======

မိန္းမတစ္ေယာက္ရဲ႔ လွ်ိဳ႔၀ွက္ခ်က္

မိန္းမတစ္ေယာက္ရဲ႔ လွ်ိဳ႔၀ွက္ခ်က္
အခ်စ္ဆိုတဲ႔ ခံစားခ်က္ဟာ သိပ္ကိုထူးဆန္း လြန္းပါတယ္ ။ ဘာကိုခ်စ္တာလဲ ။ ဘာေၾကာင္႔ ခ်စ္တာလဲလို႔ တစံုတစ္ေယာက္ကမ်ား ေမးလာခဲ႔မယ္ဆို တိတိက်က် ေျဖႏိုင္မယ္မထင္ပါ ။ ကၽြန္မကို အဲဒီလိုေမးခြန္းမ်ိဳး ေမးလာခဲ႔မယ္ဆိုရင္ေတာ႔ သူ႔အလိုလို ရင္ထဲကေန ေပါက္ဖြားလာတဲ႔ ခံစားခ်က္သက္သက္လို႔ ေျဖမိမွာပဲ ။ ဘာလို႔လဲဆိုေတာ႔ ကၽြန္မ ၾကံဳေတြ႔လိုက္ရတဲ႔ အခ်စ္ဆိုတာ သူဘယ္လိုေနေန ခ်စ္တယ္ ။ ဘာေၾကာင္႔မွန္းမသိကို ခ်စ္မိတာမ်ိဳး ။ ဘာေၾကာင္႔ ခ်စ္တယ္ဆိုတဲ႔ အေၾကာင္းျပခ်ကလည္း ကၽြန္မမွာ မရွိဘူး ။ ရွိလည္း မရွိသင္႔ဘူးလားလို႔ ။ အေၾကာင္းျပခ်က္ တစ္ခုခုေၾကာင္႔သာ ခ်စ္မိသြားတယ္ဆို ဒါဟာအခ်စ္မဟုတ္ဘူး ။ စြဲလန္းမွဳ တစ္ခုပဲ ျဖစ္ႏိုင္တယ္ ။ ကၽြန္မ သူ႔ကို စြဲလန္းခဲ႔တာ မဟုတ္ဘူး ။ ဘာအေၾကာင္းျပခ်က္မွ မရွိဘဲကို ခ်စ္ခဲ႔မိတာ ။
ကိုၾကီးဆိုတဲ႔ သူ႔ကို ျမင္ျမင္ခ်င္းခ်င္း ခ်စ္ခဲ႔မိတယ္ ။ ကိုၾကီးနဲ႔ပတ္သတ္တဲ႔ အေလ႔အက်င္႔ အားလံုးလိုလိုကိုလည္း ျမတ္ႏိုးခဲ႔တယ္ ။ ေနာက္ဆံုး ကိုၾကီးျဖတ္သြားလို႔ က်န္ေနရစ္ခဲ႔တဲ႔ ကိုယ္သင္းရနံ႔ေလးကအစ ရင္ခုန္မိတယ္ ။ ကိုႀကီးနဲ႔ ပတ္သတ္မွဳ႕တိုင္းကို ရူးရူးမူးမူး ခ်စ္မိသြားတဲ႔ အထိကို ကၽြန္မဆိုတဲ႔ *ရိုးရိုးရွင္းရွင္း*က ၊ ကိုၾကီးဆိုတဲ႔ *၀န္းရံခ* ကို အရမ္းခ်စ္ခဲ႔ပါတယ္ ။
ကိုၾကီးက အၿမဲတမ္း တက္ႀကြလန္းဆန္းေနျပီး အစေနာက္ကလည္း သန္လြန္သူပါ ။ အၿမဲလိုလို ေပ်ာ္ေပ်ာ္ေနတတ္ပါတယ္ ။ အဲဒီလို လူတစ္ေယာက္ကို တိတ္တခိုး သေဘာက်ေနတဲ႔ ကၽြန္မကေတာ႔ ေအးေအးေဆးေဆး ေနတတ္သူပါ ။ ပန္းေရာင္အက်ီ္ေတြကိုပဲ ဒီဇိုင္းအမ်ိဳးမ်ိဳး ေျပာင္းျပီး ၀တ္ဆင္တတ္တယ္ ။ အဲဒီလို တည္ၿငိမ္ေအးေဆးစြာ ေနတတ္တဲ႔ ရွင္း လိုမိန္းကေလး တစ္ေယာက္က ၊ အစေနာက္သန္ျပီး အၿငိမ္မေနတတ္သူ ကိုၾကီးကို တိတ္တခိုး ခ်စ္ေနခဲ႔တာ အနည္းငယ္ေတာ႔ ထူးဆန္းေနပါတယ္ ။
ကိုႀကီးနဲ႔ရွင္းက ဥပေဒေမဂ်ာနဲ႔ DAY-တက္ ေနၾကသူေတြပါ ။ ကိုႀကီးက FINAL ။ ရွင္းက third-year ။ ကိုႀကီးကို ခ်စ္မိေနေပမဲ႔ မိန္းကေလးတစ္ေယာက္အေနနဲ႔ ရွင္း ရင္ထဲက ရွိတာေတြ ကိုႀကီးသိေအာင္ လုပ္ဖို႔မေျပာနဲ႔ ေရလာေျမာင္းေပးေတာင္ လုပ္ဖို႔ ေတာ္ေတာ္ မလြယ္တဲ႔ အလုပ္ပါ ။ ဒါေပမဲ႔ ကိုႀကီးဆီက အခ်စ္ကိုေတာ႔ ရိုးရွင္းစြာနဲ႔ ေမွ်ာ္လင္႔ ၊ ေတာင္႔တမိတယ္။
ကိုႀကီးနဲ႔ရွင္းၾကားမွာ မွတ္မွတ္ထင္ထင္ ျဖစ္ရပ္ေလးတစ္ခုကို ကံတရားက ဖန္တီးေပးခဲ႔တယ္။ အဲဒီဖန္တီမွဳေလးက ကိုႀကီးအတြက္ ကံဆိုးေစမွဳတစ္ခုေပမဲ႔ ရွင္းအတြက္ေတာ႔ ကံေကာင္းမွု ေလးတစ္ခု ျဖစ္ေနခဲ႔ပါတယ္ ။ ဘာလဲဆိုေတာ႔ ကိုႀကီးက FINALမွာ စာေမးပြဲ က်ပါတယ္ ။ ရွင္းက ေအာင္ေတာ႔ ကိုႀကီးနဲ႔ အတန္းတူတူ ျဖစ္သြားခဲ႔တယ္ ။ ကိုႀကီးက စာေမးပြဲ က်ေပမဲ႔ ခပ္ေပ်ာ္ေပ်ာ္ပါပဲ။
