အခုတလော နာမည်ကြီးနေတဲ့ "အယောင်ဆောင်ကပ်ပါလာတဲ့ သရဲမ"




“ဟေ့ကောင် လာတာနဲ့ပေါက်ကရမပြောနဲ့ စာရွက်ကိုကြည့်ခိုင်တာ..”


ဝုန်း………

“ဟ…တိုက်ကုန်ပြီ…”
“ဟို..ကားမှားတာ….”



“ရိုက်ကွာကြာတယ်...”








“မင်းလဲသတိထားဦး..”








လက်ဖတ်ရည် ကျစိမ့်ကိုမော့ပြီ ဆေးပေါ့လိမ်ဖွာကာ ဖတ်လက်စစာအုပ်တစ်အုပ်ကိုဆက်ဖတ်နေလိုက်တယ်…


ဘယ်ရောက်သွားလဲ…”







“သင်္ခ…သင်္ခ..ထ..ထ”


“ငါလဲသေခြာမသိဘူး.သူ့အဖေကတော့ မနက်အစောကြီးပယောဂဆရာသွားပင့်တယ်တဲ့..သူအမေက ငါတို့ကိုလာခဲ့ပါဦးဆိုပြီ ဖုန်းဆက်လို့…”



“ခုကောဘယ်လိုနေသေးလဲ..”

“ပရိတ်ရေတိုက်ထားတော့ နည်းနည်းငြိမ်နေတယ် သွားကြည့်လိုက်ပါဦးသားတို့သူငယ်ချင်းကို သူ့အခန်းထဲမှာ..”

“ဟုတ်ကဲ့ အဒေါ်..”




“ဟေ့.သရဲမမှရှိတော့ဘူးလာ..”
“အေးမရှိတော့ဘူး”
“ပြီးတော့ဘာဖြစ်လဲ…”





“အေးဟုတ်တယ်..သူပဲ….”

“ဟေ့…..”



“ဒါပေမဲ့…”

“ဒါပေမဲ့ ဘာဖြစ်လဲ…”

…..ဟီး..ဟီး..ကယ်ပါဦးကွာ…”
ကျွန်တော်တို့လဲဘာလုပ်ရမယ်မှန်မသိ..စံလင်းကအခန်းထဲမှာသရဲမရှိတယ်ဆိုတော့ ကျွန်တော်နဲ့ သူရ ကြက်သီးတွေထပြီး ရှိရှိသမျှအမွှေးတွေပါအကုန်ထောင်ကုန်တယ်..နောက်ခဏလောက်နေတော့ စံလင်းအဖေနဲ့ ပရောဂဆရာရောက်လာပြီ လုပ်စရာရှိတာတွေလုပ်ပြီ သရဲမကိုစခေါ်တော့တာပဲ…
“သြော်…ဒုက္ခ..ဒုက္ခ….”


Credit:သင်္ခ
==========

ဒီနေ့ ကြေးဘယ်လိုပေါက်လဲ..”
လူမရောက်သေး စကားသံအရင်ကြားလို့ ထိုင်ပြီအားကစားဂျာနယ်ဖတ်နေရာကနေတစ်ချက်မော့ကြည့်ကာ စာရွက်တစ်ရွက်ထိုးပေးလိုက်တယ်..

“အဲ့စာရွက်မှာအကုန်ပါတယ်..ကိုယ်ဟာကိုကြည့်..”
“ဟွန်း..ကြည့်ရဲပါဘူး…ရှက်စရာကြီး..”
“ဟေ့့ကောင် လာတာနဲ့ပေါက်ကရမပြောနဲ့ စာရွက်ကိုကြည့်ခိုင်တာ..”
“အေ့ပါကွာ..မင်းတို့ကလဲ ငါ့ဆိုပြောဖို့ကြီးပဲ..”

