======

မိန္းကေလးမ်ားသီးသန့္ ေယာက်ာၤးေလးမ်ား မဖတ္ရ

လူ့အလိုႏွင့္ ေခတ္မီအလွတရား
ဒီေန႔ ျမတ္္တို႔ ေက်ာင္းပိတ္ရက္။တစ္ပတ္လံုး ပင္ပန္းေနတဲ့ အေမ့ကို နားခိုင္း ဦးမွ၊ မနက္ပိုင္း ထမင္းဟင္းခ်က္၊ အိမ္ သန္႔ရွင္းေရးလုပ္ၿပီးရင္ ေန႔လယ္ဘက္ေတာ့ ေရႊရည္တို႔ဆိုင္ သြားဦးမွျဖစ္မယ္။
ေရႊရည္ဆိုတာက ျမတ္တို႔ေက်ာင္းအုပ္ ရဲ႕ ညီမအငယ္ဆံုး။
ေစ်းနီး ေက်ာင္းနီးတဲ့ ျမတ္တို႔လမ္းထိပ္ မွာ ``Royal Princess´´ဆိုတဲ့နာမည္နဲ႔ အလွ ျပင္ဆိုင္ လာဖြင့္ထားတာ သံုးလေက်ာ္ေလာက္ ရွိၿပီေလ။
ျမတ္ ေက်ာင္းသြား ေက်ာင္းျပန္၊ ေစ်းသြား ေစ်းျပန္ သူ႕ဆိုင္ေရွ႕ကျဖတ္တိုင္း ခမ်ာေလးက လွမ္းလွမ္း ႏႈတ္ဆက္ရွာတယ္။
ေရႊရည္က အသက္ေလးလည္းငယ္ ႐ုပ္ကေလးကလည္းေခ်ာ ဆက္ဆံေရးကလည္းေကာင္း၊ အလုပ္အေပၚလည္း ေစတနာထား၊ လက္ရာေလးကလည္းေကာင္းဆိုေတာ့ သူ႔ဆိုင္ကို အားေပးသူမ်ားတယ္။
ခဏအတြင္း နာမည္ရၿပီး လူစည္လာတာျမင္ရေတာ့ ျမတ္တစ္ေယာက္ မုဒိတာပြားရေသးတယ္။ ျမတ္ကိုယ္တိုင္ကေတာ့ အခ်ိန္မရတာက တစ္ေၾကာင္း၊ ေကာက္တာ ေျဖာင့္တာ အလွျပင္တာေတြ ဝါသနာမပါတာကတစ္ေၾကာင္းေၾကာင့္ သူ႔ဆိုင္ကို အခုထိ အားမေပးျဖစ္ေသးလို႔ အားနာေနခဲ့တာ။
ျမတ္က အလွျပင္တာ ဝါသနာမပါဘူး ဆိုေပမယ့္ အလွျပင္ဆိုင္ေတြကို တစ္ခါမွမသြား ဖူးဘူးတာေတာ့ မဟုတ္ပါဘူးေလ။ စိတ္မအား လူမအား ေခါင္း႐ႈပ္တဲ့အခါမ်ဳိးမွာဆို ဆိုင္သြားၿပီး ေအးေအးေဆးေဆး ေခါင္းေလွ်ာ္ ခံတတ္ပါတယ္။အိမ္မွာကိုယ့္ဘာသာေလွ်ာ္ လည္းရေပမယ့္ ဆိုင္မွာက ဇိမ္က်တယ္ေလ။ ဒါေပမယ့္ ဆိုင္တိုင္းေတာ့ ဇိမ္က်တာ မဟုတ္ဘူးရယ္။
ေရႊရည့္ဆိုင္ေရာက္ၿပီ။ခုမွ ဆိုင္ကို ေသခ်ာၾကည့္မိတယ္။ ဆိုင္ေရွ႕မွာ အလွပန္းအိုးေလးေတြနဲ႔ ရွင္းသန္႔ေနတာပဲ။ဆိုင္အျပင္က သုတ္ထားတဲ႔ေဆးက ပန္းႏုေရာင္၊ ျပာလြင္လြင္ မွန္တံခါးေလးေတြက ဖြင့္လ်က္သား၊ ဆိုင္အဝင္တံခါးဝမွာ အလွ ဆင္ထားတဲ႔ ကန္႔လန္႔ကာ တုိးလုိးတြဲေလာင္း ေလးေတြကို အသာတြန္းဖယ္ရင္း ဆိုင္ထဲ လွမ္းဝင္လိုက္ေတာ့ အသံေလးေတြက တခြၽမ္ခြၽမ္ျမည္သြားပါတယ္။
အေဒၚႀကီးတစ္ေယာက္ကို ဆံပင္ညႇပ္ ေပးေနတဲ႔ ေရႊရည္က လွည့္ၾကည့္ရင္း ဝမ္းသာ အားရေလသံနဲ႔ ႀကိဳပါတယ္။
''ဟာ…တို႔ မမျမတ္ လာတယ္ေဟ့၊ လာ မမ ထိုင္ပါ ထိုင္ပါ ေရႊရည္ ဘာလုပ္ေပးရ မလဲ'' ေရႊရည့္ကို ၿပံဳးျပလိုက္ၿပီး ျမတ္ တစ္ဆိုင္လံုးကို ေဝ့ၾကည့္လိုက္ပါတယ္။ ဆိုင္မွာ ေရႊရည္နဲ႔အတူ သူ႔ဝန္ထမ္းေကာင္မေလးေတြက သံုးေယာက္။ ေရႊရည့္လိုပဲ ဆံပင္ညႇပ္ေနတာက တစ္ေယာက္၊ ေခါင္းေလွ်ာ္ၿပီးတဲ႔ ဆံပင္အစိုကို ေလမႈတ္စက္နဲ႔ မႈတ္ေပးေန တဲ႔ သူတစ္ေယာက္။ ေခါင္းေလွ်ာ္ေပးေနတဲ႔သူ က တစ္ေယာက္။
ဆိုင္ရွိလူကုန္ အလုပ္လုပ္ေန ေပမယ့္ ဝန္ထမ္းနဲ႔ ဧည့္သည္က မမွ်။ ထိုင္ခံု ေတြမွာ မဂၢဇင္းဖတ္ရင္း ဖုန္းပြတ္ရင္း အလွည့္ က်ဖို႔ ေစာင့္ေနတဲ႔ ဧည့္သည္ကေလးမေလး ေတြကလည္း ေလးငါးေယာက္။