ကိုႀကီးနဲ႔ရွင္း စတင္ပတ္သတ္ဖို႔ ကံတရားက ရွင္းကို မ်က္ႏွာစာေပးခဲ႔တယ္လို႔ ဆိုရမွာပဲ ။
အဲဒီေန႔က အခန္းထဲက ခပ္တည္တည္နဲ႔ ထြက္လာတဲ႔ ရွင္းကို ကိုႀကီးက အားပါးတရ ၿပံဳးျပေနေတာ႔ ရွင္း အံ႔ၾသသြားခဲ႔တယ္ ။ သူအနားေရာက္ေတာ႔
“ ဟိတ္ ရိုးရိုးရွင္း paper(1) စာအုပ္ ခဏငွားပါလား........ မမွီလိုက္လို႔ပါ ”
“ ဘယ္မွီမွာလဲ သူမ်ားေတြကို လိုက္စေနာက္ေနတာကို ”
ပါးစပ္ကေျပာလဲေျပာ လက္ကလည္း လြယ္အိတ္ထဲက စာအုပ္ကို ယူကာ ေပးၿပီးျဖစ္ေနတယ္ ။
“ မနက္ျဖန္ ရွင္းစာအုပ္ကို မေမ႔နဲ႔ေနာ္ ကို၀န္းရံခ ”
“ မေမ႔ပါဘူး........စိတ္ခ် ။ လိုက္စတယ္ ဆိုတာကလည္း ခင္လို႔စတာပါ ။ ဒါနဲ႔ ကိုယ္ကို ကို၀န္းရံခလို႔ မေခၚပါနဲ႔ ။ ရိုးရိုးရွင္းထက္ ႀကီးတယ္ေလ ကိုႀကီးလို႔ ေခၚေလ.........နာမည္အျပည္႔စံု ေခၚေတာ႔ ေမာတာေပါ႔ ”
“ဟုတ္ကဲ႔ ။ ရွင္း သြားေတာ႔မယ္ ”
ဒီေန႔ ရွင္းဆီက စာအုပ္ငွားတာေရာ ၊ ကိုႀကီးႏွင္႔ တရင္းတႏွီး စကားေျပာခြင္႔ရတဲ႔အတြက္ပါ ရွင္း အရမ္းေပ်ာ္သြားတယ္ ။ ။ ရွင္း ရင္ထဲကေန တိတ္တခိုးေခၚေနမိတဲ႔ နာမည္ေလးက ကိုႀကီိးေခၚခိုင္းတဲ႔ နာမည္ေလးနဲ႔ ထပ္တူက်ေနတဲ႔အတြက္ပါ ၾကည္ႏူးေနမိတယ္ ။ ဒါနိမိတ္ေကာင္းတစ္ခုလို႔ အသားယူ မွတ္ထားပါရေစ ကိုႀကီးရယ္ ။
တစ္ေန႔ ရွင္း အရမ္းအံ႔ၾသ သြားခဲ႔တယ္ ။ အသက္ရွဴရပ္သြားျပီးလို႔ ထင္လိုက္ရတယ္ ။ ရင္ေတြ အခုန္ေနခဲ႔ပါတယ္ ။ ၾကည္ႏူးလိုက္တာ ။ ရွင္း စာအုပ္တစ္အုပ္ကို စိတ္၀င္တစား ဖတ္ေနခ်ိန္မွာ ကိုႀကီးတို႔သူငယ္ခ်င္းတစ္စု ရွင္းေဘးက ေနျဖတ္သြားၾကတယ္ ။ အဲဒီအခ်ိန္မွာပဲ ရွင္းစာအုပ္ေပၚကို အရမ္းလွတဲ႔ ႏွင္းဆီပန္းအျဖဴေလးတစ္ပြင္႔ က်လာတယ္ ။ က်လာတဲ႔ ပန္းေလးကို တအံ႔တၾသ ကိုင္လိုက္ျပီးတာနဲ႔ ေမာ႔ၾကည္႔လိုက္ေတာ႔ ပန္းပြင္႔ကေလးရဲ႔ ပိုင္ရွင္က ကိုၾကီး ျဖစ္ေနတယ္ ။ ပန္းပြင္႔ကေလး တင္ေပးသြားၿပီး ခပ္တည္တည္ ဆက္ေလွ်ာက္သြားပါတယ္ ။ ရွင္းက အံ႔ၾသၿပီး စိုက္ၾကည္႔ေနခ်ိန္ ကိုႀကီး ျပန္လွည္႔ၾကည္႔တာနဲ႔ အၾကည္႔ခ်င္း ဆံုသြားၾကတယ္ ။ ရွင္းရင္ထဲ အတိုင္းဆမသိ ေပ်ာ္ရြင္ ၾကည္ႏူးသြားမိေပမဲ႔ ရွင္းမ်က္ႏွာေပၚမွာေတာ႔ အဲဒီအမူယာေတြ တစ္ခုမွ မေပၚေအာင္ ေနျပႏိုင္ခဲ႔ပါတယ္ ။
အဲဒီေနာက္ပိုင္းကစျပီး ကိုႀကီးနဲ႔ရွင္းကို လူေတာ္ေတာ္မ်ားမ်ား သတိထားမိသြားၾကတယ္ ။ ကိုႀကီးရဲ႔ အစေနာက္သန္မွဳ နဲ႔ ရွင္းရဲ႔ေအးေဆးတည္ၿငိမ္မွဳကလည္း ဆန႔္က်င္ဘက္ႀကီးျဖစ္ေနျပန္ေတာ႔ လူအမ်ားရဲ႕ စိတ္၀င္စားျခင္းကို ပိုခံရတယ္ ။ ရွင္းအေနနဲ႔ ကိုႀကီးကို ဘယ္လိုနည္းနဲ႔ ေရွာင္ဖယ္ေနေန ကိုႀကီးကေတာ႔ လံုး၀ေနာက္မဆုတ္ပါဘူး။ ကိုႀကီး အျပဳမွဴေတြက ရွင္း အတြက္
ရင္ခုန္လိွုက္ေမာဖြယ္ ေကာင္းေပမဲ႔ ကိုႀကီးကို ရွင္း အျပည္႔အ၀ မယံုၾကည္ရဲေသးဘူး ။ ညဘက္ေတြ ရွင္းဆီကို ဖုန္းဆက္တာက တမ်ိုး ။
တေန႔ ကိုႀကီးဆီက ဖုန္းလာပါတယ္ ။
“ဟဲလို ”
“ ရွင္း ကိုၾကီးပါ ”
“ကိုႀကီး ရွင္းကို ဘာကိစၥနဲ႔အတင္းလိုက္ပတ္သတ္ေနတာလဲ”
