======

မရည္ရြယ္ပဲကိုယ္၀န္ရရွိျခင္းကို လံုး၀လက္မခံႏုိင္ေသာသူမ်ားအတြက္ ထိေရာက္မႈ အရွိဆံုး သေႏၶတားနည္းလမ္း ...!

သေႏၶတားျခင္း နည္းလမ္းေပါင္း မ်ားစြာရွိပါသည္။ မည္သည့္နည္းလမ္းျဖင့္ သေႏၶတားမည္ကို ဆံုးျဖတ္ေသာ အခါ မိမိ၏ က်န္းမာေရး အေျခအေန၊ လိင္ဆက္ဆံသည့္ အႀကိမ္ေရႏွင့္ ကေလးလိုခ်င္စိတ္ရွိ/မရွိ စသည့္ အခ်က္ ေျမာက္ျမားစြာေပၚ မူတည္၍ ဆံုးျဖတ္ ရပါသည္။
သေႏၶတားနည္း တစ္ခုခုကို ေရြးခ်ယ္ ေတာ့မည္ဆုိလွ်င္ မိမိ ေရြးခ်ယ္မည့္ နည္းလမ္းသည္ ထိေရာက္မႈ ရွိရဲ႕လားဟု စတင္ စဥ္းစားရပါမည္။

မိမိ ေရြးခ်ယ္မည့္ နည္းလမ္းသည္ ကိုယ္၀န္မရေစရန္ မည္မွ် ကာ ကြယ္ေပးႏုိင္ မည္လဲ။ ဤအခ်က္ကို သိရွိရန္ အတြက္ မိမိေရြးခ်ယ္မည့္ သေႏၶ တားနည္းကို အသံုးျပဳ လ်က္ရွိေသာ အမ်ဳိးသမီးဦးေရ (၁၀၀)ကို ေလ့လာ ၾကည့္ရပါမည္။ တစ္ႏွစ္ ၾကာေသာအခါ အမ်ဳိးသမီးဦးေရ (၁၀၀) အနက္ ဦးေရ မည္မွ်တြင္ မလိုခ်င္ဘဲ ကိုယ္၀န္ရရွိ သြားသည္ကို သိရွိရန္လိုပါသည္။ မလိုခ်င္ဘဲ ကိုယ္၀န္ရရွိသူ အေရအတြက္ မ်ားလွ်င္ သင္ေရြး ခ်ယ္မည့္ နည္းလမ္းသည္ ထိေရာက္မႈနည္းသည္ဟု ေကာက္ခ်က္ ခ်ရပါမည္။ မလိုခ်င္ဘဲ ကိုယ္၀န္ရရွိသူ အေရအတြက္ နည္းလွ်င္ သင္ေရြးခ်ယ္မည့္ နည္းလမ္းသည္ ထိေရာက္မႈ ရွိသည္ဟု ေကာက္ခ်က္ ခ်ရပါမည္။

အကယ္၍ သင္တို႔ စံုတြဲသည္ မရည္ရြယ္ဘဲ ကိုယ္၀န္ ရရွိျခင္းကို လံုး၀ လက္မခံ ႏုိင္ေသာ သူမ်ား ျဖစ္ပါက ထိေရာက္မႈ အရွိဆံုးေသာ သေႏၶတား နည္းလမ္းကို အသံုးျပဳ သင့္ပါသည္။ အကယ္၍ သင္တို႔စံုတြဲသည္ ကုိယ္၀န္ ရျခင္းကို ေရွာင္ရွားလိုသည္။ သုိ႔ေသာ္ မရည္ရြယ္ဘဲ ကိုယ္၀န္ ရရွိလာ ပါကလည္း ၀မ္းေျမာက္ ၀မ္းသာ လက္ခံႏုိင္ သည္ဆုိပါက ထိေရာက္မႈ နည္းၿပီး သက္ေသာင့္သက္သာ ရွိေသာ သေႏၶတား နည္းလမ္း ကို အသံုးျပဳ ႏုိင္ပါသည္။

မိမိ အသံုးျပဳ လိုသည့္ သေႏၶတား နည္းလမ္းသည္ ထိေရာက္မႈ ရွိ/မရွိ ေရြးခ်ယ္ ဆံုးျဖတ္ ၿပီးေသာအခါ ေနာက္တစ္ဆင့္ အားျဖင့္ ကုန္က် စရိတ္ကို စဥ္းစား ရပါမည္။ ကုန္က်စရိတ္သည္ ေရရွည္တြင္ မိမိ တတ္ႏုိင္သည့္ ပမာဏ အတြင္း ရွိေနရန္ လိုအပ္ ပါသည္။ ေနာက္ထပ္ စဥ္းစားရန္ တစ္ခုမွာ က်န္းမာေရး ထိခိုက္မႈ ရွိ/မရွိ ျဖစ္ပါသည္။ ဥပမာ- အသက္ (၃၅)ႏွစ္ ေက်ာ္ေနၿပီ ျဖစ္ေသာ အမ်ဳိးသမီးသည္ ေဆးလိပ္ ေသာက္တတ္သူ အမ်ဳိးသမီး ျဖစ္ပါက သေႏၶတား ေသာက္ေဆးမ်ား သံုးစြဲရန္ မသင့္ေလ်ာ္ပါ။ အမ်ဳိးသား ျဖစ္သူ၏ အေျခအေန ကိုလည္း ထည့္သြင္း စဥ္းစား ရပါမည္။ သင္၏ အမ်ဳိးသားသည္ သင္ေရြးခ်ယ္ ေသာ သေႏၶတားနည္းလမ္းကို ေက်နပ္လက္ခံသူျဖစ္ပါက သင့္အဖုိ႔ ေရြးခ်ယ္ရ လြယ္ကူ ေပလိမ့္မည္။

သေႏၶ တားနည္းကို ဘယ္ေလာက္ၾကာၾကာ အသံုးျပဳမည္ဟူေသာ သင္၏ဆံုးျဖတ္ခ်က္သည္ သင္ေရြးခ်ယ္မည့္ သေႏၶ တားနည္းလမ္းအေပၚ သက္ေရာက္မႈရွိပါသည္။ သင္သည္ ယာယီသေႏၶတားလုိပါက ထိေရာက္မႈ နည္းေသာ နည္းလမ္းမ်ား ကို အသံုးျပဳရမည္ျဖစ္ၿပီး တစ္သက္လံုး သေႏၶတားလိုသည္ဆုိပါက ထိေရာက္မႈအရွိဆံုး သေႏၶတားနည္းမ်ားကို အသံုးျပဳ ႏုိင္မည္ ျဖစ္ပါသည္။ HIV ကူးစက္ေရာဂါႏွင့္ လိင္မွတစ္ဆင့္ကူး စက္တတ္ေသာေရာဂါမ်ားအား ကာကြယ္ႏုိင္မႈ ရွိ/မရွိကိုလည္း ထည့္သြင္း စဥ္းစားရန္ လိုအပ္ပါသည္။

