Loading...

ဒီလို ေၾကာက္စရာေကာင္းတဲ့ အိမ္ေဖာ္မ်ိဳးေတြလည္း သတိထားၾကပါ..။

ညေနဘက္မွာ ကြ်န္မ အေဒၚဆီကေန ဖုန္းလာလို႔ သူ႕တိုက္ခန္းကို ျမန္ျမန္သြားလိုက္ရပါတယ္ ...

ဟိုေရာက္ေတာ့ ရဲေတြေရာ၊ ရပ္ကြက္အုပ္ခ််ဳပ္ေရး အဖြဲ႕၀င္ေတြေရာ ေရာက္ေနၾကပါတယ္ ...
ျဖစ္စဥ္ကေတာ့ ကြ်န္မအေဒၚက ညေနဘက္ အိမ္ေရွ႕ဧည့္ခန္းမွာ အသိတစ္ေယာက္နဲ႔ viber ေျပာေနတုန္း သူ႕အိမ္ေဖာ္ေကာင္မေလးကို ေခၚတာ ေခၚမရ ျဖစ္တဲ့အတြက္ အိမ္ေနာက္ဘက္ကို လိုက္သြားတာမွာ ေသြးအိုင္ထဲမွာ လဲေနတာကို ေတြ႕ပါတယ္ ...

ကြ်န္မအေဒၚက ႏွလံုးလဲသိပ္မေကာင္း ေသြးလဲ မၾကည့္ရဲေတာ့ ေျပးထြက္ျပီး ေဘးအခန္းေတြကို တံခါးေခါက္ျပီးေခၚ၊ ရယက ဖုန္းဆက္၊ ရဲကို အေၾကာင္းၾကားလိုက္ပါတယ္ ...
ထင္ေၾကးကေတာ့ သူ႕ကိုယ္သူ ေသေၾကာင္းၾကံတယ္လို႔ ထင္ျပီးေတာ့ပါ ...
ကြ်န္မ အေဒၚက အဲ့တိုက္ခန္းမွာ သူ႕ ေမာင္ျဖစ္သူ ကြ်န္မဘၾကီးနဲ႔ ႏွစ္ေယာက္ တူတူေနတာပါ .. ဘၾကီးက ေလျဖတ္လို႔ အိပ္ယာထဲလဲျပီး လံုး၀မထႏိုင္ေတာ့တာ ၇ႏွစ္တိတိရွိပါျပီ ... ကြ်န္မ အေဒၚရဲ႕ အသက္က ၇၁ႏွစ္ရွိပါျပီ ... အေဖ့အမ အၾကီးဆံုးပါ ..
ကြ်န္မအေဒၚက အရာရာကို ကိုယ့္လက္ ကိုယ့္ေျခလုပ္ရမွ ၾကိဳက္ေပမယ့္ ကူေဖာ္ေလးရေအာင္ ေခၚထားတဲ့သေဘာပါပဲ ... ေကာင္မေလးက (၁၇)ႏွစ္္ပါ ... နာမည္က ေကသြယ္စိုးပါ ...

သူ႕ေရွ႕က ေကာင္မေလးျပန္သြားလို႔ ေရာက္လာတာ ၁လ မျပည့္ေသးပါဘူး ...
အိမ္က ကန္ထရိုက္တိုက္ေပမယ့္ အခန္းေတြ အကုန္နီးပါးက ေဆြမ်ိဳး ေမာင္ႏွမေတြပဲေနတာပါ ..
အဲဒါနဲ႔ ရဲနဲ႔ ရပ္ကြက္ ဥကၠဌနဲ႔ အတူ ေကာင္မေလးကို အေနာက္ပိုင္း ေဆးရံုကို ေခၚသြားပါတယ္ .. အဲ့မွတဆင့္ ရန္ကုန္ေဆးရံုၾကီးကို ဆက္သြားပါတယ္ ...
ကြ်န္မ အေဖနဲ႔ ေမာင္ေလးလဲ လိုက္သြားပါတယ္ ...