“ဘာျဖစ္လို႔လဲ ရွင္းရဲ႕ ။ ကိုႀကီးနဲ႔ ရွင္းက ေမဂ်ာတူ သူငယ္ခ်င္းေတြေလ ။ မဟုတ္ဘူးလား”
“ေမဂ်ာတူ ဆိုတာေတာ႔ ဟုတ္ပါတယ္ ။ ဒါေပမဲ႔ သူငယ္ခ်င္းေတြမွ မဟုတ္တာ”
“ကိုႀကီးကေတာ႔ သူငယ္ခ်င္းပဲ ”
“ ရွင္းက ဘယ္သူကို မွ လြယ္လြယ္မခင္တတ္ဘူး ”
ရွင္း ဘယ္လိုပဲ ေျပာေျပာ ကိုၾကီးက လံုး၀ ဂရုမစိုက္ပါဘူး ။ သူျဖစ္ခ်င္တာ သူေျပာခ်င္တာကိုပဲ ဇြတ္တိုးပူဆာ တတ္ပါတယ္ ။ ဒါေပမယ္႔ ကိုႀကီးရဲ႔စကားသံေတြက ၾကာင္နာမွဳ ေႏြးေထြးမွဳ ေတြ လွိဳက္လွိုက္လွဲလွဲ စီးေမ်ာပါ၀င္ေနတာကိုေတာ႔ ရွင္း မျငင္းႏိုင္ပါဘူး ။ ကိုႀကီးလို လူတစ္ေယာက္က အခုလို ၾကည္ႏူးစရာေကာင္းတဲ႔ ရင္ခုန္မွုမ်ိဳးေတြကို ေပးစြမ္းေစမယ္လို႔ လံုး၀ မထင္ခဲ႔မိဘူး။
ဒီလုိနဲ႔ စာေမးပြဲေျဖဆိုျပီးခ်ိန္မွ ေက်ာင္းေတြ ပိတ္သြားခဲ႔ပါျပီ ။ ရွင္း ကိုၾကီးကို လံုး၀ မေတြ႔ရေတာ႔ပါဘူး ။ ကိုၾကီးရဲ႔ စတတ္ေနာက္တတ္တဲ႔ အေလ႔အက်င္႔ေတြေၾကာင္႔ ကိုၾကီးအေပၚ မယံုရဲခဲ႔တာမို႔ ကိုၾကီးလိုခ်င္တဲ႔ အေျဖကိုလည္း မေပးခဲ႔မိဘူး ။ အခုလို ခြဲရေတာ႔မွ ပိုျပီးလြမ္းတတ္လာခဲ႔တယ္ ။ ကိုႀကီးကို အရမ္းသတိရတယ္ ။ အရမ္း လြမ္းေနတယ္ ။ ကိုႀကီးကို အရမ္းခ်စ္တယ္ဆိုတာလည္း အခုမွ ပိုျပီး ေသခ်ာသြားပါေတာ႔တယ္ ။ မိန္းကေလးတစ္ေယာက္ရဲ႕ ထားသင္႔ ထားအပ္တဲ႔ ဂုဏ္သိကၡာေတြကို လံုး၀အပြန္းပဲ႔ မခံႏိုင္တဲ႔အတြက္ ရွင္းဘက္က စျပီးဆက္သြယ္ဖို႔ကိုေတာ႔ လံုး၀မၾကိဳးစားပါဘူး ။ေက်ာင္းေတြပိတ္သြားကတည္းက ဖုန္းေလးတစ္ခ်က္ေတာင္ ဆက္ေဖာ္မရတဲ႔ ကိုႀကီးကို ရွင္းစိတ္ထဲမွာ နာက်ည္းေနမိတယ္ ။
ရွင္း တစ္ေယာက္တည္း အခန္းထဲမွာ ကိုႀကီးကို ႀကိတ္လြမ္းေနတုန္း အခန္းထဲကို ေမေမ ၀င္လာတယ္ ။
“သမီးေရ ေအာက္မွာ ဧည္႔သည္ေတြ ေရာက္ေနတယ္ ။ သမီးေဖေဖက သမီးေလးနဲ႔ မိတ္ဆက္ေပးခ်င္လို႔တဲ႔ ။ ေမေမနဲ႔ ခဏဆင္းေတြ႔ရေအာင္ ။ ေအာက္မွာ ေဖေဖလဲ ေစာင္႔ေနတယ္”
“ ဘယ္သူေတြလဲ ေမေမ ”
“ သမီးေဖေဖရဲ႔ အခ်စ္ဆံုးသူငယ္ခ်င္း မိသားစုေလ ။ ျပန္ဆံုၾကတာ မၾကာေသးဘူး သမီးရဲ႔ ။ ေဖေဖနဲ႔ေမေမ သမီးေလးကို ႀကိဳေတာင္ မေျပာထားမိဘူးက ။ သမီးနဲ႔ ပတ္သတ္ျပီး ကိစၥေလးလည္း ရွိေနတယ္ ။ ဘာလဲဆိုေတာ႔ သမီးေဖေဖရဲ႔ သားနဲ႔သမီးေလးကို ေနရာခ်ေပးဖို႔ ။ ၾကိဳမေျပာဘူးဆိုတာလည္း ေမေမ႔သမီးေလးက ေမေမတို႔စကားကို အၿမဲနားေထာင္ေနၾကဆိုေတာ႔ ။ ေမေမတို႔ စီစဥ္ေပးမယ္႔ သူက သမီးအတြက္ စိတ္ဆင္းရဲရမယ္႔ လူမဟုတ္ဘူးဆိုတာကိုေတာ႔ ေမေမ ရဲရဲၾကီး အာမခံပါတယ္ ”
ေမေမက စကားအရွည္ႀကီး ေျပာလိုက္ရလို႔ ေမာသြားဟန္ျဖင္႔ သက္ျပင္းေလးခ်ရင္း ခဏနားပါတယ္ ။ ရွင္းဆီက ျပန္ေျပာလာမယ္႔ အေျဖစကားကို ေစာင္႔ဆိုင္းနားေထာင္ေနပါတယ္ ။
သမီးအလိမ္မာေလးပီပီ ရွင္းဘယ္လိုအင္အားေတြနဲ႔ ျငင္းရက္မွာလဲ ။
“ ဟုတ္ကဲ႔ပါ ေမေမ ။ သမီး ဆင္းေတြ႔ပါ႔မယ္ ”
“ အို ! လိမ္မာလိုက္တဲ႕ သမီးေလးရယ္ ”
