ျမင္႔ေဆြအားလံုးကို ဖမ္းဆီးစစ္ေဆးျပီ


ကြင္းဆက္တရားခံလို႔ သံသယရိွသူေတြကို ေခၚယူစစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ ကရင္ျပည္နယ္ ျပည္နယ္မႈး ရဲမႈးႀကီး ၾကည္လင္းက ေျပာပါတယ္။
ေရွ႕ေန ဦးကိုနီ လုပ္ႀကံခံရမႈနဲ႕ ဆက္ႏြယ္ၿပီး ကရင္ျပည္နယ္ထဲမွာ သံသယရွိသူလူအခ်ိဳ႕ကို ဖမ္းဆီးစစ္ေဆးမႈေတြ လုပ္ေနေပမယ့္၊ အဲဒီအထဲမွာ လုပ္ႀကံသူေသနက္သမားက သူ႕ကို ခိုင္းေစတယ္လို႔ ထြက္ခ်က္ေပး ထားတဲ့ ျမင့္ေဆြဆိုသူ ပါ မပါ ဆိုတာကိုေတာ့ အတည္ျပဳခ်က္မေပးႏိုင္ေသးဘူးလို႔ လံုၿခံဳေရး တာ၀န္ရိွသူေတြက ေျပာပါတယ္။ ကြင္းဆက္တရားခံအျဖစ္ သံသယရိွသူေတြကို ေခၚယူေမးျမန္းေနတာျဖစ္တယ္လို႔ ကရင္ျပည္နယ္ ျပည္နယ္ရဲမႈးႀကီးၾကည္လင္းက ဗီြအိုေအကုိ ေျပာပါတယ္။
“ဖမ္းထားတာကေတာ့ မဟုတ္ပါဘူးခင္ဗ်။ ဦးျမင့္ေဆြေတြကေတာ့ အမ်ားႀကီးပဲ ခင္ဗ်၊ စစ္ေတာ့ စစ္ေနတာပဲခင္ဗ် ဦးျမင့္ေဆြေတြကို၊ မသကၤာတဲ့ လူေတြအမ်ားႀကီးပဲခင္ဗ်။ ႀကိဳးစားၿပီးေတာ့ ေဆာင္ရြက္ေနပါတယ္ က်ေနာ္တို႔ေလ အခ်ိန္တန္ရင္ေတာ့ သိပါလိမ့္မယ္ က်ေနာ္တို႔ အဲဒီဟာေတြေတာ့ ေျပာႏိုင္တဲ့ အေျခအေနက်ရင္လည္း က်ေနာ္တို႔ ဌာနခ်ဳပ္ကေနၿပီးေတာ့ တရား၀င္ေျပာမွာပါ။ က်ေနာ္တို႔ကေတာ့ ဒီဟာေတြ ႀကိဳးစားၿပီးေတာ့ အမႈမွန္ျဖစ္ေစေရးအတြက္ အားလံုးတရားခံေတြေရာ မသက္ဆိုင္တဲ့လူေတြ ဘာမွ မျဖစ္ဖို႔ နဲ႔ အမႈမွာပဲ ပါ၀င္ပတ္သက္တဲ့လူေတြပဲ တရားစြဲဖုိ႔ အားလံုး ႀကိဳးပမ္းေဆာင္ရြက္ေနၾက တာေပါ့ေနာ္။”
ရွားရွားပါးပါး လူျမင္ကြင္းမွာ အသတ္ခံလိုက္ ရတဲ့ ဒီျဖစ္ရပ္ကို အစိုးရပိုင္းဘက္က ဖိဖိစည္းစည္းကိုင္တြယ္မႈ အားနည္းေနတယ္လို႔ ယူဆၿပီး ေဝဖန္မႈေတြကလည္း ရိွေနပါတယ္။ ဒီအေပၚမွာ သမၼတရံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကေတာ့ အစိုးရဘက္ကေတာ့ ဒီအေပၚမွာ အေကာင္းဆံုးလုပ္ေဆာင္ ေနလို႔ စိတ္ရွည္စြာေစာင့္ေပးဖို႔ေျပာဆိုလိုက္ပါတယ္။
“က်ေနာ္တို႔ အစိုးရပိုင္းက ေျပာလို႔ရတာက ဒီကိစၥကို အထူးအေလးအနက္ထား ေသေသခ်ာခ်ာကိုင္တြယ္ေဆာင္ရြက္ေနတယ္၊ အထူးေပါ့ေနာ္ အထူးဦးစားေပးအ ေနနဲ႔ေဆာင္ရြက္ေနတယ္၊ ဟုတ္ အဲဒါေျပာလို႔ရပါတယ္။ က်ေနာ္တို႔ ေျပာခ်င္တာကေတာ့ နံပတ္၁ စံုစမ္းစစ္ေဆးစဲျဖစ္တယ္၊ နံပတ္၂ စံုစမ္းမူေတြအားလံုး မၿပီးျပတ္ ေသးပါဘူး။ နံပတ္ ၃ အခ်က္ကေတာ့ အဲလိုမ်ိဳး က်ေနာ္တို႔ အားနည္းတယ္ဆိုတာထက္ အထူးအေလးအနက္ထားၿပီးေတာ့လုပ္ေနတယ္၊ အထူးဦးစားေပးၿပီးေတာ့ လုပ္ေနတယ္၊ ေသေသခ်ာခ်ာကို ကိုင္တြယ္ေဆာင္ရြက္ေနပါတယ္။ က်ေနာ္အဲဒါေျပာလိုပါတယ္။”
