လုပ္ခ်လုိက္ျပန္ၿပီ “ ေဖာ္ေကာင္” တဲ့

လုပ္ခ်လုိက္ျပန္ၿပီ “ ေဖာ္ေကာင္” တဲ့ 

ခုတေလာအေတာ္ကေလးသတင္းႀကီးေနတဲ့ ဦးကိုနီလုပ္ႀကံမႈမွာ လုပ္ႀကံသူဦးၾကည္လင္းရဲ႕ ေနာက္ကြယ္ကကြင္းဆက္တစ္ခုအျဖစ္ ပစ္မွတ္ထားေနၾကတဲ့ ဦးေအာင္ဝင္းေဇာ္ကို စတင္ေဖာ္ထုတ္ေပးခဲ့သူဦးေအာင္စိုးဟာတကယ့္ဟီး႐ိုးႀကီး
တစ္ေယာက္လုိျဖစ္ေနရာကတခ်ိဳ႕ေသာသတင္းစာ၊ ဂ်ာနယ္၊ မီဒီယာမ်ားက “ေဖာ္ေကာင္”ဆုိတဲ့ ဝိေသသနဲ႔ ဂုဏ္တင္ခ်ီးပလုိက္ၾကတဲ့အတြက္ သူဟာေနရင္းထုိင္ရင္းလူသတ္ တရားခံမ်ားနဲ႔ အတူပူးေပါင္း ပါဝင္သူရာဇဝတ္ေကာင္ တစ္ဦးဘဝကိုေရာက္ရိွသြားရပါေတာ့တယ္။ ဥပေဒနယ္ပယ္သားမ်ားလည္းဘာမွန္းမသိဘဲမ်က္စိလည္သြားရပါတယ္

ေဖာ္ေကာင္ေအာင္စိုး. . . တဲ့။

ဟုတ္မွ ဟုတ္ရဲ႕လား။ ေသခ်ာျပန္ဖတ္ေတာ့မွ “ စာဖတ္သူမ်ားအားပိုမုိဆြဲေဆာင္ႏုိင္ရန္ ရည္ရြယ္ျခင္းသာ ျဖစ္ပါသည္” ဆုိကိုး။ ျဖစ္မွျဖစ္ရေလ။ ႏုိင္ငံေက်ာ္လုပ္ႀကံမႈႀကီးနဲ႔ ပတ္သက္ၿပီးအေရးႀကီးသတင္းကိုေဖာ္ထုတ္ေပးခဲ့တဲ့ဦးေအာင္စိုးကဦးၾကည္လင္း၊ ဦးေအာင္ဝင္းေဇာ္တုိ႔နဲ႔အတူလုပ္ႀကံမႈႀကီးကိုအတူတကြ ပူးေပါင္းက်ဴးလြန္ခဲ့တဲ့ ရာဇဝတ္သားျဖစ္သြားရတာပါကလား

အဓိကျပႆနာကဒီသတင္းေဆာင္းပါးကိုေရးသားသူ၊ တည္းျဖတ္သူမ်ားက “ေဖာ္ေကာင္”ရဲ႕အဓိပၸာယ္နဲ႔ ဥပေဒျပ႒ာန္းခ်က္ေတြကိုမသိဘဲရမ္းႀကိတ္လုိက္ၾကတာပါပဲ။

