တိုက္ဆိုင္မွဳ ရွိခဲ႔လွ်င္

တိုက္ဆိုင္မွဳ ရွိခဲ႔လွ်င္

1980 မွ 1995ခုႏွစ္ၾကားထဲမွာေမြးတဲ့ သူငယ္ခ်င္းေတြမ်ား႐ွိရင္ ခဏေလာက္ အခ်ိန္ေပးၿပီး ဖတ္ၾကည့္ပါလား... ခဏေလာက္လြမ္းရတာေပါ႔
2000 ခုႏွစ္ပတ္ဝန္းက်င္ဟာ က်ြန္ေတာ္တို ့လို 1990 ႏွစ္ကာလအနီးတစ္ဝိုက္မွာ ေမြးခ့ဲတ့ဲသူေတြအတြက္ေတာ့
အရာရာထက္ပိုလြမ္းရတ့ဲႏွစ္ကာလေတြပါပဲ။
အထူးသျဖင့္ ျမိဳ ့ႀကီးျပႀကီးေတြထက္ နယ္ျမိဳ ့ေသးေသး
ေလးဆီမွာ ႀကီးျပင္းခဲ့ရသူေတြအတြက္လြမ္းရတ့ဲရနံ ့က ပိုေပါႏိုင္ပါတယ္။
အဲ့ဒီတုန္းက ေႏြဟာေနလိုမပူေသးပဲ ေဆာင္းဟာႏွင္းေတြနဲ ့လင္းပြင့္ေနတုန္းပါပဲ။
ညေနေက်ာင္းဆင္းတ့ဲအခါ ေဘာလံုးကန္ႀကတ့ဲလူငယ္
ေတြလိုတာထက္ပိုမ်ားေနႀကျပီး က်ဴရွင္ခ်ိန္ေတြကလည္း
အခုေလာက္မပိေသးတ့ဲႏွစ္ကာလေတြပါပဲ။
က်ြန္ေတာ္တို့ဟာ ေခတ္ေပါင္းမ်ားစြာကို ျငင္းခုန္ရင္း
သတ္ပုတ္ရင္း စည္းလံုးရင္း ဟိုဘက္ရက္ကြက္ ဒီဘက္ရက္ကြက္ေတြ အားကစားတစ္ခုခုခ်ိန္းကန္ရင္း ျဖတ္သန္းခဲ့ႀကတယ္။
လိပ္ျပာေတြ ပုစဥ္းရင္ကြဲေတြတအားျဖတ္ပ်ံေနတ့ဲကာလဆို
ကုတင္ေအာက္ကဖုန္တက္ေနတ့ဲရစ္လံုးေတြထုတ္ႀကမယ္။ဆီစိမ္စကၠဴနဲ ့လုပ္ထားတဲ့ခုတ္စြန္ေတြ က်န္ေက်ာင္းပံုပါ တ့ဲအျမီးဖြါးဖြါးနဲ ့ကေလးေတြလႊတ္တ့ဲအေပ်ာ္တမ္းစြန္ေတြ
မွန္စာေတြသူ ့ထက္ငါအျပိဳင္တိုက္ရင္း စြန္ေခတ္ဆိုတာကိုျဖတ္သန္းႀကမယ္။သားေရပင္ေတြကို သားေရပင္ဂိုင္ႀကီး
ေတြနဲ ့ပစ္တာျဖစ္ျဖစ္ ဒိုးျပားေတြနဲ ့ပစ္တာပဲျဖစ္ျဖစ္
ထုတ္သတ္ကစားရင္းသားေရပင္ေခတ္ကိုျဖတ္ႀကမယ္။
အရုပ္ေတြမ်ိဳးစံုေထာင္ထားရင္း ေခါင္မွန္ကုန္ပစ္တာပဲ
ျဖစ္ျဖစ္ ႏွစ္ဘက္ကမ္းပစ္တာပဲျဖစ္ျဖစ္ ေဂၚလီလံုးေတြနဲ ့
ပစ္ရတ့ဲ အရုပ္ေခတ္ကိုျဖတ္သန္းႀကမယ္။ဒီလိုပါပဲ။
ပံုေခတ္။ေကာ္ေသနတ္နဲ ့စစ္တိုက္တမ္းကစားရတ့ဲေခတ္။
မိုးေရထဲခုန္ဆင္းရင္း ကမာၻႀကီးကို ေဘာလံုးနဲ ့စစ္မ်က္ႏွာ
ဖြင့္ရတ့ဲေခတ္။အို လြန္ခ့ဲေသာႏွစ္ကာလေတြမွာ က်ြန္ေတာ္
တို ့အေနနဲ ့ျပန္ေျပာျပစရာေတြဟာ ဘာလို ့မ်ားစိမ့္စိမ့္ဝင္ဝင္မ်ားေနခ့ဲရတာပါလိမ့္။
အ့ဲဒီတုန္းက တူတူပုန္းတမ္းဆိုတာေခတ္စားတယ္။
အ့ဲဒီတုန္းက ေက်ာင္းမုန္ ့ဖိုးငါးဆယ္ေလာက္ရတ့ဲေကာင္
ဆိုတာအေကာင္ပဲ။(က်ြန္ေတာ္က ဆယ္တန္းေရာက္မွ
တေန ့လံုးစာ မုန္ ့ဖိုးတစ္ရာပဲရပါတယ္)။
သားေရပင္ေတြအမ်ားႀကီးကို ႀကိဳးလိုဆက္ျပီး ခါးမွာရွည္
ရွည္ပတ္ထားႏိုင္တ့ဲေကာင္က အေကာင္ပဲ။
အဲ့ဒီတုန္းက ႀကီးႏိုင္ငယ္ညွဥ္းဆိုတာ တစ္ခ်ိဳ ့ကစားပြဲေတြမွာ ကေလးေတြကိုထည့္မသြင္းတာပဲ။
အ့ဲဒီတုန္းက မိုးရြာရင္ဇိမ္က်ဖို ့ထက္ မိုးေရထဲေျပးဆင္း
လိုက္ဖို ့ကို ပိုအာရံုက်ႀကတယ္။အ့ဲဒီတုန္းက အသာစီးရ
တယ္ဆိုတာ အိမ္ျပန္လက္ေဆာင္ဆိုျပီး ေက်ာကိုဦးေအာင္ရိုက္ျပီး အျမန္ျပန္ေျပးရတ့ဲ ဖီလင္ပဲ။
အ့ဲဒီတုန္းက မီးခဏခဏပ်က္တယ္။ဒါေပမယ့္ အစိုးရကိုဆဲရေကာင္းမွန္းမသိေသးဘူး။ဖေယာင္းတိုင္အတုတ္ႀကီး
ေတြနဲ ့ လမ္းမီးတိုင္ေတြဟာ က်ြန္ေတာ့တို ့ရဲ ့ဆြတ္ပ်ံ ့ဖြယ္ရာလက္နက္ပဲ။
အ့ဲဒီတုန္းက အရသာရွိျခင္းဆိုတာ သရက္သီးကိုငရုပ္သီး စပ္စပ္နဲ ့သုတ္ထားျပီး အားလံုးဝိုင္းလုစားရတ့ဲ အခိုက္အတန္ ့ပဲ။အ့ဲဒီတုန္းက ေပ်ာ္ရႊင္မႈဆိုတာ
ေက်ာက္ရုပ္ ေက်ာက္ပ်က္ကစားတာျဖစ္ျပီ။ညစ္ပတ္တယ္ဆိုတာ တစ္ေယာက္ထဲကိုကြက္ျပီးျငိဳးဖမ္းရတာပဲ။
က်ယ္ေျပာတ့ဲလမ္းဆံုရဲ ့လမ္းမီးတိုက္ေအာက္မွာထုပ္စည္း
တိုးေနႀကတ့ဲမိန္းကေလးေတြရွိျပီး အ့ဲဒီနားမွာပဲ လက္သီးထိုးတမ္းကစားေနတ့ဲလူငယ္ေတြရွိႀကပါတယ္။
အဲ့ဒီတုန္းက ထူးဆန္းတဲ့သတင္းဆိုတာ အိမ္ခ်င္းကပ္ရက္
ႏွစ္အိမ္ အႀကီးအက်ယ္ရန္ျဖစ္တာျဖစ္ျပီး ေႀကာက္စရာ
ေကာင္းတ့ဲေကာလဟာလဆိုတာ ကေလးေတြကိုလိုက္
ဖမ္းေနတ့ဲ ေခါင္းျဖတ္ဂိုဏ္းဆိုတာပဲ။
အဲ့ဒီတုန္းက ကမာၻႀကီးကို ဘာနဲ ့မွေခ်ာင္းႀကည့္လို ့မရေသးဘူး။တရုတ္သိုင္းကားထဲေျခစံုပစ္ဝင္ရင္း TV ထဲမွာလည္းအခုထက္ပိုျပီး အစိမ္းေတြေတာက္ပေနတ့ဲကာလေတြပါပဲ။
(2)
