Loading...

နာမည္ႀကီးေနတဲ့ ညြန္႔ညြန္႔စိန္ရဲ႕ ခ်စ္သူမ်ားေန႔ (Valentine's Day)

<< ၫြန္႔ၫြန္႔စိန္ရဲ႕ Happy Valentine's Day >>

ျပကၡဒိန္ကို ႐ုတ္တရက္ ေတြ႕ေတာ့မွ ၫြန္႔ၫြန္႔စိန္ခင္ဗ်ာ
ေန႔ရက္ေတြကို ေသခ်ာၾကည့္မိသည္...

"ဪ ဘာလိုလိုနဲ႔ V-Day, V-Day ဆိုၿပီး
နာမည္ႀကီးေနတဲ့ Valentine's Day ႀကီးေတာင္
ေရာက္လာေတာ့မွာပါေပါ့လား"

မွန္ပါသည္၊ ၫြန္႔ၫြန္႔စိန္လို စင္ဂယ္ႏွင့္ V-Day ဆိုေသာ
ခ်စ္သူမ်ားေန႔သည္ လားလားမွ မသက္ဆိုင္...

သို႔ေသာ္ တခ်ိန္ကေတာ့ သက္ဆိုင္ခဲ့သည္၊ မည္သည့္
အတြက္ေၾကာင့္ သက္ဆိုင္ခဲ့သည္ဆိုသည္မွာလည္း
ရွင္းရွင္းေလးပင္ျဖစ္သည္...

အဘယ့္ေၾကာင့္ဆိုေသာ္ ၫြန္႔ၫြန္႔စိန္သည္လည္း
အသဲႏွလံုးႏွင့္ ရွင္သန္ႀကီးျပင္းေနေသာ လူစင္စစ္ပင္
ျဖစ္ေနသည္ မဟုတ္ပါလား...

"အခ်ိန္ေတြကုန္တာ ျမန္လိုက္တာေနာ္၊ ဘာလိုလိုနဲ႔
အရာအားလံုးဟာ မေန႔တေန႔ကလိုပါပဲလား" ဟု
စိတ္ထဲေရရြတ္မိရင္း ၫြန္႔ၫြန္႔စိန္၏ အၾကည့္တစ္ခ်က္က
အေဝးတစ္ေနရာသို႔ ေရာက္သြားသည္...

အင္း ငယ္ကအခ်စ္ အႏွစ္တစ္ရာ မေမ့သာဆိုတာ
ဒါမ်ိဳးထင္ပါရဲ႕...

"ကိုကို"

ေခၚသာေခၚရသည္၊ ကိုကိုဆိုသူ သေကာင့္သားက
အဖက္မလုပ္ဘဲ ေဘာလံုးဂ်ာနယ္ကိုသာ သဲႀကီးမဲႀကီး
ဖတ္ေနသည္၊ ၫြန္႔ၫြန္႔စိန္ စိတ္မရွည္ခ်င္ေတာ့...

"ကိုကိုလို႔"

"ဗ်ာ" မထူးခ်င္ ထူးခ်င္ အသံပ်င္းတြဲႀကီးႏွင့္ ေျဖသည္...

"ၾကည့္...ေျဖတဲ့အသံကိုက စိတ္မပါမွန္းသိသာတယ္၊
ေျပာ...ကိုကို သဲကို မခ်စ္ေတာ့ဘူးမလားလို႔"

"ဪ သဲကလည္းကြာ၊ အဲ့လိုမဟုတ္ပါဘူး၊ ဒီအပတ္
မန္ယူ-အာႀကီးပြဲရွိလို႔ အဲ့ပြဲထဲ စိတ္ေရာက္ေနလို႔ပါကြ"

"ဟြန္႔...သူ႔ေျပာလိုက္ရင္ အဲ့အတိုင္းႀကီးပဲ၊ ေန ေန
အဲ့မွာ အဲ့ေဘာသမားေတြနဲ႔သာ တူတူသြားေန၊
သဲကိုလည္း မခ်စ္နဲ႔၊ အဖက္လည္း မလုပ္နဲ႔၊
အဲ့ေဘာသမားေတြကိုသာ သြားခ်စ္၊ သူတို႔ကိုသာ
သြားလက္ထပ္၊ သူတို႔နဲ႔ပဲ ကေလးေမြး၊ ဟြန္႔
ၾကည့္လို႔ကို မရဘူး"

"ဪ သဲေလးကလည္း စိတ္မေကာက္ပါနဲ႔ကြာ၊
သဲစိတ္ေကာက္ေတာ့ ကိုကိုက ဘယ္ေနတတ္မလဲကြ၊
ေျပာ သဲေလးဘာေျပာစရာရွိလို႔လဲ" ဆိုၿပီး
ကိုကိုဆိုသူက ၫြန္႔ၫြန္႔စိန္၏ ပါးႏွစ္ဖက္ကို
အသာေလးဆြဲၫွစ္ၿပီး ေခ်ာ့သည္...

ထိုအခါက်မွ သဲဆိုေသာ နာမ္စားႏွင့္ ၫြန္႔ၫြန္႔စိန္က
မ်က္ေစာင္းတခ်က္လွမ္းခဲ၊ နႈတ္ခမ္းကို ဆူကာ
ပ်စ္ခၽြဲခၽြဲအသံႏွင့္...

"Valentine's Day ေရာက္ေတာ့မွာ သိရဲ႕လား"

"ဘာ ဘာေဒး"

"ဟာ ၾကည့္ Valentine's Day, Valentine's Day"

"ဪ ဘယ္လင္တိုင္းေဒး၊ အင္း အင္း သိၿပီ၊ အဲ့ဒါ
ဘာျဖစ္လဲ"

"အဲ့ဒါ ရွိတယ္လို႔၊ အဲ့ေန႔က်ရင္ ကိုကိုက သဲကို
ဘယ္လို surprise လုပ္မွာလဲလို႔ သဲကသိခ်င္ေနတာ"

"ဟမ္ စပ႐ိုက္၊ ဘာလုပ္ဖို႔လဲ အဲ့ဒီစပ႐ိုက္က"

ကိုကိုဆိုသူက တကယ္မသိတာလား၊ မသိခ်င္ေယာင္
ေဆာင္ေနတာလားေတာ့ ၫြန္႔ၫြန္႔စိန္ မသိ...

"ဒီလိုေလ ကိုကိုရဲ႕၊ ခ်စ္သူမ်ားေန႔ေရာက္ၿပီဆိုရင္
စံုတြဲေတြက သူတို႔ခ်စ္သူေတြကို လက္ေဆာင္ေလးေတြနဲ႔
အံ့ၾသသြားေအာင္ လုပ္ၾကတာကို ေျပာတာေလ၊
ေခ်ာကလက္ေတြ ပို႔ေပးတာတို႔၊ ပန္းစည္းေတြ
လက္ေဆာင္ယူလာတာတို႔၊ အ႐ုပ္ႀကီးေတြကို
အိမ္ေရွ႕မွာ ခ်သြားတာတို႔၊ ပို႔စကတ္ေတြမွာ
႐ိုးမန္႔စ္ေတြေရးၿပီး ကာယကံရွင္မသိေအာင္ ႐ုတ္တရက္
လာပို႔သြားတာတို႔ေပါ့ ကိုကိုရဲ႕"

ေျပာရင္းေျပာရင္း ၫြန္႔ၫြန္႔စိန္တစ္ေယာက္
ေမာပင္လာသည္...