ေမေမတို႔ စိတ္ခ်မ္းသာမယ္ဆို သမီးေက်နပ္ပါတယ္ ။ ဒါေပမယ္႔ ေမေမရယ္ ရွင္း ရင္ထဲမွာေတာ႔ ရင္ကြဲေနရပါျပီ ။ ဒါေပမဲ႔ ရွင္းႏွလံုးက က်မဲ႔မ်က္ရည္ေတြကို ေမေမတို႔ရဲ႔ ပီတိအၿပံဳးေတြနဲ႔ ရွင္းလဲလိုက္ပါ႔မယ္ ။ ကိုႀကီးေရ တကယ္ကိုေ၀းၾကရေတာ႔မယ္ ။ ရွင္း ကိုယ္႔ကိုယ္ကို
ၾကည္႔ေကာင္းေအာင္ အနည္းပါးျပင္ဆင္ၿပီး ေမေမနဲ႔အတူ ေအာက္ထပ္ကို ဆင္းခဲ႔လိုက္ပါေတာ႔တယ္ ။
ဧည္႔သည္မိသားစုက ရွင္းဆင္းလာမယ္႔ဘက္ကို ေက်ာခိုင္းၿပီး ထိုင္ေနၾကပါတယ္ ။ ရွင္း ဧည္႔ခန္းမွာ ၀င္ထိုင္လိုက္ရင္း အားလံုးကို ခ်ံဳဂံုျပီးၿပံဳးျပလိုက္ခ်ိန္မွာေတာ႔ ရွင္း အရမ္းအံ႔ၾသသြားခဲ႔တယ္ ။
“ဟင္! ကိုႀကီး”
“ဟုတ္တယ္ သမီးေရ ။ သမီးကိုႀကီးက ႀကိဳမေျပာပါနဲ႔ဆိုလို႔ ေမေမတို႔လည္း မေျပာရတာ ။ သူက အစေနာက္သန္ေတာ႔ သမီးက သားကို ၾကည္႔မရဘူးဆို ။ ေမာင္၀န္းရံခက ေမေမတို႔သေဘာတူတဲ႔ သတို႔သားေလာင္းပဲ သမီး ။ ကဲသားနဲ႔သမီး ေသခ်ာ ေဆြးေႏြးၾကအံုးေပါ႔ ”
လူႀကီးေတြက ေဆြးေႏြးခြင္႔ ေပးလိုက္တာနဲ႔ ရွင္းတုိ႔ႏွစ္ေယာက္ ၿခံထဲကို ဆင္းလာခဲ႔ပါတယ္ ။ တေနရာ အေရာက္မွာေတာ႔ ေရွ႔ကသြားေနတဲ႔ ရွင္းကို ကိုႀကီးက “ ရွင္း ” လို႔ ခပ္တိုးတိုးေလး ကပ္ေခၚလိုက္ရင္ဘဲ ရွင္း ရင္ခုန္သံေတြ ဆူညံေနပါျပီ ။
“ရွင္း ကိုႀကီးကို စိတ္မဆိုးပါနဲ႔ေနာ္”
“ ရပါတယ္”
“ေျဖပံုကလဲ စိတ္ဆိုးေနပံုႀကီး”
“မဆိုးရဲပါဘူး လူႀကီးေတြက ကိုႀကီးဘက္က ရွိေနၿပီပဲ”
“ဟာကြာ ! ကိုႀကီး ရွင္းေလးကို အရမ္းခ်စ္လို႔ပါ ။ အဆံုးရွံဳးမခံနိုင္လို႔ လူႀကီးေတြကို အပူကပ္မိတာပါ”
“ရွင္း ကိုႀကီးကို ခ်စ္လားဟင္...ကိုၾကီးကို ျပန္ခ်စ္ပါေနာ္”
“ရွင္း မေျပာတတ္ဘူး”
“ခုမေျပာတတ္လဲ ကိုႀကီးကို လက္ထပ္ၿပီးမွ ေျပာေနာ္”
“အံမယ္ ကိုႀကီးကို ဘယ္သူက လက္ထပ္မယ္ေျပာလို႔လဲ”
“ရွင္းကသာေျပာေန လူႀကီးေတြက ဖိတ္စာေတာင္ ရိုက္ေတာ႔မယ္ဗ်”
“ဟြန္း! မုန္းစရာ ေကာင္းလိုက္တာ”
“ဘာ........ခ်စ္စရာ ေကာင္းလိုက္တာ ဟုတ္လား”
“ကိုႀကီးေနာ္ ”
“ ဟား...ဟား………………”
ရွင္း ဘာေျပာေျပာ သူကို ပန္းနဲ႔ေပါက္တယ္လို႔ ကိုႀကီးကထင္ေနေလရဲ႔ ။ ၿပံဳးေပ်ာ္ေနတာပဲ ။ ရွင္းလည္း အရမ္းေပ်ာ္ေနပါတယ္ ။ ကိုႀကီးထက္ အဆေပါင္းမ်ားစြာ ပိုေပ်ာ္ေနရသူပါ ။ ကိုႀကီးကို အရင္ဆံုး တိတ္တခိုးစြဲလန္း ၊ ခ်စ္ခဲ႔ရသူတစ္ေယာက္က ရွင္းပါ ကိုၾကီးရယ္ ။ ဒါေပမဲ႔ ဒီလွ်ိဳ႔၀ွက္ခ်က္ေလးကို မိန္းမတစ္ေယာက္ရဲ႔ ရွိသင္႔ရွိထိုက္တဲ႔ မာနနဲ႔ သိကၡာတရားအတြက္ လွ်ို႔၀ွက္ထားပါရေစ ။ ကိုႀကီးနဲ႔ရွင္းတို႔ႏွစ္ေယာက္ ေလွ်ာက္လွမ္းရမယ္႔ ဘ၀ခရီးလမ္းေလးဟာ ေပ်ာ္ရြင္ၾကည္ႏူးစရာေတြနဲ႔ ျပည္႔ႏွက္ေနမွာပါ ။ ဘာလို႔လဲဆိုေတာ႔ ကိုႀကီးနဲ႔ရွင္းတို႔ရဲ႔ ခ်စ္ျခင္းေတြ ထပ္တူညီ ေနလို႔ေပါ႔ ။
ခိုင္ေလး ( ေရႊေတာင္ )
အတြဲ ( ၅ ) ၊ အမွတ္ ( ၁၂ )
ဒီဇင္ဘာလ ၊ ၂၀၁၀ ခုႏွစ္
ဂႏၶာရီ မဂၢဇင္း
ပထမဦးဆံုး ပရင္႔ပါခဲ႔ေသာ ၀ထၳဳတိုေလးပါ
www.apannpyay.com
=============

မိန်းမတစ်ယောက်ရဲ့ လျှို့ဝှက်ချက်