ေကာင္မေလး သတိရလာေတာ့ ရဲက စစ္တဲ့အခါ ေကာင္မေလးက သူ႕ကို ေနာက္ကေန တစ္ေယာက္က ေဆာင့္တြန္းလိုက္တယ္လို႔ ေျပာပါတယ္ (အိမ္မွာက လူေကာင္းဆိုလို႔ ကြ်န္မအေဒၚပဲရွိတာဆိုေတာ့ သူေျပာခ်င္တာ ကြ်န္မ အေဒၚေပါ့ေလ) ... အဲ့မွာ သူလဲက်သြားျပီး ဘာမွမသိေတာ့ဘူး ျဖစ္သြားတယ္ ... ကြ်န္မအေဒၚကိုလဲ အဘြားၾကီးက အျမဲတမ္းရိုက္ေၾကာင္း ... အေၾကာင္းမရွိ အေၾကာင္းရွာ ဆူပူေၾကာင္း ေျပာပါတယ္ … လက္က ျခင္ကိုက္လို႔ ကုတ္ထားျပီး အသားမာတက္ေနတဲ့ ဟာကိုေတာင္ အဘြားၾကီး ရိုက္ထားတဲ့ ဒဏ္ရာဆိုျပီးေျပာပါတယ္ ... ဘယ္တုန္းက ရိုက္ထားတာလဲဆိုေတာ့ မေန႔ကရိုက္တာတဲ့ ... အဲလိုေတြပါ ...
ရဲေတြ ဆရာ၀န္ေတြေရွ႕မွာေတာ့ လံုး၀ကို မလႈပ္ႏိုင္ေအာင္ ဒဏ္ရာေတြရေနတဲ့ပံုပါ ... မထႏိုင္ေလာက္ကို ျဖစ္ေနတဲ့ပံုစံနဲ႔ လုပ္ေနပါတယ္

...
ဟိုေနရာကိုထိလဲ နာတယ္ေျပာတယ္ … အဲေတာ့ ခ်က္ခ်င္း ဓာတ္မွန္ရိုက္ … ၂ေနရာေလာက္ကို ရိုက္ပါတယ္ ... ေခါင္းထိလဲ နာတယ္ေျပာတယ္ … CT Scan ရိုက္နဲ႔ … result ကလဲ ဘာမွ မျဖစ္ဘူးဆိုတာပဲ ထြက္ပါတယ္ … ဆရာ၀န္ေတြကလဲ သူေျပာသမွ် အကုန္စစ္ေပးပါတယ္ ... ဘာဆိုဘာမွ မျဖစ္ပါဘူး ... (ေဆးစစ္ခ်က္ result ေတြ အကုန္ရွိပါတယ္)
ျပီးေတာ့ ဦးေႏွာက္နဲ႔ အာရုံေၾကာ အေဆာင္မွာထားရပါတယ္ ...
ကြ်န္မကေတာ့ အေဒၚအိမ္မွာ ေစာင့္ေပးရင္း သတင္းနားစြင့္ေနရတာပါ ... ည ၁၀နာရီ ေလာက္က်ေတာ့ ရပ္ကြက္ဥကၠဌက ဖုန္းဆက္လာပါတယ္ (သူက ေဆးရံုမွာရွိေနတာပါ.. အိမ္မွာ တန္ဖိုးရွိ ပစၥည္း အေပ်ာက္အရွရွိမရွိ စစ္ေပးပါဆိုျပီး ေျပာပါတယ္ ...

အဲဒါကလဲ ရဲက ေမးခိုင္းတယ္ေျပာပါတယ္ ...
ကြ်န္္မတို႔လဲ စစ္ၾကည့္ေတာ့ တန္ဖိုးၾကီးတာ တခုမွ အေပ်ာက္မရွိပါဘူး ... အဲ့အတိုင္းပဲ ျပန္အေၾကာင္းျပန္လိုက္ပါတယ္ ...
ည ၁၁နာရီေလာက္မွ သတင္းအတိအက်ရတာကေတာ့ ေကာင္မေလးက ကြ်န္မအေဒၚရဲ႕ ေရႊလက္ေကာက္ကို အတြင္းခံေဘာင္းဘီထဲမွာ ခ်ိတ္္နဲ႔တြယ္ျပီးခိုးထားတာကို xray ရိုက္ေတာ
့ ေတြ႕လို႔ ျဖဳတ္ခိုင္းတဲ့အတြက္ ရဲကေန အေစာပိုင္းကတည္းက ျဖဳတ္ခိုင္းျပီး သိမ္းဆည္းထားတယ္ ဆိုတာပါ ... ပစၥည္းကိုလဲ သက္ေသအျဖစ္နဲ႔ သိမ္းသြားတယ္ဆိုျပီး သိရပါတယ္ ..