"ဪ အရည္မရ အဖတ္မရ ကေလးကလား
အလုပ္ေတြပါကြာ၊ ဘယ့္ႏွယ့္ အားအားယားယား"

"ဪ အဲ့လိုေတာ့ မေျပာပါနဲ႔ ကိုကိုရဲ႕၊ ခ်စ္သူမ်ားေန႔မွာ
ခ်စ္သူရွိတဲ့မိန္းမသားတစ္ေယာက္အေနနဲ႔ကေတာ့
ဘာပဲျဖစ္ျဖစ္ သူ႔ရည္းစားဆီက လက္ေဆာင္ေလးကို
စပ႐ိုက္ဆန္ဆန္၊ ႐ိုးမန္႔ဆန္ဆန္ လိုခ်င္တာပဲေလ၊
အဲ့ဒါအျပစ္လား၊ အရည္မရ အဖတ္မရလား ေျပာ"

မုအျပည့္ႏွင့္ ေျပာသြားမွန္းသိသာေၾကာင္း ၫြန္႔ၫြန္႔စိန္၏
မ်က္လံုးထဲမွာ မ်က္ရည္ေလးေတြ ဝဲသြားတာက
သက္ေသခံေနသည္...

ကိုကိုဆိုသူကလည္း ဒါကို သတိထားမိလိုက္သည္...

"ဪ ဟုတ္ပါၿပီ သဲရဲ႕၊ ကိုကိုက စကားအျဖစ္ ဒီလိုပဲ
ေျပာလိုက္တာပါ၊ စိတ္သာခ်၊ ဒီႏွစ္ ခ်စ္သူမ်ားေန႔မွာ
သဲေလးအတြက္ စပ႐ိုက္ျဖစ္ကို ျဖစ္ေစရမယ္၊
ကိုကိုစီစဥ္မယ္"

"တကယ္ေနာ္၊ သဲက လိုခ်င္လို႔ ေျပာတာ မဟုတ္ပါဘူး၊
တန္ဖိုးႀကီးတာေတြလည္း မေမွ်ာ္လင့္ပါဘူး၊ ဒီအတိုင္း
ကိုယ့္ခ်စ္သူဆီက ဂ႐ုစိုက္မႈေလးကိုပဲ လိုခ်င္ရံုပါ"

"အင္းပါ စိတ္ခ်၊ ဒါေပမဲ့ တစ္ခုေတာ့ ရွိတယ္"

ဒီလိုေျပာေတာ့ ၫြန္႔ၫြန္႔စိန္ နည္းနည္းတြန္႔သြားသည္...

"ဘာတစ္ခုရွိတာလည္း ဟင္"

"ကိုကိုက သူမ်ားေတြလို ဟန္ပဲရွိၿပီး အဆံမရွိတဲ့
ေခ်ာကလက္တို႔၊ ပန္းစည္းတို႔၊ အ႐ုပ္တို႔၊ ပို႔စကတ္တို႔
ေတာ့ ေပၚပင္ မေပးခ်င္ဘူး၊ သဲအတြက္လည္း
အရမ္းအသံုးဝင္မယ္၊ အဖတ္လည္းတင္မယ္ဆိုတဲ့
ပစၥည္းမ်ိဳးေတြကိုပဲ ေသခ်ာေရြးၿပီး ေပးခ်င္တယ္"

ေက်နပ္ပီတိျဖာသြားေသာ ၫြန္႔ၫြန္႔စိန္က
အျပံဳးတစ္ပြင့္ကို နႈတ္ခမ္းေထာင့္မွာ ေရးေရးထင္ေစကာ
တစ္ခြန္းတည္းေသာ စကားကို ခပ္ျပတ္ျပတ္ပင္
ေျပာလိုက္သည္ "ကိုကို႔သေဘာ"...

ညက အိပ္ယာဝင္တာ ေစာလို႔လား၊ ခ်စ္သူမ်ားေန႔မို႔လို႔
ရင္အခုန္လြန္ေနတာေၾကာင့္လားေတာ့မသိ၊
မနက္ေစာေစာ ငါးနာရီေလာက္မွာပင္ ၫြန္႔ၫြန္႔စိန္
တစ္ေယာက္ လန္းလန္းဆန္းဆန္းႏိုးၾကားေနသည္...

သိပ္မၾကာလိုက္၊ အိမ္ေရွ႕တံခါးကို ဒုန္းဒုန္းဆိုၿပီး
လာေခါက္သည္၊ လာေခါက္သည့္ အသံျပင္းအားကို
နားေထာင္လိုက္ကတည္းက ဒါသည္ ေယာက္်ား
တစ္ေယာက္မွန္း သိသာသည္...

ဒါဆိုလွ်င္ ေသခ်ာသည္ ကိုကိုမွတပါး အျခားမရွိ...

ကမန္းကတန္း ေျပးထြက္သြားၿပီး တံခါးကို အရွိန္ႏွင့္
ဆြဲဖြင့္လိုက္သည္...

တံခါးဝတြင္ ေယာက္်ားတစ္ေယာက္ ရပ္ေနသည္၊
သို႔ေသာ္...သို႔ေသာ္ ကိုကိုေတာ့မဟုတ္ လမ္းထိပ္က
ဆိုက္ကားဆရာတစ္ေယာက္မွ်သာ...

"အမ ဒီအိတ္ႀကီး ဘယ္နားခ်ေပးရမလဲ"

"ဟမ္ ဒီအိတ္က ဘာႀကီးလဲ"

"ဆန္အိတ္ အမ၊ လူတစ္ေယာက္က ပို႔ခိုင္းလိုက္တာ
အမတို႔အိမ္ကို၊ ကိုကိုပို႔ေပးတဲ့ ပထမဆံုး ခ်စ္သူမ်ားေန႔
လက္ဆာင္လို႔ ေျပာေပးဖို႔ မွာလိုက္ေသးတယ္၊ အမကို
စပ႐ိုက္ေစခ်င္လို႔ ဆိုလား ဘာလားပဲ"

ေျပာရင္းဆိုရင္း ဆိုက္ကားဆရာက တစ္တင္းခြဲဆန္႔
ပုသိမ္ေပၚဆန္ေမႊးရွယ္အိတ္ႀကီးကို မႏိုင့္တႏိုင္ထမ္းရင္း
မီးဖိုခန္းထဲအထိ လိုက္ခ်ေပးသည္...

"ပို႔ခ ဘယ္ေလာက္ေပးရမလဲရွင့္"

"အာ မလိုဘူး မလိုဘူး အမ၊ အဲ့အကို အကုန္
ရွင္းသြားေပးၿပီးသား"

ဒီလိုဆိုေတာ့ ၫြန္႔ၫြန္႔စိန္ခင္ဗ်ာ ဝမ္းသာရမလား၊
ဝမ္းနည္းရမလားပင္မသိ...

ဟင္...ၾကားလို႔မွ ေကာင္းၾကေသးရဲ႕လား၊ မနက္ေစာေစာ
ခ်စ္သူမ်ားေန႔မွာ ကိုယ့္ခ်စ္သူဆီကို ဆိုက္ကားသမားနဲ႔
ေပၚဆန္းေမႊးတစ္အိတ္ပို႔ၿပီး စပ႐ိုက္တဲ့ ခ်စ္သူမ်ိဳး...