အချစ်ဆိုတဲ့ ခံစားချက်ဟာ သိပ်ကိုထူးဆန်း လွန်းပါတယ် ။ ဘာကိုချစ်တာလဲ ။ ဘာကြောင့် ချစ်တာလဲလို့ တစုံတစ်ယောက်ကများ မေးလာခဲ့မယ်ဆို တိတိကျကျ ဖြေနိုင်မယ်မထင်ပါ ။ ကျွန်မကို အဲဒီလိုမေးခွန်းမျိုး မေးလာခဲ့မယ်ဆိုရင်တော့ သူ့အလိုလို ရင်ထဲကနေ ပေါက်ဖွားလာတဲ့ ခံစားချက်သက်သက်လို့ ဖြေမိမှာပဲ ။ ဘာလို့လဲဆိုတော့ ကျွန်မ ကြုံတွေ့လိုက်ရတဲ့ အချစ်ဆိုတာ သူဘယ်လိုနေနေ ချစ်တယ် ။ ဘာကြောင့်မှန်းမသိကို ချစ်မိတာမျိုး ။ ဘာကြောင့် ချစ်တယ်ဆိုတဲ့ အကြောင်းပြချကလည်း ကျွန်မမှာ မရှိဘူး ။ ရှိလည်း မရှိသင့်ဘူးလားလို့ ။ အကြောင်းပြချက် တစ်ခုခုကြောင့်သာ ချစ်မိသွားတယ်ဆို ဒါဟာအချစ်မဟုတ်ဘူး ။ စွဲလန်းမှု တစ်ခုပဲ ဖြစ်နိုင်တယ် ။ ကျွန်မ သူ့ကို စွဲလန်းခဲ့တာ မဟုတ်ဘူး ။ ဘာအကြောင်းပြချက်မှ မရှိဘဲကို ချစ်ခဲ့မိတာ ။
ကိုကြီးဆိုတဲ့ သူ့ကို မြင်မြင်ချင်းချင်း ချစ်ခဲ့မိတယ် ။ ကိုကြီးနဲ့ပတ်သတ်တဲ့ အလေ့အကျင့် အားလုံးလိုလိုကိုလည်း မြတ်နိုးခဲ့တယ် ။ နောက်ဆုံး ကိုကြီးဖြတ်သွားလို့ ကျန်နေရစ်ခဲ့တဲ့ ကိုယ်သင်းရနံ့လေးကအစ ရင်ခုန်မိတယ် ။ ကိုကြီးနဲ့ ပတ်သတ်မှု့တိုင်းကို ရူးရူးမူးမူး ချစ်မိသွားတဲ့ အထိကို ကျွန်မဆိုတဲ့ *ရိုးရိုးရှင်းရှင်း*က ၊ ကိုကြီးဆိုတဲ့ *ဝန်းရံခ* ကို အရမ်းချစ်ခဲ့ပါတယ် ။
ကိုကြီးက အမြဲတမ်း တက်ကြွလန်းဆန်းနေပြီး အစနောက်ကလည်း သန်လွန်သူပါ ။ အမြဲလိုလို ပျော်ပျော်နေတတ်ပါတယ် ။ အဲဒီလို လူတစ်ယောက်ကို တိတ်တခိုး သဘောကျနေတဲ့ ကျွန်မကတော့ အေးအေးဆေးဆေး နေတတ်သူပါ ။ ပန်းရောင်အကျီ်တွေကိုပဲ ဒီဇိုင်းအမျိုးမျိုး ပြောင်းပြီး ဝတ်ဆင်တတ်တယ် ။ အဲဒီလို တည်ငြိမ်အေးဆေးစွာ နေတတ်တဲ့ ရှင်း လိုမိန်းကလေး တစ်ယောက်က ၊ အစနောက်သန်ပြီး အငြိမ်မနေတတ်သူ ကိုကြီးကို တိတ်တခိုး ချစ်နေခဲ့တာ အနည်းငယ်တော့ ထူးဆန်းနေပါတယ် ။
ကိုကြီးနဲ့ရှင်းက ဥပဒေမေဂျာနဲ့ DAY-တက် နေကြသူတွေပါ ။ ကိုကြီးက FINAL ။ ရှင်းက third-year ။ ကိုကြီးကို ချစ်မိနေပေမဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ရှင်း ရင်ထဲက ရှိတာတွေ ကိုကြီးသိအောင် လုပ်ဖို့မပြောနဲ့ ရေလာမြောင်းပေးတောင် လုပ်ဖို့ တော်တော် မလွယ်တဲ့ အလုပ်ပါ ။ ဒါပေမဲ့ ကိုကြီးဆီက အချစ်ကိုတော့ ရိုးရှင်းစွာနဲ့ မျှော်လင့် ၊ တောင့်တမိတယ်။
ကိုကြီးနဲ့ရှင်းကြားမှာ မှတ်မှတ်ထင်ထင် ဖြစ်ရပ်လေးတစ်ခုကို ကံတရားက ဖန်တီးပေးခဲ့တယ်။ အဲဒီဖန်တီမှုလေးက ကိုကြီးအတွက် ကံဆိုးစေမှုတစ်ခုပေမဲ့ ရှင်းအတွက်တော့ ကံကောင်းမှု လေးတစ်ခု ဖြစ်နေခဲ့ပါတယ် ။ ဘာလဲဆိုတော့ ကိုကြီးက FINALမှာ စာမေးပွဲ ကျပါတယ် ။ ရှင်းက အောင်တော့ ကိုကြီးနဲ့ အတန်းတူတူ ဖြစ်သွားခဲ့တယ် ။ ကိုကြီးက စာမေးပွဲ ကျပေမဲ့ ခပ်ပျော်ပျော်ပါပဲ။
ကိုကြီးနဲ့ရှင်း စတင်ပတ်သတ်ဖို့ ကံတရားက ရှင်းကို မျက်နှာစာပေးခဲ့တယ်လို့ ဆိုရမှာပဲ ။
