ဘုန်းကြီးသရဲနှင် သမ္ဗုဒ္ဓေ ဂါထာတော် တွေ့လေသောအခါ.. နှိပ်သာကြည့်လိုက်တော့နော်..။


ဘုန်းကြီး သရဲနှင့် ဘုန်းကြီး လူထွက် ဆရာ ဓမ္မဒူတ ဒုတိယ တွဲ တွင် ဖက်ရှုရသော ဖြစ်၇ပ် တစ်ခု ကို ဖော်ပြ ပါမည် ။ အင်းဝမြို့ မှ ဦးပေါ အမည် ရှိ ကုန်သည်ကြီး တစ်ယောက်သည် လှေကြီး တစ်စင်းထောင် ၍ ထန်းလျှက် ဇီးသီးခြောက် ပဲ စသော အညာကုန် များ တင်၍ အောက်ပြည်အောက်ရွာ တွင် ရောင်း ချပြီး အောက်ပြည်အောက် ရွာ မှ ငါးပိ ငါးခြောက် များကို ပြန်တင်ကာ အညာ တွင် ပြန်ရောင်းချကာ အသက်မွေးလျက် ရှိသည် ။  ဦးပေါ သည် ရဟန်း လူထွက် စာတတ် တစ်ယောက်ဖြစ်သည်.. တစ်နေ့ တွင် အညာကုန် များတင်၍ စုန်ချ လာရင်း ပုဂံမြို့အောက်နား အရောက်တွင် မိုးချုပ်သွား သဖြင့် လှေ ကို ကမ်းနှင့် မနီးမဝေး တွင်ကျောက်ချပြီး ညအိပ် ရပ်နားကြသည်။  လှေထိုးသား များ အိပ်သွားသော်လည်း ဦးပေါ မှာ ခေါင်းဆောင်လှေသူကြီး ပီပီ မအိပ်သေး ဘဲ ပဲ့စင်ပေါ် တွင် ပရိတ်ရွတ် မေတ္တာပို့လျှက် ရှိသည် ဝတ်တက် ဝတ်ကပ် အားလုံးပြီးမှ ဦးပေါ လည်း မှေးကနဲ တစ်ချက် အိပ်ပျော် သွားသည် အအိပ် အနေ နည်းသည့် အရွယ်ဖြစ် သဖြင့် နာရီပြန်နှစ်ချက်လောက် တွင် တရေး နိုး လာသည်.. ဆေးလိပ်သောက်ချင် သဖြင့် ပြောင်းဖူးဖက်ဆေးလိပ် ကြီး ကို ပါးစပ်တွင် တပ်လိုက်ကာ သံတုံးလေးနှင့် မီးခတ်ကျောက်ကို ကိုင်ပြီး မီးခြစ် လိုက်သည် အဆင် မသင့် သဖြင့် လက်ထဲမှ သံတုံးလေး မှာမြစ်ထဲ ကျသွား သည် ဆေးလိပ် ကလဲသောက်ချင်နေ သဖြင့် လှေထိုးသား တစ်ယောက်ယောက် ကို နှိုးပြီး သံတုံး တောင်း ရန် သတိရသော်လည်း မောမောနှင့် အိပ် ပျော်နေသော လှေထိုးသား ကိုလည်း မနှိုးရက် သဖြင့် ကမ်းပေါ်သို့ မျက်စိ  ကစားကြည့်လိုက်ရာ ခပ်လှမ်းလှမ်း တံငါတဲ တစ်တဲမှ မီးရောင်ထွက်နေသည် ကို တွေရ သ ဖြင့် ဆေး လိပ် မီးညှိ ရန် ကမ်းပေါ် အသာ တက်ခဲ့တော့သည် ။မီးရောင် ထွက်သောနေရာရောက်သော အခါတွင် ကား ဦးပေါခြေလှမ်း များ တုန့်ကနဲ ရပ်သွားပြီး ကြက် သီးမွှေး ညှင်း များ ထသွား သည် အံ့သြ ထိတ်လန့် စရာကောင်း လှသဖြင့် ပြူးကျယ်သော မျက်လုံးနှင့် ဟ သွားသော ပါစပ်တို့ မှာ တော်တော်နှင့် ပုံမှန်ပြန် မဖြစ် မြင်လိုက်ရ သောမြင်ကွင်းကား