======

#V-Day အတြက္ ခ်စ္သူကို ေပးမယ့္ရည္းစားစာ#

သနားစိတ္နဲ႔ ျပန္ခ်စ္မလားဆိုျပီး
ကားဂိတ္မွာ တိုင္မွီရပ္ေနေပမယ့္
မင္း အခ်စ္က YBS လို ေပၚမလာခဲ႔ဘူး
သူလာလာ မလာလာ
ကိုယ့္ဘက္က ပံုမွန္ ေပးေနရတဲ႔ မီတာခ လို
ထာဝရ ဆက္ခ်စ္ေနမွာမို႔
လွ်ပ္စစ္လို ေကာင္ေလး သိထားေပးပါ
အခ်စ္ဆိုတာ
စပယ္ယာ ေငြျပန္အမ္းမလားဆိုျပီး
တိတ္တခိုးၾကည့္ေနရတဲ႔ ပါစင္ဂ်ာလို
က်ိတ္ပိုးဘဝက တခါတခါ နာက်င္ရတယ္
တစ္မိုးေအာက္က အလြမ္းအခ်စ္ေတြကို
ဂိုးေပါက္ကို ရမ္းကစ္တဲ႔ ျမန္မာအသင္းလိုေတာ့
ကိုယ့္ႏွလံုးသားကို အမုန္းမပြါးလိုက္ပါနဲ႔
ယိုးဒယားကိုသာ ျမန္မာ ရွံဴးခ်င္ရွံဴး
ရိုးသားတဲ႔ကိုယ့္အခ်စ္ေတြကိုေတာ့ မင္း မမုန္းပါနဲ႔
အာဏာ မရခင္ မဲဆြယ္ျပီး
အာဏာရမွ တမ်ိဳးလုပ္တတ္တဲ႔ ဟိုပါတီ လို
ပ်ိဳကညာဆီက အၾကင္နာကို
တမင္တကာ ခ်ဴစားတတ္တဲ႔
လူသားလည္း မဟုတ္ပါဘူး
မမွားေသာ ေရွ႕ေန
မေသေသာ ေဆးသမား
မစားေသာ ဥကၠဌ
မလွေသာ ပန္း နဲ႔
မလြမ္းေသာ ခ်စ္သူ - ဘယ္ရွိပါ့မလဲ ခ်စ္သူရယ္
လမ္းေတြသာ ပ်က္စီးမယ္
အလြမ္းေတြဟာ အသက္ၾကီးတယ္ မရွိပါဘူး
ခ်စ္မိျပီဆိုကတည္းက
အျမန္လမ္းေပၚေျပးဆြဲေနတဲ့
ဟိုင္းေဝးကားေပၚ တက္လိုက္ရသလိုပဲ
ခ်စ္သူအတြက္ဆို အသက္ကိုလည္း ေပးျပီးသားပါ
အခ်စ္ကို မၾကင္နာရင္ ေနပါ
မသကၤာမႈ႔နဲ႔ေတာ့
အခ်ဳပ္ ၃ ရက္က်ေအာင္
ရမ္းသမ္းျပီး တရားစြဲလည္း
အေၾကာင္းျပန္ ေတာင္းပန္ခိုင္းမယ့္ လူစားမဟုတ္ပါဘူး
ခ်စ္သူ႕ရင္ခြင္ကို ခိုနားရမယ္ဆို
လူမ်ားတဲ႔ မွတ္တိုင္မွာ
တစ္နာရီၾကာလည္း ရပ္ႏိုင္တဲ့ ကိုယ့္အခ်စ္မို႔
ေနာက္ထပ္ - ေစ်းမဆစ္ပါနဲ႔ဟာ
တစ္ဖက္သတ္အခ်စ္ဆိုတာ
ျမန္မာအသင္းေတြလို
အေျဖကို ၾကိဳသိေနေပမယ့္လည္း
အခ်ိန္တိုင္းေတာ့ ရင္ခုန္ေနမိတယ္
အလြမ္းပူမိေနသူ အငိုရုပ္မို႔
ဗိုလ္ခ်ဳပ္ဇာတ္ကားလိုေတာ့
မင္း အခ်စ္ေတြ စံုးစံုးျမဳပ္မသြားပါနဲ႔
ဒီမိုကေရစီ မရခ်င္ ေနပါေစ
မေသမီေတာ့ မင္းအခ်စ္ကို ရခ်င္တဲ႔ကိုယ့္ကို
၆၆ ဃ နဲ႔ တရားစြဲခ်င္လည္းစြဲ
အသဲက အျပစ္လို႔ မျမင္ဘူး
ဒါ v-day အတြက္ ခ်စ္သူကို ေပးမယ့္ရည္းစားစာ

