Loading...

အျမန္လမ္းေပၚတြင္ ရွစ္ဦးေသဆုံးခဲ့သည့္ ယာဥ္မီးေလာင္မႈ ျဖစ္ပြားစဥ္က ကားေပၚမွ ႏွစ္ဦးဆင္းလာသည္ ဆုိျခင္းမွာ မဟုတ္မွန္ေၾကာင္း CID ျပန္လည္ရွင္းလင္း

ရန္ကုန္ - မႏၲေလး အျမန္လမ္းေပၚတြင္ ရွစ္ဦးေသဆုံးခဲ့သည့္ ယာဥ္မီးေလာင္မႈ ျဖစ္ပြားစဥ္က ကားေပၚမွ ႏွစ္ဦးဆင္းလာသည္ ဆုိျခင္းမွာ မဟုတ္မွန္ေၾကာင္း CID ျပန္လည္ရွင္းလင္း

၂၀၁၇ ခုႏွစ္  ဇန္န၀ါရီ ၂၁ ရက္၌ ရန္ကုန္- မႏၲေလး အျမန္လမ္းမႀကီး ေလးမုိင္ႏွစ္ဖာ လုံခန္႔တြင္ ရွစ္ဦးေသဆုံးခဲ့သည့္ ယာဥ္မီးေလာင္မႈျဖစ္ပြားစဥ္က Toyota Hiace ကားေပၚမွ ႏွစ္ဦးဆင္းလာသည္ ဆိုိျခင္းမွာ မဟုတ္မွန္ေၾကာင္း စီအုိင္ဒီရဲတပ္ဖြဲ႕မွ အဆင့္ျမင့္ ရဲအရာရွိတစ္ဦးက ေဖေဖာ္၀ါရီ ၈ ရက္က The Daily Eleven သတင္းစာသုိ႔ ေျပာၾကားသည္။

စီအုိင္ဒီမွ အဆင့္ျမင့္ ရဲအရာရွိက “၂၆ ရက္မွာ ရဲတပ္ဖြဲ႕က စီအုိင္ဒီကုိ လႊဲေပးတာ။ ေအာင္ခန္႔ရဲ႕ ထြက္ခ်က္အရ မီးေလာင္တဲ့အခ်ိန္မွာ ကားတံခါးဖြင့္တဲ့အခ်ိန္မွာ တစ္ေယာက္က လာကူတယ္။ ပထမဦးဆုံး အဲဒီလူတစ္ေယာက္ လာကူတယ္။ ၿပီးရင္ေနာက္ တစ္ေယာက္က မီးသတ္ေဆးဘူး လာေပးတယ္။ ငါတုိ႔ အဲဒီႏွစ္ေယာက္စလုံးကုိ လုိက္ရွာတယ္။ ေတြ႕ၿပီးၿပီ။ ပထမဆုံး စေတြ႕တဲ့သူက ထန္းလ်က္လုိ႔ေခၚတယ္။ သူ႔ကုိ ၂၇ ရက္မွာ ထန္းလ်က္(ခ)၀င္းစုိးေအာင္ကုိ ေခၚေတြ႔တယ္။ သူက အျမန္လမ္း ၁၅ မုိင္မွာရွိတဲ့ မူလတန္းေက်ာင္းမွာ ေနတယ္။ သူကေတာ့ ေလးမုိင္နဲ႔ သုံးဖာလုံေလာက္အေရာက္မွာ ကားရပ္ၿပီးသြားတယ္။ ေအာင္ခန္႔ တစ္ေယာက္ပဲရွိတယ္။ သူ၀ုိင္းကူေပးတယ္။ အဲဒါကုိ (ဓာတ္ပုံ - ကားေပၚမွ ႏွစ္ေယာက္ ထြက္ေပၚေနသည့္ကိစၥအား ရည္ညႊန္း) ဥပမာ တစ္ေယာက္ေယာက္ကပဲ ျဖတ္သြား၊ ျဖတ္လာပဲ ေတြ႕သြားလား မသိဘူး။ ဒါကုိ ထန္းလ်က္ကုိယ္တုိင္ကပဲ ေျပာတယ္။ အလားတူပဲ ထန္လ်က္နဲ႔ ေအာင္ခန္႔ မီးၿငိမ္းသတ္ေနတဲ့ အခ်ိန္မွာ မီးသတ္ေဆးဘူးနဲ႔ ေနျပည္ေတာ္ဘက္သြားတဲ့ သူက လာ၀ုိင္းကူၿငိမ္းေပးတယ္။ အခင္းျဖစ္တဲ့ေနရာမွာ သုံးေယာက္ပဲရွိတယ္။ စီအိုင္ဒီက ႏွစ္ေယာက္စလုံးကုိ ေတြ႕ၿပီးစစ္ၿပီးၿပီ။ ကားေပၚမွာ ႏွစ္ဦးဆင္းလာတယ္ဆုိတာ မဟုတ္ဘူး” ဟု  ကားေပၚမွ လူႏွစ္ဦး ဆင္းလာသည့္ သတင္းမွာ မဟုတ္မွန္ေၾကာင္း အတည္ျပဳ ေျပာၾကားသည္။ “ဒီအမႈက အေရွ႕မွာ ရမန္ႏွစ္ ႀကိမ္ယူၿပီးပါၿပီ။ အခုအမႈတည္ေဆာက္ၿပီး ဥပေဒအၾကံေပး ေတာင္းၿပီးေတာ့ ၂၀ ရက္မွာ တရားစြဲဆုိ တင္ပုိ႔မယ္” ဟု အဆုိပါရဲအရာရွိက ဆက္လက္ ေျပာၾကားသည္။