.
အဲေတာ့မွ အားလံုးလဲ ေတာ္ေတာ္ကို စိတ္ေအးသြားပါတယ္ ...
ဒီေကာင္မေလးက ကြ်န္မ အေဒၚကို အရင္က အိမ္ေဖာ္ႏွိပ္စက္သူအျဖစ္ စြပ္စြဲေနတာပါ ... အခုေတာ့ တရားကိုနတ္ေစာင့္တယ္ဆိုတဲ့ စကားအတိုင္းပါပဲ ... သူကိုယ္တိုင္ျပန္ထိသြားတာပါ ...
ျဖစ္ခ်င္ေတာ့ အဲ့လက္ေကာက္ကို သူခိုး အိမ္ေဖာ္မက အစစ္ထင္လို႔ ခိုးေပမယ့္ အတု ဖန္စီၾကီးပါ ... ကြ်န္မအေဒၚကို သူ႕သူငယ္ခ်င္းတစ္ေယာက္က လက္ေဆာင္ေပးထားတာ ေရႊအစစ္နဲ႔ ေတာ္ေတာ္တူပါတယ္
... အဲဒါကို လြယ္လြယ္ပဲ အ၀တ္ဘီရိုထဲမွာ ထည့္ထားတာကို ဘီရိုေသာ့ဖြင့္ေရြလက္ေကာက္ အစစ္ထင္ျပီး ခိုးထားတာပါ ...
အဲဒီ့အခ်ိန္မွာေတာ့ ကြ်န္မအေဒၚအေပၚ သံသယေတြ ရွင္းသြားျပီေပါ့ေလ ...
ဒါမယ့္ ေဆးရံုမွာ ၂၄နာရီေစာင့္ၾကည့္ရမယ္ဆိုေတာ့ ေဆးရံုမွာ တစ္ညထားလိုက္ရပါတယ္ ...

မနက္က်ေတာ့ ေကာင္မေလးက ဘာမွမျဖစ္ စားႏိုင္ေသာက္ႏိုင္ စကားေတြေျပာႏိုင္ေနတဲ့အျပင္ ေျပာစကားက တမ်ိဳးေျပာင္းသြားပါတယ္ ( သူ ခိုးထားတာ မိသြားျပီဆိုေတာ့ေလ) .. သူ႕မွာ ဒီအိမ္မွာလာမေနခင္တည္းက ပေယာဂရွိေၾကာင္း ... ဒီကိစၥေတြျဖစ္တာကို သူဘာမွမသိေၾကာင္း ... ပေယာဂအေနနဲ႔ ကပ္ေနတာက အဘိုးၾကီးတစ္ေယာက္ျဖစ္ျပီး
သူ႕ကို တိုက္ေပၚက ခုန္ခ်ခိုင္းတာတို႔ ဘာညာေတြေတာင္လုပ္ခိုင္းေၾကာင္း ... သူ႕ အတြင္းခံ ေဘာင္းဘီထဲကို လက္ေကာက္ဘယ္လိုေရာက္လာမွန္းသူမသိေၾကာင္း ... ဇာတ္ထုတ္တစ္မ်ိဳး ေျပာင္းပါေတာ့တယ္ ...

ကြ်န္မအေဒၚက အရမ္းေတာ္ေၾကာင္း .. ဘုရားတရားအရမ္းလုပ္ေၾကာင္း ... သူ႕မွာ ပေယာဂရွိေနတဲ့အတြက္ ဒီအိမ္မွာေနရတာ သူ႕အတြက္ ပူေလာင္ေနေၾကာင္းေတြလဲပါပါတယ္ ... ေဆာင့္တြန္းလိုက္တာကလဲ လက္ၾကီးတစ္ခုကေနတြန္းတာျဖစ္ေၾကာင္း ပေယာဂအေနနဲ႕ ကပ္ေနတဲံ့ အဘိုးၾကီးပဲ ျဖစ္မယ္ထင္ေၾကာင္းေျပာပါတယ္ ...
တကယ္မလြယ္တဲ့ မိန္းကေလးပါ ...

ေဆးရံုက သူဘာမွမျဖစ္တဲ့အတြက္ ေန႔လည္ ၂နာရီေလာက္မွ ေဆးရံုကေပးဆင္းလိုက္ပါတယ္ ...
ကြ်န္မအေဒၚကလဲ ပစၥည္းက တန္ဖိုးမၾကီးတဲ့အတြက္ အလုပ္ရႈပ္ခံျပီး အမႈမဖြင့္ခ်င္ေတာ့ဘူး.. အိမ္ေပၚကိုေတာ့ ျပန္အတက္မခံႏိုင္ဘူး... သူ႕ကို သူ႕အေမလက္ထဲကို ခ်က္ခ်င္း ျပန္ထည့္မယ္ဆိုျပီး သာေပါင္းက သူ႕အေမကို မနက္တည္းကလာဖို႔ ဖုန္းဆက္ေခၚပါတယ္ ... သူ႕အေမ ညေနကေရာက္လာေတာ့ ငိုယိုျပီး သမီးမိုက္ ဘာညာေပါ့ေလ ...
အခုေတာ့ ရပ္ကြက္ရံုးမွာ ခံ၀န္ခ်က္နဲ႔အတူ ျပန္လႊတ္္လိုက္ပါတယ္ ... အမွန္က အဲေလာက္နဲ႔ မခြင့္လႊတ္သင့္ဘူးေတာ့ ကြ်န္မထင္ပါတယ္

