Loading...

'' ဗိုလ္ခ်ဳပ္ေအာင္ဆန္း မွန္းမသိဘဲ သူေတာင္းစားအထင္နဲ႕ ဗိုလ္ခ်ဳပ္ကို ထမင္းေကြ်းခဲ႕တဲ႕ အဘိုး ဦးေငြရ ႏွင့္ ေတြ႕ဆံုျခင္း ''

'' ဗိုလ္ခ်ဳပ္ေအာင္ဆန္း မွန္းမသိဘဲ သူေတာင္းစားအထင္နဲ႕ ဗိုလ္ခ်ဳပ္ကို ထမင္းေကြ်းခဲ႕တဲ႕ အဘိုး ဦးေငြရ ႏွင့္ ေတြ႕ဆံုျခင္း ''
13.2.2017

အခ်ိန္ကာလ သည္ ဂ်ပန္ေတာ္လွန္ေရး မတိုင္ခင္ျဖစ္သည္။( ဟသၤာတၿမိဳ႕နယ္ ၊ယံုသလင္း ေက်းရြာအုပ္စု၊ အင္းႀကီးေက်းရြာ) မနက္ေစာေစာ (နံနက္ ၅ နာရီက်ာ္) ေ၀လီေ၀လင္းအဖိုး ဦးေငြရ သည္ မိမိ မိခင္ႀကီး အား ရည္စူး၍ လွဴဒါန္းမည့္ အလွဴတြင္ ပင့္ဖိတ္ထား သည့္ သံဃာေတာ္မ်ား အား ေစာင့္ ဆိုင္းေနစဥ္ အသက္ ၂၀ ေက်ာ္ လူငယ္ႏွစ္ဦး ေရာက္ရွိ လာကာ ထမင္း မစားရသည္မွာ ၂ ရက္ေက်ာ္ေန သည့္ အတြက္ ဗိုက္ဆာ ေနေၾကာင္း ၊ ထမင္းက်န္ ၊ဟင္းက်န္ အနည္း ငယ္ေကြ်းရန္ လာေရာက္ေတာင္းစားခဲ့သည္။ ထိုလူငယ္တို႔သည္ တုိင္းျပည္၏ လြတ္လပ္ေရး ဗိသုကာႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျဖစ္ေနသည္ကိုပင္ အဖိုးဦးေငြရ ကိုယ္တုိင္ပင္ မသိခဲ့ေပ။ ယခု အဖိုးေငြရ သည္ မိမိ ျပဳမႈခဲ့သည့္ အျပဳအမႈအား သားသမီး ေျမးျမစ္မ်ားအား စကားစျမည္ ေျပာျဖစ္သည့္အခါတိုင္း ဂုဏ္ယူ၀င့္ၾကြာစြာ ေျပာေလ့ရွိၿပီး၊လက္ရွိတြင္ အဖိုးေငြရသည္ ဟသၤာတ ၿမိဳ႕နယ္ ၊ ဘုရားႀကီး ရပ္ကြက္၊ ဘုရားႀကီး(၂) လမ္းတြင္ သားသမီးမ်ား ႏွင့္ တရားဘာ၀နာ ပြားမ်ားကာ က်န္းက်န္းမာမာ ေနထိုင္လွ်က္ရွိေၾကာင္းသိရသည္။
.
ေမး။ ။အဖိုး ဗိုလ္ခ်ဳပ္ နဲ႕ စေတြ႕ခဲ့တဲ့ ျဖစ္ရပ္ေလးကို ေျပာျပေပးပါဦး။
ေျဖ။ ။တန္ခူးလေလာက္မွာ ဂ်ပန္ကို ေတာ္လွန္ခါနီး ၇ လေလာက္အလိုမွာ အေမႀကီးက ဆံုးသြားတယ္။ ဂ်ပန္ေခတ္ဆုိေတာ့ ဆြမ္းမသြတ္ လိုက္ရဘူး။အဲ့ဒါနဲ႕ သီးတင္းကြ်တ္လျပည့္ေန႕ အေမႀကီးအတြက္ ေကာင္းမႈကုသိုလ္ေတြ လုပ္ေပးမယ္ဆိုၿပီးေတာ့ အဘတို႔ ရွားခဲ မွာ ဘုန္ႀကီးေက်ာင္း သံုးေက်ာင္းရွိတယ္ အဲ့ဒီ သံုးေက်ာင္းစလံုးက သံဃာေတာ္ေတြကို လိုက္ပင့္ၿပီးေတာ့ မိခင္ႀကီးကို ရည္စူးၿပီး အာရံုဆြမ္း ေလာင္းမယ္ေပ့ါ။အဲ့ဒါနဲ႕ ဆြမ္းေတြ ဘာေတြ ခ်က္ေနတဲ့ ေနရာက အဘတို႕ အိမ္နဲ႔ အလံ ၅၀ ေလာက္ကြာတယ္။ သီတင္းကြ်တ္ လျပည့္ေန႔ မနက္ ၅ နာရီေလာက္ ျပင္ဆင္ၿပီးေတာ့ တာေဘးမွာ ထြက္ၿပီး ဆြမ္းေလာင္းဖို႕ ျပင္ေနတုန္း ပဲ။ က်ံ ဳေပ်ာ္ ဘက္ကေန လူႏွစ္ေယာက္ ေလွ်ာက္လာတယ္။ အဘကလည္း ဆြမ္းေလာင္းဖို႕ တာေဘးက တန္းလ်ားေလးမွာ ထိုင္ေနတာ။ ဆြမ္းေလာင္းဖို႕အတြက္က ၀က္သားဟင္း ခ်က္တယ္။ ငါးၾကင္း ခ်က္တယ္။ ၿပီးေတာ့ ရွားခဲ မွ်င္ငါးပိေတြခ်က္တယ္။ အဲ့ဒါေတြကို ဟင္းအိုးထဲကေနတဆင့္ ဆြမ္းေလာင္းဖို႕အတြက္ ဒယ္အိုးထဲလွယ္ၿပီး တာေဘးမွာ ထားတယ္။ ဟင္းအိုးထဲက က်န္တဲ့အႏွစ္ေတြ နဲ႕ ထမင္းဂ်ိဳးေတြကို နယ္ၿပီး လင္ဗန္းထဲမွာ အဘစားဖို႕ အေဒၚႀကီးက ထားခဲ့တာေပ့ါ။အဲ့ဒါနဲ႔ အဘလည္း ဆြမ္းေလာင္းဖို႕ ေရေႏြေလး ေသာက္ၿပီးေစာင့္ေနတုန္း ေစာေစာက ေလွ်ာက္လာတဲ့ လူႏွစ္ေယာက္က လာေျပာတယ္။ မေန႕ကတည္းက ထမင္းမစားရေသးလို႔၊ အဲ့ဒါ ထမင္းက်န္ ဟင္းက်န္ ေလးေတြရွိရင္ နည္းနည္းေကြ်းပါလို႕ ေျပာတယ္။ အဘကလည္း ငါ သံဃာေတာ္ေတြကို အာရံုဆြမ္းေလာင္းဖို႕လုပ္ေနတုန္း ေစာေစာစီးစီး ဘယ္ကသူေတာင္းစားေတြက ထမင္းလာေတာင္းစားတာလဲေပ့ါ။ အဲ့ဒီလို အဘေျပာတဲ့အခ်ိန္မွာ ေနာက္က တစ္ေယာက္က ကြ်န္ေတာ္တို႕ သူေတာင္းစားေတြ မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႕ ခရီးသြားေတြပါလို႕ေျပာတယ္။ ေရွ႕ လူကေတာ့မေျပာဘူး။အဘလည္း ကိုယ္ခ်င္းစာသြားၿပီး ေစာေစာက အဘ စားမယ့္ လင္ဗန္းထဲက ဟင္းအႏွစ္နဲ႕နယ္ထားတဲ့ ထမင္းဂ်ိဳးေတြ ကို ခ်ေကြ်းလိုက္တယ္။ကဲ ကဲငါစားမယ့္ ဟာေတာ့ရွိတယ္ကြာ က်န္တာက ဆြမ္းေလာင္းဖို႕ ။ဒီမွာ ခံုတန္းလ်ား မွာ လာစားၾကဆိုၿပီး ေကြ်းလိုက္တယ္။
.
ေမး။ ။ ကိုယ္စားမဲ့ ထမင္းကို ဘယ္လိုစိတ္ကူးမ်ိဳးနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ေကြ်းခဲ့တာလဲ။
ေျဖ။ ။ ဘယ္လိုစိတ္ကူးမ်ိဳးနဲ႔ ခ်ေကြ်းတာလဲဆိုေတာ့ သူတို႔က ေျပာတယ္ေလ။ ထမင္းမစားရတာ ၂ ႏွစ္ရက္ေတာင္ရွိၿပီလို႔။ အဘလည္း ထမင္း၆ ရက္ေတာင္ ငတ္္ခဲ့ဖူးတယ္။ ေသမင္းတမန္ရထားလမ္းဆိုတာ ၾကားဖူးလား။ အဲ့ဒီရထားလမ္းေဆာက္ဖုိ႕ ဗမာေတြကို ေခြ်းတပ္အျဖစ္ ေပၚတာဆြဲေတာ့ အဘ တုိ႕ပါသြားတယ္ေလ။ အဲ့ဒီက ရခိုင္လူမ်ိဳးႀကီး ႏွစ္ေယာက္ကို ဂ်ပန္ေငြ ၈ ရာေပးၿပီး အကူအညီေတာင္းၿပီး ထြက္ေျပးတုန္းက ထမင္း ၆ ရက္ေတာင္ ငတ္ခဲ့တာ ဆိုေတာ့ ကိုယ္ခ်င္းစာၿပးီ ေကြ်းလိုက္တာ။ အဘ စားဖို႕ေတာင္ မက်န္ဘူး။
.
