======

ကိုယ္၀ယ္လိုက္မိတဲ့ အရာေတြကို ျပန္ၾကည့္လိုက္မိေတာ့ ေတာက္ရွက္ကြဲတာနည္းေတာင္နည္းေသးတယ္...

ဗယ္လင္တိုင္းေဒးဆိုလို႔ စကၤာပူမွာေနတုန္းက အျဖစ္အပ်က္ကေလးတစ္ခုကို သြားသတိရမိတယ္။

အဲ့ဒီတုန္းက ဒီကေန႔မွာ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔ ဆိုရင္ မွတ္မွတ္ရရ မေန႔ကလိုေန႔မွာ လက္ေမာင္း တက္တူးသြားထိုး ျဖစ္ခဲ့တယ္ေလ။

ပထမဆံုး ထိုးတာဆိုေတာ့ တစ္ညလံုး လက္ေမာင္းက ကိုက္လိုက္တာဗ်ာ။ မနက္အထိကို တက္တူးအနာေၾကာင့္ လက္က စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ေနတယ္။

အဲ့ဒါနဲ႔ တစ္ခန္းထဲ အတူေနတဲ့ အစ္ကိုက အၾကံေပးတယ္။ ဗက္ဆယ္လင္း ေခ်ာဆီ လိမ္းလိုက္ရင္ တက္တူး အနာ သက္သာ တယ္တဲ့။

ဟာ.. ဟုတ္လားေပါ့။ ေပ်ာ္သြားတယ္။ အဲ့ဒါနဲ႔ လမ္းထိပ္က Fair Price မွာ ေဆးဘူး သြားဝယ္ဖို႔ လုပ္တယ္။

ကိုယ္ေတြ ေနတဲ့တိုက္က Bedok ဟိုးအထဲမွာ ဆိုေတာ့ လမ္းထိပ္ တစ္ခါတစ္ခါ ထြက္ရင္ အေဝးႀကီး သြားရတာမ်ိဳးဗ်။ ဒီေတာ့လည္း အတူေနတဲ့ လူေတြ ကို ဘာမွာဦးမလဲ တစ္ခါထဲမွာဖို႔ ေျပာတာေပါ့။

အစ္ကို တစ္ေယာက္က သူဆံပင္ေဆးဆိုးဖို႔ ေဆးဘူးဝယ္လာတာ လက္အိတ္ ဝယ္ဖို႔ ေမ့ခဲ့လို႔တဲ့။ အဲ့ဒါ လက္အိတ္ တစ္ခု မွာတယ္။

ေနာက္ ဟင္းခ်က္ တာဝန္ယူထားတဲ့ တစ္ေယာက္က က်ေတာ့ တို႔စရာ ကုန္ေနလို႔ တစ္ခုခု ၾကည့္ဝယ္ခဲ့ဖို႔ မွာတယ္။

အဲ့ဒါနဲ႔ Fair Price ေရာက္ေရာ။ ဟိုက်ေတာ့ ဗက္ဆယ္လင္း တစ္ဘူး ယူ၊ Latex လက္အိတ္ တစ္ခုယူၿပီး ေနာက္ဆံုး အသီးအရြက္ တန္းဘက္ ထြက္လာခဲ့တယ္။
ေျပာရဦးမယ္။ ကိုယ္ေတြက ငယ္ငယ္ကထဲက သခြားသီးဆို သိပ္ႀကိဳက္တာ။ ခုထိလည္း ႀကိဳက္တုန္းပဲ။ အာ့နဲ႔ အသီးအရြက္ တန္း ေရာက္ေတာ့ မ်က္လံုးထဲ ပထမဆံုး ဝင္လာတာ သခြားသီးပဲ။ ဒါပဲ ေျပးျမင္မိေတာ့ ဟုတ္ၿပီ! သခြားသီးပဲ ဝယ္မယ္! လို႔ ဆံုးျဖတ္လိုက္တယ္။

အဲ့ေတာ့ သခြားသီး တစ္လံုး ေကာက္ယူၿပီး ပိုက္ဆံရွင္းဖို႔ ေကာင္တာဘက္ ထြက္လာခဲ့လိုက္တယ္။ ေငြရွင္းေကာင္တာ ေရွ႕ေရာက္ေတာ့ ေကာင္တာ ဝန္ထမ္းဆီက “ဟမ္” ဆိုတဲ့ အသံ မက်ယ္တက်ယ္ ထြက္လာတယ္။

ကိုယ္လည္း ဘာမ်ားျဖစ္လို႔လဲလို႔ သူ႔ေမာ့ၾကည့္ေတာ့ ခ်က္ခ်င္း ရယ္ခ်င္တဲ့ မ်က္ႏွာကို ထိန္းလိုက္တယ္ဗ်။ ျမင္တယ္! ကိုယ္ေတြကလည္း အာ့မ်ိဳးဆို သြက္သလား မေမးနဲ႔။ ကိုယ့္ကို ေျပာင္တာေလွာင္တာဆို သိပ္ဖမ္းတတ္တာ။