ေနလိုက္ဦးေပါ့ ကိုကိုဆိုတဲ့လူ၊ ေတြ႕ေတာ့မွ အတိုးခ်ၿပီး
စိတ္ေကာက္ေပးလိုက္ဦးမယ္လို႔ ၾကံခါရွိေသး...

တံခါးလာေခါက္ျပန္သည္၊ ထြက္ၾကည့္လိုက္ေတာ့
ကိုကိုမဟုတ္ေသးဘဲ မီးေသြးဆိုင္က မူတူးနဲ
ျဖစ္ေနျပန္သည္...

"ဆို မူတူးနဲ ဘာကိစၥလည္း"

"မီးေသြးအိတ္လာပို႔တာ"

"အမ္ မီးေသြးအိတ္၊ ဘယ္သူမွလည္း မွာမထားမိပါဘူး"

"အမဆီကိုေနာ္၊ ကိုကိုဆိုတဲ့သူတစ္ေယာက္ေနာ္၊
မအားပါဘူးဆိုတာကို ကုလားဆိုင္က ရွယ္မီးေသြး
တစ္အိတ္ဝယ္ၿပီး ဆက္ဆက္သြားပို႔ေပးဖို႔ ေျပာတယ္ေနာ္၊
သူကမွာသြားတယ္ေနာ္၊ ဘယ္လင္တိုင္းလက္ေဆာင္
ဆိုလား ဘာဆိုလားပဲေနာ္၊ ကုလားသိေနတယ္ေနာ္၊
အမတို႔ မ႐ိုးဘူးေနာ္"

ဪ သင္းလက္ခ်က္ပဲကိုး၊ ဇာတ္ရည္လည္သြားၿပီ...

"ကဲပါ မူတူးနဲရယ္ ႐ိုးတာေတြ မ႐ိုးတာေတြ လုပ္မေနပါနဲ႔၊
မီးဖိုေခ်ာင္ထဲသာ ဒီအိတ္ႀကီး ပို႔ေပးခဲ့ပါ"

"လာခဲ့ပါေစဦး ကိုကို၊ ဘာစိတ္ကူး၊ ဘာအိုင္ဒီယာနဲ႔မ်ား
ဘယ္လင္တိုင္းေဒးမွာ သူမ်ားေတြလို ႐ိုးမန္႔မလုပ္ဘဲ
ဒါႀကီးေတြ ပို႔ေနရတာလဲ၊ ဟြန္႔" ဆိုၿပီး စိတ္ထဲေန
ေတးထားလိုက္သည္...

ေဟာ ကိုးနာရီေလာက္ေနေတာ့ ေမာင္မင္းႀကီးသား
ေပါက္ခ်လာသည္၊ လက္ကေလး ေနာက္ပစ္လို႔
တစ္ခုခုကို သယ္လာသည္၊ ဘာမွန္းေတာ့မသိ...

"သဲေလး"

"ေျပာ"

"မ်က္စိမွိတ္"

စိတ္ဆိုးေနေပမယ့္ မ်က္စိမွတ္ဆိုေတာ့ ခ်က္ခ်င္းပဲ
မွိတ္ေပးလိုက္သည္၊ ဟုတ္တယ္ေလ၊ ဒီလိုစပ႐ိုက္ဆိုတာ
သူအႏွစ္ႏွစ္ အလလက စိတ္ကူးယဥ္ခဲ့တဲ့
စပ႐ိုက္မ်ိဳးမလား...

စိတ္ထဲထင္ေနမိတာကေတာ့ လက္စြပ္လား၊ အ႐ုပ္လား၊
ပန္းစည္းလား တစ္ခုခုေတာ့ တစ္ခုခုပဲေပါ့...

"လက္ျဖန္႔"

လက္ျဖန္႔ဆိုမွေတာ့ ေသခ်ာေနၿပီ၊ သူေတြးထားတာထဲက
တစ္ခုခုျဖစ္မည္ဆိုတာ...

"ေအာင္မေလး ေသပါၿပီေတာ့"

ကိုယ္ပါ ၫႊတ္က်သြားရင္း ၫြန္႔ၫြန္႔စိန္တစ္ေယာက္
ေအာ္ညည္းမိသည္၊ ဟုတ္ပါသည္၊ လက္ျဖန္႔ဆိုၿပီး
လက္ထဲထည့္ေပးလိုက္တာက သူေမွ်ာ္မွန္းထားသလို
လက္စြပ္မဟုတ္၊ ပန္းစည္းမဟုတ္၊ အ႐ုပ္မဟုတ္...

ဆီပံုးမွ်သာျဖစ္သည္၊ အခ်ိန္တစ္ဆယ္ဆန္႔သည့္
ေျမပဲဆီစစ္စစ္ေတြကို ထည့္ထားေသာ ဆီပံုးသာျဖစ္သည္

"ဒါဘာလုပ္တာလဲ"

"ဆီေလ ဆီ၊ ေျမပဲဆီစစ္စစ္၊
ကိုယ္တိုင္ နယ္ကမွာထားတာ၊ အရမ္းစစ္တယ္
အေရာအေႏွာကင္းတယ္၊ က်န္းမာေရးနဲ႔လည္း ညီတယ္၊
သဲတို႔ တစ္အိမ္သားလံုး သံုးပါလိမ့္၊ ဒါ ကိုကို႔ V-Day
လက္ေဆာင္ စပ႐ိုက္ေလ ဟဲဟဲ"

"ဒီမယ္ ရွင့္ဟာေတြက ရွင့္ခ်စ္သူကို V-Day စပ႐ိုက္
လုပ္ေနတာလား၊ ရွင့္အထက္လူႀကီးကို ဂါေနတာလား
မသဲကြဲဘူးေနာ္၊ မသဲကြဲဘူး၊ ၾကပ္ၾကပ္သတိထား"

"ဪ သဲရယ္၊ တစ္ေန႔ သဲ ကိုကို႔ V-Day စပ႐ိုက္ရဲ႕
တန္ဖိုးေတြကို သိလာမွာပါကြာ"

ဟုတ္ေတာ့လည္းဟုတ္သည္၊ အရည္မရ အဖတ္မရေတြ
မေပးခ်င္ဘူးလို႔ သူေျပာထားတာရွိသည္၊ အခုေနခါေတာ့
ဒါေတြသည္ အနည္းဆံုး အရည္မရေတာင္ အဖတ္ေတာ့
ေသခ်ာေပါက္ရမည္ မဟုတ္ပါလား...

သို႔ေသာ္ ကိုကို႔ေစတနာႏွင့္ ကိုကို႔စပ႐ိုက္ကေတာ့
ေန႔လည္ေရာက္သည့္တိုင္ မကုန္ခမ္းႏိုင္ေသးပါ...

အခုပဲၾကည့္ေလ၊ ၫြန္႔ၫြန္႔စိန္ကို ကိုကိုက သူ႔ကားေပၚ
ေခၚတင္ၿပီး တစ္ေနရာသို႔ ေမာင္းေနသည္...

ေခၚတင္တာေတာင္ ဒီအတိုင္း ေခၚတင္သြားတာမဟုတ္
မ်က္စိကို အဝတ္ႏွင့္ ႐ိုးမန္႔ဆန္ဆန္စည္းထားေသးသည္၊
ဘယ္ကိုေခၚသြားမယ္ဆိုတာ စပ႐ိုက္ေစခ်င္လို႔တဲ့...

ဘယ္ကိုေမာင္းေနတာလဲေတာ့ ၫြန္႔ၫြန္႔စိန္မသိ၊
သို႔ေသာ္ ဘာညာဘာညာ ေနရာမဟုတ္တာေတာ့
သိသည္၊ ကိုကိုက အဲ့လိုလူစားမဟုတ္...

"ကဲ ေရာက္ၿပီး ဖြင့္ၾကည့္လိုက္ေတာ့" ဆိုတဲ့
အသံၾကားေတာ့ ပိတ္ထားတဲ့ အဝတ္စကို
ဖြင့္ၾကည့္လိုက္သည္၊ သို႔ေသာ္ ဖြင့္မၾကည့္ခင္မွာပင္
သဲလုပ္သူ ႏွာေခါင္းထဲသို႔ ၫွီနံ႔တစ္ခုက ေထာင္းကနဲ
ဝင္လာသည္၊ မေသခ်ာလို႔ မ်က္လံုးကို ပြတ္ၾကည့္သည္...

ၾကည့္ျမင္တိုင္ စံျပ ငါးေစ်း...

ဆိုင္းဘုတ္ႀကီးက ျပဴးတူးၿပဲတဲႏွင့္ စိုက္ၾကည့္ေနသည္...

"ကဲ ဆင္း၊ ငါးသေလာက္ေတြ သြားဝယ္ရေအာင္"

အခုခ်ိန္မွာ ေျပာစရာစကားဟူ၍ ၫြန္႔ၫြန္႔စိန္ထံတြင္ မရွိ..

အူလည္လည္ႏွင့္ ကိုကိုေခၚရာေနာက္သို႔သာ
ႏွာေခါင္းကေလး အသာပိတ္ၿပီး ပါသြားသည္...

သဲသိပ္ႀကိဳက္တဲ့ ငါးသေလာက္ေပါင္းအတြက္
အခုလို V-Day မွာ စံျပငါးေစ်းအထိ ေခၚခ်လာကာ
အင္မတန္လတ္ဆတ္ေနတဲ့ ငါးသေလာက္ႀကီးေတြကို
ကိုယ္တိုင္ေသခ်ာေရြးဝယ္ၿပီး စပ႐ိုက္လုပ္ေပးႏိုင္တဲ့
ခ်စ္သူမ်ိဳးဆိုတာ ကိုကိုမွတပါး အျခားမရွိ...

ေက်နပ္သည္၊ တကယ္ေတာ့ ေက်နပ္တာထက္ပင္
ပိုသည္၊ ေက်းဇူးလည္းတင္သည္...

ျဖစ္ႏိုင္လွ်င္ ငါးသေလာက္ႀကီးေတြကို ပန္းစည္းအမွတ္ႏွင့္
နႈတ္ခမ္းေလးေထာ္နမ္းျပၿပီး စဖီပင္ ဆြဲလိုက္ခ်င္သည္...

ဒါနဲ႔ ငါးသေလာက္ႀကီးေတြကို ေရခဲ႐ိုက္၊ ကားေပၚတင္၊
ၿပီးေတာ့ မျပန္ေသး၊ ေညာင္ပင္ေလးေစ်းႏွင့္
သီရိမဂၤလာေစ်းသို႔ ဝင္ေသးသည္...

ပန္းေတြ ဝယ္ေပးသည္၊ ဘုရားတင္ဖို႔ ဆိုၿပီး
ေအာင္သေျပႏွင့္ ဂႏၶာမာပန္းေတြ ဝယ္ေပးသည္
ပန္းစည္းေတာ့ ဘယ္ေနမွန္းမသိ၊ ေနာက္ေတာ့
Broccoli ဟုေခၚေသာ အစိမ္းေရာင္ ေဂၚဖီပန္းပြင့္
ဝယ္ေပးသည္...

လတ္လတ္ဆတ္ဆတ္ေၾကာ္စားလွ်င္ အင္မတန္မွကို
အရသာရွိသည္တဲ့၊ ကိုယ္ေတာင္ သြားရည္က်မိသည္...

ျပန္လာေတာ့ ၫြန္႔ၫြန္႔စိန္ကို V-Day စပ႐ိုက္ဆိုၿပီး
ေခၚသြားတဲ့ ကိုကို႔ကားေပၚမွာ V-Day လက္ေဆာင္ေတြ
ျမင္မေကာင္းေလာက္ေအာင္ပါလာသည္...

ငါးသေလာက္ပါသည္၊ ေဂၚဖီပန္းပြင့္ပါသည္၊
ဆန္၊ ဆီ၊ ဆား၊ င႐ုတ္၊ ၾကက္သြန္၊ အာလူး၊ ငါးပိပါသည္၊
နႏြင္းမႈန္႔ပါသည္၊ အေရာင္တင္ပါသည္၊ အခ်ိဳမႈန႔္ပါသည္...

ပုဇြန္ေျခာက္ပါသည္၊ ငံျပာရည္ပါသည္၊ ပဲငါးပိပါသည္၊
မဆလာပါသည္၊ င႐ုတ္ေကာင္းပါသည္၊ ၾကာညိဳ႕ပါသည္၊
ခ႐ုဆီပါသည္၊ ၾကက္သြန္အျဖဴ၊ အနီ၊ ခ်င္း အကုန္ပါသည္

ငါးေျခာက္ေတြလည္း ပါသည္၊ ငါးရံ႕ေျခာက္ႀကီးေတြဆို
ကားကားႀကီးေတြျဖစ္သည္၊ ၾကာဇံထုပ္တို႔၊ ေကာ္ဖီမစ္တို႔
ဖာလိုက္ဝယ္ေပးသည္၊ V-Day လက္ေဆာင္ေတြတဲ့...

မသိလွ်င္ ၫြန္႔ၫြန္႔စိန္တစ္ေယာက္ V-Day လက္ေဆာင္
ရလာသည္ႏွင့္မတူ၊ စစ္ျဖစ္ၿပီး ကမာၻပ်က္ေတာ့မွာမို႔လို႔
စားနပ္ရိကၡာေတြ ဖူလံုေအာင္ ဝယ္ျခမ္းထားသည္ႏွင့္ပင္
တူေနေသးေတာ့သည္...

မွတ္မိေသးသည္၊ အဲ့ဒီေန႔က ၫြန္႔ၫြန္႔စိန္တစ္ေယာက္
သူ႔ကိုကို ခ်စ္သူမ်ားေန႔လက္ေဆာင္အျဖစ္ေပးေသာ
ဆန္ေတြ၊ ဆီေတြ၊ ငါးသေလာက္ေတြ၊ ပန္းေဂၚဖီေတြႏွင့္
ထမင္းစားေတာ့ အေတာ္ၿမိန္ခဲ့သည္...

သူမ်ားတကာ အတြဲေတြ စပ႐ိုက္လုပ္၊ ႐ိုးမန္႔လုပ္ၿပီး
ခ်စ္သူမ်ားေန႔မွာ ေပ်ာ္ၾကတဲ့အခါ ၫြန္႔ၫြန္႔စိန္ေလာက္မွ
ထမင္းစားေကာင္းၾကပါ့မလား...

အခုလိုက်ေတာ့လည္း ဘာပဲျဖစ္ျဖစ္ သူ၏ တခ်ိန္က
ကိုကို၊ အခုေတာ့ ဘယ္ေရာက္လို႔ ဘယ္ေပါက္ေနမွန္း
မသိေတာ့တဲ့ကိုကိုက ေက်းဇူးတင္စရာ အေကာင္းသား...

