======

ယုတ္မာလွတဲ့ လူေတြေၾကာင့္ ရင္ကြဲစရာျဖစ္သြားတဲ့ ျဖစ္ရပ္မွန္ေလးပါ..။

အႏွီးထုပ္ေလးထဲမွာ အိပ္ေပ်ာ္ေနတဲ့ဒီကေလးေလးဟာ သူ႔ဗိုက္ထဲကထြက္လာတာတဲ့လား..အႀကိမ္ႀကိမ္ဖ်က္ခ်ဖို႔ႀကိဳးစားခဲ့ေပမဲ့ ပ်က္မက်ခဲ့တဲ့ ကေလးေလးကခုေတာ့လည္း လူ႔ေလာကထဲေရာက္လာၿပီေပါ့..

သူမယံုႏိုင္ျဖစ္ေနသည္..ေသြးပုပ္က်ေဆးကို အရက္နဲ႔အႀကိမ္ႀကိမ္ေသာက္ခဲ့တဲ့ဒဏ္ေၾကာင့္ ေခါင္းမွာဆံပင္ေလးေတြ ပါးက်ဲက်ဲျဖစ္ေနတာကလြဲလို႔ကေလးေလးက က်န္းမာျပီး ထြားလိုက္တာ..

ေဘးနားကုတင္က လူနာအမ်ိဳးသမီးႀကီးနဲ႔တျခားလူေတြ တိုးတိုး တိုးတိုးေျပာေနသံဟာတိုက္နယ္ေဆးရံုေလးရဲ႕ ပူးပူးကပ္ကပ္ကုတင္ေတြၾကားသူ အက်ယ္ႀကီးၾကားေနရပါသည္..

“ကေလးအေမက ငယ္ငယ္ေလးပါလား””၁၃ ႏွစ္ပဲ႐ွိေသးတယ္တဲ့””ဒါဆို အသက္ ၁၂ ႏွစ္ေလာက္ထည္းက ဗိုက္ႀကီးတာေပါ့””လင္ေကာင္မေပၚဘဲေမြးတာတဲ့””သူ့လင္က ေထာင္က်ေနတယ္လဲေျပာတယ္””ငယ္ငယ္ရြယ္ရြယ္နဲ႔ သနားပါတယ္””နန္႔တာလည္းပါမွာေပါ့ေအ..”

“႐ွဴး တိုးတိုး..”

အႀကိမ္ေပါင္းမ်ားစြာၾကားဖူးေနက်စကားသံေတြ..ဘယ္ႏွစ္ခါၾကားၾကား ရင္ထဲမွာ နာက်င္ရစျမဲ..ကိုယ္ဝန္ ၇ လ ဗိုက္ေလးပူလာထည္းက ၾကားလာရတဲ့ပတ္ဝန္းက်င္က ကဲ့ရဲ႕သံေတြ ၊ သူ႔ကို စက္ဆုတ္သလိုၾကည့္တဲ့အၾကည့္ေတြ ၊တျဖည္းျဖည္းနဲ႔ စြန္႔ခြာသြားတဲ့ ကစားေဖာ္ သူငယ္ခ်င္းေတြ ၊သူဘာမွားခဲ့လို႔လဲ သူဘာမ်ားမွားခဲ့လို႔လဲဟင္…

သူ႔ရင္ခြင္ထဲမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့ဒီကေလးေလးရဲ႕ ပါးရဲရဲေလးကိုကိုင္ၿပီး “ေမာင္ေလးေရ”လို႔ေခၚလိုက္ေတာ့သူနာျပဳဆရာမႀကီးက”ဒါေမာင္ေလး မဟုတ္ဘူးေလသမီးရဲ႕..ဒါသမီးရဲ႕ သားေလးေလ ..သားလို႔ေခၚရမယ္” ဟုေျပာသည္..(အို..သားတဲ႕လား..မေခၚရဲပါဘူး႐ွင္…)