တကယ္လို႔သာ လက္ေကာက္သာ သူ႕အတြင္းခံထဲက မမိရင္ သူက ကြ်န္မအေဒၚကို အင္း၀အမႈလိုပံုစံမ်ိဳး စြပ္စြဲခ်င္ေနတာပါ ...
သူ႕အၾကံက အတိအက် ဘာမွန္းေသခ်ာမသိေပမယ့္ ျဖစ္ႏိုင္ေခ်က လက္ေကာက္ခိုးျပီး သူ႕အိမ္ျပန္ရေအာင္ လုပ္တယ္ ... ဒါမယ့္ မျပန္ရပဲ ရဲေတြပါေရာက္လာေတာ့ ကြ်န္မအေဒၚကို စြပ္စြဲတယ္ ... ျပီးေတာ့ ခိုးတာမိသြားျပီး ေလသံက ျပန္ေျပာင္းသြားတယ္ ... စစ္ၾကည့္ေတာ့ သူ႕အ၀တ္အစားထုတ္က အသင့္ျပင္ထားတာလဲေတြ႕ပါတယ္ ...
တကယ္လို႔သာ လက္ေကာက္ကိစၥ အေၾကာင္းသာမပါခဲ့ပဲ ကြ်န္မအေဒၚကို စြပ္စြဲရင္ ကြ်န္မကလဲ အသေရဖ်က္မႈနဲ႔ ျပန္တရားစြဲမွာပါ ...
ကြ်န္မအေဒၚကလဲ အင္း၀အမႈျဖစ္တုန္းက အဲ့ေကာင္မေလးကိုေတာင္ေျပာျပလိုက္ေသးတယ္တဲ့ ... သူမ်ားေတြႏွိပ္စက္ၾကတဲ့အေၾကာင္းေပ့ါေလ ... သူ႕ကိုလုပ္မယ့္သူကို သူကိုယ္တိုင္က နည္းလမ္းသြားေပးေနသလိုပါ ... :(
အမွန္က ဒီကေလးမက အေနာက္ပိုင္းေဆးရံုမွာတည္းက သတိရေနတယ္လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕၀င္ေတြကေျပာပါတယ္ ... ဒါမယ့္ သူမ်က္လံုးပြင့္လာတာေတြ႕လို႔ သတိရျပီထင္တယ္ေျပာေတာ့ မ်က္လံုးျပန္မွိတ္သြားတယ္ေျပာပါတယ္ ...

 တာ၀န္က်ဆရာ၀န္မက ရင္ညြန္႔ကို ႏွိပ္ၾကည့္ေတာ့ ဟန္ေဆာင္လို႔မရပဲ
မ်က္စိျပန္ပြင့္လာပါတယ္ ... ေမ့ေနတဲ့သူမွမဟုတ္တာ နာသြားတာကိုး... အဲလိုေတြ မူယာမာယာမ်ားအေကာက္ၾကံေနတာပါ ...
ကြ်န္မအေဒၚက ေၾကာက္ျပီး သူလဲက်ေနတုန္းက မကိုင္မိလို႔လဲ ေတာ္ပါေသးတယ္ .. တကယ္လို႔ သြားကိုင္မိရင္ေတာင္ သူ႕ကိုလုပ္တယ္ဆိုျပီး စြပ္စြဲတာက အထေျမာက္သြားမွာပါ ... လက္ေဗြေတြဘာေတြ ပါသြားျပီေလ ....
သူ႕ေၾကာင့့္ ဆရာ၀န္ေတြေရာ၊ ရဲေတြေရာ၊ က်န္လူေတြေရာ အလုပ္အကိုင္ပ်က္ ကြ်န္မဆို အိမ္ကို ည သန္းေခါင္မွျပန္ေရာက္တယ္ ...
ဒီေလာက္ ရွည္လ်ားေထြျပားစြာေရးျပေနတာက လူေတြကို သတိထားေစခ်င္လုိ႔ပါ ... အိမ္ေဖာ္ဆိုတိုင္း သနားစရာေကာင္းတယ္ထင္ေနၾကလို႔ပါရွင္
ကြ်န္မကေတာ့ ဒီကိုယ္ေတြ႕နဲ႔တင္ ေတာ္ေတာ္ကို လန္႔သြားပါျပီ ...
သူ႕ပံုႏွစ္ပံုနဲ႔ သူ႕အတြင္းခံထဲ ခ်ိတ္နဲ႔တြယ္ျပီးထည့္ထားတဲ့ လက္ေကာက္ပံုကိုပါ တင္ထားပါတယ္ ...