ရွစ္ေလာင္းၿပဳိင္ ေသဆုံးခဲ့သည့္ ယာဥ္မီးေလာင္မႈကုိ ပထမဆုံးမ်က္ျမင္ေတြ႕ရွိ ကူညီခဲ့သူ ကုိ၀င္းစုိးေအာင္ (ခ) ထန္းလ်က္က “ကြၽန္ေတာ္က ကားေမာင္းလာရင္း အေနာက္မွာ ဗုန္းဆုိတဲ့ အသံၾကားလုိက္ရတယ္။ ဘယ္ဘက္ မွန္ကေနလွမ္းၾကည့္လုိက္ေတာ့ ဖုန္လုံးႀကီးေတြ႕တာနဲ႔ ကားကုိထုိးရပ္လုိက္တယ္။ ျဖစ္တဲ့ေနရာကုိေျပးတယ္။ ကားက ကြၽန္ေတာ္နဲ႔ သုံးေပအကြာေလာက္ေရာက္ေတာ့ မီးထေလာင္တယ္။ ကြၽန္ေတာ္ေျပးေနတုန္းမွာ ကားကုိ လူတစ္ေယာက္က ပတ္ၾကည့္ေနတယ္။ ကြၽန္ေတာ္လည္း အနားေရာက္ေတာ့ မီးေလာင္တာ ကားေပၚမွာလူပါ၊ မပါေမးတယ္။ အဲဒီလူက ခုႏွစ္ေယာက္၊ ရွစ္ေယာက္ ေလာက္ပါတယ္ ေျပာတယ္။ အဲဒါနဲ႔ ကြၽန္ေတာ္ကားတံခါးေတြကုိ ဖြင့္ၾကည့္တယ္။ မရဘူး။ ဒါနဲ႔ေနာက္က မွန္ကုိ ခဲနဲ႔ထုၿပီးခြဲလုိက္တယ္။ ဒါေပမဲ့ မီးကမ်ားေတာ့ မီးခုိးေတြ ေရာေနေတာ့မျမင္ရဘူး။ အဲဒီအခ်ိန္မွာ ေဘးကကားတစ္စီး ေရာက္လာတယ္။ မီးသတ္ေဆးဘူးေပးတယ္။ ၿငိႇမ္းေပမယ့္မီးက အရမ္းမ်ားေတာ့မရဘူး။ အဲဒါနဲ႔ ကြၽန္ေတာ္ကားထဲ ၀င္ကယ္ဖုိ႔လုပ္ေတာ့ ေဘးကလူေတြကညီေလးမင္း မ၀င္နဲ႔ေတာ့ မင္းပါမီးေလာင္သြားမယ္။ ကြၽန္ေတာ္လည္း မ၀င္ေတာ့ဘူး။ ခဏေနေတာ့ ဆီတုိင္ကီ ေပါက္တာလား၊ ဘာလားမသိဘူး။ တစ္ခုခု ထေပါက္ကြဲတယ္” ဟု ဇန္န၀ါရီ ၂၅ ရက္က ေျပာၾကားခဲ့သည္။