အဲဒီနေ့က အခန်းထဲက ခပ်တည်တည်နဲ့ ထွက်လာတဲ့ ရှင်းကို ကိုကြီးက အားပါးတရ ပြုံးပြနေတော့ ရှင်း အံ့သြသွားခဲ့တယ် ။ သူအနားရောက်တော့
“ ဟိတ် ရိုးရိုးရှင်း paper(1) စာအုပ် ခဏငှားပါလား........ မမှီလိုက်လို့ပါ ”
“ ဘယ်မှီမှာလဲ သူများတွေကို လိုက်စနောက်နေတာကို ”
ပါးစပ်ကပြောလဲပြော လက်ကလည်း လွယ်အိတ်ထဲက စာအုပ်ကို ယူကာ ပေးပြီးဖြစ်နေတယ် ။
“ မနက်ဖြန် ရှင်းစာအုပ်ကို မမေ့နဲ့နော် ကိုဝန်းရံခ ”
“ မမေ့ပါဘူး........စိတ်ချ ။ လိုက်စတယ် ဆိုတာကလည်း ခင်လို့စတာပါ ။ ဒါနဲ့ ကိုယ်ကို ကိုဝန်းရံခလို့ မခေါ်ပါနဲ့ ။ ရိုးရိုးရှင်းထက် ကြီးတယ်လေ ကိုကြီးလို့ ခေါ်လေ.........နာမည်အပြည့်စုံ ခေါ်တော့ မောတာပေါ့ ”
“ဟုတ်ကဲ့ ။ ရှင်း သွားတော့မယ် ”
ဒီနေ့ ရှင်းဆီက စာအုပ်ငှားတာရော ၊ ကိုကြီးနှင့် တရင်းတနှီး စကားပြောခွင့်ရတဲ့အတွက်ပါ ရှင်း အရမ်းပျော်သွားတယ် ။ ။ ရှင်း ရင်ထဲကနေ တိတ်တခိုးခေါ်နေမိတဲ့ နာမည်လေးက ကိုကြီိးခေါ်ခိုင်းတဲ့ နာမည်လေးနဲ့ ထပ်တူကျနေတဲ့အတွက်ပါ ကြည်နူးနေမိတယ် ။ ဒါနိမိတ်ကောင်းတစ်ခုလို့ အသားယူ မှတ်ထားပါရစေ ကိုကြီးရယ် ။
တစ်နေ့ ရှင်း အရမ်းအံ့သြ သွားခဲ့တယ် ။ အသက်ရှူရပ်သွားပြီးလို့ ထင်လိုက်ရတယ် ။ ရင်တွေ အခုန်နေခဲ့ပါတယ် ။ ကြည်နူးလိုက်တာ ။ ရှင်း စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်နေချိန်မှာ ကိုကြီးတို့သူငယ်ချင်းတစ်စု ရှင်းဘေးက နေဖြတ်သွားကြတယ် ။ အဲဒီအချိန်မှာပဲ ရှင်းစာအုပ်ပေါ်ကို အရမ်းလှတဲ့ နှင်းဆီပန်းအဖြူလေးတစ်ပွင့် ကျလာတယ် ။ ကျလာတဲ့ ပန်းလေးကို တအံ့တသြ ကိုင်လိုက်ပြီးတာနဲ့ မော့ကြည့်လိုက်တော့ ပန်းပွင့်ကလေးရဲ့ ပိုင်ရှင်က ကိုကြီး ဖြစ်နေတယ် ။ ပန်းပွင့်ကလေး တင်ပေးသွားပြီး ခပ်တည်တည် ဆက်လျှောက်သွားပါတယ် ။ ရှင်းက အံ့သြပြီး စိုက်ကြည့်နေချိန် ကိုကြီး ပြန်လှည့်ကြည့်တာနဲ့ အကြည့်ချင်း ဆုံသွားကြတယ် ။ ရှင်းရင်ထဲ အတိုင်းဆမသိ ပျော်ရွင် ကြည်နူးသွားမိပေမဲ့ ရှင်းမျက်နှာပေါ်မှာတော့ အဲဒီအမူယာတွေ တစ်ခုမှ မပေါ်အောင် နေပြနိုင်ခဲ့ပါတယ် ။
အဲဒီနောက်ပိုင်းကစပြီး ကိုကြီးနဲ့ရှင်းကို လူတော်တော်များများ သတိထားမိသွားကြတယ် ။ ကိုကြီးရဲ့ အစနောက်သန်မှု နဲ့ ရှင်းရဲ့အေးဆေးတည်ငြိမ်မှုကလည်း ဆန့်ကျင်ဘက်ကြီးဖြစ်နေပြန်တော့ လူအများရဲ့ စိတ်ဝင်စားခြင်းကို ပိုခံရတယ် ။ ရှင်းအနေနဲ့ ကိုကြီးကို ဘယ်လိုနည်းနဲ့ ရှောင်ဖယ်နေနေ ကိုကြီးကတော့ လုံးဝနောက်မဆုတ်ပါဘူး။ ကိုကြီး အပြုမှူတွေက ရှင်း အတွက်
ရင်ခုန်လှိုက်မောဖွယ် ကောင်းပေမဲ့ ကိုကြီးကို ရှင်း အပြည့်အဝ မယုံကြည်ရဲသေးဘူး ။ ညဘက်တွေ ရှင်းဆီကို ဖုန်းဆက်တာက တမျိုး ။
တနေ့ ကိုကြီးဆီက ဖုန်းလာပါတယ် ။
“ဟဲလို ”
“ ရှင်း ကိုကြီးပါ ”
“ကိုကြီး ရှင်းကို ဘာကိစ္စနဲ့အတင်းလိုက်ပတ်သတ်နေတာလဲ”
“ဘာဖြစ်လို့လဲ ရှင်းရဲ့ ။ ကိုကြီးနဲ့ ရှင်းက မေဂျာတူ သူငယ်ချင်းတွေလေ ။ မဟုတ်ဘူးလား”
