Loading...

ဗိုလ္ခ်ဳပ္ေမြးေန႔ ၁၀၂ ႏွစ္ျပည့္ၿပီ၊ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ဘယ္မွာလဲ [ဘ၀တခုလံုးကို ပံုအပ္ခဲ့တဲ့ ေက်ာ္ေက်ာ္မ်ဳိးႏွင့္ ေတြ႕ဆံုျခင္း]

မၾကာေသးေသာကာလက ျမန္မာျပည္တျပည္လံုးလိုလို လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့ၾကသည္။ လြတ္လပ္ေရး ေခါင္းေဆာင္ အမ်ဳိးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိကို ႐ုပ္ရွင္႐ိုက္မည္ဟုဆို၍ တျပည္လံုး၀မ္းသာအားရျဖစ္ခဲ့ၾကသည္။ ေငြေၾကးအကုန္အက်ခံမည့္သူေတြေပၚလာသည္။ ႐ုပ္ရွင္ ကုမၸဏီကို အလကားေပးမည့္သူေတြ ေပၚလာသည္။ ျမန္မာနိုင္ငံမွာ ထိပ္တန္းဆိုသည့္ ႐ုပ္ရွင္သမား၊ စာေပသမားမ်ားက ဇာတ္ညႊန္းေတြေရးၾက၊ သ႐ုပ္ေဆာင္ေတြေရြးၾကသည္။ လူေတြကလည္း ထိုသ႐ုပ္ေဆာင္ မည့္သူေတြကို စိတ္၀င္စားၾကသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအျဖစ္ သ႐ုပ္ေဆာင္မည့္သူက အခရာအက်ဆံုး။
ဤဇာတ္ကားတြင္ အဓိကအက်ဆံုး၊ အခရာအက်ဆံုး ဗိုလ္ခ်ဳပ္ေအာင္ဆန္းအျဖစ္ သ႐ုပ္ေဆာင္မည့္သူေတြ ထဲမွာ ”ေက်ာ္ေက်ာ္မ်ဳိး”ဆိုသူကို ေရြးခ်ယ္လိုက္သည့္အခါ အေတာ္ပင္ ၀မ္းသာသြားၾကသည္။ ေက်ာ္ေက်ာ္မ်ဳိး ကိုယ္တိုင္ကလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေပၚ အထူးေလးစားၾကည္ညိဳစိတ္ရိွသည္။ ၿပီးေတာ့ သူ႔႐ုပ္ကလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အလြန္နီးနီးကပ္ကပ္တူသည္။ ဒီေတာ့ သ႐ုပ္ေဆာင္ပညာကို သူႀကိဳးစားမည္။ လက္ရိွ ကေမာၻဇေဘာလံုးအသင္းမွာ လက္ေရြးစင္။ ေဘာလံုးသမားအျဖစ္ ထိုက္တန္သည့္ လစာလည္း ရထားသည္။
သို႔ေသာ္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္အတြက္ သ႐ုပ္ေဆာင္အေရြးခ်ယ္ခံရသည္ဆိုကတည္းက သူ႔၀ါသနာ၊ သူ႔အားကစား ပညာမ်ားကို စြန္႔လႊတ္လိုက္သည္။ ဆိုရလွ်င္ေတာ့ သူ႔မွာ အတည္တက်ျဖစ္ေနေသာဘ၀ တခုလံုးကို ဗိုလ္ခ်ဳပ္႐ုပ္ရွင္အတြက္ ျမႇဳပ္ႏံွလိုက္သည္။
လူဆိုတာ ေမွ်ာ္လင့္ခ်က္ႏွင့္အသက္ရွင္ရျခင္းပါ။ ယခု ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ဘယ္ဆီေရာက္ေနၿပီလဲ။ ေမ့ေပ်ာက္ခံေနရေလၿပီ။ သို႔ေသာ္ ေက်ာ္ေက်ာ္မ်ဳိးကေတာ့ ယေန႔ထိတိုင္ေမွ်ာ္လင့္ေနဆဲ။