သေႏၶတားနည္း အမ်ားစုသည္ ကူးစက္ေရာဂါမ်ားကို ကာကြယ္ႏိုင္ စြမ္းမရွိပါ။ ေယဘုယ်အားျဖင့္ ျမန္မာႏုိင္ငံတြင္ အေဖာ္ဟု ေခၚဆုိၾကေသာ ကြန္ဒံုးမ်ားက ကူးစက္ေရာဂါမ်ားကို အထိေရာက္ဆံုး ကာကြယ္ေပးႏုိင္ပါသည္။ အေဖာ္ကို အဖုိသုတ္ေကာင္သတ္ေဆးရည္ (Spermicide) မ်ားႏွင့္ တြဲဖက္အသံုးျပဳပါက လိင္မွတစ္ဆင့္ ကူးစက္တတ္ေသာ ေရာဂါမ်ားကို ကာကြယ္ရာတြင္ ပိုမိုထိေရာက္မႈ ရွိပါသည္။ အလြယ္တကူ ရရွိႏုိင္မႈသည္လည္း အေရးႀကီးပါသည္။

 မိမိေရြးခ်ယ္သည့္ သေႏၶတားနည္းလမ္းသည္ ဆရာ၀န္ၫႊန္မွ အသံုးျပဳ၍ ရႏုိင္သလား၊ အဖြဲ႕အစည္းမ်ားထံမွ အခမဲ့ အလြယ္တကူ ရႏုိင္သလား၊ ၀ယ္ယူ အသံုးျပဳႏုိင္သလား စသည္တို႔ အေပၚမူတည္၍ ေရြးခ်ယ္ဆံုးျဖတ္ရမည္ ျဖစ္ပါသည္။ အထက္ေဖာ္ျပပါ အခ်က္မ်ားအေပၚ မူတည္၍ မိမိႏွင့္ သင့္ေလ်ာ္သည့္ သေႏၶတားနည္းကုိ စနစ္တက် စဥ္းစားေရြးခ်ယ္ အသံုးျပဳျခင္းသည္ မရည္ရြယ္ဘဲ ကိုယ္၀န္ရရွိျခင္းကို ေရွာင္ရန္အတြက္ အေကာင္းဆံုး အေထာက္အကူ ျဖစ္ေစပါသည္။ သေႏၶတားနည္းလမ္းမ်ားစြာကို စုစည္း၍ အဓိကအားျဖင့္ အုပ္စုသံုးစုခြဲ၍ ေျပာႏုိင္ပါသည္။ ၎တို႔မွာ -
၁။ အကာအကြယ္ အသံုးျပဳျခင္း (Barrier Method)
 ၂။ ဟုိမုန္းဓာတ္ျဖင့္ သေႏၶတားျခင္း (Hormonal Method)
၃။ သားေၾကာျဖတ္ျခင္း (Permanent Method) စသည္တုိ႔ ျဖစ္ၾကပါသည္။

၁။ အကာအကြယ္ အသံုးျပဳျခင္း

 (က) ကြန္ဒံုး ကြန္ဒံုးတြင္ အမ်ဳိးသားမ်ား အသံုးျပဳေသာ ကြန္ဒံုး(အေဖာ္)ႏွင့္ အမ်ဳိးသမီးမ်ား အသံုးျပဳေသာ ကြန္ဒံုးဟူ၍ ႏွစ္မ်ဳိးရွိ ပါသည္။ ကိုယ္၀န္ရွိျခင္းကို ကာကြယ္ရန္အတြက္ လိင္ဆက္ဆံသည့္ အႀကိမ္တုိင္းတြင္ အမ်ဳိးသား ကြန္ဒံုး (သို႔မဟုတ္) အမ်ဳိးသမီး ကြန္ဒံုး တစ္မ်ဳိးမ်ဳိးကို အသံုးျပဳရပါမည္။ ကြန္ဒံုးကို ေဆးဆုိင္မ်ားတြင္ ဆရာ၀န္ ၫႊန္ၾကားခ်က္ မလုိဘဲ လြတ္လပ္စြာ ၀ယ္ယူ ရရွိႏုိင္ ပါသည္။ အခ်ဳိ႕ ေဆးခန္း မ်ားတြင္ အခမဲ့ ေပးေ၀ေလ့ ရွိပါသည္။

(ခ) သားအိမ္ေခါင္းဖံုး သားအိမ္ ေခါင္းဖံုးသည္ ေကြးေခါက္၍ရေသာ သားေရ အဖံုးျဖစ္ၿပီး အဖို သုတ္ပုိးကို ေသေစႏုိင္သည့္ ကရင္မ္ သို႔မဟုတ္ ဂ်ယ္လီ သုတ္လိမ္းထားပါသည္။ အဖုိသုတ္ေကာင္မ်ား သားအိမ္ေခါင္းသုိ႔ မေရာက္ေစရန္ အတြက္ လိင္ဆက္ဆံျခင္း မျပဳမီတြင္ သားအိမ္ေခါင္းဖံုးကို သားအိမ္ေခါင္းတြင္ တပ္ဆင္ ထားရပါသည္။ လိင္ဆက္ဆံၿပီးေသာအခါ ခ်က္ခ်င္း ျပန္မထုတ္ရပါ။ ၆ နာရီမွ ၈ နာရီခန္႔ၾကာေအာင္ ဖံုးထားရပါသည္။ သားအိမ္ေခါင္းဖံုးကို အသံုးျပဳမည္ဆုိပါက မိမိႏွင့္သင့္ေတာ္ေသာ အရြယ္အစားႏွင့္ အမ်ဳိးအစားကို ကၽြမ္းက်င္ေသာ သူ၏ ၫႊန္ၾကားခ်က္ျဖင့္သာ အသံုးျပဳသင့္ပါသည္။ သားအိမ္ေခါင္းဖံုး အသံုးျပဳ ျခင္းေၾကာင့္ သားေရ သို႔မဟုတ္ ဂ်ယ္လီႏွင့္ ဓာတ္မတည့္ျခင္းေၾကာင့္ ေယာင္ယမ္းယားယံျခင္းျဖစ္ႏုိင္ပါသည္။ ဆီးလမ္း ေၾကာင္းပိုး၀င္ႏုိင္ရန္ အခြင့္အေရး မ်ားေစပါသည္။ အခ်ဳိ႕ေသာသူမ်ားတြင္ သားအိမ္ေခါင္းဖံုးကို အခ်ိန္ၾကာျမင့္စြာ မျဖဳတ္ဘဲ ထားမိပါက (Toxic shock syndrome) ဟုေခၚေသာ အသက္အႏၲရာယ္ရွိသည့္ ေရာဂါျဖစ္ႏုိင္ပါသည္။