“ေဖာ္ေကာင္”ဆုိတဲ့ ေဝါဟာရကိုအဂၤလိပ္လုိ 'State's Evidence' လုိ႔ သံုးႏႈန္းၿပီး “ေဖာ္ေကာင္လုပ္”ဆုိတဲ့ေဝါဟာရကိုေတာ့ 'Turn State's Evidence' လို႔ သံုးပါတယ္။ အစုိးရသက္ေသ၊ ႀကံရာပါသက္ေသအျဖစ္ တရားဝင္ဥပေဒသံုးစကားနဲ႔ သံုးႏႈန္းၾကပါတယ္။ သက္ေသခံဥပေဒပုဒ္မ-၃၃ မွာ ႀကံရာပါသက္ေသနဲ႔ ပတ္သက္ၿပီးအေသးစိတ္ ျပ႒ာန္းထားပါတယ္။ အဓိကလုိရင္းအခ်က္ကေတာ့ ႀကံရာပါသက္ေသ(ဝါ)ေဖာ္ေကာင္ဆုိတာ ျပစ္မႈက်ဴးလြန္ရာမွာအတူပါဝင္သူ၊ တရားခံနဲ႔အတူတရားစြဲဆုိျခင္းခံရႏုိင္သူ၊ က်ဴးလြန္တဲ့ျပစ္မႈမွာတနည္းနည္းနဲ႔ ပါဝင္သူကိုသက္ေသအျဖစ္စစ္တဲ့အခါ ထြက္ဆုိေပးသူကိုဆုိလုိတာပါ။ တရားခံက်ဴးလြန္ေသာျပစ္မႈနဲ႔ ပတ္သက္ၿပီးလံုးဝသက္ဆုိင္ျခင္းမရိွသူဟာ ႀကံရာပါသက္ေသ (ဝါ) ေဖာ္ေကာင္မဟုတ္ပါ။

ကဲ… “ေဖာ္ေကာင္ေအာင္စိုး” လုိ႔ ျပဴးတူးၿပဲတဲလုပ္ခ်လုိက္ပံုႀကီးကအမွားမႀကီး၊ တာဝန္မႀကီးလြန္းေပဘူးလား။ မသိရင္ သိေအာင္ေမးၿပီးမွ ေရးသင့္တဲ့ ေဝါဟာရမ်ိဳးကိုလက္လြတ္စပယ္ရမ္းႀကိတ္လုိက္တာေၾကာင့္ အကုန္လြဲကုန္ေရာဗ်။

“ေဖာ္ေကာင္” ဘာလုိ႔ လုပ္ၾကသလဲ။ ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ရၾကလုိ႔ပါ။ ရာဇဝတ္ဆုိင္ရာက်င့္ထံုးဥပေဒပုဒ္မ ၃၃၇(ခ)မွာအတိအလင္း ျပ႒ာန္းထားပါတယ္။ ႀကံရာပါသက္ေသ(ဝါ) အစိုးရသက္ေသ(ဝါ) ေဖာ္ေကာင္တစ္ဦးက ျပစ္မႈနဲ႔ပတ္သက္လုိ႔၊ ျပစ္မႈက်ဴးလြန္ရာမွာအတူပါဝင္ၾကသူမ်ားနဲ႔ ပတ္သက္လုိ႔၊ သူသိသမွ် အေၾကာင္းျခင္းရာအလံုးစံုကိုမခြ်င္းမခ်န္ အမွန္အတုိင္းေဖာ္ထုတ္ေျပာျပရမယ္ဆုိတဲ့ စည္းကမ္းခ်က္နဲ႔ အစစ္ခံထြက္ဆုိခဲ့ရင္ သူ႔ကုိ ျပစ္ဒဏ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးႏုိင္ပါတယ္။

အဲဒီေတာ့ ဦးေအာင္စိုးက “ ေဖာ္ေကာင္ေအာင္စုိး” မဟုတ္ဘူးဆုိတာရွင္းေနတာပဲမဟုတ္လား။

“ေဖာ္ေကာင္ေအာင္စိုး”လုိ႔ သတင္းစာ၊ ဂ်ာနယ္စာမ်က္ႏွာေပၚကေနတလြဲႀကီးေတြ ႀကိတ္ေနၾကတဲ့ အတြက္ ကိုေအာင္စုိးအဖုိ႔လည္းနစ္နာ၊ ေနာင္အလားတူျပစ္မႈႀကီးေတြနဲ႔ ပတ္သက္ၿပီးသတင္းေပးခ်င္ေပမယ့္ “ေဖာ္ေကာင္” ဂုဏ္ပုဒ္ႀကီးေၾကာက္လုိ႔ သတင္းမေပးၾကရင္ အားလံုးနစ္နာၾကရမွာပါ။

