မႏၲေလး –ေမျမိဳ႕ေတာင္ဆင္းေတာင္တက္လမ္းမွာ ၾကံဳေတြ႕ခဲ႔ရတဲ႔ မေကာင္းဆိုး၀ါးအမ်ိဳးသမီး နာမည္ႀကီးေနတယ္ေနာ္

မႏၲေလးကေနျပင္ဦးလြင္ကို ၄၂မိုင္ကြာေဝးပါတယ္။ဒါေပမယ့္ေတာင္ဆင္းေတာင္တက္လမ္းမို႔ ရွိရင္းစြဲထက္ခရီးအကြာအေဝးပိုမ်ားတယ္လို႔ထင္ရပါတယ္။အခုတေလာ မႏၲေလး- ျပင္ဦးလြင္ကားသမားေလာကမွာ သတင္းတစ္ခုေခတ္စားေနပါတယ္။ အဲဒါကေတာ့ မႏၲေလးကတက္လာရင္ ၂၁မိုင္ေက်ာ္ၿပီး ျပင္စာမေရာက္ခင္ၾကားမွာ ညဘက္ကားေမာင္းလာရင္ ကားေတြ ဘရိတ္မမိေတာ့ပဲ လမ္းေဘးကို ထိုးထိုးဆင္းတာမနည္းေတာ့ဘူးဆိုတဲ႔သတင္းပါ။
ဒါနဲ႔ သက္ဆိုင္ မသက္ဆိုင္ေသခ်ာမသိေပမယ့္ အဲဒီေနရာနဲ႔ပတ္သက္ၿပီး ကြ်န္ေတာ္ေျပာျပခ်င္တာတစ္ခုေတာ့ရွိပါတယ္။
မၾကာေသးတဲ႔အခ်ိန္က လူတစ္ေယာက္က ည ၁၂နာရီခြဲေလာက္မွာ မႏၲေလးကေလးေဆးရံုမွာေသသြားတဲ႔ သူ႔ ကေလးေလးရဲ႕အေလာင္းကိုကားေပၚတင္ၿပီး ညတြင္းခ်င္းျပင္ဦးလြင္ကိုျပန္တက္လာခဲ႔တယ္။ မႏၲေလးက သူနဲ႔ညီအစ္ကိုလိုေနသူေတြက သူနဲ႔အတူ ကားေမာင္းဖို႔အေဖာ္ ၂ေယာက္ထည့္ေပးလိုက္တယ္။သူလည္းသူ႔အပူနဲ႔သူ ဘာမွလမ္းမွာစကားမေျပာပဲလိုက္လာခဲ႔တယ္။

ပုသိမ္ႀကီးကေနျပင္ဦးလြင္စတက္တဲ႔ အခ်ိန္မွာပဲ သူ႔နားထဲကို
” ခြင့္မျပဳဘူး “ဆိုတဲ႔ မိန္းမတစ္ေယာက္ရဲ႕အသံကိုပီပီသသႀကီးၾကားလိုက္ရတယ္။မိုးေတြကလည္းသည္းေန၊ အိပ္ေရးပ်က္တာလည္း ၆ရက္ေလာက္ရွိၿပီဆိုေတာ့ စိတ္ထင္တာေနမွာပါဆိုၿပီးကေလးအေလာင္းေလးကိုပိုက္ၿပီးလာခဲ႔ပါတယ္။ေနာက္မၾကာ၊မၾကာ မိန္းမတစ္ေယာက္ရဲ႕ တားျမစ္တဲ႔အသံကိုၾကားရပါတယ္။ ေရွ႕က အေဖာ္ပါလာတဲ႔ ကားေမာင္းေနတဲ႔သူနဲ႔ ေဘးကလူကိုၾကည့္ေတာ့ ဘာမွမသိသလိုပါပဲ။ဒါနဲ႔ မျဖစ္ေခ်ဘူးဆိုၿပီး ကားေပၚကတရားေခြေတြဖြင့္တာ တစ္ေခြမွဖြင့္မရပါဘူး။ ဒါနဲ႔ ၂၁ မိုင္ေရာက္ေတာ့ ကားရပ္ခိုင္းၿပီး မိုးသဲသဲထဲကားေပၚကေျပးဆင္း ပိတ္ေနတဲ႔ဆိုင္တစ္ဆို္င္ကိုတံခါးေခါက္ၿပီးတရားေခြကိုေတာင္းပါတယ္။”သားေလးကိုကားေပၚမွာဖြင့္ျပခ်င္လို႔ပါ “လို႔ေျပာေတာ့ အပူသည္ရုပ္ေပါက္ေနတဲ႔ သူ႔ကိုဆိုင္ရွင္ကသနားၿပီး တရားေခြတစ္ေခြေပးလိုက္ပါတယ္။ သူလည္းေက်းဇူးတင္စကားအထပ္ထပ္ေျပာၿပီး ကားေပၚျပန္တက္ၿပီး ထြက္လာၾကပါတယ္။ မိုးေတြကလည္းပိုသည္းလာပါတယ္။