''မမျမတ္လည္း ေခါင္းေလွ်ာ္မယ္ ညီမေလးေရ'' ဒါေပမယ့္ ေအးေဆးပါ စာဖတ္ရင္း ေစာင့္ပါ့မယ္။ တမင္သက္သက္ အလည္ မလာျဖစ္တဲ႔ အတူတူ''
ျမတ္က ဆိုဖာတစ္ခုထက္ အသာအယာ ဝင္ထိုင္ရင္း ခပ္ေအးေအးေျပာလိုက္ပါတယ္။
''ေက်းဇူးတင္ပါတယ္ မမျမတ္ရယ္''လူက်ေနေတာ့ အားလည္းနာပါတယ္။ ဒီမွာ ခုလထုတ္ ေရႊအျမဳေတပါ မမ ဖတ္ရင္း ခဏ ေလးေစာင့္ေပးေနာ္။ မမကို ေရႊရည္ကိုယ္တိုင္ ေလွ်ာ္ေပးမယ္ သိလား''
''ဟုတ္ပါၿပီေတာ္…ကဲ…လုပ္…လုပ္'' ေရႊရည္ တ႐ုိတေသ ကမ္းေပးတဲ့မဂၢဇင္း စာအုပ္ေလးကို လွမ္းယူၿပီး ဖတ္ေတာ့မလို႔ စာအုပ္မ်က္ႏွာဖံုးေလးကိုအဖြင့္ ျမတ္ရဲ႕ ေဘးကေန အသံစူးစူးေလးထြက္လာပါတယ္''
''သမီးက တစ္ေခါင္းလံုး ေကာက္မွာေနာ္ မႀကီးေရႊရည္'' အသံထြက္လာတဲ႔ဆီ ျမတ္ ေယာင္ယမ္း လွည့္ၾကည့္မိေတာ့ ''အမေလး''ျဖစ္ရေလ ကေလးမရယ္'' ဒီေလာက္ ေျဖာင့္စင္းလွပေနတဲ႔ ဆံပင္ကေလးေတြကို။ နက္ေမွာင္ၿပီး ဝဲျဖာ က်ေနတာ လွပဲလွေသးရဲ႕။ သူ႔အစား ျမတ္ ႏွေျမာေနမိပါတယ္။သူကေတာ့ ေပါ့ေပါ့ပါးပါး ၿပံဳးရင္း ဆက္ေျပာေနတုန္း…
''ဆံပင္အေျဖာင့္နဲ႔က ေတာ႐ုပ္ေပါက္ ေနတယ္ မႀကီးရ'' ''သမီး ဝတ္ခ်င္တဲ့ နားကြင္းအႀကီးႀကီး ေတြနဲ႔ဆိုရင္ တစ္ေခါင္းလံုး ေကာက္မွ လိုက္မွာ''
အမေလးေတာ္… ဆံပင္အေျဖာင့္က ေတာ႐ုပ္ေပါက္သတဲ့လား။ ျမတ္ရင္ထဲမွာ အာေမဍိတ္သံ ထြက္သြားပါတယ္။ ဒီကေတာ့ သူငယ္ခ်င္းေတြၾကား ဂုဏ္ယူလိုက္ရတာ။ ''လူတကာေတြ ေငြကုန္ခံ ဆံပင္ေျဖာင့္တဲ႔ ေခတ္မွာ အေမက ျမတ္ကို ဆံပင္အတြက္ ပိုက္ဆံကုန္သက္သာေအာင္ ေမြးေပးထားတာ '' လို႔။ ျမတ္က ကိုယ့္ဆံပင္အေျဖာင့္ေလး ေတြဆီ ျပန္စမ္းရင္း ရယ္ခ်င္သြားပါတယ္။
ေရႊရည္ကေတာ့ သူညႇပ္ေပးလက္စ အေဒၚႀကီးရဲ႕ ဆံပင္အဖ်ားေလးေတြကို ေသခ်ာလက္စသတ္ တိညႇပ္ေပးေနရင္း ''အိုေက ညေလး…စိတ္ခ်…အလွဆံုး ေကာက္ေပးမယ္'' ''ဟိုက္လိုက္ေလးေရာ ေဖာက္ဦးမလား။ ညေလး ဘာေရာင္ႀကိဳက္လဲ''တဲ႔။ ခ်ဳိခ်ဳိသာသာ လွမ္းေမးပါတယ္။
ေကာင္မေလးက သူ႔ပါးေဖာင္းေဖာင္း ေလးေပၚ လက္ညဳိးေလးအသာေထာက္ၿပီး မ်က္လံုးကေလးေမွးကာ ခဏစဥ္းစားလိုက္ရင္း ''အင္း...မေဟာ္ဂနီမွာ အျဖဴက်ား ေလး ေဖာက္ေပး မႀကီး'' ''အမေလးေတာ္'' ဒီတစ္ခါ ''အမေလးေတာ္''က ျမတ္ရဲ႕ အမေလးေတာ္ မဟုတ္ပါ။ ေရႊရည္ ဆံပင္ညႇပ္ ေပးေနတဲ႔ အေဒၚႀကီးဆီက ထြက္လာတဲ႔ အာေမဍိတ္သံ။ အေဒၚႀကီးက ေကာင္မေလး ကို ေသခ်ာလွည့္ၾကည့္ၿပီး ''သမီးရယ္ ညည္းဆံပင္ေလး ဒီေလာက္ နက္ေမွာင္ၿပီး လွေနတာေအ။ ေကာက္တာေတာ့ ေကာက္ပါ အျဖဴေတာ့ မက်ားပါနဲ႔ လား။ အန္တီတို႔အရြယ္ေရာက္ရင္ မျဖဴခ်င္ လည္း ျဖဴရမွာ။ နက္ႏိုင္တုန္းကို နက္စမ္းပါ ေစကြယ္။ ကဲ…ကဲ…ေရႊရည္ေရ…ညႇပ္ၿပီးရင္ အန္တီ့ကို တစ္လက္စတည္း ဆံပင္နက္ေဆး ဆိုးေပးပါဦး''
ေရႊရည္ကိုပါ တစ္ခါတည္း ဆက္ေျပာ လိုက္ပါတယ္။ ေရႊရည္ကေတာ့ ဒီတစ္ေယာက္ ကို လည္း ''အိုေကပါ အန္တီ။ ေရႊရည္ ေသခ်ာ ႐ႊိဳင္းေပးမယ္ေနာ္''တဲ႔။