သူကိုယ္တိုင္ ၾကံဳခဲ့ဖူးေသာ V-Day စပ႐ိုက္အေၾကာင္းကို
ျပန္ေတြးရင္ ၫြန္႔ၫြန္႔စိန္တစ္ေယာက္ ရည္းစားဦးကိုပင္
လြမ္းမိသလိုလို အေဆြးဓာတ္က ပ်ံ႕ႏွံ႕လာသည္...

သို႔ေသာ္...

တခ်ိန္က သဲ တျဖစ္လဲ အခု ၫြန္႔ၫြန္႔စိန္တစ္ေယာက္
ရည္းစားေဟာင္းရဲ႕ဘယ္လင္တိုင္းအထိမ္းအမွတ္ထဲ
စီးေမ်ာမိတုန္းမွာပင္ မီးဖိုေခ်ာင္ထဲက အေမ့အသံက
သူ႔အာရံုကို ဖ်က္ဆီးပစ္လိုက္သည္...

"ၫြန္႔ၫြန္႔စိန္ ဒီမွာ ထမင္းခ်က္ေနရင္းတန္းလန္း
မီးပ်က္သြားလို႔ အေမ့ကို မီးလာေမႊးေပးဦး"

"ဟုတ္ ဟုတ္ အေမလာၿပီ" ဟုဆိုကာ

ပစၥဳပၸန္ေလာကထဲသို႔ အသိက ျပန္ဝင္လာသည္...

ၿပီးေနာက္ မီးဖိုေခ်ာင္ထဲသို႔ သြားရင္း တခ်က္ကေလး
ျပံဳးကာ မ်က္ႏွာပိုးသတ္ၿပီး ဝင္သြားေတာ့သည္...

Wai Phyo Maung
=============
Unicode>>>
<< ညွန့်ညွန့်စိန်ရဲ့ Happy Valentine's Day >>

ပြက္ခဒိန်ကို ရုတ်တရက် တွေ့တော့မှ ညွန့်ညွန့်စိန်ခင်ဗျာ
နေ့ရက်တွေကို သေချာကြည့်မိသည်...

"ဪ ဘာလိုလိုနဲ့ V-Day, V-Day ဆိုပြီး
နာမည်ကြီးနေတဲ့ Valentine's Day ကြီးတောင်
ရောက်လာတော့မှာပါပေါ့လား"

မှန်ပါသည်၊ ညွန့်ညွန့်စိန်လို စင်ဂယ်နှင့် V-Day ဆိုသော
ချစ်သူများနေ့သည် လားလားမှ မသက်ဆိုင်...

သို့သော် တချိန်ကတော့ သက်ဆိုင်ခဲ့သည်၊ မည်သည့်
အတွက်ကြောင့် သက်ဆိုင်ခဲ့သည်ဆိုသည်မှာလည်း
ရှင်းရှင်းလေးပင်ဖြစ်သည်...

အဘယ့်ကြောင့်ဆိုသော် ညွန့်ညွန့်စိန်သည်လည်း
အသဲနှလုံးနှင့် ရှင်သန်ကြီးပြင်းနေသော လူစင်စစ်ပင်
ဖြစ်နေသည် မဟုတ်ပါလား...

"အချိန်တွေကုန်တာ မြန်လိုက်တာနော်၊ ဘာလိုလိုနဲ့
အရာအားလုံးဟာ မနေ့တနေ့ကလိုပါပဲလား" ဟု
စိတ်ထဲရေရွတ်မိရင်း ညွန့်ညွန့်စိန်၏ အကြည့်တစ်ချက်က
အဝေးတစ်နေရာသို့ ရောက်သွားသည်...

အင်း ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာဆိုတာ
ဒါမျိုးထင်ပါရဲ့...

"ကိုကို"

ခေါ်သာခေါ်ရသည်၊ ကိုကိုဆိုသူ သကောင့်သားက
အဖက်မလုပ်ဘဲ ဘောလုံးဂျာနယ်ကိုသာ သဲကြီးမဲကြီး
ဖတ်နေသည်၊ ညွန့်ညွန့်စိန် စိတ်မရှည်ချင်တော့...

"ကိုကိုလို့"

"ဗျာ" မထူးချင် ထူးချင် အသံပျင်းတွဲကြီးနှင့် ဖြေသည်...

"ကြည့်...ဖြေတဲ့အသံကိုက စိတ်မပါမှန်းသိသာတယ်၊
ပြော...ကိုကို သဲကို မချစ်တော့ဘူးမလားလို့"

"ဪ သဲကလည်းကွာ၊ အဲ့လိုမဟုတ်ပါဘူး၊ ဒီအပတ်
မန်ယူ-အာကြီးပွဲရှိလို့ အဲ့ပွဲထဲ စိတ်ရောက်နေလို့ပါကွ"

"ဟွန့်...သူ့ပြောလိုက်ရင် အဲ့အတိုင်းကြီးပဲ၊ နေ နေ
အဲ့မှာ အဲ့ဘောသမားတွေနဲ့သာ တူတူသွားနေ၊
သဲကိုလည်း မချစ်နဲ့၊ အဖက်လည်း မလုပ်နဲ့၊
အဲ့ဘောသမားတွေကိုသာ သွားချစ်၊ သူတို့ကိုသာ
သွားလက်ထပ်၊ သူတို့နဲ့ပဲ ကလေးမွေး၊ ဟွန့်
ကြည့်လို့ကို မရဘူး"

"ဪ သဲလေးကလည်း စိတ်မကောက်ပါနဲ့ကွာ၊
သဲစိတ်ကောက်တော့ ကိုကိုက ဘယ်နေတတ်မလဲကွ၊
ပြော သဲလေးဘာပြောစရာရှိလို့လဲ" ဆိုပြီး
ကိုကိုဆိုသူက ညွန့်ညွန့်စိန်၏ ပါးနှစ်ဖက်ကို
အသာလေးဆွဲညှစ်ပြီး ချော့သည်...

ထိုအခါကျမှ သဲဆိုသော နာမ်စားနှင့် ညွန့်ညွန့်စိန်က
မျက်စောင်းတချက်လှမ်းခဲ၊ နှုတ်ခမ်းကို ဆူကာ
ပျစ်ချွဲချွဲအသံနှင့်...

"Valentine's Day ရောက်တော့မှာ သိရဲ့လား"

"ဘာ ဘာဒေး"

"ဟာ ကြည့် Valentine's Day, Valentine's Day"

"ဪ ဘယ်လင်တိုင်းဒေး၊ အင်း အင်း သိပြီ၊ အဲ့ဒါ
ဘာဖြစ်လဲ"

"အဲ့ဒါ ရှိတယ်လို့၊ အဲ့နေ့ကျရင် ကိုကိုက သဲကို
ဘယ်လို surprise လုပ်မှာလဲလို့ သဲကသိချင်နေတာ"

"ဟမ် စပရိုက်၊ ဘာလုပ်ဖို့လဲ အဲ့ဒီစပရိုက်က"

ကိုကိုဆိုသူက တကယ်မသိတာလား၊ မသိချင်ယောင်
ဆောင်နေတာလားတော့ ညွန့်ညွန့်စိန် မသိ...