အ့ဲဒီတုန္းက ထင္းေျခာက္ေလးေတြအိမ္တိုင္း အိမ္တိုင္းမွာရွိေနႀကျပီး မီးေသြးမီးဖိုဟာ အေမေတြကိုထမ္းပိုးေပးေနတ့ဲ
အေထာက္အပံ့ေကာင္းတစ္ခုပါပဲ။
က်ြန္ေတာ္တို ့ဟာ ေႏြေန ့လည္ရဲ ့အပူဒဏ္ကိုခုခံဖို ့
အိမ္ေအာက္မွာ ေရျဖန္းထားႏွင့္မယ္။ျမက္ဖ်ာေလးခင္း
ေဘးမွာ သဲေရအိုးေလးထားျပီး ကာတြန္းျဖစ္ျဖစ္ ဝတၲဴ
စာအုပ္နဲ ့ျဖစ္ျဖစ္ ကမာၻႀကီးဆီက အပူလႈိင္းကို ကိုယ့္နည္းကိုယ့္ဟန္နဲ ့ေရွာင္တိမ္းမယ္။အပူေတြမ်ားတယ္ဆိုရင္ေတာင္ အခုေလာက္ထိ တေျမ့ေျမ့မပူေသးတ့ဲတစ္ခ်ိန္တုန္း
က တေရးတေမာအိပ္ရတဲ့ ေႏြေန ့လည္ခင္းေတြပါပဲ။
လြန္ခ့ဲတ့ဲႏွစ္ေတြလို ့ျပန္ေတြးႀကည့္တ့ဲအခါ အခုေရာက္ရွိေနတ့ဲ တိုးတက္မႈယႏၲရားေခတ္ႀကီးထဲမွာ မေပ်ာ္ပဲက်န္ေန
ရတ့ဲေနာက္က်လူသားအျဖစ္ က်ြန္ေတာ့ကိုယ္ က်ြန္ေတာ္ျပန္ေတြ ့မိပါတယ္။
လိပ္ဥဖြက္တမ္းဟာ ေသဆံုးသြားခ့ဲျပီလား။ႀသဇာေစ့ေလးေတြနဲ ့ဇယ္ေတာက္ရတ့ဲကစားနည္းေတြကေရာ။ျပီးေတာ့
မိန္းကေလးေတြရဲ ့အီစပ္ႀကိဳးခုန္ရတ့ဲေပ်ာ္ရႊင္မႈကေရာ။
ကေလးေတြကို အေရာင္ေတြစြန္းေပတာ ဘာလို ့ပိုျမန္လာခ့ဲပါသလဲလို ့ လန္ ့ျဖတ္စြာ က်ြန္ေတာ္စဥ္းစားေနမိပါတယ္။
တစ္ခုခုကစားမယ္ဆိုတာနဲ ့တကူးတကလူစုစရာမလိုတ့ဲ ႏွစ္ကာလေတြကို ဘယ္အေမွာင္ထဲဘယ္သူေတြအကြက္
လွမ္းေရႊ ့လိုက္ပါသလဲ။" တူသံ တစ္ခ်က္ေပး " ဆိုတ့ဲ
အသံေတြကို က်ြန္ေတာ္လွမ္းျပီးလြမ္းေနမိပါတယ္။
"" တစ္ ႏွစ္ သံုး တစ္ ႏွစ္ သံုး တစ္ "" ဆိုတ့ဲအသံေတြကို ျပန္ႀကားေနမိပါတယ္။
" ရုပ္ရွင္ရံုမွာ ဘာကားလဲ " လို ့တစ္စံု
တစ္ေယာက္က စကားစလိုက္တာနဲ ့ ေဝလုေက်ာ္ ဆိုျပီး
လုေျပးႀကလို ့ပြဲပ်က္သြားတ့ဲကစားနည္းေတြကိုလည္း
တခုတ္တရလြမ္းဆြတ္ေနမိပါတယ္။
ဘယ္ေပ်ာ္ရႊင္မႈကိုမွ ပိုက္ဆံနဲ ့ေပးဝယ္စရာမလိုခ့ဲပဲ နာက်င္ ဖြယ္ရာဟာသတစ္ခုအေနနဲ့ကေတာ့ ေပ်ာ္ရႊင္မႈေတြ ရိုက္သတ္လို ့မကုန္ဘူးဆိုျပီး ေႀကြးေႀကာ္လို ့ရခ့ဲတ့ဲႏွစ္ကာ လေတြပါပဲ။
အ့ဲဒီတုန္းက ေကာင္မေလးေတြကလည္း ဘိုေကနဲ ့ေဘာင္းဘီတိုနဲ ့ျဖစ္ျပီး က်ြန္ေတာ္တို ့ေယာက်ၤားေလးေတြကလည္း
ဘိုေကနဲ ့ေဘာင္းဘီတိုနဲ ့ပါပဲ။
အရာရာေရာေထြးေနတ့ဲ ေခတ္ႀကီးထဲမွာ ေပ်ာ္ရႊင္မႈရဲ ့
အေရာင္ကေတာ့ ဘယ္ေထာင့္ကႀကည့္ႀကည့္ ထင္းခနဲ
လင္းေနတ့ဲႏွစ္ကာလေတြပါပဲ။
အ့ဲဒီတုန္းက ဆိုင္ကယ္ေတြဒီေလာက္မေပါေသးဘူး။
အ့ဲဒီတုန္းက စကပ္အကြဲေတြမရွိသေလာက္နီးပါးအထိ မရွိဘူး။အဲ့ဒီတုန္းက ခရမ္းလြန္ေရာင္ျခည္နဲ ့ကာဗြန္ဒိုင္ ေအာက္ဆိုဒ္ဟာ ဒီေလာက္မမ်ားေသးဘူး။ အ့ဲဒီတုန္းကအရိပ္ရတ့ဲသစ္ပင္ေတြဒီေလာက္မရွားေသးဘူး။အဲ့ဒီတုန္းကဘုန္းႀကီးေတြကိုလည္း
အတုေတြေရာသိပ္မခံရေသးဘူး။
အဲ့ဒီတုန္းက K POP လႈိင္းလံုးကလည္း က်ြန္ေတာ္တို ့ဆီ လာေရာက္မဖံုးလႊမ္းေသးဘူး။
လက္နဲ့လွည့္ရတ့ဲ ႀကံရည္ဆိုင္ေလးထဲမွာ ေရခဲတံုးပိုထည့္ခိုင္းတာဟာ ေလာဘျဖစ္ျပီး မာလကာသီး ဒါမွမဟုတ္
သရက္သီးေတြဆိုရင္ ပိုေကာင္းျပီး ပိုႀကီးတ့ဲအသီးကို ေရြးယူထားတာဟာ အ့ဲဒီႏွစ္ကာလေတြရဲ ့အတၲပါပဲ။
က်ြန္ေတာ္တို ့က တြတ္ပီထဲကေန ကမာၻႀကီးကိုရျပီး ဘိုဘိုတို ့အီးတီတို ့ထဲကေနေတာ့ စိတ္ကူးယဥ္မႈရဲ ့အရသာကိုရပါတယ္။
အဲ့ဒီတုန္းကရဲ ့အျမင့္မားဆံုးမေကာင္းမႈဆိုတာ ေလးခြတစ္
လက္နဲ ့ ဟိုပစ္ဒီပစ္လုပ္တာျဖစ္ျပီး အျမင့္ဆံုးဒဏ္ေႀကးဆို
တာ အိမ္ေရွ ့ထြက္ျပီး ေဘာင္းဘီခ်ြတ္ရ္ုက္ခံရတာပါပဲ။
ျပန္ေတြးႀကည့္ေတာ့ အသားနာလို ့ငိုျပီး ေဘာင္းဘီခ်ြတ္
ရိုက္ခံရတာကိုမရွက္ခ့ဲတ့ဲအျဖဴေရာင္စက္ဝန္းထဲကအလြမ္းေတြ။သတိရစိတ္ဟာ ကြက္ျပီးအံု ့ေနတ့ဲမိုးသားေတြပဲ။
အေဝးႀကီးကေနလာျပီး စိတ္တည့္တည့္မွာ ရႊဲပါတယ္။
အ့ဲဒီတုန္းကေကာင္းကင္ကိုပစ္ဖမ္းဖို ့ေရာ ဘာေတြလိုအပ္
ပါသလဲ။က်ြန္ေတာ္ျမင္ေနရတ့ဲေကာင္းကင္ေနာက္မွာ
ပုန္းေနတ့ဲေနာက္ထပ္ေကာင္းကင္တစ္ခုရွိေနတယ္လို ့
က်ြန္ေတာ္အႀကိမ္ႀကိမ္ခံစားရတယ္။သိပ္လြမ္းလာတ့ဲအခါ
အ့ဲဒီေကာင္းကင္ကို က်ြန္ေတာ္ျပန္မိပါတယ္။အလြမ္းေတြနဲ ့ ဒါမွမဟုတ္ အကြက္ရရင္အသံျပန္လာေပးတ့ဲ ငယ္တုန္း