ျမတ္လည္း စာအုပ္ဆီျပန္ၿပီး အာ႐ုံ စိုက္လိုက္ပါတယ္။ ဒါေပမဲ့ ဝတၴဳတိုတစ္ပုဒ္ေတာင္ ဖတ္လို႔မၿပီးေသး။ ဆိုင္တံခါးအဝ ကန္႔လန္႔ကာရဲ႕ ဖန္စီတြဲေလာင္းေလးေတြဆီက ၿခိဳးၿခိဳးခြၽမ္ခြၽမ္ အသံေတြနဲ႔အတူ ''မႀကီး ေရႊရည္ …ဟား…တို႔ မႀကီးဆိုင္ လူေတြအျပည့္ပါ လား''ဆိုတဲ႔ ေကာင္ေလးတစ္သိုက္ရဲ႕ တစ္ေယာက္တစ္ေပါက္ အသံဆူဆူေၾကာင့္ အာ႐ံုပ်က္သြားပါတယ္။ေမာ့ၾကည့္လိုက္ေတာ့ လမ္းထဲက ဖိုးသားတို႔အဖြဲ႕။ ၿပီးခဲ့တဲ့ႏွစ္က ဆယ္တန္းေအာင္သြားတဲ႔ ျမတ္တပည့္ေတြ။ဖိုးသားက ျမတ္ကိုျမင္ေတာ့ သြားကေလး ၿဖဲရင္း ႏႈတ္ဆက္ရွာပါတယ္။
''အဲ…တို႔တီခ်ယ္ပါလား။ ဆံပင္လာညႇပ္ တာလားတီခ်ယ္'' ''ေခါင္းေလွ်ာ္မလို႔ပါကြာ။ မင္းတို႔ က ေရာ'' ''အဟီး…သားတို႔ နားေဖာက္မလို႔ တီခ်ယ္။ ဇာနည္ကေတာ့ ဆံပင္ေျဖာင့္ခ်င္ လို႔တဲ႔'' ျမတ္ မ်က္လံုးအၾကည့္ေတြက ဇာနည့္ ေခါင္းဆီ ေရာက္သြားပါတယ္။ တစ္ေခါင္းလံုး ေကာက္ေကြးေနတဲ႔ ေမြးရာပါ ဆံပင္လိမ္လိမ္ ေလးေတြေၾကာင့္ သူငယ္ခ်င္းေတြက ''ကပၸလီ'' လို႔ စေနာက္ၾကတဲ့ ဇာနည္။ ခုေတာ့လည္း သူကေျဖာင့္ခ်င္ျပန္သတဲ႔ေလ။
ဒါေပမဲ့ ဆိုင္မွာ လူတအားက်ေနေတာ့ ေနာက္ေန႔မွ လာမယ့္အေၾကာင္း ေရႊရည္နဲ႔ ျမတ္ကို ေျပာဆိုႏႈတ္ဆက္ရင္း ေကာင္ေလး တစ္သိုက္ ျပန္ထြက္သြားၾကပါတယ္။
''လာ…မမ ျမတ္…ေလွ်ာ္ရေအာင္ေလ'' တကၠသိုလ္ေက်ာင္းသား ခ်စ္တပည့္မ်ားကို ေငးေနမိတဲ့ ျမတ္တစ္ေယာက္ ေရႊရည့္ အသံၾကားမွ သတိဝင္လာပါေရာ။ လက္ထဲက မဂၢဇင္းစာအုပ္ေလးကို ခ်ထားခဲ့ကာ ေလွ်ာ္ခံု ေပၚတက္ၿပီး အသာလွဲလိုက္ပါတယ္။
''ေရ စ ေလာင္းၿပီေနာ္ မမျမတ္'' ေရႊရည္က သတိေပးလိုက္ရင္း ျမတ္ ဆံပင္ေတြဆီ ေရစေလာင္းလိုက္ပါတယ္။အခ်ိန္ၾကာၾကာ ထိုင္ေစာင့္ေနရလို႔ပဲလား၊ ေအးခနဲ ခံစားခ်က္နဲ႔အတူ ဆံပင္ကို ညင္ညင္ သာသာ ထိကိုင္ေနတဲ့ ေရႊရည့္လက္ေတြ ေၾကာင့္လားေတာ့မသိ၊ ခပ္သင္းသင္းေမႊးျမ လာတဲ႔ ရွန္ပူနံ႔ေလးေတြၾကားမွာ ျမတ္ရဲ႕ မ်က္လံုးေတြ ေမွးလာပါေတာ့တယ္။ မ်က္လံုး ေတြကို အလိုက္သင့္ အသာမိွတ္ထားလိုက္မိေပမယ့္ ျမတ္ရဲ႕အေတြးေတြကေတာ့ ေျပးလႊားလို႔ ေနတုန္းပါ။
ေၾသာ္… ဆံပင္…ဆံပင္။ ေခတ္မီပစၥည္းေတြ၊ နည္းပညာေတြ တိုးတက္လာေတာ့ ေျဖာင့္သူလည္း ေကာက္လို႔ ရသလို၊ ေကာက္သူလည္း ေျဖာင့္ခြင့္ရေနၿပီ။ျဖဴရာက နက္မလား။ နက္ရာက စိမ္းမလား။ ဝါခ်င္ေသးလား။ ေရႊေရာင္ လုပ္ဦးမလား။အကုန္ရတဲ့ေခတ္။ အရင္ေခတ္တုန္းကေတာ့ ႏိုင္ငံျခားသူေလးေတြသာ မ်က္လံုးျပာျပာ ဆံပင္ဝါဝါ။
ခုေခတ္ကေတာ့ ဝါခ်င္ေဆးဆိုး၊ ျပာ ခ်င္ မ်က္ကပ္မွန္ အျပာေရာင္တပ္။ အတုအပ အားလံုးရေနၿပီ။ ဆံပင္ ျဖဴ နီေၾကာင္ က်ား နားကြင္း နားကပ္ ေဘာင္းဘီအက်ပ္ေတြနဲ႔ ''က်ား''လား ''မ''လား ခြဲျခားမရေအာင္ အလွျပင္ၾကတဲ႔ ေခတ္မွာ ျမတ္တို႔ေတြက ေခတ္မမီေတာ့။အို…႐ုပ္အလွက ေခတ္မမီရင္ေန၊ စိတ္ဓာတ္နဲ႔ အေတြးအျမင္က ေကာင္းတဲ့ဘက္မွာ ေခတ္မီ ေနရင္ ၿပီးတာပဲ။ ျမတ္က ကိုယ့္ကိုယ္ကိုယ္ ခပ္ေဖာ့ေဖာ့ အားေပးလိုက္ပါတယ္။ တစ္ဆက္ တည္း ေတြးမိတာက ႐ုပ္အလွျပင္သလို စိတ္ အလွျပင္တဲ႔စက္ေတြ ေပၚလာရင္ သိပ္ေကာင္း မွာပဲလို႔။ အသားျဖဴေဆးေတာ့ရွိၿပီး စိတ္ျဖဴ ေဆးက် ဘာလို႔မထုတ္ႏိုင္ပါလိမ့္။
တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ေကာက္ေနရင္ ေျဖာင့္ေပးႏိုင္တဲ့စက္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ၾကား သံသယေတြ ရွိေနရင္ အဲဒီသံသယေတြ အေဝးလြင့္သြား ေအာင္ မႈတ္ထုတ္ပစ္ႏိုင္တဲ႔စက္၊ ယွဥ္ၿပိဳင္မႈ ေတြနဲ႔ ေအးစက္ေနတဲ႔ ႏွလံုးသားေတြကို ေႏြးေထြး နီးကပ္ ခ်စ္ျမတ္ႏိုးေစတဲ့ စက္ စသျဖင့္ စိတ္အလွကို ထာဝရ ေခတ္မီေစတဲ႔ စက္မ်ဳိး တီထြင္ႏိုင္ရင္ သိပ္ေကာင္းမွာပဲ။
''ၿပီးသြားၿပီ မမျမတ္ေရ။ အိပ္ေပ်ာ္သြား တာလား မမ၊ ဆံပင္ေလးေတြ အကုန္ေျခာက္ သြားေအာင္ ေလမႈတ္စက္နဲ႔ မႈတ္လိုက္ပါရ ေစဦး'' လက္ေမာင္းတစ္ဖက္ကို ခပ္ဖြဖြ ဆုပ္ကိုင္ လႈပ္ရမ္းရင္း ႏႈိးလာတဲ့ ေရႊရည္ေၾကာင့္ အေတြးလြန္ေနတဲ႔ ျမတ္ လူးလဲထရင္း ကိုယ့္ ဆံပင္ကိုယ္ ျပန္စမ္းလိုက္မိပါတယ္။ ဟယ္…ဟုတ္ပါ့။ ေပ်ာ့ေပ်ာင္းၿပီး ေမႊးႀကိဳင္ေနပါလား။သန္႔ရွင္းတဲ့ ခံစားမႈေၾကာင့္ စိတ္႐ႈပ္တာေတြ ေပ်ာက္ၿပီး တစ္ေခါင္းလံုး ေပါ့သြားတဲ႔အျပင္ ဆံႏြယ္ေလးေတြဆီက ခပ္သင္းသင္းပ်ံ႕လာတဲ႔ ေမႊးရနံ႔ေလးေတြ။
အို...ျမတ္ရဲ႕ စိတ္ေတြလန္းဆန္းသြား တာပဲကြယ္။ ေက်ာေပၚဝဲျဖာက်ေနတဲ့ သန္႔သန္႔ ရွင္းရွင္း ဆံပင္ေျဖာင့္ေျဖာင့္ေလးေတြက မွန္ ၾကည္ၾကည္ထဲမွာ နက္ေမွာင္ေတာက္ေျပာင္ ေနပါတယ္။ မွန္ထဲက ကိုယ့္ဆံပင္ကိုယ္ စိတ္ ေက်နပ္စြာ ေငးၾကည့္ရင္း ျမတ္ ၿပံဳးလိုက္မိ တယ္ ထင္ပါရဲ႕။ ရွက္ကိုးရွက္ကန္းနဲ႔ ေဘးက ေကာင္မေလးေတြဆီ မလံုမလဲ လွည့္ၾကည့္ လိုက္ေတာ့ သူ႔တို႔အာ႐ုံနဲ႔သူတို႔ ကိုယ္စီ အလုပ္ ႐ႈပ္လို႔။
ေတာ္ပါေသးရဲ႕။ ေတာ္ၾကာ ''အမယ္…ဆရာမကလည္း ႀကီးေကာင္ႀကီးမားနဲ႔ လွခ်င္ ေနတုန္းပဲဟ''လို႔ ကဲ့ရဲ႕ေနမွျဖင့္။
ေၾသာ္…ျမတ္တို႔လည္း ကေလးေတြ စံျပအတုယူစရာျဖစ္ေအာင္ ေစတနာ ဝါသနာ အျပည့္နဲ႔ သိကၡာေတြ ကိုယ္က်င့္တရားေတြ စည္းကမ္းေတြကို ဦးထိပ္ပန္ဆင္ေနရတဲ႔ ဆရာမေတြ ဆိုေပမယ့္ လူထဲက လူပဲမဟုတ္ လား။ ေမတၱာတရား ဘယ္ေလာက္ထားပါ တယ္ဆိုဆို။ ေဒါသ ေမာဟ မာန္မာနေတြ ရွိေနတုန္းပဲေလ။ အတၱေတြ ေလာဘေတြ လည္း အလံုးစံု ဘယ္ကင္းစင္ႏိုင္ဦးမွာလဲ။
ကိုယ့္ထက္သာသူကို မုဒိတာ ပြားႏိုင္ဖို႔ ႀကိဳးစားရင္းက မနာလိုဝန္တိုတာမ်ဳိးလည္း တစ္ခါတေလ ျဖစ္တတ္ေသးတာပဲ။
ဘာပဲေျပာေျပာ ဆံပင္မွာ ဖုန္ေတြ ေၾကးေညႇာ္ေတြတင္လာတဲ႔အခါ ရွန္ပူေမႊးေမႊး နဲ႔ ေဆးေလွ်ာ္ သန္႔စင္လိုက္သလို ကိုယ့္စိတ္မွာ ညစ္ေထးတဲ့အကုသိုလ္ ေၾကး ေညႇာ္ေတြ ကပ္ၿငိလာတဲ႔အခါလည္း ''သတိ'' ဆိုတဲ႔ အလွျပင္ဆိုင္မွာ ''အသိ ဥာဏ္ပညာ'' ရွန္ပူ ေလးနဲ႔ ေလွ်ာ္ခ်ရင္း ေခတ္မီအလွတရား ပိုင္ရွင္ျဖစ္ဖို႔ ႀကိဳးစားရမွာပဲေလ။
အလွျပင္ဆိုင္လာရင္း အေတြးလွလွ လက္ေဆာင္ရလာတဲ့ ျမတ္ရဲ႕အျပန္ေျခလွမ္း ေတြဟာ ေခါင္းေပၚက ဝဲျဖာလွပေနတဲ့ ဆံေက သာေလးေတြနဲ႔အၿပိဳင္ ေပါ့ပါးသြက္လက္လို႔ ေနပါေတာ့တယ္ရွင္။ ။
Credit:ေအးျမတ္ျမတ္ၿဖိဳး (ကံမ)
=======