"ဒီလိုလေ ကိုကိုရဲ့၊ ချစ်သူများနေ့ရောက်ပြီဆိုရင်
စုံတွဲတွေက သူတို့ချစ်သူတွေကို လက်ဆောင်လေးတွေနဲ့
အံ့သြသွားအောင် လုပ်ကြတာကို ပြောတာလေ၊
ချောကလက်တွေ ပို့ပေးတာတို့၊ ပန်းစည်းတွေ
လက်ဆောင်ယူလာတာတို့၊ အရုပ်ကြီးတွေကို
အိမ်ရှေ့မှာ ချသွားတာတို့၊ ပို့စကတ်တွေမှာ
ရိုးမန့်စ်တွေရေးပြီး ကာယကံရှင်မသိအောင် ရုတ်တရက်
လာပို့သွားတာတို့ပေါ့ ကိုကိုရဲ့"

ပြောရင်းပြောရင်း ညွန့်ညွန့်စိန်တစ်ယောက်
မောပင်လာသည်...

"ဪ အရည်မရ အဖတ်မရ ကလေးကလား
အလုပ်တွေပါကွာ၊ ဘယ့်နှယ့် အားအားယားယား"

"ဪ အဲ့လိုတော့ မပြောပါနဲ့ ကိုကိုရဲ့၊ ချစ်သူများနေ့မှာ
ချစ်သူရှိတဲ့မိန်းမသားတစ်ယောက်အနေနဲ့ကတော့
ဘာပဲဖြစ်ဖြစ် သူ့ရည်းစားဆီက လက်ဆောင်လေးကို
စပရိုက်ဆန်ဆန်၊ ရိုးမန့်ဆန်ဆန် လိုချင်တာပဲလေ၊
အဲ့ဒါအပြစ်လား၊ အရည်မရ အဖတ်မရလား ပြော"

မုအပြည့်နှင့် ပြောသွားမှန်းသိသာကြောင်း ညွန့်ညွန့်စိန်၏
မျက်လုံးထဲမှာ မျက်ရည်လေးတွေ ဝဲသွားတာက
သက်သေခံနေသည်...

ကိုကိုဆိုသူကလည်း ဒါကို သတိထားမိလိုက်သည်...

"ဪ ဟုတ်ပါပြီ သဲရဲ့၊ ကိုကိုက စကားအဖြစ် ဒီလိုပဲ
ပြောလိုက်တာပါ၊ စိတ်သာချ၊ ဒီနှစ် ချစ်သူများနေ့မှာ
သဲလေးအတွက် စပရိုက်ဖြစ်ကို ဖြစ်စေရမယ်၊
ကိုကိုစီစဉ်မယ်"

"တကယ်နော်၊ သဲက လိုချင်လို့ ပြောတာ မဟုတ်ပါဘူး၊
တန်ဖိုးကြီးတာတွေလည်း မမျှော်လင့်ပါဘူး၊ ဒီအတိုင်း
ကိုယ့်ချစ်သူဆီက ဂရုစိုက်မှုလေးကိုပဲ လိုချင်ရုံပါ"

"အင်းပါ စိတ်ချ၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်"

ဒီလိုပြောတော့ ညွန့်ညွန့်စိန် နည်းနည်းတွန့်သွားသည်...

"ဘာတစ်ခုရှိတာလည်း ဟင်"

"ကိုကိုက သူများတွေလို ဟန်ပဲရှိပြီး အဆံမရှိတဲ့
ချောကလက်တို့၊ ပန်းစည်းတို့၊ အရုပ်တို့၊ ပို့စကတ်တို့
တော့ ပေါ်ပင် မပေးချင်ဘူး၊ သဲအတွက်လည်း
အရမ်းအသုံးဝင်မယ်၊ အဖတ်လည်းတင်မယ်ဆိုတဲ့
ပစ္စည်းမျိုးတွေကိုပဲ သေချာရွေးပြီး ပေးချင်တယ်"

ကျေနပ်ပီတိဖြာသွားသော ညွန့်ညွန့်စိန်က
အပြုံးတစ်ပွင့်ကို နှုတ်ခမ်းထောင့်မှာ ရေးရေးထင်စေကာ
တစ်ခွန်းတည်းသော စကားကို ခပ်ပြတ်ပြတ်ပင်
ပြောလိုက်သည် "ကိုကို့သဘော"...

ညက အိပ်ယာဝင်တာ စောလို့လား၊ ချစ်သူများနေ့မို့လို့
ရင်အခုန်လွန်နေတာကြောင့်လားတော့မသိ၊
မနက်စောစော ငါးနာရီလောက်မှာပင် ညွန့်ညွန့်စိန်
တစ်ယောက် လန်းလန်းဆန်းဆန်းနိုးကြားနေသည်...

သိပ်မကြာလိုက်၊ အိမ်ရှေ့တံခါးကို ဒုန်းဒုန်းဆိုပြီး
လာခေါက်သည်၊ လာခေါက်သည့် အသံပြင်းအားကို
နားထောင်လိုက်ကတည်းက ဒါသည် ယောက်ျား
တစ်ယောက်မှန်း သိသာသည်...

ဒါဆိုလျှင် သေချာသည် ကိုကိုမှတပါး အခြားမရှိ...

ကမန်းကတန်း ပြေးထွက်သွားပြီး တံခါးကို အရှိန်နှင့်
ဆွဲဖွင့်လိုက်သည်...

တံခါးဝတွင် ယောက်ျားတစ်ယောက် ရပ်နေသည်၊
သို့သော်...သို့သော် ကိုကိုတော့မဟုတ် လမ်းထိပ်က
ဆိုက်ကားဆရာတစ်ယောက်မျှသာ...

"အမ ဒီအိတ်ကြီး ဘယ်နားချပေးရမလဲ"

"ဟမ် ဒီအိတ်က ဘာကြီးလဲ"

"ဆန်အိတ် အမ၊ လူတစ်ယောက်က ပို့ခိုင်းလိုက်တာ
အမတို့အိမ်ကို၊ ကိုကိုပို့ပေးတဲ့ ပထမဆုံး ချစ်သူများနေ့
လက်ဆာင်လို့ ပြောပေးဖို့ မှာလိုက်သေးတယ်၊ အမကို
စပရိုက်စေချင်လို့ ဆိုလား ဘာလားပဲ"

ပြောရင်းဆိုရင်း ဆိုက်ကားဆရာက တစ်တင်းခွဲဆန့်
ပုသိမ်ပေါ်ဆန်မွှေးရှယ်အိတ်ကြီးကို မနိုင့်တနိုင်ထမ်းရင်း
မီးဖိုခန်းထဲအထိ လိုက်ချပေးသည်...

"ပို့ခ ဘယ်လောက်ပေးရမလဲရှင့်"

"အာ မလိုဘူး မလိုဘူး အမ၊ အဲ့အကို အကုန်
ရှင်းသွားပေးပြီးသား"

ဒီလိုဆိုတော့ ညွန့်ညွန့်စိန်ခင်ဗျာ ဝမ်းသာရမလား၊
ဝမ်းနည်းရမလားပင်မသိ...

ဟင်...ကြားလို့မှ ကောင်းကြသေးရဲ့လား၊ မနက်စောစော
ချစ်သူများနေ့မှာ ကိုယ့်ချစ်သူဆီကို ဆိုက်ကားသမားနဲ့
ပေါ်ဆန်းမွှေးတစ်အိတ်ပို့ပြီး စပရိုက်တဲ့ ချစ်သူမျိုး...