ညေရာက္ေတာ့ အေမေရာက္လာပါသည္..အေမတစ္ခု သမီးတစ္ခုျဖစ္တဲ့ သူတို႔ဘဝမွာ အေမကသူမ်ားအိမ္မွာ ေန႔ခင္းဘက္ ထမင္းခ်က္ အဝတ္ေလ်ာ္လုပ္လို႔ သူ ကေလးေမြးတာေတာင္မွ ေဆးရံုကိုခ်က္ျခင္းမလာႏိုင္ပါ.
လူေရာစိတ္ပါႏြမ္းနယ္ေနတဲ့အေမဟာ ကေလးကိုတစ္ခ်က္ပဲၾကည့္ၿပီးသူ႔ကို သက္သာရဲ႕လားဟု ေအးစက္စက္နဲ႔စကားေျပာသည္..(ကေလးေမြးထားတဲ့ ဒဏ္ရာကသက္သာေပမဲ့စိတ္ထဲမွာေတာ့ နာက်င္လွတယ္အေမ…)

အေမက သူ႔အတြက္ထမင္းခ်ိဳင့္ထဲက ငါးေျခာက္ဖုတ္နဲ႔ ထမင္းကိုပန္းကန္ထဲေျပာင္းထည့္ေနရင္းက”ေဆးရံုကဆင္းတာနဲ႔ ဒီကေလးကို သူမ်ားကိုေပးျပစ္ရမယ္..”ဟုေျပာရင္း အေမငိုပါေတာ့သည္.

အေမငိုေတာ့ သူလည္းငိုခ်င္သည္..ဒါေပမဲ့ မ်က္ရည္ကထြက္မလာ..လြန္ခဲ့တဲ့ ၁၀ လ လံုးလံုးငိုေႂကြးလာတဲ့ ဒီမ်က္လံုးထဲ မ်က္ရည္ေတြလည္း ခမ္းၿပီထင္ပါရဲ႕..

လႈပ္လႈပ္ရြရြအသံမ်ားေၾကာင့္ အိပ္ေနေသာကေလးေလးတအဲ့အဲ့ ျဖင့္ႏိုးလာသည္..စပ္စုေနေသာမ်က္လံုးေပါင္းမ်ားစြာတို႔ကိုဥပကၡာျပဳရင္း ကေလးေလးကို ႏို႔တိုက္ဖို႔ သူႀကိဳးစားရအံုးမည္..

သူ႔ရင္သားဆီမွ ထြက္လာေသာ ႏို႔ရည္မ်ားကိုကေလးေလးက အငမ္းမရစို႔လိုက္ခ်ိန္မွာေတာ့သူ႔ရင္ထဲလိႈက္ခနဲျဖစ္သြားခဲ့သည္..အမည္မေဖာ္ျပႏိုင္ေသာ ပီတိတစ္မ်ိဳး သူခံစားလိုက္ရပါသည္..

သူမ်ားေတြ ေျပာေျပာေနတဲ့ မိခင္ေမတၱာဆိုတာဒါမ်ိဳးလားဟုသူ႔ဥာဏ္ေလးျဖင့္ေတြးေနမိသည္..ကေလးေလးကို ျကည့္ေနရင္း ခ်စ္လာသလိုပဲ..သူတိုးတိုးေလးေခၚလိုက္သည္..”ေမာင္ေလး..ေရ”

ဘာလိုလိုနဲ႔ေဆးရံုတတ္တာ ခုဆို ၆ ရက္ေလာက္႐ွိၿပီ..ဒီေန႔ေတာ့ မနက္ထည္းက အေမေရာက္ေနသည္..ခဏေနေတာ့ အိပ္ယာလိပ္ေတြနဲ႔ ႏြမ္းဖတ္ဖတ္ အဝတ္အစားအနည္းငယ္ကို သိမ္းဆည္းၿပီးသူတို႔ေဆးရံုကဆင္းရၿပီ..

ေဆးရံုကဆင္းဆင္းျခင္း အေမအိမ္သို႔တန္းမျပန္ပါ..ဆိုင္ကယ္ကယ္ရီႏွစ္စီးငွါးၿပီး သူတို႔ၿမိဳ႕ႏွင့္အနည္းငယ္မွွ်သာေဝးေသာYGW ဟုေခၚသည့္မိဘမဲ့ေက်ာင္းတစ္ခုသို႔ သြားသည္..အေဆာက္အဦးထဲဝင္ဝင္ျခင္း ကေလးေတြအမ်ားႀကီးကိုေတြ႔ရပါသည္..