ကြ်န္မအေဒၚက ခြင့္လႊတ္ေပးေပမယ့္ ဒီေလာက္ ယုတ္မာတဲ့ မိန္းကေလး ျပစ္မႈေတြ ဆက္က်ဳးလြန္ေနမွာ စိုးရိမ္ရပါတယ္ ...
အိမ္ေဖာ္ေခၚရင္လဲ သတိထားၾကပါ ... ေနာက္ေၾကာင္းကို ေသခ်ာစံုစမ္းပါ ..
အခုေခတ္ၾကီးက လံုး၀မေကာင္းလို႔ပါရွင္ :(

May Kyaw
Search Myanmar
============

ညနေဘက်မှာ ကျွန်မ အဒေါ်ဆီကနေ ဖုန်းလာလို့ သူ့တိုက်ခန်းကို မြန်မြန်သွားလိုက်ရပါတယ် ...

ဟိုရောက်တော့ ရဲတွေရော၊ ရပ်ကွက်အုပ်ချျုပ်ရေး အဖွဲ့ဝင်တွေရော ရောက်နေကြပါတယ် ...
ဖြစ်စဉ်ကတော့ ကျွန်မအဒေါ်က ညနေဘက် အိမ်ရှေ့ဧည့်ခန်းမှာ အသိတစ်ယောက်နဲ့ viber ပြောနေတုန်း သူ့အိမ်ဖော်ကောင်မလေးကို ခေါ်တာ ခေါ်မရ ဖြစ်တဲ့အတွက် အိမ်နောက်ဘက်ကို လိုက်သွားတာမှာ သွေးအိုင်ထဲမှာ လဲနေတာကို တွေ့ပါတယ် ...

ကျွန်မအဒေါ်က နှလုံးလဲသိပ်မကောင်း သွေးလဲ မကြည့်ရဲတော့ ပြေးထွက်ပြီး ဘေးအခန်းတွေကို တံခါးခေါက်ပြီးခေါ်၊ ရယက ဖုန်းဆက်၊ ရဲကို အကြောင်းကြားလိုက်ပါတယ် ...
ထင်ကြေးကတော့ သူ့ကိုယ်သူ သေကြောင်းကြံတယ်လို့ ထင်ပြီးတော့ပါ ...
ကျွန်မ အဒေါ်က အဲ့တိုက်ခန်းမှာ သူ့ မောင်ဖြစ်သူ ကျွန်မဘကြီးနဲ့ နှစ်ယောက် တူတူနေတာပါ .. ဘကြီးက လေဖြတ်လို့ အိပ်ယာထဲလဲပြီး လုံးဝမထနိုင်တော့တာ ရနှစ်တိတိရှိပါပြီ ... ကျွန်မ အဒေါ်ရဲ့ အသက်က ၇၁နှစ်ရှိပါပြီ ... အဖေ့အမ အကြီးဆုံးပါ ..
ကျွန်မအဒေါ်က အရာရာကို ကိုယ့်လက် ကိုယ့်ခြေလုပ်ရမှ ကြိုက်ပေမယ့် ကူဖော်လေးရအောင် ခေါ်ထားတဲ့သဘောပါပဲ ... ကောင်မလေးက (၁၇)နှစ််ပါ ... နာမည်က ကေသွယ်စိုးပါ ...

သူ့ရှေ့က ကောင်မလေးပြန်သွားလို့ ရောက်လာတာ ၁လ မပြည့်သေးပါဘူး ...
အိမ်က ကန်ထရိုက်တိုက်ပေမယ့် အခန်းတွေ အကုန်နီးပါးက ဆွေမျိုး မောင်နှမတွေပဲနေတာပါ ..
အဲဒါနဲ့ ရဲနဲ့ ရပ်ကွက် ဥက္ကဌနဲ့ အတူ ကောင်မလေးကို အနောက်ပိုင်း ဆေးရုံကို ခေါ်သွားပါတယ် .. အဲ့မှတဆင့် ရန်ကုန်ဆေးရုံကြီးကို ဆက်သွားပါတယ် ...
ကျွန်မ အဖေနဲ့ မောင်လေးလဲ လိုက်သွားပါတယ် ...