က ပံုရိပ္ေတြနဲ ့ေပါ့။
(3)
တစ္ကယ္လို ့မ်ား အခုေနတစ္ေယာက္ေယာက္က 2000
ခုႏွစ္ေတြရဲ ့အလြမ္းရဆံုးအစိတ္အပိုင္းကဘာလဲလို ့ေမး
ရင္ ရပ္ကြက္ထဲလွည့္ပတ္လာေရာင္းတ့ဲ ေစ်းသည္ေတြရဲ ့အသံလို ့ က်ြန္ေတာ္ကေျဖမွာပါပဲ။
သားရည္စာကမာၻႀကီးကို အိမ္ထဲကေနျပီး အလြယ္တကူ
ထိုင္မွ်ားလို ့ရေနတ့ဲႏွစ္ကာလႀကီးေပါ့။
အ့ဲဒီတုန္းက ရာသီစာအစားအစာမွန္သမွ်ဟာ ေခါင္းထိုး
ဗ်ပ္ရြက္အသည္ေတြဆီကေနတစ္ဆင့္ က်ြန္ေတာ္တို ့
ကမာၻကိုစီးထားခ့ဲႀကတယ္။
အခုအခ်ိန္ထိ က်ြန္ေတာ့ရဲ ့တစ္ခ်ိဳ ့ညေတြမွာ အိပ္မက္
အျဖစ္ကိုယ္ထင္လာလာျပတတ္တ့ဲ ေသဆံုးမသြားေသးတ့ဲအသံေတြပါပဲ။
လြမ္းမိလို ့နာက်င္ရတယ္ဆိုေပမယ့္လည္း အ့ဲဒီနာက်င္မႈ
ကိုေတာ့ ဘယ္ေတာ့မွလွီးထုတ္မရေအာင္ က်ြန္ေတာ္
တပ္မက္မိပါတယ္။ေဆာင္းမနက္ခင္းေတြဆို အိမ္ေရွ ့ကသစ္ရြက္ေျခာက္ေတြကိုလွဲဲျပီးပံု မီးရႈိ ့အဖြါးရဲ ့မာဖလာထဲကေန ႏွင္းစက္ေတြရဲ ့အေအးဓါတ္ကိုလွမ္း လွမ္းအန္တုရတာ။
ကမာၻႀကီးကို ႏႈတ္ခမ္းထဲကထြက္လာတ့ဲအေငြ ့ေတြႀကားကေန ေပ်ာ္ေပ်ာ္ရႊင္ရႊင္ႏႈတ္ဆက္တာ။
ေရွ ့ကိုသဲသဲကြဲကြဲမျမင္ရတ့ဲျမဴထုႀကီးထဲကေန အသံနဲ ့
လွမ္းျပီးပုတ္ႏႈိးတ့ဲ ေစ်းသည္ေတြရဲ ့ႏွလံုးသားကို နားစြင့္ရ တာ။
ေပ်ာ္ရႊင္ျခင္းရဲ ့အျခားတစ္ဘက္မွာလည္း ေပ်ာ္ရႊင္မႈကိုပဲ
အမ်ားဆံုးႏႈိက္ထုတ္ယူလို ့ရခ့ဲတ့ဲႏွစ္ကာလေတြပါပဲ။
အ့ဲဒီတုန္းက မုန္ ့စိမ္းေပါင္းထဲမွာ အုန္းသီးမ်ားမ်ားပါဖို ့နဲ ့ ပဲျပဳတ္ပူပူေလးကို မေႀကာ္ေသးခင္ဒီအတိုင္းႏႈိက္စားဖို ့ဆိုတာငယ္ဘဝရဲ ့သိပ္ေတာက္ပတ့ဲအသံပဲ။အ့ဲဒီတုန္းက ေဘာလံုးကြင္းဆိုတာကလည္း ေဘာလံုးကြင္းသိပ္ဆန္ခ့ဲပါတယ္။
ႏွစ္ကာလေတြဆိုတာ လူကိုသာမက မွတ္ဥာဏ္ကိုပါ တရိရိဝါးျမိဳေနတ့ဲလႊစက္ေတြပဲ။
အ့ဲဒီတုန္းက လူမ်ိဳးေရးခြဲျခားမႈမရွိဘူး။ဘာသာေရးခြဲျခားမႈ
မရွိဘူး။က်ြန္ေတာ္တို ့ကစားေဖာ္ကစားဖက္ထဲက သိပ္ျပီးအသားမည္းတ့ဲေကာင္ဟာ ကုလားေလးလို ့အမည္ေပးခံ
ရျပီး အသားသိပ္ျဖဴတ့ဲေကာင္ဆိုတရုတ္ႀကီးလို ့အမည္ေျပာင္ရပါတယ္။ပိန္လြန္းတ့ဲေကာင္ဆိုရင္ေတာ့ ဗလႀကီးလို ့ရြဲ ့ေခၚခံရႏိုင္ျပီး ဖက္တီးေတြကိုေတာ့ ဝက္ႀကီးလို ့အခ်ိန္မေရြးအမည္ေပးလို ့ရေနတဲ့ ႏွစ္ကာလထူထူထဲထဲႀကီးပါပဲ။
ငယ္ဘဝဆိုတာ ျပန္တိုက္ယူလို ့မရေတာ့ေပမယ့္လည္း
ျဖဴစင္စြာတိုက္ဖူးခဲ့တ့ဲတိုက္ပြဲေတြကို ႀကီးျပင္းခ်ိန္မွာတိုက္
ခိုက္ေနရတဲ့ ေလာကဓံတိုက္ပြဲေတြႀကားကေန တေမွ်ာ္တ
ေခၚေငးႀကည့္ရျခင္းမ်ိဳးပဲ။
က်ြန္ေတာ္တို ့က ငယ္ကတည္းက တိုက္ခိုက္ခ့ဲႀကတာပဲ
မဟုတ္လား။အရုပ္ေထာင္ပစ္တ့ဲအခါ အႏိုင္ရဖို ့ရည္ရြယ္
ခ်က္နဲ ့တိုက္ခိုက္ႀကတယ္။စြန္ျဖတ္တ့ဲအခါ ကိုယ့္စြန္မျပတ္ေရးအတြက္အေကာင္းစားမွန္စာလုပ္ျပီးတိုက္ခိုက္ႀကတယ္
ေဘာလံုးကန္တ့ဲအခါ ဟိုဘက္ရပ္ကြက္ ဒီဘက္ရပ္ကြက္
ခ်ိန္းျပီးစစ္တိုက္တမ္းေဆာ့ရတ့ဲအခါ အဖြဲ ့လိုက္မင္းသား
မင္းသမီးဖြက္တမ္းကစားရတ့ဲအခါ။တိုက္ပြဲေတြဆိုေပမယ့္
လည္း အ့ဲဒီတုန္းကေခ်ြးစက္ေတြရဲ ့ရင္ခုန္သံဟာ သိပ္ျဖဴ
တာပဲလိုအခါေပါက္ေျမာက္မ်ားစြာ
က်ြန္ေတာ္ေတြးေတာမိပါတယ္။
အခုေတာ့ေရာ အ့ဲဒီအစုအဖြဲ ့ႀကီးကို ဘယ္သူေတြကတရိ
ရိလက္စေဖ်ာက္လိုက္တာပါလဲ။ေစ်းသည္ေတြရဲ ့ေစ်းလာေရာင္းသံထက္ ႏႈိးစက္နဲ ့ပြင့္လာရတ့ဲမနက္ခင္းေတြမ်ား
လာတိုင္း ဘာကိုမွန္းမသိ က်ြန္ေတာ္ေတြေဝေငးေမာေနမိ
ပါတယ္။ဘာကိုမွန္းမသိနာက်င္ေနခ့ဲရပါတယ္။
တစ္ကယ္လို ့မ်ား ကမာၻႀကီးဆီကတစ္စံုတစ္ခုျပန္ေတာင္း
ပါဆိုရင္ေတာ့ အ့ဲဒီေစ်းသည္ေတြရဲ ့ရပ္ကြက္ထဲလွည့္ပတ္
ေအာ္ေရာင္းမယ့္အသံကိုက်ြန္ေတာ္ေသခ်ာျပန္ေတာင္းမိမယ္ပဲထင္ပါတယ္။
ပဲႀကားျပဳတ္သည္ႀကီးေဒၚရဲ ့ေနာက္ အခ်ိန္အနည္းငယ္
အျခားမွာ " ေႀကာ္စံု ပူပူေလးေတြေနာ္ " လို ့စီးစီးပိုင္ပိုင္
ေအာ္တတ္တ့ဲ အေႀကာ္သည္အန္တီႀကီး။
သူ ့ေနာက္မွာ ေကာက္ညွင္းေပါင္းသည္။သူ့ေနာက္ခပ္လွမ္းလွမ္းမွာ တို ့ဟူးသည္အန္တီ။သူတို ့ေနာက္မွာ ဘုရားပန္းလာေရာင္းတ့ဲအန္တီေတြ။ေန ့လည္ေန ့ခင္းဆ္ုလည္း