ဘုန္းဘုန္းတစ္ပါးထြက္လာသည္..အေမနဲ႔စကားေတြ အမ်ားႀကီးေျပာၾကၿပီးမွသူ႔လက္ထဲက ကေလးေလးကိုလွမ္းခ်ီကာ”ခ်စ္စရာေလးပါလားကြယ္..ဒုကၡ ဒုကၡ ဒုကၡ..အင္း..ဘုန္းဘုန္းတို႔ေစာင့္ေ႐ွာက္ေပးပါ့မယ္..

ကေလးအေဖကလည္းေထာင္က်ေနတာဆိုေတာ့တကယ္လို႔ေထာင္ကလြတ္လာရင္ကေလးကို လာျပန္ေတာင္းမွာလား ကြယ္”ဟုေမးသည္..အေမက ငိုပါသည္..႐ိႈက္ကာ ႐ိႈက္ကာငိုေသာေၾကာင့္အေမ့ခႏၶာကိုယ္သည္ တုန္ရီေနပါသည္..
“အမေလး ဥဴးဇင္းဘုရား..ဒီေကာင္က ေထာင္ကလြတ္လာလည္းက်မသမီးေလးဆီကို ျပန္လာမွာမဟုတ္ေတာ့ပါဘူးဘုရား..သူေထာင္က်တာ မုဒိန္းမႈနဲ႔က်တာပါဘုရား.က်မရဲ႕ေဟာဒီ အသက္ ၁၂ ႏွစ္သမီးေလးလယ္ထဲမွာငါးမွ်ားေနတုန္း ေစာ္ကားလိုက္လို႔ သက္ငယ္မုဒိန္းမႈနဲ႔ေထာင္က်သြားတာပါ..

က်မသမီးေလးခမ်ာ ဒီအျဖစ္ဆိုးေၾကာင့္ကိုယ္ဝန္ရသြားၿပီး လင္ေကာင္မေပၚဘဲ ကေလးေမြးလိုက္ရတာပါ ဘုရား…အီးဟီးဟီး..အမေလး ဘယ္လိုအကုသိုလ္ေၾကာင့္ က်မသမီးေလး အျဖစ္က ဒီေလာက္ဆုိးရတာတုန္း.”

“ေအာ္..ကံၾကမၼာဆိုးလိ္ုက္တာ ဒကာမေလးရယ္..အင္းအင္း..ထားခဲ့ ထားခဲ့ ..ဒီကေလးကုိ လူတစ္လံုး သူတစ္လံုး ပညာတတ္ျဖစ္ေအာင္ဥဴးဇင္းေစာင့္ေ႐ွာက္ပါ့မယ္..”

အိုး….ကေလးေလးကို သူထားခဲ့ရေတာ့မွာပါလား..ဟင့္အင္း မထားခဲ့နုိင္ပါဘူး လို႔ ေျပာခ်င္ေပမဲ့စကားလံုးက
ထြက္မလာခဲ့..ဘုန္းဘုန္းလက္ထဲမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့ ကေလးေလးႏိုးလာလို႔ သူ႔ကိုမေတြ႔ရင္
ငိုမွာေပါ့…ဗီဒီယိုေတြထဲကလို ကေလးေလးကိုသူနာမည္ေပးရအံုးမယ္ေလ..

ကေလးေလးႀကီးလာရင္ သူနဲ႔ကစားရအံုးမွာ..ဟုတ္တယ္..ကေလးေလးကို သူမခြဲႏိုင္ပါဘူး..သူ႔ရင္ထဲမွာ အေတြးေပါင္းမ်ားစြာနဲ႔ ႐ႈပ္ေထြးေနခ်ိန္မွာပဲအေမက သူ႔လက္ကိုဆြဲၿပီး ျပန္ဖို႔ျပင္လို္က္သည္..

ဘုန္းဘုန္းကလည္း ကေလးေလးကိုခ်ီၿပီး လွည့္ထြက္သြားခ်ိန္မွာေတာ့ ကေလးေလးရဲ႕အူဝဲ အူဝဲဆိုတဲ့ ငိုသံစူးစူးေလးထြက္လာပါေတာ့သည္..ထိုငိုသံေလးသည္သူ႔ရင္ေတြ တစ္စစီေၾကမြသြားသလို ခံစားရေစပါသည္..