“မေဂျာတူ ဆိုတာတော့ ဟုတ်ပါတယ် ။ ဒါပေမဲ့ သူငယ်ချင်းတွေမှ မဟုတ်တာ”
“ကိုကြီးကတော့ သူငယ်ချင်းပဲ ”
“ ရှင်းက ဘယ်သူကို မှ လွယ်လွယ်မခင်တတ်ဘူး ”
ရှင်း ဘယ်လိုပဲ ပြောပြော ကိုကြီးက လုံးဝ ဂရုမစိုက်ပါဘူး ။ သူဖြစ်ချင်တာ သူပြောချင်တာကိုပဲ ဇွတ်တိုးပူဆာ တတ်ပါတယ် ။ ဒါပေမယ့် ကိုကြီးရဲ့စကားသံတွေက ကြာင်နာမှု နွေးထွေးမှု တွေ လှိုက်လှိုက်လှဲလှဲ စီးမျောပါဝင်နေတာကိုတော့ ရှင်း မငြင်းနိုင်ပါဘူး ။ ကိုကြီးလို လူတစ်ယောက်က အခုလို ကြည်နူးစရာကောင်းတဲ့ ရင်ခုန်မှုမျိုးတွေကို ပေးစွမ်းစေမယ်လို့ လုံးဝ မထင်ခဲ့မိဘူး။
ဒီလိုနဲ့ စာမေးပွဲဖြေဆိုပြီးချိန်မှ ကျောင်းတွေ ပိတ်သွားခဲ့ပါပြီ ။ ရှင်း ကိုကြီးကို လုံးဝ မတွေ့ရတော့ပါဘူး ။ ကိုကြီးရဲ့ စတတ်နောက်တတ်တဲ့ အလေ့အကျင့်တွေကြောင့် ကိုကြီးအပေါ် မယုံရဲခဲ့တာမို့ ကိုကြီးလိုချင်တဲ့ အဖြေကိုလည်း မပေးခဲ့မိဘူး ။ အခုလို ခွဲရတော့မှ ပိုပြီးလွမ်းတတ်လာခဲ့တယ် ။ ကိုကြီးကို အရမ်းသတိရတယ် ။ အရမ်း လွမ်းနေတယ် ။ ကိုကြီးကို အရမ်းချစ်တယ်ဆိုတာလည်း အခုမှ ပိုပြီး သေချာသွားပါတော့တယ် ။ မိန်းကလေးတစ်ယောက်ရဲ့ ထားသင့် ထားအပ်တဲ့ ဂုဏ်သိက္ခာတွေကို လုံးဝအပွန်းပဲ့ မခံနိုင်တဲ့အတွက် ရှင်းဘက်က စပြီးဆက်သွယ်ဖို့ကိုတော့ လုံးဝမကြိုးစားပါဘူး ။ကျောင်းတွေပိတ်သွားကတည်းက ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရတဲ့ ကိုကြီးကို ရှင်းစိတ်ထဲမှာ နာကျည်းနေမိတယ် ။
ရှင်း တစ်ယောက်တည်း အခန်းထဲမှာ ကိုကြီးကို ကြိတ်လွမ်းနေတုန်း အခန်းထဲကို မေမေ ဝင်လာတယ် ။
“သမီးရေ အောက်မှာ ဧည့်သည်တွေ ရောက်နေတယ် ။ သမီးဖေဖေက သမီးလေးနဲ့ မိတ်ဆက်ပေးချင်လို့တဲ့ ။ မေမေနဲ့ ခဏဆင်းတွေ့ရအောင် ။ အောက်မှာ ဖေဖေလဲ စောင့်နေတယ်”
“ ဘယ်သူတွေလဲ မေမေ ”
“ သမီးဖေဖေရဲ့ အချစ်ဆုံးသူငယ်ချင်း မိသားစုလေ ။ ပြန်ဆုံကြတာ မကြာသေးဘူး သမီးရဲ့ ။ ဖေဖေနဲ့မေမေ သမီးလေးကို ကြိုတောင် မပြောထားမိဘူးက ။ သမီးနဲ့ ပတ်သတ်ပြီး ကိစ္စလေးလည်း ရှိနေတယ် ။ ဘာလဲဆိုတော့ သမီးဖေဖေရဲ့ သားနဲ့သမီးလေးကို နေရာချပေးဖို့ ။ ကြိုမပြောဘူးဆိုတာလည်း မေမေ့သမီးလေးက မေမေတို့စကားကို အမြဲနားထောင်နေကြဆိုတော့ ။ မေမေတို့ စီစဉ်ပေးမယ့် သူက သမီးအတွက် စိတ်ဆင်းရဲရမယ့် လူမဟုတ်ဘူးဆိုတာကိုတော့ မေမေ ရဲရဲကြီး အာမခံပါတယ် ”
မေမေက စကားအရှည်ကြီး ပြောလိုက်ရလို့ မောသွားဟန်ဖြင့် သက်ပြင်းလေးချရင်း ခဏနားပါတယ် ။ ရှင်းဆီက ပြန်ပြောလာမယ့် အဖြေစကားကို စောင့်ဆိုင်းနားထောင်နေပါတယ် ။
သမီးအလိမ်မာလေးပီပီ ရှင်းဘယ်လိုအင်အားတွေနဲ့ ငြင်းရက်မှာလဲ ။
“ ဟုတ်ကဲ့ပါ မေမေ ။ သမီး ဆင်းတွေ့ပါ့မယ် ”
“ အို ! လိမ်မာလိုက်တဲ့ သမီးလေးရယ် ”