(ဂ) သုတ္ပုိးသတ္သည့္ဂြမ္း သုတ္ပုိးသတ္သည့္ “ဂြမ္း” ဆုိသည္မွာ ႏူးညံ့ေသာ စက္႐ုံထုတ္ဂြမ္းျဖစ္ၿပီး သုတ္ပိုးသတ္သည့္ ေဆးရည္ျဖင့္ စိမ္ထား ပါသည္။ လိင္ ဆက္ဆံျခင္း မျပဳမီ သုတ္ပိုး သတ္သည့္ ဂြမ္းကို စြတ္စုိေအာင္ ျပဳလုပ္၍ အမ်ဳိးသမီး အဂၤါအတြင္းရွိ သားအိမ္ေခါင္း အ၀အနီးသို႔ ထည့္သြင္းထားရပါမည္။

၂။ ေဟာ္မုန္းဓာတ္ျဖင့္ သေႏၶတားျခင္း ေဟာ္မုန္းဓာတ္ပါ၀င္ေသာ သေႏၶတားေဆးမ်ားတြင္ ပ႐ိုဂ်က္စတင္ တစ္မ်ဳိးတည္းပါေသာ သေႏၶတားေဆးမ်ား ရွိသကဲ့သို႔ ပ႐ိုဂ်က္စတင္ႏွင့္ အီထ႐ုိဂ်င္ ႏွစ္မ်ဳိးလံုးပါ၀င္ေသာ ေဆးလည္းရွိၿပီး အမ်ဳိးသမီးမ်ား၏ သားဥ အိမ္မွ သားဥေႂကြက်ျခင္းကို တားဆီးေပးပါသည္။ ပ႐ုိဂ်က္စတင္ တစ္မ်ဳိးတည္းပါ၀င္ေသာ ေဆးမ်ားသည္ အမ်ဳိးသမီး၏ သားအိမ္ေခါင္း အနီးတစ္၀ုိက္ရွိ သဘာ၀အတုိင္း ထြက္ရွိေသာ အက်ိအခၽြဲမ်ားကို ပိုမို ထူပ်စ္ေစးကပ္ေအာင္ ျပဳလုပ္ျခင္းျဖင့္ အမ်ဳိးသား၏ သုတ္ပိုးမ်ားအား အမ်ဳိးသမီး၏ သားအိမ္အတြင္းသို႔ မ၀င္ေရာက္ႏိုင္ေအာင္ တားဆီးေပးပါသည္။ ပ႐ုိဂ်က္စတင္ ပါ၀င္ေသာကိရိယာ (Implant) ကို ခႏၶာကိုယ္ အေရျပားေအာက္တြင္ ခြဲစိပ္ထည့္သြင္းရသည့္ နည္းလမ္းလည္း ရွိပါသည္။ ၎ကိရိယာမွ ပ႐ိုဂ်က္စတင္ ပမာဏကို စဥ္ဆက္မျပတ္ ထုတ္လႊတ္ေပးျခင္းျဖင့္ သေႏၶတားေပးပါသည္။ တစ္လခံေဆး၊ သံုးလခံေဆး စသည္ျဖင့္ အလြယ္တကူေခၚၾကေသာ ဒီပို (Depo Injection) ေဆးမ်ားကို ႂကြက္သား ေအာက္သို႔ တစ္လတစ္ႀကိမ္ သို႔မဟုတ္ သံုးလတစ္ႀကိမ္ထိုးျခင္းျဖင့္ သေႏၶတားႏုိင္ပါသည္။ ဒီပိုထိုးေဆးသည္ ပ႐ုိဂ်က္စတင္ ပါ၀င္ေသာ ထုိးေဆးျဖစ္ပါသည္။ အေရျပား ေပၚတြင္ ကပ္ခြာ ပံုစံျဖင့္ ကပ္ထား ႏုိင္သည့္ သေႏၶတား နည္းလည္း ရွိပါသည္။ ၎ကပ္ခြာမွ ပ႐ုိဂ်က္ စတင္ႏွင့္ အီစထ႐ုိဂ်င္ ေဟာ္မုန္း ဓာတ္မ်ားကို အဆက္မျပတ္ ထုတ္လႊတ္ ေပးျခင္းျဖင့္ သေႏၶတားေပး ပါသည္။ အျခားေသာ ေဟာ္မုန္း တားေဆးမ်ား ကဲ့သို႔ပင္ ကပ္ခြာ ပံုစံသည္လည္း ဆရာ၀န္ ၫႊန္ၾကားခ်က္ျဖင့္သာ အသံုးျပဳ ရပါမည္။ Vaginal Ring ဟုေခၚသည့္ ေဟာ္မုန္း ဓာတ္ပါေသာ ကြင္းငယ္အား အမ်ဳိးသမီး အဂၤါအတြင္းသို႔ ထည့္သြင္းျခင္းျဖင့္ သေႏၶတားႏိုင္ ပါေသးသည္။ ၎ကြင္းငယ္မွ ပ႐ုိဂ်က္စတင္ႏွင့္ အီစထ႐ိုဂ်င္ ေဟာ္မုန္း ဓာတ္ႏွစ္မ်ဳိးလံုး ထုတ္လႊတ္ေပးျခင္းျဖင့္ သေႏၶတားႏုိင္ပါသည္။ အေရးေပၚတားေဆး ဟုေခၚဆိုသည့္ Emergency Pill မ်ားသည္လည္း ေဟာ္မုန္းဓာတ္ျဖင့္ သေႏၶတားေသာေဆးမ်ား ျဖစ္ပါသည္။ Intra Uterine Device (IUD) ဟုေခၚသည့္ သေႏၶတား ပစၥည္း မ်ားလည္း ရွိပါသည္။ IUD သည္ ေသးငယ္ ေသာ ပလတ္စတစ္ (သို႔မဟုတ္) ေကာ့ပါး ကိရိယာ တစ္ခု ျဖစ္ပါသည္။ IUD ကို အမ်ဳိးသမီး၏ သားအိမ္ေခါင္း အား ျဖတ္သန္းကာ သားအိမ္ အတြင္းသို႔ ေရာက္ေအာင္ ကၽြမ္းက်င္ေသာ ဆရာ၀န္မ်ားမွ ထည့္သြင္း ေပးပါသည္။ အခ်ဳိ႕ေသာ IUD မ်ားတြင္ ပ႐ုိ ဂ်က္စတင္ ေဟာ္မုန္း ပမာဏ အနည္းငယ္ ထုတ္လႊတ္ ေပးေအာင္ ဖန္တီး ထားပါသည္။ IUD တစ္ႀကိမ္ ထည့္သြင္း ထားလွ်င္ ၅ႏွစ္မွ ၁၀ႏွစ္အထိ သေႏၶတား ပစၥည္းအျဖစ္ အသံုးျပဳ ႏုိင္ပါသည္။ IUD အသံုးျပဳ ျခင္းသည္ ထိေရာက္ေသာ သေႏၶတား နည္းတစ္ခု ျဖစ္ပါသည္။ IUD နည္းျဖင့္ သေႏၶတားလ်က္ ကိုယ္၀န္ ရရွိႏႈန္း တစ္ႏွစ္ အတြင္း၌ အမ်ဳိးသမီး (၁၀၀)တြင္ (၁) ေယာက္ ထက္ နည္းပါသည္။ ဆုိးက်ဳိး အေနႏွင့္ ဆီးစပ္ ကိုက္ျခင္း၊ ေသြးဆင္းျခင္းတုိ႔ ျဖစ္ေပၚႏုိင္ၿပီး အခန္႔မသင့္လွ်င္ သားအိမ္ေပါက္ ျခင္းမ်ဳိး ျဖစ္ႏုိင္ ပါသည္။ ပ႐ုိဂ်က္စတင္ ေဟာ္မုန္း ထည့္သြင္း ထားေသာ IUD မ်ားသည္ သားအိမ္ အတြင္း ထည့္သြင္း ၿပီးေနာက္ အခ်ိန္မွန္ မဟုတ္ဘဲ ေသြး အနည္းငယ္ ဆင္းႏုိင္ ပါသည္။ ၎သေႏၶ တားနည္း အသံုးျပဳသူ အမ်ဳိးသမီး ဦးေရ၏ ထက္၀က္ခန္႔တြင္ IUD ထည့္ၿပီး တစ္ႏွစ္ၾကာေသာအခါ ေသြးေပၚျခင္း လံုး၀မရွိေတာ့ပါ။ IUD ကို ျပန္ထုတ္ လိုက္လွ်င္ ေသြးေပၚပါသည္။