ကုိ၀င္းစုိးေအာင္က “ျဖစ္တဲ့နားမွာ ကြၽန္ေတာ္ေတြ႕တာ တစ္ေယာက္ပဲ။ အဲဒီနားမွာ ကြၽန္ေတာ္နဲ႔သူ (ကုိေအာင္ခန္႔) ႏွစ္ေယာက္ပဲရွိတာ။ ၿပီးေတာ့မွ ေနာက္ကကားေတြ ေရာက္လာၿပီး မီးသတ္ေဆးဘူးေတြ ေပးတာ” ဟု ေဖေဖာ္၀ါရီ ၈ ရက္က ေျပာၾကားသည္။

အသက္ရွင္ လြတ္ေျမာက္ခဲ့သူ ကုိေအာင္ခန္႔မွာ အဆုိပါယာဥ္ကုိ ေမာင္းႏွင္ခဲ့သူျဖစ္ေၾကာင္း ဇန္န၀ါရီ ၂၃ ရက္တြင္ ၀န္ခံထြက္ဆုိခဲ့ၿပီးေနာက္ အမွတ္ (၃) အျမန္လမ္းမႀကီး ရဲစခန္းက ပုဒ္မ  ၃၀၄(က) / ၃၃၇/ ၂၈၅ ျဖင့္ ကနဦးတြင္ အမႈဖြင့္ခဲ့ကာ ဇန္န၀ါရီ၂၃ ရက္မွ ေဖေဖာ္၀ါရီ ၆ ရက္ ပထမအႀကိမ္ရမန္ယူ၍ စစ္ေဆးခဲ့ေၾကာင္း၊ ဇန္န၀ါရီ ၂၆ ရက္တြင္ စီအိုင္ဒီသို႔ လႊဲေျပာင္းေပးခဲ့ၿပီး စီအိုင္ဒီမွ လႊဲေျပာင္းစစ္ေဆးဆဲ ကာလတြင္ ပထမအႀကိမ္ ရမန္ယူရက္ကုန္ဆံုးခဲ့သျဖင့္ ေဖေဖာ္၀ါရီ ၆ ရက္မွ ေဖေဖာ္၀ါရီ ၂၀ရက္အထိ ဒုတိယ အႀကိမ္ရမန္ယူခဲ့ျခင္း ျဖစ္သည္။

ယင္းျဖစ္စဥ္တြင္ ေသဆံုးခဲ့သူမ်ား၏ မိသားစု၀င္မ်ားက အဆိုပါ ျဖစ္စဥ္သည္ ႀကိဳတင္ၾကံစည္၍ ျဖစ္ပြားခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း ယူဆမႈမ်ားႏွင့္ အမႈမွန္အျမန္ဆံုး ေပၚေပါက္ႏိုင္ရန္ ေျပာဆုိမႈမ်ားရွိခဲ့သည္။

ယာဥ္မီးေလာင္ကြၽမ္းမႈ ျဖစ္စဥ္မွာ ယာဥ္၏ ညာဘက္ဘီးေပါက္ကာ လမ္းလယ္ကြၽန္းရွိ Guard Rail အား တုိက္မိရာမွတဆင့္ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ေၾကာင္း၊ ယာဥ္ေပၚတြင္လုိက္ ပါလာခဲ့သူမ်ားမွာ အမ်ဳိးသားႏွစ္ဦးႏွင့္ အမ်ဳိးသမီး ခုနစ္ဦးျဖစ္ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

“ျဖစ္ခ်ိန္က မနက္ ၈ နာရီ ၂၉ မိနစ္မွာ ျဖစ္တယ္။ သတင္းရတာ ၈ နာရီ ၃၀ မိနစ္မွာ သတင္းရတယ္။ သြားၿပီးမီးၿငိမ္းသတ္တာ ၉ နာရီ ၅ မိနစ္မွာၿပီးတယ္။ ကားေပၚပါလာတာက ယာဥ္ေမာင္းအပါအ၀င္ ကုိးဦး၊ က်ားႏွစ္၊ မခုနစ္ဦးမွာ က်ားတစ္ေယာက္ပဲက်န္တယ္။ ယာဥ္ေမာင္း အပါအ၀င္ လူရွစ္ဦးေသတယ္။ သူတို႔က ပုဂံေညာင္ဦးက ဘုရားဖူးၿပီး အျပန္မွာ ေရွ႕၀ဲဘက္ဘီးေပါက္ၿပီးေတာ့ အလူမီနီယံ ေဘာင္ကို၀င္တုိက္ၿပီးေတာ့ ဆီတုိင္ကီ ကြဲသြားတာ။ အဲဒီကေနစၿပီးေလာင္တာ” ဟု မီးေလာင္မႈ ျဖစ္ပြားရာသုိ႔သြားေရာက္ မီးၿငိႇမ္းသတ္ခဲ့သည့္ အမွတ္ ၃ လမ္းဆုံ အျမန္လမ္းမႀကီး မီးသတ္စခန္းမွ လ/ ထဦးစီးမွဴး ဦးၿငိမ္းခ်မ္းက ေျပာၾကားထားသည္။

မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့သည့္ ယာဥ္မွာ ဇန္န၀ါရီ ၁၉ ရက္က ပုဂံ - ေညာင္ဦးသုိ႔ ဘုရားဖူးရန္ သြားေရာက္ခဲ့ျခင္းျဖစ္ၿပီး အျပန္ခရီးတြင္ ေနျပည္ေတာ္သုိ႔ အလုပ္ကိစၥျဖင့္ ၀င္ေရာက္ခဲ့ၿပီးမွ ရန္ကုန္ၿမဳိ႕သုိ႔ ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယာဥ္ေမာင္းမွအပ ေသဆုံးခဲ့သူမ်ားမွာ ေဆာက္လုပ္ေရး ကုမၸဏီမွျဖစ္ၿပီး အင္ဂ်င္နီယာ အမ်ားစုျဖစ္ေၾကာင္း ေသဆုံးခဲ့သူမ်ား၏ မိသားစု၀င္မ်ားက ေျပာၾကားသည္။

Credit- news-eleven
============

Unicode>>>
ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်တွင် ရှစ်ဦးသေဆုံးခဲ့သည့် ယာဉ်မီးလောင်မှု ဖြစ်ပွားစဉ်က ကားပေါ်မှ နှစ်ဦးဆင်းလာသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း CID ပြန်လည်ရှင်းလင်း

၂၀၁၇ ခုနှစ်  ဇန်နဝါရီ ၂၁ ရက်၌ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး လေးမိုင်နှစ်ဖာ လုံခန့်တွင် ရှစ်ဦးသေဆုံးခဲ့သည့် ယာဉ်မီးလောင်မှုဖြစ်ပွားစဉ်က Toyota Hiace ကားပေါ်မှ နှစ်ဦးဆင်းလာသည် ဆိိုခြင်းမှာ မဟုတ်မှန်ကြောင်း စီအိုင်ဒီရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၈ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

စီအိုင်ဒီမှ အဆင့်မြင့် ရဲအရာရှိက “၂၆ ရက်မှာ ရဲတပ်ဖွဲ့က စီအိုင်ဒီကို လွှဲပေးတာ။ အောင်ခန့်ရဲ့ ထွက်ချက်အရ မီးလောင်တဲ့အချိန်မှာ ကားတံခါးဖွင့်တဲ့အချိန်မှာ တစ်ယောက်က လာကူတယ်။ ပထမဦးဆုံး အဲဒီလူတစ်ယောက် လာကူတယ်။ ပြီးရင်နောက် တစ်ယောက်က မီးသတ်ဆေးဘူး လာပေးတယ်။ ငါတို့ အဲဒီနှစ်ယောက်စလုံးကို လိုက်ရှာတယ်။ တွေ့ပြီးပြီ။ ပထမဆုံး စတွေ့တဲ့သူက ထန်းလျက်လို့ခေါ်တယ်။ သူ့ကို ၂၇ ရက်မှာ ထန်းလျက်(ခ)ဝင်းစိုးအောင်ကို ခေါ်တွေ့တယ်။ သူက အမြန်လမ်း ၁၅ မိုင်မှာရှိတဲ့ မူလတန်းကျောင်းမှာ နေတယ်။ သူကတော့ လေးမိုင်နဲ့ သုံးဖာလုံလောက်အရောက်မှာ ကားရပ်ပြီးသွားတယ်။ အောင်ခန့် တစ်ယောက်ပဲရှိတယ်။ သူဝိုင်းကူပေးတယ်။ အဲဒါကို (ဓာတ်ပုံ - ကားပေါ်မှ နှစ်ယောက် ထွက်ပေါ်နေသည့်ကိစ္စအား ရည်ညွှန်း) ဥပမာ တစ်ယောက်ယောက်ကပဲ ဖြတ်သွား၊ ဖြတ်လာပဲ တွေ့သွားလား မသိဘူး။ ဒါကို ထန်းလျက်ကိုယ်တိုင်ကပဲ ပြောတယ်။ အလားတူပဲ ထန်လျက်နဲ့ အောင်ခန့် မီးငြိမ်းသတ်နေတဲ့ အချိန်မှာ မီးသတ်ဆေးဘူးနဲ့ နေပြည်တော်ဘက်သွားတဲ့ သူက လာဝိုင်းကူငြိမ်းပေးတယ်။ အခင်းဖြစ်တဲ့နေရာမှာ သုံးယောက်ပဲရှိတယ်။ စီအိုင်ဒီက နှစ်ယောက်စလုံးကို တွေ့ပြီးစစ်ပြီးပြီ။ ကားပေါ်မှာ နှစ်ဦးဆင်းလာတယ်ဆိုတာ မဟုတ်ဘူး” ဟု  ကားပေါ်မှ လူနှစ်ဦး ဆင်းလာသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။ “ဒီအမှုက အရှေ့မှာ ရမန်နှစ် ကြိမ်ယူပြီးပါပြီ။ အခုအမှုတည်ဆောက်ပြီး ဥပဒေအကြံပေး တောင်းပြီးတော့ ၂၀ ရက်မှာ တရားစွဲဆို တင်ပို့မယ်” ဟု အဆိုပါရဲအရာရှိက ဆက်လက် ပြောကြားသည်။