ဝမ္းသာအားရ ေခြကိုထည့္လိုက္ေတာ့ ျပန္ျပန္ထြက္လာပါတယ္။ ၃ ခါေလာက္ထည့္တာမရေတာ့မွ စဥ္းစားမိပါတယ္။သူ႔ကားက VCD ဖြင့္ရဘူး။CD ပဲဖြင့္လို႔ရတာကိုေလ။ကားေပၚကတရားေခြေတြက အဲဒီညက လံုးဝကိုဖြင့္မရခဲ႔ပါဘူး။ သူလည္းငါ့သားေလး ေတာ္ေတာ္ေလးကံဆိုးရွာတယ္လို႔ေတြးေနတုန္း ကားမီးေရာင္နဲ႔ လမ္းေဘးကိုၾကည့္လိုက္ေတာ့ လမ္းေလးက ကားေတြလမ္းေဘးမေခ်ာ္ေအာင္တားထားတဲ႔ တိုင္ေတြထဲက အစြန္ဆံုးတိုင္ကိုမွီၿပီး မိန္းမတစ္ေယာက္ေက်ာေပးထိုင္ေနတာကိုေတြ႕လိုက္ရပါတယ္။ ထမီအဝါကို ေရာင္စံုအပြင့္ေလးေတြနဲ႔ အဆင္ကိုဝတ္ထားတာပါ။အေပၚကေတာ့ မိန္းကေလးေတြဝတ္ေလ့ရွိတဲ႔ ခပ္ရိုးရိုးပံုပါပဲ။အေရာင္ကေတာ့ အနက္ပါ။

ဒါနဲ႔ ညႀကီးမင္းႀကီး မိုးသည္းသည္းထဲမွာထူးတယ္ဆိုၿပီးေရွ႕က ကားေမာင္းဖို႔ေခၚလာတဲ႔ လူႏွစ္ေယာက္ကိုေျပာမလို႔လုပ္တုန္း ေရွ႕တည့္တည့္ကားမီးေရာင္ကေနတဆင့္လမ္းေဘးမွာ ေစာေစာကေတြ႕ခဲ႔တဲ႔ အမ်ိဳးသမီးက သူတို႔ကားကို စူးစူးစိုက္စိုက္ၾကည့္ေနပါတယ္။သူလည္း စိတ္ကိုအတည္ၿငိမ္ဆံုးထားလိုက္ၿပီး ေရွ႕ကလူႏွစ္ေယာက္ကိုၾကည့္ေတာ့ သတိထားမိပံုမရပါဘူး။ ေရွ႕ဆက္သြားတဲ႔ေတာက္ေလ်ွာက္ အဲဒီမိန္းမက ေရွ႕ကေနေပၚလာၿပီး ကားကိုမေက်မနပ္နဲ႔ စူးစူးစိုက္စိုက္ၾကည့္ေနပါတယ္။ ကားေပၚမွာကေလးအေလာင္းကလည္းပါလာ၊မိုးကလည္းသည္း၊ ေရွ႕ကႏွစ္ေယာက္လည္းေၾကာက္မစိုးလို႔ ကားကိုဂရုစိုက္ေမာင္းဖို႔ပဲေျပာၿပီး အဲဒီမိန္းမႀကီးလိုက္လာတာကိုမေျပာခဲ႔ပါဘူး။ျဖစ္ခ်င္ရာျဖစ္အေလာင္းေတာ့ ရေအာင္သယ္ဖို႔ဆံုးျဖတ္ၿပီးသားပါ။ ကိုယ့္ကေလးအေလာင္းသယ္တာ ဘယ္ေကာင့္ခြင့္ျပဳမိန္႔ေတာင္းရဦးမလဲလို႔လည္း လူမိုက္ေတြး ေတြးမိပါေသးတယ္။

