










================

ဖေဖေလို့ ခေါ်စရာမရှိခဲ့ရင်တောင် သားအတွက် မေမေလို့ ခေါ်စရာရှိရင် ပြည့်စုံပါတယ်... ဖျက်မချလိုက်ပါနဲ့ မေမေ..။

မေမေ ဆိုးမိုက်ခဲ့သမျှတွေကို သားသိဖို့ကြိုးစားမှာ မဟုတ်သလို ကြိုတင်ပြီးတော့လည်း ခွင့်လွှတ်ပြီးသားမို့... ဖျက်မချလိုက်ပါနဲ့ မေမေ...။

လူ့လောကကြီးကို လာခွင့်ရတုန်း လာချင်လွန်းလို့ မေမေနဲ့ အတူ လောကဒါဏ်တွေကို အဖော်ပြုပြီး ခံပေးချင်လို့...ဖျက်မချလိုက်ပါနဲ့ မေမေ...။

မေ့မေ့ ဝမ်းထဲမှာ နေခွင့်ရပြီးကတည်းက မေမေ့ကို သား အရမ်းချစ်နေတယ်ဆိုတာ မေမေသိအောင် ပြောခွင့်ရဖို့...ဖျက်မချလိုက်ပါနဲ့ မေမေ...။

မေမေ သားအတွက် အပူတွေ အစပ်တွေ ရှောင်ပေးစရာမလိုပါဘူး သားခံနိုင်ရည်ရှိပါတယ်...ဖျက်မချလိုက်ပါနဲ့ မေမေ...။

သား လူလောကကြီးထဲရောက်လာရင် စာကားပြောတတ်တာနဲ့ မေမေဆိုတဲ့ စကားလုံးကို အရင်ခေါ်ဖို့ မျှော်လင့်ထားလို့...ဖျက်မချလိုက်ပါနဲ့ မေမေ...။

မေ့မေ့လက်ကိုတွဲပြီး မေမေသွားလေရာမှာ အဖော်လိုက်ပေးချင်လွန်းလို့.... ဖျက်မချလိုက်ပါနဲ့ မေမေ...။

အရွယ်ရောက်လို့ ကျောင်းမတက်ရရင်နေပါစေ.. မေမေ့ကို ကျရာနေရာကနေ ရရာအလုပ်ကို လုပ်ကျွေးပါ့မယ်...ဖျက်မချလိုက်ပါနဲ့ မေမေ...။

သား သူငယ်ချင်းတွေ ရှိလာတဲ့အချိန် မေမေ့ နောက်ကြောင်းတွေ ပြောလာခဲ့ရင်လည်း သားမရှက်ပဲ မေမေ လို့ ခေါ်ခွင့်ရတာကိုပဲ ဂုဏ်ယူ ဝမ်းသာနေမယ်မေမေ..။

လူလောကကြီးထဲကို သား အရမ်းလာချင်လွန်းလို့ မေမေ သားကို လာခွင့်ပြုပါနော်...နော်...မေမေ... မေမေ... မေမေ...

Writer - ApannPyay Admin

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...