 ၃။ သားေၾကာျဖတ္ျခင္း အမ်ဳိးသားျဖစ္ေစ၊ အမ်ဳိးသမီး ျဖစ္ေစ၊ ႏွစ္ဦး စလံုးျဖစ္ေစ ေနာင္အနာဂတ္တြင္ ကေလး မယူေတာ့ရန္ ေသခ်ာ ေသာအခါ ဤနည္းလမ္းကို အသံုးျပဳ ႏုိင္ပါသည္။ အမ်ဳိးသား၏ ကပၸါယ္အိတ္ အတြင္းမွ သုတ္ႁပြန္ တစ္ခုကို ျဖတ္ေတာက္ျခင္း (Vasectomy) ျဖင့္ အမ်ဳိးသားအား တစ္သက္လံုး ကေလးမရေစရန္ ျပဳလုပ္ ႏုိင္ပါသည္။ အမ်ဳိးသမီး၏ ၀မ္းဗုိက္ ကိုဖြင့္၍ သားအိမ္၏ ေဘးတစ္ဖက္ တစ္ခ်က္မွ သားဥ ႁပြန္ႏွစ္ေခ်ာင္း ကို ျဖတ္ေတာက္ ျခင္းျဖင့္ အမ်ဳိးသမီးမ်ားအား တစ္သက္လံုး ကေလး မရေစရန္ ျပဳလုပ္ႏုိင္ပါသည္။