ကောင်မလေး သတိရလာတော့ ရဲက စစ်တဲ့အခါ ကောင်မလေးက သူ့ကို နောက်ကနေ တစ်ယောက်က ဆောင့်တွန်းလိုက်တယ်လို့ ပြောပါတယ် (အိမ်မှာက လူကောင်းဆိုလို့ ကျွန်မအဒေါ်ပဲရှိတာဆိုတော့ သူပြောချင်တာ ကျွန်မ အဒေါ်ပေါ့လေ) ... အဲ့မှာ သူလဲကျသွားပြီး ဘာမှမသိတော့ဘူး ဖြစ်သွားတယ် ... ကျွန်မအဒေါ်ကိုလဲ အဘွားကြီးက အမြဲတမ်းရိုက်ကြောင်း ... အကြောင်းမရှိ အကြောင်းရှာ ဆူပူကြောင်း ပြောပါတယ် … လက်က ခြင်ကိုက်လို့ ကုတ်ထားပြီး အသားမာတက်နေတဲ့ ဟာကိုတောင် အဘွားကြီး ရိုက်ထားတဲ့ ဒဏ်ရာဆိုပြီးပြောပါတယ် ... ဘယ်တုန်းက ရိုက်ထားတာလဲဆိုတော့ မနေ့ကရိုက်တာတဲ့ ... အဲလိုတွေပါ ...
ရဲတွေ ဆရာဝန်တွေရှေ့မှာတော့ လုံးဝကို မလှုပ်နိုင်အောင် ဒဏ်ရာတွေရနေတဲ့ပုံပါ ... မထနိုင်လောက်ကို ဖြစ်နေတဲ့ပုံစံနဲ့ လုပ်နေပါတယ်

...
ဟိုနေရာကိုထိလဲ နာတယ်ပြောတယ် … အဲတော့ ချက်ချင်း ဓာတ်မှန်ရိုက် … ၂နေရာလောက်ကို ရိုက်ပါတယ် ... ခေါင်းထိလဲ နာတယ်ပြောတယ် … CT Scan ရိုက်နဲ့ … result ကလဲ ဘာမှ မဖြစ်ဘူးဆိုတာပဲ ထွက်ပါတယ် … ဆရာဝန်တွေကလဲ သူပြောသမျှ အကုန်စစ်ပေးပါတယ် ... ဘာဆိုဘာမှ မဖြစ်ပါဘူး ... (ဆေးစစ်ချက် result တွေ အကုန်ရှိပါတယ်)
ပြီးတော့ ဦးနှောက်နဲ့ အာရုံကြော အဆောင်မှာထားရပါတယ် ...
ကျွန်မကတော့ အဒေါ်အိမ်မှာ စောင့်ပေးရင်း သတင်းနားစွင့်နေရတာပါ ... ည ၁ဝနာရီ လောက်ကျတော့ ရပ်ကွက်ဥက္ကဌက ဖုန်းဆက်လာပါတယ် (သူက ဆေးရုံမှာရှိနေတာပါ.. အိမ်မှာ တန်ဖိုးရှိ ပစ္စည်း အပျောက်အရှရှိမရှိ စစ်ပေးပါဆိုပြီး ပြောပါတယ် ...

အဲဒါကလဲ ရဲက မေးခိုင်းတယ်ပြောပါတယ် ...
ကျွန််မတို့လဲ စစ်ကြည့်တော့ တန်ဖိုးကြီးတာ တခုမှ အပျောက်မရှိပါဘူး ... အဲ့အတိုင်းပဲ ပြန်အကြောင်းပြန်လိုက်ပါတယ် ...
ည ၁၁နာရီလောက်မှ သတင်းအတိအကျရတာကတော့ ကောင်မလေးက ကျွန်မအဒေါ်ရဲ့ ရွှေလက်ကောက်ကို အတွင်းခံဘောင်းဘီထဲမှာ ချိတ််နဲ့တွယ်ပြီးခိုးထားတာကို xray ရိုက်တော
့ တွေ့လို့ ဖြုတ်ခိုင်းတဲ့အတွက် ရဲကနေ အစောပိုင်းကတည်းက ဖြုတ်ခိုင်းပြီး သိမ်းဆည်းထားတယ် ဆိုတာပါ ... ပစ္စည်းကိုလဲ သက်သေအဖြစ်နဲ့ သိမ်းသွားတယ်ဆိုပြီး သိရပါတယ် ..

