======

ဖေ့စ်ဘုတ်မှာ ပုံတင်မိလို့ သ၀န်တိုတတ်တဲ့ ခင်ပွန်းက ဇနီးဖြစ်သူကို မီးရှိ့

ဖေ့စ်ဘုတ်မှာ ပုံတင်မိလို့ သ၀န်တိုတတ်တဲ့ ခင်ပွန်းက ဇနီးဖြစ်သူကို မီးရှိ့




သတင်းအတင်း
=============

အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီး တစ်ဦးဟာ လူမှုကွန်ယက် ဖေ့စ်ဘုတ်ပေါ်မှာ Selfie ပုံတင်မိရာက ခင်ပွန်းဖြစ်သူရဲ့ ရန်ပြုမှုကို ခံခဲ့ရတာပါ။ လက်ထပ်ပြီး အိမ်ထောင်သက် ၁ နှစ်ကျော်အကြာမှာ အိမ်ထောင်ရေးအဆင်မပြေမှုတွေ မကြာခဏ ကြုံတွေ့ ခဲ့ရပြီး ခင်ပွန်းဖြစ်သူက သူမအပေါ်ကို မကြည်မလင် ဖြစ်နေခဲ့ပုံရပါတယ်။

ဒီလိုနဲ့ တစ်နေ့ မှာ ဇနီးဖြစ်သူဟာ ဖေ့စ်ဘုတ်ပေါ်ကို ကိုယ်တိုင်ရိုက် ဓါတ်ပုံ ၃ ပုံ တင်ထားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက ဒီပုံတွေဟာ တခြားအမျိုးသားတွေ သူမကို စိတ်ကျလာအောင်လုပ်တယ်လို့ သဝန်တိုတဲ့ စိတ်နဲ့ ဒေါသထွက်ကာ သူမကို အရှင်လတ်လတ် ဓါတ်ဆီလောင်းပြီး မီးရှို့ ခဲ့ပါတယ်။ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ။သူမရဲ့ မျက်နှာနဲ့ တစ်ကိုယ်လုံး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့ပြီး ဆေးရုံမှာ ၃ လ လောက် ကုသရမယ်လို့ သိရပါတယ်။

ဒီလိုဖြစ်သွားခဲ့ရတဲ့အတွက် ကလေးတွေကို ငဲ့ပြီး ခင်ပွန်းဖြစ်သူအပေါ် ခွင့်လွှတ်တယ်လို့ သူမကပြောပါတယ်။ခင်ပွန်းဖြစ်သူကတော့ တရားရုံးမှာ အမှုရင်ဆိုင်ရဦးမှာပါ။

သတင်းအတင်း

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...