ဘာမ်ားျဖစ္လို႔လဲလို႔ ေမးေတာ့ “nothing nothing” တဲ့။ ခပ္ျပံဳးျပံဳးနဲ႔။ သူကသာ nothing လုပ္ေနတယ္။ သူ႔အသံ ၾကားလို႔ ေဘးက ဝိုင္းၾကည့္တဲ့လူေတြေတာင္ မသိမသာ ျပံဳးကုန္ၾကၿပီ။ (တကယ့္ကို မသိမသာဗ်ာ။ လိုက္ၾကည့္တဲ့မ်က္ႏွာတိုင္း ဟိုလႊဲ ဒီလႊဲနဲ႔…!)

အာ့နဲ႔ ကိုယ့္ပံုက ရယ္စရာမ်ား ျဖစ္ေနလို႔လားလို႔ မလံုမလဲနဲ႔ ျပန္ၾကည့္မိတယ္။ ကိုယ့္ကိုယ္ကို ၾကည့္လိုက္ သူတို႔ ရယ္ခ်င္ပံုၾကည့္လိုက္ ေတြးလိုက္နဲ႔.. ေနာက္ဆံုး “ဟာ… သြားၿပီေပါ့!”

အဓိပၸာယ္ေပၚလာတဲ့အခ်ိန္မွာ ကိုယ့္ မ်က္ႏွာက ဇီးေစ့ေလာက္ပဲ ရွိေတာ့တယ္။ ရွက္ရွက္နဲ႔… ေငြျမန္ျမန္ ရွင္းၿပီး ခပ္သုတ္သုတ္ ျပန္ေျပးလာခဲ့ရတယ္ဗ်ာ။

သူတို႔ကေတာ့ ဘယ္လိုထင္လို႔ ျပံဳးတယ္မသိ။
အဲ့ဒီတုန္းက လက္ေမာင္း နာေနေတာ့ စြပ္က်ယ္ ဝတ္လာတယ္။ ၿပီးေတာ့ စြပ္က်ယ္က နည္းနည္း က်ပ္ခ်င္ခ်င္ရယ္။

ဗယ္လင္တိုင္းေဒးမွာ… တစ္ေယာက္ထဲ ေစ်းလာဝယ္တယ္။ ေကာင္တာမွာ ယူဖို႔ တင္ထားတာက ရာဘာလက္အိတ္ရယ္၊ သခြားသီးရယ္…. ေခ်ာဆီရယ္… ေရွ႕မွာ လက္ေမာင္း နာလို႔ လိမ္ေကာက္ေနတဲ့ ကိုယ္ရယ္…။

ကဲ… စဥ္းစားသာ ၾကည့္ေတာ့ဗ်ာ!

#kyawnge — feeling naughty.
======
Unicode
ဗယ်လင်တိုင်းဒေးဆိုလို့ စင်္ကာပူမှာနေတုန်းက အဖြစ်အပျက်ကလေးတစ်ခုကို သွားသတိရမိတယ်။

အဲ့ဒီတုန်းက ဒီကနေ့မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဆိုရင် မှတ်မှတ်ရရ မနေ့ကလိုနေ့မှာ လက်မောင်း တက်တူးသွားထိုး ဖြစ်ခဲ့တယ်လေ။

ပထမဆုံး ထိုးတာဆိုတော့ တစ်ညလုံး လက်မောင်းက ကိုက်လိုက်တာဗျာ။ မနက်အထိကို တက်တူးအနာကြောင့် လက်က စပ်ဖျဉ်းဖျဉ်းဖြစ်နေတယ်။

အဲ့ဒါနဲ့ တစ်ခန်းထဲ အတူနေတဲ့ အစ်ကိုက အကြံပေးတယ်။ ဗက်ဆယ်လင်း ချောဆီ လိမ်းလိုက်ရင် တက်တူး အနာ သက်သာ တယ်တဲ့။

ဟာ.. ဟုတ်လားပေါ့။ ပျော်သွားတယ်။ အဲ့ဒါနဲ့ လမ်းထိပ်က Fair Price မှာ ဆေးဘူး သွားဝယ်ဖို့ လုပ်တယ်။

ကိုယ်တွေ နေတဲ့တိုက်က Bedok ဟိုးအထဲမှာ ဆိုတော့ လမ်းထိပ် တစ်ခါတစ်ခါ ထွက်ရင် အဝေးကြီး သွားရတာမျိုးဗျ။ ဒီတော့လည်း အတူနေတဲ့ လူတွေ ကို ဘာမှာဦးမလဲ တစ်ခါထဲမှာဖို့ ပြောတာပေါ့။

အစ်ကို တစ်ယောက်က သူဆံပင်ဆေးဆိုးဖို့ ဆေးဘူးဝယ်လာတာ လက်အိတ် ဝယ်ဖို့ မေ့ခဲ့လို့တဲ့။ အဲ့ဒါ လက်အိတ် တစ်ခု မှာတယ်။