“မပြောလို့ရမလား မင်းက အညှီအဟောက်ဆို နွားမဒန်မှရူးရူးပေါက်သလိုပြောချင်နေတဲ့ကောင်ကို..”
တစ်ယောက်တစ်ပေါက်ပြောဆိုရင်ကျွန်တော်တို့ ဘော်ဒါတွေရဲ့ ညနေခင်း လက်ဖတ်ရည်ဆိုင်ပန်ချီးကာလေးသည် အသက်ဝင်လို့နေ၏…

ဝုန်း………

“ဟ…တိုက်ကုန်ပြီ…”
“အောင်မလေး သေကုန်ပြီလားမသိဘူး…..”
“ဆိုင်ကယ်နဲ့ကားတိုက်တယ်ဟေ့….”
“ဟို..ကားမှားတာ….”

အော်သံဟစ်သံ ဆူညံသံများကြောင့် ကျွန်တော်တို့အဖွဲ့လဲ ကားတိုက်သည့်နေရာကိုအပြေးရောက်သွာကြတယ်…
“ဟာ..ကောင်မလေးက အလန်းလေးဟ…သနားစရာ…”

“မင်းကလဲ မျက်နှာကြီးဒီလောက်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ တနှာကထချင်နေသေး…”
“မင်းကသူ့ကိုသိလို့လား..”
“သိပ်အသိကြီးတော့မဟုတ်ပါဘူး ဟိုဘတ်နှစ်လမ်းကျော်မှာနေတာ…”

ဒီကောင်ပြောလဲပြောချင်စရာ မျက်နှာကရုပ်ပျက်ဆင်းပျက်ဖြစ်နေသောလဲ လှပတဲ့ အကွေးအညွှန့်များနဲ့ ရေးဆွဲထားတဲ့ သူမခန္ဓာကိုယ်လေးကိုကြည့်လိုက်တာနဲ့ လှတပတ ကောင်မလေးတစ်ယောက်ဖြစ်မှန်သိနိုင်၏..
“ဟိုတတောင်းစာက သောက်ရမ်းမောင်းတာကို…”
“ရိုက်ကွာကြာတယ်...”

ဟေ့ကောင်တွေမလုပ်နဲ့ လွန်းမယ်”
လူကြီးတစ်ယောက်အော်သံကြောင့် အားနေဆွမ်းကြီးဝိုင်းလောင်းဖို့ ဝါသနာပါတဲ့သူတွေတိတ်သွားတယ်…
သွေးအိုင်ထဲတွင်လဲနေတဲ့ကောင်မလေးကိုကြည့်ရင် သနားဂရုနာသက်နေကြသလို ကားကိုသောက်ရမ်းမောင်းတဲ့ တကောင့်သားကိုတော့ မေတ္တာတွေအတုံးလိုက်အတစ်လိုက်ဝိုင်းပို့ကျလေ၏…
“ဟေ့..ဟေ့…ဒီအတိုင်ကြည့်မနေနဲ့ ဆေးရုံကားခေါ်ဆေးရုံပို့ရအောင်…”
“သေတောင်သေသွားပြီလားမသိ..”

“ဟိုမှ ရဲတွေရောက်လာပြီ..သွားမထိကျနဲ့ ဘေးဖယ်နေကြ….”

ရဲတွေရောက်လာပြီ ရဲလုပ်ငန်းလုပ်စရာရှိတာတွေလုပ်ပြီ ဆေးရုံကားနဲ့ အလောင်းကို ဆေးရုံသယ်သွားတဲ့အချိန်ထိ လူတွေကမစဲသေးပဲ တစ်ယောက်တစ်ပေါက်ပွစိပွစိနဲပြောလိုမဆုံးသေး..ကျွန်တော်တို့လဲ လက်ဖက်ရည်ဆိုင်ဆက်မထိုင်ချင်တော့တာနဲ့ လမ်းခွဲပြီ အိမ်ပြန်လာလိုက်ကြတယ်…သတိတချက်အလွတ်မှာ လူသားတစ်ဦး ဘဝစတေသွားခဲ့ရပြီကော….
“မင်းတို့ကြားပြီးပြီလာ…”

