ေရႊတိဂံုဘုရားေတာင္ဘက္မုခ္မွာ ထိတ္လန္႔ဖြယ္အေျခေနနဲ႔ႀကံဳခဲ့ရတဲ့ ယုဇနနဲ႔ ေကာ္နီ

ဘုရားဖူးမ်ား သတိထားေစခ်င္လို႔ ကိုယ္ေတြ႕ျဖစ္ရပ္ေလး ေျပာျပခ်င္ပါတယ္..
ညက မေကာ္နဲ႔အတူႏွစ္ေယာက္တည္း ညရွစ္နာရီခြဲ ဘုရားသြားပါတယ္။
ေတာင္ဘက္မုဒ္ကေန ပါကင္ရွာရင္း ေနရာမရွိလို႔ ညာဘက္လမ္းခ်ဳိးထဲ ေကြ႕လိုက္ပါတယ္ တစ္ျခားဘုရားဖူးကားေတြလည္း အမ်ားႀကီးရပ္ထားေတာ့ အတြင္းထဲဝင္မွ ေနရာရပါတယ္
ယုက ကားေပၚကအရင္ဆင္း မေကာ္က ကားေပၚမွာပဲရွိေသးတဲ့အခ်ိန္ လမ္းအတြင္းထဲက အရပ္ျမင့္ျမင့္ ေယာက္က်ားတစ္ေယာက္ ေဘးကေလ်ာက္သြားၿပီး လူကိုၾကည့္ပါတယ္.. လမ္းကလည္းေမွာင္ေနေတာ့ သတိထားၿပီး ပတ္ဝန္းက်င္ အကဲခတ္ၾကည့္လိုက္ေတာ့ ကားေတြသာရပ္ထားၿပီး လူေတြတစ္ေယာက္မွ မရွိတာ သိလိုက္တယ္ မေကာ္ ကားေပၚကဆင္းလာေတာ့ ခုနလူရဲ႕ အေဖာ္ေနာက္တစ္ေယာက္ အေမွာင္ထဲက ထပ္ထြက္လာၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အခ်က္ျပေနတာေတြ႕တယ္..
မိန္းခေလးႏွစ္ေယာက္တည္းလာတာသိသြားၿပီေလ
မေကာ္ကို တိုးတိုးေလးကပ္ၿပီး အဲ့လူႏွစ္ေယာက္မ႐ိုးသားဘူးမလို႔ ေျပာလိုက္ေတာ့ မေကာ္လည္း ရိပ္မိသြားတယ္ "သမီးဖုန္းထုတ္,ဆက္ခ်င္ဟန္ေဆာင္" တဲ့... သူတို႔က လမ္းကိုေရွ႕ကေန ပိတ္ရပ္ထားေနတယ္ လမ္းကက်ဥ္းေတာ့ ပိုလန္႔ေနၿပီ ဒူးေတြလည္းတုန္ ေၾကာက္ေၾကာက္နဲ႔ ဖုန္းႀကီးကိုကိုင္ၿပီး "ဟဲ့နင္ဒီနားမွာလား".. ဘာေတြေျပာမိမွန္းကို မသိေတာ့ဘူး ဖုန္းပိတ္လ်က္ႀကီးကို ဟန္ေဆာင္ေျပာေနတာေလ
သူတို႔ကလည္း လမ္းထဲကို လူလာလား အကဲခတ္ေနတယ္ ေရွ႕ဆက္မသြားဘူးဆိုေတာ့ တစ္ခုခုႀကံစည္ေတာ့မွာကို သိတယ္ လူလာပါေစလို ႔ဆုေတာင္းမိတယ္ မေကာ္ကလည္း ေရွ႕ဆက္မသြားရဲဘဲ ဖုန္းဆက္ခ်င္ဟန္ေဆာင္ေနတယ္ ေနာက္ဆုတ္ေျပးရင္လည္း ပိုဆိုးမယ္ လူေတြနဲ႔ပိုေဝးမယ္ ဘုရားပဲတေနမိတယ္ ႏွစ္ေယာက္သား ေရွ႕မဆက္ရဲၾကဘူး ေရွ႕ကိုလွမ္းၾကည့္ေတာ့လည္း လူကမလာ အားငယ္လိုက္တာဆိုတာ..
အဲ့အခ်ိန္မွာပဲ ဘုရားအရိပ္ေအာက္ ေရာက္ေနလို႔ထင္တယ္ ေယာက္က်ားႏွစ္ေယာက္ လမ္းထဲဝင္လာတယ္... အရမ္းအားတက္သြားတယ္ သူတို႔အႀကံပ်က္သြားေတာ့ ကားနံပါတ္ေတြပဲၾကည့္သလိုလို ဟန္ေဆာင္တယ္.. ဝင္လာတဲ့လူေတြကလည္း အဲ့ႏွစ္ေယာက္မူမမွန္တာ သိသလိုပဲ ေသခ်ာကိုၾကည့္ေနတာ မေကာ္နဲ႔ႏွစ္ေယာက္ လူလာတုန္း လမ္းအျမန္ေလၽွာက္ၿပီး ေရွာင္ထြက္ခဲ့ရပါတယ္
အဲ့လူႏွစ္ေယာက္သာေပၚမလာရင္ေတာ့ ဘာဆက္ျဖစ္မလဲ မေတြးရဲဘူး တစ္ခါမွ အဲ့လိုက်ဥ္းထဲက်ပ္ထဲမေရာက္ဖူးဘူး..
သတိထားေစခ်င္လို႔ ဒီစာေလးေရးျခင္းျဖစ္ပါတယ္ရွင္....
အခုထိျပန္ေတြးရင္းေၾကာက္ေနတုန္းပဲ ကံေကာင္းလို ႔ဘာအႏၲရယ္မွမျဖစ္ခဲ့တာပါ
(ယုဇနျမင့္ေငြ)
============