နောက် ဟင်းချက် တာဝန်ယူထားတဲ့ တစ်ယောက်က ကျတော့ တို့စရာ ကုန်နေလို့ တစ်ခုခု ကြည့်ဝယ်ခဲ့ဖို့ မှာတယ်။

အဲ့ဒါနဲ့ Fair Price ရောက်ရော။ ဟိုကျတော့ ဗက်ဆယ်လင်း တစ်ဘူး ယူ၊ Latex လက်အိတ် တစ်ခုယူပြီး နောက်ဆုံး အသီးအရွက် တန်းဘက် ထွက်လာခဲ့တယ်။
ပြောရဦးမယ်။ ကိုယ်တွေက ငယ်ငယ်ကထဲက သခွားသီးဆို သိပ်ကြိုက်တာ။ ခုထိလည်း ကြိုက်တုန်းပဲ။ အာ့နဲ့ အသီးအရွက် တန်း ရောက်တော့ မျက်လုံးထဲ ပထမဆုံး ဝင်လာတာ သခွားသီးပဲ။ ဒါပဲ ပြေးမြင်မိတော့ ဟုတ်ပြီ! သခွားသီးပဲ ဝယ်မယ်! လို့ ဆုံးဖြတ်လိုက်တယ်။

အဲ့တော့ သခွားသီး တစ်လုံး ကောက်ယူပြီး ပိုက်ဆံရှင်းဖို့ ကောင်တာဘက် ထွက်လာခဲ့လိုက်တယ်။ ငွေရှင်းကောင်တာ ရှေ့ရောက်တော့ ကောင်တာ ဝန်ထမ်းဆီက “ဟမ်” ဆိုတဲ့ အသံ မကျယ်တကျယ် ထွက်လာတယ်။

ကိုယ်လည်း ဘာများဖြစ်လို့လဲလို့ သူ့မော့ကြည့်တော့ ချက်ချင်း ရယ်ချင်တဲ့ မျက်နှာကို ထိန်းလိုက်တယ်ဗျ။ မြင်တယ်! ကိုယ်တွေကလည်း အာ့မျိုးဆို သွက်သလား မမေးနဲ့။ ကိုယ့်ကို ပြောင်တာလှောင်တာဆို သိပ်ဖမ်းတတ်တာ။

ဘာများဖြစ်လို့လဲလို့ မေးတော့ “nothing nothing” တဲ့။ ခပ်ပြုံးပြုံးနဲ့။ သူကသာ nothing လုပ်နေတယ်။ သူ့အသံ ကြားလို့ ဘေးက ဝိုင်းကြည့်တဲ့လူတွေတောင် မသိမသာ ပြုံးကုန်ကြပြီ။ (တကယ့်ကို မသိမသာဗျာ။ လိုက်ကြည့်တဲ့မျက်နှာတိုင်း ဟိုလွှဲ ဒီလွှဲနဲ့…!)

အာ့နဲ့ ကိုယ့်ပုံက ရယ်စရာများ ဖြစ်နေလို့လားလို့ မလုံမလဲနဲ့ ပြန်ကြည့်မိတယ်။ ကိုယ့်ကိုယ်ကို ကြည့်လိုက် သူတို့ ရယ်ချင်ပုံကြည့်လိုက် တွေးလိုက်နဲ့.. နောက်ဆုံး “ဟာ… သွားပြီပေါ့!”

အဓိပ္ပာယ်ပေါ်လာတဲ့အချိန်မှာ ကိုယ့် မျက်နှာက ဇီးစေ့လောက်ပဲ ရှိတော့တယ်။ ရှက်ရှက်နဲ့… ငွေမြန်မြန် ရှင်းပြီး ခပ်သုတ်သုတ် ပြန်ပြေးလာခဲ့ရတယ်ဗျာ။

သူတို့ကတော့ ဘယ်လိုထင်လို့ ပြုံးတယ်မသိ။
အဲ့ဒီတုန်းက လက်မောင်း နာနေတော့ စွပ်ကျယ် ဝတ်လာတယ်။ ပြီးတော့ စွပ်ကျယ်က နည်းနည်း ကျပ်ချင်ချင်ရယ်။

ဗယ်လင်တိုင်းဒေးမှာ… တစ်ယောက်ထဲ စျေးလာဝယ်တယ်။ ကောင်တာမှာ ယူဖို့ တင်ထားတာက ရာဘာလက်အိတ်ရယ်၊ သခွားသီးရယ်…. ချောဆီရယ်… ရှေ့မှာ လက်မောင်း နာလို့ လိမ်ကောက်နေတဲ့ ကိုယ်ရယ်…။

ကဲ… စဉ်းစားသာ ကြည့်တော့ဗျာ!

#kyawnge — feeling naughty.

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...