“ဘာလဲဟ မင်းဟာကအဆုံးမရှိအစမရှိနဲ့…”

“ဒီလိုလေကွာ ဟိုတစ်လောကဆိုင်ကယ်တိုက်တဲ့နေရာမှ သရဲခြောက်လို့တဲ့…”
“ဟုတ်လို့လာကွာ မင်းဟာက…”

“ဟုတ်တယ်…ညဘတ်ဆို ကောင်မလေးတစ်ယောက် အဲ့ဒီနေရာနားမှ လမ်းလျှောက်လျှောက်နေတာ တစ်ချို့လူတွေတွေ့တယ်တဲ့…”

“ဟာ..အဲ့နားကအိမ်ကတစ်ယောက်ယောက် လမ်းလျှောက်တာနေမှာပါကွာ..လမ်းလျှောက်တာမြင်တာနဲ့သရဲဖြစ်ရောလာ…”

“ငါပြောတာမဆုံးသေးဘူးလေကွာ..တွေ့တော့ တစ်ချို့က ညငှက်ထင်ပြီးသွားခေါ်တော့ စုတ်ပြတ်သက်နေတဲ့မျက်နှာကြီးနဲ့ လှည့်လှည့်ကြည့်တယ်တဲ့…”
“မင်းလဲသတိထားဦး..”
“ငါကဘာလို့သတိထားရမှာလဲ…”

“ဟ..မင်းနေတဲ့နေရာကနေ ဒီလက်ဘတ်ရည်ဆိုင်ကို အဲ့နေရာကနေဖြတ်လာမှရတာလေကွာ…”
“ဟား…ဟား….ငါကတော့မယုံဘူး…တွေ့လဲဘာဖြစ်လဲ ခေါ်လာလိုက်မယ်…သရဲမဆိုတော့…ဟဲ..ဟဲ…”
“ပေါက်ကရတွေပြောမနေနဲ့….ငါပြန်တော့မယ်နောက်နေ့မှတွေ့ကြမယ်…”

ဆက်ထိုင်ချင်စိတ်မရှိတာနဲ့ ဘော်ဒါတွေကိုနှုတ်ဆက်ပြီ အိမ်ကိုစောစောပြန်လာလိုက်တယ်…အိပ်တော့လဲ မျက်လုံးထဲမှာ ဆိုင်ကယ်တိုက်တဲ့ အဖြစ်အပျက်ကိုမြင်ရောင်နေမိတယ်…

အဲ့တုန်းကမကြောက်ပဲခုမှ ကြောက်စိတ်တွေကတဖွါဖွါ….
“ဒီနေ့ ဟိုမျက်နှာရူးမလာသေးပါလာ…”

“ခဏနေလာမှပေါ့..ဟော့ပြောရင်ဆိုရင် လာပါပြီ..နောက်မှလဲ ကောင်မလေးတစ်ယောက်တင်လို့ပါလာ..ဘယ်တုန်းကဆော်ရသွားတာလဲမသိဘူး..”

သူရကပြောလို့ ကျွန်တော်လှမ်းကြည့်လိုက်တော့

ဒီကောင့်ဆိုင်ကယ်နောက်မှကောင်မလေးတစ်ယောက်ထိုင်နေတယ်..မှောင်နေတော့
 မျက်နှာကိုသေခြာမမြင်ရဘူး..

တကောင့်သားကဒီကိုတည်တည်မလာပဲ လက်ဘတ်ရည်ဆိုင်နဲ့မျက်စောင်းထိုးက ကွမ်းယာဆိုင်မှာကွမ်းကဝင်ဝယ်နေသေး….