.
အဲတော့မှ အားလုံးလဲ တော်တော်ကို စိတ်အေးသွားပါတယ် ...
ဒီကောင်မလေးက ကျွန်မ အဒေါ်ကို အရင်က အိမ်ဖော်နှိပ်စက်သူအဖြစ် စွပ်စွဲနေတာပါ ... အခုတော့ တရားကိုနတ်စောင့်တယ်ဆိုတဲ့ စကားအတိုင်းပါပဲ ... သူကိုယ်တိုင်ပြန်ထိသွားတာပါ ...
ဖြစ်ချင်တော့ အဲ့လက်ကောက်ကို သူခိုး အိမ်ဖော်မက အစစ်ထင်လို့ ခိုးပေမယ့် အတု ဖန်စီကြီးပါ ... ကျွန်မအဒေါ်ကို သူ့သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးထားတာ ရွှေအစစ်နဲ့ တော်တော်တူပါတယ်
... အဲဒါကို လွယ်လွယ်ပဲ အဝတ်ဘီရိုထဲမှာ ထည့်ထားတာကို ဘီရိုသော့ဖွင့်ရွေလက်ကောက် အစစ်ထင်ပြီး ခိုးထားတာပါ ...
အဲဒီ့အချိန်မှာတော့ ကျွန်မအဒေါ်အပေါ် သံသယတွေ ရှင်းသွားပြီပေါ့လေ ...
ဒါမယ့် ဆေးရုံမှာ ၂၄နာရီစောင့်ကြည့်ရမယ်ဆိုတော့ ဆေးရုံမှာ တစ်ညထားလိုက်ရပါတယ် ...

မနက်ကျတော့ ကောင်မလေးက ဘာမှမဖြစ် စားနိုင်သောက်နိုင် စကားတွေပြောနိုင်နေတဲ့အပြင် ပြောစကားက တမျိုးပြောင်းသွားပါတယ် ( သူ ခိုးထားတာ မိသွားပြီဆိုတော့လေ) .. သူ့မှာ ဒီအိမ်မှာလာမနေခင်တည်းက ပယောဂရှိကြောင်း ... ဒီကိစ္စတွေဖြစ်တာကို သူဘာမှမသိကြောင်း ... ပယောဂအနေနဲ့ ကပ်နေတာက အဘိုးကြီးတစ်ယောက်ဖြစ်ပြီး
သူ့ကို တိုက်ပေါ်က ခုန်ချခိုင်းတာတို့ ဘာညာတွေတောင်လုပ်ခိုင်းကြောင်း ... သူ့ အတွင်းခံ ဘောင်းဘီထဲကို လက်ကောက်ဘယ်လိုရောက်လာမှန်းသူမသိကြောင်း ... ဇာတ်ထုတ်တစ်မျိုး ပြောင်းပါတော့တယ် ...

ကျွန်မအဒေါ်က အရမ်းတော်ကြောင်း .. ဘုရားတရားအရမ်းလုပ်ကြောင်း ... သူ့မှာ ပယောဂရှိနေတဲ့အတွက် ဒီအိမ်မှာနေရတာ သူ့အတွက် ပူလောင်နေကြောင်းတွေလဲပါပါတယ် ... ဆောင့်တွန်းလိုက်တာကလဲ လက်ကြီးတစ်ခုကနေတွန်းတာဖြစ်ကြောင်း ပယောဂအနေနဲ့ ကပ်နေတဲံ့ အဘိုးကြီးပဲ ဖြစ်မယ်ထင်ကြောင်းပြောပါတယ် ...
တကယ်မလွယ်တဲ့ မိန်းကလေးပါ ...

ဆေးရုံက သူဘာမှမဖြစ်တဲ့အတွက် နေ့လည် ၂နာရီလောက်မှ ဆေးရုံကပေးဆင်းလိုက်ပါတယ် ...
ကျွန်မအဒေါ်ကလဲ ပစ္စည်းက တန်ဖိုးမကြီးတဲ့အတွက် အလုပ်ရှုပ်ခံပြီး အမှုမဖွင့်ချင်တော့ဘူး.. အိမ်ပေါ်ကိုတော့ ပြန်အတက်မခံနိုင်ဘူး... သူ့ကို သူ့အမေလက်ထဲကို ချက်ချင်း ပြန်ထည့်မယ်ဆိုပြီး သာပေါင်းက သူ့အမေကို မနက်တည်းကလာဖို့ ဖုန်းဆက်ခေါ်ပါတယ် ... သူ့အမေ ညနေကရောက်လာတော့ ငိုယိုပြီး သမီးမိုက် ဘာညာပေါ့လေ ...
အခုတော့ ရပ်ကွက်ရုံးမှာ ခံဝန်ချက်နဲ့အတူ ပြန်လွှတ််လိုက်ပါတယ် ... အမှန်က အဲလောက်နဲ့ မခွင့်လွှတ်သင့်ဘူးတော့ ကျွန်မထင်ပါတယ်