အမွှေးစုပ် ဖွားနှင့် ဆင် တစ်ကောင် ၏ ပမာဏထက် ကြီးမားသော မဲမဲ လုံးလုံး ပြိတ္တာကြီး တစ်ကောင်သည် ဂဏန်းခေါ် ပုဇွန် လုံးကြီးများ ကို မီးဖုတ်ပြီး တစ်တောင် သာသာ ခန့်ပြဲသော ပါစပ်ကြီး အတွင်းသို့ ထည့်ကာ ထည့်ကာ အာရ ပါး ရ စားနေသည်ကို တွေ့ရသောကြောင့်ပါတည်း .. ဦးပေါ သည် ကြောက်စိတ် ကို မနည်းပြန်၍ ထိန်းချုပ်ကာ မိမိ ရဖူးသောဂုဏ်တော် ဂါထာတော် များကို ရွတ်ဖတ် သရဇ္ဈာယ် လိုက်သည် ။ ထူးခြားသည် ကား ပြိတ္တာကြီး သည် ဦးပေါ ရွတ်နေသော ဂုဏ်တော် ဂါထာတော် များကို လုံး ဂရုမစိုက်ခြင်းပါတည်း ။ ဦပေါ ၏ ရွတ်ဖတ်သံ ကို ကြားသည်နှင့် ပြိတ္တာကြီး သည် သားကောင် ကိုတွေ့လိုက်ရသော ကျားပမာ ဦးပေါ ထံ တစ်လှမ်းချင်း တိုးလာ၏ ။ ဦးပေါနောက်ဆုတ်လျှင် ပြိတ္တာကြီး ရှေ့တိုး လာသည် ဦးပေါ ရပ်လျှင် ပြိတ္တာ ကြီး ကလဲ ရပ်သွားသည် ဂုဏ်တော် ဂါထာတော် ကိုပင် မကြောက်သော ပြိတ္တာ များကို ယခု တစ်ခါ သာ တွေ့ရဘူး ၍ ဦးပေါ မှာ ဘာလုပ်ရမှန်း မသိအောင် ဇောချွေး ပျံနေသည် ။ ခဏကြာသော အခါ မရွတ်မိ ဘဲ မေ့ကျန်နေသော သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ကို သတိရသွားသည်.. ရွတ်ဖို့ကြံ လိုက်သည်နှင့် ထူးခြားချက် တစ်ခုကို တွေ့ရသည် ပြိတ္တာကြီး ထံမှ မရွတ် နဲ့ ဟူသော အသံကြီး ကို ကြားလိုက် ရသောကြောင့်ပါတည်း။ ဦးပေါ ကား ပြိတ္တာကြီးကြောက်သော လက်နက် ကိုတွေ့သွားလေပြီး ဦပေါ သမ္ဗုဒ္ဓေဂါထာ ကို စ၍ ရွတ် သည်နှင့် ပြိတ္တာကြီး သည် နောက်သို့ လှည့်ကာ ပြေးတော့သည် ။ ဦးပေါလည်း အားတက် သွားကာ သမ္ဗုဒ္ဓေဂါထာ ရွတ်ယင်း ပြိတ္တာကြီးနောက် သို့ လိုက် လေသည် ။ လူ တစ်ခေါ်သာသာ ခန့် အရောက် တွင် ကျောင်းအိုကြီး တစ်ခုထဲ ဝင်ရောက်ပျောက်ကွယ် သွားသည် ကို တွေ့ ရ သဖြင့် နေရာကို သေချာ မှတ်ထာကာ လှေ ရှိရာသို့ ပြန်ခဲ့ သည် ။ အပြန် ခရီးကျမှ သေချာစုံစမ်း ကြည့် ရန် ဆုံးဖြတ်ချက် ချလိုက်သည်.. လှေသား များကို ကား ကြောက်လန့်မှာ စိုးသဖြင့်ဖွင့် မပြောပေ အောက်ပြည် မှ အပြန်တွင် ကား ပြိတ္တာကြီး ကိုတွေ့သောနေ ရာ တွင် လှေကို ခဏရပ်ကာ လှေသား သုံးယောက်လောက် ကိုခေါ်ပြီး ပြိတ္တာကြီး ရှိ ရာကျောင်းအိုကြီး ဝင်းထဲသို့ ဝင်ကြည့်ကြသည်။ ကျောင်းဝင်းကြီး မှာ သီးပင် စားပင် များဖြင့် သာယာ လှပနေသည် ကို တွေ့ရသည် ..