ကမာၻမွာ အတၳဳပၸတၱိ႐ုပ္ရွင္ကားေတြ ေဟာလီ၀ုဒ္က႐ိုက္ခဲ့တာေတြ အေတာ္ေလးရိွပါသည္။ အိုင္ယာလန္ သူပုန္ေခါင္းေဆာင္ မိုက္ကယ္ေကာလင္း၊ တ႐ုတ္ေနာက္ဆံုးဧကရာဇ္ပုယီ၏ ‘The Last Emperor’ အိႏၵိယ လြတ္လပ္ေရးေခါင္းေဆာင္၊ အၾကမ္းမဖက္တိုက္ပဲြ၀င္သူ’ဂႏၵီ’စသည့္ ကမာၻေက်ာ္ဇာတ္လမ္းမ်ားမွာ အထင္ကရရိွသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္းကိုလည္း အကယ္၍ ေဟာလီ၀ုဒ္က ကမာၻေက်ာ္ ဒါ႐ိုက္တာ၊ ဇာတ္ညႊန္းဆရာ၊ သမိုင္းအခ်က္ အလက္ရွာေဖြသူမ်ားႏွင့္သာ ႐ိုက္မည္ဆိုလွ်င္ ကမာၻေက်ာ္ ဇာတ္ကားတကား ျဖစ္လာပါလိမ့္မည္။ ကိုယ့္ႏိုင္ငံကလူေတြကို အထင္ေသး၍ေျပာျခင္းမဟုတ္၊ ကိုယ့္နိုင္ငံ မွာက်ေတာ့ ခ်ဳိ႕ယြင္းခ်က္၊ အားနည္းခ်က္ေတြရိွသည္။ ပစၥည္းကိိရိယာမစံုမလင္တာေတြရိွမည္။ ၿပီးေတာ့ ေငြေၾကးအလံုးအရင္းသံုးရမည့္ေနရာေတြရိွသည္။ ၿပီးေတာ့ ႐ိုက္ကြင္း႐ိုက္ကြက္ေတြ၊ ဒီေတာ့ ကိုယ့္တိုင္းျပည္ မွာ မျဖစ္ႏိုင္လွ်င္ ျပည္ပကထိပ္တန္း႐ုပ္ရွင္သမားေတြကို အပ္လိုက္လွ်င္ေတာ့ . . .
ဟိုတေလာကပဲ ကမာၻေက်ာ္မင္းသား ဂေရဂရီပက္ႏွင့္ ျမန္မာမင္းသမီး ၀င္းမင္းသန္းတို႔ သ႐ုပ္ေဆာင္ေသာ ‘Purple Plain’ ႐ုပ္ရွင္ကားကို ျပန္ၾကည့္ရသည္။ ဒါကလည္း ျမန္မာျပည္မွာ ႐ိုက္သည္မဟုတ္။ သီရိလကၤာမွာ ႐ိုက္သည္ဟု သိရသည္။ သို႔ေသာ္ ႐ုပ္ရွင္အျဖစ္ အဆင့္အတန္းျမင့္သည္။ ျမန္မာ့ယဥ္ေက်းမႈနွင့္လည္း လံုးလံုးမဆန္႔က်င္သည့္ သေဘာသဘာ၀မ်ားကို ႐ိုက္ကူးထား၍ အလြန္ၾကည့္၍ အရသာရိွပါသည္။
ဒီေတာ့ ကံအေၾကာင္းတရားတိုက္ဆိုင္လာလွ်င္ေတာ့ ေက်ာ္ေက်ာ္မ်ဳိးသည္လည္း ျပည္ပႏိုင္ငံ႐ုပ္ရွင္သမားမ်ား ႏွင့္ ထိပ္တန္းကားတကားျဖစ္သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဇာတ္ကားမ႐ိုက္ရဘူးဟု မေျပာႏိုင္။ လူဆိုသည္မွာ ေမွ်ာ္လင့္ခ်က္ျဖင့္ အသက္ရွင္ေနရျခင္းျဖစ္သည္။ ေမွ်ာ္လင့္ခ်က္ရိွဆဲ ေက်ာ္ေက်ာ္မ်ဳိးႏွင့္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္အေၾကာင္း၊ သ႐ုပ္ေဆာင္ အေရြးခံရသည့္အေၾကာင္းမ်ားကို ျပန္ေျပာင္းေမးျမန္းလိုက္ သည့္အခါ-
ေမး- ကိုေက်ာ္ေက်ာ္မ်ဳိးေရ လက္ရိွ ဗိုလ္ခ်ဳပ္ရုပ္ရွင္လည္း အစအနေပ်ာက္ေနေတာ့ ဘာလုပ္ေနလဲဗ်။
ေျဖ- ဘာမွမလုပ္ဘူးဗ်။ ကၽြန္ေတာ့္ေနရပ္ျဖစ္တဲ့ မႏၲေလးျမစ္ငယ္ကိုျပန္ေရာက္ေနပါၿပီ။ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ျဖစ္ ေျမာက္ေရးနဲ႔ေတာ့ တခါတေလ အဆက္အသြယ္ရိွပါတယ္။ ဗိုလ္ခ်ဳပ္က ၁၀၂ ႏွစ္ျပည့္ေတာ့မယ္။ ဗိုလ္ခ်ဳပ္ ႐ုပ္ရွင္႐ိုက္ကူးေရးကေတာ့ ဘာမွမထူးေသးပါဘူး။ ထူးရင္ေျပာပါမယ္ဗ်။