ရှစ်လောင်းပြိုင် သေဆုံးခဲ့သည့် ယာဉ်မီးလောင်မှုကို ပထမဆုံးမျက်မြင်တွေ့ရှိ ကူညီခဲ့သူ ကိုဝင်းစိုးအောင် (ခ) ထန်းလျက်က “ကျွန်တော်က ကားမောင်းလာရင်း အနောက်မှာ ဗုန်းဆိုတဲ့ အသံကြားလိုက်ရတယ်။ ဘယ်ဘက် မှန်ကနေလှမ်းကြည့်လိုက်တော့ ဖုန်လုံးကြီးတွေ့တာနဲ့ ကားကိုထိုးရပ်လိုက်တယ်။ ဖြစ်တဲ့နေရာကိုပြေးတယ်။ ကားက ကျွန်တော်နဲ့ သုံးပေအကွာလောက်ရောက်တော့ မီးထလောင်တယ်။ ကျွန်တော်ပြေးနေတုန်းမှာ ကားကို လူတစ်ယောက်က ပတ်ကြည့်နေတယ်။ ကျွန်တော်လည်း အနားရောက်တော့ မီးလောင်တာ ကားပေါ်မှာလူပါ၊ မပါမေးတယ်။ အဲဒီလူက ခုနှစ်ယောက်၊ ရှစ်ယောက် လောက်ပါတယ် ပြောတယ်။ အဲဒါနဲ့ ကျွန်တော်ကားတံခါးတွေကို ဖွင့်ကြည့်တယ်။ မရဘူး။ ဒါနဲ့နောက်က မှန်ကို ခဲနဲ့ထုပြီးခွဲလိုက်တယ်။ ဒါပေမဲ့ မီးကများတော့ မီးခိုးတွေ ရောနေတော့မမြင်ရဘူး။ အဲဒီအချိန်မှာ ဘေးကကားတစ်စီး ရောက်လာတယ်။ မီးသတ်ဆေးဘူးပေးတယ်။ ငြိှမ်းပေမယ့်မီးက အရမ်းများတော့မရဘူး။ အဲဒါနဲ့ ကျွန်တော်ကားထဲ ဝင်ကယ်ဖို့လုပ်တော့ ဘေးကလူတွေကညီလေးမင်း မဝင်နဲ့တော့ မင်းပါမီးလောင်သွားမယ်။ ကျွန်တော်လည်း မဝင်တော့ဘူး။ ခဏနေတော့ ဆီတိုင်ကီ ပေါက်တာလား၊ ဘာလားမသိဘူး။ တစ်ခုခု ထပေါက်ကွဲတယ်” ဟု ဇန်နဝါရီ ၂၅ ရက်က ပြောကြားခဲ့သည်။

ကိုဝင်းစိုးအောင်က “ဖြစ်တဲ့နားမှာ ကျွန်တော်တွေ့တာ တစ်ယောက်ပဲ။ အဲဒီနားမှာ ကျွန်တော်နဲ့သူ (ကိုအောင်ခန့်) နှစ်ယောက်ပဲရှိတာ။ ပြီးတော့မှ နောက်ကကားတွေ ရောက်လာပြီး မီးသတ်ဆေးဘူးတွေ ပေးတာ” ဟု ဖေဖော်ဝါရီ ၈ ရက်က ပြောကြားသည်။