ေမး။ ။ ဗိုလ္ခ်ဳပ္တို႕က အဖိုးဆီက ထမင္းတစ္မ်ိဳးပဲ ေတာင္းစားခဲ့တာလား။တစ္ျခား ဘာအကူအညီ ေတာင္းခဲ့ေသးလဲ။
ေျဖ။ ။အဘစားမယ့္ လင္ဗန္း ထဲက ၀က္သားဟင္း အႏွစ္ နဲ႕ နယ္ထားတဲ့ ထမင္းဂ်ိဳးေတြ နဲ႕ ငါးၾကင္းသားဟင္းလည္း ပါပါတယ္။အဲ့ဒါကို ႏွစ္ေယာက္သား စားၾကတာဗ်ာ။ ေခါင္းေတာင္မေဖာ္ဘူး။ ခေမာက္ေတြလည္း မခြ်တ္ဘူး။ေတာ္ေတာ္ဆာေနပံုရတယ္။ ခဏေလးနဲ႕ ထမင္းစားၿပီးသြားတယ္။ ထမင္းေတာင္းစားၿပီးေတာ့ လက္ေဆးဖို႕ ေရမရွိေတာ့ ေရေႏြးနဲ႕ လက္ေဆးတယ္။ လက္သုတ္မရွိလို႕ အစ္မႀကီး ေခါင္းခု လုပ္တဲ့ ပုဆိုးကိုသူတုိ႔ကို ေပးလိုက္တယ္။ ၿပီးေတာ့ သူတို႕ ေရေႏြး တစ္ေယာက္တစ္ခြက္ ္ေသာက္တယ္။ ၿပီးေတာ့ ဘာအကူအညီေတာင္းလဲဆိုေတာ့ ဇလြန္ကိုသြားတဲ့ လမ္းကို အဘ ကိုေမးတယ္။ အဘက ဟသၤာတ သြားမွာ မဟုတ္ဘူးလာလို႕ ေမးေတာ့ မသြားဘူးတဲ့ ။ ဇလြန္သြားမွာတဲ့ ။ ဟသၤာတ ဘယ္သြားမလဲ။ ဂ်ပန္ နီပြန္တပ္ႀကီးက တပ္စြဲထားတယ္ေလ။ အဘက ဒီမွာ ဘုန္းႀကီးေတြကုိ ဆြမ္းလည္း မေလာင္းရေသးေတာ့ လိုက္မျပႏိုင္ဘူး။ ဒါေပမဲ့ လမ္းညြန္ေပးလိုက္တယ္။ မင္းတို႕ ဒီလမ္းအတိုင္း မိနစ္ ၂၀ ေလာက္ ေလွ်ာက္ရင္ ရွားခဲ ကို ေရာက္မယ္။ ရွားခဲ ေစ်းထိပ္မွာ တံတားရွိတယ္။အဲ့ဒီ တံတားဟုိဘက္မွာ အိမ္ေျခာက္အိမ္ေက်ာ္ၿပီးရင္ ဘယ္ဘက္ကို သြားတဲ့လမ္းရွိတယ္။ လွည္းႀကိဳးေကာက္ ဘက္ကေန ဇလြန္ ၿမိဳ႕ကို ျဖတ္တက္တဲ့လမ္း၊ အဲ့ဒီလမ္းကေန သြားရင္ ဇလြန္ေရာက္တယ္လို႕ လမ္းညြန္လိုက္တယ္။ အဘက ဆြမ္းမေလာင္ရေသးေတာ့ လမ္းပဲညြန္လိုက္တယ္။ ဗိုလ္ခ်ဳပ္မွန္းလည္းမသိဘူးေလ။
.
ေမး။ ။အဲ့ဒီတုန္း က ဗိုလ္ခ်ဳပ္တို႕ ၀တ္ခဲ့လာတဲ့ အ၀တ္အစားပံုစံ နဲ႕ ေျပာပံုဆိုပံုေလးေတြ ကို မွတ္မိေသးလား အဖိုး။ မွတ္မိေသးရင္ ေျပာျပေပးပါ။
ေျဖ။ ။ႏွစ္ေယာက္စလံုးက ပင္နီအက်ီ ၤ ႏြမ္းႏြမ္းေလးေတြနဲ႕ ၿပီးေတာ့ ခေမာက္ေတြ ေဆာင္းထားတယ္။ႏွစ္ေယာက္စလံုးမွာ လြယ္အိတ္ေတြပါတယ္။ပုဆိုးေတြကလည္း ခပ္ႏြမ္းႏြမ္းေလးေတြပဲ။ လံုး၀ ေတာ္လွန္ေရးသမားေတြလို႕မထင္ရဘူး။ ဗိုလ္ခ်ဳပ္မွန္း ဆိုတာ ရုပ္လံုး၀မေပၚဖူးေလ။
.
ေမး။ ။ဗိုလ္ခ်ဳပ္ကို အျပင္မွာ အရင္ကေရာ အဖိုး ျမင္ဖူးလား။
ေျဖ။ ။ေတာ္လွန္ေရးကိစၥေတြနဲ႕ ဟသၤာတ ကေန က်ံဳေပ်ာ္ကို တစ္ေခါက္လာဖူးတယ္။ စစ္၀တ္စစ္စားနဲ႕ ကိုယ္ရံေတာ္ ဗိုလ္မွဴ းေတြ နဲ႕ ကားသံုးစီးနဲ႕ က်ံဳေပ်ာ္ကို သြားမလို႕ထင္တယ္။ အဲ့ဒီတုန္းက စစ္၀တ္စစ္စားနဲ႕ဆိုေတာ့ ဗိုလ္ခ်ဳပ္ကို သိတယ္ေလ။
ေမး။ ။အဖိုး က ထမင္းေကြ်းလိုက္ၿပီးေတာ့ ဘယ္အခ်ိန္ေလာက္မွာမွ အဖိုးေကြ်းလိုက္တဲ့ လူက ဗိုလ္ခ်ဳပ္ေအာင္ဆန္းမွန္းသိတာလဲ။
ေျဖ။ ။ဒီလို နဲ႕ ေလး၊ငါးလ ေလာက္ၾကာေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေရႊတိဂံုဘုရား မွာ မိန္႕ခြန္းေျပာေတာ့ အဲ့ဒီကိစၥပါတယ္။ အဲ့ဒါကို ရွားခဲ ရြာက လူေတြ အဖိုးကိုလာေျပာတယ္။အဲ့ဒီေတာ့မွ ငါသူေတာင္းစားလို႕ထင္ၿပီး ထမင္းေကြ်းလိုက္တာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းမွန္းသိတာ။
.