ဘုရားစာေတြရြတ္ၿပီးေနာက္ေက်ာမလံုပဲ လိုက္လာတုန္း ျပင္စာေက်ာ္သြားေတာ့ ေစာေစာကမိန္းမႀကီးပါမလာေတာ့ပါဘူး။ သူလည္း သူ႔အပူနဲ႔သူ အဲဒီအေၾကာင္းကိုဆက္မေတြးေတာ့ပါဘူး။ဒါေပမယ့္ သူ႔မ်က္လံုးထဲမွာေတာ့ ကားေနာက္ကေတာက္ေလ်ွာက္ပါလာတဲ႔ မ်က္ႏွာျဖဴဖတ္ျဖဴေလ်ာ္နဲ႔ မိန္းမႀကီးမ်က္ႏွာကမၾကာခဏေပၚလာတတ္ပါတယ္။
ဒီမနက္ေတာ့ သူနဲ႔ခင္တဲ႔ ကားသမားတစ္ေယာက္က အခုတေလာျပင္ဦးလြင္-မႏၲေလးၾကားက ျပင္စာနားမွာ ေျမၾကမ္းတယ္လို႔ေျပာလာလို႔သူလည္း မိုးတစ္ညကသူ႔အျဖစ္အပ်က္ေလးကိုျပန္ေတြးမိပါေၾကာင္း။ ။
Lu Myanmar
==========

မန္တလေးကနေပြင်ဦးလွင်ကို ၄၂မိုင်ကွာဝေးပါတယ်။ဒါပေမယ့်တောင်ဆင်းတောင်တက်လမ်းမို့ ရှိရင်းစွဲထက်ခရီးအကွာအဝေးပိုများတယ်လို့ထင်ရပါတယ်။အခုတလော မန္တလေး- ပြင်ဦးလွင်ကားသမားလောကမှာ သတင်းတစ်ခုခေတ်စားနေပါတယ်။ အဲဒါကတော့ မန္တလေးကတက်လာရင် ၂၁မိုင်ကျော်ပြီး ပြင်စာမရောက်ခင်ကြားမှာ ညဘက်ကားမောင်းလာရင် ကားတွေ ဘရိတ်မမိတော့ပဲ လမ်းဘေးကို ထိုးထိုးဆင်းတာမနည်းတော့ဘူးဆိုတဲ့သတင်းပါ။
ဒါနဲ့ သက်ဆိုင် မသက်ဆိုင်သေချာမသိပေမယ့် အဲဒီနေရာနဲ့ပတ်သက်ပြီး ကျွန်တော်ပြောပြချင်တာတစ်ခုတော့ရှိပါတယ်။
မကြာသေးတဲ့အချိန်က လူတစ်ယောက်က ည ၁၂နာရီခွဲလောက်မှာ မန္တလေးကလေးဆေးရုံမှာသေသွားတဲ့ သူ့ ကလေးလေးရဲ့အလောင်းကိုကားပေါ်တင်ပြီး ညတွင်းချင်းပြင်ဦးလွင်ကိုပြန်တက်လာခဲ့တယ်။ မန္တလေးက သူနဲ့ညီအစ်ကိုလိုနေသူတွေက သူနဲ့အတူ ကားမောင်းဖို့အဖော် ၂ယောက်ထည့်ပေးလိုက်တယ်။သူလည်းသူ့အပူနဲ့သူ ဘာမှလမ်းမှာစကားမပြောပဲလိုက်လာခဲ့တယ်။

ပုသိမ်ကြီးကနေပြင်ဦးလွင်စတက်တဲ့ အချိန်မှာပဲ သူ့နားထဲကို
” ခွင့်မပြုဘူး “ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့အသံကိုပီပီသသကြီးကြားလိုက်ရတယ်။မိုးတွေကလည်းသည်းနေ၊ အိပ်ရေးပျက်တာလည်း ၆ရက်လောက်ရှိပြီဆိုတော့ စိတ်ထင်တာနေမှာပါဆိုပြီးကလေးအလောင်းလေးကိုပိုက်ပြီးလာခဲ့ပါတယ်။နောက်မကြာ၊မကြာ မိန်းမတစ်ယောက်ရဲ့ တားမြစ်တဲ့အသံကိုကြားရပါတယ်။ ရှေ့က အဖော်ပါလာတဲ့ ကားမောင်းနေတဲ့သူနဲ့ ဘေးကလူကိုကြည့်တော့ ဘာမှမသိသလိုပါပဲ။ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ကားပေါ်ကတရားခွေတွေဖွင့်တာ တစ်ခွေမှဖွင့်မရပါဘူး။ ဒါနဲ့ ၂၁ မိုင်ရောက်တော့ ကားရပ်ခိုင်းပြီး မိုးသဲသဲထဲကားပေါ်ကပြေးဆင်း ပိတ်နေတဲ့ဆိုင်တစ်ဆို်င်ကိုတံခါးခေါက်ပြီးတရားခွေကိုတောင်းပါတယ်။”သားလေးကိုကားပေါ်မှာဖွင့်ပြချင်လို့ပါ “လို့ပြောတော့ အပူသည်ရုပ်ပေါက်နေတဲ့ သူ့ကိုဆိုင်ရှင်ကသနားပြီး တရားခွေတစ်ခွေပေးလိုက်ပါတယ်။ သူလည်းကျေးဇူးတင်စကားအထပ်ထပ်ပြောပြီး ကားပေါ်ပြန်တက်ပြီး ထွက်လာကြပါတယ်။ မိုးတွေကလည်းပိုသည်းလာပါတယ်။