လက်ဖတ်ရည် ကျစိ်မ့်ကိုမော့ပြီ ဆေးပေါ့လိမ်ဖွာကာ ဖတ်လက်စစာအုပ်တစ်အုပ်ကိုဆက်ဖတ်နေလိုက်တယ်…
“မင်းတို့ရောက်နေတာကြာပြီလား…”

“နည်းနည်းတော့ကြာပြီ..မင်းကကစ်ပြီးပြီလား.ငါတို့ကိုတောင်မခေါ်ဘူး..”
“နေညိုတာနဲ့ လေပျို့တာမို့ ငါကိုယ်တော် ရွှေရည် နည်းနည်းကစ်လာတာပါ..ဟဲ…ဟဲ..”
“ဟေ့ကောင်စပ်ဖြီးဖြီးလုပ်မနေနဲ့..စောကမင်းနဲပါလာတဲ့ကောင်မလေးကောဘယ်သူလဲ..

ဘယ်ရောက်သွားလဲ…”

“ဘယ်ကကောင်မလေးလဲ မပါ ပါဘူးကွ.ငါတစ်ယောက်တည်းလာတာပါ…”

ဒီကောင့်စကားကိုကြားတော့ ဖတ်နေတဲ့စာအုပ်ကိုပိတ်ပြီး

“ငါလဲမြင်တယ်..လာဘတ်မနေနဲ့…”

“ဟာ..မင်းတို့ကလဲ တကယ်ပါဆို…”
ကျွန်တော်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြိုင်တူကြည့်မိလိုက်ကြတယ်..ဘာလဲဆိုတဲ့သဘောပေါ့..
ဒီကောင်ကတော့ သူဟာသူဘာတွေပြောနေမှန်မသိ.ကျွန်တော်ကတော့

ကြက်သီးတွေကအလိုလိုထနေပြီ..ဘေးနားမှတစ်ခုခုရောက်နေသလိုလို..တစ်ယောက်ယောက်ကကြည့်နေသလိုလို..
အပုတ်နံပဲရသလိုလို..စိတ်ကသိပ်မလုံချင်တော့..

ကျွန်တော်တစ်ယောက်တည်းဖြစ်နေတာလာဆိုပြီ ကျန်တဲ့သူတွေကိုကြည့်တော့ သူတို့မျက်နှာတွေမှာ မမေးပဲ ကျွန်တော့လိုပဲခံစားနေရတာသိသာနေတယ်…
တစ်ယောက်ကိုတစ်ယောက်စကားလဲမပြောဘူး ဟိုကြည့်ဒီကြည့်နဲ့..ကိုယ့်ဆရာကတော့ တစ်ယောက်တည်းလွှတ်နေတာ…
“မင်းတို့ဘာဖြစ်နေတာလဲ ငါပြန်တော့မကွာ..”
“အေးအေးပြန်လေ..ကောင်းကောင်းလဲပြန်နော်..”
“ငါကကောင်းကောင်းမပြန်လို့ ကပြီပြန်ရမှာလာ..သွားပြီကွာ…”

ပြောပြီပြန်သွားတဲ့ ဒီကောင့်ကိုကြည့်ပြီးသက်ပြင်းချမိတယ်…တစ်ခုသတိထားမိတာက ဒီကောင်ပြန်သွားတာနဲ့ ကျွန်တော်တို့ထိုင်နေတဲ့ဝိုင်းလေးက ပုံမှန်ပြန်ဖြစ်သွားတာပဲ…
“သင်္ခ…သင်္ခ..ထ..ထ”

မိုးလင်းမယ်ကာမကြံသေးဘူး ခေါ်သံကြောင့် အိပ်ချင်မူးတူးနဲ့ကြည့်လိုက်တော့..
“ဘာလဲ သူရ ရာအစောကြီးရှိသေးတယ်…”
“အစောကြီးတွေဘာတွေလုပ်မနေနဲ့ စံလင်းနိုင်တို့ အိမ်ကိုသွားမယ်..”
“ဘာဖြစ်လို့လဲဒီကောင်က ဆိုင်ကယ်မှောက်လို့လာ..”