မေမေတို့ စိတ်ချမ်းသာမယ်ဆို သမီးကျေနပ်ပါတယ် ။ ဒါပေမယ့် မေမေရယ် ရှင်း ရင်ထဲမှာတော့ ရင်ကွဲနေရပါပြီ ။ ဒါပေမဲ့ ရှင်းနှလုံးက ကျမဲ့မျက်ရည်တွေကို မေမေတို့ရဲ့ ပီတိအပြုံးတွေနဲ့ ရှင်းလဲလိုက်ပါ့မယ် ။ ကိုကြီးရေ တကယ်ကိုဝေးကြရတော့မယ် ။ ရှင်း ကိုယ့်ကိုယ်ကို
ကြည့်ကောင်းအောင် အနည်းပါးပြင်ဆင်ပြီး မေမေနဲ့အတူ အောက်ထပ်ကို ဆင်းခဲ့လိုက်ပါတော့တယ် ။
ဧည့်သည်မိသားစုက ရှင်းဆင်းလာမယ့်ဘက်ကို ကျောခိုင်းပြီး ထိုင်နေကြပါတယ် ။ ရှင်း ဧည့်ခန်းမှာ ဝင်ထိုင်လိုက်ရင်း အားလုံးကို ချုံဂုံပြီးပြုံးပြလိုက်ချိန်မှာတော့ ရှင်း အရမ်းအံ့သြသွားခဲ့တယ် ။
“ဟင်! ကိုကြီး”
“ဟုတ်တယ် သမီးရေ ။ သမီးကိုကြီးက ကြိုမပြောပါနဲ့ဆိုလို့ မေမေတို့လည်း မပြောရတာ ။ သူက အစနောက်သန်တော့ သမီးက သားကို ကြည့်မရဘူးဆို ။ မောင်ဝန်းရံခက မေမေတို့သဘောတူတဲ့ သတို့သားလောင်းပဲ သမီး ။ ကဲသားနဲ့သမီး သေချာ ဆွေးနွေးကြအုံးပေါ့ ”
လူကြီးတွေက ဆွေးနွေးခွင့် ပေးလိုက်တာနဲ့ ရှင်းတို့နှစ်ယောက် ခြံထဲကို ဆင်းလာခဲ့ပါတယ် ။ တနေရာ အရောက်မှာတော့ ရှေ့ကသွားနေတဲ့ ရှင်းကို ကိုကြီးက “ ရှင်း ” လို့ ခပ်တိုးတိုးလေး ကပ်ခေါ်လိုက်ရင်ဘဲ ရှင်း ရင်ခုန်သံတွေ ဆူညံနေပါပြီ ။
“ရှင်း ကိုကြီးကို စိတ်မဆိုးပါနဲ့နော်”
“ ရပါတယ်”
“ဖြေပုံကလဲ စိတ်ဆိုးနေပုံကြီး”
“မဆိုးရဲပါဘူး လူကြီးတွေက ကိုကြီးဘက်က ရှိနေပြီပဲ”
“ဟာကွာ ! ကိုကြီး ရှင်းလေးကို အရမ်းချစ်လို့ပါ ။ အဆုံးရှုံးမခံနိုင်လို့ လူကြီးတွေကို အပူကပ်မိတာပါ”
“ရှင်း ကိုကြီးကို ချစ်လားဟင်...ကိုကြီးကို ပြန်ချစ်ပါနော်”
“ရှင်း မပြောတတ်ဘူး”
“ခုမပြောတတ်လဲ ကိုကြီးကို လက်ထပ်ပြီးမှ ပြောနော်”
“အံမယ် ကိုကြီးကို ဘယ်သူက လက်ထပ်မယ်ပြောလို့လဲ”
“ရှင်းကသာပြောနေ လူကြီးတွေက ဖိတ်စာတောင် ရိုက်တော့မယ်ဗျ”
“ဟွန်း! မုန်းစရာ ကောင်းလိုက်တာ”
“ဘာ........ချစ်စရာ ကောင်းလိုက်တာ ဟုတ်လား”
“ကိုကြီးနော် ”
“ ဟား...ဟား………………”
ရှင်း ဘာပြောပြော သူကို ပန်းနဲ့ပေါက်တယ်လို့ ကိုကြီးကထင်နေလေရဲ့ ။ ပြုံးပျော်နေတာပဲ ။ ရှင်းလည်း အရမ်းပျော်နေပါတယ် ။ ကိုကြီးထက် အဆပေါင်းများစွာ ပိုပျော်နေရသူပါ ။ ကိုကြီးကို အရင်ဆုံး တိတ်တခိုးစွဲလန်း ၊ ချစ်ခဲ့ရသူတစ်ယောက်က ရှင်းပါ ကိုကြီးရယ် ။ ဒါပေမဲ့ ဒီလျှို့ဝှက်ချက်လေးကို မိန်းမတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ မာနနဲ့ သိက္ခာတရားအတွက် လျှို့ဝှက်ထားပါရစေ ။ ကိုကြီးနဲ့ရှင်းတို့နှစ်ယောက် လျှောက်လှမ်းရမယ့် ဘဝခရီးလမ်းလေးဟာ ပျော်ရွင်ကြည်နူးစရာတွေနဲ့ ပြည့်နှက်နေမှာပါ ။ ဘာလို့လဲဆိုတော့ ကိုကြီးနဲ့ရှင်းတို့ရဲ့ ချစ်ခြင်းတွေ ထပ်တူညီ နေလို့ပေါ့ ။
ခိုင်လေး ( ရွှေတောင် )
အတွဲ ( ၅ ) ၊ အမှတ် ( ၁၂ )
ဒီဇင်ဘာလ ၊ ၂၀၁၀ ခုနှစ်
ဂန္ဓာရီ မဂ္ဂဇင်း
ပထမဦးဆုံး ပရင့်ပါခဲ့သော ဝထ္ထုတိုလေးပါ
www.apannpyay.com

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...