တကယ်လို့သာ လက်ကောက်သာ သူ့အတွင်းခံထဲက မမိရင် သူက ကျွန်မအဒေါ်ကို အင်းဝအမှုလိုပုံစံမျိုး စွပ်စွဲချင်နေတာပါ ...
သူ့အကြံက အတိအကျ ဘာမှန်းသေချာမသိပေမယ့် ဖြစ်နိုင်ချေက လက်ကောက်ခိုးပြီး သူ့အိမ်ပြန်ရအောင် လုပ်တယ် ... ဒါမယ့် မပြန်ရပဲ ရဲတွေပါရောက်လာတော့ ကျွန်မအဒေါ်ကို စွပ်စွဲတယ် ... ပြီးတော့ ခိုးတာမိသွားပြီး လေသံက ပြန်ပြောင်းသွားတယ် ... စစ်ကြည့်တော့ သူ့အဝတ်အစားထုတ်က အသင့်ပြင်ထားတာလဲတွေ့ပါတယ် ...
တကယ်လို့သာ လက်ကောက်ကိစ္စ အကြောင်းသာမပါခဲ့ပဲ ကျွန်မအဒေါ်ကို စွပ်စွဲရင် ကျွန်မကလဲ အသရေဖျက်မှုနဲ့ ပြန်တရားစွဲမှာပါ ...
ကျွန်မအဒေါ်ကလဲ အင်းဝအမှုဖြစ်တုန်းက အဲ့ကောင်မလေးကိုတောင်ပြောပြလိုက်သေးတယ်တဲ့ ... သူများတွေနှိပ်စက်ကြတဲ့အကြောင်းပေ့ါလေ ... သူ့ကိုလုပ်မယ့်သူကို သူကိုယ်တိုင်က နည်းလမ်းသွားပေးနေသလိုပါ ... :(
အမှန်က ဒီကလေးမက အနောက်ပိုင်းဆေးရုံမှာတည်းက သတိရနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကပြောပါတယ် ... ဒါမယ့် သူမျက်လုံးပွင့်လာတာတွေ့လို့ သတိရပြီထင်တယ်ပြောတော့ မျက်လုံးပြန်မှိတ်သွားတယ်ပြောပါတယ် ...

 တာဝန်ကျဆရာဝန်မက ရင်ညွန့်ကို နှိပ်ကြည့်တော့ ဟန်ဆောင်လို့မရပဲ
မျက်စိပြန်ပွင့်လာပါတယ် ... မေ့နေတဲ့သူမှမဟုတ်တာ နာသွားတာကိုး... အဲလိုတွေ မူယာမာယာများအကောက်ကြံနေတာပါ ...
ကျွန်မအဒေါ်က ကြောက်ပြီး သူလဲကျနေတုန်းက မကိုင်မိလို့လဲ တော်ပါသေးတယ် .. တကယ်လို့ သွားကိုင်မိရင်တောင် သူ့ကိုလုပ်တယ်ဆိုပြီး စွပ်စွဲတာက အထမြောက်သွားမှာပါ ... လက်ဗွေတွေဘာတွေ ပါသွားပြီလေ ....
သူ့ကြောင့့် ဆရာဝန်တွေရော၊ ရဲတွေရော၊ ကျန်လူတွေရော အလုပ်အကိုင်ပျက် ကျွန်မဆို အိမ်ကို ည သန်းခေါင်မှပြန်ရောက်တယ် ...
ဒီလောက် ရှည်လျားထွေပြားစွာရေးပြနေတာက လူတွေကို သတိထားစေချင်လို့ပါ ... အိမ်ဖော်ဆိုတိုင်း သနားစရာကောင်းတယ်ထင်နေကြလို့ပါရှင်
ကျွန်မကတော့ ဒီကိုယ်တွေ့နဲ့တင် တော်တော်ကို လန့်သွားပါပြီ ...
သူ့ပုံနှစ်ပုံနဲ့ သူ့အတွင်းခံထဲ ချိတ်နဲ့တွယ်ပြီးထည့်ထားတဲ့ လက်ကောက်ပုံကိုပါ တင်ထားပါတယ် ...

ကျွန်မအဒေါ်က ခွင့်လွှတ်ပေးပေမယ့် ဒီလောက် ယုတ်မာတဲ့ မိန်းကလေး ပြစ်မှုတွေ ဆက်ကျုးလွန်နေမှာ စိုးရိမ်ရပါတယ် ...
အိမ်ဖော်ခေါ်ရင်လဲ သတိထားကြပါ ... နောက်ကြောင်းကို သေချာစုံစမ်းပါ ..
အခုခေတ်ကြီးက လုံးဝမကောင်းလို့ပါရှင် :(

May Kyaw
Search Myanmar

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...