“ငါလဲသေခြာမသိဘူး.သူ့အဖေကတော့ မနက်အစောကြီးပယောဂဆရာသွားပင့်တယ်တဲ့..သူအမေက ငါတိို့ကိုလာခဲ့ပါဦးဆိုပြီ ဖုန်းဆက်လို့…”

ကျွန်တော်လဲ မျက်နှာသစ် အဝတ်အစာလဲပြီ အဒေါ်ကိုပြော၍ သူရ နဲ့လိုက်လာလိုက်တယ်…
စံလင်းနိုင် အိပ်ကိုရောက်တော့သူ့အမေကိုကြည့်ရတာမျက်နှာလဲမကောင်းဘူး..ဘာတွေဖြစ်လို့ပါလိမ့်..

“အဒေါ် စံလင်း ဘာဖြစ်လို့လဲ..”

“မသိပါဘူး သားတို့ရယ်…တစ်ညလုံး ဘာတွေပြောမှန်လဲမသိဘူး ဝူးဝူးဝါးဝါးနဲ့..”
“ခုကောဘယ်လိုနေသေးလဲ..”

“ပရိတ်ရေတိုက်ထားတော့ နည်းနည်းငြိမ်နေတယ် သွားကြည့်လိုက်ပါဦးသားတို့သူငယ်ချင်းကို သူူ့အခန်းထဲမှာ..”

“ဟုတ်ကဲ့ အဒေါ်..”
ပြောပြီ စံလင်း အခန်းထဲကိုသွားကြည့်လိုကတော့ ကိုယ့်ဆရာက အလွန်ကြောက်ရွံ့နေတဲ့မျက်နှာနဲ့ အခန်းဒေါင့်မှ ငုတ်တုတ်လေး..မျက်လုံးလေးကလဲ ကလည်ကလည်နဲ့…စိတ်နဲ့လူနဲ့လဲကပ်တဲ့ပုံမပေါ်ဘူး..

“စံလင်း ဘာဖြစ်တာ ငါတို့ကိုပြော..”

“မင်း….မင်း….တို့….တို့…ရောက်လာကြပြီလာ…ငါ…ကြောက်တယ်…ငါ့ကိုကယ်ပါဦးကွာ……..”
“ဘာဖြစ်တာလဲ မင်းပြောမှ ငါတို့ဘာလုပ်ပေးရမယ်မှန်သိမှာပေါ့..”

“ငါ…ကို…သရဲမ သတ်မလို့လုပ်နေတယ်……ဟိုမှာ….ဟိုမှာ….သရဲမ…သရဲမ……ကြောက်တယ်ကြောက်တယ်….”
“သူငယ်ချင်းသတိထားငါတို့ရှိတယ်..ဘာမှမရှိဘူး ..ဟုတ်ပြီလာ…”

“မင်းဘာဖြစ်လာတာလဲ ငါတို့ကိုပြော…”
“ဟေ့.သရဲမမှှရှိတော့ဘူးလာ..”
“အေးမရှိတော့ဘူး”
“ငါ…ညက မင်းတို့ဆီမလာ….ခင် လမ်းထိပ်ကဆိုင်မှာ အရက်ဝင်သောက်တယ်…..ပြီး…ပြီး…တော့…”
“ပြီးတော့ဘာဖြစ်လဲ…”

“ပြီးတော့ မင်းတို့ဆီလာရင် ဆိုင်ကယ်တိုက်တဲ့နေရာလဲရောက်ရော ဟိုနေ့ကမင်းတို့ပြောတာသတိရလို့ ဆိုင်ကယ်ရပ်ပြီ ဒီမှရှိတယ်ဆိုတဲ့ မော်ဒယ်သရဲမလေး ပျင်းနေရင်ကိုယ်နဲ့လိုက်ခဲ့လို့ပြောလိုက်တယ်….”

“ဟာ….မင်းကလဲကွာ ဘာလို့ပြောရတာလဲအဲ့လို..”