နေလိုက်ဦးပေါ့ ကိုကိုဆိုတဲ့လူ၊ တွေ့တော့မှ အတိုးချပြီး
စိတ်ကောက်ပေးလိုက်ဦးမယ်လို့ ကြံခါရှိသေး...

တံခါးလာခေါက်ပြန်သည်၊ ထွက်ကြည့်လိုက်တော့
ကိုကိုမဟုတ်သေးဘဲ မီးသွေးဆိုင်က မူတူးနဲ
ဖြစ်နေပြန်သည်...

"ဆို မူတူးနဲ ဘာကိစ္စလည်း"

"မီးသွေးအိတ်လာပို့တာ"

"အမ် မီးသွေးအိတ်၊ ဘယ်သူမှလည်း မှာမထားမိပါဘူး"

"အမဆီကိုနော်၊ ကိုကိုဆိုတဲ့သူတစ်ယောက်နော်၊
မအားပါဘူးဆိုတာကို ကုလားဆိုင်က ရှယ်မီးသွေး
တစ်အိတ်ဝယ်ပြီး ဆက်ဆက်သွားပို့ပေးဖို့ ပြောတယ်နော်၊
သူကမှာသွားတယ်နော်၊ ဘယ်လင်တိုင်းလက်ဆောင်
ဆိုလား ဘာဆိုလားပဲနော်၊ ကုလားသိနေတယ်နော်၊
အမတို့ မရိုးဘူးနော်"

ဪ သင်းလက်ချက်ပဲကိုး၊ ဇာတ်ရည်လည်သွားပြီ...

"ကဲပါ မူတူးနဲရယ် ရိုးတာတွေ မရိုးတာတွေ လုပ်မနေပါနဲ့၊
မီးဖိုချောင်ထဲသာ ဒီအိတ်ကြီး ပို့ပေးခဲ့ပါ"

"လာခဲ့ပါစေဦး ကိုကို၊ ဘာစိတ်ကူး၊ ဘာအိုင်ဒီယာနဲ့များ
ဘယ်လင်တိုင်းဒေးမှာ သူများတွေလို ရိုးမန့်မလုပ်ဘဲ
ဒါကြီးတွေ ပို့နေရတာလဲ၊ ဟွန့်" ဆိုပြီး စိတ်ထဲနေ
တေးထားလိုက်သည်...

ဟော ကိုးနာရီလောက်နေတော့ မောင်မင်းကြီးသား
ပေါက်ချလာသည်၊ လက်ကလေး နောက်ပစ်လို့
တစ်ခုခုကို သယ်လာသည်၊ ဘာမှန်းတော့မသိ...

"သဲလေး"

"ပြော"

"မျက်စိမှိတ်"

စိတ်ဆိုးနေပေမယ့် မျက်စိမှတ်ဆိုတော့ ချက်ချင်းပဲ
မှိတ်ပေးလိုက်သည်၊ ဟုတ်တယ်လေ၊ ဒီလိုစပရိုက်ဆိုတာ
သူအနှစ်နှစ် အလလက စိတ်ကူးယဉ်ခဲ့တဲ့
စပရိုက်မျိုးမလား...

စိတ်ထဲထင်နေမိတာကတော့ လက်စွပ်လား၊ အရုပ်လား၊
ပန်းစည်းလား တစ်ခုခုတော့ တစ်ခုခုပဲပေါ့...

"လက်ဖြန့်"

လက်ဖြန့်ဆိုမှတော့ သေချာနေပြီ၊ သူတွေးထားတာထဲက
တစ်ခုခုဖြစ်မည်ဆိုတာ...

"အောင်မလေး သေပါပြီတော့"

ကိုယ်ပါ ညွှတ်ကျသွားရင်း ညွန့်ညွန့်စိန်တစ်ယောက်
အော်ညည်းမိသည်၊ ဟုတ်ပါသည်၊ လက်ဖြန့်ဆိုပြီး
လက်ထဲထည့်ပေးလိုက်တာက သူမျှော်မှန်းထားသလို
လက်စွပ်မဟုတ်၊ ပန်းစည်းမဟုတ်၊ အရုပ်မဟုတ်...

ဆီပုံးမျှသာဖြစ်သည်၊ အချိန်တစ်ဆယ်ဆန့်သည့်
မြေပဲဆီစစ်စစ်တွေကို ထည့်ထားသော ဆီပုံးသာဖြစ်သည်

"ဒါဘာလုပ်တာလဲ"

"ဆီလေ ဆီ၊ မြေပဲဆီစစ်စစ်၊
ကိုယ်တိုင် နယ်ကမှာထားတာ၊ အရမ်းစစ်တယ်
အရောအနှောကင်းတယ်၊ ကျန်းမာရေးနဲ့လည်း ညီတယ်၊
သဲတို့ တစ်အိမ်သားလုံး သုံးပါလိမ့်၊ ဒါ ကိုကို့ V-Day
လက်ဆောင် စပရိုက်လေ ဟဲဟဲ"

"ဒီမယ် ရှင့်ဟာတွေက ရှင့်ချစ်သူကို V-Day စပရိုက်
လုပ်နေတာလား၊ ရှင့်အထက်လူကြီးကို ဂါနေတာလား
မသဲကွဲဘူးနော်၊ မသဲကွဲဘူး၊ ကြပ်ကြပ်သတိထား"

"ဪ သဲရယ်၊ တစ်နေ့ သဲ ကိုကို့ V-Day စပရိုက်ရဲ့
တန်ဖိုးတွေကို သိလာမှာပါကွာ"

ဟုတ်တော့လည်းဟုတ်သည်၊ အရည်မရ အဖတ်မရတွေ
မပေးချင်ဘူးလို့ သူပြောထားတာရှိသည်၊ အခုနေခါတော့
ဒါတွေသည် အနည်းဆုံး အရည်မရတောင် အဖတ်တော့
သေချာပေါက်ရမည် မဟုတ်ပါလား...

သို့သော် ကိုကို့စေတနာနှင့် ကိုကို့စပရိုက်ကတော့
နေ့လည်ရောက်သည့်တိုင် မကုန်ခမ်းနိုင်သေးပါ...

အခုပဲကြည့်လေ၊ ညွန့်ညွန့်စိန်ကို ကိုကိုက သူ့ကားပေါ်
ခေါ်တင်ပြီး တစ်နေရာသို့ မောင်းနေသည်...

ခေါ်တင်တာတောင် ဒီအတိုင်း ခေါ်တင်သွားတာမဟုတ်
မျက်စိကို အဝတ်နှင့် ရိုးမန့်ဆန်ဆန်စည်းထားသေးသည်၊
ဘယ်ကိုခေါ်သွားမယ်ဆိုတာ စပရိုက်စေချင်လို့တဲ့...

ဘယ်ကိုမောင်းနေတာလဲတော့ ညွန့်ညွန့်စိန်မသိ၊
သို့သော် ဘာညာဘာညာ နေရာမဟုတ်တာတော့
သိသည်၊ ကိုကိုက အဲ့လိုလူစားမဟုတ်...

"ကဲ ရောက်ပြီး ဖွင့်ကြည့်လိုက်တော့" ဆိုတဲ့
အသံကြားတော့ ပိတ်ထားတဲ့ အဝတ်စကို
ဖွင့်ကြည့်လိုက်သည်၊ သို့သော် ဖွင့်မကြည့်ခင်မှာပင်
သဲလုပ်သူ နှာခေါင်းထဲသို့ ညှီနံ့တစ်ခုက ထောင်းကနဲ
ဝင်လာသည်၊ မသေချာလို့ မျက်လုံးကို ပွတ်ကြည့်သည်...