ကျောင်းကြီး မှာ လည်း အကောင်းကြီး ရှိသေသည် ပြုပြင် မှု သန့်ရှင်းမှု မရှိလို့သာ ဟောင်းနွမ်းနေခြင်းဖြစ်သည် ။ ဘုန်းကြီးကျောင်းခြံဝင်း တစ်နေရာ တွင်ကား ရေတွင်း တစ်တွင်း ကို တွေ့ရသည် ။ ရွာသူ ရွာသား အချို့ ရေ ခပ်နေသည် ကို တွေ့ရ သဖြင့် အနား သွားပြီး ရွာသား တစ်ယောက်ကိုမေးကြည့်ရ သည် ။ မိတ်ဆွေ ဒီကျောင်း က ဘုန်းကြီး မရှိဘူး ထင်တယ် ...  သြော် ခင်ဗျား တို့က ဒီ အရပ်က မဟုတ်ဘူး ထင် တယ်.. ဒါကြောင့် ဒီကျောင်း အကြောင်း ကို လာမေးတာနေမှာ ...  မဟုပ်ပါဘူး အင်ဝ ဘက်ကပါ ဟောဟိုက လှမ်းမြင် ရတဲ့ လှေကြီး က ခရီးသည်တွေ ပါ သိချင်ရင် လည်း ပြောရတာပေါ့ ။ ဒီကျောင်း က ပထမဆုံး ထိုင်တဲ့ကျောင်းထိုင်ဘုန်းကြီး ဟာ ပျံလွန်တော် မူပြီး မကျွတ်ပဲ ဒီမှာ ပြိတ္တာ လာဖြစ်နေ တယ် နှစ် အတော် ကြာပြီး ကျောင်းထိုင် ဘုန်းကြီး အသစ် တင်ရင်လဲ ဝမ်းလျှော်ပြီး သေအောင် လုပ်ပစ်တယ် နောက် တက်တဲ့ ကျောင်းထိုင် ဘုန်းကြီး သုံးပါးလောက်သေပြီး တဲ့နောက် နောက်ထပ် ဘယ် ဘုန်းကြီး မှ ဒီကျောင်းမှာ ကျောင်း မထိုင်ရဲကြတော့ဘူး ..။  ဒါ့ကြောင့် အခု အချိန်ထိ ကျောင်းကြီး က ဒီလိုကြီးဘဲဖြစ်နေတာ ကမ္မဝါ တို့ ပရိတ် တို့ ရွတ်ပြီးနှင် မထုတ်ကြ ဘူး လားဗျာ ။ ကမ္မဝါ တို့ ပရိတ် တို့လောက်ကတော့ လုံးလုံး ကို ဂရု မစိုက်တာဗျို့ လာရွတ်တဲ့ ကိုယ်တော်တွေ သာ သူ က ချောက်လွှတ် လိုက်လို့ ထွက်ပြေးကြရတယ် ။ သူကတော့ ဒီအတိုင်းနေမြဲဘဲ အင်း ဟုတ်မှာဘဲ ငါ ပရိတ် တွေ ဂါထာတွေ ရွတ်တာတောင် ဂရုမစိုက် ဘဲ ပေ ရပ်နေသေးတာဘဲ ဟု ဦးပေါ က ဆက်တွေးနေမိသည် ။ ရွာသား က စကား တစ်ခွန်းကောက်မေးသည် ဒါနဲ့ ခင်ဗျားတို့ ပယော ဂလေးဘာလေး သေချာ မကုတတ် ကြဘူးလား ဗျာ ။ ဘယ်သူ ဘာဖြစ်နေလို့လဲ ဒီရွာ က သူကြီး သမီး လေးပျိုလေးဟာ တစ်ရက် ရေတွင်း မှာ တစ်ယောက်တည်း ရေခပ်နေတယ် ။ ဒီအချိန် မှာ ပြိတ္တာကြီးက ကျောင်းပေါ်က ဆင်းလာပြီး မိန်းကလေး ကို ပွေ့လိုက် သတဲ့ မိန်းကလေးလည်း လန့်ပြီး တစ်ခါ တည်း သတိလစ် သွားတာပဲ အိမ်ရောက်တော့ ရေမန်းတွေ ဘာတွေ နဲ့ သတိရအောင် မနည်း မန်းမှုတ် ယူရတယ် ။ သတိကောပြန်ရ ရဲ့လား