ေက်ာက္ေတာ္ မဟာမုနိ႐ုပ္ပြားေတာ္၏ စလြယ္ေတာ္ကို ျဖဳတ္ခ်

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ မဟာမုနိ႐ုပ္ပြားေတာ္တြင္ တပ္မေတာ္အစိုးရ လက္ထက္က ကပ္လွဴခဲ့သည့္ စလြယ္ေတာ္ကို ယေန႔ (ေဖေဖာ္ဝါရီလ ၅ ရက္ေန႔) ညေနပိုင္းတြင္ ျဖဳတ္ခ်ခဲ့ေၾကာင္း ဦးေဆာင္သူတစ္ဦး ျဖစ္သည့္ ေက်ာက္ေတာ္ၿမိဳ႕မွ ကိုေဇာ္ဝင္းက ေျပာၾကားသည္။
ယေန႔ (ေဖေဖာ္ဝါရီလ ၅ ရက္ေန႔) ေနလည္ပိုင္းက ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ပုဏၰားကြၽန္း၊ စစ္ေတြၿမိဳ႕မ်ားမွ ရဟန္း႐ွင္လူ တစ္ေသာင္းခန္႔သည္ မဟာမုနိေက်းရြာမွ မဟာမုနိဘုရားသို႔ လမ္းေလွ်ာက္ၿပီး စလြြြယ္ေတာ္ ျဖဳတ္ခ်ေပးရန္ ဆႏၵထုတ္ေဖာ္ ခဲ့ၾကေၾကာင္း၊ ဆႏၵေဖာ္ထုတ္၍ ၿပီးဆံုးခ်ိန္တြင္ ျပည္သူမ်ားမွ ဘုရားရင္ျပင္ေတာ္တြင္ ထပ္မံစုေဝးခဲ့ၾကၿပီး စစ္အစိုးလက္ထက္ ကပ္လႈခဲ့သည့္ စလြယ္ေတာ္ႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ခ်က္ခ်င္းျဖဳတ္ေပးေရးအတြက္ ေတာင္းဆိုခဲ့ၾကၿပီး သက္ဆိုင္ရာႏွင့္ ေဆြးေႏြးခဲၾကေၾကာင္း ဘုရားလံုၿခံဳေရး တာဝန္႐ွိသူတစ္ဦးက ဆိုသည္။
ၿမိဳ႕နယ္ၾသဝါဒစရိယ ဆရာေတာ္ႀကီးမ်ား၊ သက္ဆိုင္ရာ တာဝန္႐ွိသူမ်ား ႏွင့္ ျပည္သူလူထုမ်ား ညႇိႏိႈင္းခဲ့ၾကၿပီး ေ႐ွးမူလက္ရာ အတိုင္း ၾကည္ညိဳႏိုင္ရန္အတြက္ စလြယ္ေတာ္ကို ျဖဳတ္ခ်စြန္႔ပယ္ၿပီး၊ စလြယ္ေတာ္ကို ေဂါပကအဖြဲ႔ထံ စနစ္တက် ထိန္းသိမ္းႏိုင္ရန္ အပ္ႏွံခဲ့ေၾကာင္း ကိုေဇာ္ဝင္းက ေျပာၾကားသည္။
ဆႏၵေဖာ္ထုတ္သည့္ ျပည္သူမ်ားမွ စလြယ္ေတာ္အား စြန္ပယ္ ေပးေရး၊ ေဂါပကအသစ္ ျပန္လည္ဖြဲ႔စည္းေပးေရး၊ အလႈရ႐ွိေငြမ်ား ျပည္သူစာရင္းစစ္အဖြဲ႔အား စစ္ေဆးခြင့္ျပဳေရး အပါအဝင္ ေတာင္းဆိုခ်က္မ်ားကို ေတာင္းဆိုခဲ့ၾကၿပီး ေဂါပက အသစ္ျပန္လည္ ဖြဲ႔စည္းေရး အတြက္ ျပည္နယ္အစိုးရထံသို႔ တင္ျပေတာင္းဆို သြားမည္ ျဖစ္ေၾကာင္း ေက်ာက္ေတာ္ေဒသခံမ်ားထံမွ သိရသည္။
.
ဓာတ္ပံု - ကိုေဇာ္ဝင္း
Credit - The Voice
=============

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မဟာမုနိရုပ်ပွားတော်တွင် တပ်မတော်အစိုးရ လက်ထက်က ကပ်လှူခဲ့သည့် စလွယ်တော်ကို ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်နေ့) ညနေပိုင်းတွင် ဖြုတ်ချခဲ့ကြောင်း ဦးဆောင်သူတစ်ဦး ဖြစ်သည့် ကျောက်တော်မြို့မှ ကိုဇော်ဝင်းက ပြောကြားသည်။
ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်နေ့) နေလည်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့များမှ ရဟန်းရှင်လူ တစ်သောင်းခန့်သည် မဟာမုနိကျေးရွာမှ မဟာမုနိဘုရားသို့ လမ်းလျှောက်ပြီး စလွွွယ်တော် ဖြုတ်ချပေးရန် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း၊ ဆန္ဒဖော်ထုတ်၍ ပြီးဆုံးချိန်တွင် ပြည်သူများမှ ဘုရားရင်ပြင်တော်တွင် ထပ်မံစုဝေးခဲ့ကြပြီး စစ်အစိုးလက်ထက် ကပ်လှုခဲ့သည့် စလွယ်တော်နှင့် ဆက်စပ်ပစ္စည်းများကို ချက်ချင်းဖြုတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြပြီး သက်ဆိုင်ရာနှင့် ဆွေးနွေးခဲကြကြောင်း ဘုရားလုံခြုံရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြို့နယ်သြဝါဒစရိယ ဆရာတော်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ပြည်သူလူထုများ ညှိနှိုင်းခဲ့ကြပြီး ရှေးမူလက်ရာ အတိုင်း ကြည်ညိုနိုင်ရန်အတွက် စလွယ်တော်ကို ဖြုတ်ချစွန့်ပယ်ပြီး၊ စလွယ်တော်ကို ဂေါပကအဖွဲ့ထံ စနစ်တကျ ထိန်းသိမ်းနိုင်ရန် အပ်နှံခဲ့ကြောင်း ကိုဇော်ဝင်းက ပြောကြားသည်။
ဆန္ဒဖော်ထုတ်သည့် ပြည်သူများမှ စလွယ်တော်အား စွန်ပယ် ပေးရေး၊ ဂေါပကအသစ် ပြန်လည်ဖွဲ့စည်းပေးရေး၊ အလှုရရှိငွေများ ပြည်သူစာရင်းစစ်အဖွဲ့အား စစ်ဆေးခွင့်ပြုရေး အပါအဝင် တောင်းဆိုချက်များကို တောင်းဆိုခဲ့ကြပြီး ဂေါပက အသစ်ပြန်လည် ဖွဲ့စည်းရေး အတွက် ပြည်နယ်အစိုးရထံသို့ တင်ပြတောင်းဆို သွားမည် ဖြစ်ကြောင်း ကျောက်တော်ဒေသခံများထံမှ သိရသည်။
.
ဓာတ်ပုံ - ကိုဇော်ဝင်း
Credit - The Voice

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...