ေမး။ ။အဖိုးစားမယ့္ ထမင္းကို ေကြ်းလိုက္တာ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းမွန္း သိလိုက္တဲ့အခ်ိန္မွာ အဖိုး ဘယ္လိုခံစားရလဲ။
ေျဖ။ ။ခံစားရတာေတာ့ မေျပာနဲ႕ စိတ္မေကာင္းဘူးေပ့ါ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း မွန္းသိရင္ ဆြမ္းေလာင္းမယ့္ ဟင္းေတြ ထမင္းေတြထဲက တစ္၀က္ကို အိမ္ေခၚၿပီး ေကြ်းမွာ။ ဒီလိုလည္းမသိဘူးေလ။ ေအာ္ ငါ ဗိုလ္ခ်ဳပ္မွန္းမသိဘဲ ေျပာလိုက္မိပါလား။ ငါသူေတာင္းစားေလးေတြလို႕ ေျပာလိုက္တာ ဗိုလ္ခ်ဳပ္မွန္းသိေတာ့ တကယ္စိတ္မေကာင္းျဖစ္မိတယ္။ဒါေပမဲ့ ဗိုလ္ခ်ဳပ္မွန္းမသိေပမယ့္ တကယ္သနားၿပီး ေကြ်းခဲ့တာပါ။ ဗိုလ္ခ်ဳပ္မွန္းသိရင္ေတာ့လား အဘေစာေစာကေျပာသလိုပဲ။
.
ေမး။ ။ ဗိုလ္ခ်ဳပ္က မိန္႕ခြန္းထဲမွာ အဖိုး ဆီက ထမင္းေတာင္းစားခဲ့တာနဲ႕ပတ္သတ္ၿပီး ဘယ္လိုေျပာခဲ့လဲ အဖိုး။
ေျဖ။ ။ေတာ္လွန္ေရးကိစၥ နဲ႕ က်ံဳေပ်ာ္ကေနၿပီးေတာ့ ဟသၤာတ ဘက္ကို သြားေတာ့ ရွားခဲ အေရာက္မွာ ဆြမ္းေလာင္းတာေတြ႕ေတာ့ ကြ်န္ေတာ္တို႕ႏွစ္ေယာက္စလံုးက ထမင္းမစားရေသးတာ ၂ ရက္ေတာင္ ရွိေတာ့ ထမင္းက်န္ ဟင္းက်န္ေလးေတြ ရွိရင္ ေကြ်းပါဆိုၿပီး ထမင္း၀င္ ေတာင္းစားေတာ့ အဲ့ဒီ လူငယ္တစ္ေယာက္က သူေတာင္းစားေလးေတြ ေစာေစာစီးစီး ထမင္းလာေတာင္းစားရသလားလို႕ ေျပာလႊတ္ပါတယ္။ ေျပာေပမယ့္ ထမင္းေကြ်းပါတယ္။ အရမ္းဆာေနတဲ့အခ်ိန္မွာ ထမင္းစားရတဲ့အတြက္ အဲ့ဒီလူငယ္ကို အရမ္းေက်းဇူးတင္ပါတယ္လို႕ ဗိုလ္ခ်ဳပ္ရဲ႕ မိန္႕ခြန္းထဲမွာ ပါလာပါတယ္။
.
ေမး။ ။ေနာက္ပိုင္း အဖိုး ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို သြားေတြ႕ဖို႕ ႀကိဳးစားခဲ့ေသးလား။
ေျဖ။ ။သြားမေတြ႕ရဲပါဘူးကြယ္။ သူက တုိင္းျပည္အတြက္ ေန႕မအား ၊ညမအား အလုပ္လုပ္ေနတဲ့ ေခါင္းေဆာင္ႀကီးတစ္ဦးေလ။အဘ က ဗိုလ္ခ်ဳပ္ကို ေတာ္ေတာ္ေလးစားတာပါ။
.
ေမး။ ။ ဗိုလ္ခ်ဳပ္တို႕ လုပ္ႀကံခံရတဲ့ သတင္းၾကားတဲ့အခါမွာ အဖိုး ဘယ္လိုခံစားရလဲ။
ေျဖ။ ။အတိုင္းထက္အလြန္ ရင္ထဲမွာ စိတ္မေကာင္းျဖစ္မိတယ္။ မ်က္ရည္ေတာ့ မက်ပါဘူး။တုိင္းျပည္ လြတ္လပ္ေရး ရခါနီးမွ အခုလို ဗိုလ္ခ်ဳပ္ လုပ္ႀကံခံရတာ ။အသည္းထဲထိနားက်င္ခံစားခဲ့ရတယ္။
.
ေမး။ ။အခုလိုမ်ိဳး ျပည္သူေတြ ခ်စ္ျမတ္ႏိုးရတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္ေမး။ ။ ဗိုလ္ခ်ဳပ္က မိန္႕ခြန္းထဲမွာ အဖိုး ဆီက ထမင္းေတာင္းစားခဲ့တာနဲ႕ပတ္သတ္ၿပီး ဘယ္လိုေျပာခဲ့လဲ အဖိုး။
ေျဖ။ ။၀မ္းသာ တာ မေျပာနဲ႕ေတာ့ ေကာင္ေလးေရ။ မိသားစု စကားစျမည္ေျပာတိုင္း ဗိုလ္ခ်ဳပ္ကို ထမင္းေကြ်းခဲ့ရတဲ့ အေၾကာင္းေလးကိုျပန္ေျပာျပျဖစ္တယ္။ ၿပီးေတာ့ ပီတီျဖစ္မိတယ္။
.