၄။ မမွန္ကန္ေသာနည္းလမ္းမ်ား တခ်ဳိ႕ အမ်ဳိးသား မ်ားသည္ အကာအကြယ္မဲ့ လိင္ဆက္ဆံၿပီး သုတ္လႊတ္ကာနီးတြင္ အမ်ဳိးသမီး အဂၤါတြင္းမွ ထုတ္ကာ သုတ္လႊတ္ေလ့ ရွိၾကပါသည္။ ဤသုိ႔ ျပဳလုပ္ျခင္းျဖင့္ ကေလး မရႏိုင္ဟု မွားယြင္းစြာ မွတ္ယူ တတ္ၾက ပါသည္။ သုတ္လႊတ္ျခင္း မျပဳလုပ္မီ အမ်ဳိးသား အဂၤါမွ ထြက္ေသာ အက်ိအခၽြဲတြင္ သုတ္ေကာင္ အနည္းငယ္ ပါ၀င္ ႏုိင္ၿပီး ထိုပမာဏသည္ အမ်ဳိးသမီးအား ကိုယ္၀န္ ရရွိေစ ႏုိင္ပါသည္။ တခ်ဳိ႕ေသာ စံုတြဲမ်ားတြင္ အကာအကြယ္မဲ့ လိင္ဆက္ဆံ ၿပီးေသာအခါမွ ၿပီးလွ်င္ၿပီးခ်င္း အမ်ဳိးသမီး အဂၤါဇာတ္ကို ေရေဆးျခင္းျဖင့္ ကိုယ္၀န္ မရႏုိင္ဟု မွားယြင္းစြာ မွတ္ယူ တတ္ၾကပါသည္။ အမ်ဳိးသားမွ သုတ္လႊတ္ၿပီး စကၠန္႔ (၉၀)အတြင္း၌ သုတ္ေကာင္သည္ သားအိမ္ေခါင္းကိုျဖတ္ကာ သားအိမ္အတြင္းသို႔ ၀င္ေရာက္ၿပီး ျဖစ္သည့္အတြက္ ေရေဆးျခင္းျဖင့္ ကိုယ္၀န္ ရရွိျခင္းကို မတားဆီးႏုိင္ပါ။ ကေလးေမြးၿပီး ကေလးအား အေမႏို႔ တုိက္ေနစဥ္ ကာလ အတြင္း လိင္ဆက္ဆံလွ်င္ ကေလး မရႏုိင္ဟု ယူဆသူမ်ား ရွိပါသည္။ ကေလးအား ႏုိ႔တုိက္ ေနသည့္ ကာလအတြင္း လိင္ဆက္ဆံပါက ကိုယ္၀န္ ရရွိ ႏုိင္ေျခ ရွိပါသည္။ ကေလး မလုိခ်င္ေသာ ေမာင္ႏွံမ်ား မမွန္ကန္ေသာ အယူအဆ မ်ားကို ေရွာင္ၾကဥ္ကာ စနစ္က်ေသာ သေႏၶ တားနည္း မ်ားကို အသံုးျပဳျခင္းျဖင့္ မရည္ရြယ္ဘဲ ကုိယ္၀န္ရရွိျခင္းကို ေရွာင္ရွားသင့္ပါသည္။ အထက္ တြင္ ေဖာ္ျပခဲ့ေသာ သေႏၶ တားသည့္ နည္းလမ္းမ်ား အေၾကာင္း ပိုမုိ သိရွိ လိုပါက တတ္ကၽြမ္း နားလည္သည့္ သားဖြား မီးယပ္ အထူးကု ဆရာ ၀န္ႀကီးမ်ားႏွင့္ ဆက္လက္ တုိင္ပင္ သင့္ပါသည္။ အကယ္၍ သင္သည္ သေႏၶတားနည္း တစ္မ်ဳိးမ်ဳိးကို အသံုး မျပဳဘဲ အကာအကြယ္မဲ့ လိင္ဆက္ဆံမိ လွ်င္ေသာ္ လည္းေကာင္း၊ ကြန္ဒံုး အသံုး ျပဳေသာ္လည္း ကြန္ဒံုး ေပါက္ၿပဲျခင္း ျဖစ္ခဲ့လွ်င္ေသာ္ လည္းေကာင္း (၇၂) နာရီထက္ ေနာက္မက်ေစဘဲ တတ္ႏုိင္သမွ် ေဆာလ်င္စြာ ဆရာ၀န္ႏွင့္ အျမန္ဆံုး ေတြ႕ဆံုေဆြးေႏြး သင့္ပါ သည္။ စာဖတ္ ပရိသတ္မ်ား မွန္ကန္ေသာ နည္းလမ္းမ်ားျဖင့္ သေႏၶတားႏိုင္ၾကပါေစ။

Credit: mmforward




#Unicode Version
သန္ဓေတားခြင်း နည်းလမ်းပေါင်း များစွာရှိပါသည်။ မည်သည့်နည်းလမ်းဖြင့် သန္ဓေတားမည်ကို ဆုံးဖြတ်သော အခါ မိမိ၏ ကျန်းမာရေး အခြေအနေ၊ လိင်ဆက်ဆံသည့် အကြိမ်ရေနှင့် ကလေးလိုချင်စိတ်ရှိ/မရှိ စသည့် အချက် မြောက်မြားစွာပေါ် မူတည်၍ ဆုံးဖြတ် ရပါသည်။

သန္ဓေတားနည်း တစ်ခုခုကို ရွေးချယ် တော့မည်ဆိုလျှင် မိမိ ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိရဲ့လားဟု စတင် စဉ်းစားရပါမည်။



မိမိ ရွေးချယ်မည့် နည်းလမ်းသည် ကိုယ်ဝန်မရစေရန် မည်မျှ ကာ ကွယ်ပေးနိုင် မည်လဲ။ ဤအချက်ကို သိရှိရန် အတွက် မိမိရွေးချယ်မည့် သန္ဓေ တားနည်းကို အသုံးပြု လျက်ရှိသော အမျိုးသမီးဦးရေ (၁၀၀)ကို လေ့လာ ကြည့်ရပါမည်။ တစ်နှစ် ကြာသောအခါ အမျိုးသမီးဦးရေ (၁၀၀) အနက် ဦးရေ မည်မျှတွင် မလိုချင်ဘဲ ကိုယ်ဝန်ရရှိ သွားသည်ကို သိရှိရန်လိုပါသည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက် များလျှင် သင်ရွေး ချယ်မည့် နည်းလမ်းသည် ထိရောက်မှုနည်းသည်ဟု ကောက်ချက် ချရပါမည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက် နည်းလျှင် သင်ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိသည်ဟု ကောက်ချက် ချရပါမည်။



အကယ်၍ သင်တို့ စုံတွဲသည် မရည်ရွယ်ဘဲ ကိုယ်ဝန် ရရှိခြင်းကို လုံး၀ လက်မခံ နိုင်သော သူများ ဖြစ်ပါက ထိရောက်မှု အရှိဆုံးသော သန္ဓေတား နည်းလမ်းကို အသုံးပြု သင့်ပါသည်။ အကယ်၍ သင်တို့စုံတွဲသည် ကိုယ်ဝန် ရခြင်းကို ရှောင်ရှားလိုသည်။ သို့သော် မရည်ရွယ်ဘဲ ကိုယ်ဝန် ရရှိလာ ပါကလည်း ဝမ်းမြောက် ဝမ်းသာ လက်ခံနိုင် သည်ဆိုပါက ထိရောက်မှု နည်းပြီး သက်သောင့်သက်သာ ရှိသော သန္ဓေတား နည်းလမ်း ကို အသုံးပြု နိုင်ပါသည်။