တစ္ေတာက္ေတာက္ႏွင့္ သက္ေနေသာ သူ႔ရင္ႏွစ္မႊာမွ ႏို႔ရည္မ်ားနွင့္အတူ သူ႔မ်က္လံုးမွမ်က္ရည္မ်ားမွာေပါက္ခနဲ ေပါက္ခနဲက်လာပါေတာ့သည္..လွမ္းလုဆဲဆဲေျခလွမ္းကိုရပ္ၿပီး သူသည္ကေလးေလး႐ွိရာသို႔ လွမ္းၾကည့္ကာဆို႔နင့္လြန္းေသာအသံျဖင့္”သားေလးေရ..အေမ့ သားေလးရဲ႕”ဟုနာက်င္စြာ ေခၚလိုက္ပါေတာ့သည္..

Credit to SoeHtike
(Base On True Story)
=============

အနှီးထုပ်လေးထဲမှာ အိပ်ပျော်နေတဲ့ဒီကလေးလေးဟာ သူ့ဗိုက်ထဲကထွက်လာတာတဲ့လား..အကြိမ်ကြိမ်ဖျက်ချဖို့ကြိုးစားခဲ့ပေမဲ့ ပျက်မကျခဲ့တဲ့ ကလေးလေးကခုတော့လည်း လူ့လောကထဲရောက်လာပြီပေါ့..

သူမယုံနိုင်ဖြစ်နေသည်..သွေးပုပ်ကျဆေးကို အရက်နဲ့အကြိမ်ကြိမ်သောက်ခဲ့တဲ့ဒဏ်ကြောင့် ခေါင်းမှာဆံပင်လေးတွေ ပါးကျဲကျဲဖြစ်နေတာကလွဲလို့ကလေးလေးက ကျန်းမာပြီး ထွားလိုက်တာ..

ဘေးနားကုတင်က လူနာအမျိုးသမီးကြီးနဲ့တခြားလူတွေ တိုးတိုး တိုးတိုးပြောနေသံဟာတိုက်နယ်ဆေးရုံလေးရဲ့ ပူးပူးကပ်ကပ်ကုတင်တွေကြားသူ အကျယ်ကြီးကြားနေရပါသည်..

“ကလေးအမေက ငယ်ငယ်လေးပါလား””၁၃ နှစ်ပဲရှိသေးတယ်တဲ့””ဒါဆို အသက် ၁၂ နှစ်လောက်ထည်းက ဗိုက်ကြီးတာပေါ့””လင်ကောင်မပေါ်ဘဲမွေးတာတဲ့””သူ့လင်က ထောင်ကျနေတယ်လဲပြောတယ်””ငယ်ငယ်ရွယ်ရွယ်နဲ့ သနားပါတယ်””နန့်တာလည်းပါမှာပေါ့အေ..”

“ရှူး တိုးတိုး..”

အကြိမ်ပေါင်းများစွာကြားဖူးနေကျစကားသံတွေ..ဘယ်နှစ်ခါကြားကြား ရင်ထဲမှာ နာကျင်ရစမြဲ..ကိုယ်ဝန် ၇ လ ဗိုက်လေးပူလာထည်းက ကြားလာရတဲ့ပတ်ဝန်းကျင်က ကဲ့ရဲ့သံတွေ ၊ သူ့ကို စက်ဆုတ်သလိုကြည့်တဲ့အကြည့်တွေ ၊တဖြည်းဖြည်းနဲ့ စွန့်ခွာသွားတဲ့ ကစားဖော် သူငယ်ချင်းတွေ ၊သူဘာမှားခဲ့လို့လဲ သူဘာများမှားခဲ့လို့လဲဟင်…

သူ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ဒီကလေးလေးရဲ့ ပါးရဲရဲလေးကိုကိုင်ပြီး “မောင်လေးရေ”လို့ခေါ်လိုက်တော့သူနာပြုဆရာမကြီးက”ဒါမောင်လေး မဟုတ်ဘူးလေသမီးရဲ့..ဒါသမီးရဲ့ သားလေးလေ ..သားလို့ခေါ်ရမယ်” ဟုပြောသည်..(အို..သားတဲ့လား..မခေါ်ရဲပါဘူးရှင်…)