ေမး။ ။အခု က်ေရာက္မဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ရဲ႕ ႏွစ္ ၁၀၁ ႏွစ္ ေမြးေန႕အတြက္ စကားလက္ေဆာင္ေျပာေပးပါဦး။
ေျဖ။ ။ဗိုလ္ခ်ဳပ္က ကမၻာမပ်က္မျခင္း ရွိေနဦးမယ္။ အာဇာနည္ တစ္ဦးပါပဲ။ အဘ တို႕ ျပည္သူေတြရဲ႕ ရင္ထဲမွာ ထာ၀ရ ရွင္သန္ေနတဲ့ လြတ္လပ္ေရး ဗိသုကာႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို အၿမဲ ရိုေသ ေလးစားေနပါတယ္ကြယ္။
ေက်းဇူးအမ်ားႀကီးတင္ပါတယ္အဘိုး။
------------
မင္းရသ ေတြ႕ဆံုေမးျမန္းသည္။
ဒီအင္တာဗ်ဴးအတြက္ အခက္ခဲေတြအမ်ားႀကီး ေက်ာ္ျဖတ္ခဲ႕ရပါတယ္။ ဝိုင္းဝန္ကူညီေပးခဲ႕တဲ႕ ဟသၤာတ ၿမိဳ႕သူၿမိဳ႕သား အားလံုးကို ေက်းဇူအထူးတင္ရွိပါတယ္။
#Credit:: မင္းရသ
by ::MUNA
 Unicode>>>
'' ဗိုလ်ချုပ်အောင်ဆန်း မှန်းမသိဘဲ သူတောင်းစားအထင်နဲ့ ဗိုလ်ချုပ်ကို ထမင်းကျွေးခဲ့တဲ့ အဘိုး ဦးငွေရ နှင့် တွေ့ဆုံခြင်း ''
13.2.2017

အချိန်ကာလ သည် ဂျပန်တော်လှန်ရေး မတိုင်ခင်ဖြစ်သည်။( ဟင်္သာတမြို့နယ် ၊ယုံသလင်း ကျေးရွာအုပ်စု၊ အင်းကြီးကျေးရွာ) မနက်စောစော (နံနက် ၅ နာရီကျာ်) ဝေလီဝေလင်းအဖိုး ဦးငွေရ သည် မိမိ မိခင်ကြီး အား ရည်စူး၍ လှူဒါန်းမည့် အလှူတွင် ပင့်ဖိတ်ထား သည့် သံဃာတော်များ အား စောင့် ဆိုင်းနေစဉ် အသက် ၂၀ ကျော် လူငယ်နှစ်ဦး ရောက်ရှိ လာကာ ထမင်း မစားရသည်မှာ ၂ ရက်ကျော်နေ သည့် အတွက် ဗိုက်ဆာ နေကြောင်း ၊ ထမင်းကျန် ၊ဟင်းကျန် အနည်း ငယ်ကျွေးရန် လာရောက်တောင်းစားခဲ့သည်။ ထိုလူငယ်တို့သည် တိုင်းပြည်၏ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေသည်ကိုပင် အဖိုးဦးငွေရ ကိုယ်တိုင်ပင် မသိခဲ့ပေ။ ယခု အဖိုးငွေရ သည် မိမိ ပြုမှုခဲ့သည့် အပြုအမှုအား သားသမီး မြေးမြစ်များအား စကားစမြည် ပြောဖြစ်သည့်အခါတိုင်း ဂုဏ်ယူဝင့်ကြွာစွာ ပြောလေ့ရှိပြီး၊လက်ရှိတွင် အဖိုးငွေရသည် ဟင်္သာတ မြို့နယ် ၊ ဘုရားကြီး ရပ်ကွက်၊ ဘုရားကြီး(၂) လမ်းတွင် သားသမီးများ နှင့် တရားဘာဝနာ ပွားများကာ ကျန်းကျန်းမာမာ နေထိုင်လျှက်ရှိကြောင်းသိရသည်။
.
မေး။ ။အဖိုး ဗိုလ်ချုပ် နဲ့ စတွေ့ခဲ့တဲ့ ဖြစ်ရပ်လေးကို ပြောပြပေးပါဦး။