ကြည့်မြင်တိုင် စံပြ ငါးစျေး...

ဆိုင်းဘုတ်ကြီးက ပြူးတူးပြဲတဲနှင့် စိုက်ကြည့်နေသည်...

"ကဲ ဆင်း၊ ငါးသလောက်တွေ သွားဝယ်ရအောင်"

အခုချိန်မှာ ပြောစရာစကားဟူ၍ ညွန့်ညွန့်စိန်ထံတွင် မရှိ..

အူလည်လည်နှင့် ကိုကိုခေါ်ရာနောက်သို့သာ
နှာခေါင်းကလေး အသာပိတ်ပြီး ပါသွားသည်...

သဲသိပ်ကြိုက်တဲ့ ငါးသလောက်ပေါင်းအတွက်
အခုလို V-Day မှာ စံပြငါးစျေးအထိ ခေါ်ချလာကာ
အင်မတန်လတ်ဆတ်နေတဲ့ ငါးသလောက်ကြီးတွေကို
ကိုယ်တိုင်သေချာရွေးဝယ်ပြီး စပရိုက်လုပ်ပေးနိုင်တဲ့
ချစ်သူမျိုးဆိုတာ ကိုကိုမှတပါး အခြားမရှိ...

ကျေနပ်သည်၊ တကယ်တော့ ကျေနပ်တာထက်ပင်
ပိုသည်၊ ကျေးဇူးလည်းတင်သည်...

ဖြစ်နိုင်လျှင် ငါးသလောက်ကြီးတွေကို ပန်းစည်းအမှတ်နှင့်
နှုတ်ခမ်းလေးထော်နမ်းပြပြီး စဖီပင် ဆွဲလိုက်ချင်သည်...

ဒါနဲ့ ငါးသလောက်ကြီးတွေကို ရေခဲရိုက်၊ ကားပေါ်တင်၊
ပြီးတော့ မပြန်သေး၊ ညောင်ပင်လေးစျေးနှင့်
သီရိမင်္ဂလာစျေးသို့ ဝင်သေးသည်...

ပန်းတွေ ဝယ်ပေးသည်၊ ဘုရားတင်ဖို့ ဆိုပြီး
အောင်သပြေနှင့် ဂန္ဓာမာပန်းတွေ ဝယ်ပေးသည်
ပန်းစည်းတော့ ဘယ်နေမှန်းမသိ၊ နောက်တော့
Broccoli ဟုခေါ်သော အစိမ်းရောင် ဂေါ်ဖီပန်းပွင့်
ဝယ်ပေးသည်...

လတ်လတ်ဆတ်ဆတ်ကြော်စားလျှင် အင်မတန်မှကို
အရသာရှိသည်တဲ့၊ ကိုယ်တောင် သွားရည်ကျမိသည်...

ပြန်လာတော့ ညွန့်ညွန့်စိန်ကို V-Day စပရိုက်ဆိုပြီး
ခေါ်သွားတဲ့ ကိုကို့ကားပေါ်မှာ V-Day လက်ဆောင်တွေ
မြင်မကောင်းလောက်အောင်ပါလာသည်...

ငါးသလောက်ပါသည်၊ ဂေါ်ဖီပန်းပွင့်ပါသည်၊
ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ငါးပိပါသည်၊
နနွင်းမှုန့်ပါသည်၊ အရောင်တင်ပါသည်၊ အချိုမှုန့်ပါသည်...

ပုဇွန်ခြောက်ပါသည်၊ ငံပြာရည်ပါသည်၊ ပဲငါးပိပါသည်၊
မဆလာပါသည်၊ ငရုတ်ကောင်းပါသည်၊ ကြာညို့ပါသည်၊
ခရုဆီပါသည်၊ ကြက်သွန်အဖြူ၊ အနီ၊ ချင်း အကုန်ပါသည်

ငါးခြောက်တွေလည်း ပါသည်၊ ငါးရံ့ခြောက်ကြီးတွေဆို
ကားကားကြီးတွေဖြစ်သည်၊ ကြာဇံထုပ်တို့၊ ကော်ဖီမစ်တို့
ဖာလိုက်ဝယ်ပေးသည်၊ V-Day လက်ဆောင်တွေတဲ့...

မသိလျှင် ညွန့်ညွန့်စိန်တစ်ယောက် V-Day လက်ဆောင်
ရလာသည်နှင့်မတူ၊ စစ်ဖြစ်ပြီး ကမ္ဘာပျက်တော့မှာမို့လို့
စားနပ်ရိက္ခာတွေ ဖူလုံအောင် ဝယ်ခြမ်းထားသည်နှင့်ပင်
တူနေသေးတော့သည်...

မှတ်မိသေးသည်၊ အဲ့ဒီနေ့က ညွန့်ညွန့်စိန်တစ်ယောက်
သူ့ကိုကို ချစ်သူများနေ့လက်ဆောင်အဖြစ်ပေးသော
ဆန်တွေ၊ ဆီတွေ၊ ငါးသလောက်တွေ၊ ပန်းဂေါ်ဖီတွေနှင့်
ထမင်းစားတော့ အတော်မြိန်ခဲ့သည်...

သူများတကာ အတွဲတွေ စပရိုက်လုပ်၊ ရိုးမန့်လုပ်ပြီး
ချစ်သူများနေ့မှာ ပျော်ကြတဲ့အခါ ညွန့်ညွန့်စိန်လောက်မှ
ထမင်းစားကောင်းကြပါ့မလား...

အခုလိုကျတော့လည်း ဘာပဲဖြစ်ဖြစ် သူ၏ တချိန်က
ကိုကို၊ အခုတော့ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း
မသိတော့တဲ့ကိုကိုက ကျေးဇူးတင်စရာ အကောင်းသား...

သူကိုယ်တိုင် ကြုံခဲ့ဖူးသော V-Day စပရိုက်အကြောင်းကို
ပြန်တွေးရင် ညွန့်ညွန့်စိန်တစ်ယောက် ရည်းစားဦးကိုပင်
လွမ်းမိသလိုလို အဆွေးဓာတ်က ပျံ့နှံ့လာသည်...

သို့သော်...

တချိန်က သဲ တဖြစ်လဲ အခု ညွန့်ညွန့်စိန်တစ်ယောက်
ရည်းစားဟောင်းရဲ့ဘယ်လင်တိုင်းအထိမ်းအမှတ်ထဲ
စီးမျောမိတုန်းမှာပင် မီးဖိုချောင်ထဲက အမေ့အသံက
သူ့အာရုံကို ဖျက်ဆီးပစ်လိုက်သည်...

"ညွန့်ညွန့်စိန် ဒီမှာ ထမင်းချက်နေရင်းတန်းလန်း
မီးပျက်သွားလို့ အမေ့ကို မီးလာမွှေးပေးဦး"

"ဟုတ် ဟုတ် အမေလာပြီ" ဟုဆိုကာ

ပစ္စုပ္ပန်လောကထဲသို့ အသိက ပြန်ဝင်လာသည်...

ပြီးနောက် မီးဖိုချောင်ထဲသို့ သွားရင်း တချက်ကလေး
ပြုံးကာ မျက်နှာပိုးသတ်ပြီး ဝင်သွားတော့သည်...

Wai Phyo Maung

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...