======

ဆရာေတာ္ ဦး၀ီရသူကို ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အတြင္း တရာေဟာခြင့္ပိတ္...။

 မႏၱေလးတိုင္း ေဒသႀကီး မႏၱေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္မွာ ရွိတဲ့ မစိုးရိမ္တုိက္သစ္က ဦးဝီရသူ အျဖစ္ လူသိမ်ားတဲ့ နယက အဖြဲ႔ဝင္ ဆရာေတာ္ ဦးဝိစိတၱာ ဘိဝံသ ဟာ ဘာသာတခုနဲ႔ တခုၾကား အမုန္းတရား ပြါးေစႏုိင္တဲ့ ေဟာေျပာမႈေတြ လုပ္တာကို ေတြ႔ရွိရတဲ့ အတြက္ ၂၀၁၇ မတ္လ ၁၀ ရက္ ေသာၾကာေန႔ကစၿပီး ၂၀၁၈ မတ္လ ၉ ရက္ေန႔အထိ တရားေဟာေျပာခြင့္ တႏွစ္ ပိတ္ပင္လိုက္တယ္လို႔ ႏိုင္ငံေတာ္ သံဃာ့ မဟာနာယက အဖြဲ႔က မတ္လ ၁၀ ရက္ ေန႔စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ လိုက္ပါတယ္။

ဦးဝီရသူဟာ ဘာသာတခုနဲ႔ တခုၾကား အမုန္းတရားပြါးၿပီး ဘာသာေရး အဓိကရုန္းေတြ ျဖစ္လာေစႏိုင္တဲ့ ေဟာေျပာမႈေတြ၊ အမုန္းတရား ႀကီးထြါးေစတဲ့ လႈံ႕ေဆာ္မႈေဟာေျပာမႈေတြ၊ တရားဥပေဒ စိုးမိုးေရးကို အဟန္႔အတား ျဖစ္ေစ တဲ့ ေဟာေျပာမႈေတြ အျပင္ ႏုိင္ငံေရး ပါတီေတြၾကား ဘက္လိုက္ ေဟာေျပာမႈေတြ ကို ေဒသအႏွံ႔အျပားမွာ အႀကိမ္ အေတာ္မ်ားမ်ား ျပဳလုပ္ခဲ့တာမို႔ ဒါဟာ ႏိုင္ငံေတာ္ သံဃာ့ မဟာနာယက အဖြဲ႔က ထုတ္ျပန္ထားတဲ့ ညႊန္ၾကားခ်က္ေတြကို ေဖါက္ဖ်က္ရာ က်ေနတယ္လို႔ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

အခုလို ခ်ိဳးေဖါက္မႈေနမႈေၾကာင့္ ႏိုင္ငံေတာ္ သံယာ့ မဟာနာယက အဖြဲ႔ရဲ့ ၄၇ ပါးစံုညီ အထူးအစည္းအေဝး ကေန ဦးဝီရသူကို တရားေဟာေျပာခြင့္ တႏွစ္ ပိတ္ပင္ဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ၿပီး မလိုက္နာရင္ တည္ဆဲ ဥပေဒေတြနဲ႔ အေရးယူသြားမယ္လို႔ ေရးသား ထားပါတယ္။

မၾကာေသးခင္က ရန္ကုန္ေလဆိပ္မွာ ေသနတ္နဲ႔ ပစ္ခတ္ အလုပ္ႀကံခံခဲ့ရတဲ့ တရားလႊတ္ေတာ္ ေရွ႕ေနႀကီးဦးကိုနီရဲ့ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ဦးကိုနီကို သတ္ျဖတ္ခဲ့သူဟာ လူေတြကို အႏၱရာယ္ျပဳမယ့္ ေခြးရူးကို သတ္ခဲ့သူမို႔ ေက်းဇူးတင္ထိုက္တယ္လို႔ ဦးဝီရသူက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဦးဝီရသူဟာ မူဆလင္ မုန္းတီးေရးတရားေတြ ေဟာေျပာသူအျဖစ္ ထင္ရွားၿပီး ၂၀၁၃ ဇြန္လထုတ္ Times မဂၢဇင္းႀကီးရဲ့ မ်က္ႏွာဖံုးမွာေတာ့ The Face of Buddhist Terror ဗုဒၶဘာသာ အၾကမ္းဖက္ ဝါဒီရဲ့ မ်က္ႏွာ အျဖစ္ ေဖၚျပတာ ခံခဲ့ရပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ရှိတဲ့ မစိုးရိမ်တိုက်သစ်က ဦးဝီရသူ အဖြစ် လူသိများတဲ့ နယက အဖွဲ့ဝင် ဆရာတော် ဦးဝိစိတ္တာ ဘိဝံသ ဟာ ဘာသာတခုနဲ့ တခုကြား အမုန်းတရား ပွါးစေနိုင်တဲ့ ဟောပြောမှုတွေ လုပ်တာကို တွေ့ရှိရတဲ့ အတွက် ၂၀၁၇ မတ်လ ၁၀ ရက် သောကြာနေ့ကစပြီး ၂၀၁၈ မတ်လ ၉ ရက်နေ့အထိ တရားဟောပြောခွင့် တနှစ် ပိတ်ပင်လိုက်တယ်လို့ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က မတ်လ ၁၀ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ဦးဝီရသူဟာ ဘာသာတခုနဲ့ တခုကြား အမုန်းတရားပွါးပြီး ဘာသာရေး အဓိကရုန်းတွေ ဖြစ်လာစေနိုင်တဲ့ ဟောပြောမှုတွေ၊ အမုန်းတရား ကြီးထွါးစေတဲ့ လှုံ့ဆော်မှုဟောပြောမှုတွေ၊ တရားဥပဒေ စိုးမိုးရေးကို အဟန့်အတား ဖြစ်စေ တဲ့ ဟောပြောမှုတွေ အပြင် နိုင်ငံရေး ပါတီတွေကြား ဘက်လိုက် ဟောပြောမှုတွေ ကို ဒေသအနှံ့အပြားမှာ အကြိမ် အတော်များများ ပြုလုပ်ခဲ့တာမို့ ဒါဟာ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို ဖေါက်ဖျက်ရာ ကျနေတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို ချိုးဖေါက်မှုနေမှုကြောင့် နိုင်ငံတော် သံယာ့ မဟာနာယက အဖွဲ့ရဲ့ ၄၇ ပါးစုံညီ အထူးအစည်းအဝေး ကနေ ဦးဝီရသူကို တရားဟောပြောခွင့် တနှစ် ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး မလိုက်နာရင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ရေးသား ထားပါတယ်။

မကြာသေးခင်က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် အလုပ်ကြံခံခဲ့ရတဲ့ တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီရဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးကိုနီကို သတ်ဖြတ်ခဲ့သူဟာ လူတွေကို အန္တရာယ်ပြုမယ့် ခွေးရူးကို သတ်ခဲ့သူမို့ ကျေးဇူးတင်ထိုက်တယ်လို့ ဦးဝီရသူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးဝီရသူဟာ မူဆလင် မုန်းတီးရေးတရားတွေ ဟောပြောသူအဖြစ် ထင်ရှားပြီး ၂၀၁၃ ဇွန်လထုတ် Times မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာတော့ The Face of Buddhist Terror ဗုဒ္ဓဘာသာ အကြမ်းဖက် ဝါဒီရဲ့ မျက်နှာ အဖြစ် ဖေါ်ပြတာ ခံခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...