လူ့အလိုနှင့် ခေတ်မီအလှတရား
ဒီနေ့ မြတ််တို့ ကျောင်းပိတ်ရက်။တစ်ပတ်လုံး ပင်ပန်းနေတဲ့ အမေ့ကို နားခိုင်း ဦးမှ၊ မနက်ပိုင်း ထမင်းဟင်းချက်၊ အိမ် သန့်ရှင်းရေးလုပ်ပြီးရင် နေ့လယ်ဘက်တော့ ရွှေရည်တို့ဆိုင် သွားဦးမှဖြစ်မယ်။
ရွှေရည်ဆိုတာက မြတ်တို့ကျောင်းအုပ် ရဲ့ ညီမအငယ်ဆုံး။
စျေးနီး ကျောင်းနီးတဲ့ မြတ်တို့လမ်းထိပ် မှာ ``Royal Princess´´ဆိုတဲ့နာမည်နဲ့ အလှ ပြင်ဆိုင် လာဖွင့်ထားတာ သုံးလကျော်လောက် ရှိပြီလေ။
မြတ် ကျောင်းသွား ကျောင်းပြန်၊ စျေးသွား စျေးပြန် သူ့ဆိုင်ရှေ့ကဖြတ်တိုင်း ခမျာလေးက လှမ်းလှမ်း နှုတ်ဆက်ရှာတယ်။
ရွှေရည်က အသက်လေးလည်းငယ် ရုပ်ကလေးကလည်းချော ဆက်ဆံရေးကလည်းကောင်း၊ အလုပ်အပေါ်လည်း စေတနာထား၊ လက်ရာလေးကလည်းကောင်းဆိုတော့ သူ့ဆိုင်ကို အားပေးသူများတယ်။
ခဏအတွင်း နာမည်ရပြီး လူစည်လာတာမြင်ရတော့ မြတ်တစ်ယောက် မုဒိတာပွားရသေးတယ်။ မြတ်ကိုယ်တိုင်ကတော့ အချိန်မရတာက တစ်ကြောင်း၊ ကောက်တာ ဖြောင့်တာ အလှပြင်တာတွေ ဝါသနာမပါတာကတစ်ကြောင်းကြောင့် သူ့ဆိုင်ကို အခုထိ အားမပေးဖြစ်သေးလို့ အားနာနေခဲ့တာ။
မြတ်က အလှပြင်တာ ဝါသနာမပါဘူး ဆိုပေမယ့် အလှပြင်ဆိုင်တွေကို တစ်ခါမှမသွား ဖူးဘူးတာတော့ မဟုတ်ပါဘူးလေ။ စိတ်မအား လူမအား ခေါင်းရှုပ်တဲ့အခါမျိုးမှာဆို ဆိုင်သွားပြီး အေးအေးဆေးဆေး ခေါင်းလျှော် ခံတတ်ပါတယ်။အိမ်မှာကိုယ့်ဘာသာလျှော် လည်းရပေမယ့် ဆိုင်မှာက ဇိမ်ကျတယ်လေ။ ဒါပေမယ့် ဆိုင်တိုင်းတော့ ဇိမ်ကျတာ မဟုတ်ဘူးရယ်။
ရွှေရည့်ဆိုင်ရောက်ပြီ။ခုမှ ဆိုင်ကို သေချာကြည့်မိတယ်။ ဆိုင်ရှေ့မှာ အလှပန်းအိုးလေးတွေနဲ့ ရှင်းသန့်နေတာပဲ။ဆိုင်အပြင်က သုတ်ထားတဲ့ဆေးက ပန်းနုရောင်၊ ပြာလွင်လွင် မှန်တံခါးလေးတွေက ဖွင့်လျက်သား၊ ဆိုင်အဝင်တံခါးဝမှာ အလှ ဆင်ထားတဲ့ ကန့်လန့်ကာ တိုးလိုးတွဲလောင်း လေးတွေကို အသာတွန်းဖယ်ရင်း ဆိုင်ထဲ လှမ်းဝင်လိုက်တော့ အသံလေးတွေက တချွမ်ချွမ်မြည်သွားပါတယ်။
အဒေါ်ကြီးတစ်ယောက်ကို ဆံပင်ညှပ် ပေးနေတဲ့ ရွှေရည်က လှည့်ကြည့်ရင်း ဝမ်းသာ အားရလေသံနဲ့ ကြိုပါတယ်။
''ဟာ…တို့ မမမြတ် လာတယ်ဟေ့၊ လာ မမ ထိုင်ပါ ထိုင်ပါ ရွှေရည် ဘာလုပ်ပေးရ မလဲ'' ရွှေရည့်ကို ပြုံးပြလိုက်ပြီး မြတ် တစ်ဆိုင်လုံးကို ဝေ့ကြည့်လိုက်ပါတယ်။ ဆိုင်မှာ ရွှေရည်နဲ့အတူ သူ့ဝန်ထမ်းကောင်မလေးတွေက သုံးယောက်။ ရွှေရည့်လိုပဲ ဆံပင်ညှပ်နေတာက တစ်ယောက်၊ ခေါင်းလျှော်ပြီးတဲ့ ဆံပင်အစိုကို လေမှုတ်စက်နဲ့ မှုတ်ပေးနေ တဲ့ သူတစ်ယောက်။ ခေါင်းလျှော်ပေးနေတဲ့သူ က တစ်ယောက်။
ဆိုင်ရှိလူကုန် အလုပ်လုပ်နေ ပေမယ့် ဝန်ထမ်းနဲ့ ဧည့်သည်က မမျှ။ ထိုင်ခုံ တွေမှာ မဂ္ဂဇင်းဖတ်ရင်း ဖုန်းပွတ်ရင်း အလှည့် ကျဖို့ စောင့်နေတဲ့ ဧည့်သည်ကလေးမလေး တွေကလည်း လေးငါးယောက်။
''မမမြတ်လည်း ခေါင်းလျှော်မယ် ညီမလေးရေ'' ဒါပေမယ့် အေးဆေးပါ စာဖတ်ရင်း စောင့်ပါ့မယ်။ တမင်သက်သက် အလည် မလာဖြစ်တဲ့ အတူတူ''