ဝမ်းသာအားရ ခွေကိုထည့်လိုက်တော့ ပြန်ပြန်ထွက်လာပါတယ်။ ၃ ခါလောက်ထည့်တာမရတော့မှ စဉ်းစားမိပါတယ်။သူ့ကားက VCD ဖွင့်ရဘူး။CD ပဲဖွင့်လို့ရတာကိုလေ။ကားပေါ်ကတရားခွေတွေက အဲဒီညက လုံးဝကိုဖွင့်မရခဲ့ပါဘူး။ သူလည်းငါ့သားလေး တော်တော်လေးကံဆိုးရှာတယ်လို့တွေးနေတုန်း ကားမီးရောင်နဲ့ လမ်းဘေးကိုကြည့်လိုက်တော့ လမ်းလေးက ကားတွေလမ်းဘေးမချော်အောင်တားထားတဲ့ တိုင်တွေထဲက အစွန်ဆုံးတိုင်ကိုမှီပြီး မိန်းမတစ်ယောက်ကျောပေးထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ ထမီအဝါကို ရောင်စုံအပွင့်လေးတွေနဲ့ အဆင်ကိုဝတ်ထားတာပါ။အပေါ်ကတော့ မိန်းကလေးတွေဝတ်လေ့ရှိတဲ့ ခပ်ရိုးရိုးပုံပါပဲ။အရောင်ကတော့ အနက်ပါ။

ဒါနဲ့ ညကြီးမင်းကြီး မိုးသည်းသည်းထဲမှာထူးတယ်ဆိုပြီးရှေ့က ကားမောင်းဖို့ခေါ်လာတဲ့ လူနှစ်ယောက်ကိုပြောမလို့လုပ်တုန်း ရှေ့တည့်တည့်ကားမီးရောင်ကနေတဆင့်လမ်းဘေးမှာ စောစောကတွေ့ခဲ့တဲ့ အမျိုးသမီးက သူတို့ကားကို စူးစူးစိုက်စိုက်ကြည့်နေပါတယ်။သူလည်း စိတ်ကိုအတည်ငြိမ်ဆုံးထားလိုက်ပြီး ရှေ့ကလူနှစ်ယောက်ကိုကြည့်တော့ သတိထားမိပုံမရပါဘူး။ ရှေ့ဆက်သွားတဲ့တောက်လျှောက် အဲဒီမိန်းမက ရှေ့ကနေပေါ်လာပြီး ကားကိုမကျေမနပ်နဲ့ စူးစူးစိုက်စိုက်ကြည့်နေပါတယ်။ ကားပေါ်မှာကလေးအလောင်းကလည်းပါလာ၊မိုးကလည်းသည်း၊ ရှေ့ကနှစ်ယောက်လည်းကြောက်မစိုးလို့ ကားကိုဂရုစိုက်မောင်းဖို့ပဲပြောပြီး အဲဒီမိန်းမကြီးလိုက်လာတာကိုမပြောခဲ့ပါဘူး။ဖြစ်ချင်ရာဖြစ်အလောင်းတော့ ရအောင်သယ်ဖို့ဆုံးဖြတ်ပြီးသားပါ။ ကိုယ့်ကလေးအလောင်းသယ်တာ ဘယ်ကောင့်ခွင့်ပြုမိန့်တောင်းရဦးမလဲလို့လည်း လူမိုက်တွေး တွေးမိပါသေးတယ်။

ဘုရားစာတွေရွတ်ပြီးနောက်ကျောမလုံပဲ လိုက်လာတုန်း ပြင်စာကျော်သွားတော့ စောစောကမိန်းမကြီးပါမလာတော့ပါဘူး။ သူလည်း သူ့အပူနဲ့သူ အဲဒီအကြောင်းကိုဆက်မတွေးတော့ပါဘူး။ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ ကားနောက်ကတောက်လျှောက်ပါလာတဲ့ မျက်နှာဖြူဖတ်ဖြူလျော်နဲ့ မိန်းမကြီးမျက်နှာကမကြာခဏပေါ်လာတတ်ပါတယ်။
ဒီမနက်တော့ သူနဲ့ခင်တဲ့ ကားသမားတစ်ယောက်က အခုတလောပြင်ဦးလွင်-မန္တလေးကြားက ပြင်စာနားမှာ မြေကြမ်းတယ်လို့ပြောလာလို့သူလည်း မိုးတစ်ညကသူ့အဖြစ်အပျက်လေးကိုပြန်တွေးမိပါကြောင်း။ ။
Lu Myanmar

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...