“ငါလဲအယုံအကြည်ကလဲမရှိ မူးကလဲမူးနေတော့ခေါ်ခဲ့လိုက်မိတာ..ငါခေါ်တဲ့စကားလဲဆုံးရော ငါ့ဆိုင်ကယ်နောက်ကိုလူတစ်ယောက်တက်လိုက်သလိုဖြစ်သွားတာ

ငါသိလိုက်တယ်.ဒါပေမဲ့ အမူမဲ့အမှတ်မဲ့ပဲနေပြီ မင်းတို့ဆီလာခဲ့တာ…”
“ဒါဆို ငါတို့မနေ့ညက မင်းဆိုင်ကယ်နောက်မှတွေလိုက်တာက…”

“အေးဟုတ်တယ်..သူပဲ….”

“ဟေ့…..”

“အဲ့အထိ ဘာမှမဖြစ်သေးဘူး..ငါအိမ်ပြန်လာတော့ လမ်းမှခွေးတွေက ငါကိုကြည့်ပြီးတော့ကိုထိုးအောင်တာ..ငါ့စိတ်ထဲမှာလဲ ဆိုင်ကယ်နောက်မှတစ်ခုခုပါလာတယ်ဆိုတာသိတယ်..ဘာလုပ်ရမယ်မှန်မသိလို့ဒီအတိုင်ပြန်လာပြီ အိပ်နေလိုက်တာ..ငါ….ကို အဲ့သရဲမက လည်ပင်ညစ်တော့တာပဲ…

ရုပ်ကြီးကလဲ ဆိုင်ကယ်တိုက်တဲ့နေကအတိုင်ပဲ သွေးတွေနဲ့ ဆံပင်တွေကလဲ ဖရိုဖရဲနဲ့ကွာ….ငါ့အော်သံကြားလို့ အမေရောက်လာပြီ ပရိတ်ရေနဲ့ ပတ်လိုက်မှာပျောက်သွားတာ…”

“ဒါပေမဲ့…”

“ဒါပေမဲ့ ဘာဖြစ်လဲ…”