ညရောက်တော့ အမေရောက်လာပါသည်..အမေတစ်ခု သမီးတစ်ခုဖြစ်တဲ့ သူတို့ဘဝမှာ အမေကသူများအိမ်မှာ နေ့ခင်းဘက် ထမင်းချက် အဝတ်လျော်လုပ်လို့ သူ ကလေးမွေးတာတောင်မှ ဆေးရုံကိုချက်ခြင်းမလာနိုင်ပါ.
လူရောစိတ်ပါနွမ်းနယ်နေတဲ့အမေဟာ ကလေးကိုတစ်ချက်ပဲကြည့်ပြီးသူ့ကို သက်သာရဲ့လားဟု အေးစက်စက်နဲ့စကားပြောသည်..(ကလေးမွေးထားတဲ့ ဒဏ်ရာကသက်သာပေမဲ့စိတ်ထဲမှာတော့ နာကျင်လှတယ်အမေ…)

အမေက သူ့အတွက်ထမင်းချိုင့်ထဲက ငါးခြောက်ဖုတ်နဲ့ ထမင်းကိုပန်းကန်ထဲပြောင်းထည့်နေရင်းက”ဆေးရုံကဆင်းတာနဲ့ ဒီကလေးကို သူများကိုပေးပြစ်ရမယ်..”ဟုပြောရင်း အမေငိုပါတော့သည်.

အမေငိုတော့ သူလည်းငိုချင်သည်..ဒါပေမဲ့ မျက်ရည်ကထွက်မလာ..လွန်ခဲ့တဲ့ ၁၀ လ လုံးလုံးငိုကြွေးလာတဲ့ ဒီမျက်လုံးထဲ မျက်ရည်တွေလည်း ခမ်းပြီထင်ပါရဲ့..

လှုပ်လှုပ်ရွရွအသံများကြောင့် အိပ်နေသောကလေးလေးတအဲ့အဲ့ ဖြင့်နိုးလာသည်..စပ်စုနေသောမျက်လုံးပေါင်းများစွာတို့ကိုဥပက္ခာပြုရင်း ကလေးလေးကို နို့တိုက်ဖို့ သူကြိုးစားရအုံးမည်..

သူ့ရင်သားဆီမှ ထွက်လာသော နို့ရည်များကိုကလေးလေးက အငမ်းမရစို့လိုက်ချိန်မှာတော့သူ့ရင်ထဲလှိုက်ခနဲဖြစ်သွားခဲ့သည်..အမည်မဖော်ပြနိုင်သော ပီတိတစ်မျိုး သူခံစားလိုက်ရပါသည်..

သူများတွေ ပြောပြောနေတဲ့ မိခင်မေတ္တာဆိုတာဒါမျိုးလားဟုသူ့ဉာဏ်လေးဖြင့်တွေးနေမိသည်..ကလေးလေးကို ကြည့်နေရင်း ချစ်လာသလိုပဲ..သူတိုးတိုးလေးခေါ်လိုက်သည်..”မောင်လေး..ရေ”

ဘာလိုလိုနဲ့ဆေးရုံတတ်တာ ခုဆို ၆ ရက်လောက်ရှိပြီ..ဒီနေ့တော့ မနက်ထည်းက အမေရောက်နေသည်..ခဏနေတော့ အိပ်ယာလိပ်တွေနဲ့ နွမ်းဖတ်ဖတ် အဝတ်အစားအနည်းငယ်ကို သိမ်းဆည်းပြီးသူတို့ဆေးရုံကဆင်းရပြီ..

ဆေးရုံကဆင်းဆင်းခြင်း အမေအိမ်သို့တန်းမပြန်ပါ..ဆိုင်ကယ်ကယ်ရီနှစ်စီးငှါးပြီး သူတို့မြို့နှင့်အနည်းငယ်မျှှသာဝေးသောYGW ဟုခေါ်သည့်မိဘမဲ့ကျောင်းတစ်ခုသို့ သွားသည်..အဆောက်အဦးထဲဝင်ဝင်ခြင်း ကလေးတွေအများကြီးကိုတွေ့ရပါသည်..

ဘုန်းဘုန်းတစ်ပါးထွက်လာသည်..အမေနဲ့စကားတွေ အများကြီးပြောကြပြီးမှသူ့လက်ထဲက ကလေးလေးကိုလှမ်းချီကာ”ချစ်စရာလေးပါလားကွယ်..ဒုက္ခ ဒုက္ခ ဒုက္ခ..အင်း..ဘုန်းဘုန်းတို့စောင့်ရှောက်ပေးပါ့မယ်..