သတင္းမီဒီယာသမားကအသိႀကီး၊ သတိႀကီးရပါတယ္။ “မသိေမးမစင္ေဆး” လုပ္ဖုိ႔ မရွက္မေၾကာက္ရပါဘူး။ ထင္ရာစြတ္မႀကိတ္ၾကဖုိ႔ လက္တို႔လုိက္ပါရေစခင္ဗ်ာ။

ေဇယ်မင္းသွ်င္
(Myanmar Now မွ ေပးပို႔သည္။)
ဓါတ္ပံု-ကုိရဲ

https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551955682612/1253985197972612/?type=3&permPage=1
==============

Unicode>>>
လုပ်ချလိုက်ပြန်ပြီ “ ဖော်ကောင်” တဲ့ 
---- ------ -------
ခုတလောအတော်ကလေးသတင်းကြီးနေတဲ့ ဦးကိုနီလုပ်ကြံမှုမှာ လုပ်ကြံသူဦးကြည်လင်းရဲ့ နောက်ကွယ်ကကွင်းဆက်တစ်ခုအဖြစ် ပစ်မှတ်ထားနေကြတဲ့ ဦးအောင်ဝင်းဇော်ကို စတင်ဖော်ထုတ်ပေးခဲ့သူဦးအောင်စိုးဟာတကယ့်ဟီးရိုးကြီး
တစ်ယောက်လိုဖြစ်နေရာကတချို့သောသတင်းစာ၊ ဂျာနယ်၊ မီဒီယာများက “ဖော်ကောင်”ဆိုတဲ့ ဝိသေသနဲ့ ဂုဏ်တင်ချီးပလိုက်ကြတဲ့အတွက် သူဟာနေရင်းထိုင်ရင်းလူသတ် တရားခံများနဲ့ အတူပူးပေါင်း ပါဝင်သူရာဇဝတ်ကောင် တစ်ဦးဘဝကိုရောက်ရှိသွားရပါတော့တယ်။ ဥပဒေနယ်ပယ်သားများလည်းဘာမှန်းမသိဘဲမျက်စိလည်သွားရပါတယ်။ 

ဖော်ကောင်အောင်စိုး. . . တဲ့။

ဟုတ်မှ ဟုတ်ရဲ့လား။ သေချာပြန်ဖတ်တော့မှ “ စာဖတ်သူများအားပိုမိုဆွဲဆောင်နိုင်ရန် ရည်ရွယ်ခြင်းသာ ဖြစ်ပါသည်” ဆိုကိုး။ ဖြစ်မှဖြစ်ရလေ။ နိုင်ငံကျော်လုပ်ကြံမှုကြီးနဲ့ ပတ်သက်ပြီးအရေးကြီးသတင်းကိုဖော်ထုတ်ပေးခဲ့တဲ့ဦးအောင်စိုးကဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့နဲ့အတူလုပ်ကြံမှုကြီးကိုအတူတကွ ပူးပေါင်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားဖြစ်သွားရတာပါကလား။

အဓိကပြဿနာကဒီသတင်းဆောင်းပါးကိုရေးသားသူ၊ တည်းဖြတ်သူများက “ဖော်ကောင်”ရဲ့အဓိပ္ပာယ်နဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကိုမသိဘဲရမ်းကြိတ်လိုက်ကြတာပါပဲ။

