို့၏ လိင်ကျေးကျွန်ဘဝသို့ သွတ်သွင်းနေသည်။

နောင်တွင် နိုင်ငံ၏ တိုးတက်လာသော အခြေအနေနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ နှစ်ရှည်စီမံကိန်းများ အသီးသီး ဝင်လာကြဦးမည် ဖြစ်သည်။

ထိုစီမံကိန်းများနှင့်အတူ လိင်မှုကိစ္စ သောင်းကျန်းသော နိုင်ငံခြားသားများနှင့် ဆင်းရဲနွမ်းပါးသော မလွင်တို့ကဲ့သို့ အိမ်တွင်းလိင်ကျွန် အငှားမယား စျေးကွက်လည်း ဆက်လက်ကြီးထွားလာနိုင်သည်။

ထိုအတွက် မည်သို့ ကာကွယ်ကြမည်နည်း။

ထို့အတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း။
“ကျွန်မ တာဝန်ကတော့ မိုးလင်းကတည်းက အိမ်အလုပ်လုပ်၊ ညဘက် သူပြန်လာတော့ သူ့စိတ်တိုင်းကျ နေပေးလိုက်ရတာပါပဲ” မလွင်ကတော့ တစ်နေ့တာ သူ့တာဝန်ကို နွမ်းလျစွာ ပြောလာတော့သည်။

Credit: The Voice

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...