မိမိ အသုံးပြု လိုသည့် သန္ဓေတား နည်းလမ်းသည် ထိရောက်မှု ရှိ/မရှိ ရွေးချယ် ဆုံးဖြတ် ပြီးသောအခါ နောက်တစ်ဆင့် အားဖြင့် ကုန်ကျ စရိတ်ကို စဉ်းစား ရပါမည်။ ကုန်ကျစရိတ်သည် ရေရှည်တွင် မိမိ တတ်နိုင်သည့် ပမာဏ အတွင်း ရှိနေရန် လိုအပ် ပါသည်။ နောက်ထပ် စဉ်းစားရန် တစ်ခုမှာ ကျန်းမာရေး ထိခိုက်မှု ရှိ/မရှိ ဖြစ်ပါသည်။ ဥပမာ- အသက် (၃၅)နှစ် ကျော်နေပြီ ဖြစ်သော အမျိုးသမီးသည် ဆေးလိပ် သောက်တတ်သူ အမျိုးသမီး ဖြစ်ပါက သန္ဓေတား သောက်ဆေးများ သုံးစွဲရန် မသင့်လျော်ပါ။ အမျိုးသား ဖြစ်သူ၏ အခြေအနေ ကိုလည်း ထည့်သွင်း စဉ်းစား ရပါမည်။ သင်၏ အမျိုးသားသည် သင်ရွေးချယ် သော သန္ဓေတားနည်းလမ်းကို ကျေနပ်လက်ခံသူဖြစ်ပါက သင့်အဖို့ ရွေးချယ်ရ လွယ်ကူ ပေလိမ့်မည်။



သန္ဓေ တားနည်းကို ဘယ်လောက်ကြာကြာ အသုံးပြုမည်ဟူသော သင်၏ဆုံးဖြတ်ချက်သည် သင်ရွေးချယ်မည့် သန္ဓေ တားနည်းလမ်းအပေါ် သက်ရောက်မှုရှိပါသည်။ သင်သည် ယာယီသန္ဓေတားလိုပါက ထိရောက်မှု နည်းသော နည်းလမ်းများ ကို အသုံးပြုရမည်ဖြစ်ပြီး တစ်သက်လုံး သန္ဓေတားလိုသည်ဆိုပါက ထိရောက်မှုအရှိဆုံး သန္ဓေတားနည်းများကို အသုံးပြု နိုင်မည် ဖြစ်ပါသည်။ HIV ကူးစက်ရောဂါနှင့် လိင်မှတစ်ဆင့်ကူး စက်တတ်သောရောဂါများအား ကာကွယ်နိုင်မှု ရှိ/မရှိကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။



သန္ဓေတားနည်း အများစုသည် ကူးစက်ရောဂါများကို ကာကွယ်နိုင် စွမ်းမရှိပါ။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင် အဖော်ဟု ခေါ်ဆိုကြသော ကွန်ဒုံးများက ကူးစက်ရောဂါများကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါသည်။ အဖော်ကို အဖိုသုတ်ကောင်သတ်ဆေးရည် (Spermicide) များနှင့် တွဲဖက်အသုံးပြုပါက လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာတွင် ပိုမိုထိရောက်မှု ရှိပါသည်။ အလွယ်တကူ ရရှိနိုင်မှုသည်လည်း အရေးကြီးပါသည်။



 မိမိရွေးချယ်သည့် သန္ဓေတားနည်းလမ်းသည် ဆရာဝန်ညွှန်မှ အသုံးပြု၍ ရနိုင်သလား၊ အဖွဲ့အစည်းများထံမှ အခမဲ့ အလွယ်တကူ ရနိုင်သလား၊ ဝယ်ယူ အသုံးပြုနိုင်သလား စသည်တို့ အပေါ်မူတည်၍ ရွေးချယ်ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်များအပေါ် မူတည်၍ မိမိနှင့် သင့်လျော်သည့် သန္ဓေတားနည်းကို စနစ်တကျ စဉ်းစားရွေးချယ် အသုံးပြုခြင်းသည် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရန်အတွက် အကောင်းဆုံး အထောက်အကူ ဖြစ်စေပါသည်။ သန္ဓေတားနည်းလမ်းများစွာကို စုစည်း၍ အဓိကအားဖြင့် အုပ်စုသုံးစုခွဲ၍ ပြောနိုင်ပါသည်။ ၎င်းတို့မှာ -

၁။ အကာအကွယ် အသုံးပြုခြင်း (Barrier Method)

 ၂။ ဟိုမုန်းဓာတ်ဖြင့် သန္ဓေတားခြင်း (Hormonal Method)

၃။ သားကြောဖြတ်ခြင်း (Permanent Method) စသည်တို့ ဖြစ်ကြပါသည်။



၁။ အကာအကွယ် အသုံးပြုခြင်း



 (က) ကွန်ဒုံး ကွန်ဒုံးတွင် အမျိုးသားများ အသုံးပြုသော ကွန်ဒုံး(အဖော်)နှင့် အမျိုးသမီးများ အသုံးပြုသော ကွန်ဒုံးဟူ၍ နှစ်မျိုးရှိ ပါသည်။ ကိုယ်ဝန်ရှိခြင်းကို ကာကွယ်ရန်အတွက် လိင်ဆက်ဆံသည့် အကြိမ်တိုင်းတွင် အမျိုးသား ကွန်ဒုံး (သို့မဟုတ်) အမျိုးသမီး ကွန်ဒုံး တစ်မျိုးမျိုးကို အသုံးပြုရပါမည်။ ကွန်ဒုံးကို ဆေးဆိုင်များတွင် ဆရာဝန် ညွှန်ကြားချက် မလိုဘဲ လွတ်လပ်စွာ ဝယ်ယူ ရရှိနိုင် ပါသည်။ အချို့ ဆေးခန်း များတွင် အခမဲ့ ပေးဝေလေ့ ရှိပါသည်။



(ခ) သားအိမ်ခေါင်းဖုံး သားအိမ် ခေါင်းဖုံးသည် ကွေးခေါက်၍ရသော သားရေ အဖုံးဖြစ်ပြီး အဖို သုတ်ပိုးကို သေစေနိုင်သည့် ကရင်မ် သို့မဟုတ် ဂျယ်လီ သုတ်လိမ်းထားပါသည်။ အဖိုသုတ်ကောင်များ သားအိမ်ခေါင်းသို့ မရောက်စေရန် အတွက် လိင်ဆက်ဆံခြင်း မပြုမီတွင် သားအိမ်ခေါင်းဖုံးကို သားအိမ်ခေါင်းတွင် တပ်ဆင် ထားရပါသည်။ လိင်ဆက်ဆံပြီးသောအခါ ချက်ချင်း ပြန်မထုတ်ရပါ။ ၆ နာရီမှ ၈ နာရီခန့်ကြာအောင် ဖုံးထားရပါသည်။ သားအိမ်ခေါင်းဖုံးကို အသုံးပြုမည်ဆိုပါက မိမိနှင့်သင့်တော်သော အရွယ်အစားနှင့် အမျိုးအစားကို ကျွမ်းကျင်သော သူ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။ သားအိမ်ခေါင်းဖုံး အသုံးပြု ခြင်းကြောင့် သားရေ သို့မဟုတ် ဂျယ်လီနှင့် ဓာတ်မတည့်ခြင်းကြောင့် ယောင်ယမ်းယားယံခြင်းဖြစ်နိုင်ပါသည်။ ဆီးလမ်း ကြောင်းပိုးဝင်နိုင်ရန် အခွင့်အရေး များစေပါသည်။ အချို့သောသူများတွင် သားအိမ်ခေါင်းဖုံးကို အချိန်ကြာမြင့်စွာ မဖြုတ်ဘဲ ထားမိပါက (Toxic shock syndrome) ဟုခေါ်သော အသက်အန္တရာယ်ရှိသည့် ရောဂါဖြစ်နိုင်ပါသည်။