သာကူကအစ အာပူလွ်ာပူအထိ အိမ္ထဲကေနအရသာ
လွမ္းရွိေနလို ့ရေသးတာကို က်ြန္ေတာ္အခုခ်ိန္မွာ ျပန္လည္ငတ္မြတ္ေနခ့ဲမိတယ္။
ငယ္ဘဝကို ျပန္တပ္ဆင္ႀကည့္တဲ့အခါ အေရးပါတ့ဲအစိတ္အပိုင္းအျဖစ္ အ့ဲဒီအသံေတြကို က်ြန္ေတာ္လြမ္းရပါတယ္။
သူတို ့ေတြဘယ္ေရာက္သြားခ့ဲႀကပါျပီလဲ။ေကာ္ပစၥည္းအစုတ္ေတြ ပုလင္းခြံေတြေပးရင္ ပဲႀကီးေလွာ္တေလွႀကီးထုတ္ေပးတတ္တ့ဲကုလားအဖိုးႀကီးေရာဘယ္ေရာက္သြားပါျပီလဲ။
ဂ်ံဳမႈန္ ့ေလးေတြကိုလံုးျပီး ေမ်ာက္ကေလးငါးမွ်ားေနပံု
စြန္းဝူခုန္းပံု စသျဖင့္ဂ်ံဳရုပ္ပံုေတြလုပ္ေရာင္းတ့ဲဦးေလးႀကီးေတြေရာဘယ္မွာပါလဲ။ပဲႀကီးေလွာ္ကိုမိုးေပၚေျမွာက္ျပီး
ျပန္အက်ကိုပါးစပ္နဲ ့လွမ္းလွမ္းဖမ္းစားေနတ့ဲကေလးေလး
ေတြေရာဘယ္ေပ်ာက္သြားခ့ဲျပီလဲ။
ဘယ္ေပ်ာက္သြားခဲ့ႀကပါျပီလဲ။တစ္ေယာက္နဲ ့တစ္ေယာက္မေခၚမေျပာဘူးဆိုတာ နာရီျခားေလာက္ပဲရွိမယ့္ႏွစ္ကာလအေဆြးေတြ။
ဘယ္နားႀကည့္ႀကည့္ မီးခိုးေငြ ့ေတြပဲျမင္ရေတာ့မယ့္ ေခတ္ႀကီးထဲေန အသံေပါင္းစံုလံုးေထြးေနတ့ဲရပ္ကြက္ေလးေတြ
ကို က်ြန္ေတာ္ျမင္ေယာင္ ပံုေဖာ္ေနမိဆဲပါပဲ။
မရွိေတာ့ဘူးဆိုရင္ေတာင္ ဖန္ေဂၚလီအႀကည္ေလးေတြကို
က်ြန္ေတာ္လွမ္းျမင္ေနရတယ္။ျငင္းခုန္တာကအစ ခ်စ္ဖို ့
ေကာင္းတ့ဲဆူညံသံေတြကို စိတ္နဲ ့လွမ္းႀကားေနရတယ္။
အေႀကြေစ့နဲ ့ေခါင္းပန္းလွန္သူကလွန္ စံု မ ဖြက္သူကဖြက္ေနတ့ဲကေလးေတြကို လွမ္းျမင္ေနရတယ္။
အေဖ့ပုဆိုးကိုနင္ဂ်ာလိုဝတ္ျပီး တုတ္တစ္ေခ်ာင္းနဲ ့ရပ္ကြက္ထဲပတ္ေဆာ့ေနရတ့ဲ ညေတြကိုလည္းလွမ္းေတြ ့ေနရ
တယ္။လမ္းမီးတိုင္ေအာက္မွာ ပုရစ္လုဖမ္းေနတ့ဲအခ်ိန္ေတြကိုလည္း ရနံ ့တစ္ခုအေနနဲ ့ျပန္ရေနမိပါတယ္။ ဝမ္းနည္းစရာေတြဟာ မ်က္လံုးမွိတ္ျပီးဆြဲယူလိုက္ရင္ေတာင္ စိတ္ထဲကိုတေထြးႀကီးပါလာႏိုင္တ့ဲအထိ က်ြန္ေတာ္တို ့
ကိုလႊမ္းျခံဳထားခ့ဲျပီမဟုတ္လား။
နည္းပညာအားကိုးနဲ ့ကမာၻႀကီးကိုေခ်ာင္းႀကည့္လို ့ရျပီဆိုေပမယ့္လည္း ကိုယ္တိုင္ကိုယ္က်ခုန္ဆင္းယူမွရမယ့္
ေပ်ာ္ရႊင္မႈေတြကိုေတာ့ ကမာၻႀကီးကဖြက္ထားဆဲျဖစ္ပါတယ္။
တိတ္ဆိတ္ေနတ့ဲမနက္ခင္းေတြမွာ ႏိုးထလာရတိုင္း အိပ္ယာထဲကေန နားစြင့္လို ့ရတ့ဲ ေျခလ်င္ေစ်းေရာင္းသူအန္တီ
ႀကီးေတြရဲ ့ေအာ္သံကိုက်ြန္ေတာ္လြမ္းေနမိတယ္။
ဘာအသည္ျပီးရင္ေတာ့ ဘာအသည္လာေတာ့မယ္ဆိုျပီး
တြက္ဆေစာင့္စားေနရတ့ဲမနက္ေတြ၊တစ္ခါတစ္ေလက်
အသံသာႀကားရျပီးကိုယ့္အိမ္ေရွ ့မေရာက္တ့ဲ အသည္ေတြအေရွ ့ကိုသဲကြဲေအာင္မျမင္ရတ့ဲႏွင္းထုေတြ၊ဟိုတစ္အိမ္
ဒီတစ္အိမ္ဆီက ကိုယ္စီကိုယ္ငွမီးလႈံေနတ့ဲသူေတြ
ေႏြေက်ာင္းပိတ္ရက္ရဲ ့အရသာရွိမႈေတြ မိုးရာသီကိုဖားေတြနဲ ့အျပိဳင္ေအာ္ျပီးႀကိဳေနတ့ဲအသံေတြ။
ဆင္က်ယ္ဖိနပ္ကိုျငီးေငြ ့လာတ့ဲအထိ မိုးတြင္းတစ္ခုလံုးစီးခဲ့ ရတာေတြ။
အို တစ္ကယ္တမ္းက် ေႀကကြဲမႈဆိုတာ " ငါတို ့ေပ်ာ္ခ့ဲဖူးတယ္ " လို ့ဘယ္သူ ့ကိုရည္ရြယ္မွန္းမသိ တစ္ကိုယ္ထဲေျပာေနရတ့ဲအခိုက္အတန္ ့ေတြပဲ။
အ့ဲဒီတုန္းက စမတ္ဖုန္းေတြမက်ယ္ျပန္ ့ေသးလို ့ ဆယ္ဖီယဥ္ေက်းမႈဆိုတာ ေခတ္မစားဘူး။ဒါေပမယ့္ အျခားသူတိုင္းရဲ ့မ်က္ႏွာကေန ကိုယ့္ကိုယ္ကိုျပန္ရွာလို ့ရပါတယ္။ ဒါေတြအားလံုးဟာက်ြန္ေတာ္လြမ္းလို ့လွမ္းျပီးျပန္ေအာ္ေခၚႀကည့္တ့ဲအသံပါ။
ဒါက်ြန္ေတာ့ဆီကေနေပ်ာက္ကြယ္ခ်င္ေယာင္ေဆာင္ျပီး
အရိုးထဲဝင္ေခြေနတ့ဲ မွတ္ဥာဏ္အပိုင္းအစေတြပါ။
ဒါ မိုးေတြ ့အံု ့လာတာနဲ ့စိတ္ကိုမ်က္ရည္စိုေစတ့ဲ တစ္ကယ့္အစစ္အမွန္ပံုျပင္ေတြပါ။
ဒါမွမဟုတ္ " က်ြန္ေတာ္တို ့ဒီလိုေပ်ာ္ဖူးတယ္မဟုတ္လား
ခင္ဗ်ားတို ့ကေရာ "လို ့ စိတ္နဲ ့ျပန္သြားရမယ့္အခ်ိန္ကာလ
စက္ထဲကေန ခင္ဗ်ားတို ့ကိုလွမ္းျပီးေသေဖာ္ညွိမိတ့ဲ
အလြမ္းေတြပါပဲ။
Credit to လတ္လြန္းေဝဦး #mtrollers
photo - facebook
============

Unicode>>>
တိုက်ဆိုင်မှု ရှိခဲ့လျှင်

1980 မှ 1995ခုနှစ်ကြားထဲမှာမွေးတဲ့ သူငယ်ချင်းတွေများရှိရင် ခဏလောက် အချိန်ပေးပြီး ဖတ်ကြည့်ပါလား... ခဏလောက်လွမ်းရတာပေါ့