လက္ရွိဖမ္းမိထားတဲ့ တရားခံ ၾကည္လင္းထြက္ဆုိခ်က္အရ ရာဇ၀တ္မႈနဲ႔ေထာင္က်ဖူးတဲ့ ျမင့္ေဆြ ဆိုသူက ဦးကိုနီ ရဲ႕ ဓာတ္ပုံကို ျပၿပီး သတ္ေပးမည္ ဆိုပါက ကား ၁ စီး ေပးမည္ဟုဆိုကာ ေျပာဆိုခဲ့ၿပီး လုပ္ႀကံရာမွာ အသံုးျပဳတဲ့ ေသနက္ႏွစ္လက္ကိုလည္း ေပးခဲ့ေၾကာင္းေျပာဆိုထားပါတယ္။ ေနာက္ကြယ္ေစခုိင္းသူျမင္႕ေဆြဆုိသူမွာ မႏၱေလးျမဳိ႕ မဟာျမတ္မုနိ ဘုရားၾကီး ေတာင္ဘက္မုခ္မွာ ပန္းပုေၾကး သြန္းလုပ္ငန္းလုပ္ကုိင္သူခဲ႕သူတစ္ဦးျဖစ္ၿပီး တရားခံထြက္ဆိုခ်က္အရ မဲေဆာက္ျမဳိ႕မွာ အေျခခ်ေနထုိင္ေနထိုင္တယ္ လို႔ ကနဦးသိထားလို႔ ခုလို ကရင္ျပည္နယ္တြင္း ဖမ္းဆီး စစ္ေဆးမႈေတြလုပ္ေနတာပါ။
က်ေနာ္ တင္ျပခဲ႔ေသာ သတင္းကဲ႔သို႔ပင္ ေလဆိပ္ အျပင္ဘက္သို႔ လုိက္ပို႔ခဲ႔သူ ျမင္႔ေဆြအား မွတ္တမ္းရိုက္ကူးႏိုင္ေသာ နညး္ပညာ အားနည္းခ်က္ေၾကာင္႔ ျမင္႔ေဆြေပါင္း ေထာင္ေသာင္းမ်ားစြာ ေဂ်းလ္ထဲတြင္ ယာယီ ေျပာင္းေရြ႔ရရန္သာ ရိွေတာ႔သည္။
ဂိုလ္ရွယ္ေလး
================
Unicode>>>
ကွင်းဆက်တရားခံလို့ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကရင်ပြည်နယ် ပြည်နယ်မှုး ရဲမှုးကြီး ကြည်လင်းက ပြောပါတယ်။
ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်နွယ်ပြီး ကရင်ပြည်နယ်ထဲမှာ သံသယရှိသူလူအချို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေပေမယ့်၊ အဲဒီအထဲမှာ လုပ်ကြံသူသေနက်သမားက သူ့ကို ခိုင်းစေတယ်လို့ ထွက်ချက်ပေး ထားတဲ့ မြင့်ဆွေဆိုသူ ပါ မပါ ဆိုတာကိုတော့ အတည်ပြုချက်မပေးနိုင်သေးဘူးလို့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ကွင်းဆက်တရားခံအဖြစ် သံသယရှိသူတွေကို ခေါ်ယူမေးမြန်းနေတာဖြစ်တယ်လို့ ကရင်ပြည်နယ် ပြည်နယ်ရဲမှုးကြီးကြည်လင်းက ဗွီအိုအေကို ပြောပါတယ်။
“ဖမ်းထားတာကတော့ မဟုတ်ပါဘူးခင်ဗျ။ ဦးမြင့်ဆွေတွေကတော့ အများကြီးပဲ ခင်ဗျ၊ စစ်တော့ စစ်နေတာပဲခင်ဗျ ဦးမြင့်ဆွေတွေကို၊ မသင်္ကာတဲ့ လူတွေအများကြီးပဲခင်ဗျ။ ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ် ကျနော်တို့လေ အချိန်တန်ရင်တော့ သိပါလိမ့်မယ် ကျနော်တို့ အဲဒီဟာတွေတော့ ပြောနိုင်တဲ့ အခြေအနေကျရင်လည်း ကျနော်တို့ ဌာနချုပ်ကနေပြီးတော့ တရားဝင်ပြောမှာပါ။ ကျနော်တို့ကတော့ ဒီဟာတွေ ကြိုးစားပြီးတော့ အမှုမှန်ဖြစ်စေရေးအတွက် အားလုံးတရားခံတွေရော မသက်ဆိုင်တဲ့လူတွေ ဘာမှ မဖြစ်ဖို့ နဲ့ အမှုမှာပဲ ပါဝင်ပတ်သက်တဲ့လူတွေပဲ တရားစွဲဖို့ အားလုံး ကြိုးပမ်းဆောင်ရွက်နေကြ တာပေါ့နော်။”