မြတ်က ဆိုဖာတစ်ခုထက် အသာအယာ ဝင်ထိုင်ရင်း ခပ်အေးအေးပြောလိုက်ပါတယ်။
''ကျေးဇူးတင်ပါတယ် မမမြတ်ရယ်''လူကျနေတော့ အားလည်းနာပါတယ်။ ဒီမှာ ခုလထုတ် ရွှေအမြုတေပါ မမ ဖတ်ရင်း ခဏ လေးစောင့်ပေးနော်။ မမကို ရွှေရည်ကိုယ်တိုင် လျှော်ပေးမယ် သိလား''
''ဟုတ်ပါပြီတော်…ကဲ…လုပ်…လုပ်'' ရွှေရည် တရိုတသေ ကမ်းပေးတဲ့မဂ္ဂဇင်း စာအုပ်လေးကို လှမ်းယူပြီး ဖတ်တော့မလို့ စာအုပ်မျက်နှာဖုံးလေးကိုအဖွင့် မြတ်ရဲ့ ဘေးကနေ အသံစူးစူးလေးထွက်လာပါတယ်''
''သမီးက တစ်ခေါင်းလုံး ကောက်မှာနော် မကြီးရွှေရည်'' အသံထွက်လာတဲ့ဆီ မြတ် ယောင်ယမ်း လှည့်ကြည့်မိတော့ ''အမလေး''ဖြစ်ရလေ ကလေးမရယ်'' ဒီလောက် ဖြောင့်စင်းလှပနေတဲ့ ဆံပင်ကလေးတွေကို။ နက်မှောင်ပြီး ဝဲဖြာ ကျနေတာ လှပဲလှသေးရဲ့။ သူ့အစား မြတ် နှမြောနေမိပါတယ်။သူကတော့ ပေါ့ပေါ့ပါးပါး ပြုံးရင်း ဆက်ပြောနေတုန်း…
''ဆံပင်အဖြောင့်နဲ့က တောရုပ်ပေါက် နေတယ် မကြီးရ'' ''သမီး ဝတ်ချင်တဲ့ နားကွင်းအကြီးကြီး တွေနဲ့ဆိုရင် တစ်ခေါင်းလုံး ကောက်မှ လိုက်မှာ''
အမလေးတော်… ဆံပင်အဖြောင့်က တောရုပ်ပေါက်သတဲ့လား။ မြတ်ရင်ထဲမှာ အာမေဍိတ်သံ ထွက်သွားပါတယ်။ ဒီကတော့ သူငယ်ချင်းတွေကြား ဂုဏ်ယူလိုက်ရတာ။ ''လူတကာတွေ ငွေကုန်ခံ ဆံပင်ဖြောင့်တဲ့ ခေတ်မှာ အမေက မြတ်ကို ဆံပင်အတွက် ပိုက်ဆံကုန်သက်သာအောင် မွေးပေးထားတာ '' လို့။ မြတ်က ကိုယ့်ဆံပင်အဖြောင့်လေး တွေဆီ ပြန်စမ်းရင်း ရယ်ချင်သွားပါတယ်။
ရွှေရည်ကတော့ သူညှပ်ပေးလက်စ အဒေါ်ကြီးရဲ့ ဆံပင်အဖျားလေးတွေကို သေချာလက်စသတ် တိညှပ်ပေးနေရင်း ''အိုကေ ညလေး…စိတ်ချ…အလှဆုံး ကောက်ပေးမယ်'' ''ဟိုက်လိုက်လေးရော ဖောက်ဦးမလား။ ညလေး ဘာရောင်ကြိုက်လဲ''တဲ့။ ချိုချိုသာသာ လှမ်းမေးပါတယ်။
ကောင်မလေးက သူ့ပါးဖောင်းဖောင်း လေးပေါ် လက်ညိုးလေးအသာထောက်ပြီး မျက်လုံးကလေးမှေးကာ ခဏစဉ်းစားလိုက်ရင်း ''အင်း...မဟော်ဂနီမှာ အဖြူကျား လေး ဖောက်ပေး မကြီး'' ''အမလေးတော်'' ဒီတစ်ခါ ''အမလေးတော်''က မြတ်ရဲ့ အမလေးတော် မဟုတ်ပါ။ ရွှေရည် ဆံပင်ညှပ် ပေးနေတဲ့ အဒေါ်ကြီးဆီက ထွက်လာတဲ့ အာမေဍိတ်သံ။ အဒေါ်ကြီးက ကောင်မလေး ကို သေချာလှည့်ကြည့်ပြီး ''သမီးရယ် ညည်းဆံပင်လေး ဒီလောက် နက်မှောင်ပြီး လှနေတာအေ။ ကောက်တာတော့ ကောက်ပါ အဖြူတော့ မကျားပါနဲ့ လား။ အန်တီတို့အရွယ်ရောက်ရင် မဖြူချင် လည်း ဖြူရမှာ။ နက်နိုင်တုန်းကို နက်စမ်းပါ စေကွယ်။ ကဲ…ကဲ…ရွှေရည်ရေ…ညှပ်ပြီးရင် အန်တီ့ကို တစ်လက်စတည်း ဆံပင်နက်ဆေး ဆိုးပေးပါဦး''
ရွှေရည်ကိုပါ တစ်ခါတည်း ဆက်ပြော လိုက်ပါတယ်။ ရွှေရည်ကတော့ ဒီတစ်ယောက် ကို လည်း ''အိုကေပါ အန်တီ။ ရွှေရည် သေချာ ရွှိုင်းပေးမယ်နော်''တဲ့။