(ဂ) သုတ်ပိုးသတ်သည့်ဂွမ်း သုတ်ပိုးသတ်သည့် “ဂွမ်း” ဆိုသည်မှာ နူးညံ့သော စက်ရုံထုတ်ဂွမ်းဖြစ်ပြီး သုတ်ပိုးသတ်သည့် ဆေးရည်ဖြင့် စိမ်ထား ပါသည်။ လိင် ဆက်ဆံခြင်း မပြုမီ သုတ်ပိုး သတ်သည့် ဂွမ်းကို စွတ်စိုအောင် ပြုလုပ်၍ အမျိုးသမီး အင်္ဂါအတွင်းရှိ သားအိမ်ခေါင်း အဝအနီးသို့ ထည့်သွင်းထားရပါမည်။



၂။ ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားခြင်း ဟော်မုန်းဓာတ်ပါဝင်သော သန္ဓေတားဆေးများတွင် ပရိုဂျက်စတင် တစ်မျိုးတည်းပါသော သန္ဓေတားဆေးများ ရှိသကဲ့သို့ ပရိုဂျက်စတင်နှင့် အီထရိုဂျင် နှစ်မျိုးလုံးပါဝင်သော ဆေးလည်းရှိပြီး အမျိုးသမီးများ၏ သားဥ အိမ်မှ သားဥကြွေကျခြင်းကို တားဆီးပေးပါသည်။ ပရိုဂျက်စတင် တစ်မျိုးတည်းပါဝင်သော ဆေးများသည် အမျိုးသမီး၏ သားအိမ်ခေါင်း အနီးတစ်ဝိုက်ရှိ သဘာဝအတိုင်း ထွက်ရှိသော အကျိအချွဲများကို ပိုမို ထူပျစ်စေးကပ်အောင် ပြုလုပ်ခြင်းဖြင့် အမျိုးသား၏ သုတ်ပိုးများအား အမျိုးသမီး၏ သားအိမ်အတွင်းသို့ မဝင်ရောက်နိုင်အောင် တားဆီးပေးပါသည်။ ပရိုဂျက်စတင် ပါဝင်သောကိရိယာ (Implant) ကို ခန္ဓာကိုယ် အရေပြားအောက်တွင် ခွဲစိပ်ထည့်သွင်းရသည့် နည်းလမ်းလည်း ရှိပါသည်။ ၎င်းကိရိယာမှ ပရိုဂျက်စတင် ပမာဏကို စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားပေးပါသည်။ တစ်လခံဆေး၊ သုံးလခံဆေး စသည်ဖြင့် အလွယ်တကူခေါ်ကြသော ဒီပို (Depo Injection) ဆေးများကို ကြွက်သား အောက်သို့ တစ်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ်ထိုးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။ ဒီပိုထိုးဆေးသည် ပရိုဂျက်စတင် ပါဝင်သော ထိုးဆေးဖြစ်ပါသည်။ အရေပြား ပေါ်တွင် ကပ်ခွာ ပုံစံဖြင့် ကပ်ထား နိုင်သည့် သန္ဓေတား နည်းလည်း ရှိပါသည်။ ၎င်းကပ်ခွာမှ ပရိုဂျက် စတင်နှင့် အီစထရိုဂျင် ဟော်မုန်း ဓာတ်များကို အဆက်မပြတ် ထုတ်လွှတ် ပေးခြင်းဖြင့် သန္ဓေတားပေး ပါသည်။ အခြားသော ဟော်မုန်း တားဆေးများ ကဲ့သို့ပင် ကပ်ခွာ ပုံစံသည်လည်း ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ အသုံးပြု ရပါမည်။ Vaginal Ring ဟုခေါ်သည့် ဟော်မုန်း ဓာတ်ပါသော ကွင်းငယ်အား အမျိုးသမီး အင်္ဂါအတွင်းသို့ ထည့်သွင်းခြင်းဖြင့် သန္ဓေတားနိုင် ပါသေးသည်။ ၎င်းကွင်းငယ်မှ ပရိုဂျက်စတင်နှင့် အီစထရိုဂျင် ဟော်မုန်း ဓာတ်နှစ်မျိုးလုံး ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။ အရေးပေါ်တားဆေး ဟုခေါ်ဆိုသည့် Emergency Pill များသည်လည်း ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားသောဆေးများ ဖြစ်ပါသည်။ Intra Uterine Device (IUD) ဟုခေါ်သည့် သန္ဓေတား ပစ္စည်း များလည်း ရှိပါသည်။ IUD သည် သေးငယ် သော ပလတ်စတစ် (သို့မဟုတ်) ကော့ပါး ကိရိယာ တစ်ခု ဖြစ်ပါသည်။ IUD ကို အမျိုးသမီး၏ သားအိမ်ခေါင်း အား ဖြတ်သန်းကာ သားအိမ် အတွင်းသို့ ရောက်အောင် ကျွမ်းကျင်သော ဆရာဝန်များမှ ထည့်သွင်း ပေးပါသည်။ အချို့သော IUD များတွင် ပရို ဂျက်စတင် ဟော်မုန်း ပမာဏ အနည်းငယ် ထုတ်လွှတ် ပေးအောင် ဖန်တီး ထားပါသည်။ IUD တစ်ကြိမ် ထည့်သွင်း ထားလျှင် ၅နှစ်မှ ၁၀နှစ်အထိ သန္ဓေတား ပစ္စည်းအဖြစ် အသုံးပြု နိုင်ပါသည်။ IUD အသုံးပြု ခြင်းသည် ထိရောက်သော သန္ဓေတား နည်းတစ်ခု ဖြစ်ပါသည်။ IUD နည်းဖြင့် သန္ဓေတားလျက် ကိုယ်ဝန် ရရှိနှုန်း တစ်နှစ် အတွင်း၌ အမျိုးသမီး (၁၀၀)တွင် (၁) ယောက် ထက် နည်းပါသည်။ ဆိုးကျိုး အနေနှင့် ဆီးစပ် ကိုက်ခြင်း၊ သွေးဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အခန့်မသင့်လျှင် သားအိမ်ပေါက် ခြင်းမျိုး ဖြစ်နိုင် ပါသည်။ ပရိုဂျက်စတင် ဟော်မုန်း ထည့်သွင်း ထားသော IUD များသည် သားအိမ် အတွင်း ထည့်သွင်း ပြီးနောက် အချိန်မှန် မဟုတ်ဘဲ သွေး အနည်းငယ် ဆင်းနိုင် ပါသည်။ ၎င်းသန္ဓေ တားနည်း အသုံးပြုသူ အမျိုးသမီး ဦးရေ၏ ထက်ဝက်ခန့်တွင် IUD ထည့်ပြီး တစ်နှစ်ကြာသောအခါ သွေးပေါ်ခြင်း လုံးဝမရှိတော့ပါ။ IUD ကို ပြန်ထုတ် လိုက်လျှင် သွေးပေါ်ပါသည်။