ေမး- ကိုေက်ာ္ေက်ာ္မ်ဳိးက ကေမာၻဇအသင္းက လက္ေရြးစင္ျဖစ္တယ္။ ဗိုလ္ခ်ဳပ္ေနရာက ေရြးခ်ယ္ခံရေတာ့ ေဘာလံုးကစားျခင္းကိုလည္း စြန္႔လႊတ္ထားရတယ္။ အခုေရာ ေဘာလံုးကစားျခင္းနဲ႔ ပတ္သက္ၿပီး ေလ့က်င့္မႈ ေတြ ရိွေသးလား။
ေျဖ- လက္ရိွ ေဘာလံုးကစားရမယ္ဆိုရင္ Traning ေတာ့ အျမဲမျပတ္ဘူး။ ကိုယ္တိုင္လုပ္တယ္။ ကၽြန္ေတာ္တို႔ဘက္မွာ ေဘာလံုးပဲြေတြရိွတယ္။ ကိုယ့္အနီးအနားမွာရိွတဲ့ ကေလးေတြကိုလည္း သင္ေပးတယ္။ ေလ့က်င့္မႈကေတာ့ မျပတ္ပါဘူး။
ေမး- ရန္ကုန္ကိုေရာ မလာျဖစ္ဘူးလားဗ်။
ေျဖ- ရန္ကုန္ကို မလာျဖစ္တာ ေတာ္ေတာ္ၾကာၿပီဗ်။ ကိုယ့္ေဒသမွာ ကိုယ့္နိုင္တဲ့ ပရဟိတေလးေတြလည္း လုပ္ျဖစ္ပါတယ္။ ထူးထူးေထြေထြ မရိွပါဘူး။
ေမး- ကိုေက်ာ္ေက်ာ္မ်ဳိးအေနနဲ႔ တကယ္လို႔ ေဘာလံုးကန္မယ္ဆိုရင္ေရာ အခုခ်ိန္ကန္နိုင္ေသးလားဗ်။
ေျဖ- ေဘာလံုးကန္မယ္ဆိုကန္လို႔ရတာေပါ့။ ကၽြန္ေတာ့္သူငယ္ခ်င္းေတြေတာင္ ကန္ေနၾကတာပဲေလ။ ကၽြန္ေတာ္နဲ႔ သက္တူရြယ္တူ သူငယ္ခ်င္းေတြ အခုကန္ေနတာပဲေလ။ ကန္လို႔ရရင္ ကန္ခ်င္တာေပါ့ဗ်ာ။ ဒါေပမဲ့ ဟိုအေပၚမွာပဲ မူတည္တယ္ေလ။ ဟိုအေပၚမွာဆိုတာက ကၽြန္ေတာ့္ကို အသင္းကဇာတ္ ကားအတြက္ ေပးထားတာေလ။ ကၽြန္ေတာ့္ဘက္က စၿပီး ကန္ခ်င္ပါတယ္လို႔ ေျပာလို႔မွမရတာ။
ေမး- ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကလည္း ခုထိ ဘာမွမသိရေသးဘူး။ ေဘာလံုးကန္တာကိုလည္း စြန္႔လႊတ္ထား ရတယ္ဆိုေတာ့ ကိုေက်ာ္ေက်ာ္မ်ဳိးအတြက္ ဘယ္လိုအခက္အခဲရိွလဲဗ်။
ေျဖ- ကလပ္အသင္းကေတာ့ ေထာက္ပံ့တယ္။ ဇာတ္ကားကလည္း အျဖဴအမည္း မသဲကဲြေသးဘူး။ ေဘာလံုး ကန္တာကိုလည္း စြန္႔လႊတ္ထားရတယ္ဆိုေတာ့ အမ်ားႀကီးေတာ့ နစ္နာတာေပါ့။ ကၽြန္ေတာ္က တခုခုကို ပီပီျပင္ျပင္လုပ္ခ်င္တာေပါ့။ အားလံုးကေတာ့ လူႀကီးေတြအေပၚမွာ မူတည္တယ္။ လူႀကီးေတြက အသင္းနဲ႔ တိုက္႐ိုက္ခ်ိတ္ထားတာ သူတို႔ဆံုးျဖတ္တဲ့အတိုင္း လက္ခံရမွာေလ။ ကိုယ္က လုပ္လို႔မရဘူးေလ။
ေမး- လူႀကီးေတြက အသင္းနဲ႔တိုက္႐ိုက္ညိႇႏိႈင္းထားတာဆိုေတာ့ လက္ရိွ႐ုပ္ရွင္လည္း မ႐ိုက္ျဖစ္ေသးခ်ိန္မွာ ကိုေက်ာ္ေက်ာ္မ်ဳိးကို ေဘာလံုးကန္ခြင့္ရေအာင္ ညိႇႏိႈင္းေပးမယ္ဆိုရင္ေရာ ရႏိုင္လားဗ်။