“ဖော်ကောင်”ဆိုတဲ့ ဝေါဟာရကိုအင်္ဂလိပ်လို 'State's Evidence' လို့ သုံးနှုန်းပြီး “ဖော်ကောင်လုပ်”ဆိုတဲ့ဝေါဟာရကိုတော့ 'Turn State's Evidence' လို့ သုံးပါတယ်။ အစိုးရသက်သေ၊ ကြံရာပါသက်သေအဖြစ် တရားဝင်ဥပဒေသုံးစကားနဲ့ သုံးနှုန်းကြပါတယ်။ သက်သေခံဥပဒေပုဒ်မ-၃၃ မှာ ကြံရာပါသက်သေနဲ့ ပတ်သက်ပြီးအသေးစိတ် ပြဋ္ဌာန်းထားပါတယ်။ အဓိကလိုရင်းအချက်ကတော့ ကြံရာပါသက်သေ(ဝါ)ဖော်ကောင်ဆိုတာ ပြစ်မှုကျူးလွန်ရာမှာအတူပါဝင်သူ၊ တရားခံနဲ့အတူတရားစွဲဆိုခြင်းခံရနိုင်သူ၊ ကျူးလွန်တဲ့ပြစ်မှုမှာတနည်းနည်းနဲ့ ပါဝင်သူကိုသက်သေအဖြစ်စစ်တဲ့အခါ ထွက်ဆိုပေးသူကိုဆိုလိုတာပါ။ တရားခံကျူးလွန်သောပြစ်မှုနဲ့ ပတ်သက်ပြီးလုံးဝသက်ဆိုင်ခြင်းမရှိသူဟာ ကြံရာပါသက်သေ (ဝါ) ဖော်ကောင်မဟုတ်ပါ။

ကဲ… “ဖော်ကောင်အောင်စိုး” လို့ ပြူးတူးပြဲတဲလုပ်ချလိုက်ပုံကြီးကအမှားမကြီး၊ တာဝန်မကြီးလွန်းပေဘူးလား။ မသိရင် သိအောင်မေးပြီးမှ ရေးသင့်တဲ့ ဝေါဟာရမျိုးကိုလက်လွတ်စပယ်ရမ်းကြိတ်လိုက်တာကြောင့် အကုန်လွဲကုန်ရောဗျ။

“ဖော်ကောင်” ဘာလို့ လုပ်ကြသလဲ။ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရကြလို့ပါ။ ရာဇဝတ်ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၃၃၇(ခ)မှာအတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ကြံရာပါသက်သေ(ဝါ) အစိုးရသက်သေ(ဝါ) ဖော်ကောင်တစ်ဦးက ပြစ်မှုနဲ့ပတ်သက်လို့၊ ပြစ်မှုကျူးလွန်ရာမှာအတူပါဝင်ကြသူများနဲ့ ပတ်သက်လို့၊ သူသိသမျှ အကြောင်းခြင်းရာအလုံးစုံကိုမချွင်းမချန် အမှန်အတိုင်းဖော်ထုတ်ပြောပြရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ အစစ်ခံထွက်ဆိုခဲ့ရင် သူ့ကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ပါတယ်။ 

အဲဒီတော့ ဦးအောင်စိုးက “ ဖော်ကောင်အောင်စိုး” မဟုတ်ဘူးဆိုတာရှင်းနေတာပဲမဟုတ်လား။ 

“ဖော်ကောင်အောင်စိုး”လို့ သတင်းစာ၊ ဂျာနယ်စာမျက်နှာပေါ်ကနေတလွဲကြီးတွေ ကြိတ်နေကြတဲ့ အတွက် ကိုအောင်စိုးအဖို့လည်းနစ်နာ၊ နောင်အလားတူပြစ်မှုကြီးတွေနဲ့ ပတ်သက်ပြီးသတင်းပေးချင်ပေမယ့် “ဖော်ကောင်” ဂုဏ်ပုဒ်ကြီးကြောက်လို့ သတင်းမပေးကြရင် အားလုံးနစ်နာကြရမှာပါ။ 

သတင်းမီဒီယာသမားကအသိကြီး၊ သတိကြီးရပါတယ်။ “မသိမေးမစင်ဆေး” လုပ်ဖို့ မရှက်မကြောက်ရပါဘူး။ ထင်ရာစွတ်မကြိတ်ကြဖို့ လက်တို့လိုက်ပါရစေခင်ဗျာ။

ဇေယျမင်းသျှင်
(Myanmar Now မှ ပေးပို့သည်။)
ဓါတ်ပုံ-ကိုရဲ

https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551955682612/1253985197972612/?type=3&permPage=1

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...