မြတ်လည်း စာအုပ်ဆီပြန်ပြီး အာရုံ စိုက်လိုက်ပါတယ်။ ဒါပေမဲ့ ဝတ္ထုတိုတစ်ပုဒ်တောင် ဖတ်လို့မပြီးသေး။ ဆိုင်တံခါးအဝ ကန့်လန့်ကာရဲ့ ဖန်စီတွဲလောင်းလေးတွေဆီက ခြိုးခြိုးချွမ်ချွမ် အသံတွေနဲ့အတူ ''မကြီး ရွှေရည် …ဟား…တို့ မကြီးဆိုင် လူတွေအပြည့်ပါ လား''ဆိုတဲ့ ကောင်လေးတစ်သိုက်ရဲ့ တစ်ယောက်တစ်ပေါက် အသံဆူဆူကြောင့် အာရုံပျက်သွားပါတယ်။မော့ကြည့်လိုက်တော့ လမ်းထဲက ဖိုးသားတို့အဖွဲ့။ ပြီးခဲ့တဲ့နှစ်က ဆယ်တန်းအောင်သွားတဲ့ မြတ်တပည့်တွေ။ဖိုးသားက မြတ်ကိုမြင်တော့ သွားကလေး ဖြဲရင်း နှုတ်ဆက်ရှာပါတယ်။
''အဲ…တို့တီချယ်ပါလား။ ဆံပင်လာညှပ် တာလားတီချယ်'' ''ခေါင်းလျှော်မလို့ပါကွာ။ မင်းတို့ က ရော'' ''အဟီး…သားတို့ နားဖောက်မလို့ တီချယ်။ ဇာနည်ကတော့ ဆံပင်ဖြောင့်ချင် လို့တဲ့'' မြတ် မျက်လုံးအကြည့်တွေက ဇာနည့် ခေါင်းဆီ ရောက်သွားပါတယ်။ တစ်ခေါင်းလုံး ကောက်ကွေးနေတဲ့ မွေးရာပါ ဆံပင်လိမ်လိမ် လေးတွေကြောင့် သူငယ်ချင်းတွေက ''ကပ္ပလီ'' လို့ စနောက်ကြတဲ့ ဇာနည်။ ခုတော့လည်း သူကဖြောင့်ချင်ပြန်သတဲ့လေ။
ဒါပေမဲ့ ဆိုင်မှာ လူတအားကျနေတော့ နောက်နေ့မှ လာမယ့်အကြောင်း ရွှေရည်နဲ့ မြတ်ကို ပြောဆိုနှုတ်ဆက်ရင်း ကောင်လေး တစ်သိုက် ပြန်ထွက်သွားကြပါတယ်။
''လာ…မမ မြတ်…လျှော်ရအောင်လေ'' တက္ကသိုလ်ကျောင်းသား ချစ်တပည့်များကို ငေးနေမိတဲ့ မြတ်တစ်ယောက် ရွှေရည့် အသံကြားမှ သတိဝင်လာပါရော။ လက်ထဲက မဂ္ဂဇင်းစာအုပ်လေးကို ချထားခဲ့ကာ လျှော်ခုံ ပေါ်တက်ပြီး အသာလှဲလိုက်ပါတယ်။
''ရေ စ လောင်းပြီနော် မမမြတ်'' ရွှေရည်က သတိပေးလိုက်ရင်း မြတ် ဆံပင်တွေဆီ ရေစလောင်းလိုက်ပါတယ်။အချိန်ကြာကြာ ထိုင်စောင့်နေရလို့ပဲလား၊ အေးခနဲ ခံစားချက်နဲ့အတူ ဆံပင်ကို ညင်ညင် သာသာ ထိကိုင်နေတဲ့ ရွှေရည့်လက်တွေ ကြောင့်လားတော့မသိ၊ ခပ်သင်းသင်းမွှေးမြ လာတဲ့ ရှန်ပူနံ့လေးတွေကြားမှာ မြတ်ရဲ့ မျက်လုံးတွေ မှေးလာပါတော့တယ်။ မျက်လုံး တွေကို အလိုက်သင့် အသာမှိတ်ထားလိုက်မိပေမယ့် မြတ်ရဲ့အတွေးတွေကတော့ ပြေးလွှားလို့ နေတုန်းပါ။
သြော်… ဆံပင်…ဆံပင်။ ခေတ်မီပစ္စည်းတွေ၊ နည်းပညာတွေ တိုးတက်လာတော့ ဖြောင့်သူလည်း ကောက်လို့ ရသလို၊ ကောက်သူလည်း ဖြောင့်ခွင့်ရနေပြီ။ဖြူရာက နက်မလား။ နက်ရာက စိမ်းမလား။ ဝါချင်သေးလား။ ရွှေရောင် လုပ်ဦးမလား။အကုန်ရတဲ့ခေတ်။ အရင်ခေတ်တုန်းကတော့ နိုင်ငံခြားသူလေးတွေသာ မျက်လုံးပြာပြာ ဆံပင်ဝါဝါ။
ခုခေတ်ကတော့ ဝါချင်ဆေးဆိုး၊ ပြာ ချင် မျက်ကပ်မှန် အပြာရောင်တပ်။ အတုအပ အားလုံးရနေပြီ။ ဆံပင် ဖြူ နီကြောင် ကျား နားကွင်း နားကပ် ဘောင်းဘီအကျပ်တွေနဲ့ ''ကျား''လား ''မ''လား ခွဲခြားမရအောင် အလှပြင်ကြတဲ့ ခေတ်မှာ မြတ်တို့တွေက ခေတ်မမီတော့။အို…ရုပ်အလှက ခေတ်မမီရင်နေ၊ စိတ်ဓာတ်နဲ့ အတွေးအမြင်က ကောင်းတဲ့ဘက်မှာ ခေတ်မီ နေရင် ပြီးတာပဲ။ မြတ်က ကိုယ့်ကိုယ်ကိုယ် ခပ်ဖော့ဖော့ အားပေးလိုက်ပါတယ်။ တစ်ဆက် တည်း တွေးမိတာက ရုပ်အလှပြင်သလို စိတ် အလှပြင်တဲ့စက်တွေ ပေါ်လာရင် သိပ်ကောင်း မှာပဲလို့။ အသားဖြူဆေးတော့ရှိပြီး စိတ်ဖြူ ဆေးကျ ဘာလို့မထုတ်နိုင်ပါလိမ့်။