ေျဖ- ေဘာလံုးျပန္ကစားနိုင္ဖို႔ လူႀကီးေတြက ညိႇႏိႈင္းေပးမယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေကာင္းတာေပါ့။ သူငယ္ခ်င္းေတြေရာ၊ ဆရာေတြကပါ အဲလိုေတာ့ေျပာၾကပါတယ္။
ေမး- ႐ိုက္ကူးေရးလုပ္ခဲ့တဲ့အခ်ိန္တုန္းက ဘယ္ေလာက္ၾကာၾကာ႐ိုက္ကူးခဲ့ေသးလဲဗ်။
ေျဖ- ႐ိုက္ကူးေရးတုန္းက အစမ္းျပမယ့္ဟာေလာက္ပဲ ႐ိုက္ခဲ့ရတာေလ။ ႐ိုက္တုန္းကေတာ့ ဘယ္လိုသံုးမလဲ ကၽြန္ေတာ္လည္း မသိပါဘူး။ တခ်ဳိ႕ဟာေတြ ႐ိုက္တာရိွသလို ျပန္႐ိုက္ရမယ့္ဟာေတြလည္း ရိွပါတယ္။ တခါတေလ ငါးရက္ေလာက္႐ိုက္လိုက္ နားလိုက္ အဲဒီလိုပဲ သြားတာေလ။
ေမး- ဗိုလ္ခ်ဳပ္ပံုစံတူေရြးတုန္းက ဘယ္ႏွခုႏွစ္ေလာက္က ျဖစ္မလဲ။ ေရြးခ်ယ္ေရးမွာ ဘယ္သူေတြပါလဲ။
ေျဖ- စ,စခ်င္းေရြးတာက ၂၀၁၁ နဲ႔ ၂၀၁၂ ၾကားေလာက္မွာဗ်။ ေရြးခ်ယ္ေရးအဖဲြ႕ထဲမွာ ဦးဇာဂနာ၊ ဦးေဇာ္ သက္ေထြး၊ ဦးလူမင္း၊ မၾကည္ျဖဴရွင္၊ မထြန္းအိျႏၵာဗိုလ္၊ ေဒၚေအးခိုင္ အမ်ားႀကီးဗ်။ ေနာက္ဆံုးအဆင့္မွ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ေရြးတာပါ။
ေမး- ကိုေက်ာ္ေက်ာ္မ်ဳိးနဲ႔ သ႐ုပ္ေဆာင္မယ့္ သူေတြနဲ႔ေရာ ဆက္သြယ္ျဖစ္ေသးလား။ သူတို႔ေတြေရာ ဘာလုပ္ေနၾကလဲ။
ေျဖ- ဘာလုပ္ေနလဲဆိုေတာ့ ဖုန္းမဆက္ျဖစ္တာေတာင္ အေတာ္ၾကာၿပီဗ်။ အရင္တုန္းကေတာ့ ရိွပါတယ္။ ခုေနာက္ပိုင္း အဆက္အသြယ္မလုပ္ျဖစ္ဘူး။
ေမး- လက္ရိွမွာ ႏွစ္ခုလံုးစြန္႔လႊတ္ထားရတဲ့ အေနအထားဆိုေတာ့ အနာဂတ္အတြက္ ဘယ္လိုျပင္ဆင္ထား သလဲ။
ေျဖ- အနာဂတ္အတြက္ ဘာေတြျပင္ဆင္ထားလဲဆိုေတာ့ ကြ်န္ေတာ္က ဘာမွလုပ္လို႔ကိုင္လို႔မရဘူးေလ။ လက္ရိွအခိ်န္မွာေတာ့ ဒီအတိုင္းပဲေလ။ အသင္းကလည္း ေထာက္ပံ့ထားတယ္။ ဇာတ္ကားကလည္း မ႐ိုက္ ျဖစ္ေသးဘူး။
ေမး- ဗိုလ္ခ်ဳပ္႐ုပ္ရွင္က လက္ရိွအခိ်န္အထိ ဘာေၾကာင့္မ႐ိုက္ႏိုင္ေသးတာလဲလို႔ ထင္လဲ။
ေျဖ- ႐ုပ္ရွင္ျဖစ္ေျမာက္ေရးအဖဲြ႕အစည္းေပၚမွာ မူတည္မယ္လို႔ ထင္ပါတယ္။ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ျဖစ္ေျမာက္ေရး ဘုတ္အဖဲြ႕နဲ႔ပဲ ဆိုင္မွာဗ်။ အခက္အခဲက လူႀကီးပိုင္းကပဲ သိမွာ။
ေမး- ဒီေတာ့ ဘုတ္အဖဲြ႕ကို မီဒီယာကေန တခုခုေျပာမယ္ဆိုရင္ ဘာေျပာခ်င္လဲဗ်။
ေျဖ- မရိွပါဘူး။ ကၽြန္ေတာ့္စိတ္မွာ ကၽြန္ေတာ္ အရင္ကတည္းက ကိုယ့္အပူကို သူမ်ားအပူမျဖစ္ေစခ်င္ဘူး။ ကိုယ္လုပ္ခဲ့တဲ့ကိစၥတခုအေပၚ ေနာင္တမရပါဘူး။ ကၽြန္ေတာ္က စိတ္ရွည္ပါတယ္။ စိတ္လည္း ရွင္းပါတယ္။
အခုလိုေျဖေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ဗ်ာ။

ကိုခက္
Credit: News Watch
မကြာသေးသောကာလက မြန်မာပြည်တပြည်လုံးလိုလို လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ကြသည်။ လွတ်လပ်ရေး ခေါင်းဆောင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ရုပ်ရှင်ရိုက်မည်ဟုဆို၍ တပြည်လုံးဝမ်းသာအားရဖြစ်ခဲ့ကြသည်။ ငွေကြေးအကုန်အကျခံမည့်သူတွေပေါ်လာသည်။ ရုပ်ရှင် ကုမ္ပဏီကို အလကားပေးမည့်သူတွေ ပေါ်လာသည်။ မြန်မာနိုင်ငံမှာ ထိပ်တန်းဆိုသည့် ရုပ်ရှင်သမား၊ စာပေသမားများက ဇာတ်ညွှန်းတွေရေးကြ၊ သရုပ်ဆောင်တွေရွေးကြသည်။ လူတွေကလည်း ထိုသရုပ်ဆောင် မည့်သူတွေကို စိတ်ဝင်စားကြသည်။ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မည့်သူက အခရာအကျဆုံး။
ဤဇာတ်ကားတွင် အဓိကအကျဆုံး၊ အခရာအကျဆုံး ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မည့်သူတွေ ထဲမှာ ”ကျော်ကျော်မျိုး”ဆိုသူကို ရွေးချယ်လိုက်သည့်အခါ အတော်ပင် ဝမ်းသာသွားကြသည်။ ကျော်ကျော်မျိုး ကိုယ်တိုင်ကလည်း ဗိုလ်ချုပ်အောင်ဆန်းအပေါ် အထူးလေးစားကြည်ညိုစိတ်ရှိသည်။ ပြီးတော့ သူ့ရုပ်ကလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အလွန်နီးနီးကပ်ကပ်တူသည်။ ဒီတော့ သရုပ်ဆောင်ပညာကို သူကြိုးစားမည်။ လက်ရှိ ကမ္ဘောဇဘောလုံးအသင်းမှာ လက်ရွေးစင်။ ဘောလုံးသမားအဖြစ် ထိုက်တန်သည့် လစာလည်း ရထားသည်။
သို့သော် ဗိုလ်ချုပ်ရုပ်ရှင်အတွက် သရုပ်ဆောင်အရွေးချယ်ခံရသည်ဆိုကတည်းက သူ့ဝါသနာ၊ သူ့အားကစား ပညာများကို စွန့်လွှတ်လိုက်သည်။ ဆိုရလျှင်တော့ သူ့မှာ အတည်တကျဖြစ်နေသောဘဝ တခုလုံးကို ဗိုလ်ချုပ်ရုပ်ရှင်အတွက် မြှုပ်နှံလိုက်သည်။
လူဆိုတာ မျှော်လင့်ချက်နှင့်အသက်ရှင်ရခြင်းပါ။ ယခု ဗိုလ်ချုပ်ရုပ်ရှင် ဘယ်ဆီရောက်နေပြီလဲ။ မေ့ပျောက်ခံနေရလေပြီ။ သို့သော် ကျော်ကျော်မျိုးကတော့ ယနေ့ထိတိုင်မျှော်လင့်နေဆဲ။