“သူ…သူ….ရှိနေတယ် ဒီအခန်းထဲမှာ ငါသိနေတယ်…တစ်ချက်တစ်ချက်ငါမြင်နေရတယ်….ဆံပင်ဖားလျှာနဲ့ ရုပ်ပျက်ဆင်းပျက်ကြီး…သွေးတွေသံတွေနဲ့..မျက်လုံးတစ်လုံးကအပြင်ကိုထွက်နေတယ်
…..ဟီး..ဟီး..ကယ်ပါဦးကွာ…”
ကျွန်တော်တို့လဲဘာလုပ်ရမယ်မှန်မသိ..စံလင်းကအခန်းထဲမှာသရဲမရှိတယ်ဆိုတော့ ကျွန်တော်နဲ့ သူရ ကြက်သီးတွေထပြီး ရှိရှိသမျှအမွွှေးတွေပါအကုန်ထောင်ကုန်တယ်..နောက်ခဏလောက်နေတော့ စံလင်းအဖေနဲ့ ပရောဂဆရာရောက်လာပြီ လုပ်စရာရှိတာတွေလုပ်ပြီ သရဲမကိုစခေါ်တော့တာပဲ…
“ဥုံ…………………..ငါဆရာအမိန့်နာခံ ဒီအိမ်မှာ နှောင့်ယှက်နေတဲ့ သရဲမ ခုငါ့ဆရာရှေ့ ထွက်ခဲ့…..”
အိမ်အပြင်မှာကော ခြံအပြင်မှာပါ လူတွေကလဲ ဘာဖြစ်သလဲဆိုပြီ ဝိုင်းပြီးစပ်စုနေကြတာကြိတ်ကြိတ်တိုး….
“ဟီးးးးးဟီးးးးးးဟင့်….ဟင့်….”
လူကြားထဲမှာကြည့်နေတဲ့ ကောင်မလေးတစ်ယောက် ဟီးဟီးဟားဟားနဲ့ သရဲမဝင်ပူးပါလေရော…
“ဟိတ် …သရဲမ ငါဆရာအမိန့်နာခံစမ်း.. နင်ဘယ်သူလဲ..ဘယ်ကလဲ..ဟိုတစ်လောကဆိုင်ကတိုက်သေတဲ့ကောင်မလေးလာ…”
“မ…..ဟုတ်…..ဘူး……အဲ့….ကောင်မလေးက အဲ့နေရာမှ….မရှိဘူး….ငါ….ကအဲ့မှနေနေတာကြာပြီ……..”
“သြော်..နင်က အယောင်ဆောင်ပြီး ခြောက်လှန့်နေတာပေါ့..ခုပြန်ကိုယ်နေတဲ့နေရာကိုယ်ပြန်…”
“မ…..ပြန်…..ဘူး……..ငါ….ဒီ….မှာ……နေမှာ…..”
“ဒါနင်နေတဲ့နေရာမဟုတ်ဘူး ဒီကလူတွေကိုအနှောင့်အယှက်မပေးနဲ့….”
“မ……ပြန်……ဘူး……ငါ….ကို…….ဟို…..ကောင်ခေါ်လာတာ……”
“ဟိတ်…ငါဆရာအမိန့်မနာခံရင် ငါ့မကြောင်းပြရသေးတာပေါ့..ကဲ့ကွာ..ကဲကွာ….”
ပြောပြောဆိုဆို ပရောဂဆရာက ကြိမ်လုံးနဲ့ဆော်တော့တာပါပဲ..သရဲမတော့မသိဘူး…ဘေးနားကကြည့်နေတဲ့သူတွေတောင် ကောကောသွာတယ်
…သရဲမကလဲမခေ…လုံးဝမပြန်ဘူးကြီးပဲ…
“သြော်..နင်ကခေါင်းမာနေတယ်ပေါ့ တွေ့ကြသေးတာပေါ့ကွာ…”
ပြောပြီ ဖယောင်တိုင်းတစ်တိုင်ကိုကိုင်ကာ ဘာတွေရွတ်ဘာတွေမန်းနေလဲမသိဘူး.ပြီတော့ ဖယောင်တိုင်ကိုထွန်းတော့တာပဲ..ဖယောင်တိုင်ထွန်းတာနဲ့တပြိုင်နက်..
“အောင်မလေး…ပူ…တယ်…ပူ….တယ်….ငါသွားတော့မယ်…ငါကိုလွှတ်ပေး..ပူတယ်..ပူတယ်…..”
“နင်ကကောင်းကောင်းပြောလို့မှမရတ..ငါ့မိန့်ကို နာခံပြီ ငါပြောတာလုပ်ရင်လွှတ်ပေးမယ်…”
“နာ….ခံပါ….မယ်….လွှတ်ပေးပါတော့…..ပူလှပြီ…ဟီးးးးးဟီးးးးး”
“ဒါဆိုခုနင်ဝင်နေတဲ့ ကောင်မလေးကနေခွါပြီ ကိုယ့်နေရာကိုယ်ပြန် ဒီအိမ်ကိုလဲလုံးဝအနှောင့်အယှက်မပေးနဲ့…ကိုယ်နေတဲ့နေရာမှလဲ အနှောင့်အယှက်မပေးနဲ့ ကြားလာ…”
“မ….ပေးတော့…ပါ….ဘူး….လွှတ်ပေးပါတော့…”
“ငါတို့အလှူအတန်းလုပ်ပေးမယ်သာဓုခေါ်…”
“မ….ရဘူး….ခေါ်…..လို့….ငါ….ကျွတ်ဖို့…အချိန်မတန်သေးဘူး……ငါ…သွားတော့မယ်…..”
“သြော်…ဒုက္ခ..ဒုက္ခ….”

ပရောဂဆရာလဲ သရဲမဂတိပေးတော့ လုပ်စရာရှိတာပြောစရာရှိတာပြောပြီ လွှတ်ပေးလိုက်တယ်..နောက်တော့အဲ့အိမ်မှာကော ဆိုင်ကယ်တိုက်တဲ့နားမှပါ သရဲမခြောက်တော့ပါဘူး…

Credit:သင်္ခ

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...