ဖြေ။ ။တန်ခူးလလောက်မှာ ဂျပန်ကို တော်လှန်ခါနီး ၇ လလောက်အလိုမှာ အမေကြီးက ဆုံးသွားတယ်။ ဂျပန်ခေတ်ဆိုတော့ ဆွမ်းမသွတ် လိုက်ရဘူး။အဲ့ဒါနဲ့ သီးတင်းကျွတ်လပြည့်နေ့ အမေကြီးအတွက် ကောင်းမှုကုသိုလ်တွေ လုပ်ပေးမယ်ဆိုပြီးတော့ အဘတို့ ရှားခဲ မှာ ဘုန်ကြီးကျောင်း သုံးကျောင်းရှိတယ် အဲ့ဒီ သုံးကျောင်းစလုံးက သံဃာတော်တွေကို လိုက်ပင့်ပြီးတော့ မိခင်ကြီးကို ရည်စူးပြီး အာရုံဆွမ်း လောင်းမယ်ပေ့ါ။အဲ့ဒါနဲ့ ဆွမ်းတွေ ဘာတွေ ချက်နေတဲ့ နေရာက အဘတို့ အိမ်နဲ့ အလံ ၅၀ လောက်ကွာတယ်။ သီတင်းကျွတ် လပြည့်နေ့ မနက် ၅ နာရီလောက် ပြင်ဆင်ပြီးတော့ တာဘေးမှာ ထွက်ပြီး ဆွမ်းလောင်းဖို့ ပြင်နေတုန်း ပဲ။ ကျံ ုပျော် ဘက်ကနေ လူနှစ်ယောက် လျှောက်လာတယ်။ အဘကလည်း ဆွမ်းလောင်းဖို့ တာဘေးက တန်းလျားလေးမှာ ထိုင်နေတာ။ ဆွမ်းလောင်းဖို့အတွက်က ဝက်သားဟင်း ချက်တယ်။ ငါးကြင်း ချက်တယ်။ ပြီးတော့ ရှားခဲ မျှင်ငါးပိတွေချက်တယ်။ အဲ့ဒါတွေကို ဟင်းအိုးထဲကနေတဆင့် ဆွမ်းလောင်းဖို့အတွက် ဒယ်အိုးထဲလှယ်ပြီး တာဘေးမှာ ထားတယ်။ ဟင်းအိုးထဲက ကျန်တဲ့အနှစ်တွေ နဲ့ ထမင်းဂျိုးတွေကို နယ်ပြီး လင်ဗန်းထဲမှာ အဘစားဖို့ အဒေါ်ကြီးက ထားခဲ့တာပေ့ါ။အဲ့ဒါနဲ့ အဘလည်း ဆွမ်းလောင်းဖို့ ရေနွေလေး သောက်ပြီးစောင့်နေတုန်း စောစောက လျှောက်လာတဲ့ လူနှစ်ယောက်က လာပြောတယ်။ မနေ့ကတည်းက ထမင်းမစားရသေးလို့၊ အဲ့ဒါ ထမင်းကျန် ဟင်းကျန် လေးတွေရှိရင် နည်းနည်းကျွေးပါလို့ ပြောတယ်။ အဘကလည်း ငါ သံဃာတော်တွေကို အာရုံဆွမ်းလောင်းဖို့လုပ်နေတုန်း စောစောစီးစီး ဘယ်ကသူတောင်းစားတွေက ထမင်းလာတောင်းစားတာလဲပေ့ါ။ အဲ့ဒီလို အဘပြောတဲ့အချိန်မှာ နောက်က တစ်ယောက်က ကျွန်တော်တို့ သူတောင်းစားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခရီးသွားတွေပါလို့ပြောတယ်။ ရှေ့ လူကတော့မပြောဘူး။အဘလည်း ကိုယ်ချင်းစာသွားပြီး စောစောက အဘ စားမယ့် လင်ဗန်းထဲက ဟင်းအနှစ်နဲ့နယ်ထားတဲ့ ထမင်းဂျိုးတွေ ကို ချကျွေးလိုက်တယ်။ကဲ ကဲငါစားမယ့် ဟာတော့ရှိတယ်ကွာ ကျန်တာက ဆွမ်းလောင်းဖို့ ။ဒီမှာ ခုံတန်းလျား မှာ လာစားကြဆိုပြီး ကျွေးလိုက်တယ်။
.
မေး။ ။ ကိုယ်စားမဲ့ ထမင်းကို ဘယ်လိုစိတ်ကူးမျိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကျွေးခဲ့တာလဲ။
ဖြေ။ ။ ဘယ်လိုစိတ်ကူးမျိုးနဲ့ ချကျွေးတာလဲဆိုတော့ သူတို့က ပြောတယ်လေ။ ထမင်းမစားရတာ ၂ နှစ်ရက်တောင်ရှိပြီလို့။ အဘလည်း ထမင်း၆ ရက်တောင် ငတ််ခဲ့ဖူးတယ်။ သေမင်းတမန်ရထားလမ်းဆိုတာ ကြားဖူးလား။ အဲ့ဒီရထားလမ်းဆောက်ဖို့ ဗမာတွေကို ချွေးတပ်အဖြစ် ပေါ်တာဆွဲတော့ အဘ တို့ပါသွားတယ်လေ။ အဲ့ဒီက ရခိုင်လူမျိုးကြီး နှစ်ယောက်ကို ဂျပန်ငွေ ၈ ရာပေးပြီး အကူအညီတောင်းပြီး ထွက်ပြေးတုန်းက ထမင်း ၆ ရက်တောင် ငတ်ခဲ့တာ ဆိုတော့ ကိုယ်ချင်းစာပြီး ကျွေးလိုက်တာ။ အဘ စားဖို့တောင် မကျန်ဘူး။
.