တစ်ယောက်နဲ့ တစ်ယောက် စိတ်ကောက်နေရင် ဖြောင့်ပေးနိုင်တဲ့စက်၊ တစ်ယောက်နဲ့ တစ်ယောက်ကြား သံသယတွေ ရှိနေရင် အဲဒီသံသယတွေ အဝေးလွင့်သွား အောင် မှုတ်ထုတ်ပစ်နိုင်တဲ့စက်၊ ယှဉ်ပြိုင်မှု တွေနဲ့ အေးစက်နေတဲ့ နှလုံးသားတွေကို နွေးထွေး နီးကပ် ချစ်မြတ်နိုးစေတဲ့ စက် စသဖြင့် စိတ်အလှကို ထာဝရ ခေတ်မီစေတဲ့ စက်မျိုး တီထွင်နိုင်ရင် သိပ်ကောင်းမှာပဲ။
''ပြီးသွားပြီ မမမြတ်ရေ။ အိပ်ပျော်သွား တာလား မမ၊ ဆံပင်လေးတွေ အကုန်ခြောက် သွားအောင် လေမှုတ်စက်နဲ့ မှုတ်လိုက်ပါရ စေဦး'' လက်မောင်းတစ်ဖက်ကို ခပ်ဖွဖွ ဆုပ်ကိုင် လှုပ်ရမ်းရင်း နှိုးလာတဲ့ ရွှေရည်ကြောင့် အတွေးလွန်နေတဲ့ မြတ် လူးလဲထရင်း ကိုယ့် ဆံပင်ကိုယ် ပြန်စမ်းလိုက်မိပါတယ်။ ဟယ်…ဟုတ်ပါ့။ ပျော့ပျောင်းပြီး မွှေးကြိုင်နေပါလား။သန့်ရှင်းတဲ့ ခံစားမှုကြောင့် စိတ်ရှုပ်တာတွေ ပျောက်ပြီး တစ်ခေါင်းလုံး ပေါ့သွားတဲ့အပြင် ဆံနွယ်လေးတွေဆီက ခပ်သင်းသင်းပျံ့လာတဲ့ မွှေးရနံ့လေးတွေ။
အို...မြတ်ရဲ့ စိတ်တွေလန်းဆန်းသွား တာပဲကွယ်။ ကျောပေါ်ဝဲဖြာကျနေတဲ့ သန့်သန့် ရှင်းရှင်း ဆံပင်ဖြောင့်ဖြောင့်လေးတွေက မှန် ကြည်ကြည်ထဲမှာ နက်မှောင်တောက်ပြောင် နေပါတယ်။ မှန်ထဲက ကိုယ့်ဆံပင်ကိုယ် စိတ် ကျေနပ်စွာ ငေးကြည့်ရင်း မြတ် ပြုံးလိုက်မိ တယ် ထင်ပါရဲ့။ ရှက်ကိုးရှက်ကန်းနဲ့ ဘေးက ကောင်မလေးတွေဆီ မလုံမလဲ လှည့်ကြည့် လိုက်တော့ သူ့တို့အာရုံနဲ့သူတို့ ကိုယ်စီ အလုပ် ရှုပ်လို့။
တော်ပါသေးရဲ့။ တော်ကြာ ''အမယ်…ဆရာမကလည်း ကြီးကောင်ကြီးမားနဲ့ လှချင် နေတုန်းပဲဟ''လို့ ကဲ့ရဲ့နေမှဖြင့်။
သြော်…မြတ်တို့လည်း ကလေးတွေ စံပြအတုယူစရာဖြစ်အောင် စေတနာ ဝါသနာ အပြည့်နဲ့ သိက္ခာတွေ ကိုယ်ကျင့်တရားတွေ စည်းကမ်းတွေကို ဦးထိပ်ပန်ဆင်နေရတဲ့ ဆရာမတွေ ဆိုပေမယ့် လူထဲက လူပဲမဟုတ် လား။ မေတ္တာတရား ဘယ်လောက်ထားပါ တယ်ဆိုဆို။ ဒေါသ မောဟ မာန်မာနတွေ ရှိနေတုန်းပဲလေ။ အတ္တတွေ လောဘတွေ လည်း အလုံးစုံ ဘယ်ကင်းစင်နိုင်ဦးမှာလဲ။
ကိုယ့်ထက်သာသူကို မုဒိတာ ပွားနိုင်ဖို့ ကြိုးစားရင်းက မနာလိုဝန်တိုတာမျိုးလည်း တစ်ခါတလေ ဖြစ်တတ်သေးတာပဲ။
ဘာပဲပြောပြော ဆံပင်မှာ ဖုန်တွေ ကြေးညှော်တွေတင်လာတဲ့အခါ ရှန်ပူမွှေးမွှေး နဲ့ ဆေးလျှော် သန့်စင်လိုက်သလို ကိုယ့်စိတ်မှာ ညစ်ထေးတဲ့အကုသိုလ် ကြေး ညှော်တွေ ကပ်ငြိလာတဲ့အခါလည်း ''သတိ'' ဆိုတဲ့ အလှပြင်ဆိုင်မှာ ''အသိ ဉာဏ်ပညာ'' ရှန်ပူ လေးနဲ့ လျှော်ချရင်း ခေတ်မီအလှတရား ပိုင်ရှင်ဖြစ်ဖို့ ကြိုးစားရမှာပဲလေ။
အလှပြင်ဆိုင်လာရင်း အတွေးလှလှ လက်ဆောင်ရလာတဲ့ မြတ်ရဲ့အပြန်ခြေလှမ်း တွေဟာ ခေါင်းပေါ်က ဝဲဖြာလှပနေတဲ့ ဆံကေ သာလေးတွေနဲ့အပြိုင် ပေါ့ပါးသွက်လက်လို့ နေပါတော့တယ်ရှင်။ ။
Credit:အေးမြတ်မြတ်ဖြိုး (ကံမ)

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...