www.apannpyay.com
#crd
=============

Unicode>>>
သနားစိတ်နဲ့ ပြန်ချစ်မလားဆိုပြီး
ကားဂိတ်မှာ တိုင်မှီရပ်နေပေမယ့်
မင်း အချစ်က YBS လို ပေါ်မလာခဲ့ဘူး
သူလာလာ မလာလာ
ကိုယ့်ဘက်က ပုံမှန် ပေးနေရတဲ့ မီတာခ လို
ထာဝရ ဆက်ချစ်နေမှာမို့
လျှပ်စစ်လို ကောင်လေး သိထားပေးပါ
အချစ်ဆိုတာ
စပယ်ယာ ငွေပြန်အမ်းမလားဆိုပြီး
တိတ်တခိုးကြည့်နေရတဲ့ ပါစင်ဂျာလို
ကျိတ်ပိုးဘဝက တခါတခါ နာကျင်ရတယ်
တစ်မိုးအောက်က အလွမ်းအချစ်တွေကို
ဂိုးပေါက်ကို ရမ်းကစ်တဲ့ မြန်မာအသင်းလိုတော့
ကိုယ့်နှလုံးသားကို အမုန်းမပွါးလိုက်ပါနဲ့
ယိုးဒယားကိုသာ မြန်မာ ရှံူးချင်ရှံူး
ရိုးသားတဲ့ကိုယ့်အချစ်တွေကိုတော့ မင်း မမုန်းပါနဲ့
အာဏာ မရခင် မဲဆွယ်ပြီး
အာဏာရမှ တမျိုးလုပ်တတ်တဲ့ ဟိုပါတီ လို
ပျိုကညာဆီက အကြင်နာကို
တမင်တကာ ချူစားတတ်တဲ့
လူသားလည်း မဟုတ်ပါဘူး
မမှားသော ရှေ့နေ
မသေသော ဆေးသမား
မစားသော ဥက္ကဌ
မလှသော ပန်း နဲ့
မလွမ်းသော ချစ်သူ - ဘယ်ရှိပါ့မလဲ ချစ်သူရယ်
လမ်းတွေသာ ပျက်စီးမယ်
အလွမ်းတွေဟာ အသက်ကြီးတယ် မရှိပါဘူး
ချစ်မိပြီဆိုကတည်းက
အမြန်လမ်းပေါ်ပြေးဆွဲနေတဲ့
ဟိုင်းဝေးကားပေါ် တက်လိုက်ရသလိုပဲ
ချစ်သူအတွက်ဆို အသက်ကိုလည်း ပေးပြီးသားပါ
အချစ်ကို မကြင်နာရင် နေပါ
မသင်္ကာမှု့နဲ့တော့
အချုပ် ၃ ရက်ကျအောင်
ရမ်းသမ်းပြီး တရားစွဲလည်း
အကြောင်းပြန် တောင်းပန်ခိုင်းမယ့် လူစားမဟုတ်ပါဘူး
ချစ်သူ့ရင်ခွင်ကို ခိုနားရမယ်ဆို
လူများတဲ့ မှတ်တိုင်မှာ
တစ်နာရီကြာလည်း ရပ်နိုင်တဲ့ ကိုယ့်အချစ်မို့
နောက်ထပ် - စျေးမဆစ်ပါနဲ့ဟာ
တစ်ဖက်သတ်အချစ်ဆိုတာ
မြန်မာအသင်းတွေလို
အဖြေကို ကြိုသိနေပေမယ့်လည်း
အချိန်တိုင်းတော့ ရင်ခုန်နေမိတယ်
အလွမ်းပူမိနေသူ အငိုရုပ်မို့
ဗိုလ်ချုပ်ဇာတ်ကားလိုတော့
မင်း အချစ်တွေ စုံးစုံးမြုပ်မသွားပါနဲ့
ဒီမိုကရေစီ မရချင် နေပါစေ
မသေမီတော့ မင်းအချစ်ကို ရချင်တဲ့ကိုယ့်ကို
၆၆ ဃ နဲ့ တရားစွဲချင်လည်းစွဲ
အသဲက အပြစ်လို့ မမြင်ဘူး
ဒါ v-day အတွက် ချစ်သူကို ပေးမယ့်ရည်းစားစာ

www.apannpyay.com
#crd
===============

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...