ကမ္ဘာမှာ အတ္ထုပ္ပတ္တိရုပ်ရှင်ကားတွေ ဟောလီဝုဒ်ကရိုက်ခဲ့တာတွေ အတော်လေးရှိပါသည်။ အိုင်ယာလန် သူပုန်ခေါင်းဆောင် မိုက်ကယ်ကောလင်း၊ တရုတ်နောက်ဆုံးဧကရာဇ်ပုယီ၏ ‘The Last Emperor’ အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်၊ အကြမ်းမဖက်တိုက်ပွဲဝင်သူ’ဂန္ဒီ’စသည့် ကမ္ဘာကျော်ဇာတ်လမ်းများမှာ အထင်ကရရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုလည်း အကယ်၍ ဟောလီဝုဒ်က ကမ္ဘာကျော် ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ သမိုင်းအချက် အလက်ရှာဖွေသူများနှင့်သာ ရိုက်မည်ဆိုလျှင် ကမ္ဘာကျော် ဇာတ်ကားတကား ဖြစ်လာပါလိမ့်မည်။ ကိုယ့်နိုင်ငံကလူတွေကို အထင်သေး၍ပြောခြင်းမဟုတ်၊ ကိုယ့်နိုင်ငံ မှာကျတော့ ချို့ယွင်းချက်၊ အားနည်းချက်တွေရှိသည်။ ပစ္စည်းကိိရိယာမစုံမလင်တာတွေရှိမည်။ ပြီးတော့ ငွေကြေးအလုံးအရင်းသုံးရမည့်နေရာတွေရှိသည်။ ပြီးတော့ ရိုက်ကွင်းရိုက်ကွက်တွေ၊ ဒီတော့ ကိုယ့်တိုင်းပြည် မှာ မဖြစ်နိုင်လျှင် ပြည်ပကထိပ်တန်းရုပ်ရှင်သမားတွေကို အပ်လိုက်လျှင်တော့ . . .
ဟိုတလောကပဲ ကမ္ဘာကျော်မင်းသား ဂရေဂရီပက်နှင့် မြန်မာမင်းသမီး ဝင်းမင်းသန်းတို့ သရုပ်ဆောင်သော ‘Purple Plain’ ရုပ်ရှင်ကားကို ပြန်ကြည့်ရသည်။ ဒါကလည်း မြန်မာပြည်မှာ ရိုက်သည်မဟုတ်။ သီရိလင်္ကာမှာ ရိုက်သည်ဟု သိရသည်။ သို့သော် ရုပ်ရှင်အဖြစ် အဆင့်အတန်းမြင့်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့်လည်း လုံးလုံးမဆန့်ကျင်သည့် သဘောသဘာဝများကို ရိုက်ကူးထား၍ အလွန်ကြည့်၍ အရသာရှိပါသည်။
ဒီတော့ ကံအကြောင်းတရားတိုက်ဆိုင်လာလျှင်တော့ ကျော်ကျော်မျိုးသည်လည်း ပြည်ပနိုင်ငံရုပ်ရှင်သမားများ နှင့် ထိပ်တန်းကားတကားဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားမရိုက်ရဘူးဟု မပြောနိုင်။ လူဆိုသည်မှာ မျှော်လင့်ချက်ဖြင့် အသက်ရှင်နေရခြင်းဖြစ်သည်။ မျှော်လင့်ချက်ရှိဆဲ ကျော်ကျော်မျိုးနှင့် ဗိုလ်ချုပ်ရုပ်ရှင်အကြောင်း၊ သရုပ်ဆောင် အရွေးခံရသည့်အကြောင်းများကို ပြန်ပြောင်းမေးမြန်းလိုက် သည့်အခါ-
မေး- ကိုကျော်ကျော်မျိုးရေ လက်ရှိ ဗိုလ်ချုပ်ရုပ်ရှင်လည်း အစအနပျောက်နေတော့ ဘာလုပ်နေလဲဗျ။
ဖြေ- ဘာမှမလုပ်ဘူးဗျ။ ကျွန်တော့်နေရပ်ဖြစ်တဲ့ မန္တလေးမြစ်ငယ်ကိုပြန်ရောက်နေပါပြီ။ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ် မြောက်ရေးနဲ့တော့ တခါတလေ အဆက်အသွယ်ရှိပါတယ်။ ဗိုလ်ချုပ်က ၁၀၂ နှစ်ပြည့်တော့မယ်။ ဗိုလ်ချုပ် ရုပ်ရှင်ရိုက်ကူးရေးကတော့ ဘာမှမထူးသေးပါဘူး။ ထူးရင်ပြောပါမယ်ဗျ။