မေး။ ။ ဗိုလ်ချုပ်တို့က အဖိုးဆီက ထမင်းတစ်မျိုးပဲ တောင်းစားခဲ့တာလား။တစ်ခြား ဘာအကူအညီ တောင်းခဲ့သေးလဲ။
ဖြေ။ ။အဘစားမယ့် လင်ဗန်း ထဲက ဝက်သားဟင်း အနှစ် နဲ့ နယ်ထားတဲ့ ထမင်းဂျိုးတွေ နဲ့ ငါးကြင်းသားဟင်းလည်း ပါပါတယ်။အဲ့ဒါကို နှစ်ယောက်သား စားကြတာဗျာ။ ခေါင်းတောင်မဖော်ဘူး။ ခမောက်တွေလည်း မချွတ်ဘူး။တော်တော်ဆာနေပုံရတယ်။ ခဏလေးနဲ့ ထမင်းစားပြီးသွားတယ်။ ထမင်းတောင်းစားပြီးတော့ လက်ဆေးဖို့ ရေမရှိတော့ ရေနွေးနဲ့ လက်ဆေးတယ်။ လက်သုတ်မရှိလို့ အစ်မကြီး ခေါင်းခု လုပ်တဲ့ ပုဆိုးကိုသူတို့ကို ပေးလိုက်တယ်။ ပြီးတော့ သူတို့ ရေနွေး တစ်ယောက်တစ်ခွက် ်သောက်တယ်။ ပြီးတော့ ဘာအကူအညီတောင်းလဲဆိုတော့ ဇလွန်ကိုသွားတဲ့ လမ်းကို အဘ ကိုမေးတယ်။ အဘက ဟင်္သာတ သွားမှာ မဟုတ်ဘူးလာလို့ မေးတော့ မသွားဘူးတဲ့ ။ ဇလွန်သွားမှာတဲ့ ။ ဟင်္သာတ ဘယ်သွားမလဲ။ ဂျပန် နီပွန်တပ်ကြီးက တပ်စွဲထားတယ်လေ။ အဘက ဒီမှာ ဘုန်းကြီးတွေကို ဆွမ်းလည်း မလောင်းရသေးတော့ လိုက်မပြနိုင်ဘူး။ ဒါပေမဲ့ လမ်းညွန်ပေးလိုက်တယ်။ မင်းတို့ ဒီလမ်းအတိုင်း မိနစ် ၂၀ လောက် လျှောက်ရင် ရှားခဲ ကို ရောက်မယ်။ ရှားခဲ စျေးထိပ်မှာ တံတားရှိတယ်။အဲ့ဒီ တံတားဟိုဘက်မှာ အိမ်ခြောက်အိမ်ကျော်ပြီးရင် ဘယ်ဘက်ကို သွားတဲ့လမ်းရှိတယ်။ လှည်းကြိုးကောက် ဘက်ကနေ ဇလွန် မြို့ကို ဖြတ်တက်တဲ့လမ်း၊ အဲ့ဒီလမ်းကနေ သွားရင် ဇလွန်ရောက်တယ်လို့ လမ်းညွန်လိုက်တယ်။ အဘက ဆွမ်းမလောင်ရသေးတော့ လမ်းပဲညွန်လိုက်တယ်။ ဗိုလ်ချုပ်မှန်းလည်းမသိဘူးလေ။
.
မေး။ ။အဲ့ဒီတုန်း က ဗိုလ်ချုပ်တို့ ဝတ်ခဲ့လာတဲ့ အဝတ်အစားပုံစံ နဲ့ ပြောပုံဆိုပုံလေးတွေ ကို မှတ်မိသေးလား အဖိုး။ မှတ်မိသေးရင် ပြောပြပေးပါ။
ဖြေ။ ။နှစ်ယောက်စလုံးက ပင်နီအကျီ င်္ နွမ်းနွမ်းလေးတွေနဲ့ ပြီးတော့ ခမောက်တွေ ဆောင်းထားတယ်။နှစ်ယောက်စလုံးမှာ လွယ်အိတ်တွေပါတယ်။ပုဆိုးတွေကလည်း ခပ်နွမ်းနွမ်းလေးတွေပဲ။ လုံးဝ တော်လှန်ရေးသမားတွေလို့မထင်ရဘူး။ ဗိုလ်ချုပ်မှန်း ဆိုတာ ရုပ်လုံးဝမပေါ်ဖူးလေ။
.
မေး။ ။ဗိုလ်ချုပ်ကို အပြင်မှာ အရင်ကရော အဖိုး မြင်ဖူးလား။
ဖြေ။ ။တော်လှန်ရေးကိစ္စတွေနဲ့ ဟင်္သာတ ကနေ ကျုံပျော်ကို တစ်ခေါက်လာဖူးတယ်။ စစ်ဝတ်စစ်စားနဲ့ ကိုယ်ရံတော် ဗိုလ်မှူ းတွေ နဲ့ ကားသုံးစီးနဲ့ ကျုံပျော်ကို သွားမလို့ထင်တယ်။ အဲ့ဒီတုန်းက စစ်ဝတ်စစ်စားနဲ့ဆိုတော့ ဗိုလ်ချုပ်ကို သိတယ်လေ။
မေး။ ။အဖိုး က ထမင်းကျွေးလိုက်ပြီးတော့ ဘယ်အချိန်လောက်မှာမှ အဖိုးကျွေးလိုက်တဲ့ လူက ဗိုလ်ချုပ်အောင်ဆန်းမှန်းသိတာလဲ။
ဖြေ။ ။ဒီလို နဲ့ လေး၊ငါးလ လောက်ကြာတော့ ဗိုလ်ချုပ်အောင်ဆန်းက ရွှေတိဂုံဘုရား မှာ မိန့်ခွန်းပြောတော့ အဲ့ဒီကိစ္စပါတယ်။ အဲ့ဒါကို ရှားခဲ ရွာက လူတွေ အဖိုးကိုလာပြောတယ်။အဲ့ဒီတော့မှ ငါသူတောင်းစားလို့ထင်ပြီး ထမင်းကျွေးလိုက်တာ ဗိုလ်ချုပ်အောင်ဆန်းမှန်းသိတာ။
.
မေး။ ။အဖိုးစားမယ့် ထမင်းကို ကျွေးလိုက်တာ ဗိုလ်ချုပ် အောင်ဆန်းမှန်း သိလိုက်တဲ့အချိန်မှာ အဖိုး ဘယ်လိုခံစားရလဲ။
ဖြေ။ ။ခံစားရတာတော့ မပြောနဲ့ စိတ်မကောင်းဘူးပေ့ါ။ ဗိုလ်ချုပ်အောင်ဆန်း မှန်းသိရင် ဆွမ်းလောင်းမယ့် ဟင်းတွေ ထမင်းတွေထဲက တစ်ဝက်ကို အိမ်ခေါ်ပြီး ကျွေးမှာ။ ဒီလိုလည်းမသိဘူးလေ။ အော် ငါ ဗိုလ်ချုပ်မှန်းမသိဘဲ ပြောလိုက်မိပါလား။ ငါသူတောင်းစားလေးတွေလို့ ပြောလိုက်တာ ဗိုလ်ချုပ်မှန်းသိတော့ တကယ်စိတ်မကောင်းဖြစ်မိတယ်။ဒါပေမဲ့ ဗိုလ်ချုပ်မှန်းမသိပေမယ့် တကယ်သနားပြီး ကျွေးခဲ့တာပါ။ ဗိုလ်ချုပ်မှန်းသိရင်တော့လား အဘစောစောကပြောသလိုပဲ။
.