သတိတော့ပြန်ရ ပါရဲ့ .. ဒါပေမယ် စိတ် မကောင်းတော့ဘူး ရူးသွားတယ် ။ ကိုယ်မှာ အဝတ်တောင်ကောင်းကောင်း မကပ်ဘူး အစားရော စားသေးလား စားလိုက် တာမှ အမဲ ဝမ်းတွင်း သား ချည်းပဲ.. တစ်ခါ စားရင်နှစ်ပိသာ ချက်လောက် ကုန်တယ် ဒါ ဆိုရင် ဒီပြိတ္တာကြီး က ပူးကပ်ပြီး စားနေတာပဲဗျာ့ သူ့ မိဘတွေက ပယောဂ ဆရာတွေဘာတွေ နဲ့ ဆေး မကုဘူးလား ကုတာလည်း ဆရာတော်တော် စုံသွားပြီဗျာ့ တစ်ယောက်မှ မနိုင်ဘူး ထွက်ပြေးရတာ ချည်းပဲ ။ ရွာသား ၏ စကား အဆုံးတွင် ဦးပေါ က ပြိတ္တာကြီးကြောက်သော သမ္ဗုဒ္ဓေ ဂါထာကြီး ကို သတိရလိုက်သဖြင့် ဒါဖြင့် လည်း ခင်ဗျားတို့ သူကြီးကို ပြောလိုက်ဗျာ အင်းဝ က ပယောဂကု ဆရာတစ်ယောက်ရောက်နေတယ် ကုကြည့် ချင်ရင် လာပင့် လို့ ပြီးတော့ မပျောက် ရင် တစ်ပြား မှပေးစရာ မလိုဘူး ဆိုတာပါ ပြောလိုက်ဗျာ ။ထိုသို့ပြောပြီး သည်နှင့် ဦးပေါ တို့ ဆရာတပည့် များ လှေသို့ ပြန်သွားကြသည် .. နောက် တစ်နေ့ မနှက် မှာပင် လှေရှိရာ သို့ သူကြီး လွှတ်လိုက်ေ သာနွားလှည်း တစ်စီးရောက်လာ သဖြင့် ဦးပေါ က သတ္တိ ကောင်းသော လှေထိုးသား တစ်ယောက် ကိုခေါ်ကာ လိုက်သွားလေသည် ။ ဦးပေါ သူကြီး အိမ်ပေါ် တက်လိုက် သည်နှင့် အိမ်နောက်ခန်း ထဲမှ မလောက်လေး မလောက်စား ဆရာ ကို ခေါ်လာပြန်ပြီလား  ။ အားလုံး ချက်ချင်းသေသွားချင် သလား ဟူသော ကြိမ်းဝါး သံကြီးက မင်္ဂလာ ကင်းမဲ့ စွာ ကြိုဆို လိုက်သည်.. လူနာ မိန်းကလေး ကို ပူးကပ်ပြီးပြောလိုက်သော ပြိတ္တာကြီး ၏ အသံ ပါတည်း ရိုးရိုး ကုတ်ကုတ် ဟိတ်ဟန် မပါဘဲ လိုက်လာသော ဦးပေါ ကိုတွေ့ရ သည်နှင့်သူကြီး က အထင်သေး သွားဟန် တူသည် ထွက် လာသော စကား က ဆရာ နိုင်မယ် မထင်ရင်လည်း စောစောကပြန်ပါဗျာ လူနာ အခြေ အနေ ကတော့ စောစောကကြားတဲ့ အတိုင်းပါပဲ ။ တော်ကြာ ကုပြီးမှ မနိုင်ရင် ဆရာ သိက္ခာကျမှာ စိုးလို့ ပြောတာပါ သူကြီး က ကျုပ်မှာဆေးအိတ် မပါလို့ အထင်သေးဟန် တူတယ် စောင့်ကြည့် ပါဦးဗျာ ကျုပ် ကလည်း ဒီ မကောင်းဆိုးဝါး ရဲ့နိုင်ကွက် ကို တွေ့ထား လို့ လာကု တာပါ ။ ဒီပြိတ္တာကြီး ကို ကျုပ် ထုတ်လိုက် လို့ ထွက်သွားတဲ့ အခါ နောက် ကနေ ခြောက် လှန့် ထုတ်ရအောင် အားကောင်းမောင်းသန်ယောက်ျားနှစ်ဆယ်ယောက် နဲ့ ဓားတွေ လှံတွေ လင်းကွင်းတွေ သံပုံးတွေ လိုချင်ပါတယ်  ရနိုင်မယ် ဆိုရင် ဗျောက်အိုး တွေ ဘာတွေပါ ရရင် ပိုကောင်းမယ် ။ ကျုပ်က ဒီကောင်ကြီး ကို ရွာထဲ မှာရော ကျောင်း မှာပါ မနေနိုင်အောင် လုပ်ပေးခဲ့ မှာပါ သူကြီးက ကိုယ့် ကိုယ် ကို တော်တော် အထင်ကြီး တဲ့ ဆရာ ပဲ ဟူသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ဦးပေါတောင်း ဆိုသည့် အတိုင်း စီစဉ်ပေးလိုက်သည် ။ အားလုံးပြီးသည်နှင့် ဦးပေါ က ဘုရား ရှိခိုး ငါးပါး သီလ ဆောက်တည် လိုက်သည် ။ ထိုအချိန် မှာပင် အခန်း ထဲက လူနာ က သောင်းကျန်းနေလေပြီ.. ဒီ ဆရာ ကိုပြန်လွှတ် ငါ့ အခန်းထဲ မလာစေ နဲ့ ဟု အော်ဟစ်နေသည် ဦးပေါ က ဒီ ကတည်းက သူ အနိုင် ရနေပြီဖြစ်ကြောင်း ကောင်းကောင်း နားလည်လိုက်သည် ။  စွမ်းနိုင်သမျှ ပို၍ စွမ်းရန် သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ကိုလည်း ရေခွက် တွင် အခေါက်ခေါက် အခါခါ မန်းလိုက်သည် ။ ဂါထာ ၏ အဓိပ္ပာယ် ကိုနားလည်ပြီး မန်းလျှင် ပိုစွမ်း ပါသည် ။ ထိုကြောင့် အဓိပ္ပာယ် မသိသေးသူများ အတွက် ပါဠိနှင့် အဓိပ္ပာယ် တွဲဖက်၍ဖော်ပြလိုက်ပါသည်..  သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စသတ သဟဿနိ နမာမိ သိရသာမဟံ နှစ်ကျိပ်ရှစ်ဆူ (၂၈) ဆူ ကုန်သော ဘုရားရှင် တို့ကို လည်းကောင်း တစ်သောင်းနှစ်ထောင် ကုန်သော ဘုရားရှင် တို့ကို လည်းကောင်း ငါးသိန်း ကုန်သော ဘုရားရှင် တို့လည်းကောင်း အကျွန်ုပ် သည် ဦးခေါင်း ရတနာဖြင့် ရှိခိုးပါ၏ ။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ ဇိနာ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ ဂင်္ဂါမြစ် အတွင်းမှာ ရှိကြသော သဲလုံး တို့ က နည်းကြ ပါသေး၏ ။ ပရိနိဗ္ဖာန်ပြုသွားကြသော ဘုရားရှင် တို့ကား ရေ တွက် ပိုင်းခြား၍ပင် မရနိုင်ပါ ။ ထိုများပြားလှသော ဘုရားရှင် တို့ကို လည်းကောင်း ထို ဘုရားရှင် အားလုံး တို့ ၏ တရားတော် တို့ကိုလည်းကောင်း ထို ဘုရားရှင်  အားလုံး တို့ ၏ တပည့်သံဃာတော် များကို လည်းကောင်း အကျွန်ုပ် သည် ရိုသေစွာ ရှိခိုးပါ၏ ။ နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ အနေက အန္တာရာယာပိ ဝိနဿန္တု    