ဘုရားဖူးများ သတိထားစေချင်လို့ ကိုယ်တွေ့ဖြစ်ရပ်လေး ပြောပြချင်ပါတယ်..
ညက မကော်နဲ့အတူနှစ်ယောက်တည်း ညရှစ်နာရီခွဲ ဘုရားသွားပါတယ်။
တောင်ဘက်မုဒ်ကနေ ပါကင်ရှာရင်း နေရာမရှိလို့ ညာဘက်လမ်းချိုးထဲ ကွေ့လိုက်ပါတယ် တစ်ခြားဘုရားဖူးကားတွေလည်း အများကြီးရပ်ထားတော့ အတွင်းထဲဝင်မှ နေရာရပါတယ်
ယုက ကားပေါ်ကအရင်ဆင်း မကော်က ကားပေါ်မှာပဲရှိသေးတဲ့အချိန် လမ်းအတွင်းထဲက အရပ်မြင့်မြင့် ယောက်ကျားတစ်ယောက် ဘေးကလျောက်သွားပြီး လူကိုကြည့်ပါတယ်.. လမ်းကလည်းမှောင်နေတော့ သတိထားပြီး ပတ်ဝန်းကျင် အကဲခတ်ကြည့်လိုက်တော့ ကားတွေသာရပ်ထားပြီး လူတွေတစ်ယောက်မှ မရှိတာ သိလိုက်တယ် မကော် ကားပေါ်ကဆင်းလာတော့ ခုနလူရဲ့ အဖော်နောက်တစ်ယောက် အမှောင်ထဲက ထပ်ထွက်လာပြီး တစ်ယောက်နဲ့တစ်ယောက် အချက်ပြနေတာတွေ့တယ်..
မိန်းခလေးနှစ်ယောက်တည်းလာတာသိသွားပြီလေ
မကော်ကို တိုးတိုးလေးကပ်ပြီး အဲ့လူနှစ်ယောက်မရိုးသားဘူးမလို့ ပြောလိုက်တော့ မကော်လည်း ရိပ်မိသွားတယ် "သမီးဖုန်းထုတ်,ဆက်ချင်ဟန်ဆောင်" တဲ့... သူတို့က လမ်းကိုရှေ့ကနေ ပိတ်ရပ်ထားနေတယ် လမ်းကကျဉ်းတော့ ပိုလန့်နေပြီ ဒူးတွေလည်းတုန် ကြောက်ကြောက်နဲ့ ဖုန်းကြီးကိုကိုင်ပြီး "ဟဲ့နင်ဒီနားမှာလား".. ဘာတွေပြောမိမှန်းကို မသိတော့ဘူး ဖုန်းပိတ်လျက်ကြီးကို ဟန်ဆောင်ပြောနေတာလေ
သူတို့ကလည်း လမ်းထဲကို လူလာလား အကဲခတ်နေတယ် ရှေ့ဆက်မသွားဘူးဆိုတော့ တစ်ခုခုကြံစည်တော့မှာကို သိတယ် လူလာပါစေလို ့ဆုတောင်းမိတယ် မကော်ကလည်း ရှေ့ဆက်မသွားရဲဘဲ ဖုန်းဆက်ချင်ဟန်ဆောင်နေတယ် နောက်ဆုတ်ပြေးရင်လည်း ပိုဆိုးမယ် လူတွေနဲ့ပိုဝေးမယ် ဘုရားပဲတနေမိတယ် နှစ်ယောက်သား ရှေ့မဆက်ရဲကြဘူး ရှေ့ကိုလှမ်းကြည့်တော့လည်း လူကမလာ အားငယ်လိုက်တာဆိုတာ..
အဲ့အချိန်မှာပဲ ဘုရားအရိပ်အောက် ရောက်နေလို့ထင်တယ် ယောက်ကျားနှစ်ယောက် လမ်းထဲဝင်လာတယ်... အရမ်းအားတက်သွားတယ် သူတို့အကြံပျက်သွားတော့ ကားနံပါတ်တွေပဲကြည့်သလိုလို ဟန်ဆောင်တယ်.. ဝင်လာတဲ့လူတွေကလည်း အဲ့နှစ်ယောက်မူမမှန်တာ သိသလိုပဲ သေချာကိုကြည့်နေတာ မကော်နဲ့နှစ်ယောက် လူလာတုန်း လမ်းအမြန်လျှောက်ပြီး ရှောင်ထွက်ခဲ့ရပါတယ်
အဲ့လူနှစ်ယောက်သာပေါ်မလာရင်တော့ ဘာဆက်ဖြစ်မလဲ မတွေးရဲဘူး တစ်ခါမှ အဲ့လိုကျဉ်းထဲကျပ်ထဲမရောက်ဖူးဘူး..
သတိထားစေချင်လို့ ဒီစာလေးရေးခြင်းဖြစ်ပါတယ်ရှင်....
အခုထိပြန်တွေးရင်းကြောက်နေတုန်းပဲ ကံကောင်းလို ့ဘာအန္တရယ်မှမဖြစ်ခဲ့တာပါ
(ယုဇနမြင့်ငွေ)

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...