အသက်ရှင် လွတ်မြောက်ခဲ့သူ ကိုအောင်ခန့်မှာ အဆိုပါယာဉ်ကို မောင်းနှင်ခဲ့သူဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ဝန်ခံထွက်ဆိုခဲ့ပြီးနောက် အမှတ် (၃) အမြန်လမ်းမကြီး ရဲစခန်းက ပုဒ်မ  ၃၀၄(က) / ၃၃၇/ ၂၈၅ ဖြင့် ကနဦးတွင် အမှုဖွင့်ခဲ့ကာ ဇန်နဝါရီ၂၃ ရက်မှ ဖေဖော်ဝါရီ ၆ ရက် ပထမအကြိမ်ရမန်ယူ၍ စစ်ဆေးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် စီအိုင်ဒီသို့ လွှဲပြောင်းပေးခဲ့ပြီး စီအိုင်ဒီမှ လွှဲပြောင်းစစ်ဆေးဆဲ ကာလတွင် ပထမအကြိမ် ရမန်ယူရက်ကုန်ဆုံးခဲ့သဖြင့် ဖေဖော်ဝါရီ ၆ ရက်မှ ဖေဖော်ဝါရီ ၂ဝရက်အထိ ဒုတိယ အကြိမ်ရမန်ယူခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များက အဆိုပါ ဖြစ်စဉ်သည် ကြိုတင်ကြံစည်၍ ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆမှုများနှင့် အမှုမှန်အမြန်ဆုံး ပေါ်ပေါက်နိုင်ရန် ပြောဆိုမှုများရှိခဲ့သည်။

ယာဉ်မီးလောင်ကျွမ်းမှု ဖြစ်စဉ်မှာ ယာဉ်၏ ညာဘက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းရှိ Guard Rail အား တိုက်မိရာမှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင်လိုက် ပါလာခဲ့သူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ခုနစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ဖြစ်ချိန်က မနက် ၈ နာရီ ၂၉ မိနစ်မှာ ဖြစ်တယ်။ သတင်းရတာ ၈ နာရီ ၃၀ မိနစ်မှာ သတင်းရတယ်။ သွားပြီးမီးငြိမ်းသတ်တာ ၉ နာရီ ၅ မိနစ်မှာပြီးတယ်။ ကားပေါ်ပါလာတာက ယာဉ်မောင်းအပါအဝင် ကိုးဦး၊ ကျားနှစ်၊ မခုနစ်ဦးမှာ ကျားတစ်ယောက်ပဲကျန်တယ်။ ယာဉ်မောင်း အပါအဝင် လူရှစ်ဦးသေတယ်။ သူတို့က ပုဂံညောင်ဦးက ဘုရားဖူးပြီး အပြန်မှာ ရှေ့ဝဲဘက်ဘီးပေါက်ပြီးတော့ အလူမီနီယံ ဘောင်ကိုဝင်တိုက်ပြီးတော့ ဆီတိုင်ကီ ကွဲသွားတာ။ အဲဒီကနေစပြီးလောင်တာ” ဟု မီးလောင်မှု ဖြစ်ပွားရာသို့သွားရောက် မီးငြိှမ်းသတ်ခဲ့သည့် အမှတ် ၃ လမ်းဆုံ အမြန်လမ်းမကြီး မီးသတ်စခန်းမှ လ/ ထဦးစီးမှူး ဦးငြိမ်းချမ်းက ပြောကြားထားသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ယာဉ်မှာ ဇန်နဝါရီ ၁၉ ရက်က ပုဂံ - ညောင်ဦးသို့ ဘုရားဖူးရန် သွားရောက်ခဲ့ခြင်းဖြစ်ပြီး အပြန်ခရီးတွင် နေပြည်တော်သို့ အလုပ်ကိစ္စဖြင့် ဝင်ရောက်ခဲ့ပြီးမှ ရန်ကုန်မြို့သို့ ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းမှအပ သေဆုံးခဲ့သူများမှာ ဆောက်လုပ်ရေး ကုမ္ပဏီမှဖြစ်ပြီး အင်ဂျင်နီယာ အများစုဖြစ်ကြောင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်များက ပြောကြားသည်။

Credit- news-eleven

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...