 ၃။ သားကြောဖြတ်ခြင်း အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ နှစ်ဦး စလုံးဖြစ်စေ နောင်အနာဂတ်တွင် ကလေး မယူတော့ရန် သေချာ သောအခါ ဤနည်းလမ်းကို အသုံးပြု နိုင်ပါသည်။ အမျိုးသား၏ ကပ္ပါယ်အိတ် အတွင်းမှ သုတ်ပြွန် တစ်ခုကို ဖြတ်တောက်ခြင်း (Vasectomy) ဖြင့် အမျိုးသားအား တစ်သက်လုံး ကလေးမရစေရန် ပြုလုပ် နိုင်ပါသည်။ အမျိုးသမီး၏ ဝမ်းဗိုက် ကိုဖွင့်၍ သားအိမ်၏ ဘေးတစ်ဖက် တစ်ချက်မှ သားဥ ပြွန်နှစ်ချောင်း ကို ဖြတ်တောက် ခြင်းဖြင့် အမျိုးသမီးများအား တစ်သက်လုံး ကလေး မရစေရန် ပြုလုပ်နိုင်ပါသည်။



၄။ မမှန်ကန်သောနည်းလမ်းများ တချို့ အမျိုးသား များသည် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး သုတ်လွှတ်ကာနီးတွင် အမျိုးသမီး အင်္ဂါတွင်းမှ ထုတ်ကာ သုတ်လွှတ်လေ့ ရှိကြပါသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကလေး မရနိုင်ဟု မှားယွင်းစွာ မှတ်ယူ တတ်ကြ ပါသည်။ သုတ်လွှတ်ခြင်း မပြုလုပ်မီ အမျိုးသား အင်္ဂါမှ ထွက်သော အကျိအချွဲတွင် သုတ်ကောင် အနည်းငယ် ပါဝင် နိုင်ပြီး ထိုပမာဏသည် အမျိုးသမီးအား ကိုယ်ဝန် ရရှိစေ နိုင်ပါသည်။ တချို့သော စုံတွဲများတွင် အကာအကွယ်မဲ့ လိင်ဆက်ဆံ ပြီးသောအခါမှ ပြီးလျှင်ပြီးချင်း အမျိုးသမီး အင်္ဂါဇာတ်ကို ရေဆေးခြင်းဖြင့် ကိုယ်ဝန် မရနိုင်ဟု မှားယွင်းစွာ မှတ်ယူ တတ်ကြပါသည်။ အမျိုးသားမှ သုတ်လွှတ်ပြီး စက္ကန့် (၉၀)အတွင်း၌ သုတ်ကောင်သည် သားအိမ်ခေါင်းကိုဖြတ်ကာ သားအိမ်အတွင်းသို့ ဝင်ရောက်ပြီး ဖြစ်သည့်အတွက် ရေဆေးခြင်းဖြင့် ကိုယ်ဝန် ရရှိခြင်းကို မတားဆီးနိုင်ပါ။ ကလေးမွေးပြီး ကလေးအား အမေနို့ တိုက်နေစဉ် ကာလ အတွင်း လိင်ဆက်ဆံလျှင် ကလေး မရနိုင်ဟု ယူဆသူများ ရှိပါသည်။ ကလေးအား နို့တိုက် နေသည့် ကာလအတွင်း လိင်ဆက်ဆံပါက ကိုယ်ဝန် ရရှိ နိုင်ခြေ ရှိပါသည်။ ကလေး မလိုချင်သော မောင်နှံများ မမှန်ကန်သော အယူအဆ များကို ရှောင်ကြဉ်ကာ စနစ်ကျသော သန္ဓေ တားနည်း များကို အသုံးပြုခြင်းဖြင့် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရှားသင့်ပါသည်။ အထက် တွင် ဖော်ပြခဲ့သော သန္ဓေ တားသည့် နည်းလမ်းများ အကြောင်း ပိုမို သိရှိ လိုပါက တတ်ကျွမ်း နားလည်သည့် သားဖွား မီးယပ် အထူးကု ဆရာ ဝန်ကြီးများနှင့် ဆက်လက် တိုင်ပင် သင့်ပါသည်။ အကယ်၍ သင်သည် သန္ဓေတားနည်း တစ်မျိုးမျိုးကို အသုံး မပြုဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမိ လျှင်သော် လည်းကောင်း၊ ကွန်ဒုံး အသုံး ပြုသော်လည်း ကွန်ဒုံး ပေါက်ပြဲခြင်း ဖြစ်ခဲ့လျှင်သော် လည်းကောင်း (၇၂) နာရီထက် နောက်မကျစေဘဲ တတ်နိုင်သမျှ ဆောလျင်စွာ ဆရာဝန်နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး သင့်ပါ သည်။ စာဖတ် ပရိသတ်များ မှန်ကန်သော နည်းလမ်းများဖြင့် သန္ဓေတားနိုင်ကြပါစေ။

Credit: mmforward

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...