2000 ခုနှစ်ပတ်ဝန်းကျင်ဟာ ကျွန်တော်တို ့လို 1990 နှစ်ကာလအနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေအတွက်တော့
အရာရာထက်ပိုလွမ်းရတဲ့နှစ်ကာလတွေပါပဲ။
အထူးသဖြင့် မြို ့ကြီးပြကြီးတွေထက် နယ်မြို ့သေးသေး
လေးဆီမှာ ကြီးပြင်းခဲ့ရသူတွေအတွက်လွမ်းရတဲ့ရနံ ့က ပိုပေါနိုင်ပါတယ်။
အဲ့ဒီတုန်းက နွေဟာနေလိုမပူသေးပဲ ဆောင်းဟာနှင်းတွေနဲ ့လင်းပွင့်နေတုန်းပါပဲ။
ညနေကျောင်းဆင်းတဲ့အခါ ဘောလုံးကန်ကြတဲ့လူငယ်
တွေလိုတာထက်ပိုများနေကြပြီး ကျူရှင်ချိန်တွေကလည်း
အခုလောက်မပိသေးတဲ့နှစ်ကာလတွေပါပဲ။
ကျွန်တော်တို့ဟာ ခေတ်ပေါင်းများစွာကို ငြင်းခုန်ရင်း
သတ်ပုတ်ရင်း စည်းလုံးရင်း ဟိုဘက်ရက်ကွက် ဒီဘက်ရက်ကွက်တွေ အားကစားတစ်ခုခုချိန်းကန်ရင်း ဖြတ်သန်းခဲ့ကြတယ်။
လိပ်ပြာတွေ ပုစဉ်းရင်ကွဲတွေတအားဖြတ်ပျံနေတဲ့ကာလဆို
ကုတင်အောက်ကဖုန်တက်နေတဲ့ရစ်လုံးတွေထုတ်ကြမယ်။ဆီစိမ်စက္ကူနဲ ့လုပ်ထားတဲ့ခုတ်စွန်တွေ ကျန်ကျောင်းပုံပါ တဲ့အမြီးဖွါးဖွါးနဲ ့ကလေးတွေလွှတ်တဲ့အပျော်တမ်းစွန်တွေ
မှန်စာတွေသူ ့ထက်ငါအပြိုင်တိုက်ရင်း စွန်ခေတ်ဆိုတာကိုဖြတ်သန်းကြမယ်။သားရေပင်တွေကို သားရေပင်ဂိုင်ကြီး
တွေနဲ ့ပစ်တာဖြစ်ဖြစ် ဒိုးပြားတွေနဲ ့ပစ်တာပဲဖြစ်ဖြစ်
ထုတ်သတ်ကစားရင်းသားရေပင်ခေတ်ကိုဖြတ်ကြမယ်။
အရုပ်တွေမျိုးစုံထောင်ထားရင်း ခေါင်မှန်ကုန်ပစ်တာပဲ
ဖြစ်ဖြစ် နှစ်ဘက်ကမ်းပစ်တာပဲဖြစ်ဖြစ် ဂေါ်လီလုံးတွေနဲ ့
ပစ်ရတဲ့ အရုပ်ခေတ်ကိုဖြတ်သန်းကြမယ်။ဒီလိုပါပဲ။
ပုံခေတ်။ကော်သေနတ်နဲ ့စစ်တိုက်တမ်းကစားရတဲ့ခေတ်။
မိုးရေထဲခုန်ဆင်းရင်း ကမ္ဘာကြီးကို ဘောလုံးနဲ ့စစ်မျက်နှာ
ဖွင့်ရတဲ့ခေတ်။အို လွန်ခဲ့သောနှစ်ကာလတွေမှာ ကျွန်တော်
တို ့အနေနဲ ့ပြန်ပြောပြစရာတွေဟာ ဘာလို ့များစိမ့်စိမ့်ဝင်ဝင်များနေခဲ့ရတာပါလိမ့်။
အဲ့ဒီတုန်းက တူတူပုန်းတမ်းဆိုတာခေတ်စားတယ်။
အဲ့ဒီတုန်းက ကျောင်းမုန် ့ဖိုးငါးဆယ်လောက်ရတဲ့ကောင်
ဆိုတာအကောင်ပဲ။(ကျွန်တော်က ဆယ်တန်းရောက်မှ
တနေ ့လုံးစာ မုန် ့ဖိုးတစ်ရာပဲရပါတယ်)။
သားရေပင်တွေအများကြီးကို ကြိုးလိုဆက်ပြီး ခါးမှာရှည်
ရှည်ပတ်ထားနိုင်တဲ့ကောင်က အကောင်ပဲ။
အဲ့ဒီတုန်းက ကြီးနိုင်ငယ်ညှဉ်းဆိုတာ တစ်ချို ့ကစားပွဲတွေမှာ ကလေးတွေကိုထည့်မသွင်းတာပဲ။
အဲ့ဒီတုန်းက မိုးရွာရင်ဇိမ်ကျဖို ့ထက် မိုးရေထဲပြေးဆင်း
လိုက်ဖို ့ကို ပိုအာရုံကျကြတယ်။အဲ့ဒီတုန်းက အသာစီးရ
တယ်ဆိုတာ အိမ်ပြန်လက်ဆောင်ဆိုပြီး ကျောကိုဦးအောင်ရိုက်ပြီး အမြန်ပြန်ပြေးရတဲ့ ဖီလင်ပဲ။
အဲ့ဒီတုန်းက မီးခဏခဏပျက်တယ်။ဒါပေမယ့် အစိုးရကိုဆဲရကောင်းမှန်းမသိသေးဘူး။ဖယောင်းတိုင်အတုတ်ကြီး
တွေနဲ ့ လမ်းမီးတိုင်တွေဟာ ကျွန်တော့တို ့ရဲ ့ဆွတ်ပျံ ့ဖွယ်ရာလက်နက်ပဲ။
အဲ့ဒီတုန်းက အရသာရှိခြင်းဆိုတာ သရက်သီးကိုငရုပ်သီး စပ်စပ်နဲ ့သုတ်ထားပြီး အားလုံးဝိုင်းလုစားရတဲ့ အခိုက်အတန် ့ပဲ။အဲ့ဒီတုန်းက ပျော်ရွှင်မှုဆိုတာ
ကျောက်ရုပ် ကျောက်ပျက်ကစားတာဖြစ်ပြီ။ညစ်ပတ်တယ်ဆိုတာ တစ်ယောက်ထဲကိုကွက်ပြီးငြိုးဖမ်းရတာပဲ။
ကျယ်ပြောတဲ့လမ်းဆုံရဲ ့လမ်းမီးတိုက်အောက်မှာထုပ်စည်း
တိုးနေကြတဲ့မိန်းကလေးတွေရှိပြီး အဲ့ဒီနားမှာပဲ လက်သီးထိုးတမ်းကစားနေတဲ့လူငယ်တွေရှိကြပါတယ်။
အဲ့ဒီတုန်းက ထူးဆန်းတဲ့သတင်းဆိုတာ အိမ်ချင်းကပ်ရက်
နှစ်အိမ် အကြီးအကျယ်ရန်ဖြစ်တာဖြစ်ပြီး ကြောက်စရာ
ကောင်းတဲ့ကောလဟာလဆိုတာ ကလေးတွေကိုလိုက်
ဖမ်းနေတဲ့ ခေါင်းဖြတ်ဂိုဏ်းဆိုတာပဲ။
အဲ့ဒီတုန်းက ကမ္ဘာကြီးကို ဘာနဲ ့မှချောင်းကြည့်လို ့မရသေးဘူး။တရုတ်သိုင်းကားထဲခြေစုံပစ်ဝင်ရင်း TV ထဲမှာလည်းအခုထက်ပိုပြီး အစိမ်းတွေတောက်ပနေတဲ့ကာလတွေပါပဲ။
(2)
အဲ့ဒီတုန်းက ထင်းခြောက်လေးတွေအိမ်တိုင်း အိမ်တိုင်းမှာရှိနေကြပြီး မီးသွေးမီးဖိုဟာ အမေတွေကိုထမ်းပိုးပေးနေတဲ့
အထောက်အပံ့ကောင်းတစ်ခုပါပဲ။