ကလေးအဖေကလည်းထောင်ကျနေတာဆိုတော့တကယ်လို့ထောင်ကလွတ်လာရင်ကလေးကို လာပြန်တောင်းမှာလား ကွယ်”ဟုမေးသည်..အမေက ငိုပါသည်..ရှိုက်ကာ ရှိုက်ကာငိုသောကြောင့်အမေ့ခန္ဓာကိုယ်သည် တုန်ရီနေပါသည်..
“အမလေး ဥူးဇင်းဘုရား..ဒီကောင်က ထောင်ကလွတ်လာလည်းကျမသမီးလေးဆီကို ပြန်လာမှာမဟုတ်တော့ပါဘူးဘုရား..သူထောင်ကျတာ မုဒိန်းမှုနဲ့ကျတာပါဘုရား.ကျမရဲ့ဟောဒီ အသက် ၁၂ နှစ်သမီးလေးလယ်ထဲမှာငါးမျှားနေတုန်း စော်ကားလိုက်လို့ သက်ငယ်မုဒိန်းမှုနဲ့ထောင်ကျသွားတာပါ..

ကျမသမီးလေးခမျာ ဒီအဖြစ်ဆိုးကြောင့်ကိုယ်ဝန်ရသွားပြီး လင်ကောင်မပေါ်ဘဲ ကလေးမွေးလိုက်ရတာပါ ဘုရား…အီးဟီးဟီး..အမလေး ဘယ်လိုအကုသိုလ်ကြောင့် ကျမသမီးလေး အဖြစ်က ဒီလောက်ဆိုးရတာတုန်း.”

“အော်..ကံကြမ္မာဆိုးလိ်ုက်တာ ဒကာမလေးရယ်..အင်းအင်း..ထားခဲ့ ထားခဲ့ ..ဒီကလေးကို လူတစ်လုံး သူတစ်လုံး ပညာတတ်ဖြစ်အောင်ဥူးဇင်းစောင့်ရှောက်ပါ့မယ်..”

အိုး….ကလေးလေးကို သူထားခဲ့ရတော့မှာပါလား..ဟင့်အင်း မထားခဲ့နိုင်ပါဘူး လို့ ပြောချင်ပေမဲ့စကားလုံးက
ထွက်မလာခဲ့..ဘုန်းဘုန်းလက်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကလေးလေးနိုးလာလို့ သူ့ကိုမတွေ့ရင်
ငိုမှာပေါ့…ဗီဒီယိုတွေထဲကလို ကလေးလေးကိုသူနာမည်ပေးရအုံးမယ်လေ..

ကလေးလေးကြီးလာရင် သူနဲ့ကစားရအုံးမှာ..ဟုတ်တယ်..ကလေးလေးကို သူမခွဲနိုင်ပါဘူး..သူ့ရင်ထဲမှာ အတွေးပေါင်းများစွာနဲ့ ရှုပ်ထွေးနေချိန်မှာပဲအမေက သူ့လက်ကိုဆွဲပြီး ပြန်ဖို့ပြင်လို်က်သည်..

ဘုန်းဘုန်းကလည်း ကလေးလေးကိုချီပြီး လှည့်ထွက်သွားချိန်မှာတော့ ကလေးလေးရဲ့အူဝဲ အူဝဲဆိုတဲ့ ငိုသံစူးစူးလေးထွက်လာပါတော့သည်..ထိုငိုသံလေးသည်သူ့ရင်တွေ တစ်စစီကြေမွသွားသလို ခံစားရစေပါသည်..

တစ်တောက်တောက်နှင့် သက်နေသော သူ့ရင်နှစ်မွှာမှ နို့ရည်များနှင့်အတူ သူ့မျက်လုံးမှမျက်ရည်များမှာပေါက်ခနဲ ပေါက်ခနဲကျလာပါတော့သည်..လှမ်းလုဆဲဆဲခြေလှမ်းကိုရပ်ပြီး သူသည်ကလေးလေးရှိရာသို့ လှမ်းကြည့်ကာဆို့နင့်လွန်းသောအသံဖြင့်”သားလေးရေ..အမေ့ သားလေးရဲ့”ဟုနာကျင်စွာ ခေါ်လိုက်ပါတော့သည်..

Credit to SoeHtike
(Base On True Story)

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...