ရှားရှားပါးပါး လူမြင်ကွင်းမှာ အသတ်ခံလိုက် ရတဲ့ ဒီဖြစ်ရပ်ကို အစိုးရပိုင်းဘက်က ဖိဖိစည်းစည်းကိုင်တွယ်မှု အားနည်းနေတယ်လို့ ယူဆပြီး ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။ ဒီအပေါ်မှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ အစိုးရဘက်ကတော့ ဒီအပေါ်မှာ အကောင်းဆုံးလုပ်ဆောင် နေလို့ စိတ်ရှည်စွာစောင့်ပေးဖို့ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ အစိုးရပိုင်းက ပြောလို့ရတာက ဒီကိစ္စကို အထူးအလေးအနက်ထား သေသေချာချာကိုင်တွယ်ဆောင်ရွက်နေတယ်၊ အထူးပေါ့နော် အထူးဦးစားပေးအ နေနဲ့ဆောင်ရွက်နေတယ်၊ ဟုတ် အဲဒါပြောလို့ရပါတယ်။ ကျနော်တို့ ပြောချင်တာကတော့ နံပတ်၁ စုံစမ်းစစ်ဆေးစဲဖြစ်တယ်၊ နံပတ်၂ စုံစမ်းမူတွေအားလုံး မပြီးပြတ် သေးပါဘူး။ နံပတ် ၃ အချက်ကတော့ အဲလိုမျိုး ကျနော်တို့ အားနည်းတယ်ဆိုတာထက် အထူးအလေးအနက်ထားပြီးတော့လုပ်နေတယ်၊ အထူးဦးစားပေးပြီးတော့ လုပ်နေတယ်၊ သေသေချာချာကို ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ ကျနော်အဲဒါပြောလိုပါတယ်။”
လက်ရှိဖမ်းမိထားတဲ့ တရားခံ ကြည်လင်းထွက်ဆိုချက်အရ ရာဇဝတ်မှုနဲ့ထောင်ကျဖူးတဲ့ မြင့်ဆွေ ဆိုသူက ဦးကိုနီ ရဲ့ ဓာတ်ပုံကို ပြပြီး သတ်ပေးမည် ဆိုပါက ကား ၁ စီး ပေးမည်ဟုဆိုကာ ပြောဆိုခဲ့ပြီး လုပ်ကြံရာမှာ အသုံးပြုတဲ့ သေနက်နှစ်လက်ကိုလည်း ပေးခဲ့ကြောင်းပြောဆိုထားပါတယ်။ နောက်ကွယ်စေခိုင်းသူမြင့်ဆွေဆိုသူမှာ မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး တောင်ဘက်မုခ်မှာ ပန်းပုကြေး သွန်းလုပ်ငန်းလုပ်ကိုင်သူခဲ့သူတစ်ဦးဖြစ်ပြီး တရားခံထွက်ဆိုချက်အရ မဲဆောက်မြို့မှာ အခြေချနေထိုင်နေထိုင်တယ် လို့ ကနဦးသိထားလို့ ခုလို ကရင်ပြည်နယ်တွင်း ဖမ်းဆီး စစ်ဆေးမှုတွေလုပ်နေတာပါ။
ကျနော် တင်ပြခဲ့သော သတင်းကဲ့သို့ပင် လေဆိပ် အပြင်ဘက်သို့ လိုက်ပို့ခဲ့သူ မြင့်ဆွေအား မှတ်တမ်းရိုက်ကူးနိုင်သော နညး်ပညာ အားနည်းချက်ကြောင့် မြင့်ဆွေပေါင်း ထောင်သောင်းများစွာ ဂျေးလ်ထဲတွင် ယာယီ ပြောင်းရွေ့ရရန်သာ ရှိတော့သည်။
ဂိုလ်ရှယ်လေး

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...