ကျွန်တော်တို ့ဟာ နွေနေ ့လည်ရဲ ့အပူဒဏ်ကိုခုခံဖို ့
အိမ်အောက်မှာ ရေဖြန်းထားနှင့်မယ်။မြက်ဖျာလေးခင်း
ဘေးမှာ သဲရေအိုးလေးထားပြီး ကာတွန်းဖြစ်ဖြစ် ဝတ္တူ
စာအုပ်နဲ ့ဖြစ်ဖြစ် ကမ္ဘာကြီးဆီက အပူလှိုင်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ ့ရှောင်တိမ်းမယ်။အပူတွေများတယ်ဆိုရင်တောင် အခုလောက်ထိ တမြေ့မြေ့မပူသေးတဲ့တစ်ချိန်တုန်း
က တရေးတမောအိပ်ရတဲ့ နွေနေ ့လည်ခင်းတွေပါပဲ။
လွန်ခဲ့တဲ့နှစ်တွေလို ့ပြန်တွေးကြည့်တဲ့အခါ အခုရောက်ရှိနေတဲ့ တိုးတက်မှုယန္တရားခေတ်ကြီးထဲမှာ မပျော်ပဲကျန်နေ
ရတဲ့နောက်ကျလူသားအဖြစ် ကျွန်တော့ကိုယ် ကျွန်တော်ပြန်တွေ ့မိပါတယ်။
လိပ်ဥဖွက်တမ်းဟာ သေဆုံးသွားခဲ့ပြီလား။သြဇာစေ့လေးတွေနဲ ့ဇယ်တောက်ရတဲ့ကစားနည်းတွေကရော။ပြီးတော့
မိန်းကလေးတွေရဲ ့အီစပ်ကြိုးခုန်ရတဲ့ပျော်ရွှင်မှုကရော။
ကလေးတွေကို အရောင်တွေစွန်းပေတာ ဘာလို ့ပိုမြန်လာခဲ့ပါသလဲလို ့ လန် ့ဖြတ်စွာ ကျွန်တော်စဉ်းစားနေမိပါတယ်။
တစ်ခုခုကစားမယ်ဆိုတာနဲ ့တကူးတကလူစုစရာမလိုတဲ့ နှစ်ကာလတွေကို ဘယ်အမှောင်ထဲဘယ်သူတွေအကွက်
လှမ်းရွှေ ့လိုက်ပါသလဲ။" တူသံ တစ်ချက်ပေး " ဆိုတဲ့
အသံတွေကို ကျွန်တော်လှမ်းပြီးလွမ်းနေမိပါတယ်။
"" တစ် နှစ် သုံး တစ် နှစ် သုံး တစ် "" ဆိုတဲ့အသံတွေကို ပြန်ကြားနေမိပါတယ်။
" ရုပ်ရှင်ရုံမှာ ဘာကားလဲ " လို ့တစ်စုံ
တစ်ယောက်က စကားစလိုက်တာနဲ ့ ဝေလုကျော် ဆိုပြီး
လုပြေးကြလို ့ပွဲပျက်သွားတဲ့ကစားနည်းတွေကိုလည်း
တခုတ်တရလွမ်းဆွတ်နေမိပါတယ်။
ဘယ်ပျော်ရွှင်မှုကိုမှ ပိုက်ဆံနဲ ့ပေးဝယ်စရာမလိုခဲ့ပဲ နာကျင် ဖွယ်ရာဟာသတစ်ခုအနေနဲ့ကတော့ ပျော်ရွှင်မှုတွေ ရိုက်သတ်လို ့မကုန်ဘူးဆိုပြီး ကြွေးကြော်လို ့ရခဲ့တဲ့နှစ်ကာ လတွေပါပဲ။
အဲ့ဒီတုန်းက ကောင်မလေးတွေကလည်း ဘိုကေနဲ ့ဘောင်းဘီတိုနဲ ့ဖြစ်ပြီး ကျွန်တော်တို ့ယောကျင်္ားလေးတွေကလည်း
ဘိုကေနဲ ့ဘောင်းဘီတိုနဲ ့ပါပဲ။
အရာရာရောထွေးနေတဲ့ ခေတ်ကြီးထဲမှာ ပျော်ရွှင်မှုရဲ ့
အရောင်ကတော့ ဘယ်ထောင့်ကကြည့်ကြည့် ထင်းခနဲ
လင်းနေတဲ့နှစ်ကာလတွေပါပဲ။
အဲ့ဒီတုန်းက ဆိုင်ကယ်တွေဒီလောက်မပေါသေးဘူး။
အဲ့ဒီတုန်းက စကပ်အကွဲတွေမရှိသလောက်နီးပါးအထိ မရှိဘူး။အဲ့ဒီတုန်းက ခရမ်းလွန်ရောင်ခြည်နဲ ့ကာဗွန်ဒိုင် အောက်ဆိုဒ်ဟာ ဒီလောက်မများသေးဘူး။ အဲ့ဒီတုန်းကအရိပ်ရတဲ့သစ်ပင်တွေဒီလောက်မရှားသေးဘူး။အဲ့ဒီတုန်းကဘုန်းကြီးတွေကိုလည်း
အတုတွေရောသိပ်မခံရသေးဘူး။
အဲ့ဒီတုန်းက K POP လှိုင်းလုံးကလည်း ကျွန်တော်တို ့ဆီ လာရောက်မဖုံးလွှမ်းသေးဘူး။
လက်နဲ့လှည့်ရတဲ့ ကြံရည်ဆိုင်လေးထဲမှာ ရေခဲတုံးပိုထည့်ခိုင်းတာဟာ လောဘဖြစ်ပြီး မာလကာသီး ဒါမှမဟုတ်
သရက်သီးတွေဆိုရင် ပိုကောင်းပြီး ပိုကြီးတဲ့အသီးကို ရွေးယူထားတာဟာ အဲ့ဒီနှစ်ကာလတွေရဲ ့အတ္တပါပဲ။
ကျွန်တော်တို ့က တွတ်ပီထဲကနေ ကမ္ဘာကြီးကိုရပြီး ဘိုဘိုတို ့အီးတီတို ့ထဲကနေတော့ စိတ်ကူးယဉ်မှုရဲ ့အရသာကိုရပါတယ်။
အဲ့ဒီတုန်းကရဲ ့အမြင့်မားဆုံးမကောင်းမှုဆိုတာ လေးခွတစ်
လက်နဲ ့ ဟိုပစ်ဒီပစ်လုပ်တာဖြစ်ပြီး အမြင့်ဆုံးဒဏ်ကြေးဆို
တာ အိမ်ရှေ ့ထွက်ပြီး ဘောင်းဘီချွတ်ရ်ုက်ခံရတာပါပဲ။
ပြန်တွေးကြည့်တော့ အသားနာလို ့ငိုပြီး ဘောင်းဘီချွတ်
ရိုက်ခံရတာကိုမရှက်ခဲ့တဲ့အဖြူရောင်စက်ဝန်းထဲကအလွမ်းတွေ။သတိရစိတ်ဟာ ကွက်ပြီးအုံ ့နေတဲ့မိုးသားတွေပဲ။
အဝေးကြီးကနေလာပြီး စိတ်တည့်တည့်မှာ ရွှဲပါတယ်။
အဲ့ဒီတုန်းကကောင်းကင်ကိုပစ်ဖမ်းဖို ့ရော ဘာတွေလိုအပ်
ပါသလဲ။ကျွန်တော်မြင်နေရတဲ့ကောင်းကင်နောက်မှာ
ပုန်းနေတဲ့နောက်ထပ်ကောင်းကင်တစ်ခုရှိနေတယ်လို ့
ကျွန်တော်အကြိမ်ကြိမ်ခံစားရတယ်။သိပ်လွမ်းလာတဲ့အခါ
အဲ့ဒီကောင်းကင်ကို ကျွန်တော်ပြန်မိပါတယ်။အလွမ်းတွေနဲ ့ ဒါမှမဟုတ် အကွက်ရရင်အသံပြန်လာပေးတဲ့ ငယ်တုန်း
က ပုံရိပ်တွေနဲ ့ပေါ့။
(3)
တစ်ကယ်လို ့များ အခုနေတစ်ယောက်ယောက်က 2000