အသေသတော ဤသို့ ရှိခိုး ပူဇော် ရသော ကုသိုလ်စေတနာ တို့ကြောင့် ခပ်သိမ်းသောဘေးရန်တို့ကို ပယ်ဖျောက်ပြီး တစ်ပါး မက များပြား လှသည့်  အန္တရာယ် ဟူသမျှ တို့ အကြွင်း အကျန် မရှိ ကြွင်းမဲ့ဥဿုံ   ကင်းပျောက် ပါစေ ကုန်သတည်း.. အားရအောင် မန်းပြီး သည်နှင့် ရေမန်းခွက် ကို ကိုင်ကာ သူကြီးနှင့် အတူ လူနာအား ထားသော အခန်းထဲသို့ ဝင်လိုက်ကြသည် ။ အခန်းထဲ ဝင်လာသော ဦးပေါ ကို လူနာ မိန်းကလေးက မျက်လုံးကြီးပြူးပြီး အံကြိတ်ကာ ကြည့်နေလိုက်သည် မှာ ကြောက်တက်သူ ဆိုလျှင် ကျောချမ်း စရာပင်ကောင်းလှ၏ ။ ဦးပေါ က မကြောက် မရွံ့ မျက်လုံး ဆိုင်၍ သမ္ဗုဒ္ဓေဂါထာ ကို စိတ်ထဲက ရွတ်ပြီး ပြန်စိုက်ကြည့်လိုက်ရာ လူနာ မှာ ဆက်လက် မကြည့်ရဲတော့ ဘဲ မျက်နှာ လွှဲသွားတော့ ၏ ။ ထိုအခါ ကျမှ သူကြီးမှာ သူ့ဆရာ အတွက် အနည်းငယ် အားတက်လာ၏.. ထိုအချိန် မှာပင် ဦးပေါ က နောက်ဆုံး အားဖြည့်သည့် အနေဖြင့် သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ကို အခေါက် အနည်းငယ် ထပ်၍ ရွတ်လိုက်ရာ ဂါထာ မဆုံးမီ မှာပင် မိန်းကလေး မှာ သူ့ ဖခင်ခြေရင်း တွင် ပုံလျက် လဲကျ သွားသည် ။ ထိုအခါ ကျမှ ပူးကပ်နေသော မကောင်းဆိုးဝါး မဲမဲကြီး ကို အခန်းထောင့်တွင် ထင်ထင် ရှားရှား တွေ့ လိုက် ကြ ရသည် ။ သမ္ဗုဒ္ဓေ သံကို မခံနိုင်ဖြင့် မိန်းကလေး ကိုယ်မှ ခွာထွက် သွားခြင်းဖြစ်သည်..။  ဦးပေါ က အချိန် ဆိုင်းမနေတော့ဘဲ မကောင်း ဆိုးဝါး ကြီးထံ သို့ ရေမန်း လှမ်းပက် လိုက်ရာ မကောင်းဆိုးဝါး ကြီးမှာ ပွက်ပွက် ဆူနေသောရေနွေးဖြင့် အလောင်း ခံလိုက်ရသောခွေး ကဲ့သို့ ကြောက်မက်ဘွယ်ရာ အသံ နက်ကြီးနှင့်အော် ၍ ဆင်းပြေးတော့သည် ။ ထိုအခါ အသင့်စောင့်နေသော ရွာသား များက ဓားများ တုတ်များ လှံများဖြင့် ခုတ်ကြ ရိုက်ကြ ထိုး ကြနှင့် နောက်မှ လိုက်ကြသည် .. သံပုံး လင်းကွင်း များကို လည်းတီး ဗျောက်အိုး များကိုလည်း ပြိုင်တူဖောက်ကြ သဖြင့် ရွာထဲ တွင် တိုက်ပွဲ တစ်ခု ကဲ့သို့ပင် ဖြစ်သွားသည်.. ခွေးများ ကလည်း လူများနှင့် အတူ အူကြ ဟောင်ကြနှင့် နောက်မှ တသီကြီး လိုက်သွားကြ၏ ။  ပြေးရင်း လွှားရင်း မှပင် မကောင်းဆိုးဝါးကြီး က ထန်းပင်လောက်ကြီးမြင့်သွား လိုက် တစ်ခါ တစ်ရံ ခေါင်း ကြီးပျောက် သွားလိုက် တစ်ခါ တစ်ရံ ခြေထောက်နှစ်ချောင်းလောက် သာ မြင်ရတော့သည် အထိ ကြီးသွား လိုက်နှင့် ခြောက်လှန့်ပြသေးသည် ။ သို့သော် ရွာသားများကား လူအုပ် ကလည်းများ သဖြင့် လုံးဝ မကြောက်ကြတော့ ရွာနှင့် အတော် ကြီးဝေးသော တောစပ် အထိရောက်အောင် မောင်းထုတ် လိုက်ကြလေသည်.. မကောင်း ဆိုးဝါးကြီး ထွက် သွား သဖြင့် မိန်းကလေး မှာ နွမ်းနယ် ပင်ပန်း သည်က လွဲ၍ ရောဂါ အားလုံး ကင်းစင် လွင့်ပျောက် သွားတော့သည် ။ ထိုအခါ ကျမှ သူကြီးတို့ ဇနီးမောင်နှံ မှာ သမီးလေး မှာ ဆရာ ကယ်တဲ့ အသက်သာ ရှိပါတော့သည်ဟု ဆိုပြီး လွန်စွာကျေးဇူး တင်လှ သဖြင့် ငွေသား စစ်စစ်သုံး  ပိဿာာ    ကို ကလပ်နှင့် တင်ကာ သမီး ကို ဦးပေါ အား ကန်တော့စေသည် ။.. ထိုအခါ ကျမှ ဦးပေါ က သူသည် ပယောဂ ဆရာတစ်ယောက် မဟုတ်ဘဲ အရောင်းအဝယ် လုပ်သော ကုန်သည် တစ်ယောက် သာဖြစ်ကြောင်း ပြီးခဲ့သည့် လ ကတည်းက ဤ မကောင်း ဆိုးဝါးကြီး ကို မြစ်ကမ်း စပ် တွင် တွေ့ရသည့် အကြောင်း မကောင်းဆိုးဝါးကြီး သည်.. သမ္ဗုဒ္ဓေဂါထာ မှ တစ်ပါး ဘယ်ဂါထာကိုမှ မကြောက်ကြောင်း ...ထို အချိန်မှာ ပင် သူကြီး၏ သမီးလေးကို မကောင်းဆိုးဝါးကြီး က ဖမ်းစားထားသည် ဟုကြား သ ဖြင့် စေတနာဖြင့် လာရောက်ကုသပေးခြင်းဖြစ်ကြောင်း ရှင်းပြပြီး အတန်တန် ကန်တော့သည်ကြား က လူနာရှင်များ စိတ်ချမ်းသာစေရန် ငွေသား တစ်ပိဿာကိုသာ လက်ခံ လိုက်သည် လူနာကိုလည်း နောက်ထပ် မကောင်းဆိုးဝါးကြီး ထပ်နောက်ယှက် မလာရန် သမ္ဗုဒ္ဓေဂါထာနှင့် မန်းပြီး လက်ဖွဲ့လုပ်ပေးခဲ့သည်..ရွာသူရွာသား အားလုံး ကိုလည်း ညစဉ် အိပ်ယာ ဝင်ခါနီးတိုင်း သမ္ဗုဒ္ဓေ ဂါထာကြီးကို ရွတ်အိပ်ကြရန် တိုက်တွန်း ခဲ့သည် .. ထို့ပြင် နောက်ကျောင်းထိုင် ဘုန်းကြီးများ ကို ပြိတ္တာကြီး က လာပြီး ဒုက္ခ မပေးစေရန် သမ္ဗုဒ္ဓေဂါထာဖြင့် မန်း ထားသောရေ များ ဖြင့် ကျောင်းတွင်းကျောင်းပြင် အားလုံး ကို ပက်ဖြန်းပေးခဲ့လေသည် ။ထိုမှာနောက်ကား မကောင်းဆိုးဝါးကြီး သည် ထိုရွာနှင့်ကျောင်း တို့တွင် ဘယ်သော အခါမှ လာရောက်နှောက်ယှက်ခြင်း မပြုတော့ပေ ...။
.
Credit:ဆရာလင်းနိုင်

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...