မေး- ကိုကျော်ကျော်မျိုးက ကမ္ဘောဇအသင်းက လက်ရွေးစင်ဖြစ်တယ်။ ဗိုလ်ချုပ်နေရာက ရွေးချယ်ခံရတော့ ဘောလုံးကစားခြင်းကိုလည်း စွန့်လွှတ်ထားရတယ်။ အခုရော ဘောလုံးကစားခြင်းနဲ့ ပတ်သက်ပြီး လေ့ကျင့်မှု တွေ ရှိသေးလား။
ဖြေ- လက်ရှိ ဘောလုံးကစားရမယ်ဆိုရင် Traning တော့ အမြဲမပြတ်ဘူး။ ကိုယ်တိုင်လုပ်တယ်။ ကျွန်တော်တို့ဘက်မှာ ဘောလုံးပွဲတွေရှိတယ်။ ကိုယ့်အနီးအနားမှာရှိတဲ့ ကလေးတွေကိုလည်း သင်ပေးတယ်။ လေ့ကျင့်မှုကတော့ မပြတ်ပါဘူး။
မေး- ရန်ကုန်ကိုရော မလာဖြစ်ဘူးလားဗျ။
ဖြေ- ရန်ကုန်ကို မလာဖြစ်တာ တော်တော်ကြာပြီဗျ။ ကိုယ့်ဒေသမှာ ကိုယ့်နိုင်တဲ့ ပရဟိတလေးတွေလည်း လုပ်ဖြစ်ပါတယ်။ ထူးထူးထွေထွေ မရှိပါဘူး။
မေး- ကိုကျော်ကျော်မျိုးအနေနဲ့ တကယ်လို့ ဘောလုံးကန်မယ်ဆိုရင်ရော အခုချိန်ကန်နိုင်သေးလားဗျ။
ဖြေ- ဘောလုံးကန်မယ်ဆိုကန်လို့ရတာပေါ့။ ကျွန်တော့်သူငယ်ချင်းတွေတောင် ကန်နေကြတာပဲလေ။ ကျွန်တော်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေ အခုကန်နေတာပဲလေ။ ကန်လို့ရရင် ကန်ချင်တာပေါ့ဗျာ။ ဒါပေမဲ့ ဟိုအပေါ်မှာပဲ မူတည်တယ်လေ။ ဟိုအပေါ်မှာဆိုတာက ကျွန်တော့်ကို အသင်းကဇာတ် ကားအတွက် ပေးထားတာလေ။ ကျွန်တော့်ဘက်က စပြီး ကန်ချင်ပါတယ်လို့ ပြောလို့မှမရတာ။
မေး- ဗိုလ်ချုပ်ရုပ်ရှင်ကလည်း ခုထိ ဘာမှမသိရသေးဘူး။ ဘောလုံးကန်တာကိုလည်း စွန့်လွှတ်ထား ရတယ်ဆိုတော့ ကိုကျော်ကျော်မျိုးအတွက် ဘယ်လိုအခက်အခဲရှိလဲဗျ။
ဖြေ- ကလပ်အသင်းကတော့ ထောက်ပံ့တယ်။ ဇာတ်ကားကလည်း အဖြူအမည်း မသဲကွဲသေးဘူး။ ဘောလုံး ကန်တာကိုလည်း စွန့်လွှတ်ထားရတယ်ဆိုတော့ အများကြီးတော့ နစ်နာတာပေါ့။ ကျွန်တော်က တခုခုကို ပီပီပြင်ပြင်လုပ်ချင်တာပေါ့။ အားလုံးကတော့ လူကြီးတွေအပေါ်မှာ မူတည်တယ်။ လူကြီးတွေက အသင်းနဲ့ တိုက်ရိုက်ချိတ်ထားတာ သူတို့ဆုံးဖြတ်တဲ့အတိုင်း လက်ခံရမှာလေ။ ကိုယ်က လုပ်လို့မရဘူးလေ။
မေး- လူကြီးတွေက အသင်းနဲ့တိုက်ရိုက်ညှိနှိုင်းထားတာဆိုတော့ လက်ရှိရုပ်ရှင်လည်း မရိုက်ဖြစ်သေးချိန်မှာ ကိုကျော်ကျော်မျိုးကို ဘောလုံးကန်ခွင့်ရအောင် ညှိနှိုင်းပေးမယ်ဆိုရင်ရော ရနိုင်လားဗျ။
ဖြေ- ဘောလုံးပြန်ကစားနိုင်ဖို့ လူကြီးတွေက ညှိနှိုင်းပေးမယ်ဆိုရင်တော့ တော်တော်ကောင်းတာပေါ့။ သူငယ်ချင်းတွေရော၊ ဆရာတွေကပါ အဲလိုတော့ပြောကြပါတယ်။