ခုနှစ်တွေရဲ ့အလွမ်းရဆုံးအစိတ်အပိုင်းကဘာလဲလို ့မေး
ရင် ရပ်ကွက်ထဲလှည့်ပတ်လာရောင်းတဲ့ စျေးသည်တွေရဲ ့အသံလို ့ ကျွန်တော်ကဖြေမှာပါပဲ။
သားရည်စာကမ္ဘာကြီးကို အိမ်ထဲကနေပြီး အလွယ်တကူ
ထိုင်မျှားလို ့ရနေတဲ့နှစ်ကာလကြီးပေါ့။
အဲ့ဒီတုန်းက ရာသီစာအစားအစာမှန်သမျှဟာ ခေါင်းထိုး
ဗျပ်ရွက်အသည်တွေဆီကနေတစ်ဆင့် ကျွန်တော်တို ့
ကမ္ဘာကိုစီးထားခဲ့ကြတယ်။
အခုအချိန်ထိ ကျွန်တော့ရဲ ့တစ်ချို ့ညတွေမှာ အိပ်မက်
အဖြစ်ကိုယ်ထင်လာလာပြတတ်တဲ့ သေဆုံးမသွားသေးတဲ့အသံတွေပါပဲ။
လွမ်းမိလို ့နာကျင်ရတယ်ဆိုပေမယ့်လည်း အဲ့ဒီနာကျင်မှု
ကိုတော့ ဘယ်တော့မှလှီးထုတ်မရအောင် ကျွန်တော်
တပ်မက်မိပါတယ်။ဆောင်းမနက်ခင်းတွေဆို အိမ်ရှေ ့ကသစ်ရွက်ခြောက်တွေကိုလှဲဲပြီးပုံ မီးရှို ့အဖွါးရဲ ့မာဖလာထဲကနေ နှင်းစက်တွေရဲ ့အအေးဓါတ်ကိုလှမ်း လှမ်းအန်တုရတာ။
ကမ္ဘာကြီးကို နှုတ်ခမ်းထဲကထွက်လာတဲ့အငွေ ့တွေကြားကနေ ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်တာ။
ရှေ ့ကိုသဲသဲကွဲကွဲမမြင်ရတဲ့မြူထုကြီးထဲကနေ အသံနဲ ့
လှမ်းပြီးပုတ်နှိုးတဲ့ စျေးသည်တွေရဲ ့နှလုံးသားကို နားစွင့်ရ တာ။
ပျော်ရွှင်ခြင်းရဲ ့အခြားတစ်ဘက်မှာလည်း ပျော်ရွှင်မှုကိုပဲ
အများဆုံးနှိုက်ထုတ်ယူလို ့ရခဲ့တဲ့နှစ်ကာလတွေပါပဲ။
အဲ့ဒီတုန်းက မုန် ့စိမ်းပေါင်းထဲမှာ အုန်းသီးများများပါဖို ့နဲ ့ ပဲပြုတ်ပူပူလေးကို မကြော်သေးခင်ဒီအတိုင်းနှိုက်စားဖို ့ဆိုတာငယ်ဘဝရဲ ့သိပ်တောက်ပတဲ့အသံပဲ။အဲ့ဒီတုန်းက ဘောလုံးကွင်းဆိုတာကလည်း ဘောလုံးကွင်းသိပ်ဆန်ခဲ့ပါတယ်။
နှစ်ကာလတွေဆိုတာ လူကိုသာမက မှတ်ဉာဏ်ကိုပါ တရိရိဝါးမြိုနေတဲ့လွှစက်တွေပဲ။
အဲ့ဒီတုန်းက လူမျိုးရေးခွဲခြားမှုမရှိဘူး။ဘာသာရေးခွဲခြားမှု
မရှိဘူး။ကျွန်တော်တို ့ကစားဖော်ကစားဖက်ထဲက သိပ်ပြီးအသားမည်းတဲ့ကောင်ဟာ ကုလားလေးလို ့အမည်ပေးခံ
ရပြီး အသားသိပ်ဖြူတဲ့ကောင်ဆိုတရုတ်ကြီးလို ့အမည်ပြောင်ရပါတယ်။ပိန်လွန်းတဲ့ကောင်ဆိုရင်တော့ ဗလကြီးလို ့ရွဲ ့ခေါ်ခံရနိုင်ပြီး ဖက်တီးတွေကိုတော့ ဝက်ကြီးလို ့အချိန်မရွေးအမည်ပေးလို ့ရနေတဲ့ နှစ်ကာလထူထူထဲထဲကြီးပါပဲ။
ငယ်ဘဝဆိုတာ ပြန်တိုက်ယူလို ့မရတော့ပေမယ့်လည်း
ဖြူစင်စွာတိုက်ဖူးခဲ့တဲ့တိုက်ပွဲတွေကို ကြီးပြင်းချိန်မှာတိုက်
ခိုက်နေရတဲ့ လောကဓံတိုက်ပွဲတွေကြားကနေ တမျှော်တ
ခေါ်ငေးကြည့်ရခြင်းမျိုးပဲ။
ကျွန်တော်တို ့က ငယ်ကတည်းက တိုက်ခိုက်ခဲ့ကြတာပဲ
မဟုတ်လား။အရုပ်ထောင်ပစ်တဲ့အခါ အနိုင်ရဖို ့ရည်ရွယ်
ချက်နဲ ့တိုက်ခိုက်ကြတယ်။စွန်ဖြတ်တဲ့အခါ ကိုယ့်စွန်မပြတ်ရေးအတွက်အကောင်းစားမှန်စာလုပ်ပြီးတိုက်ခိုက်ကြတယ်
ဘောလုံးကန်တဲ့အခါ ဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက်
ချိန်းပြီးစစ်တိုက်တမ်းဆော့ရတဲ့အခါ အဖွဲ ့လိုက်မင်းသား
မင်းသမီးဖွက်တမ်းကစားရတဲ့အခါ။တိုက်ပွဲတွေဆိုပေမယ့်
လည်း အဲ့ဒီတုန်းကချွေးစက်တွေရဲ ့ရင်ခုန်သံဟာ သိပ်ဖြူ
တာပဲလိုအခါပေါက်မြောက်များစွာ
ကျွန်တော်တွေးတောမိပါတယ်။
အခုတော့ရော အဲ့ဒီအစုအဖွဲ ့ကြီးကို ဘယ်သူတွေကတရိ
ရိလက်စဖျောက်လိုက်တာပါလဲ။စျေးသည်တွေရဲ ့စျေးလာရောင်းသံထက် နှိုးစက်နဲ ့ပွင့်လာရတဲ့မနက်ခင်းတွေများ
လာတိုင်း ဘာကိုမှန်းမသိ ကျွန်တော်တွေဝေငေးမောနေမိ
ပါတယ်။ဘာကိုမှန်းမသိနာကျင်နေခဲ့ရပါတယ်။
တစ်ကယ်လို ့များ ကမ္ဘာကြီးဆီကတစ်စုံတစ်ခုပြန်တောင်း
ပါဆိုရင်တော့ အဲ့ဒီစျေးသည်တွေရဲ ့ရပ်ကွက်ထဲလှည့်ပတ်
အော်ရောင်းမယ့်အသံကိုကျွန်တော်သေချာပြန်တောင်းမိမယ်ပဲထင်ပါတယ်။
ပဲကြားပြုတ်သည်ကြီးဒေါ်ရဲ ့နောက် အချိန်အနည်းငယ်
အခြားမှာ " ကြော်စုံ ပူပူလေးတွေနော် " လို ့စီးစီးပိုင်ပိုင်
အော်တတ်တဲ့ အကြော်သည်အန်တီကြီး။
သူ ့နောက်မှာ ကောက်ညှင်းပေါင်းသည်။သူ့နောက်ခပ်လှမ်းလှမ်းမှာ တို ့ဟူးသည်အန်တီ။သူတို ့နောက်မှာ ဘုရားပန်းလာရောင်းတဲ့အန်တီတွေ။နေ ့လည်နေ ့ခင်းဆ်ုလည်း