မေး။ ။ ဗိုလ်ချုပ်က မိန့်ခွန်းထဲမှာ အဖိုး ဆီက ထမင်းတောင်းစားခဲ့တာနဲ့ပတ်သတ်ပြီး ဘယ်လိုပြောခဲ့လဲ အဖိုး။
ဖြေ။ ။တော်လှန်ရေးကိစ္စ နဲ့ ကျုံပျော်ကနေပြီးတော့ ဟင်္သာတ ဘက်ကို သွားတော့ ရှားခဲ အရောက်မှာ ဆွမ်းလောင်းတာတွေ့တော့ ကျွန်တော်တို့နှစ်ယောက်စလုံးက ထမင်းမစားရသေးတာ ၂ ရက်တောင် ရှိတော့ ထမင်းကျန် ဟင်းကျန်လေးတွေ ရှိရင် ကျွေးပါဆိုပြီး ထမင်းဝင် တောင်းစားတော့ အဲ့ဒီ လူငယ်တစ်ယောက်က သူတောင်းစားလေးတွေ စောစောစီးစီး ထမင်းလာတောင်းစားရသလားလို့ ပြောလွှတ်ပါတယ်။ ပြောပေမယ့် ထမင်းကျွေးပါတယ်။ အရမ်းဆာနေတဲ့အချိန်မှာ ထမင်းစားရတဲ့အတွက် အဲ့ဒီလူငယ်ကို အရမ်းကျေးဇူးတင်ပါတယ်လို့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းထဲမှာ ပါလာပါတယ်။
.
မေး။ ။နောက်ပိုင်း အဖိုး ဗိုလ်ချုပ်အောင်ဆန်းကို သွားတွေ့ဖို့ ကြိုးစားခဲ့သေးလား။
ဖြေ။ ။သွားမတွေ့ရဲပါဘူးကွယ်။ သူက တိုင်းပြည်အတွက် နေ့မအား ၊ညမအား အလုပ်လုပ်နေတဲ့ ခေါင်းဆောင်ကြီးတစ်ဦးလေ။အဘ က ဗိုလ်ချုပ်ကို တော်တော်လေးစားတာပါ။
.
မေး။ ။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ သတင်းကြားတဲ့အခါမှာ အဖိုး ဘယ်လိုခံစားရလဲ။
ဖြေ။ ။အတိုင်းထက်အလွန် ရင်ထဲမှာ စိတ်မကောင်းဖြစ်မိတယ်။ မျက်ရည်တော့ မကျပါဘူး။တိုင်းပြည် လွတ်လပ်ရေး ရခါနီးမှ အခုလို ဗိုလ်ချုပ် လုပ်ကြံခံရတာ ။အသည်းထဲထိနားကျင်ခံစားခဲ့ရတယ်။
.
မေး။ ။အခုလိုမျိုး ပြည်သူတွေ ချစ်မြတ်နိုးရတဲ့ ဗိုလ်ချုပ်အောင်ဆန်မေး။ ။ ဗိုလ်ချုပ်က မိန့်ခွန်းထဲမှာ အဖိုး ဆီက ထမင်းတောင်းစားခဲ့တာနဲ့ပတ်သတ်ပြီး ဘယ်လိုပြောခဲ့လဲ အဖိုး။
ဖြေ။ ။ဝမ်းသာ တာ မပြောနဲ့တော့ ကောင်လေးရေ။ မိသားစု စကားစမြည်ပြောတိုင်း ဗိုလ်ချုပ်ကို ထမင်းကျွေးခဲ့ရတဲ့ အကြောင်းလေးကိုပြန်ပြောပြဖြစ်တယ်။ ပြီးတော့ ပီတီဖြစ်မိတယ်။
.
မေး။ ။အခု ကျရောက်မဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ နှစ် ၁၀၁ နှစ် မွေးနေ့အတွက် စကားလက်ဆောင်ပြောပေးပါဦး။
ဖြေ။ ။ဗိုလ်ချုပ်က ကမ္ဘာမပျက်မခြင်း ရှိနေဦးမယ်။ အာဇာနည် တစ်ဦးပါပဲ။ အဘ တို့ ပြည်သူတွေရဲ့ ရင်ထဲမှာ ထာဝရ ရှင်သန်နေတဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို အမြဲ ရိုသေ လေးစားနေပါတယ်ကွယ်။
ကျေးဇူးအများကြီးတင်ပါတယ်အဘိုး။
------------
မင်းရသ တွေ့ဆုံမေးမြန်းသည်။
ဒီအင်တာဗျူးအတွက် အခက်ခဲတွေအများကြီး ကျော်ဖြတ်ခဲ့ရပါတယ်။ ဝိုင်းဝန်ကူညီပေးခဲ့တဲ့ ဟင်္သာတ မြို့သူမြို့သား အားလုံးကို ကျေးဇူအထူးတင်ရှိပါတယ်။
#Credit:: မင်းရသ
by ::MUNA


Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...