မေး- ရိုက်ကူးရေးလုပ်ခဲ့တဲ့အချိန်တုန်းက ဘယ်လောက်ကြာကြာရိုက်ကူးခဲ့သေးလဲဗျ။
ဖြေ- ရိုက်ကူးရေးတုန်းက အစမ်းပြမယ့်ဟာလောက်ပဲ ရိုက်ခဲ့ရတာလေ။ ရိုက်တုန်းကတော့ ဘယ်လိုသုံးမလဲ ကျွန်တော်လည်း မသိပါဘူး။ တချို့ဟာတွေ ရိုက်တာရှိသလို ပြန်ရိုက်ရမယ့်ဟာတွေလည်း ရှိပါတယ်။ တခါတလေ ငါးရက်လောက်ရိုက်လိုက် နားလိုက် အဲဒီလိုပဲ သွားတာလေ။
မေး- ဗိုလ်ချုပ်ပုံစံတူရွေးတုန်းက ဘယ်နှခုနှစ်လောက်က ဖြစ်မလဲ။ ရွေးချယ်ရေးမှာ ဘယ်သူတွေပါလဲ။
ဖြေ- စ,စချင်းရွေးတာက ၂၀၁၁ နဲ့ ၂၀၁၂ ကြားလောက်မှာဗျ။ ရွေးချယ်ရေးအဖွဲ့ထဲမှာ ဦးဇာဂနာ၊ ဦးဇော် သက်ထွေး၊ ဦးလူမင်း၊ မကြည်ဖြူရှင်၊ မထွန်းအိန္ဒြာဗိုလ်၊ ဒေါ်အေးခိုင် အများကြီးဗျ။ နောက်ဆုံးအဆင့်မှ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးတာပါ။
မေး- ကိုကျော်ကျော်မျိုးနဲ့ သရုပ်ဆောင်မယ့် သူတွေနဲ့ရော ဆက်သွယ်ဖြစ်သေးလား။ သူတို့တွေရော ဘာလုပ်နေကြလဲ။
ဖြေ- ဘာလုပ်နေလဲဆိုတော့ ဖုန်းမဆက်ဖြစ်တာတောင် အတော်ကြာပြီဗျ။ အရင်တုန်းကတော့ ရှိပါတယ်။ ခုနောက်ပိုင်း အဆက်အသွယ်မလုပ်ဖြစ်ဘူး။
မေး- လက်ရှိမှာ နှစ်ခုလုံးစွန့်လွှတ်ထားရတဲ့ အနေအထားဆိုတော့ အနာဂတ်အတွက် ဘယ်လိုပြင်ဆင်ထား သလဲ။
ဖြေ- အနာဂတ်အတွက် ဘာတွေပြင်ဆင်ထားလဲဆိုတော့ ကျွန်တော်က ဘာမှလုပ်လို့ကိုင်လို့မရဘူးလေ။ လက်ရှိအချိန်မှာတော့ ဒီအတိုင်းပဲလေ။ အသင်းကလည်း ထောက်ပံ့ထားတယ်။ ဇာတ်ကားကလည်း မရိုက် ဖြစ်သေးဘူး။
မေး- ဗိုလ်ချုပ်ရုပ်ရှင်က လက်ရှိအချိန်အထိ ဘာကြောင့်မရိုက်နိုင်သေးတာလဲလို့ ထင်လဲ။
ဖြေ- ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့အစည်းပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ဘုတ်အဖွဲ့နဲ့ပဲ ဆိုင်မှာဗျ။ အခက်အခဲက လူကြီးပိုင်းကပဲ သိမှာ။
မေး- ဒီတော့ ဘုတ်အဖွဲ့ကို မီဒီယာကနေ တခုခုပြောမယ်ဆိုရင် ဘာပြောချင်လဲဗျ။
ဖြေ- မရှိပါဘူး။ ကျွန်တော့်စိတ်မှာ ကျွန်တော် အရင်ကတည်းက ကိုယ့်အပူကို သူများအပူမဖြစ်စေချင်ဘူး။ ကိုယ်လုပ်ခဲ့တဲ့ကိစ္စတခုအပေါ် နောင်တမရပါဘူး။ ကျွန်တော်က စိတ်ရှည်ပါတယ်။ စိတ်လည်း ရှင်းပါတယ်။
အခုလိုဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

ကိုခက်
Credit: News Watch

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...