သာကူကအစ အာပူလျှာပူအထိ အိမ်ထဲကနေအရသာ
လှမ်းရှိနေလို ့ရသေးတာကို ကျွန်တော်အခုချိန်မှာ ပြန်လည်ငတ်မွတ်နေခဲ့မိတယ်။
ငယ်ဘဝကို ပြန်တပ်ဆင်ကြည့်တဲ့အခါ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် အဲ့ဒီအသံတွေကို ကျွန်တော်လွမ်းရပါတယ်။
သူတို ့တွေဘယ်ရောက်သွားခဲ့ကြပါပြီလဲ။ကော်ပစ္စည်းအစုတ်တွေ ပုလင်းခွံတွေပေးရင် ပဲကြီးလှော်တလှေကြီးထုတ်ပေးတတ်တဲ့ကုလားအဖိုးကြီးရောဘယ်ရောက်သွားပါပြီလဲ။
ဂျုံမှုန် ့လေးတွေကိုလုံးပြီး မျောက်ကလေးငါးမျှားနေပုံ
စွန်းဝူခုန်းပုံ စသဖြင့်ဂျုံရုပ်ပုံတွေလုပ်ရောင်းတဲ့ဦးလေးကြီးတွေရောဘယ်မှာပါလဲ။ပဲကြီးလှော်ကိုမိုးပေါ်မြှောက်ပြီး
ပြန်အကျကိုပါးစပ်နဲ ့လှမ်းလှမ်းဖမ်းစားနေတဲ့ကလေးလေး
တွေရောဘယ်ပျောက်သွားခဲ့ပြီလဲ။
ဘယ်ပျောက်သွားခဲ့ကြပါပြီလဲ။တစ်ယောက်နဲ ့တစ်ယောက်မခေါ်မပြောဘူးဆိုတာ နာရီခြားလောက်ပဲရှိမယ့်နှစ်ကာလအဆွေးတွေ။
ဘယ်နားကြည့်ကြည့် မီးခိုးငွေ ့တွေပဲမြင်ရတော့မယ့် ခေတ်ကြီးထဲနေ အသံပေါင်းစုံလုံးထွေးနေတဲ့ရပ်ကွက်လေးတွေ
ကို ကျွန်တော်မြင်ယောင် ပုံဖော်နေမိဆဲပါပဲ။
မရှိတော့ဘူးဆိုရင်တောင် ဖန်ဂေါ်လီအကြည်လေးတွေကို
ကျွန်တော်လှမ်းမြင်နေရတယ်။ငြင်းခုန်တာကအစ ချစ်ဖို ့
ကောင်းတဲ့ဆူညံသံတွေကို စိတ်နဲ ့လှမ်းကြားနေရတယ်။
အကြွေစေ့နဲ ့ခေါင်းပန်းလှန်သူကလှန် စုံ မ ဖွက်သူကဖွက်နေတဲ့ကလေးတွေကို လှမ်းမြင်နေရတယ်။
အဖေ့ပုဆိုးကိုနင်ဂျာလိုဝတ်ပြီး တုတ်တစ်ချောင်းနဲ ့ရပ်ကွက်ထဲပတ်ဆော့နေရတဲ့ ညတွေကိုလည်းလှမ်းတွေ ့နေရ
တယ်။လမ်းမီးတိုင်အောက်မှာ ပုရစ်လုဖမ်းနေတဲ့အချိန်တွေကိုလည်း ရနံ ့တစ်ခုအနေနဲ ့ပြန်ရနေမိပါတယ်။ ဝမ်းနည်းစရာတွေဟာ မျက်လုံးမှိတ်ပြီးဆွဲယူလိုက်ရင်တောင် စိတ်ထဲကိုတထွေးကြီးပါလာနိုင်တဲ့အထိ ကျွန်တော်တို ့
ကိုလွှမ်းခြုံထားခဲ့ပြီမဟုတ်လား။
နည်းပညာအားကိုးနဲ ့ကမ္ဘာကြီးကိုချောင်းကြည့်လို ့ရပြီဆိုပေမယ့်လည်း ကိုယ်တိုင်ကိုယ်ကျခုန်ဆင်းယူမှရမယ့်
ပျော်ရွှင်မှုတွေကိုတော့ ကမ္ဘာကြီးကဖွက်ထားဆဲဖြစ်ပါတယ်။
တိတ်ဆိတ်နေတဲ့မနက်ခင်းတွေမှာ နိုးထလာရတိုင်း အိပ်ယာထဲကနေ နားစွင့်လို ့ရတဲ့ ခြေလျင်စျေးရောင်းသူအန်တီ
ကြီးတွေရဲ ့အော်သံကိုကျွန်တော်လွမ်းနေမိတယ်။
ဘာအသည်ပြီးရင်တော့ ဘာအသည်လာတော့မယ်ဆိုပြီး
တွက်ဆစောင့်စားနေရတဲ့မနက်တွေ၊တစ်ခါတစ်လေကျ
အသံသာကြားရပြီးကိုယ့်အိမ်ရှေ ့မရောက်တဲ့ အသည်တွေအရှေ ့ကိုသဲကွဲအောင်မမြင်ရတဲ့နှင်းထုတွေ၊ဟိုတစ်အိမ်
ဒီတစ်အိမ်ဆီက ကိုယ်စီကိုယ်ငှမီးလှုံနေတဲ့သူတွေ
နွေကျောင်းပိတ်ရက်ရဲ ့အရသာရှိမှုတွေ မိုးရာသီကိုဖားတွေနဲ ့အပြိုင်အော်ပြီးကြိုနေတဲ့အသံတွေ။
ဆင်ကျယ်ဖိနပ်ကိုငြီးငွေ ့လာတဲ့အထိ မိုးတွင်းတစ်ခုလုံးစီးခဲ့ ရတာတွေ။
အို တစ်ကယ်တမ်းကျ ကြေကွဲမှုဆိုတာ " ငါတို ့ပျော်ခဲ့ဖူးတယ် " လို ့ဘယ်သူ ့ကိုရည်ရွယ်မှန်းမသိ တစ်ကိုယ်ထဲပြောနေရတဲ့အခိုက်အတန် ့တွေပဲ။
အဲ့ဒီတုန်းက စမတ်ဖုန်းတွေမကျယ်ပြန် ့သေးလို ့ ဆယ်ဖီယဉ်ကျေးမှုဆိုတာ ခေတ်မစားဘူး။ဒါပေမယ့် အခြားသူတိုင်းရဲ ့မျက်နှာကနေ ကိုယ့်ကိုယ်ကိုပြန်ရှာလို ့ရပါတယ်။ ဒါတွေအားလုံးဟာကျွန်တော်လွမ်းလို ့လှမ်းပြီးပြန်အော်ခေါ်ကြည့်တဲ့အသံပါ။
ဒါကျွန်တော့ဆီကနေပျောက်ကွယ်ချင်ယောင်ဆောင်ပြီး
အရိုးထဲဝင်ခွေနေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေပါ။
ဒါ မိုးတွေ ့အုံ ့လာတာနဲ ့စိတ်ကိုမျက်ရည်စိုစေတဲ့ တစ်ကယ့်အစစ်အမှန်ပုံပြင်တွေပါ။
ဒါမှမဟုတ် " ကျွန်တော်တို ့ဒီလိုပျော်ဖူးတယ်မဟုတ်လား
ခင်ဗျားတို ့ကရော "လို ့ စိတ်နဲ ့ပြန်သွားရမယ့်အချိန်ကာလ
စက်ထဲကနေ ခင်ဗျားတို ့ကိုလှမ်းပြီးသေဖော်ညှိမိတဲ့
အလွမ်းတွေပါပဲ။
Credit to လတ်လွန်းဝေဦး #mtrollers
photo - facebook

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...